အပိုင်း (84)
ကျဆုံးခြင်းမြို့က မဟာမိတ်အဖွဲ့မှ ယခင်ခေါင်းဆောင်သေသွားသော နေရာဖြစ်သည်။ နာမည်အတိုင်း ဖြစ်နေ၏။ ၃နှစ်ခန့်ကြာပြီးသောအခါ ယွင်ချူကို အသင်းကို ဦးဆောင်စေသည်အထိ ဆွဲဆောင်နေသော တစ်စုံတစ်ရာ ရှိနေရပေမည်။
ဒီတစ်ကြိမ်တွင် ဒဏ်ရာရနေသော အဖွဲ့ဝင်များက မသက်သာသေးချေ။ ယွင်ချူကို သွားခေါ်သော ကိစ္စက အန္တရာယ်မများနိုင်ချေ။ ဒီနည်းအားဖြင့် သူတို့ကို ကုသချိန် ပိုရပေလိမ့်မည်။ ကျန်းကျိရင်က သာ့တောင့်၊ချန်ကွမ်းနှင့် အခြားသူများကို ကြိုဆိုသော အသင်းသို့ လွှတ်လိုက်ပြီး သူကမူ အဖိုးကြီးကျူးနှင့် အခြားသော ဒဏ်ရာမရသည့် အဖွဲ့ဝင်၅ယောက်ကို လမ်းရှင်းရန် ခေါ်သွားလိုက်သည်။
လူနည်းသော အခြေအနေ၏ အားသာချက်ကမူ တစ်သင်းနှင့်ပို၍လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့က သူတို့ကိုယ်သူတို့ ပို၍လွယ်ကူစွာ ဖုံးကွယ်နိုင်ပေလိမ့်မည်။ ယွင်ချူက သူတို့က မည်သည့်အရာများကို ရှင်းလင်းသင့်ကြောင်း မပြောကြားထားပေ။ ထို့ကြောင့် ကျန်းကျိရင်ကလည်း အသင်းကြီးကမရောက်လာခင် ဖုတ်ကောင်များနှင့် တိုက်ခိုက်ပြီး မသေချင်သေးချေ။ သူက ဒီအတိုင်း ယေဘူယျအခြေအနေကိုသာ သိချင်နေပြီး ထိုအတိုင်းပြန်ပြီး သတင်းပို့လိုက်သည်။
ကားထဲသို့ ရောက်သောအခါ အသင်းကို ညွှန်ကြားပြီးသည့်နောက် အိပ်ချင်လာသဖြင့် ထိုင်ခုံပေါ်တွင် မှီလိုက်ရင်း အိပ်မောကျသွားသည်။
အခြားတစ်ဖက်တွင် ကျန်းကျိရင်က အစစ်အမှန်လောကသို့ ပြန်ရောက်လာသည်။ သူက ဆိုဖာပေါ်တွင် ထထိုင်လိုက်ပြီး အိပ်ပျော်နေသေးသည် ယဲ့ရှောင်းရှန်းကို ညင်သာစွာဖြင့် အသာချပေးလိုက်ကာ စာကြည့်ခန်းထဲသို့ဝင်ပြီး ကွန်ပျူတာကို ဖွင့်သည်။ သူ၏ မှတ်စုဟောင်းက ခရီးဆောင်အိတ်ထဲတွင် ရှိနေသေးသဖြင့် သူက ထုတ်ရန်ပျင်းလွန်းနေ၏။ ထိုကွန်ပျူတာက သူတို့အိမ်အသစ်သို့ ပြောင်းပြီးနောက် သူတို့ဝယ်ထားသည့် deskstopကွန်ပျူတာဖြစ်သည်။ ပုံမှန်အားဖြင့် ခေါင်းဆောင်ကသာ အသုံးပြုတတ်သည်။ ထိုကွန်ပျူတာကလည်း သူ့ကို လူသားပိုဆန်စေရုံကလွဲပြီး အများကြီးမကူညီပေးနိုင်ချေ။
ကွန်ပျူတာတွင် ဂိမ်းကို downloadဆွဲထားသည်။ ထိုဂိမ်းက သူတို့ တစ်ယောက်ကိုယ်တစ်ယောက် တွေ့စေခဲ့သည့် ဂိမ်းလည်း ဖြစ်သည်။ ထို့ကြောင့် ကျန်းကျိရင်က ထူးခြားသော ခံစားချက်ရှိသည်။
သိုသိုသိပ်သိပ်နှင့် ယခင်က မည်သည့်အကြံမှ မရှိခဲ့သော ယင်ညန်က အမြဲတစေ လျှို့ဝှက်ထားခဲ့သည်။ သူ့ကိုချစ်ရန် မည်မျှ အန္တရာယ်များကြောင်း အသိပေးရန် မကြိုးစားခဲ့ချေ။ အရာအားလုံးကို တစ်ယောက်တည်း တိတ်တဆိတ်သာ ကိုင်တွယ်ပြီး တစ်ယောက်တည်း ရင်ဆိုင်နေခဲ့၏။ ထိုသို့ဖြင့် ကျန်းကျိရင်က တစ်ရက်တွင် နိုးထလာခြင်းအားဖြင့် ထိုလူက ပျောက်သွားကြောင်းသိလိုက်ရခြင်းဖြစ်သည်။
ကျန်းကျိရင်က ဂိမ်းကို တိတ်တဆိတ်ဖွင့်ကာ ဂိမ်းထဲသို့ loginဝင်လိုက်သည်။ ပြောရလျှင် သူ့တွင်လည်း ယင်ညန်ထံမှ ဖုံးကွယ်ထားသော အကြောင်းရာ ရှိသည်။ သူပြောနိုင်ပါ့မလားဆိုသော အခြေအနေကိုမူ မသိတော့ချေ။ epicအဆင့်နယ်မြေထဲတွင် နောက်ဆုံးခေါင်းဆောင်နှင့် တိုက်ခိုက်နေရင်း အဆိပ်မိခဲ့ရာမှ သူ၏နှလုံးသားအရိပ်မည်းကြောင့် ထင်ယောင်ထင်မှား မြင်ကွင်းကို မြင်ခဲ့ရသည်။
ထိုအချိန်က သူလုပ်ချင်သမျှက လူတစ်ယောက်ကိုရှာပြီး သူနှင့်အတူ နေသွားစေရန် ဖြစ်သည်။ ထိုလူက ဘယ်သောအခါမှ သူ့ကို လက်မလျှော့တော့ရန် အမြဲတစေ သေးရေးရှင်ရေး အခြေအနေတိုင်း သူနဲ့အတူ ရှိနေရန်ဖြစ်သည်။ သို့သော် သူက လူအများကို မယုံကြည်နိုင်ခဲ့ချေ။ မပြောင်းလဲသော ချစ်ခြင်းတရားကိုလည်း မယုံကြည်နိုင်ခဲ့ချေ။ ထို့အတွက်ကြောင့် သူ့ကိုယ်သူ မချစ်မိအောင် ချုပ်တီးထားခဲ့သည်။ ဒီနည်းအားဖြင့် သူ၏ ခံစားချက်တိုင်းကို အတုအယောင် ကာရိုက်တာတစ်ခုထဲသို့သာ ပုံထားခဲ့သည်။ ထိုအရာက အချစ်မဟုတ်ကြောင်း သူ အမြဲတမ်း သိခဲ့သည်။ တစ်ရက်တွင် ငါက ယင်ညန်ဆိုသော ဒိုင်ယာလော့boxလေးတစ်ခုကို မြင်ခဲ့ချိန်အထိ ထိုသို့တွေးခဲ့၏။ ထိုအချိန်က ဒါက ဒီအတိုင်း bugဟုသာ ထင်ခဲ့လေသည်။ သို့သော် ဖန်သားပြင်ကို အရူးလိုမျိုး ရယ်ကာ ကြည့်နေခဲ့မိသေးသည်။
သူကိုယ်တိုင်ကလည်း တစ်စုံတစ်ရာက ထိန်းချုပ်မှု လွတ်ကင်းသွားကြောင်း သိခဲ့သည်။ သို့သော်သူက ဂိမ်းကို ဖျက်လိုက်ခြင်းအားဖြင့် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်ချင်ခဲ့ချိန်တွင် ကားတိုက်ခံခဲ့ရသည်။ သူက ထိုအခြေအနေကို ပြန်မသွားနိုင်တော့ချေ။
သူက ယင်ညန်နှင့် တွေ့ဆုံခဲ့သည့်အတွက် လုံလောက်အောင် ကံကောင်းခဲ့လေသည်။ သို့သော် သူ၏ ချစ်သူကလည်း သူဟာကြောက်လန့်တတ်ပြီး စိုးရိမ်တတ်ကြောင်း မသိလောက်ချေ။ စိတ်ကူးယဥ်မှုကတစ်ဆင့် ပုံမှန်မဟုတ်သော ပျော်ရွှင်မှုမျိုး ဖြစ်လာခဲ့ခြင်းအားဖြင့် တစ်ရက်တွင် သူထိုအရာကို ဆုံးရှုံးလိုက်ရသည့်အခါ မည်သို့ လုပ်သင့်ကြောင်း မသိတော့ချေ။
ငါအစကတည်းကသာ မင်းနဲ့မတွေ့ခဲ့ရင်.....
အဲဒီအချိန်က ငါတခြား mpcတစ်ယောက်ကိုသာ ကြိုက်ခဲ့မယ်ဆိုရင်.....
မင်းကသာ ဒီတိုင်း ပုံရိပ်ယောင် ကာရိုက်တာတစ်ခုပဲ ဖြစ်နေခဲ့မယ်ဆိုရင်......
ကျန်းကျိရင်က စွန့်ပစ်ဓာတ်ခွဲခန်း၏ တံခါးကို ဖွင့်လိုက်ပြီး အမြဲတစေ ထိုနေရာတွင် စောင့်နေသည့် ဂိမ်းမှ မြင်ကွင်းကို ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကော့တက်သွားသည်။ သို့သော် မျက်လုံးကမူ မျက်ရည်များ ကျလာသည်။ သူကြောင်ဖြစ်ခဲ့ဖူးသော အချိန်ကလွဲပြီး တစ်ကြိမ်မှ မငိုခဲ့ဖူးသေးချေ။
ယခုအခါ ထိုအကြောင်းရာကို တွေးမိရုံဖြင့် သူ၏ နှလုံးသားထဲတွင်လည်း သိနေသည်။ သူဟာ ခံစားချက်များကို ငြင်းဆန်နေခြင်းဖြစ်သည်။ သူက ကံကောင်းမှုကြောင့် ထီပေါက်သွားခဲ့သော jackကဲ့သို့ ဖြစ်နေခဲ့သည်။ အသိစိတ်ရှိနေလျက်နှင့် နောက်တစ်ကြိမ် ထပ်လုပ်ရန် အခွင့်အရေး ရနေခဲ့လျှင်ပင် ထိုသို့ဖြစ်နေသည့်တိုင်အောင် သူက တုံ့ဆိုင်းမနေဘဲ သင်္ဘောပေါ် တက်မိနေဦးမည်ဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် သူက ထိုလူနှင့် ဘယ်သောအခါမှ ဆုံလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူကြံစည်ထားသလိုမျိုး တစ်ချိန်လုံး ငြိမ်းချမ်းစွာ အနားယူရင်း နေနေလျှင်လည်း မထူးနိုင်တော့ချေ။
သူက သူ၏ကာရိုက်တာကို ထိန်းချုပ်ပြီး ဗီရိုနားတွင် ခေါင်းအနည်းငယ် ငုံ့ကာ ရပ်နေသေးသည့် လူအနားသို့ ချဥ်းကပ်ခိုင်းလိုက်သည်။ ထို့နောက် ညင်သာစွာဖြင့် ထွေးပွေ့လိုက်ပြီး ကျောပိုးအိတ်ကို ဖွင့်သည်။
ပထမဦးဆုံး item boxထဲတွင် တောက်ပနေသော အလင်းများနှင့် သလင်းလက်စွပ်ရှိနေသည်။ သူက ထိုလက်စွပ်ကို မြေပြင်ပေါ်လို့ ချကာ စာရိုက်သည်။
"ယင်ညန် ငါပြန်မယူနိုင်ဘူး"
ငါလိုချင်တာကို ဘယ်တော့မှ တားမြစ်လို့မရဘူးလို့ ယုံကြည်ထားခဲ့တာ။ အခုချိန်မှပဲ ငါတကယ် နားလည်လိုက်တယ်။ ငါအမြဲတမ်း လိုချင်နေခဲ့တာက မင်းပဲ။ ထာဝရမတည်ရှိနိုင်မှာကို ကြောက်နေတာထက် မင်းနဲ့အတူရှိနေတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကိုပဲ တန်ဖိုးထားချင်တယ်။
"ယင်ညန် ငါမင်းကို ချစ်တယ်"
ယခင်ကကဲ့သို့ သူ၏ စကားလုံးများကို ကြားနိုင်ပါ့မည်လား မသိချေ။ သို့သော် သူက ဆိုးဆိုးရွားရွားပင် ပြောပြချင်နေသည်။
"ယင်ညန် အိမ်ပြန်လာခဲ့ပါ"
........
အခြေစိုက်စခန်းထဲတွင် ဝိုင်က သူ၏ လက်ထဲမှ လက်စွပ်ကို တိတ်တဆိတ် ကြည့်နေမိသည်။ ထိုပစ္စည်းလေးက အင်အားအနည်းငယ် သုံးလိုက်ရုံဖြင့် ကွဲကျေသွားနိုင်သည့် အားနည်းဖျော့တော့လွန်းသောအရာမျိုးဖြစ်သည်။ သို့သော် သူကကိုင်ထားသော တစ်ခဏတွင် သူ၏ နှလုံးသားအောက်ခြေမှတစ်ဆင့် မရေမတွက်နိုင်သည့် ပုံရိပ်ပေါင်းများစွာက ပေါ်ထွက်လာကာ ပထမဦးဆုံးအကြိမ် ဆုံးရှူံးသွားသည်ဆိုသော ခံစားချက်မျိုးကို ရစေသည်။
ဒီလက်စွပ်၊ ဒီစကားလုံးတွေ သူတို့ကို စောင့်နေတာ အချိန်အရမ်းကြာနေခဲ့သလိုမျိုးပဲ။
နောက်ဆုံးတော့ သူဒါတွေကို ရလိုက်တယ်။ ကြည့်ရတာ သူအခြားလောကက အဲဒါကို မြင်နိုင်နေတဲ့ပုံပဲ။ နောက်ပြီး သူ့ကို စောင့်ကြည့်နေတဲ့ သနားစရာကောင်းတဲ့ ကူကယ်ရာမဲ့နေတဲ့ လူတစ်ယောက်ကိုလည်း မြင်နိုင်တယ်။
သူ၏ နှလုံးသားထဲမှ အချို့နေရာများက ရုတ်ချည်းနူးညံ့သွားသည်။ သူက ခေါင်းကို လှည့်လိုက်သည်။ သူ၏ မျက်လုံးတွင် မြူဆိုင်းသွားသည်။
သူက ယခင်က အမြဲတစေ ထိုသို့ ဖြစ်နေခဲ့ပုံပေါ်ရပြီး သူ၏ ဘဝမှ နေ့ရက်တိုင်းတွင် ထက်ခါတလဲလဲ လူတစ်ယောက်ကို စောင့်နေခဲ့သည်။ ထိုလူပေါ်လာသောအခါ ချစ်ခင်မြတ်နိုးမှုသာလျှင် ရှိခဲ့၏။ နောက်ပိုင်းတွင် မနေနိုင်ဘဲ ထိုလူနောက်မှ ဆက်လိုက်နေမိသည်။ သူ၏ မိုဘိုင်းဖုန်း၊ အလုပ်စားပွဲပေါ်မှ ကွန်ပျူတာ၊ သူဖြတ်လျှောက်သွားသော လေးထောင့်ပုံသဏ္ဍာန်ရှိသည့် လျှက်စစ်ဖန်သားများ.....။ ထိုလူက မသိနိုင်လောက်သော်လည်း သူကမူ အမြဲတစေ တစ်ဖက်သူ၏ ဘဝထောင့်တိုင်းမကျန် နေရာအနှံ့တွင် စောင့်နေခဲ့ခြင်း ဖြစ်သည်။
သတိပေးအချက်ပြ ထွက်လာသည်အထိ သူ၏စိတ်က နစ်မြုပ်သွားသည်။ မတော်တဆမှုတစ်ခု ဖြစ်ပြီး သူကပြန်ဖျက်လိုက်ရကတည်းက သူ၏ အကာအကွယ်စနစ်ကို အဆင့်မြှင့်ထားခဲ့သည်။ ထိုနည်းအားဖြင့် ဖြစ်နိုင်ချေရှိသော ဆူးညှောင့်ခလုတ်တိုင်းကို အချိန်မီ ဖယ်ရှားပေးနိုင်မည်ဖြစ်သည်။
ဝိုင်က လက်ထဲမှ လက်စွပ်ကို မြှောက်ကြည့်လိုက်ပြီး ဂရုစိုက်ကြည့်လိုက်သည်။
အချိန်ရှိနေသေးတဲ့အချိန်မှာ ဖျက်စီးလိုက်တာ အကောင်းဆုံးပဲ။
ရုတ်တရက် တစ်စုံတစ်ယောက်က တံခါးကို လာခေါက်သည်။ ထိုလူက လဲ့တွန်းဖြစ်သည်။ သူက ဂါရဝပြုကာ လေးစားစွာ ပြောသည်။
"ဒေါက်တာ တိမ်ကောင်းကင်မဟာမိတ်အဖွဲ့က လက်ရွေးစင်အဖွဲ့စုစည်းပြီး ကျဆုံးခြင်းမြို့ကို လာနေပါတယ်၊ ကျွန်တော်တို့ သူတို့ကိုတားဖို့ လူလွှတ်လိုက်ရမလား"
ယင်ညန်က လက်စွပ်ကို ပြန်သိမ်းကာ ခေါင်းညိတ်သည်။
" လျို့ဟော်ကိုပဲ သူတို့ကို ကိုင်တွယ်ဖို့ လူတွေ စီစဥ်ခိုင်းလိုက်"
တစ်ခဏခန့်ရပ်တန့်ပြီးနောက် သူက ပြောသည်။
"မင်းနဲ့ မန်ခါလီတို့ အဆင်သင့်ပြင်ထား၊ ငါကိုယ်တိုင် လိုက်ကြည့်မယ်"
လဲ့တွန်းက တံခါးကို ပိတ်ပြီး ထွက်သွားသည်။
အချိန်မီ ဖျက်ဆီးသင့်သော လက်စွပ်ကမူ ဝိုင်၏ ရင်ဘတ်နားရှိ အိတ်ကပ်ထဲသို့ ထိုအတိုင်းအထည့်ခံလိုက်ရပြီး ဘယ်သောအခါမှ ပြန်ထွက်လာနိုင်တော့မည်မဟုတ်ချေ။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။