အန္တရာယ်ရှိသော စရိုက် - ဘာသာပ...

By Autumn260103

132K 28.4K 2.6K

Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့်... More

Chapter 1 - စိတ်ဖတ်စွမ်းရည်
Chapter 2- Identity
Chapter 3 - ရောဂါအမည်သတ်မှတ်ခြင်း
Chapter 4- ကွက်လပ်
Chapter 5- ကြောင် အလောင်း
Chapter 6- ဓား
Chapter 7- သံသယ
Chapter 8- ထိပ်တိုက်တွေ့ခြင်း
Chapter 9- ပွဲသိမ်း
Chapter 10- Turning Point
Chapter 11- ကြိုးရာ
Chapter 12- အတည်ပြုခြင်း
Chapter 13- ကောင်လေး
Chapter 14- ငိုသံ
Chapter 15- အမှုဟောင်း
Chapter 16- အတိတ်
Chapter 17- Bar
Chapter 18- အရက်တစ်ခွက်
Chapter 19 - ထိန်းမရတော့ခြင်း
Chapter 20 - လူသတ်မှု
Chapter 21- မျက်နှာချင်းဆိုင်အခန်း
Chapter 22- Cover your ears
Chapter 23- ခြွင်းချက်
Chapter 24- အိပ်မပျော်ခြင်း
Chapter 25- Getting medicine
Chapter 26- အကြံပြုချက်
Chapter 27- လက်အိတ်
Chapter 28- ကုထုံး
Chapter 29- အမှုအကြံပေး
Chapter 30- သံသယတရားခံ
Chapter 31- အိမ်နီးချင်းများ
Chapter 32- ချောင်းကြည့်ခြင်း
Chapter 33- အိမ်ငှား
Chapter 34- လက်စွပ်
Chapter 35- လက်ထောက်အကြံပေး
Chapter 36- အသံ
Chapter 37- Recovery
Chapter 38- အတည်ပြုချက်
Chapter 39 - စုံစမ်းရေး
Chapter 40- တစ်ယောက်ထဲ နေဖြစ်သွားပြီ
Chapter 41- သတိပေးစကား
Chapter 42- Night Visit
Chapter 43- နှစ်ယောက်လုံးအား ရဲတိုင်ခြင်း
Chapter 44 - အထင်လွဲမှု
Chapter 45- အချိန်ကန့်သတ်ချက်
Chapter 46- ပွဲစား
Chapter 47- လူသတ်မှု
Chapter 48 - လူသတ်သမားကို အမဲလိုက်ခြင်း
Chapter 49 - အမှု ပြီးဆုံးခြင်း
Chapter 50- ချောကလက်
Chapter 51 - နောက်တစ်ကြိမ် ထိန်းချုပ်မရတော့ခြင်း
Chapter 52- Night Talk
Chapter 53- Dream Talk
Chapter 54- လမ်းကူးကြမယ်
Chapter 55- ရုပ်ရှင်ရုံ
Chapter 56- တိုက်ပေါ်မှ ပြုတ်ကျ
Chapter 57- ပါပါရာဇီ
Chapter 58- အရူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်
Chapter 59- အရူးလက်ထဲမှာ တစ်ခုခုရှိနေတာပဲ
Chapter 60- စိုးရိမ်မှု
Chapter 61- အန္တရာယ်ကြားထဲမှ
Chapter 62- မတော်တဆမှု
Chapter 63- Female Star
Chapter 64- လူနာ
Chapter 65- Photos
Chapter 66- မျက်နှာ
Chapter 67- သန္ဓေသား
Chapter 69- အဆောင်လက်ဖွဲ့ဆိုင်
Chapter 70 - သန္ဓေသားလောင်းမွေးမြူခြင်း
Chapter 71- ယဇ်ပူဇော်သော (ကုမာန်ထုန်)
Chapter 72- အလှည့်အပြောင်း
Chapter 73- နားဆွဲလေးတစ်ဖက်
Chapter 74- ရုပ်ရည်
Chapter 75- နှလုံးခုန်သံ
Chapter 76- လက်တွဲဖော်
Chapter 77- သူ ကြားလိုက်တယ်
Chapter 78- အတည်ပြုချက်
Chapter 79 - ကြောင်လေးတစ်ကောင် အိမ်ပေါ်ရောက်လာတယ်
Chapter 80- ချဉ်းကပ်ခြင်း
Chapter 81- သွေးဆောင်ဖျားယောင်းမြှူဆွယ်ခြင်း
Chapter 82- နားကပ်
Chapter 83- လက်မြှောက်အရှုံးပေးလိုက်ပြီ
Chapter 84 - ဖွင့်ဟဝန်ခံခြင်း
Chapter 85- ကိုယ့်ကို စမ်းချစ်ကြည့်လေ
Chapter 86- A Hug
Chapter 87- ချိန်းတွေ့ခြင်း အနုပညာ
Chapter 88- လျှို့ဝှက်အခန်း
Chapter 89 - နှစ်သိမ့်ပေး
Chapter 90- လူသိရှင်ကြား
Chapter 91- သူတို့နှစ်‌ယောက် ဆက်ဆံရေး
Chapter 92- ‌တောင်းဆိုမှု
Chapter 93 - လေတံခွန်
Chapter 94- ကျောင်းသားလေးများ
Chapter 95- ရမှတ်
Chapter 96- စိတ်ခံစားချက်

Chapter 68- ဓာတ်ပုံဘောင်

1.1K 280 24
By Autumn260103

Unicode

ထိုညက ဆေးရုံအနောက်ဘက်ရှိ စွန့်ပစ်ထားသော တောအုပ်ငယ်လေးထဲတွင် လူတချို့ စုဝေးခဲ့ကြသည်။ မှုခင်းရဲများအားလုံး တောအုပ်ငယ်လေး၏ ဧရိယာတစ်လက်မပင် မကျန်အောင် ပိုက်စိပ်တိုက် ရှာဖွေကြ၏။

စွန့်ပစ်ထားသော တောအုပ်ငယ်လေးထဲတွင် ဂရုစိုက်မည့်သူမရှိ၍ သစ်ပင်များသည်ပင် အသက်မဲ့နေသည့်အလား ပါးလျနေသည်။

အချိန်က မနက်နှစ်နာရီခန့်ရှိနေပြီ။

ရှဲ့လင် စကားအဖြစ်ပြောသော "အချိန်ပိုဆင်းရသည်" ဆိုသော စကားစုမှာ အတည်ဖြစ်လာခဲ့သည်။

အမှောင်ကြိုက်သော ချီချင်းအတွက် အလှမ်းဝေးကာ လူသိပ်မရှိသည့် နေရာမျိုးကို သဘောကျသည်မှန်သော်လဲ မနက်နှစ်နာရီအချိန်ကြီးတော့ အလောင်းတစ်လောင်း မြှုပ်ထားသည့်နေရာတွင် ခြေကျိုးတစ်ယောက်ကို တွဲ၍ မရပ်နေချင်။

မကြာခင် ရှာဖွေမှုကို အရှိန်မြှင့်နိုင်ရန် ချီချင်းလက်ထဲသို့ ဓာတ်မီးတစ်လက် ထိုးထည့်သွားခဲ့သည်။
" လက်ထောက်အကြံပေးချီ.. ခင်ဗျားနဲ့ အကြံပေးရှဲ့နဲ့ ဟိုနားလေးမှာ သွားရှာပေးနော်"

"..."
ချီချင်းမှာ လက်ထဲမှ ဓာတ်မီးကို ကြည့်ရင်း တအံ့တဩရေရွတ်နေသည်။
" ဒါကို အချိန်ပိုဆင်းတယ်လို့ ခင်ဗျားခေါ်လား"

"ဟင်"

"တမင်သက်သက် ထိုးထည့်သွားတာပဲလေ"

ရှဲ့လင်က ချီချင်းကို ပခုံးကျော်၍ ဖက်ထား၏။ ချီချင်းမှာ လျော့ရဲရဲ ကုတ်အင်္ကျီသာ ဝတ်ထားသည့်အတွက် တစ်ခါတစ်ခါ ချီချင်း၏ နူးညံ့သော လည်ပင်းသားလေးများကို ထိမိနေသည်။ ရှဲ့လင်က လက်ချောင်းလေးများကို ရွှေ့ကာ ဆက်ပြောသည်။
" ဒါကတော့ အမိန့်နာခံတယ်လို့ ပြောရမှာပေါ့... ဘယ်လိုလုပ် တမင်ထိုးထည့်တယ်လို့ ယူဆမှာလဲ... လူတွေက မင်းကို ကျေးဇူးတင်ကြမှာ... ကိုယ်လဲ မင်းကို ကျေးဇူးတင်မယ်လေ..  မနက်ဖြန် ကိုယ် မင်းကို ညစာလိုက်ကျွေးမှာဗျ"

ချီချင်းက သူ့ရှေ့မှ မြက်ရိုင်းများကို ဖယ်ရှားရင်း ခေါင်းငုံ့ကာ အထဲဝင်သွားသည်။
" ကျေးဇူးတင်တယ်ဆို အနှောင့်အယှက် လာလာမပေးနဲ့"

နောက်ဆုံးတွင်တော့ တောအုပ်ငယ်လေးထဲ သူတို့ ဘာတစ်ခုကိုမှ မတွေ့ခဲ့ရ။

တွင်းငယ်လေးများ နေရာစုံတွင် တူးဖော်ထားသည်။ တူးနိုင်သမျှ နေရာစုံ တူးခဲ့‌ကြသော်လဲ ကြွက်သေတစ်ကောင်နှစ်ကောင်မှ လွဲ၍ ဘာမှထွက်မလာ။ ထိုဆရာဝန်ပြောသည့် ပလတ်စတစ်အိတ်အဟောင်းနှင့် ထည့်ထားသော သ‌န္ဓေသားအလောင်းကို အရိပ်အယောင်ပင် မတွေ့ခဲ့ရ။

" ရှာမတွေ့ဘူးဗျို့"
တစ်စုံတစ်ယောက်က လှမ်းအော်သည်။

" ဒီမှာလဲ မရှိဘူးဗျို့"
နောက်တစ်ယောက်က ‌ဆက်အော်သည်။

" ဟုတ်တယ်... ဒီမှာလဲ ပလတ်စတစ်အိတ်တော့တွေ့တယ်... ဒါပေမဲ့ အမှိုက်ဟောင်းတွေပဲ ထည့်ထားတာ"
တတိယတစ်ယောက်က လှမ်းပြောသည်။

"..."

ဆေးရုံစောင့်မှာ တောအုပ်အဝင်ဝတွင် တစ်ယောက်ထဲ စောင့်ကာ ကျန်ခဲ့သည်။ အေးလဲအေး ကြောက်လဲကြောက်နှင့် လက်နှစ်ဖက်ကို ပွတ်ကာ တစ်ချိန်လုံး နာရီကို ငုံ့ငုံ့ကြည့်နေသည်။

ရှဲ့လင် : " ပြန်ရအောင်... ကိုယ်တို့လဲ ဒီဘက်မှာ ဘာမှမတွေ့ဘူး.. ဆေးရုံစောင့်ကြီးကို အကျိုးအကြောင်း သွားပြောရအောင်"

ဆေးရုံစောင့်လဲ သူတို့ထွက်လာသည်ကို မြင်တော့ အလုပ်ဆင်းရတော့မည်ဟုတွက်ဆကာ စိတ်မရှည်စွာ ပြောလိုက်သည်။
" ‌‌တွေ့ခဲ့လား"

" ဦးလေးပြောပါတယ်.. ဘာမှမရှိပါဘူးဆို... မင်းတို့မယုံရင် နောက်နေ့ ထပ်လာခဲ့ပါဦး"

" ဟုတ်ပါ့ဗျာ... ကျွန်တော်လဲ သူတို့ကို ပြောပါတယ်.. ဒီအချိန်အထိ ကျွန်တော်တို့ကို စောင့်နေရတာ အားနာလိုက်တာဗျာ"
ရှဲ့လင်က အေးဆေးစွာပင် ကျန်သူများထံ လွှဲချနေသည့်ပုံစံက လွန်ခဲ့သော နှစ်နာရီခန့်က ဒီအထိ လာရှာကြရန် အကြံပြုခဲ့သူမှာ သူမဟုတ်သည့်အလား။

ထိုစကားကြောင့် ဆေးရုံစောင့်ကြီး၏ မျက်နှာအမူအရာ ပျော့ပျောင်းလာသည်။

ရှဲ့လင်က အချိန်ကိုက် ဝင်ပြောလိုက်သည်။
" ဆရာကြီး... ဒီမှာ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲဗျ"

" အနှစ်နှစ်ဆယ်နီးပါးရှိပြီ... ဒီဆေးရုံ စဖွင့်ထဲက ဆိုပါတော့"

" ညဂျူတီဆင်းတဲ့အခါမျိုးတွေ ကြောင်အော်သံတွေ ဘာတွေ ကြားမိလားဗျ"
ရှဲ့လင်က ဆက်ပြောသည်။

" မကြားပါဘူး"
ဆေးရုံစောင့်ကြီးက ဆက်ပြောသည်။
" ဒီနားမှာ လူနေအိမ်မှ မရှိတာ... အစာကျွေးမဲ့သူမရှိရင် ကြောင်တွေလဲ ဘယ်လိုလုပ် ရှိမှာလဲဗျ"

အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက်တွင်တော့ သူတို့အားလုံး ကားရပ်ထားသည့်နေရာသို့ ရောက်လာခဲ့သည်။

မှုခင်းရဲတစ်ယောက်က စကားစသည်။
" တော်တော်ထူးဆန်းတယ်ဗျ... ကျွန်တော်တို့ တ‌စ်နေရာလုံး ပိုက်စိပ်တိုက် လိုက်ရှာတာတောင် ဘာမှမတွေ့ဘူးနော်"

ချီချင်းက ကားနောက်ခန်းတွင် ထိုင်၍ အနက်ရောင်ပိတ်ကားတပ်ထားသော ကားပြတင်းမှ အပြင်ကို ငေးကြည့်နေသည်။ ကားအပြင်ဘက်တွင် ရှည်လျားသော လမ်းတစ်လမ်းကို လှမ်းတွေ့နေရ၏။

ဆေးရုံနှင့် မျက်နှာချင်းဆိုင်လမ်းတွင် ဘာဆိုင် ညာဆိုင် များများစားစားမရှိ။ ရှိသည့်ဆိုင် တစ်ဆိုင်နှစ်ဆိုင်လောက်ကလဲ တံခါးများပိတ်၍နေသည်။ ချီချင်း တစ်ချက်ကြည့်ပြီးနောက် တိုက်ဆိုင်မှုတစ်ခုအလား ရုတ်တရက် သတိရမိသွားသည်။ သူတို့ကားရပ်ထားသည့်နေရာက SD ကတ်ထဲတွင် ရိုက်ထားသော ဓာတ်ပုံနှင့် တထပ်ထဲ ကျနေသည်။

ထိုအချိန် ကျန်းဖုန်းက ဒီနေရာမှနေ၍ ဓာတ်ပုံရိုက်သည့် ခလုတ်ကို နှိပ်လိုက်သည်။ ထိုအချိန်တွင် သူ့ကိုယ်သူ သေတွင်းနှင့် နီးနေသည်ကို သူကိုယ်တိုင် မသိခဲ့ရ။

နောက်တစ်နေ့ ရုံးချုပ်တွင် ‌အထွေထွေ အစည်းအဝေး လုပ်ကြ၏။

မျက်နှာအမှုက သီးသန့်အမှုဖြစ်သော်ငြား သေဆုံးသူမှာ ကျန်းဖုန်းအမှုတွင် ပါဝင်ပတ်သက်သူတစ်ယောက် ဖြစ်နေသည့်အတွက် အမှုနှစ်ခုလုံးကို ဖန်သားပြင်တွင် တစ်ပြိုင်နက်ထဲ ယှဉ်ပြထားသည်။ ဘယ်ဘက်ဓာတ်ပုံတွင် မျက်နှာအရေခွံမရှိသော သွေးလွှမ်းနေသည့် အလောင်းတစ်လောင်း ရှိနေသည်။ ညာဘက်တွင်တော့ တိုက်ပေါ်မှ ပြုတ်ကျသေဆုံးနေသည့် ကျန်းဖုန်း၏ အလောင်းကို ပြထား၏။

အမှုနှစ်မှုလုံးတွင် ထူးခြားသော ပုံစံများရှိနေကြသည်။

" ဖြစ်နိုင်ချေအားလုံးကို ပယ်ချခဲ့ပြီးပြီ... ကျန်နေတဲ့တစ်ခုက လုံးဝမဖြစ်နိုင်ဘူးဆိုရင်တောင် ဖြစ်လာနိုင်ချေ အပြည့်အဝရှိတယ်"
ရှဲ့လင်က စားပွဲထိပ်တည့်တည့်တွင် ထိုင်ကာ ဓာတ်ပုံတစ်ပုံကိုမှ မော့မကြည့်ပဲ တိုက်ရိုက်ပြောလိုက်သည်။
" ယင်းဝမ်ရူစွန့်ပစ်ထားတဲ့ သန္ဓေသားအလောင်းကို တစ်ယောက်ယောက် ယူသွားတာ ဖြစ်နိုင်တယ်... အခု ကျန်းဖုန်းရဲ့အမှုကလဲ ဒီထဲထိ ပါဝင်ပတ်သက်နေပြီ"
လေသံမာမာနှင့် ပြောဆိုပြီးနောက် ခေါင်းတစ်ချက်စောင်းကာ ဘေးမှလူအား စောစောကနှင့် လုံးဝမဆိုင်သည့် လေသံနှင့် ပြောလိုက်သည်။
" မင်း အိပ်ငိုက်နေပြီလား"

ဤသို့နှင့် ဖန်သားပြင်ပေါ် မှ မျက်လုံးများအားလုံး ရှဲ့လင်ဘေးမှ လူထံသို့ စုပြုံကျလာကြသည်။

တကယ်တော့ သူတို့တွေ့နေရသည်က ထိုသူ၏ ခေါင်းကိုသာ ဖြစ်သည်။

ချီချင်းမှာ အစည်းအဝေးခန်းရှိ စားပွဲပေါ် ခေါင်းတင်ကာ အိပ်နေပြီဖြစ်၏။ ရှဲ့လင် ဆွဲခေါ်လာသည့်နောက်သို့ နေရာတကာလိုက်ခဲ့ပြီးနောက် ချီချင်း၏ အိပ်ချိန်ကျော်သွားခဲ့သည်။

မနေ့ညက ရှဲ့လင်အိမ်သို့ သူ ရောက်သွားသည့်အချိန်မှာ မနက်သုံးနာရီပင် ကျော်နေခဲ့သည်။ အသန့်အလွန်ကြိုက်သော အကျင့်ကြောင့် ချီချင်းလဲ အိပ်ရာမဝင်ခင် တစ်ခေါက် ရေချိုးထားသည်။ သို့သော် အပြင်ထွက်ထားသည့်အတွက် အိမ်ပြန်ရောက်လျှင်လဲ ရေချိုးရဦးမည်ဖြစ်၏။

သို့ပေမဲ့ ရုံးချုပ်မှလူများအားလုံး ခေါ်ကာ ချက်ချင်း အစည်းအဝေး လုပ်ကြသည်။

ချီချင်းမှာ ရှဲ့လင်စကားကို ပြန်မဖြေ။ အစည်းအဝေးခန်းက ဆူညံလွန်းသည့်အတွက် စားပွဲပေါ် မှောက်အိပ်သော်လဲ အိပ်မပျော်နိုင်ပဲ စဉ်းစားနေရှာသည်။

ဘယ်သူက ယူသွားမှာလဲ...

အဲ့ဒီ့ကလေးအလောင်းကို ဘာလို့ လိုချင်ရတာလဲ ..

ရောဂါကုဖို့ အချင်းတွေဘာတွေ သုပ်စားမလို့လား...

သို့သော် ရှဲ့လင်က ချီချင်း၏ တိတ်ဆိတ်မှုကို အဓိပ္ပါယ်ကောက် လွဲသွားခဲ့သည်။ ချီချင်းတစ်ယောက် နားဆူလွန်း၍ သူ့စကားကို မကြားဟုထင်ကာ ချီချင်း၏ နားနှစ်ဖက်ကို သူ့လက်ဖဝါးနှင့် အုပ်ထားပေးနေသည်။

တကယ်တော့ အစည်းအဝေးခန်းထဲတွင် အရမ်းဆူညံနေသည်မဟုတ်။

အလေးအနက်ထားရမည့်အချိန်ဖြစ်၍ အစည်းအဝေးခန်းထဲရှိ ဘယ်သူမှ တခြားအကြောင်းတွေးမနေကြ။ အလုပ်အကြောင်းသာ ပြောရဲကြသည်။ ပြတင်း‌များအားလုံး တင်းတင်းပိတ်ထားသည့်အတွက် ကော်ရစ်ဒါအပြင်ဘက်မှ အသံများလဲ အထဲကို ဝင်မလာ။

အရင်တစ်ခေါက်ကကဲ့သို့ ထိန်းချုပ်မှုလွတ်နေတာလဲ မဟုတ်။

ချီချင်း ရုတ်တရက် မျက်လုံးပွင့်လာသည်။

တူညီသော လူတစ်ယောက်၏ တူညီသော အပြုအမူက မတူသည့်အချိန်တွင် မတူသော အကျိုးသက်ရောက်မှု ရှိလေ၏။

အရင်တစ်ခေါက် ရှဲ့လင် ထိုသို့ ပြုမူခဲ့စဉ် ငြိမ်းချမ်းမှုကို သူ ခံစားခဲ့ရသည်။

သို့သော် ဒီတစ်ခါတွင်တော့ သူ့နားထဲ ဆူညံသံပင် ပိုကျယ်လာသလို။ ဘယ်ကရောက်လာမှန်းမသိသည့် သီချင်းညည်းသံသဲ့သဲ့ကြောင့် သူ့အတွေးတချို့ပင် ပျက်စီးသွားရသည်။

အမှုနှစ်မှု ဆက်စပ်လိုက်ရသည့်အတွက် မှုခင်းရဲတစ်ဦးချင်းစီ၏ တာဝန်က ပိုကြီးလာသည်။ အမှုတစ်ခုချင်းစီကို စုံစမ်းရသလို အမှုနှစ်မှု၏ ဆက်သွယ်ချက်ကိုလဲ လိုက်ရှာရသေး၏။

" ဒီနေ့လည် စစ်မေးခံရမဲ့သူက ဘယ်သူလဲ"
ရှဲ့လင်က လက်မဖယ်သေးပဲ အသံတိုးတိုးနှင့် မေးလိုက်သည်။

စောစောက မတ်တပ်ရပ်၍ အမှုအကြောင်းရှင်းပြနေသည့် တာဝန်ရှိ မှုခင်းရဲ၏အသံ ထွက်လာသည်။
" အနုပညာလောကအပြင်ဘက်က ယင်းဝမ်ရူသူငယ်ချင်းပါ.. ယင်းဝမ်ရူ ကိုယ်ဝန်ရှိနေတဲ့အကြောင်း သူတစ်ယောက်ပဲ သိတာ... ပြီးတော့ သေဆုံးသူရဲ့ အခန်းဖော်ကိုရော အဒေါ်တွေကိုရော သူ သိ..."

" ရပါပြီ..  အရင် စစ်ကြည့်ပါဦး"

"ဗျာ"
တာဝန်ရှိ မှုခင်းရဲ ကြောင်အသွားခဲ့သည်။
" ခင်ဗျားတို့ရော မလိုက်ဘူးလား"

ရှဲ့လင် : "ကျွန်တော်လား.. ကျွန်တော်လဲ စစ်မေးရမှာပေါ့"

သူနှင့်စကားပြောနေသော မှုခင်းရဲအရာရှိ ကြောင်အသွားရ၏။
" ဘယ်သူ့ကို..."

သူက ဘယ်သူ့ကို စစ်မေးမှာတဲ့လဲ..

ပြီးတော့ စစ်မေးတယ်ဆိုတာမျိုးက ရုံးချုပ်ပရဝု‌ဏ်ထဲမှာပဲ လုပ်သင့်တာမဟုတ်ဘူးလား...

ရှဲ့လင်၏ လက်ကြောင့် စိတ်မသက်မသာဖြစ်ကာ ထလာရသည့် ချီချင်းမှာတော့ ကျောင်းတွင် စာတစ်လုံးမှ လိုက်နားမထောင်သော်လဲ ဆရာမမေးခွန်းမှန်သမျှ ဖြေနိုင်သည့် ဂျစ်ကန်ကန်ကျောင်းသားဆိုးလေးကဲ့သို့ စကားလုံး နှစ်လုံးကိုသာ ပြောလိုက်သည်။
" ကျန်း ဖုန်း"

" ကျန်းဖုန်းကို စစ်မေးမယ်??"

သေပြီးသားလူကို သူက ဘယ်လိုလုပ် သွားမေးမှာလဲ...

နာရီဝက်အကြာတွင် အဆောက်အဦးတစ်ခု၏ ခေါင်မိုးထပ်တံခါးကို လက်အိတ်မည်းတစ်ဖက်က တွန်းဖွင့်လိုက်သည်ကို တွေ့ရပေလိမ့်မည်။

ထို့‌အပြင် ရှဲ့လင်က‌ လှေကားထပ် ထိပ်ဆုံးတွင် ရပ်နေဆဲပင်။

ဓာတ်လှေကားနှင့်ဆိုလျှင် ရှော့ပင်းမောလ် အပေါ်ဆုံးထပ်အထိကိုသာ တက်နိုင်သည်။ ခေါင်မိုးထပ်ကို လူတိုင်းသွားလာနိုင်အောင် ဖွင့်ထားခြင်းမရှိ။ ခေါင်မိုးထပ်သို့ သွားချင်ပါက ရှော့ပင်းမောလ် အပေါ်ဆုံးထပ်မှနေ၍ လမ်းတစ်လမ်းကို လျှောက်ကာ လှေကားတစ်ခုကို တက်မှသာ ရောက်နိုင်သည်။ လမ်းတစ်ဝက်တွင် ရှဲ့လင် စကားများလွန်းသောကြောင့် ချီချင်း ပစ်ထားခဲ့ခြင်း ဖြစ်လေသည်။

" မင်း ကိုယ့်ကို တကယ် မတွဲပေးတော့ဘူးလား"
အနောက်မှ လိုက်လာသည့် ရှဲ့လင်က ပြောလိုက်သည်။

" နံရံကို မှီရပ်နေ"

"..."

သေဆုံးသူက စကားမပြောနိုင်။

သို့သော် သေခြင်းတရားကတော့ သူတို့ကို စကားတွေ အများကြီး ပြောပြလိမ့်မည်။

လူတစ်ယောက်က သူနှင့် လုံးလုံးမသက်ဆိုင်သည့်နေရာတစ်ခုတွင် မတော်တဆ ပြုတ်ကျခြင်း မဖြစ်နိုင်။

ကျန်းဖုန်း ပြင်ဆင်ထားသော ထိတ်လန့်အံ့ဩဖွယ်ရာ သတင်းထဲတွင် ယင်းဝမ်ရူကိုယ်ဝန်ဖျက်ချသည့် ကိစ္စမှာ သေးသေးလေးသာ ပါဝင်နေသည်။ အကယ်၍ ထိုနေ့က ဒီနေရာကို ယင်းဝမ်ရူကြောင့် ရောက်လာတာ မဟုတ်ဘူးဆိုပါက ဒီလောက် တိုက်အမြင့်ကြီးပေါ်က ဘာကိုများ သူ မြင်ချင်ခဲ့တာပါလိမ့်...

သူတို့နှစ်ယောက်လုံး ခေါင်မိုးထပ်တွင် ရပ်နေကြသည်။ ခေါင်မိုးထပ် လက်ရန်းများက သေးငယ်ပါးလွှာသည့်အပြင် တဟူးဟူးတိုက်နေသောလေကြောင့် သူတို့ကိုပင် လွင့်ပျံသွားစေနိုင်မည်ဟု ထင်ရသည်။

မြင့်မားလွန်းသော နေရာပေါ်ရပ်နေသည့် လွတ်လပ်စွာ အလုပ်လုပ်နိုင်သော လူတစ်ယောက်တွင် ကြည့်စရာ အရာများစွာ ရှိ၏။ သူတို့ရှေ့တွင် အထပ်မြင့်တိုက်များ လမ်းတစ်လျှောက် ဈေးဆိုင်များ မြောက်မြားစွာ ရှိနေသည်။ ထိပ်ဆုံးထပ်မှ ကြည့်မိသော် လမ်းမပေါ်တွင် လူပေါင်းစုံ ‌ပျားပမ်းခတ်နေသလို ဥဩသံများ ဆူညံလျက်ရှိသည်။

ထိုသူ ရိုက်ချင်နေသည့် မြင်ကွင်းက ဘာကိုလဲ....

ချီချင်းက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ကျန်းဖုန်း ပြုတ်ကျသွားခဲ့သည့် နေရာကို တစ်ချက်ကြည့်သည်။ သွေးများကိုတော့ ဆေးပစ်လိုက်သည်ထင်သည်။ မရှိတော့။

ပြုတ်ကျတယ်....

" သူ ဘယ်ကနေ ပြုတ်ကျသွားတာလဲ"
ချီချင်းက ကောက်ကာငင်ကာ စပြောသည်။

ရှဲ့လင်က သူ့ဘေးမှ တစ်နေရာကို ညွှန်ပြသည်။ နဂိုလျော့ရဲနေသော လက်ရန်းကို ပြန်ပြင်ထားပြီးပြီ ဖြစ်၏။
" ဒီနေရာ‌ကနေ‌ ကျတာလေ... ဘယ်ဘက်ကနေ ညာဘက် သုံးလှမ်းအကွာ.. ခေါင်မိုးထပ်မှာ စောင့်ကြည့်ကင်မရာတွေ မရှိဘူး... ဒါပေမဲ့ ဝန်ထမ်းတွေ ပြောစကားအတိုင်းဆို လက်ရန်းတွေက အခုထိ..."

ရှဲ့လင်စကားမဆုံးသေး ချီချင်းတစ်ယောက် လက်ရန်းအဆုံးနားထိ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ လက်ညိုးနှင့် လက်မကို L ပုံသဏ္ဍာန်လုပ်ကာ လက်နှစ်ဖက်လုံးကို ဆက်လိုက်တော့ ဓာတ်ပုံဘောင်ပုံစံလေး ဖြစ်သွားလေသည်။

ထို့နောက် ချီချင်းက ကိုယ်အပေါ်တစ်ပိုင်းကို လက်ရန်း‌အပြင်ထိ တွဲလောင်းချလိုက်သည်။

ထိုနေ့ကကဲ့သို့ လျော့တိလျော့ရဲ လက်ရန်းမျိုးသာဆိုလျှင် ကိုင်တွယ်စရာတစ်ခုမှမရှိသည့်အခြေအနေတွင် ကျန်းဖုန်း ပြုတ်ကျသလို ပြုတ်ကျသွားပေလိမ့်မည်။

"မင်း.."

ရှဲ့လင် စိတ်ထဲမှ 'မင်း သေချင်နေတာလား' ဟု မေးရန်ပြင်နေ၏။

သို့သော် 'မင်း' ဟူသော စကားသံ ထွက်သွားသည့်အချိန်တွင် ချီချင်း လုပ်နေသောအရာကို သူ သဘောပေါက်သွားခဲ့သည်။

" ဒီလိုမျိုး အတိအကျ ကြိုးစားထားခဲ့ပေမဲ့လဲ  ပြီးပြည့်စုံတဲ့ မတော်တဆမှုမျိုးဖြစ်ဖို့ ဝေးပါသေးတယ်"
ချီချင်းက လက်ချောင်းလေးများနှင့် ဖန်တီးထားသော ကင်မရာဘောင်နှင့် ကြည့်နေသည်။
" လူသတ်သမားက သူ ဒီလောက်အထိ ကိုယ့်ကိုကိုယ် အန္တရာယ်အဖြစ်ခံပြီး ဓာတ်ပုံရိုက်လိမ့်မယ်လို့ တပ်အပ်သိနေခဲ့တာလဲ"

" ဘာလို့လဲဆိုတော့ သူ ဓာတ်ပုံရိုက်ချင်တာ အဲ့ဒီ့တစ်နေရာထဲမှာပဲရှိလို့ ဖြစ်မယ်"

ခေါင်မိုးစွန်းနား ရပ်နေရုံနှင့် ဓာတ်ပုံရိုက်မရသော နေရာ။

L လက်ချောင်းလေးနှစ်ခု ‌ပေါင်းစပ်ထားသော ‌ကင်မရာဘောင်အတွင်းမှ ချီချင်း၏ မြင်ကွင်းတို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။ လူရှုပ်နေသည့် လမ်းမကြီးမှ လမ်းသွယ်လေးများ တစ်ခုပြီးတစ်ခု ဓာတ်ပုံဘောင်ထဲ ဝင်လာလိုက် ထွက်သွားလိုက်နှင့်။ ထို့နောက် ရှည်လျားလှသော လမ်းသွယ်ကြီးတစ်ခု....

အ‌ဆိုပါ လမ်းမှာ လူရှုပ်နေသော လမ်းမကြီးနှင့် လားလားမျှ မဆိုင်လောက်အောင် လူရှင်းနေသည်။ ဆိုင်အနည်းငယ်သာ ဖွင့်ထားကာ ကျန်သည့်ဆိုင်အတော်များများက ဆိုင်ခန်းရောင်းရန် ဆိုင်းဘုတ်တင်ထားသည်။

လက်ရန်းပြန်ပြင်ထားသည်ဆိုသော်လဲ တစ်ကိုယ်လုံးနီးပါး အပြင်ထွက်နေသည့် ချီချင်းအတွက် အန္တရာယ်များနေသေးသည်။ အပြင်ထွက်ချင်နေသေးသည့် ချီချင်းကို ရှဲ့လင်တစ်ယောက် ခဲရာခဲဆစ် ပြန်ဆွဲခေါ်ရ‌၏။

ချီချင်းက စကားစသည်။
" ကျွန်တော် တွေ့ပြီ"

ရှဲ့လင် : " နောက်တစ်ခါ တစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ့်ကို ကြိုပြောပါကွာ... စောစောက နှလုံးရပ်သွားမတတ်ပဲ.. မင်းက ကိုယ့်ကို တမင်ကစားနေတာပဲ"

"..."

" ပြောင်းပြန်စိတ်ပညာနဲ့ မင်း လိုက်ကစားနေတယ်ဆိုရင်တောင် မင်း လုပ်ရပ်မင်း ပြန်စဉ်းစားကြည့်"
ရှဲ့လင်က ချီချင်းတွေ့ခဲ့ရသည့် အရာကို စိတ်မဝင်စား။
" တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

တစ်စုံတစ်ယောက်က ချီချင်းလုပ်ရပ်ကို အသိအမှတ်မပြုသည်မှာ ပထမဆုံးဖြစ်‌၏။
" ကျွန်တော် ဘာတွေ့လဲဆိုတာကိုပဲ မေးလို့မရဘူးလား"

ရှဲ့လင်လဲ စိတ်ပြန်ထိန်းလိုက်သည်။
" ကောင်းပြီ.. မင်း ဘာတွေ့လိုက်လို့လဲ"

ချီချင်း : "ဆိုင်တစ်ဆိုင်"

‌ခက်ခက်ခဲခဲ တစ်ကိုယ်လုံးထွက်၍ ဓာတ်ပုံရိုက်မှ ရသည့် နေရာသည် လမ်းသွယ်အဆုံးရှိ ဆိုင်တစ်ဆိုင်သာ ရှိလေသည်။

ဆိုင်အဝင်ဝတွင် မှန်တံခါးပေါ် ဆေးနီနှင့် ရေးခြယ်ထားသည့် သင်္ကေတတချို့ရှိသည်။ မြွေများ တွန့်လိမ်နေသော ပိုးကောင်များနှင့် အလားသဏ္ဍာန်တူကာ အရောင်တောက်ပလျက်ရှိ၏။ ဆိုင်အတွင်းပိုင်းကို အနီတောက်တောက်များနှင့်သာ ပြင်ဆင်ထားသည်။ အဆိုပါဆိုင်မှာ "ထိုက်ကော" ဟုခေါ်သည့် အဆောင်လက်ဖွဲ့ပစ္စည်းဆိုင် ဖြစ်လေသည်။

......
End of part 68
Thank you all



Zawgyi

ထိုညက ေဆး႐ုံအေနာက္ဘက္ရွိ စြန႔္ပစ္ထားေသာ ေတာအုပ္ငယ္ေလးထဲတြင္ လူတခ်ိဳ႕ စုေဝးခဲ့ၾကသည္။ မႈခင္းရဲမ်ားအားလုံး ေတာအုပ္ငယ္ေလး၏ ဧရိယာတစ္လက္မပင္ မက်န္ေအာင္ ပိုက္စိပ္တိုက္ ရွာေဖြၾက၏။

စြန႔္ပစ္ထားေသာ ေတာအုပ္ငယ္ေလးထဲတြင္ ဂ႐ုစိုက္မည့္သူမရွိ၍ သစ္ပင္မ်ားသည္ပင္ အသက္မဲ့ေနသည့္အလား ပါးလ်ေနသည္။

အခ်ိန္က မနက္ႏွစ္နာရီခန႔္ရွိေနၿပီ။

ရွဲ႕လင္ စကားအျဖစ္ေျပာေသာ "အခ်ိန္ပိုဆင္းရသည္" ဆိုေသာ စကားစုမွာ အတည္ျဖစ္လာခဲ့သည္။

အေမွာင္ႀကိဳက္ေသာ ခ်ီခ်င္းအတြက္ အလွမ္းေဝးကာ လူသိပ္မရွိသည့္ ေနရာမ်ိဳးကို သေဘာက်သည္မွန္ေသာ္လဲ မနက္ႏွစ္နာရီအခ်ိန္ႀကီးေတာ့ အေလာင္းတစ္ေလာင္း ျမႇုပ္ထားသည့္ေနရာတြင္ ေျခက်ိဳးတစ္ေယာက္ကို တြဲ၍ မရပ္ေနခ်င္။

မၾကာခင္ ရွာေဖြမႈကို အရွိန္ျမႇင့္နိုင္ရန္ ခ်ီခ်င္းလက္ထဲသို႔ ဓာတ္မီးတစ္လက္ ထိုးထည့္သြားခဲ့သည္။
" လက္ေထာက္အႀကံေပးခ်ီ.. ခင္ဗ်ားနဲ႕ အႀကံေပးရွဲ႕နဲ႕ ဟိုနားေလးမွာ သြားရွာေပးေနာ္"

"..."
ခ်ီခ်င္းမွာ လက္ထဲမွ ဓာတ္မီးကို ၾကည့္ရင္း တအံ့တဩေရ႐ြတ္ေနသည္။
" ဒါကို အခ်ိန္ပိုဆင္းတယ္လို႔ ခင္ဗ်ားေခၚလား"

"ဟင္"

"တမင္သက္သက္ ထိုးထည့္သြားတာပဲေလ"

ရွဲ႕လင္က ခ်ီခ်င္းကို ပခုံးေက်ာ္၍ ဖက္ထား၏။ ခ်ီခ်င္းမွာ ေလ်ာ့ရဲရဲ ကုတ္အကၤ်ီသာ ဝတ္ထားသည့္အတြက္ တစ္ခါတစ္ခါ ခ်ီခ်င္း၏ ႏူးညံ့ေသာ လည္ပင္းသားေလးမ်ားကို ထိမိေနသည္။ ရွဲ႕လင္က လက္ေခ်ာင္းေလးမ်ားကို ေ႐ႊ႕ကာ ဆက္ေျပာသည္။
" ဒါကေတာ့ အမိန႔္နာခံတယ္လို႔ ေျပာရမွာေပါ့... ဘယ္လိုလုပ္ တမင္ထိုးထည့္တယ္လို႔ ယူဆမွာလဲ... လူေတြက မင္းကို ေက်းဇူးတင္ၾကမွာ... ကိုယ္လဲ မင္းကို ေက်းဇူးတင္မယ္ေလ..  မနက္ျဖန္ ကိုယ္ မင္းကို ညစာလိုက္ေကြၽးမွာဗ်"

ခ်ီခ်င္းက သူ႕ေရွ႕မွ ျမက္ရိုင္းမ်ားကို ဖယ္ရွားရင္း ေခါင္းငုံ႕ကာ အထဲဝင္သြားသည္။
" ေက်းဇူးတင္တယ္ဆို အေႏွာင့္အယွက္ လာလာမေပးနဲ႕"

ေနာက္ဆုံးတြင္ေတာ့ ေတာအုပ္ငယ္ေလးထဲ သူတို႔ ဘာတစ္ခုကိုမွ မေတြ႕ခဲ့ရ။

တြင္းငယ္ေလးမ်ား ေနရာစုံတြင္ တူးေဖာ္ထားသည္။ တူးနိုင္သမွ် ေနရာစုံ တူးခဲ့‌ၾကေသာ္လဲ ႂကြက္ေသတစ္ေကာင္ႏွစ္ေကာင္မွ လြဲ၍ ဘာမွထြက္မလာ။ ထိုဆရာဝန္ေျပာသည့္ ပလတ္စတစ္အိတ္အေဟာင္းႏွင့္ ထည့္ထားေသာ သ‌ေႏၶသားအေလာင္းကို အရိပ္အေယာင္ပင္ မေတြ႕ခဲ့ရ။

" ရွာမေတြ႕ဘူးဗ်ိဳ႕"
တစ္စုံတစ္ေယာက္က လွမ္းေအာ္သည္။

" ဒီမွာလဲ မရွိဘူးဗ်ိဳ႕"
ေနာက္တစ္ေယာက္က ‌ဆက္ေအာ္သည္။

" ဟုတ္တယ္... ဒီမွာလဲ ပလတ္စတစ္အိတ္ေတာ့ေတြ႕တယ္... ဒါေပမဲ့ အမွိုက္ေဟာင္းေတြပဲ ထည့္ထားတာ"
တတိယတစ္ေယာက္က လွမ္းေျပာသည္။

"..."

ေဆး႐ုံေစာင့္မွာ ေတာအုပ္အဝင္ဝတြင္ တစ္ေယာက္ထဲ ေစာင့္ကာ က်န္ခဲ့သည္။ ေအးလဲေအး ေၾကာက္လဲေၾကာက္ႏွင့္ လက္ႏွစ္ဖက္ကို ပြတ္ကာ တစ္ခ်ိန္လုံး နာရီကို ငုံ႕ငုံ႕ၾကည့္ေနသည္။

ရွဲ႕လင္ : " ျပန္ရေအာင္... ကိုယ္တို႔လဲ ဒီဘက္မွာ ဘာမွမေတြ႕ဘူး.. ေဆး႐ုံေစာင့္ႀကီးကို အက်ိဳးအေၾကာင္း သြားေျပာရေအာင္"

ေဆး႐ုံေစာင့္လဲ သူတို႔ထြက္လာသည္ကို ျမင္ေတာ့ အလုပ္ဆင္းရေတာ့မည္ဟုတြက္ဆကာ စိတ္မရွည္စြာ ေျပာလိုက္သည္။
" ‌‌ေတြ႕ခဲ့လား"

" ဦးေလးေျပာပါတယ္.. ဘာမွမရွိပါဘူးဆို... မင္းတို႔မယုံရင္ ေနာက္ေန႕ ထပ္လာခဲ့ပါဦး"

" ဟုတ္ပါ့ဗ်ာ... ကြၽန္ေတာ္လဲ သူတို႔ကို ေျပာပါတယ္.. ဒီအခ်ိန္အထိ ကြၽန္ေတာ္တို႔ကို ေစာင့္ေနရတာ အားနာလိုက္တာဗ်ာ"
ရွဲ႕လင္က ေအးေဆးစြာပင္ က်န္သူမ်ားထံ လႊဲခ်ေနသည့္ပုံစံက လြန္ခဲ့ေသာ ႏွစ္နာရီခန႔္က ဒီအထိ လာရွာၾကရန္ အႀကံျပဳခဲ့သူမွာ သူမဟုတ္သည့္အလား။

ထိုစကားေၾကာင့္ ေဆး႐ုံေစာင့္ႀကီး၏ မ်က္ႏွာအမူအရာ ေပ်ာ့ေပ်ာင္းလာသည္။

ရွဲ႕လင္က အခ်ိန္ကိုက္ ဝင္ေျပာလိုက္သည္။
" ဆရာႀကီး... ဒီမွာ အလုပ္လုပ္ေနတာ ဘယ္ေလာက္ၾကာၿပီလဲဗ်"

" အႏွစ္ႏွစ္ဆယ္နီးပါးရွိၿပီ... ဒီေဆး႐ုံ စဖြင့္ထဲက ဆိုပါေတာ့"

" ညဂ်ဴတီဆင္းတဲ့အခါမ်ိဳးေတြ ေၾကာင္ေအာ္သံေတြ ဘာေတြ ၾကားမိလားဗ်"
ရွဲ႕လင္က ဆက္ေျပာသည္။

" မၾကားပါဘူး"
ေဆး႐ုံေစာင့္ႀကီးက ဆက္ေျပာသည္။
" ဒီနားမွာ လူေနအိမ္မွ မရွိတာ... အစာေကြၽးမဲ့သူမရွိရင္ ေၾကာင္ေတြလဲ ဘယ္လိုလုပ္ ရွိမွာလဲဗ်"

အခ်ိန္အေတာ္ၾကာေအာင္ ရွာေဖြၿပီးေနာက္တြင္ေတာ့ သူတို႔အားလုံး ကားရပ္ထားသည့္ေနရာသို႔ ေရာက္လာခဲ့သည္။

မႈခင္းရဲတစ္ေယာက္က စကားစသည္။
" ေတာ္ေတာ္ထူးဆန္းတယ္ဗ်... ကြၽန္ေတာ္တို႔ တ‌စ္ေနရာလုံး ပိုက္စိပ္တိုက္ လိုက္ရွာတာေတာင္ ဘာမွမေတြ႕ဘူးေနာ္"

ခ်ီခ်င္းက ကားေနာက္ခန္းတြင္ ထိုင္၍ အနက္ေရာင္ပိတ္ကားတပ္ထားေသာ ကားျပတင္းမွ အျပင္ကို ေငးၾကည့္ေနသည္။ ကားအျပင္ဘက္တြင္ ရွည္လ်ားေသာ လမ္းတစ္လမ္းကို လွမ္းေတြ႕ေနရ၏။

ေဆး႐ုံႏွင့္ မ်က္ႏွာခ်င္းဆိုင္လမ္းတြင္ ဘာဆိုင္ ညာဆိုင္ မ်ားမ်ားစားစားမရွိ။ ရွိသည့္ဆိုင္ တစ္ဆိုင္ႏွစ္ဆိုင္ေလာက္ကလဲ တံခါးမ်ားပိတ္၍ေနသည္။ ခ်ီခ်င္း တစ္ခ်က္ၾကည့္ၿပီးေနာက္ တိုက္ဆိုင္မႈတစ္ခုအလား ႐ုတ္တရက္ သတိရမိသြားသည္။ သူတို႔ကားရပ္ထားသည့္ေနရာက SD ကတ္ထဲတြင္ ရိုက္ထားေသာ ဓာတ္ပုံႏွင့္ တထပ္ထဲ က်ေနသည္။

ထိုအခ်ိန္ က်န္းဖုန္းက ဒီေနရာမွေန၍ ဓာတ္ပုံရိုက္သည့္ ခလုတ္ကို ႏွိပ္လိုက္သည္။ ထိုအခ်ိန္တြင္ သူ႕ကိုယ္သူ ေသတြင္းႏွင့္ နီးေနသည္ကို သူကိုယ္တိုင္ မသိခဲ့ရ။

ေနာက္တစ္ေန႕ ႐ုံးခ်ဳပ္တြင္ ‌အေထြေထြ အစည္းအေဝး လုပ္ၾက၏။

မ်က္ႏွာအမႈက သီးသန႔္အမႈျဖစ္ေသာ္ျငား ေသဆုံးသူမွာ က်န္းဖုန္းအမႈတြင္ ပါဝင္ပတ္သက္သူတစ္ေယာက္ ျဖစ္ေနသည့္အတြက္ အမႈႏွစ္ခုလုံးကို ဖန္သားျပင္တြင္ တစ္ၿပိဳင္နက္ထဲ ယွဥ္ျပထားသည္။ ဘယ္ဘက္ဓာတ္ပုံတြင္ မ်က္ႏွာအေရခြံမရွိေသာ ေသြးလႊမ္းေနသည့္ အေလာင္းတစ္ေလာင္း ရွိေနသည္။ ညာဘက္တြင္ေတာ့ တိုက္ေပၚမွ ျပဳတ္က်ေသဆုံးေနသည့္ က်န္းဖုန္း၏ အေလာင္းကို ျပထား၏။

အမႈႏွစ္မႈလုံးတြင္ ထူးျခားေသာ ပုံစံမ်ားရွိေနၾကသည္။

" ျဖစ္နိုင္ေခ်အားလုံးကို ပယ္ခ်ခဲ့ၿပီးၿပီ... က်န္ေနတဲ့တစ္ခုက လုံးဝမျဖစ္နိုင္ဘူးဆိုရင္ေတာင္ ျဖစ္လာနိုင္ေခ် အျပည့္အဝရွိတယ္"
ရွဲ႕လင္က စားပြဲထိပ္တည့္တည့္တြင္ ထိုင္ကာ ဓာတ္ပုံတစ္ပုံကိုမွ ေမာ့မၾကည့္ပဲ တိုက္ရိုက္ေျပာလိုက္သည္။
" ယင္းဝမ္႐ူစြန႔္ပစ္ထားတဲ့ သေႏၶသားအေလာင္းကို တစ္ေယာက္ေယာက္ ယူသြားတာ ျဖစ္နိုင္တယ္... အခု က်န္းဖုန္းရဲ႕အမႈကလဲ ဒီထဲထိ ပါဝင္ပတ္သက္ေနၿပီ"
ေလသံမာမာႏွင့္ ေျပာဆိုၿပီးေနာက္ ေခါင္းတစ္ခ်က္ေစာင္းကာ ေဘးမွလူအား ေစာေစာကႏွင့္ လုံးဝမဆိုင္သည့္ ေလသံႏွင့္ ေျပာလိုက္သည္။
" မင္း အိပ္ငိုက္ေနၿပီလား"

ဤသို႔ႏွင့္ ဖန္သားျပင္ေပၚ မွ မ်က္လုံးမ်ားအားလုံး ရွဲ႕လင္ေဘးမွ လူထံသို႔ စုၿပဳံက်လာၾကသည္။

တကယ္ေတာ့ သူတို႔ေတြ႕ေနရသည္က ထိုသူ၏ ေခါင္းကိုသာ ျဖစ္သည္။

ခ်ီခ်င္းမွာ အစည္းအေဝးခန္းရွိ စားပြဲေပၚ ေခါင္းတင္ကာ အိပ္ေနၿပီျဖစ္၏။ ရွဲ႕လင္ ဆြဲေခၚလာသည့္ေနာက္သို႔ ေနရာတကာလိုက္ခဲ့ၿပီးေနာက္ ခ်ီခ်င္း၏ အိပ္ခ်ိန္ေက်ာ္သြားခဲ့သည္။

မေန႕ညက ရွဲ႕လင္အိမ္သို႔ သူ ေရာက္သြားသည့္အခ်ိန္မွာ မနက္သုံးနာရီပင္ ေက်ာ္ေနခဲ့သည္။ အသန႔္အလြန္ႀကိဳက္ေသာ အက်င့္ေၾကာင့္ ခ်ီခ်င္းလဲ အိပ္ရာမဝင္ခင္ တစ္ေခါက္ ေရခ်ိဳးထားသည္။ သို႔ေသာ္ အျပင္ထြက္ထားသည့္အတြက္ အိမ္ျပန္ေရာက္လွ်င္လဲ ေရခ်ိဳးရဦးမည္ျဖစ္၏။

သို႔ေပမဲ့ ႐ုံးခ်ဳပ္မွလူမ်ားအားလုံး ေခၚကာ ခ်က္ခ်င္း အစည္းအေဝး လုပ္ၾကသည္။

ခ်ီခ်င္းမွာ ရွဲ႕လင္စကားကို ျပန္မေျဖ။ အစည္းအေဝးခန္းက ဆူညံလြန္းသည့္အတြက္ စားပြဲေပၚ ေမွာက္အိပ္ေသာ္လဲ အိပ္မေပ်ာ္နိုင္ပဲ စဥ္းစားေနရွာသည္။

ဘယ္သူက ယူသြားမွာလဲ...

အဲ့ဒီ့ကေလးအေလာင္းကို ဘာလို႔ လိုခ်င္ရတာလဲ ..

ေရာဂါကုဖို႔ အခ်င္းေတြဘာေတြ သုပ္စားမလို႔လား...

သို႔ေသာ္ ရွဲ႕လင္က ခ်ီခ်င္း၏ တိတ္ဆိတ္မႈကို အဓိပၸါယ္ေကာက္ လြဲသြားခဲ့သည္။ ခ်ီခ်င္းတစ္ေယာက္ နားဆူလြန္း၍ သူ႕စကားကို မၾကားဟုထင္ကာ ခ်ီခ်င္း၏ နားႏွစ္ဖက္ကို သူ႕လက္ဖဝါးႏွင့္ အုပ္ထားေပးေနသည္။

တကယ္ေတာ့ အစည္းအေဝးခန္းထဲတြင္ အရမ္းဆူညံေနသည္မဟုတ္။

အေလးအနက္ထားရမည့္အခ်ိန္ျဖစ္၍ အစည္းအေဝးခန္းထဲရွိ ဘယ္သူမွ တျခားအေၾကာင္းေတြးမေနၾက။ အလုပ္အေၾကာင္းသာ ေျပာရဲၾကသည္။ ျပတင္း‌မ်ားအားလုံး တင္းတင္းပိတ္ထားသည့္အတြက္ ေကာ္ရစ္ဒါအျပင္ဘက္မွ အသံမ်ားလဲ အထဲကို ဝင္မလာ။

အရင္တစ္ေခါက္ကကဲ့သို႔ ထိန္းခ်ဳပ္မႈလြတ္ေနတာလဲ မဟုတ္။

ခ်ီခ်င္း ႐ုတ္တရက္ မ်က္လုံးပြင့္လာသည္။

တူညီေသာ လူတစ္ေယာက္၏ တူညီေသာ အျပဳအမူက မတူသည့္အခ်ိန္တြင္ မတူေသာ အက်ိဳးသက္ေရာက္မႈ ရွိေလ၏။

အရင္တစ္ေခါက္ ရွဲ႕လင္ ထိုသို႔ ျပဳမူခဲ့စဥ္ ၿငိမ္းခ်မ္းမႈကို သူ ခံစားခဲ့ရသည္။

သို႔ေသာ္ ဒီတစ္ခါတြင္ေတာ့ သူ႕နားထဲ ဆူညံသံပင္ ပိုက်ယ္လာသလို။ ဘယ္ကေရာက္လာမွန္းမသိသည့္ သီခ်င္းညည္းသံသဲ့သဲ့ေၾကာင့္ သူ႕အေတြးတခ်ိဳ႕ပင္ ပ်က္စီးသြားရသည္။

အမႈႏွစ္မႈ ဆက္စပ္လိုက္ရသည့္အတြက္ မႈခင္းရဲတစ္ဦးခ်င္းစီ၏ တာဝန္က ပိုႀကီးလာသည္။ အမႈတစ္ခုခ်င္းစီကို စုံစမ္းရသလို အမႈႏွစ္မႈ၏ ဆက္သြယ္ခ်က္ကိုလဲ လိုက္ရွာရေသး၏။

" ဒီေန႕လည္ စစ္ေမးခံရမဲ့သူက ဘယ္သူလဲ"
ရွဲ႕လင္က လက္မဖယ္ေသးပဲ အသံတိုးတိုးႏွင့္ ေမးလိုက္သည္။

ေစာေစာက မတ္တပ္ရပ္၍ အမႈအေၾကာင္းရွင္းျပေနသည့္ တာဝန္ရွိ မႈခင္းရဲ၏အသံ ထြက္လာသည္။
" အႏုပညာေလာကအျပင္ဘက္က ယင္းဝမ္႐ူသူငယ္ခ်င္းပါ.. ယင္းဝမ္႐ူ ကိုယ္ဝန္ရွိေနတဲ့အေၾကာင္း သူတစ္ေယာက္ပဲ သိတာ... ၿပီးေတာ့ ေသဆုံးသူရဲ႕ အခန္းေဖာ္ကိုေရာ အေဒၚေတြကိုေရာ သူ သိ..."

" ရပါၿပီ..  အရင္ စစ္ၾကည့္ပါဦး"

"ဗ်ာ"
တာဝန္ရွိ မႈခင္းရဲ ေၾကာင္အသြားခဲ့သည္။
" ခင္ဗ်ားတို႔ေရာ မလိုက္ဘူးလား"

ရွဲ႕လင္ : "ကြၽန္ေတာ္လား.. ကြၽန္ေတာ္လဲ စစ္ေမးရမွာေပါ့"

သူႏွင့္စကားေျပာေနေသာ မႈခင္းရဲအရာရွိ ေၾကာင္အသြားရ၏။
" ဘယ္သူ႕ကို..."

သူက ဘယ္သူ႕ကို စစ္ေမးမွာတဲ့လဲ..

ၿပီးေတာ့ စစ္ေမးတယ္ဆိုတာမ်ိဳးက ႐ုံးခ်ဳပ္ပရဝု‌ဏ္ထဲမွာပဲ လုပ္သင့္တာမဟုတ္ဘူးလား...

ရွဲ႕လင္၏ လက္ေၾကာင့္ စိတ္မသက္မသာျဖစ္ကာ ထလာရသည့္ ခ်ီခ်င္းမွာေတာ့ ေက်ာင္းတြင္ စာတစ္လုံးမွ လိုက္နားမေထာင္ေသာ္လဲ ဆရာမေမးခြန္းမွန္သမွ် ေျဖနိုင္သည့္ ဂ်စ္ကန္ကန္ေက်ာင္းသားဆိုးေလးကဲ့သို႔ စကားလုံး ႏွစ္လုံးကိုသာ ေျပာလိုက္သည္။
" က်န္း ဖုန္း"

" က်န္းဖုန္းကို စစ္ေမးမယ္??"

ေသၿပီးသားလူကို သူက ဘယ္လိုလုပ္ သြားေမးမွာလဲ...

နာရီဝက္အၾကာတြင္ အေဆာက္အဦးတစ္ခု၏ ေခါင္မိုးထပ္တံခါးကို လက္အိတ္မည္းတစ္ဖက္က တြန္းဖြင့္လိုက္သည္ကို ေတြ႕ရေပလိမ့္မည္။

ထို႔‌အျပင္ ရွဲ႕လင္က‌ ေလွကားထပ္ ထိပ္ဆုံးတြင္ ရပ္ေနဆဲပင္။

ဓာတ္ေလွကားႏွင့္ဆိုလွ်င္ ေရွာ့ပင္းေမာလ္ အေပၚဆုံးထပ္အထိကိုသာ တက္နိုင္သည္။ ေခါင္မိုးထပ္ကို လူတိုင္းသြားလာနိုင္ေအာင္ ဖြင့္ထားျခင္းမရွိ။ ေခါင္မိုးထပ္သို႔ သြားခ်င္ပါက ေရွာ့ပင္းေမာလ္ အေပၚဆုံးထပ္မွေန၍ လမ္းတစ္လမ္းကို ေလွ်ာက္ကာ ေလွကားတစ္ခုကို တက္မွသာ ေရာက္နိုင္သည္။ လမ္းတစ္ဝက္တြင္ ရွဲ႕လင္ စကားမ်ားလြန္းေသာေၾကာင့္ ခ်ီခ်င္း ပစ္ထားခဲ့ျခင္း ျဖစ္ေလသည္။

" မင္း ကိုယ့္ကို တကယ္ မတြဲေပးေတာ့ဘူးလား"
အေနာက္မွ လိုက္လာသည့္ ရွဲ႕လင္က ေျပာလိုက္သည္။

" နံရံကို မွီရပ္ေန"

"..."

ေသဆုံးသူက စကားမေျပာနိုင္။

သို႔ေသာ္ ေသျခင္းတရားကေတာ့ သူတို႔ကို စကားေတြ အမ်ားႀကီး ေျပာျပလိမ့္မည္။

လူတစ္ေယာက္က သူႏွင့္ လုံးလုံးမသက္ဆိုင္သည့္ေနရာတစ္ခုတြင္ မေတာ္တဆ ျပဳတ္က်ျခင္း မျဖစ္နိုင္။

က်န္းဖုန္း ျပင္ဆင္ထားေသာ ထိတ္လန႔္အံ့ဩဖြယ္ရာ သတင္းထဲတြင္ ယင္းဝမ္႐ူကိုယ္ဝန္ဖ်က္ခ်သည့္ ကိစၥမွာ ေသးေသးေလးသာ ပါဝင္ေနသည္။ အကယ္၍ ထိုေန႕က ဒီေနရာကို ယင္းဝမ္႐ူေၾကာင့္ ေရာက္လာတာ မဟုတ္ဘူးဆိုပါက ဒီေလာက္ တိုက္အျမင့္ႀကီးေပၚက ဘာကိုမ်ား သူ ျမင္ခ်င္ခဲ့တာပါလိမ့္...

သူတို႔ႏွစ္ေယာက္လုံး ေခါင္မိုးထပ္တြင္ ရပ္ေနၾကသည္။ ေခါင္မိုးထပ္ လက္ရန္းမ်ားက ေသးငယ္ပါးလႊာသည့္အျပင္ တဟူးဟူးတိုက္ေနေသာေလေၾကာင့္ သူတို႔ကိုပင္ လြင့္ပ်ံသြားေစနိုင္မည္ဟု ထင္ရသည္။

ျမင့္မားလြန္းေသာ ေနရာေပၚရပ္ေနသည့္ လြတ္လပ္စြာ အလုပ္လုပ္နိုင္ေသာ လူတစ္ေယာက္တြင္ ၾကည့္စရာ အရာမ်ားစြာ ရွိ၏။ သူတို႔ေရွ႕တြင္ အထပ္ျမင့္တိုက္မ်ား လမ္းတစ္ေလွ်ာက္ ေဈးဆိုင္မ်ား ေျမာက္ျမားစြာ ရွိေနသည္။ ထိပ္ဆုံးထပ္မွ ၾကည့္မိေသာ္ လမ္းမေပၚတြင္ လူေပါင္းစုံ ‌ပ်ားပမ္းခတ္ေနသလို ဥဩသံမ်ား ဆူညံလ်က္ရွိသည္။

ထိုသူ ရိုက္ခ်င္ေနသည့္ ျမင္ကြင္းက ဘာကိုလဲ....

ခ်ီခ်င္းက ပတ္ဝန္းက်င္ကို တစ္ခ်က္ေဝ့ၾကည့္ၿပီးေနာက္ က်န္းဖုန္း ျပဳတ္က်သြားခဲ့သည့္ ေနရာကို တစ္ခ်က္ၾကည့္သည္။ ေသြးမ်ားကိုေတာ့ ေဆးပစ္လိုက္သည္ထင္သည္။ မရွိေတာ့။

ျပဳတ္က်တယ္....

" သူ ဘယ္ကေန ျပဳတ္က်သြားတာလဲ"
ခ်ီခ်င္းက ေကာက္ကာငင္ကာ စေျပာသည္။

ရွဲ႕လင္က သူ႕ေဘးမွ တစ္ေနရာကို ၫႊန္ျပသည္။ နဂိုေလ်ာ့ရဲေနေသာ လက္ရန္းကို ျပန္ျပင္ထားၿပီးၿပီ ျဖစ္၏။
" ဒီေနရာ‌ကေန‌ က်တာေလ... ဘယ္ဘက္ကေန ညာဘက္ သုံးလွမ္းအကြာ.. ေခါင္မိုးထပ္မွာ ေစာင့္ၾကည့္ကင္မရာေတြ မရွိဘူး... ဒါေပမဲ့ ဝန္ထမ္းေတြ ေျပာစကားအတိုင္းဆို လက္ရန္းေတြက အခုထိ..."

ရွဲ႕လင္စကားမဆုံးေသး ခ်ီခ်င္းတစ္ေယာက္ လက္ရန္းအဆုံးနားထိ ေလွ်ာက္သြားသည္ကို ေတြ႕လိုက္ရသည္။ လက္ညိုးႏွင့္ လက္မကို L ပုံသ႑ာန္လုပ္ကာ လက္ႏွစ္ဖက္လုံးကို ဆက္လိုက္ေတာ့ ဓာတ္ပုံေဘာင္ပုံစံေလး ျဖစ္သြားေလသည္။

ထို႔ေနာက္ ခ်ီခ်င္းက ကိုယ္အေပၚတစ္ပိုင္းကို လက္ရန္း‌အျပင္ထိ တြဲေလာင္းခ်လိဳက္သည္။

ထိုေန႕ကကဲ့သို႔ ေလ်ာ့တိေလ်ာ့ရဲ လက္ရန္းမ်ိဳးသာဆိုလွ်င္ ကိုင္တြယ္စရာတစ္ခုမွမရွိသည့္အေျခအေနတြင္ က်န္းဖုန္း ျပဳတ္က်သလို ျပဳတ္က်သြားေပလိမ့္မည္။

"မင္း.."

ရွဲ႕လင္ စိတ္ထဲမွ 'မင္း ေသခ်င္ေနတာလား' ဟု ေမးရန္ျပင္ေန၏။

သို႔ေသာ္ 'မင္း' ဟူေသာ စကားသံ ထြက္သြားသည့္အခ်ိန္တြင္ ခ်ီခ်င္း လုပ္ေနေသာအရာကို သူ သေဘာေပါက္သြားခဲ့သည္။

" ဒီလိုမ်ိဳး အတိအက် ႀကိဳးစားထားခဲ့ေပမဲ့လဲ  ၿပီးျပည့္စုံတဲ့ မေတာ္တဆမႈမ်ိဳးျဖစ္ဖို႔ ေဝးပါေသးတယ္"
ခ်ီခ်င္းက လက္ေခ်ာင္းေလးမ်ားႏွင့္ ဖန္တီးထားေသာ ကင္မရာေဘာင္ႏွင့္ ၾကည့္ေနသည္။
" လူသတ္သမားက သူ ဒီေလာက္အထိ ကိုယ့္ကိုကိုယ္ အႏၲရာယ္အျဖစ္ခံၿပီး ဓာတ္ပုံရိုက္လိမ့္မယ္လို႔ တပ္အပ္သိေနခဲ့တာလဲ"

" ဘာလို႔လဲဆိုေတာ့ သူ ဓာတ္ပုံရိုက္ခ်င္တာ အဲ့ဒီ့တစ္ေနရာထဲမွာပဲရွိလို႔ ျဖစ္မယ္"

ေခါင္မိုးစြန္းနား ရပ္ေန႐ုံႏွင့္ ဓာတ္ပုံရိုက္မရေသာ ေနရာ။

L လက္ေခ်ာင္းေလးႏွစ္ခု ‌ေပါင္းစပ္ထားေသာ ‌ကင္မရာေဘာင္အတြင္းမွ ခ်ီခ်င္း၏ ျမင္ကြင္းတို႔ တျဖည္းျဖည္း ေျပာင္းလဲလာသည္။ လူရႈပ္ေနသည့္ လမ္းမႀကီးမွ လမ္းသြယ္ေလးမ်ား တစ္ခုၿပီးတစ္ခု ဓာတ္ပုံေဘာင္ထဲ ဝင္လာလိုက္ ထြက္သြားလိုက္ႏွင့္။ ထို႔ေနာက္ ရွည္လ်ားလွေသာ လမ္းသြယ္ႀကီးတစ္ခု....

အ‌ဆိုပါ လမ္းမွာ လူရႈပ္ေနေသာ လမ္းမႀကီးႏွင့္ လားလားမွ် မဆိုင္ေလာက္ေအာင္ လူရွင္းေနသည္။ ဆိုင္အနည္းငယ္သာ ဖြင့္ထားကာ က်န္သည့္ဆိုင္အေတာ္မ်ားမ်ားက ဆိုင္ခန္းေရာင္းရန္ ဆိုင္းဘုတ္တင္ထားသည္။

လက္ရန္းျပန္ျပင္ထားသည္ဆိုေသာ္လဲ တစ္ကိုယ္လုံးနီးပါး အျပင္ထြက္ေနသည့္ ခ်ီခ်င္းအတြက္ အႏၲရာယ္မ်ားေနေသးသည္။ အျပင္ထြက္ခ်င္ေနေသးသည့္ ခ်ီခ်င္းကို ရွဲ႕လင္တစ္ေယာက္ ခဲရာခဲဆစ္ ျပန္ဆြဲေခၚရ‌၏။

ခ်ီခ်င္းက စကားစသည္။
" ကြၽန္ေတာ္ ေတြ႕ၿပီ"

ရွဲ႕လင္ : " ေနာက္တစ္ခါ တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ ကိုယ့္ကို ႀကိဳေျပာပါကြာ... ေစာေစာက ႏွလုံးရပ္သြားမတတ္ပဲ.. မင္းက ကိုယ့္ကို တမင္ကစားေနတာပဲ"

"..."

" ေျပာင္းျပန္စိတ္ပညာနဲ႕ မင္း လိုက္ကစားေနတယ္ဆိုရင္ေတာင္ မင္း လုပ္ရပ္မင္း ျပန္စဥ္းစားၾကည့္"
ရွဲ႕လင္က ခ်ီခ်င္းေတြ႕ခဲ့ရသည့္ အရာကို စိတ္မဝင္စား။
" တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ"

တစ္စုံတစ္ေယာက္က ခ်ီခ်င္းလုပ္ရပ္ကို အသိအမွတ္မျပဳသည္မွာ ပထမဆုံးျဖစ္‌၏။
" ကြၽန္ေတာ္ ဘာေတြ႕လဲဆိုတာကိုပဲ ေမးလို႔မရဘူးလား"

ရွဲ႕လင္လဲ စိတ္ျပန္ထိန္းလိုက္သည္။
" ေကာင္းၿပီ.. မင္း ဘာေတြ႕လိုက္လို႔လဲ"

ခ်ီခ်င္း : "ဆိုင္တစ္ဆိုင္"

‌ခက္ခက္ခဲခဲ တစ္ကိုယ္လုံးထြက္၍ ဓာတ္ပုံရိုက္မွ ရသည့္ ေနရာသည္ လမ္းသြယ္အဆုံးရွိ ဆိုင္တစ္ဆိုင္သာ ရွိေလသည္။

ဆိုင္အဝင္ဝတြင္ မွန္တံခါးေပၚ ေဆးနီႏွင့္ ေရးျခယ္ထားသည့္ သေကၤတတခ်ိဳ႕ရွိသည္။ ေႁမြမ်ား တြန႔္လိမ္ေနေသာ ပိုးေကာင္မ်ားႏွင့္ အလားသ႑ာန္တူကာ အေရာင္ေတာက္ပလ်က္ရွိ၏။ ဆိုင္အတြင္းပိုင္းကို အနီေတာက္ေတာက္မ်ားႏွင့္သာ ျပင္ဆင္ထားသည္။ အဆိုပါဆိုင္မွာ "ထိုက္ေကာ" ဟုေခၚသည့္ အေဆာင္လက္ဖြဲ႕ပစၥည္းဆိုင္ ျဖစ္ေလသည္။

......
End of part 68
Thank you all

Continue Reading

You'll Also Like

OBSESSED By thisbejaja

Mystery / Thriller

97.1K 4.1K 26
obsessed
81.8K 2.3K 11
"Ekka, don't you want to play with the other kids?" Jean asked as she entered the room where Ekka had been hiding away, only staring out a large wind...
48.4K 5.1K 24
I'm not own this! ! It's just translation! ! - - - - - - - - - - Title : End Of The World ( AOB ) Type : Web Novel ( CN ) Genre : Adult, Mature, Smut...
13.9K 735 6
"Let's date." "No." Or The five times Jay asks Jungwon on a date and the one time he doesn't.