အန္တရာယ်ရှိသော စရိုက် - ဘာသာပ...

By Autumn260103

134K 28.7K 2.6K

Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့်... More

Chapter 1 - စိတ်ဖတ်စွမ်းရည်
Chapter 2- Identity
Chapter 3 - ရောဂါအမည်သတ်မှတ်ခြင်း
Chapter 4- ကွက်လပ်
Chapter 5- ကြောင် အလောင်း
Chapter 6- ဓား
Chapter 7- သံသယ
Chapter 8- ထိပ်တိုက်တွေ့ခြင်း
Chapter 9- ပွဲသိမ်း
Chapter 10- Turning Point
Chapter 11- ကြိုးရာ
Chapter 12- အတည်ပြုခြင်း
Chapter 13- ကောင်လေး
Chapter 14- ငိုသံ
Chapter 15- အမှုဟောင်း
Chapter 16- အတိတ်
Chapter 17- Bar
Chapter 18- အရက်တစ်ခွက်
Chapter 19 - ထိန်းမရတော့ခြင်း
Chapter 20 - လူသတ်မှု
Chapter 21- မျက်နှာချင်းဆိုင်အခန်း
Chapter 22- Cover your ears
Chapter 23- ခြွင်းချက်
Chapter 24- အိပ်မပျော်ခြင်း
Chapter 25- Getting medicine
Chapter 26- အကြံပြုချက်
Chapter 27- လက်အိတ်
Chapter 28- ကုထုံး
Chapter 29- အမှုအကြံပေး
Chapter 30- သံသယတရားခံ
Chapter 31- အိမ်နီးချင်းများ
Chapter 32- ချောင်းကြည့်ခြင်း
Chapter 33- အိမ်ငှား
Chapter 34- လက်စွပ်
Chapter 35- လက်ထောက်အကြံပေး
Chapter 36- အသံ
Chapter 37- Recovery
Chapter 38- အတည်ပြုချက်
Chapter 39 - စုံစမ်းရေး
Chapter 40- တစ်ယောက်ထဲ နေဖြစ်သွားပြီ
Chapter 41- သတိပေးစကား
Chapter 42- Night Visit
Chapter 43- နှစ်ယောက်လုံးအား ရဲတိုင်ခြင်း
Chapter 44 - အထင်လွဲမှု
Chapter 45- အချိန်ကန့်သတ်ချက်
Chapter 46- ပွဲစား
Chapter 47- လူသတ်မှု
Chapter 48 - လူသတ်သမားကို အမဲလိုက်ခြင်း
Chapter 49 - အမှု ပြီးဆုံးခြင်း
Chapter 50- ချောကလက်
Chapter 51 - နောက်တစ်ကြိမ် ထိန်းချုပ်မရတော့ခြင်း
Chapter 52- Night Talk
Chapter 53- Dream Talk
Chapter 54- လမ်းကူးကြမယ်
Chapter 55- ရုပ်ရှင်ရုံ
Chapter 56- တိုက်ပေါ်မှ ပြုတ်ကျ
Chapter 57- ပါပါရာဇီ
Chapter 58- အရူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်
Chapter 59- အရူးလက်ထဲမှာ တစ်ခုခုရှိနေတာပဲ
Chapter 60- စိုးရိမ်မှု
Chapter 61- အန္တရာယ်ကြားထဲမှ
Chapter 62- မတော်တဆမှု
Chapter 63- Female Star
Chapter 64- လူနာ
Chapter 65- Photos
Chapter 66- မျက်နှာ
Chapter 68- ဓာတ်ပုံဘောင်
Chapter 69- အဆောင်လက်ဖွဲ့ဆိုင်
Chapter 70 - သန္ဓေသားလောင်းမွေးမြူခြင်း
Chapter 71- ယဇ်ပူဇော်သော (ကုမာန်ထုန်)
Chapter 72- အလှည့်အပြောင်း
Chapter 73- နားဆွဲလေးတစ်ဖက်
Chapter 74- ရုပ်ရည်
Chapter 75- နှလုံးခုန်သံ
Chapter 76- လက်တွဲဖော်
Chapter 77- သူ ကြားလိုက်တယ်
Chapter 78- အတည်ပြုချက်
Chapter 79 - ကြောင်လေးတစ်ကောင် အိမ်ပေါ်ရောက်လာတယ်
Chapter 80- ချဉ်းကပ်ခြင်း
Chapter 81- သွေးဆောင်ဖျားယောင်းမြှူဆွယ်ခြင်း
Chapter 82- နားကပ်
Chapter 83- လက်မြှောက်အရှုံးပေးလိုက်ပြီ
Chapter 84 - ဖွင့်ဟဝန်ခံခြင်း
Chapter 85- ကိုယ့်ကို စမ်းချစ်ကြည့်လေ
Chapter 86- A Hug
Chapter 87- ချိန်းတွေ့ခြင်း အနုပညာ
Chapter 88- လျှို့ဝှက်အခန်း
Chapter 89 - နှစ်သိမ့်ပေး
Chapter 90- လူသိရှင်ကြား
Chapter 91- သူတို့နှစ်‌ယောက် ဆက်ဆံရေး
Chapter 92- ‌တောင်းဆိုမှု
Chapter 93 - လေတံခွန်
Chapter 94- ကျောင်းသားလေးများ
Chapter 95- ရမှတ်
Chapter 96- စိတ်ခံစားချက်

Chapter 67- သန္ဓေသား

1.1K 283 35
By Autumn260103

Unicode

(Not safe for work .. Abortion content)

သီးသန့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ သန့်စင်ခန်းထဲ သွားအန်၍ ပြန်ရောက်လာသော ဝူကျိမှလွံ၍ ကျန်သုံးယောက်မှာ ‌ခေါင်းချင်းဆိုင်၍ ကြောင်အနေကြ၏။

ဝူကျီပင်း : " လူသတ်သမားက ဘာလို့ မျက်နှာကို ဆွဲခွာသွားတာလဲ"

ရှဲ့လင် : " အတိအကျ ပြောလို့မရဘူးဗျ.. ဖြစ်နိုင်ချေတွေ အများကြီးရှိတယ်.. သေဆုံးသူရဲ့အကြောင်းကို လူမသိစေချင်လို့လဲ ဖြစ်နိုင်တယ်.. တခြားဖြစ်နိုင်တာတွေလဲ ရှိသေးတယ်... ဥပမာ လူသတ်သမားအများစုက သူတို့အမှုတွေမှာ 'ဆုတံဆိပ်‌' တွေ စုဆောင်းတတ်ကြတယ်.. ဆုတံဆိပ်အများစုက အလောင်းကောင်တွေထဲက လာကြတာ.. ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုပေါ့"

ချီချင်းက စားပွဲပေါ်တင်ထားသော အရံဟင်းပွဲကို တူနှင့်ထောက်ရင်း ပြောလိုက်သည်။
" ဒီဝက်အူချောင်းလိုပေါ့.. အခြောက်လှမ်းပြီး မျက်နှာအခွံကို အလှချိတ်ထားလို့ ရတယ်လေ"

ဝူကျိ : "..."

ဝူကျိတစ်ယောက် တိတ်တဆိတ် ပြန်ထွက်သွားရန် စဉ်းစားနေသည်။ ထို့ကြောင့် တံခါးအပြင်ကို ခြေဦးတည်ကာ ပြန်ပြောလိုက်၏။
" ဟို.. ဟို.. ကျွန်တော် သန့်စင်ခန်း သွားမလို့.. မဟုတ်ဘူး... ကျွန်တော် ခုနက သန့်စင်ခန်းသွားနေတုန်း သူငယ်ချင်းတစ်ယောက် လှမ်းခေါ်လို့ .. အဲ့ဒါ သူ စောင့်နေတာမို့လို့ သွားတော့မယ်နော်"

ရှဲ့လင်က ထမင်းဖိတ်ကျွေးသူပီသစွာ လက်ရမ်း၍ လှမ်းခေါ်သည်။
" ဗိုက်ပြည့်လို့လား.. ဝက်အူချောင်းနည်းနည်းလောက် ထပ်စားဦးလေ"

ဝူကျိ : " ဝေါ့.. ပြည့်.. ပြည့်ပြီ.. လျှံတောင်ကျတော့မယ်"

ဝူကျိ ထွက်သွားပြီးတော့မှ ဝူကျီပင်းက စကားစသည်။
" အဲ့ဒီ့တော့ ကြည့်ရတာ ယင်းဝမ်ရူလုပ်တာ မဖြစ်နိုင်တော့ဘူး"

ယင်းဝမ်ရူကို အသေးစိတ် စစ်ဆေးခဲ့ကြပြီးဖြစ်၏။ သူမကဲ့သို့ နာမည်ကျော်ကြယ်ပွင့်တစ်ယောက်မှာ လူမြင်ကွင်းတွင် ရှိနေသည်က ပိုများသည်။ ထို့အပြင် အမှုဖြစ်သည့်နေ့က တကယ်ပင် မြို့ထဲတွင် ရှိမနေခဲ့။ ကီလိုမီတာထောင်ပေါင်းများစွာတွင်ရှိသော ‌နေရာတွင် ရောက်နေခဲ့သည်။ လင်းအန်မြို့တွင် ပြုလုပ်သည့် ပရဟိတပွဲတစ်ပွဲတွင် သူမရောက်နေကြောင်း ဗီဒီယိုသက်သေ ဓာတ်ပုံသက်သေမြောက်မြားစွာ ရှိနေသည်။

ကီလိုမီတာတစ်ထောင်ကျော်လောက်ကို အသွားအပြန်လုပ်၍ လူသတ်မှုကျူးလွန်လောက်ရအောင် သူမတွင် စူပါပါဝါ ရှိမနေနိုင်။

ထို့အပြင် သူမနှင့် တွဲနေသည့် ပါတနာကို သတ်ရလောက်သည့် အကြောင်းရင်းမရှိ။ ထိုကိစ္စက ခွင့်ပြုချက်မရှိပဲ ကိုယ်ဝန်ဖျက်ချသည်ထက် ပို၍ အမှုကြီးသော ပြဿနာဖြစ်၏။

ရှဲ့လင် : " လော့ယွီရဲ့ အကြောင်းကိုရော စုံစမ်းပြီးပြီလား"

ဝူကျီပင်း : " ယင်းဝမ်ရူပြောပြီးထဲက ငါတို့ သူ့အကြောင်း စုံစမ်းပြီးပြီ.. သူက ယင်းဝမ်ရူထက် ခြောက်နှစ်ငယ်တယ်.. ကုမ္ပဏီကို စဝင်တာ နှစ်နှစ်တောင် မပြည့်သေးဘူး.. ရုပ်လေးချောလို့ ယင်းဝမ်ရူကိုယ်တိုင် စပြီး တွဲဖို့ ကမ်းလှမ်းခဲ့တာ.. သူတို့နှစ်ယောက်လုံး တိတ်တိတ်လေး တွဲခဲ့ကြတယ်... ကုမ္ပဏီကလဲ လော့ယွီကို အိုင်ဒေါအဖြစ် ပွဲဦးထွက်ဖို့ စီစဉ်ခဲ့ပြီးသား.. ဒါပေမဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်"

မျက်နှာအရေခွံဆုတ်ခံလိုက်ရသည်ကို ပြန်တွေးကြည့်ရင်း ရှဲ့လင်အတွက် ကြိုးစတစ်ခု လှမ်းဆုတ်မိသွားသလိုပင်။
" ရုပ်ချောတယ်???"

ဝူကျီပင်းလဲ စောစောကမှ ရထားသည့် လော့ယွီ၏ ဓာတ်ပုံကို ပြသည်။

ပုံထဲမှလူမှာ တော်တော်လေးချောသည်။ တကယ်တော့ လူလို့ပြောရမည်ထက် ကောင်လေးဟု ပြောသည်က ပိုမှန်လိမ့်မည်။ ထိုကောင်လေးမှာ ဆယ်ကျော်သက်တွင်းသာ ရှိသေး၍ မျက်ခုံးကောင်းကောင်းနှင့် ချောမော သွက်လက်ပုံရသည်။ ကျောင်းတက်နေသည့်အချိန်ဆို တစ်ကျောင်းလုံးတွင် နာမည်ကြီးသော ကျောင်းသားလေးတစ်ယောက် ဖြစ်လောက်သည်။

"မဆိုးပါဘူး"
ရှဲ့လင်က ပြောလိုက်သည်။

ဝူကျီပင်းအမြင်တွင် ‌ထိုကျောင်းသားလေးကို အတော်လေးချောသည်ဟု ယူဆထား၏။
" ဒီလောက်ချောတာကို မဆိုးပါဘူးလို့ ပြောလို့ရလို့လား"

ရှဲ့လင် : "အဲ့ဒါ သူ့အပြစ်တွေလေ"

ရှဲ့လင်က ချီချင်းကို လက်ညိုးထိုးနေသည်။

ချီချင်းကတော့ လက်ထဲမှ ဇွန်းချကာ ဓာတ်ပုံများကို ကြည့်ရင်း 'ငါနဲ့ ဘာဆိုင်လို့လဲ' ဟူသော အကြည့်နှင့် ခပ်စောင်းစောင်း ကြည့်သည်။

" ကျွန်တော့်လက်ထောက်ရဲ့မျက်နှာကို နေ့တိုင်း မြင်နေရတာက"
ရှဲ့လင်က ဆက်ပြောသည်။
" ကျွန်တော့်ရဲ့ အလှအပတိုင်းတာတဲ့ စံနှုန်းကို မြှင့်လိုက်တာလေ.. အဲ့ဒီ့ကျောင်းသားလေးကို ကြည့်ကောင်းတယ်လို့တောင် မမြင်တော့တာ"

ဝူကျီပင်း : "..."

လော့ယွီ၏အလောင်းပေါ်လာပြီးနောက် ကျန်းဖုန်း၏ သေဆုံးမှုက ပို၍ရှုပ်ထွေးလာခဲ့သည်။ တိတ်တဆိတ် ကိုယ်ဝန်ဖျက်ချသော အမျိုးသမီး အနုပညာရှင် .. အရှင်လတ်လတ် အရေခွံအဆုတ်ခံထားရသော မျက်နှာ... SD ကတ်... တိုက်ပေါ်မှ ရုတ်တရက် ပြုတ်ကျသေဆုံးသွားသော ပါပါရာဇီ... အဆိုပါအဓိကသော့ချက်များကြားတွင် ဘယ်လိုဆက်သွယ်မှုမျိုး ရှိနေနိုင်သည်လဲ...

နောက်ဆုံးတော့ ရှဲ့လင်ထံမှ စကားသံ ထွက်လာခဲ့သည်။
" ကြည့်ရတာ အဖြေတွေအကုန်လုံးက ပျောက်သွားတဲ့လူရဲ့ မျက်နှာမှာ ရှိနေနိုင်တယ်"

ဒါပေမဲ့ အဲ့ဒီ့မျက်နှာကို ဘယ်မှာသွားရှာရမှာလဲ...

" လက်ရှိတော့ လော့ယွီနဲ့ ယင်းဝမ်ရူပတ်ဝန်းကျင်က လူတွေကိုပဲ ရှာရမှာ"
ရှဲ့လင်က ဆက်ပြောနေသည်။
" ပြီးတော့ ဟိုဆရာဝန်... သူနဲ့ စကားအများကြီး မပြောခဲ့ရဘူး.. ကြားထဲမှာ လွတ်နေတဲ့အကြောင်းအရာတွေ အများကြီးရှိနေမှာ"

ဆရာဝန်ဆိုသူကလဲ တုံးတုံးအအတော့မဟုတ်။ ယင်းဝမ်ရူ၏ ပြဿနာကို ဖော်ထုတ်ရဲမှတော့ သူကိုယ်တိုင် လွတ်မြောက်ရန် ပြင်ဆင်ထား၏။ ပြည်တွင်းဆေးရုံတွင် နှစ်ရှည်လများ လုပ်ခဲ့ရသည့်အတွက် တိုးတက်မှုမရှိဟူသော အကြောင်းပြချက်နှင့် နိုင်ငံခြားထွက်ရန် ပြင်ဆင်ထားခဲ့ပြီးသားဖြစ်သည်။ ရှဲ့လင် ထွက်သွားပြီးပြီးချင်း လေယာဉ်လက်မှတ်ဖြတ်ကာ ပစ္စည်းများ စတင်ထုပ်ပိုးတော့သည်။ သို့သော် နိုင်ငံတကာလေဆိပ်တွင် ရဲများက သတိထားမိကာ အဖမ်းခံလိုက်ရလေ၏။

ဝူကျီပင်းကိုယ်တိုင် ဦးဆောင်ကာ လေဆိပ်သို့ တုတ်ကောက်တစ်ချောင်းနှင့် ရောက်ချလာသည်။ အတော်လျှင်မြန်သော အရှိန်ကြောင့် ဆေးပညာနှင့်ပင် မတွက်ဆနိုင်အောင် ထူးဆန်းနေ၏။

ရုံးချုပ်၏ အမှုအကြံပေးတစ်ယောက်‌ ခြေထောက်ကျိုးနေသည်ကို ထောက်ချင့်၍ ဝူကျီပင်းက နားလည်စွာနှင့် စာသာပို့လိုက်သည်။

... လူကို ဖမ်းမိထားပြီ.. စစ်မေးတဲ့ ဗီဒီယို မင်းကို ပို့လိုက်မယ်.. ခြေထောက် အဆင်မပြေဘူးဆိုရင် ရုံးပြန်မလာလဲ ရတယ်...

ရှဲ့လင် : " ခင်ဗျားက ကျွန်တော့်ကို လာလှောင်နေသေးတယ်"

ဝူကျီပင်း : " ငါ့ကို မင်းနဲ့ လာမယှဉ်နဲ့ကွ.. ငါ့ခြေထောက်က သိပ်မကောင်းဘူးဆိုပေမဲ့ မင်းလို တနေကုန် တနေခမ်း လက်ထောက်နားမှာ ကပ်နေတာမဟုတ်ဘူး..  ရှက်စရာကြီး "

ရှဲ့လင်ကတော့ မရှက်သည့်အပြင် ဝူကျီပင်းကိုတောင် သနားနေလိုက်သေးသည်။

အရင်ရက်များကထက် သူ တော်တော်လေး သက်သာလာပြီဖြစ်သည်။ ကျောက်ပတ်တီး စည်းထားသော်လဲ ဖြည်းဖြည်းချင်း လမ်းလျှောက်နိုင်နေပြီ။ ရေမိုးချိုးပြီး၍ စာကြည့်စားပွဲတွင် လက်ထဲ ဘောပင်လှည့်ကာ ဆော့ပြီးနောက် ဝူကျီပင်းကို စာပြန်သည်။
" ခင်ဗျားကြောင့် ကျွန်တော် သတိရသွားပြီ"

ဝူကျီပင်း : " ဘာကို သတိရတာလဲ"

... ရုံးချုပ်ပြန်သွားရန် အကြောင်းပြချက် ရှာမရသောကြောင့် သူ့လက်ထောက်ကို တွယ်ကပ်နေရန် အကြောင်းမရှိ..

ရှဲ့လင်က ပြန်တော့ မဖြေ။ စာပြန်ရိုက်သည်။
" ရပါတယ်..  ဗီဒီယို ရောက်ပြီ.. ကျွန်တော် ပြန်ပြောမယ်"

ရှဲ့လင်က ကွန်ပျူတာဖန်သားပြင်တွင် ဗီဒီယိုဖိုင် ဖွင့်လိုက်သည်။

ညနက်နေပြီဖြစ်သည့်အပြင် ပြတင်းပေါက်အပြင်မှ သစ်ပင်တို့က လေတိုက်ခတ်မှုကြောင့် ယိမ်းယိုင်နေကြ၏။ ချီချင်း အိပ်ပျော်နေပြီလား သူ မသိ။ ထို့ကြောင့် ဝူကျီပင်းနှင့် စကားပြောနေရာမှ ထွက်ကာ ချီချင်းကို စကားပြောရန် နှိပ်လိုက်သည်။ ချီချင်း၏ ပရိုဖိုင်ဓာတ်ပုံမှာ သူ့မျက်ဝန်းများကဲ့သို့ မည်းနက်နေ၏။ ဘာကိုမှ သေချာမမြင်ရ။ အကျယ်ချဲ့ကြည့်လိုက်သည့်အခါမှ မိုးရွာနေသည့် မြင်ကွင်းကို ဝေဝေဝါးဝါး မြင်ရလေသည်။

ဓာတ်ပုံရှုထောင့်က အိမ်အတွင်းထဲမှ အိမ်အပြင်ကို လှမ်းရိုက်ထားပုံရသည်။ သို့သော် အိမ်ထဲတွင် မီးမဖွင့်ထားသောကြောင့် မိုးရေတို့ ဝေဝါးနေရခြင်း ဖြစ်လေသည်။

ရှဲ့လင်တစ်ယောက် ချီချင်းကို ဘယ်လိုခေါ်ရင်ကောင်းမလဲ ဆင်ခြေ စဉ်းစားနေ၏။

နောက်ဆုံးတော့ ကွန်ပျူတာဘေးတွင် တင်ထားသော အသံချဲ့စက် အသေးလေးကို ကြည့်နေသည်။ ထို့နောက် လက်ထဲမှ ဘောပင်ကိုချ၍ အသံချဲ့စက်လေးကို အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေ၏။

ချီချင်း၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မှု အပြည့်အဝ ‌ရနေသည့်အောက်တွင် အချိန်မှန်သာ တုံ့ပြန်သည်။ မျက်လုံးမှိတ်ရင်း အိပ်ပျော်လုဆဲဆဲတွင် "တင်း" ဆိုသော အသံကြောင့် တိတ်ဆိတ်နေသည့် အခန်းထဲ ကျယ်လောင်စွာ ကြားလိုက်ရလေသည်။

"..."

ချီချင်း မျက်လုံးပြန်ဖွင့်ရင်း တစ်ဖက်လူတွင် အကြောင်းမရှိပဲ စာမပို့ရန်သာ မျှော်လင့်နေသည်။

ရှဲ့လင် : အိပ်နေပြီလား..

ရှဲ့လင် : ကိုယ် ကြည့်ရမဲ့ ဗီဒီယိုလေးတစ်ခုရှိလို့.. ဒါပေမဲ့ ကွန်ပျူတာ အသံချဲ့စက်ကို ဗီရိုအပေါ်ဆုံးထပ်မှာ တင်ထားမိတယ်.. အဲ့ဒါ ယူဖို့ အဆင်မပြေလို့လေ...

ချီချင်း စာပြန်ရန် ကြိုးစားလိုက်သည်။ သို့သော် ရှဲ့လင်ပို့ထားသော စာကြောင်းကို သေသေချာချာ စိုက်ကြည့်ပြီးနောက် "ကိုယ့်ဟာကိုယ် ယူပါလား" ဟု ရိုက်ထားသော စာကြောင်းကို ပြန်ဖျက်ကာ မျက်နှာသေနှင့် အိပ်ရာထဲမှ ထလာသည်။

ရှဲ့လင်တွင် "လုပ်စရာရှိသည်" နှင့် "လုပ်စရာမရှိဘူး" ဆိုသော စကားလုံးကြားတွင်သာ ရှိနေသည့်အတွက် သူ့ကို အပြစ်ပြောချင်ရင်တောင် ပြောစရာ စကားလုံး ရှာတွေ့နိုင်မည်မဟုတ်။

နောက်ဆုံးတွင်တော့ ချီချင်း ဤကဲ့သို့သာ စာပြန်သည်။

ချီချင်း : တစ်ဖက်လူအတွက် ဘယ်လောက်အထိ အဆင်မပြေဖြစ်မလဲဆိုတာ ခင်ဗျား မစဉ်းစားမိဘူးလား...

ရှဲ့လင်ဘက်မှ ချက်ချင်း စာပြန်လာသည်။

ရှဲ့လင် : "တစ်ဖက်လူ???"

ရှဲ့လင် : "မင်းနဲ့ ကိုယ်က သူစိမ်းတွေမှ မဟုတ်တဲ့ဟာ"

ချီချင်း : "..."

ထားလိုက်ပါတော့လေ...

ရှဲ့လင် အိမ်ရှေ့ရောက်တော့ ထုံးစံအတိုင်း တံခါးခေါက်သည်။ ထို့နောက် လျှို့ဝှက်နံပါတ်နှိပ်၍ အထဲဝင်လိုက်သည်။ အိမ်ထဲရောက်ပြီးနောက် စာအုပ်စင်ပေါ် ရှိနေသော အသံချဲ့စက်ကို တစ်ချက်ကြည့်ကာ ခြေလှမ်းများ ရပ်တန့်သွား၏။ ထို့နောက် ရုတ်တရက် စကားစသည်။
" ခင်ဗျား ကျွန်တော့်ကို အရူးတစ်ယောက်လို ဆက်ဆံနေတာလား "

ရှဲ့လင်၏ စာကြည့်ခန်းထဲတွင် အတန်းရှစ်တန်းပါသော စာအုပ်စင်အကြီးကြီးတစ်ခုရှိသည်။ မျက်စိကျိန်းလောက်အောင် စာအုပ်များအားလုံးကို သေသေချာချာ စီထားသည်။ ပုံနှိပ်စာအုပ်များ ရှိသလို စီးပွားရေးနှင့်ပတ်သက်သော စာအုပ်များမှသည် ဘဏ္ဍာရေးဆိုင်ရာ စာအုပ်များအဆုံး မျိုးစုံအောင် ရှိနေသည်။ ဒဿနဗေဒသမိုင်းဟုဆိုရမည့် စာအုပ်များလဲ ရှိနေရာ စာအုပ်စင်ပိုင်ရှင်က စာဖတ်နာသူတစ်ဦးဖြစ်မည်ကို အသေအချာ ခန့်မှန်းနိုင်သည်။ သို့သော် ချီချင်းကြည့်နေသည်က စာအုပ်များမဟုတ်။ လွန်ခဲ့သော နှစ်ရက်က ရှဲ့လင် လက်လှမ်းမမှီ၍ သူ့ကို စာအုပ် ယူခိုင်းခဲ့စဉ် အသံချဲ့စက် စာအုပ်စင်ပေါ် မရှိသည်ကို သူ ကောင်းကောင်းကြီး မှတ်မိသည်။

ဆင်ခြေများကိုသာ အဓိကထား၍ စဉ်းစားနေသော ရှဲ့လင်က ချီချင်း၏ ကင်မရာနှင့်တူသော မှတ်ဉာဏ်ကို မေ့လျော့သွားခဲ့ခြင်း။
" ကိုယ်.. ကိုယ် ရှင်းပြနိုင်ပါတယ်"

ချီချင်းက စာအုပ်စင်ပေါ်မှ အသံချဲ့စက်ကို လှမ်းယူကာ စားပွဲပေါ် တင်ပေးရင်းမှ ပြန်ပြောလိုက်သည်။
" ဘာလဲ ဒီဟာက ခြေထောက်ပေါက်ပြီး သူ့ဟာသူ စာအုပ်စင်ပေါ် တက်သွားတယ်လို့ ပြောမလို့လား"

"..."

ရှဲ့လင်မှာ ဒီလိုဉာဏ်နည်းသည့် လုပ်ရပ်မျိုး လုပ်မည့်သူမဟုတ်။ သို့သော် ဒီနေ့တော့ သူ့ကို သရဲဝင်ပူးနေသည့်အလား စကားတစ်ခွန်းပင် မစဉ်းစားတတ်တော့။
" အန်တီ.. နေ့ခင်းက အန်တီ သန့်ရှင်းရေး လာလုပ်သွားလို့"

"အာ..."
ချီချင်းက ဆက်ပြောသည်။
" အန်တီက ကွန်ပျူတာဘေးမှာ တင်ထားတဲ့ အသံချဲ့စက်ကို စာအုပ်စင်ပေါ်အထိ တကူးတက တင်သွားတယ်ပေါ့"

ချီချင်း အလင်းရောင်မကြိုက်သည့်အတွက် ရှဲ့လင်က တစ်ခန်းလုံးကို အမှောင်ချကာ စားပွဲပေါ်တွင် မီးအိမ်ဝါလေးတစ်လုံးသာ မှိန်မှိန်ထွန်းထား၏။ မီးရောင်ကို ကျောပေးထားသည့်အတွက် သူ့မျက်နှာကို အရိပ်ကျကာ သေချာမမြင်နိုင်။ ရှဲ့လင်က တုန်လှုပ်စွာနှင့် လက်သူကြွယ်မှ လက်စွပ်ပါးလေးကို လက်ချောင်းလေးနှင့် ဖိထား၏။
" အဲ့ဒါက ခြေထောက်ပေါက်လာတာလဲ မဟုတ်ပါဘူး... ဘယ်အန်တီမှလဲ မလာသွားဘူး.. ကိုယ် .. ဒီအတိုင်း မင်းကို ရောက်လာစေချင်လို့ပါ"

ချက်ချင်း အခန်းထဲမှ လေထုကြီး ထူးဆန်းလာခဲ့သည်။

ဘာလို့ထူးဆန်းနေလဲ ချီချင်း မဖြေတတ်။ သူ့စိတ်ထဲ ပြောစရာ စကားလုံးတွေ အများကြီးရှိနေပေမဲ့ အခုတော့ စကားတစ်ခွန်းမှ မထွက်။

ထို့အပြင် ရှဲ့လင်နှင့် မျက်လုံးချင်းပင် မဆုံရဲတော့။

သို့သော် ထူးဆန်းနေသည့် လေထုက မိနစ်ဝက်ပင်မကြာ။ ရှဲ့လင်က တည်ငြိမ်စွာနှင့်ပင် အဆင်မပြေပုံရသော ချီချင်းကို ကယ်တင်လိုက်သည်။ ကွန်ပျူတာနှင့် အသံချဲ့စက်ကို ဆက်ကာ space bar ကို ခပ်ကြမ်းကြမ်း ရိုက်လိုက်သည့်အတွက် ရပ်ထားသော ဗီဒီယိုမှ အသံကျယ်ကျယ် ထွက်ပေါ်လာ၏။

" ကိုယ် မင်းကို အချိန်ပို ဆင်းခိုင်းမလို့လေ"
ရှဲ့လင်တစ်ယောက် ဆက်ပြောနေသည်။
" အမှုစစ် ဗီဒီယို ကြည့်ရအောင်"

"..."

စာကြည့်ခန်းထဲမှ ဆိုဖာမှာ ဧည့်ခန်းထဲကလောက် မကျယ်ပေမဲ့ လူနှစ်ယောက် ထိုင်‌နိုင်သည့် အကျယ်အဝန်းရှိသည်။

ထို့နောက် မှိန်ပျပျ အလင်းရောင်က သူတို့နှစ်ယောက်လုံးပေါ် ကျလာသည်။

ဖန်သားပြင်ပေါ်တွင် ဆရာဝန်က ယင်းဝမ်ရူအပေါ် လုပ်ခဲ့သည့် ခွဲစိတ်မှုအကြောင်း ရှင်းပြနေသည်။
" သူ ရောက်လာတော့ ‌ကိုယ်ဝန်ခြောက်ပတ် ရှိနေပြီ... ပိန်တဲ့လူမို့လို့သာ ဗိုက်က သိပ်မသိသာတာ... ခြောက်ပတ်ဆိုတာက ကိုယ်ဝန်ဖျက်ချဖို့ အကောင်းဆုံးအချိန်လေ.. သူကိုယ်တိုင်လဲ ဆုံးဖြတ်ပြီးပြီဆိုတော့ ဘာမှ မဖြစ်အောင် စောစောလုပ်ကြဖို့..."

"... ခွဲစိတ်မှုက တော်တော်လေး အောင်မြင်ခဲ့တယ်"

" ဖျက်ချလိုက်တဲ့ကလေးကိုရော.. ခင်ဗျားတို့ ဘယ်လိုစီစဉ်ကြလဲ"

" ပုံမှန်ဆိုရင်တော့ အဲ့ဒါကို မီးသင်္ဂြိုဟ်ဖို့ ဆေးရုံကပဲ တာဝန်ယူတာပါ... ဒါပေမဲ့ ဒီခွဲစိတ်မှုက ဆေးရုံရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းမှ မဟုတ်တာ.. အဲ့ဒီ့တော့ မိန်းကလေး ယင်း က ကျွန်တော့်ကိုပဲ စီစဉ်ဖို့ ပြောခဲ့တာ"

" အဲ့ဒါနဲ့ ပလတ်စတစ်အိတ်ထဲ ထည့်ပြီး တစ်နေရာမှာ သွားမြှုပ်လိုက်တယ်"

" ဘယ်မှာ မြှုပ်ထားလဲ"

" ဟို... ဆေးရုံအနောက်က သစ်တောအုပ်လေးထဲမှာပါ..."

" ဒါပေမဲ့ ခင်ဗျားပြောတဲ့နေရာမှာ ဘာမှမတွေ့ခဲ့ဘူး"

ရိုက်ကူးရေး၏ အရည်အသွေးက သိပ်မကောင်းသည့်အပြင် အကွာအဝေးက အတော်လေး ဝေးသည့်အတွက် ချီချင်း မျက်လုံးကျုံ့ကြည့်ပါမှ ဆရာဝန်၏ မျက်နှာကို ခပ်ရေးရေး မြင်နိုင်သည်။

ဆရာဝန်က သူ့စကားကို မယုံမည်စိုး၍ အသည်းအသန် ‌စပြောသည်။
" တကယ်ပါဗျာ.. ကျွန်တော် ခင်ဗျားတို့ကို မလိမ်ပါဘူး.. လွန်ခဲ့တဲ့ရက်က မိုးအသည်းအသန် ရွာခဲ့တယ်လေ.. လမ်းဘေးကြောင်လေး ခွေးလေးတွေ တူးလိုက်တာ ဖြစ်မှာပါ"

" အဲ့နား ပြန်ရစ်ကြည့်"

ချီချင်းစကားကြောင့် အကြံတူနေသော ရှဲ့လင်သည်လဲ ထိုအတိုင်း လုပ်လိုက်သည်။

.... ခင်ဗျားပြောတဲ့နေရာမှာ ဘာမှမတွေ့ခဲ့ရဘူး...

.... လွန်ခဲ့တဲ့ရက်က မိုးအသည်းအသန် ရွာတယ်လေ... လမ်းဘေးကြောင်လေး ခွေးလေးတွေ တူးလိုက်တာ ဖြစ်မှာပါ....

" မိုးရွာလို့..."
ရှဲ့လင်က ဖြည်းညင်းစွာ ဆက်ပြောနေသည်။
" ခွေးလေး ကြောင်လေးတွေ တူးခဲ့တယ်ဆိုရင်...."

ချီချင်းက စကားဆက်ပေးလိုက်သည်။
" ရှာရတာ ပိုလွယ်မှာပေါ့"

တချို့သော အချိန်များတွင် မိုးရွာခြင်းက လူသတ်သမားတို့၏ အမူအကျင့်ကို ဖော်ထုတ်ပေးနိုင်သော ကြားခံနယ်တစ်ခု ဖြစ်လာသည်။ အလောင်းများကို မြေမြှုပ်သော အမှုများတွင် သည်းထန်စွာ ရွာသော မိုးကြောင့်သာ အလောင်းကို ပြန်မြင်နိုင်ရခြင်း ဖြစ်သည်။ ထို့ကြောင့် တိုတောင်းလှသော အချိန်ပိုင်းအတွင်း ထိုဆရာဝန်ပြောသည့် ဖြစ်နိုင်ချေနှစ်ခုလုံး တကယ်ဖြစ်ခဲ့သည့်ဆိုပါက အလောင်းရှာမ‌‌တွေ့နိုင်စရာ အကြောင်းမရှိ။ သွေးများပေပွနေသည့် ပလတ်စတစ်အိတ်အဟောင်းက ပို၍ပင် ရှာရလွယ်နိုင်သေးသည်။

........
End of part 67
Thank you all

( ဒီမှာ ဗဟုသုတလေး‌ရအောင် ပြောချင်တာက ၆ ပတ် သန္ဓေသားလောင်းက ပဲစေ့လောက်လေးပဲ ရှိပါတယ် သွေးတွေပေပွနေတယ်ဆိုတာက အချင်းတို့ဘာတို့ကိုပါ တစ်ခါထဲ မြှုပ်ထားတာ ဖြစ်နိုင်ပါတယ်

ပြီးတော့ မြန်မာနိုင်ငံမှာတော့ တရားဝင် ကိုယ်ဝန်ဖျက်ချတဲ့ ဥပဒေမရှိဘူးပေါ့နော် ဒါပေမဲ့ တချို့နိုင်ငံတွေမှာ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ရှိပါတယ် ကိုယ်ဝန်ခြောက်လ (၂၄ပတ်) က တရားဝင် နောက်ဆုံး ဖျက်ချနိုင်တဲ့ အချိန်ပါ.. ချွင်းချက်တချို့ ရှိတာက ကလေးမှာ ရောဂါတချို့ပါလာနိုင်တယ်လို့ သံသယရှိတယ်ဆိုရင်တော့ ဖျက်ချနိုင်ပါတယ်.. ဒါပေမဲ့ ကလေးဖျက်ချတာက အန္တရာယ်အရမ်းများတာမို့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ပဲ လုပ်သင့်တာပါ  ကလေးမလိုချင်ရင် အကောင်းဆုံးကတော့ အကာအကွယ် သုံးတာပေါ့နော် ဒါက ဗဟုသုတ အဖြစ် ပညာပေးလေးတဖြတ် )

...........

End of part 67
Thank you all

Zawgyi

(Not safe for work .. Abortion content)

သီးသန႔္ခန္းတစ္ခုလုံး တိတ္ဆိတ္သြားခဲ့သည္။ သန႔္စင္ခန္းထဲ သြားအန္၍ ျပန္ေရာက္လာေသာ ဝူက်ိမွလြံ၍ က်န္သုံးေယာက္မွာ ‌ေခါင္းခ်င္းဆိုင္၍ ေၾကာင္အေနၾက၏။

ဝူက်ီပင္း : " လူသတ္သမားက ဘာလို႔ မ်က္ႏွာကို ဆြဲခြာသြားတာလဲ"

ရွဲ႕လင္ : " အတိအက် ေျပာလို႔မရဘူးဗ်.. ျဖစ္နိုင္ေခ်ေတြ အမ်ားႀကီးရွိတယ္.. ေသဆုံးသူရဲ႕အေၾကာင္းကို လူမသိေစခ်င္လို႔လဲ ျဖစ္နိုင္တယ္.. တျခားျဖစ္နိုင္တာေတြလဲ ရွိေသးတယ္... ဥပမာ လူသတ္သမားအမ်ားစုက သူတို႔အမႈေတြမွာ 'ဆုတံဆိပ္‌' ေတြ စုေဆာင္းတတ္ၾကတယ္.. ဆုတံဆိပ္အမ်ားစုက အေလာင္းေကာင္ေတြထဲက လာၾကတာ.. ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုခုေပါ့"

ခ်ီခ်င္းက စားပြဲေပၚတင္ထားေသာ အရံဟင္းပြဲကို တူႏွင့္ေထာက္ရင္း ေျပာလိုက္သည္။
" ဒီဝက္အူေခ်ာင္းလိုေပါ့.. အေျခာက္လွမ္းၿပီး မ်က္ႏွာအခြံကို အလွခ်ိတ္ထားလို႔ ရတယ္ေလ"

ဝူက်ိ : "..."

ဝူက်ိတစ္ေယာက္ တိတ္တဆိတ္ ျပန္ထြက္သြားရန္ စဥ္းစားေနသည္။ ထို႔ေၾကာင့္ တံခါးအျပင္ကို ေျခဦးတည္ကာ ျပန္ေျပာလိုက္၏။
" ဟို.. ဟို.. ကြၽန္ေတာ္ သန႔္စင္ခန္း သြားမလို႔.. မဟုတ္ဘူး... ကြၽန္ေတာ္ ခုနက သန႔္စင္ခန္းသြားေနတုန္း သူငယ္ခ်င္းတစ္ေယာက္ လွမ္းေခၚလို႔ .. အဲ့ဒါ သူ ေစာင့္ေနတာမို႔လို႔ သြားေတာ့မယ္ေနာ္"

ရွဲ႕လင္က ထမင္းဖိတ္ေကြၽးသူပီသစြာ လက္ရမ္း၍ လွမ္းေခၚသည္။
" ဗိုက္ျပည့္လို႔လား.. ဝက္အူေခ်ာင္းနည္းနည္းေလာက္ ထပ္စားဦးေလ"

ဝူက်ိ : " ေဝါ့.. ျပည့္.. ျပည့္ၿပီ.. လွ်ံေတာင္က်ေတာ့မယ္"

ဝူက်ိ ထြက္သြားၿပီးေတာ့မွ ဝူက်ီပင္းက စကားစသည္။
" အဲ့ဒီ့ေတာ့ ၾကည့္ရတာ ယင္းဝမ္႐ူလုပ္တာ မျဖစ္နိုင္ေတာ့ဘူး"

ယင္းဝမ္႐ူကို အေသးစိတ္ စစ္ေဆးခဲ့ၾကၿပီးျဖစ္၏။ သူမကဲ့သို႔ နာမည္ေက်ာ္ၾကယ္ပြင့္တစ္ေယာက္မွာ လူျမင္ကြင္းတြင္ ရွိေနသည္က ပိုမ်ားသည္။ ထို႔အျပင္ အမႈျဖစ္သည့္ေန႕က တကယ္ပင္ ၿမိဳ႕ထဲတြင္ ရွိမေနခဲ့။ ကီလိုမီတာေထာင္ေပါင္းမ်ားစြာတြင္ရွိေသာ ‌ေနရာတြင္ ေရာက္ေနခဲ့သည္။ လင္းအန္ၿမိဳ႕တြင္ ျပဳလုပ္သည့္ ပရဟိတပြဲတစ္ပြဲတြင္ သူမေရာက္ေနေၾကာင္း ဗီဒီယိုသက္ေသ ဓာတ္ပုံသက္ေသေျမာက္ျမားစြာ ရွိေနသည္။

ကီလိုမီတာတစ္ေထာင္ေက်ာ္ေလာက္ကို အသြားအျပန္လုပ္၍ လူသတ္မႈက်ဴးလြန္ေလာက္ရေအာင္ သူမတြင္ စူပါပါဝါ ရွိမေနနိုင္။

ထို႔အျပင္ သူမႏွင့္ တြဲေနသည့္ ပါတနာကို သတ္ရေလာက္သည့္ အေၾကာင္းရင္းမရွိ။ ထိုကိစၥက ခြင့္ျပဳခ်က္မရွိပဲ ကိုယ္ဝန္ဖ်က္ခ်သည္ထက္ ပို၍ အမႈႀကီးေသာ ျပႆနာျဖစ္၏။

ရွဲ႕လင္ : " ေလာ့ယြီရဲ႕ အေၾကာင္းကိုေရာ စုံစမ္းၿပီးၿပီလား"

ဝူက်ီပင္း : " ယင္းဝမ္႐ူေျပာၿပီးထဲက ငါတို႔ သူ႕အေၾကာင္း စုံစမ္းၿပီးၿပီ.. သူက ယင္းဝမ္႐ူထက္ ေျခာက္ႏွစ္ငယ္တယ္.. ကုမၸဏီကို စဝင္တာ ႏွစ္ႏွစ္ေတာင္ မျပည့္ေသးဘူး.. ႐ုပ္ေလးေခ်ာလို႔ ယင္းဝမ္႐ူကိုယ္တိုင္ စၿပီး တြဲဖို႔ ကမ္းလွမ္းခဲ့တာ.. သူတို႔ႏွစ္ေယာက္လုံး တိတ္တိတ္ေလး တြဲခဲ့ၾကတယ္... ကုမၸဏီကလဲ ေလာ့ယြီကို အိုင္ေဒါအျဖစ္ ပြဲဦးထြက္ဖို႔ စီစဥ္ခဲ့ၿပီးသား.. ဒါေပမဲ့ ကိစၥတစ္ခု ျဖစ္လာခဲ့တယ္"

မ်က္ႏွာအေရခြံဆုတ္ခံလိုက္ရသည္ကို ျပန္ေတြးၾကည့္ရင္း ရွဲ႕လင္အတြက္ ႀကိဳးစတစ္ခု လွမ္းဆုတ္မိသြားသလိုပင္။
" ႐ုပ္ေခ်ာတယ္???"

ဝူက်ီပင္းလဲ ေစာေစာကမွ ရထားသည့္ ေလာ့ယြီ၏ ဓာတ္ပုံကို ျပသည္။

ပုံထဲမွလူမွာ ေတာ္ေတာ္ေလးေခ်ာသည္။ တကယ္ေတာ့ လူလို႔ေျပာရမည္ထက္ ေကာင္ေလးဟု ေျပာသည္က ပိုမွန္လိမ့္မည္။ ထိုေကာင္ေလးမွာ ဆယ္ေက်ာ္သက္တြင္းသာ ရွိေသး၍ မ်က္ခုံးေကာင္းေကာင္းႏွင့္ ေခ်ာေမာ သြက္လက္ပုံရသည္။ ေက်ာင္းတက္ေနသည့္အခ်ိန္ဆို တစ္ေက်ာင္းလုံးတြင္ နာမည္ႀကီးေသာ ေက်ာင္းသားေလးတစ္ေယာက္ ျဖစ္ေလာက္သည္။

"မဆိုးပါဘူး"
ရွဲ႕လင္က ေျပာလိုက္သည္။

ဝူက်ီပင္းအျမင္တြင္ ‌ထိုေက်ာင္းသားေလးကို အေတာ္ေလးေခ်ာသည္ဟု ယူဆထား၏။
" ဒီေလာက္ေခ်ာတာကို မဆိုးပါဘူးလို႔ ေျပာလို႔ရလို႔လား"

ရွဲ႕လင္ : "အဲ့ဒါ သူ႕အျပစ္ေတြေလ"

ရွဲ႕လင္က ခ်ီခ်င္းကို လက္ညိုးထိုးေနသည္။

ခ်ီခ်င္းကေတာ့ လက္ထဲမွ ဇြန္းခ်ကာ ဓာတ္ပုံမ်ားကို ၾကည့္ရင္း 'ငါနဲ႕ ဘာဆိုင္လို႔လဲ' ဟူေသာ အၾကည့္ႏွင့္ ခပ္ေစာင္းေစာင္း ၾကည့္သည္။

" ကြၽန္ေတာ့္လက္ေထာက္ရဲ႕မ်က္ႏွာကို ေန႕တိုင္း ျမင္ေနရတာက"
ရွဲ႕လင္က ဆက္ေျပာသည္။
" ကြၽန္ေတာ့္ရဲ႕ အလွအပတိုင္းတာတဲ့ စံႏႈန္းကို ျမႇင့္လိုက္တာေလ.. အဲ့ဒီ့ေက်ာင္းသားေလးကို ၾကည့္ေကာင္းတယ္လို႔ေတာင္ မျမင္ေတာ့တာ"

ဝူက်ီပင္း : "..."

ေလာ့ယြီ၏အေလာင္းေပၚလာၿပီးေနာက္ က်န္းဖုန္း၏ ေသဆုံးမႈက ပို၍ရႈပ္ေထြးလာခဲ့သည္။ တိတ္တဆိတ္ ကိုယ္ဝန္ဖ်က္ခ်ေသာ အမ်ိဳးသမီး အႏုပညာရွင္ .. အရွင္လတ္လတ္ အေရခြံအဆုတ္ခံထားရေသာ မ်က္ႏွာ... SD ကတ္... တိုက္ေပၚမွ ႐ုတ္တရက္ ျပဳတ္က်ေသဆုံးသြားေသာ ပါပါရာဇီ... အဆိုပါအဓိကေသာ့ခ်က္မ်ားၾကားတြင္ ဘယ္လိုဆက္သြယ္မႈမ်ိဳး ရွိေနနိုင္သည္လဲ...

ေနာက္ဆုံးေတာ့ ရွဲ႕လင္ထံမွ စကားသံ ထြက္လာခဲ့သည္။
" ၾကည့္ရတာ အေျဖေတြအကုန္လုံးက ေပ်ာက္သြားတဲ့လူရဲ႕ မ်က္ႏွာမွာ ရွိေနနိုင္တယ္"

ဒါေပမဲ့ အဲ့ဒီ့မ်က္ႏွာကို ဘယ္မွာသြားရွာရမွာလဲ...

" လက္ရွိေတာ့ ေလာ့ယြီနဲ႕ ယင္းဝမ္႐ူပတ္ဝန္းက်င္က လူေတြကိုပဲ ရွာရမွာ"
ရွဲ႕လင္က ဆက္ေျပာေနသည္။
" ၿပီးေတာ့ ဟိုဆရာဝန္... သူနဲ႕ စကားအမ်ားႀကီး မေျပာခဲ့ရဘူး.. ၾကားထဲမွာ လြတ္ေနတဲ့အေၾကာင္းအရာေတြ အမ်ားႀကီးရွိေနမွာ"

ဆရာဝန္ဆိုသူကလဲ တုံးတုံးအအေတာ့မဟုတ္။ ယင္းဝမ္႐ူ၏ ျပႆနာကို ေဖာ္ထုတ္ရဲမွေတာ့ သူကိုယ္တိုင္ လြတ္ေျမာက္ရန္ ျပင္ဆင္ထား၏။ ျပည္တြင္းေဆး႐ုံတြင္ ႏွစ္ရွည္လမ်ား လုပ္ခဲ့ရသည့္အတြက္ တိုးတက္မႈမရွိဟူေသာ အေၾကာင္းျပခ်က္ႏွင့္ နိုင္ငံျခားထြက္ရန္ ျပင္ဆင္ထားခဲ့ၿပီးသားျဖစ္သည္။ ရွဲ႕လင္ ထြက္သြားၿပီးၿပီးခ်င္း ေလယာဥ္လက္မွတ္ျဖတ္ကာ ပစၥည္းမ်ား စတင္ထုပ္ပိုးေတာ့သည္။ သို႔ေသာ္ နိုင္ငံတကာေလဆိပ္တြင္ ရဲမ်ားက သတိထားမိကာ အဖမ္းခံလိုက္ရေလ၏။

ဝူက်ီပင္းကိုယ္တိုင္ ဦးေဆာင္ကာ ေလဆိပ္သို႔ တုတ္ေကာက္တစ္ေခ်ာင္းႏွင့္ ေရာက္ခ်လာသည္။ အေတာ္လွ်င္ျမန္ေသာ အရွိန္ေၾကာင့္ ေဆးပညာႏွင့္ပင္ မတြက္ဆနိုင္ေအာင္ ထူးဆန္းေန၏။

႐ုံးခ်ဳပ္၏ အမႈအႀကံေပးတစ္ေယာက္‌ ေျခေထာက္က်ိဳးေနသည္ကို ေထာက္ခ်င့္၍ ဝူက်ီပင္းက နားလည္စြာႏွင့္ စာသာပို႔လိုက္သည္။

... လူကို ဖမ္းမိထားၿပီ.. စစ္ေမးတဲ့ ဗီဒီယို မင္းကို ပို႔လိုက္မယ္.. ေျခေထာက္ အဆင္မေျပဘူးဆိုရင္ ႐ုံးျပန္မလာလဲ ရတယ္...

ရွဲ႕လင္ : " ခင္ဗ်ားက ကြၽန္ေတာ့္ကို လာေလွာင္ေနေသးတယ္"

ဝူက်ီပင္း : " ငါ့ကို မင္းနဲ႕ လာမယွဥ္နဲ႕ကြ.. ငါ့ေျခေထာက္က သိပ္မေကာင္းဘူးဆိုေပမဲ့ မင္းလို တေနကုန္ တေနခမ္း လက္ေထာက္နားမွာ ကပ္ေနတာမဟုတ္ဘူး..  ရွက္စရာႀကီး "

ရွဲ႕လင္ကေတာ့ မရွက္သည့္အျပင္ ဝူက်ီပင္းကိုေတာင္ သနားေနလိုက္ေသးသည္။

အရင္ရက္မ်ားကထက္ သူ ေတာ္ေတာ္ေလး သက္သာလာၿပီျဖစ္သည္။ ေက်ာက္ပတ္တီး စည္းထားေသာ္လဲ ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္နိုင္ေနၿပီ။ ေရမိုးခ်ိဳးၿပီး၍ စာၾကည့္စားပြဲတြင္ လက္ထဲ ေဘာပင္လွည့္ကာ ေဆာ့ၿပီးေနာက္ ဝူက်ီပင္းကို စာျပန္သည္။
" ခင္ဗ်ားေၾကာင့္ ကြၽန္ေတာ္ သတိရသြားၿပီ"

ဝူက်ီပင္း : " ဘာကို သတိရတာလဲ"

... ႐ုံးခ်ဳပ္ျပန္သြားရန္ အေၾကာင္းျပခ်က္ ရွာမရေသာေၾကာင့္ သူ႕လက္ေထာက္ကို တြယ္ကပ္ေနရန္ အေၾကာင္းမရွိ..

ရွဲ႕လင္က ျပန္ေတာ့ မေျဖ။ စာျပန္ရိုက္သည္။
" ရပါတယ္..  ဗီဒီယို ေရာက္ၿပီ.. ကြၽန္ေတာ္ ျပန္ေျပာမယ္"

ရွဲ႕လင္က ကြန္ပ်ဴတာဖန္သားျပင္တြင္ ဗီဒီယိုဖိုင္ ဖြင့္လိုက္သည္။

ညနက္ေနၿပီျဖစ္သည့္အျပင္ ျပတင္းေပါက္အျပင္မွ သစ္ပင္တို႔က ေလတိုက္ခတ္မႈေၾကာင့္ ယိမ္းယိုင္ေနၾက၏။ ခ်ီခ်င္း အိပ္ေပ်ာ္ေနၿပီလား သူ မသိ။ ထို႔ေၾကာင့္ ဝူက်ီပင္းႏွင့္ စကားေျပာေနရာမွ ထြက္ကာ ခ်ီခ်င္းကို စကားေျပာရန္ ႏွိပ္လိုက္သည္။ ခ်ီခ်င္း၏ ပရိုဖိုင္ဓာတ္ပုံမွာ သူ႕မ်က္ဝန္းမ်ားကဲ့သို႔ မည္းနက္ေန၏။ ဘာကိုမွ ေသခ်ာမျမင္ရ။ အက်ယ္ခ်ဲ့ၾကည့္လိုက္သည့္အခါမွ မိုး႐ြာေနသည့္ ျမင္ကြင္းကို ေဝေဝဝါးဝါး ျမင္ရေလသည္။

ဓာတ္ပုံရႈေထာင့္က အိမ္အတြင္းထဲမွ အိမ္အျပင္ကို လွမ္းရိုက္ထားပုံရသည္။ သို႔ေသာ္ အိမ္ထဲတြင္ မီးမဖြင့္ထားေသာေၾကာင့္ မိုးေရတို႔ ေဝဝါးေနရျခင္း ျဖစ္ေလသည္။

ရွဲ႕လင္တစ္ေယာက္ ခ်ီခ်င္းကို ဘယ္လိုေခၚရင္ေကာင္းမလဲ ဆင္ေျခ စဥ္းစားေန၏။

ေနာက္ဆုံးေတာ့ ကြန္ပ်ဴတာေဘးတြင္ တင္ထားေသာ အသံခ်ဲ့စက္ အေသးေလးကို ၾကည့္ေနသည္။ ထို႔ေနာက္ လက္ထဲမွ ေဘာပင္ကိုခ်၍ အသံခ်ဲ့စက္ေလးကို အခ်ိန္အေတာ္ၾကာသည္အထိ စိုက္ၾကည့္ေန၏။

ခ်ီခ်င္း၏ ခႏၶာကိုယ္မွာ ထိန္းခ်ဳပ္မႈ အျပည့္အဝ ‌ရေနသည့္ေအာက္တြင္ အခ်ိန္မွန္သာ တုံ႕ျပန္သည္။ မ်က္လုံးမွိတ္ရင္း အိပ္ေပ်ာ္လုဆဲဆဲတြင္ "တင္း" ဆိုေသာ အသံေၾကာင့္ တိတ္ဆိတ္ေနသည့္ အခန္းထဲ က်ယ္ေလာင္စြာ ၾကားလိုက္ရေလသည္။

"..."

ခ်ီခ်င္း မ်က္လုံးျပန္ဖြင့္ရင္း တစ္ဖက္လူတြင္ အေၾကာင္းမရွိပဲ စာမပို႔ရန္သာ ေမွ်ာ္လင့္ေနသည္။

ရွဲ႕လင္ : အိပ္ေနၿပီလား..

ရွဲ႕လင္ : ကိုယ္ ၾကည့္ရမဲ့ ဗီဒီယိုေလးတစ္ခုရွိလို႔.. ဒါေပမဲ့ ကြန္ပ်ဴတာ အသံခ်ဲ့စက္ကို ဗီရိုအေပၚဆုံးထပ္မွာ တင္ထားမိတယ္.. အဲ့ဒါ ယူဖို႔ အဆင္မေျပလို႔ေလ...

ခ်ီခ်င္း စာျပန္ရန္ ႀကိဳးစားလိုက္သည္။ သို႔ေသာ္ ရွဲ႕လင္ပို႔ထားေသာ စာေၾကာင္းကို ေသေသခ်ာခ်ာ စိုက္ၾကည့္ၿပီးေနာက္ "ကိုယ့္ဟာကိုယ္ ယူပါလား" ဟု ရိုက္ထားေသာ စာေၾကာင္းကို ျပန္ဖ်က္ကာ မ်က္ႏွာေသႏွင့္ အိပ္ရာထဲမွ ထလာသည္။

ရွဲ႕လင္တြင္ "လုပ္စရာရွိသည္" ႏွင့္ "လုပ္စရာမရွိဘူး" ဆိုေသာ စကားလုံးၾကားတြင္သာ ရွိေနသည့္အတြက္ သူ႕ကို အျပစ္ေျပာခ်င္ရင္ေတာင္ ေျပာစရာ စကားလုံး ရွာေတြ႕နိုင္မည္မဟုတ္။

ေနာက္ဆုံးတြင္ေတာ့ ခ်ီခ်င္း ဤကဲ့သို႔သာ စာျပန္သည္။

ခ်ီခ်င္း : တစ္ဖက္လူအတြက္ ဘယ္ေလာက္အထိ အဆင္မေျပျဖစ္မလဲဆိုတာ ခင္ဗ်ား မစဥ္းစားမိဘူးလား...

ရွဲ႕လင္ဘက္မွ ခ်က္ခ်င္း စာျပန္လာသည္။

ရွဲ႕လင္ : "တစ္ဖက္လူ???"

ရွဲ႕လင္ : "မင္းနဲ႕ ကိုယ္က သူစိမ္းေတြမွ မဟုတ္တဲ့ဟာ"

ခ်ီခ်င္း : "..."

ထားလိုက္ပါေတာ့ေလ...

ရွဲ႕လင္ အိမ္ေရွ႕ေရာက္ေတာ့ ထုံးစံအတိုင္း တံခါးေခါက္သည္။ ထို႔ေနာက္ လွ်ို႔ဝွက္နံပါတ္ႏွိပ္၍ အထဲဝင္လိုက္သည္။ အိမ္ထဲေရာက္ၿပီးေနာက္ စာအုပ္စင္ေပၚ ရွိေနေသာ အသံခ်ဲ့စက္ကို တစ္ခ်က္ၾကည့္ကာ ေျခလွမ္းမ်ား ရပ္တန႔္သြား၏။ ထို႔ေနာက္ ႐ုတ္တရက္ စကားစသည္။
" ခင္ဗ်ား ကြၽန္ေတာ့္ကို အ႐ူးတစ္ေယာက္လို ဆက္ဆံေနတာလား "

ရွဲ႕လင္၏ စာၾကည့္ခန္းထဲတြင္ အတန္းရွစ္တန္းပါေသာ စာအုပ္စင္အႀကီးႀကီးတစ္ခုရွိသည္။ မ်က္စိက်ိန္းေလာက္ေအာင္ စာအုပ္မ်ားအားလုံးကို ေသေသခ်ာခ်ာ စီထားသည္။ ပုံႏွိပ္စာအုပ္မ်ား ရွိသလို စီးပြားေရးႏွင့္ပတ္သက္ေသာ စာအုပ္မ်ားမွသည္ ဘ႑ာေရးဆိုင္ရာ စာအုပ္မ်ားအဆုံး မ်ိဳးစုံေအာင္ ရွိေနသည္။ ဒႆနေဗဒသမိုင္းဟုဆိုရမည့္ စာအုပ္မ်ားလဲ ရွိေနရာ စာအုပ္စင္ပိုင္ရွင္က စာဖတ္နာသူတစ္ဦးျဖစ္မည္ကို အေသအခ်ာ ခန႔္မွန္းနိုင္သည္။ သို႔ေသာ္ ခ်ီခ်င္းၾကည့္ေနသည္က စာအုပ္မ်ားမဟုတ္။ လြန္ခဲ့ေသာ ႏွစ္ရက္က ရွဲ႕လင္ လက္လွမ္းမမွီ၍ သူ႕ကို စာအုပ္ ယူခိုင္းခဲ့စဥ္ အသံခ်ဲ့စက္ စာအုပ္စင္ေပၚ မရွိသည္ကို သူ ေကာင္းေကာင္းႀကီး မွတ္မိသည္။

ဆင္ေျခမ်ားကိုသာ အဓိကထား၍ စဥ္းစားေနေသာ ရွဲ႕လင္က ခ်ီခ်င္း၏ ကင္မရာႏွင့္တူေသာ မွတ္ဉာဏ္ကို ေမ့ေလ်ာ့သြားခဲ့ျခင္း။
" ကိုယ္.. ကိုယ္ ရွင္းျပနိုင္ပါတယ္"

ခ်ီခ်င္းက စာအုပ္စင္ေပၚမွ အသံခ်ဲ့စက္ကို လွမ္းယူကာ စားပြဲေပၚ တင္ေပးရင္းမွ ျပန္ေျပာလိုက္သည္။
" ဘာလဲ ဒီဟာက ေျခေထာက္ေပါက္ၿပီး သူ႕ဟာသူ စာအုပ္စင္ေပၚ တက္သြားတယ္လို႔ ေျပာမလို႔လား"

"..."

ရွဲ႕လင္မွာ ဒီလိုဉာဏ္နည္းသည့္ လုပ္ရပ္မ်ိဳး လုပ္မည့္သူမဟုတ္။ သို႔ေသာ္ ဒီေန႕ေတာ့ သူ႕ကို သရဲဝင္ပူးေနသည့္အလား စကားတစ္ခြန္းပင္ မစဥ္းစားတတ္ေတာ့။
" အန္တီ.. ေန႕ခင္းက အန္တီ သန႔္ရွင္းေရး လာလုပ္သြားလို႔"

"အာ..."
ခ်ီခ်င္းက ဆက္ေျပာသည္။
" အန္တီက ကြန္ပ်ဴတာေဘးမွာ တင္ထားတဲ့ အသံခ်ဲ့စက္ကို စာအုပ္စင္ေပၚအထိ တကူးတက တင္သြားတယ္ေပါ့"

ခ်ီခ်င္း အလင္းေရာင္မႀကိဳက္သည့္အတြက္ ရွဲ႕လင္က တစ္ခန္းလုံးကို အေမွာင္ခ်ကာ စားပြဲေပၚတြင္ မီးအိမ္ဝါေလးတစ္လုံးသာ မွိန္မွိန္ထြန္းထား၏။ မီးေရာင္ကို ေက်ာေပးထားသည့္အတြက္ သူ႕မ်က္ႏွာကို အရိပ္က်ကာ ေသခ်ာမျမင္နိုင္။ ရွဲ႕လင္က တုန္လႈပ္စြာႏွင့္ လက္သူႂကြယ္မွ လက္စြပ္ပါးေလးကို လက္ေခ်ာင္းေလးႏွင့္ ဖိထား၏။
" အဲ့ဒါက ေျခေထာက္ေပါက္လာတာလဲ မဟုတ္ပါဘူး... ဘယ္အန္တီမွလဲ မလာသြားဘူး.. ကိုယ္ .. ဒီအတိုင္း မင္းကို ေရာက္လာေစခ်င္လို႔ပါ"

ခ်က္ခ်င္း အခန္းထဲမွ ေလထုႀကီး ထူးဆန္းလာခဲ့သည္။

ဘာလို႔ထူးဆန္းေနလဲ ခ်ီခ်င္း မေျဖတတ္။ သူ႕စိတ္ထဲ ေျပာစရာ စကားလုံးေတြ အမ်ားႀကီးရွိေနေပမဲ့ အခုေတာ့ စကားတစ္ခြန္းမွ မထြက္။

ထို႔အျပင္ ရွဲ႕လင္ႏွင့္ မ်က္လုံးခ်င္းပင္ မဆုံရဲေတာ့။

သို႔ေသာ္ ထူးဆန္းေနသည့္ ေလထုက မိနစ္ဝက္ပင္မၾကာ။ ရွဲ႕လင္က တည္ၿငိမ္စြာႏွင့္ပင္ အဆင္မေျပပုံရေသာ ခ်ီခ်င္းကို ကယ္တင္လိုက္သည္။ ကြန္ပ်ဴတာႏွင့္ အသံခ်ဲ့စက္ကို ဆက္ကာ space bar ကို ခပ္ၾကမ္းၾကမ္း ရိုက္လိုက္သည့္အတြက္ ရပ္ထားေသာ ဗီဒီယိုမွ အသံက်ယ္က်ယ္ ထြက္ေပၚလာ၏။

" ကိုယ္ မင္းကို အခ်ိန္ပို ဆင္းခိုင္းမလို႔ေလ"
ရွဲ႕လင္တစ္ေယာက္ ဆက္ေျပာေနသည္။
" အမႈစစ္ ဗီဒီယို ၾကည့္ရေအာင္"

"..."

စာၾကည့္ခန္းထဲမွ ဆိုဖာမွာ ဧည့္ခန္းထဲကေလာက္ မက်ယ္ေပမဲ့ လူႏွစ္ေယာက္ ထိုင္‌နိုင္သည့္ အက်ယ္အဝန္းရွိသည္။

ထို႔ေနာက္ မွိန္ပ်ပ် အလင္းေရာင္က သူတို႔ႏွစ္ေယာက္လုံးေပၚ က်လာသည္။

ဖန္သားျပင္ေပၚတြင္ ဆရာဝန္က ယင္းဝမ္႐ူအေပၚ လုပ္ခဲ့သည့္ ခြဲစိတ္မႈအေၾကာင္း ရွင္းျပေနသည္။
" သူ ေရာက္လာေတာ့ ‌ကိုယ္ဝန္ေျခာက္ပတ္ ရွိေနၿပီ... ပိန္တဲ့လူမို႔လို႔သာ ဗိုက္က သိပ္မသိသာတာ... ေျခာက္ပတ္ဆိုတာက ကိုယ္ဝန္ဖ်က္ခ်ဖိဳ႕ အေကာင္းဆုံးအခ်ိန္ေလ.. သူကိုယ္တိုင္လဲ ဆုံးျဖတ္ၿပီးၿပီဆိုေတာ့ ဘာမွ မျဖစ္ေအာင္ ေစာေစာလုပ္ၾကဖို႔..."

"... ခြဲစိတ္မႈက ေတာ္ေတာ္ေလး ေအာင္ျမင္ခဲ့တယ္"

" ဖ်က္ခ်လိဳက္တဲ့ကေလးကိုေရာ.. ခင္ဗ်ားတို႔ ဘယ္လိုစီစဥ္ၾကလဲ"

" ပုံမွန္ဆိုရင္ေတာ့ အဲ့ဒါကို မီးသျဂၤိုဟ္ဖို႔ ေဆး႐ုံကပဲ တာဝန္ယူတာပါ... ဒါေပမဲ့ ဒီခြဲစိတ္မႈက ေဆး႐ုံရဲ႕ လုပ္ထုံးလုပ္နည္းအတိုင္းမွ မဟုတ္တာ.. အဲ့ဒီ့ေတာ့ မိန္းကေလး ယင္း က ကြၽန္ေတာ့္ကိုပဲ စီစဥ္ဖို႔ ေျပာခဲ့တာ"

" အဲ့ဒါနဲ႕ ပလတ္စတစ္အိတ္ထဲ ထည့္ၿပီး တစ္ေနရာမွာ သြားျမႇုပ္လိုက္တယ္"

" ဘယ္မွာ ျမႇုပ္ထားလဲ"

" ဟို... ေဆး႐ုံအေနာက္က သစ္ေတာအုပ္ေလးထဲမွာပါ..."

" ဒါေပမဲ့ ခင္ဗ်ားေျပာတဲ့ေနရာမွာ ဘာမွမေတြ႕ခဲ့ဘူး"

ရိုက္ကူးေရး၏ အရည္အေသြးက သိပ္မေကာင္းသည့္အျပင္ အကြာအေဝးက အေတာ္ေလး ေဝးသည့္အတြက္ ခ်ီခ်င္း မ်က္လုံးက်ဳံ႕ၾကည့္ပါမွ ဆရာဝန္၏ မ်က္ႏွာကို ခပ္ေရးေရး ျမင္နိုင္သည္။

ဆရာဝန္က သူ႕စကားကို မယုံမည္စိုး၍ အသည္းအသန္ ‌စေျပာသည္။
" တကယ္ပါဗ်ာ.. ကြၽန္ေတာ္ ခင္ဗ်ားတို႔ကို မလိမ္ပါဘူး.. လြန္ခဲ့တဲ့ရက္က မိုးအသည္းအသန္ ႐ြာခဲ့တယ္ေလ.. လမ္းေဘးေၾကာင္ေလး ေခြးေလးေတြ တူးလိုက္တာ ျဖစ္မွာပါ"

" အဲ့နား ျပန္ရစ္ၾကည့္"

ခ်ီခ်င္းစကားေၾကာင့္ အႀကံတူေနေသာ ရွဲ႕လင္သည္လဲ ထိုအတိုင္း လုပ္လိုက္သည္။

.... ခင္ဗ်ားေျပာတဲ့ေနရာမွာ ဘာမွမေတြ႕ခဲ့ရဘူး...

.... လြန္ခဲ့တဲ့ရက္က မိုးအသည္းအသန္ ႐ြာတယ္ေလ... လမ္းေဘးေၾကာင္ေလး ေခြးေလးေတြ တူးလိုက္တာ ျဖစ္မွာပါ....

" မိုး႐ြာလို႔..."
ရွဲ႕လင္က ျဖည္းညင္းစြာ ဆက္ေျပာေနသည္။
" ေခြးေလး ေၾကာင္ေလးေတြ တူးခဲ့တယ္ဆိုရင္...."

ခ်ီခ်င္းက စကားဆက္ေပးလိုက္သည္။
" ရွာရတာ ပိုလြယ္မွာေပါ့"

တခ်ိဳ႕ေသာ အခ်ိန္မ်ားတြင္ မိုး႐ြာျခင္းက လူသတ္သမားတို႔၏ အမူအက်င့္ကို ေဖာ္ထုတ္ေပးနိုင္ေသာ ၾကားခံနယ္တစ္ခု ျဖစ္လာသည္။ အေလာင္းမ်ားကို ေျမျမႇုပ္ေသာ အမႈမ်ားတြင္ သည္းထန္စြာ ႐ြာေသာ မိုးေၾကာင့္သာ အေလာင္းကို ျပန္ျမင္နိုင္ရျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ တိုေတာင္းလွေသာ အခ်ိန္ပိုင္းအတြင္း ထိုဆရာဝန္ေျပာသည့္ ျဖစ္နိုင္ေခ်ႏွစ္ခုလုံး တကယ္ျဖစ္ခဲ့သည့္ဆိုပါက အေလာင္းရွာမ‌‌ေတြ႕နိုင္စရာ အေၾကာင္းမရွိ။ ေသြးမ်ားေပပြေနသည့္ ပလတ္စတစ္အိတ္အေဟာင္းက ပို၍ပင္ ရွာရလြယ္နိုင္ေသးသည္။

........
End of part 67
Thank you all

( ဒီမွာ ဗဟုသုတေလး‌ရေအာင္ ေျပာခ်င္တာက ၆ ပတ္ သေႏၶသားေလာင္းက ပဲေစ့ေလာက္ေလးပဲ ရွိပါတယ္ ေသြးေတြေပပြေနတယ္ဆိုတာက အခ်င္းတို႔ဘာတို႔ကိုပါ တစ္ခါထဲ ျမႇုပ္ထားတာ ျဖစ္နိုင္ပါတယ္

ၿပီးေတာ့ ျမန္မာနိုင္ငံမွာေတာ့ တရားဝင္ ကိုယ္ဝန္ဖ်က္ခ်တဲ့ ဥပေဒမရွိဘူးေပါ့ေနာ္ ဒါေပမဲ့ တခ်ိဳ႕နိုင္ငံေတြမွာ တရားဝင္ ကိုယ္ဝန္ဖ်က္ခ်ခြင့္ရွိပါတယ္ ကိုယ္ဝန္ေျခာက္လ (၂၄ပတ္) က တရားဝင္ ေနာက္ဆုံး ဖ်က္ခ်နိဳင္တဲ့ အခ်ိန္ပါ.. ခြၽင္းခ်က္တခ်ိဳ႕ ရွိတာက ကေလးမွာ ေရာဂါတခ်ိဳ႕ပါလာနိုင္တယ္လို႔ သံသယရွိတယ္ဆိုရင္ေတာ့ ဖ်က္ခ်နိဳင္ပါတယ္.. ဒါေပမဲ့ ကေလးဖ်က္ခ်တာက အႏၲရာယ္အရမ္းမ်ားတာမို႔ တတ္ကြၽမ္းတဲ့ ဆရာဝန္ေတြနဲ႕ပဲ လုပ္သင့္တာပါ  ကေလးမလိုခ်င္ရင္ အေကာင္းဆုံးကေတာ့ အကာအကြယ္ သုံးတာေပါ့ေနာ္ ဒါက ဗဟုသုတ အျဖစ္ ပညာေပးေလးတျဖတ္ )

...........

End of part 67
Thank you all

Continue Reading

You'll Also Like

3.9K 463 17
Author: 九月买的饼干 (Biscuits Bought In September) Total Chapters: 68 + 2 extras Chapters 1 - 13 is translated by BlackboxTL Translator - 🌺 yuebing I do...
118K 12.3K 32
Athulya Singhania has spent her entire life in solitude, yearning for the love of a family. Over the years, she mastered the art of concealing her em...
14K 736 6
"Let's date." "No." Or The five times Jay asks Jungwon on a date and the one time he doesn't.
134K 28.7K 96
Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်...