14
" ဒီတစ်ပတ်ပိတ်ရက် ဘယ်သွားမလဲ "
အိမ်စောင့်နတ်နှင့် ရန်ဖြစ်ထားသော ထွန်းလင်းဦးက အိမ်ကပ်သည်မရှိ။ ပိတ်ရက်တိုင်း တစ်နေရာမဟုတ် တစ်နေရာကို အကြာကြီးမဟုတ်တောင် ခဏလောက် သွားလိုက်ရမှ စားဝင်အိပ်ပျော်သည့်လူမျိုးဖြစ်သည်။
အခုလည်း ပိတ်ရက်အတွက်ကြိုကာ ပလန်ချနေလေသည်။
"ရဲထက်လွင်ဦးလေး ကလပ်သွားရအောင်"
ဟန်စိုးကပြောလေသည်။
"ဟာ ကောင်းသားပဲ မရောက်တာကြာနေပြီကို"
ထွန်းလင်းဦးတို့ ထိုကလပ်ကိုမေ့နေခြင်းဖြစ်သည်။ များသောအားဖြင့် အိမ်တွင်သာ စု ပြီး သောက်ကြ သည့်အတွက် ။
ရဲထက်လွင်ဦးလေးက သူတို့ဆိုလျှင် အမြဲ အလကားကျွေးနေကျဖြစ်သည်။
"ဟိုနှစ်ကောင် လိုက်မှာမလား"
ဖုန်းသုံးနေသော နှစ်ကောင်က ခေါင်းငြိမ့် ပြလာသည်။
အခါတိုင်းလို ပြန်ပြီးအဆင်ပြေမယ်ထင်ထားသော်လည်း ဒီတစ်ခေါက်ကတော့ ထိုနှစ်ကောင် အလွန်ကြာပါသည်။
အခုထိ မခေါ် မပြောနှင့်။
"စနေနေ့ ပဲ သွားမယ်"
ရဲထက်လွင် အပြောကို သူတို့အားလုံး ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
* * *
သူတို့တွေ ကလပ်ကိုရောက်တာ ည 7 နာရီကပင်။
အရမ်းနောက်ကျတဲ့ထိ အပြင်မှာ နေလို့မရ၍ စောစောသာထွက်လာခဲ့ကြခြင်းဖြစ်သည်။
ကလပ်သည် အရမ်းဆူညံနေတာမျိုးမဟုတ်ပဲ မီးမှိတ်တုတ ်မှိတ်တုတ်ဖြင့် သီချင်းလေးသာဖွင့်ထားသည်။
စားပွဲဝိုင်းများသည် တစ်ခုံနှင့် တစ်ခုံခြားနေ ကာ
အခြား ရောက်နေသော အဖွဲ့တစ်ချို့ကိုလည်း တွေ့ရသည်။
သူတို့လည်း ဝိုင်းတစ်ဝိုင်း တွင်သာ ဝင်ထိုင်လိုက်သည်။
"မင်းတို့တွေ အဖြူရောင် ကိုတော့ မပါမဖြစ် ပါအောင်ဝတ် ခဲ့ကြ"
ဟု ပြောလာသည့် ထွန်းလင်းဦးကြောင့် သူတို့အဖွဲ့က အဖြူရောင်တွေနှင့်ဖြစ်သည်။
ထွန်းလင်းဦးဆို တစ်ကိုယ်လုံးဖြူဖွေးနေလေသည်။ အထက်ဖြူ အောက်ဖြူနှင့် မျက်မှန်အဖြူရောင်ကြီးဖြင့် ထင်းထင်းကြီးဖြစ်လေသည်။
ကျန်တဲ့အဖွဲ့သားတွေကလည်း ထွန်းလင်းဦးကြောင့် အဖြူရောင်ကို တွဲဖက်ဝင်လာခဲ့ကြသည်။
တော်တော်အလုပ်ရှုပ်တဲ့ကောင်။
ဘုန်းမြတ်သည် ဟန်စိုးနှင့် စကားပြောနေသည့် ရစ်သန်ကို ကြည့်လိုက်တော့ T shirts အဖြူရောင်လေးနှင့်ဖြစ်သည် အသားဖြူကာ ဖွေးစွတ်နေသာ ရှမ်းကပြားလေး အသားအရေသည် အခုလိုမျိုးအဖြူရောင်ဝတ်လျှင် ကြည်ရှင်းနေတတ်သည်။
အခုလည်း ဖြူစင်သော ရစ်သန့် မျက်နှာလေးဟာ ကြည်ရှင်းကာ ပါး ပေါ်မှ သွေးကြောစိမ်းများကို မြင်နေရလေသည်။
ရွှေအိုရောင် ဆံပင်များကလည်း နဖူးပေါ်တွင် ဟိုဟိုဒီဒီ ကျဲပြန့်လျက် ။
ကြည့်နေတာကို သိသည့်အလား သူ့ကို ပြန်ကြည့်လာတော့ ဘုန်းမြတ်သာ အကြည့်လွှဲလိုက်သည်။
ဘုန်းမြတ်ကတော့ခွေးကောင်၏ စနက်ကြောင့်
အနက်ရောင် T shirtကို အဖြူရောင် ဘောင်းဘီရှည်နှင့်တွဲဝတ်ထားသည်။
အနက်ရောင် ဆံပင်ကောက်ကောက်များသည်
ရှုပ်ပွနေလေသည်။
ဘယ်ဘက်လက်တွင်လည်း မပါမဖြစ် နာရီလေးဖြင့်။
အိမ်ကလူတွေ လိုက်ပို့တာ မဟုတ်ပဲ ကိုယ့်ဘာသာ လာသည့်အတွက် မူးအောင်သောက်လို့မရ။ မူးလျှင်လည်း အိမ်ကိုပြန်လို့ရမည်မဟုတ်။
ထို့ကြောင့် ကိုယ့်စကေးနဲ့သာ။ သောက်ရသည်။
ဘီယာ10 ပုလင်းနှင့် အမြည်းများက စားပွဲပေါ်တွင် အစီအရီတည်ရှိသည်။
အခုချိန်ထိ သူ့ကိုစကားပြောမလာသူ ရစ်သန်အား တစ်ချက် တစ်ချက်ကြည့် ရင်း အိတ်ကပ်ထဲမှ ဆေးလိပ်ကို ထုတ်ကာ sofaကိုမှီရင်း သောက်နေလိုက်သည်။
ဒီလောက်ဆိုလျှင် သူလည်း သူ့ခံစားချက်ကို ရိပ်မိနေပါပြီ။
အစက ဒီအတိုင်း ငယ်ငယ်ကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းသံယောဇဉ်လို့ပဲ ထင်ထားခဲ့တာ။
အခုတော့ သူ့အခြေအနေက ဒီ့ထက်ပိုနေပြီဆိုတာ ဘုန်းမြတ်တစ်ယောက် သဘောပေါက်လာပါသည်။
ရစ်သန်ကို အခြားကောင်တွေနဲ့ တွေ့ရင် သဝန်တိုတာ
သူမဟုတ်နဲ့ အခြားသူတွေနဲ့ ပြုံးပျော်နေတာ
ကောင်မလေးတွေနဲ့ တွေ့တာ...
သူ ဘာမှမကြိုက ်။
* * *
" ပေးအုန်း တစ်လိပ်"
ဟန်စိုးက တောင်းလာ၍ ဘုန်းမြတ် အိတ်ကပ်ထဲမှ ဗူးကို ပေးလိုက်သည်။
ဟန်စိုးက ဆေးလိပ်ကို တစ်ရှိုက်ဖွာလေသည်။
ထွန်းလင်းဦးကတော့ ဘီယာသောက်လိုက် အမြည်းစားလိုက်လုပ်နေလေသည်။
ဖွင့်ထားသော သီချင်းသံက မြူးလာသည်။
ဘေးဝိုင်းတွေက ဆူညံနေသော အသံများကိုလည်း ကြားရသည်။
ဘုန်းမြတ်သည် ပါးစပ်ထဲမှ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း ရစ်သန်ကို
ကြည့်လို က်တော့ သူ့ကို ကြည့်နေသည်ကိုတွေ့ရသည်။
မျက်ခုံးများတွန့်ချိုးနေသူကို ကြည့်ပြီး
သူတို့အဖွဲ့ထဲမှာ ရစ်သန်က ဆေးလိပ်မသောက်သည်ကို သတိရကာ ဆေးကို အမြန်မီးသတ်ရသည်။
ကျန်တဲ့ အကောင်တွေ အကုန်
ဆေးလိပ်ကို အများကြီးမဟုတ်ရင်တောင် နည်းနည်းတော့
သောက်ကြသော်လည်း ရစ်သန်ကတော့ လုံးဝမသောက်ပေ။
အနံ့လည်း မခံနိူင်ဘူးဟု ပြောဖူးသည်။
ထို့ကြောင့်လည်း ရစ်သန့် မျက်နှာလေးက
နုပြီး ငယ်ပုံပေါက်နေသည်။
ဘုန်းမြတ်သည် ရှေ့က ဘီယာကို အနည်းငယ်သောက်ကာ အမြည်းစားနေတုန်း
ဖုန်းဝင်လာလေသည်။
" အင်း မမ "
"ကျနော် လာရမှာလား"
"အင်းအင်း လာပြီ"
"ဟေ့ရောင်တွေ ငါခဏသွားမယ်"
ဟုဆိုကာ ထောင့်စွန်းဝိုင်းမှ ကောင်မလေး 3ယောက်ထိုင်နေသည့်နေရာသို့ လျှောက်သွားသော ဘုန်းမြတ်မှာ
တိုတိနေသော အနက်ရောင် ကိုယ်ကျပ်လေး ဝတ်ဆင်ထားသော ကောင်မလေး ၏ ဘေးတွင် ကပ်ရပ် ထိုင် ကာ စကားတွေပြောနေလေသည်။
ရစ်သန် အမြန်အကြည့်လွဲလိုက်သည်။
ဆက်ပြီး ကြည့်ချင်စိတ်မရှိ။
ထို့ကြောင့်ရှေ့မှ ခွက်ကိုသာ မော့သောက်လိုက်သည်။
များသောအားဖြင့် ရစ်သန်က သိပ်မသောက်တတ်ပေ။
ဒါပေမဲ့ အခုတော့ သူ ဘာမှ မတွေးပဲ သောက်သာ သောက်ချင်နေသည်။
"ဟာ ဟေ့ရောင် များနေပြီနော်"
ရဲထက်လွင်က စိတ်ပူစွာ ပြောလာလေသည်။
"ရတယ် ဘာမှ မဖြစ်ဘူး"
သူ့မယ့်မကြိုက်လို့ဆိုပြီး နည်းနည်းပါးပါးသာ သောက်ဖြစ်သော ရစ်သန်က အခုတော့အများရီးသောက်နေလေသည်။
တားမရသူကို ရဲထက်လွင်လည်း ဒီအတိုင်းသာ ကြည့်နေလိုက်သည်။
ရဲထက်လွင်
အိမ်ပြန်လိုက်ပို့မှာဆိုတော့ ရစ်သန့် မူးလည်းဘာမှမဖြစ်။
အဓိကက ရဲထက်လွင်သာ မမူးဖို့လိုသည်။
5 ခွက်လောက် ဆက်တိုက်သောက်လိုက်သည့်အခါ နည်းနည်းမူးလာသလိုပင်။
သို့သော်အရမ်းကြီး မဆိုး။
မှိတ်တုတ်မှိတ်တုတ် မီးရောင်နှင့် ကခုန်သော လူများကြောင့် စိတ်ရှုပ်လာကာ အသက်ရှုပါ ကျပ်လာသည်။
ထို့ကြောင့် ကျန်တဲ့ကောင်တွေကို ပြောပြီး ဝရန်တာ ဘက်ကို ခဏထွက်လာလိုက်သည်။
3ထပ်မြောက်တွင်ရှိသောကြောင့်
နွေရာသီဖြစ်သော်လည်း လေတဖြူးဖြူး တိုက်ခတ်နေလေသည်။
ထို့ကြောင့် ရစ်သန်နည်းနည်း လေးပင် အမူးပြေသွားသလို ခံစားရသည်။
"ရစ်သန် "
ခေါ်သံကြား၍ လှည့်ကြည့်တော့ မင်းမြတ်။
"နောက်ကနေ ကြည့်နေတာ ရစ်သန်နဲ့ တူပါတယ်လို့ တကယ်ရီး ရစ်သန်ပဲ"
ဘာကြောင့် မှန်းမသိ အခုရက်ပိုင်း မင်းမြတ်ကိုပဲ
ခဏခဏ တွေ့နေရလေသည်။
မင်းမြတ်က သူ့ဘေးတွင် လာပြီး မတ်တပ်ရပ်လေသည်။
"Examတောင် နီးလာပြန်ပြီနော် ရစ်သန်"
"ဟုတ်သားပဲ "
" ငါဆို အရင်တစ်ခေါက်က မေးခွန်းကို မြင်လိုက်တော့
ရူးချင်သလိုကို ဖြစ်သွားတာ"
ထိုအခါမှ ပြန်စဉ်းစားမိသွားသည်။
သူတို့ကျောင်းက မေးခွန်းတွေက အရမ်းခက်လေသည်။
"ရစ်သန် မငိးလည်ပင်းမှာ ဘာရီးလဲ မသိဘူး"
"ဟုတ်လား "
"အေး ငါဖယ်လိုက်မယ်"
"သွားမယ် "
နောက်ကနေ သူ့လက်ကိုဇွတ်ဆွဲနေသော ဘုန်းမြတ်။
" ဘာလဲ "
"သွားမယ်လို့"
ဘုန်းမြတ်သည် စိတ်မရှည်သကဲ့သို့ အော်လာလေသည်။
အခြားသူတစ်ယောက်ရှေ့တွင် သူ၏ အငယ်တစ်ယောက်လို လာပြောနေသည့်ပုံစံကို ရစ်သန်လုံးဝမကြိုက်။
"မင်းဘာဖြစ်နေတာလဲ ကိုယ့်ဘာသာနေစမ်းပါ"
ရစ်သန်ပြန်အော်တော့ ရစ်သန်ကို စူးစိုက်ကာ ကြည့်လေသည်။
ထို့နောက် လက်ကောက်ဝတ်ကို ဇွတ်ဆွဲကာ ထွက်သွားသော သူ့နောက်ကို ရစ်သန် မရုန်းနိူင်ပဲ ပါ သွား သည ်။
ရှေ့ကနေ မလွှတ်တမ်း ဆွဲခေါ်သူလက်အား ရစ်သန်ရုန်းလိုက်သည်။
သို့သော် လည်း ရစ်သန်မရုန်းနိူင်။
"လွှတ်စမ်း။ ငါ့ကို မင်း စော်တွေလို လာမဆက်ဆံနဲ့"
"ဘယ်ကစော်လဲ။ ငါဘယ်ကစော်ကို လက်ကိုင်ဖူးလို့လဲ"
ရစ်သန်လက်ကို လွှတ်ပေးရင်း မျက်လုံးများကိုကြည့်၍ ပြောလာသောသူ။
"ဒါတော့ ဘယ်သိမလဲ မင်းမှာ စော်တွေအများရီးကို။
လက်မကိုင်ပဲ ဖင်သွား ကိုင်လည်း ရတာပဲ"
"ဘာ ခွန်ဆက်ဆိုင် မင်းမရိုင်းနဲ့ ။ငါ ဘယ်သူမှ အဲ့လိုမလုပ်ဖူးဘူး"
"အဲ့တာ မင်းစောက်ကြောင်းလေ"
"မင်းနော် ခွန်ဆက်ဆိုင် တောက်."
ဘုန်းမြတ်အား ဆတ်ဆတ်ထိမခံ ပြန်ပြောလာသူ၏ မျက်နှာသည် အရက်သောက်ထား ၍ ရော ဒေါသကြောင့်ပါ နီရဲနေလေသည်။
"အဟွန်း ဘာဖြစ်လဲ ဆက်ပြောလေ မင်းဟာမတွေအကြောင်းပြောတော့ မခံနိူင်ဘူးမလား
ဘာဖြစ်ချင်လဲ"
"မင်းကွာ.... ပြောစမ်းပါ ငါဘယ်သူ့ကိုများ အဲ့လောက်အရေးပေးဖူးလဲ ။မင်းကွာ စောက်ရေးမပါတာတွေ"
"ခွမ်း"
လူသွားလမ်းဘေးတွင် ထားထားသော ပန်းအိုးသည် အခုတော့ ဘုန်းမြတ်လင်းထွန်း၏ ရိုက်ခွဲမှုကြောင့် မြေပြင်ပေါ်တွင် ကြေမွနေလျက်။
"အဲ့ဆို မင်းကရော ဘာလို့ ဟိုကောင်နဲ့ပဲ အမြဲ ရှိနေတာလဲ
ငါ သူ့ကို မကြိုက်မှန်း သိရဲ့နဲ့ ဘာလို့ အဲ့သူတောင်းစားနဲ့ပဲ အမြဲအတူတွေ့နေရတာလဲ ဟမ်"
"အဲ့တော့ "
"ဘာ.. "
"အဲ့တော့ ဘာဖြစ်လဲလို့ ငါဘာသာ ဘယ်သူနဲ့တွေ့တွေ့ပေါ့"
" တောက် ငါလိုး ချီးပဲ"
ဒေါသထွ က်လျှင် နာအောင် လေုပ်တတ်သည့် မကောင်းသည့် အကျင့်ကြောင့် အခုလည်း နံရံကိုသာ
လက်သီးနဲ့ ထိုးပစ်လိုက်သည်။
ရှေ့မှ ဒေါသကြီးစွာ နံရံကို ပိတ်ထိုးနေသူကို ရစ်သန်ကြောင်ကြည့်နေမိသည်။
ရုတ်တရက် ရန်ဖြစ်နေရင်းကနေ...
မျက်စိရှေ့မှာ မြင်ရသော သူ့လက်မှ သွေးတွေသည် ပါးမဆုံးမှီ ိအချိန်ကို ပြန်လည်မြင်ယောင်လာမိသည်။
အဲ့တုန်းကလည်း ပါးလက်မှာ သွေးတွေ တစ်ကိုယ်လုံး မှာ သွေးတွေအများကြီးထွက်နေတာ။
ပြီးတော့ ပါးကို တုတ်တွေနဲ့ ပိတ် ရိုက်ကြတာ။
အဟင့်...
"ဟေ့ ခွန်ဆက်ဆိုင်"
"ဒီမယ် ကြည့်အုန်း ဟေ့ရောင်"
"ဟာ... "
"ခွန်ဆက်ဆိုင် မငိုနဲ့လေကွာ မင်း "
သူ့ကိုကြောင်ကာ ကြည့်နေသော ရစ်သန်မှာ အခုထိ ပါးစပ်လေးဟကာ အံ့ဩနေသလို။
ပါးပြင်တွင်လည်း မျက်ရည်များ စီးကျလာလေသည်။
" ရစ်သန် ငါဘာမှ မဖြစ်ဘူး ဟေ့ရောင် ဒီမယ်ကြည့်"
"ဟမ်"
အကြိမ်ကြိမ်အော်ခေါ်ကာမှ သတိရလာသလို သူ့ ကို ကြောင်တောင်တောင်လေး ကြည့်နေလေသည်။
"သွေး... သွေး တွေ "
"ဘာမှ မဖြစ်ဘူး မရှိတော့ဘူးနော်"
ရစ်သန်အား ကလေးချော့သလို ချော့ ပြောရင်း သွေးတစ်ချို့ ထွက်နေသော သူ့လက်ကို နောက်ကိုဖွက်ထားလိုက်သည်။
လူကဒေါသထွက်လာ၍ လုပ်မိလုပ်ရာလုပ်သော်လည်း မျက်ရည်တွေ နဲ့ ကြောက်နေပုံရသည့် မျက်နှာလေးကို မြင်ကာ သူစိတ်မကောင်း။
ဟုတ်သားပဲ ငယ်ငယ်လေး ကတည်း က ရစ်သန်ဟာ ရန်မဖြစ်ဖူး။စကားများတာလောက်ဖြစ်ဖူးသော်လည်း တစ်ခါမှ သူတစ်ပါးကို ဆွဲထိုးလိုက်တာမျိုးမရှိ။
ဘုန်းမြတ်လင်းထွန်းသည်သာ အချိုးမပြေရင် အချိုးမပြေသလို ဆွဲထိုးပစ်လိုက်တာပင်။
အရင်တစ်ခေါက်ကလည်း သူ ဘောလုံးပွဲထဲ ရန်ဖြစ်တော့ ရစ်သန်က သူ့ကို ကြောင်ကြောင်လေး ငေးကြည့်နေခဲ့တာပဲ...။
အခုလည်း သူ့ကို ကြောက်တယ်ဆိုပြီး ဆွဲဖက်ကာ ငိုနေသူက ဝမ်းပမ်းတနည်း ။
ဘုန်းမြတ်တစ်ယောက် ကိုယ့်ဘာသာ လုပ်ခဲ့တာကိုပင် နောင်တရလာခဲ့ပါသည်။
"တော်ပါကွာ ဘာမှ မဖြစ်ဘူးနော ်။ သွေးလည်း မရှိတော့ဘူး:"
"နော် ဘာမှမဖြစ်ဘူး သိလား၊ "
အစကတော့ သွေးကို ကြောက်ကာ ငိုလိုက်သော်လည်း
ငိုရင်း ငိုရင်း ပို၍ ငိုချင်လာသည်။ ဒီရက်တွေထဲ ရစ်သန် စိတ်တွေ အရမ်းကို ပင်ပန်းနေခဲ့သည်။
မျက်ရည်မကျမိအောင် ထိန်းထားခဲ့ရသည့် ရက်တွေက ဒုနဲ့ ဒေး။
သူ အခုတော့ ဘာမှ ထိန်းမထားချင်တော့...
ထို့ကြောင့် အရင်နေ့တွေက အစားပါ ပို၍ တိုးကာ ငိုနေလိုက်သည်။
အသည်းအသန် ရှိုက်ကာ ငိုနေသူအား ဘုန်းမြတ်လင်းထွန်းတစ်ယောက် အသေချော့လိုက်ရပါသည ်။
သို့သော် အငိုတိတ်သွားသူက အခုထိ သူ့ကို စကားပြောမလာသေး။
ဘုန်းမြတ်တစ်ယောက် သောက်ခဲ့သမျှ ဘီ ယာ က ဘယ်ရောက်သွားတာလဲ မသိအောင်ပင် ချော့ခဲ့ရပါသည်။
ထွန်းလင်းဦးတို့ဆီ ပြန်ရောက်တော့လည်း ဇွတ်ငိုခဲ့တာ သူမဟုတ်သည့်အတိုင်း ခပ်တည်တည်နဲ့ ဝင်ထိုင်ကာ သူ့ကို ဘာမှပြောမလာသေး။
နီစုတ်နေသော မျက်နှာကြောင့် တစ်ခုခုဖြစ်လာသည်အထင်ဖြင့်
ဘုန်းမြတ်လင်းထွန်းကို အပြစ်ပြောကြသေးသည်။
ဘုန်းမြတ်လည်း အသေးစိတ် ပြောပြချင်စိတ်မရှိသောကြောင့် သကောင့်သားတွေ ပြောတာကိုသာ ငြိမ်ခံနေခဲ့ရသည်။
မသိရင် အခုလို ဖြစ်အောင်လုပ်တာ ဘုန်းမြတ်ကျနေတာပဲ။
မသိရင် ကိုယ်ကပဲ အနိူင်ကျင့်တယ်ပေါ့။
ဘာမှမလုပ်တာတောင် ဇွတ်အော်ငိုနေကြောင်းကိုတော့ မပြောပြဖြစ်။
ပြောပြလိုက်ပါက အရှက်သည်းသူက သူ့ကို လိုက်လုပ်မှာ မြင်ယောင်ပါသေးသည်။
8.3.24 (8:16)