မှော်ကုန်းမြေမှအစားအစာထောက်ပံ...

By Miracle-101

34.5K 3.1K 38

Author: The Might Of Leaving Blank Genre: Eastern, Fantasy Status: 95 [Completed] More

Description
Chapter 1
Chapter 2
Chapter 3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Telegram channel✨️
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82

Chapter 36

383 30 0
By Miracle-101

အပိုင်း - ၃၆ (စမ်းသပ်မှုအတွက်ထွက်ခွာခြင်း)

"မင်းဘာလိုချင်တာလဲ ငါမေးလို့ရမလား"

သူ့ဆီလာတဲ့သူကတော့ ချန်းလင်ပင်ဖြစ်၏။ ထိုအချိန်တွင် ချန်းလင်မှာ သူ့မျက်နှာတွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး လက်ကိုပိုက်လျက်ပြောလိုက်သည်။ "လင်းချီ မင်းကိုယ်မင်း ငါ့အိမ်တံခါးရှေ့ လာပို့‌ရလောက်တဲ့အထိ မိုက်မဲလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး!"

လင်းချီ ချက်ချင်း တွေးရခက်သွားသည်။ "မင်းဘာကိုဆိုလိုတာလဲ ငါနားမလည်ဘူး"

ချန်းလင် အနည်းငယ် အံ့သြသွားသော်လည်း အလျင်အမြန်ပင် စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်သည်။ “မင်းကိုပြောမယ် ငါနောက်ဆုံးအခေါက်က ကိစ္စနဲ့ပတ်သတ်ပြီး ဒေါသထွက်နေတုန်းပဲ မင်း ငကြောက်တစ်ကောင်လို ဒီမှာ တစ်သက်လုံးနေရင်နေ မဟုတ်ပဲ ဒီလေနက်ခံတပ်ထဲကနေ ထွက်သွားရဲရင်တော့ ငါမင်းကို သင်ခန်းစာပေးပစ်မယ်"

“မင်းတကယ်လုပ်မယ်ဆိုတာ ငါသိပါတယ်” လင်းချီ၏ အမူအရာမှာ အေးစက်နေပြီး သူ့စကားကို လုံးဝအလေးအနက်ထားပုံမ‌ပေါ်ပေ။

သူ့တုံ့ပြန်မှုက ချန်းလင်၏ တစ်ကိုယ်လုံးကို ဒေါသကြောင့် ထူပူသွားစေခဲ့သည်။ သူ အံကြိတ်ကာ ခေါင်းကိုတဆတ်ဆတ်ငြိမ့်သည်။ "အေး မင်းကြပ်ကြပ်သတိထား‌နေ!”

ထိုစကားကို ပြောပြီးနောက် သူ့အ‌ဖော်များနှင့်အတူ တောင်ဘက်မြို့တံခါးသို့ ဦးတည်သွားလိုက်ကြသည်။

လင်းချီ၏အဖွဲ့လည်း ပစ္စည်းများကို ထုပ်ပိုးပြီးနောက် အမြန်လိုက်သွားကြသည်။

တောင်ဘက်မြို့တံခါး၌ အစောင့်အကြပ်များစွာကို ချထား၏။ မြို့အရှင်သည်လည်း ကျန်ရှိ‌သော ပြိုင်ပွဲဝင်အနည်းငယ်ကို မျက်နှာမူလျက် ဂိတ်တံခါးရှေ့တွင် ရပ်နေသည်။ "ကောင်းပြီ ကျုပ် အခု နာမည်စာရင်းကို ထပ်အတည်ပြုမယ်"

"မုန်တိုင်းမြို့‌‌တော်ရဲ့ ပြိုင်ပွဲဝင်များ - ချန်းလင်၊ ဟွမ်ထျန်၊ လင်းမုန့်ယောင် နဲ့ မိုနာ"

"လင်းလုံမြို့‌တော်ရဲ့ ပြိုင်ပွဲဝင်များ - သုန့်လင်၊ သွမ့်အော်ထျန်၊ ကျီယန် နှင့် ပိုင်ဖုန်း"

"ချီရှင်းမြို့တော်ရဲ့ ပြိုင်ပွဲဝင်များ - မင်လုံ၊ မော့ရွှယ် နဲ့ ထျန်ကောင်း"

"ဆန်းသစ်လမြို့တော်ရဲ့ ပြိုင်ပွဲဝင်များ - လင်းချီ၊ လူးဝစ် နဲ့ ယွီမုန့်"

လူသာနှင့် ကျင်လင်လင်တို့က နောက်လိုက်များအနေဖြင့်သာ လိုက်ပါခဲ့ခြင်းဖြစ်သောကြောင့် စာရင်းတွင် မပါဝင်ကြပေ။

ပါဝင်သူအားလုံး ထိုနေရာတွင် စုဝေးနေကြသည်။ စုစုပေါင်းဆယ့်လေးယောက်ရှိပြီး အုပ်စုလေးစုခွဲထားသည်။ အဖွဲ့တစ်ခုစီသည် လမ်းကြောင်းမတူညီသောကြောင့် ပါဝင်သူများသည် အင်အားပူးပေါင်း၍ မရနိုင်ပေ။

မြို့အရှင်က နောက်ထပ် စည်းမျဉ်းတစ်ခုကို ကြေညာလိုက်သည်။ "မင်းတို့မှာ အချိန်ခုနှစ်ရက်ပဲရှိတယ်ဆိုတာကို သတိရကြပါ။ အဲ့ခုနစ်ရက်အတွင်း ကြယ်ငါးပွင့်မှော်အဆီအနှစ်ကို မရရင် စမ်းသပ်မှု ကျရှုံးတယ်လို့ သတ်မှတ်မယ်”

ထိုသို့ပြောပြီးနောက် အိတ်ကပ်ထဲမှ စာလိပ်နှစ်လိပ်ကို ထုတ်ကာ လူတိုင်းကို ပြောလိုက်သည်။ “အားလုံးပဲ ကျုပ်မှာ နောက်ထပ် အပိုဆုတစ်ခု ရှိ‌သေးတယ် စာလိပ်တစ်လိပ်မှာ ရေးထားတာက အဆင့်မြင့်မှော်မန္တာန်ပဲ မှော်ဆရာအားလုံး သုံးလို့ရတယ် နောက်တစ်ခုကကျ ဓားသမားတွေအတွက် အဆင့်မြင့်ဓားသိုင်းကျင့်စဉ်ကို ရေးထားတယ်”

"မင်းတို့ ဒီစာလိပ်‌တွေကို ရချင်ရင် ကြယ်ငါးပွင့်မှော်အဆီအနှစ်ကို သတ်မှတ်ထားတဲ့ မစ်ရှင်နေရာမှာ ပထမဆုံးအပ်နိုင်ရမယ်"

ထိုသတင်းကိုကြားပြီးနောက် လူတိုင်း၏နှလုံးသားထဲ၌ တိုက်ပွဲဝင်ချင်သော စိတ်ဓာတ်‌တို့ တောက်လောင်လာကြရသည်။

ယင်းစာလိပ်တို့မှာ အဆင့်မြင့်‌ မှော်မန္တာန်နှင့် ဓားကျင့်စဥ်တို့ဖြစ်၏။ မည်သူမဆို ထိုကဲ့သို့သော ရတနာမျိုးကို လက်ဝယ်ပိုင်ဆိုင်လိုကြသည်။

"ယွီမုန့် ကြားလား ငါတို့ အောင်မြင်အောင်လုပ်နိုင်ရင် အရမ်းတန်ဖိုးကြီးတဲ့ အဆင့်မြင့်မှော်စာလိပ်ကိုရမှာ‌” လူးဝစ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သို့သော်လည်း ယွီမုန့်က မျက်ဆံလှန်လိုက်မိပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ “နင် အရမ်း လှလှပပလေးတွေးနေတာပဲ အဲဒီစာလိပ်တွေကို ငါတို့ ရနိုင်မှာတောင် မဟုတ်ဘူး!”

"ဘာလို့လဲ?"

"ငါတို့နဲ့ ထိပ်တိုက်တွေ့မယ့်လူတွေက ဘယ်လိုလူမျိုးတွေလဲဆိုတာ မင်းတစ်ချက်ကြည့်လိုက်သင့်တယ်" လင်းချီက ပြုံးပြီး ထပ်ဖြည့်ပြောလိုက်သည်။

အခြားအုပ်စုများတွင် အဆင့်နိမ့်ဆုံးယှဥ်ပြိုင်သူပင် အဆင့်မြင့်ဓားသခင်အဆင့်များဖြစ်ကြသည်။ ချန်းလင်ကဲ့သို့သော ပါရမီရှင်တစ်ဦးပလည်း ပါရှိနေသေးသည်။ ထိုစာလိပ်များကို ရရှိရန်မှာ ကောင်းကင်သို့တက်ရခြင်းထက် ခက်ခဲမှာ မလွဲဧကန်ပင်။

ထို့ကြောင့် သူတို့မှာ စာလိပ်များအကြောင်းကို ယောင်လို့တောင် မတွေးဝံ့ကြပေ။ နောက်ဆုံး စမ်းသပ်ပွဲကို ကျော်ဖြတ်ဖို့ပဲ မျှော်လင့်မိသည်။

"ကောင်းပြီ! အားလုံးလည်း နားလည်
လောက်ပြီဆိုတော့ ထွက်ခွာကြစို့”

မြို့အရှင်၏ ကြွေးကြော်သံကို ကြားပြီးနောက် လူငယ်ဆယ့်လေးယောက်တို့မှာ မြို့ပြင်သို့ မတူညီသော ဦးတည်ချက်များဖြင့် ထွက်ခွာလာကြသည်။

မြို့မှထွက်ခွာပြီးနောက် ချန်းလင်သည် လင်းချီအား အပြင်းအထန် စိုက်ကြည့်‌နေ၏။ သူ၏နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး ရက်စက်တဲ့ အပြုံးကိုတောင် ထုတ်ပြလိုက်‌သေးသည်။ ပြောစရာမလိုအောင်ပင် လင်းချီကို နောက်ပိုင်းမှာ ဒုက္ခပေးတော့မည်။

လင်းချီအသက်ရှူထုတ်ပြီး အများကြီးမတွေးဘဲ ရှေ့ကို အမြန်လျှောက်သွားလိုက်သည်။

တောင်ပိုင်း မြက်ခင်းပြင်သို့ ဝင်ရောက်ရန် စုစုပေါင်း လမ်းလေးခုရှိသည်။ လင်းချီနှင့် အခြားသူများက အနည်းငယ် ဘေးကင်းသော စတုတ္ထလမ်းကို ရွေးချယ်ခဲ့ကြသည်။ သို့သော် ထိုလမ်းကြောင်းသည် အချိန်အကြာဆုံးဖြစ်၏။

ထိုအချိန်တွင် မုန်တိုင်းမြို့‌တော်မှ ချန်းလင်ကတော့ အခက်ခဲဆုံးလမ်းကြောင်းကို ရွေးချယ်ခဲ့သော်လည်း ၎င်းက အတိုဆုံးလမ်း ဖြစ်သည်။

ထိုလမ်းကြောင်းကို သွားမည်ဆိုပါက ကြယ်လေးပွင့်နတ်ဆိုးသားရဲများနှင့် ကြုံတွေ့နိုင်သည်ကို သိရမည်ဖြစ်သည်။ သူတို့ရဲ့ အရည်အချင်းအလိုက် ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပေမယ့် အနိုင်ယူဖို့ အချိန်အနည်းငယ်ယူရတာမို့ ဤစမ်းသပ်ပွဲ၌ မြန်မြန်ဆန်ဆန် လွယ်ကူတဲ့ လမ်းကြောင်းဟူ၍ မရှိပေ။

ကျန်ပါဝင်သူများသည်လည်း အန္တရာယ်အမျိုးမျိုးတည်ရှိနေသော လမ်းများပေါ်သို့ လျှောက်လှမ်းသွားကြသည်။

လမ်းတစ်လျှောက်တွင် လူးဝစ်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ ကြောက်လန့်စွာ စိုးရိမ်ပူပင်မှုများနှင့် ဘေးပတ်လည်ကို ကြည့်နေခဲ့သည်။

သို့သော် ဓားသမားဖြစ်‌သော သူ့အတွက် ကြီးမားသောအန္တရာယ်အား ခံစားနေမိသော ဆဠမ‌အာရုံဖြင့် ဖိနှိပ်ခံရသည်မှာ သဘာဝပင်ဖြစ်သည်။

"လင်းချီ နင်ဘာလို့ ကျင်းလင်လင်ကို ဒီကို ခေါ်လာတာလဲ" ယွီမုန့်က မေးသည်။

လင်းချီလည်း ကူကယ်ရာမဲ့နေခဲ့သည်။ ကျင်းလင်လင်က သူ့နောက်ကို လိုက်ဖို့ အတင်းအကြပ်ပြောဆိုခဲ့သောကြောင့် သူဘာမှလုပ်လို့ကို မရ‌ပေ။

“ငါလည်း ဘာမှ မတတ်နိုင်ဘူး ငါ့ကို သူ့ဆရာအဖြစ်ခံယူပြီး ငါ့နောက်ကို အတင်းအကြပ်လိုက်လာတာ‌လေ”

“ဆရာ ဟုတ်လား?”

ယွီမုန့်၏ မျက်နှာက ပို၍ လေးနက်လာကာ လင်းချီ၏ လည်ပင်းကို သူမ၏ မှော်တုတ်တံဖြင့်‌‌ ထောက်လိုက်ပြီး ပြောသည်။ "နင် သူ့ကို လိုက်ခဲ့ဖို့ အတင်းအကြပ်ခေါ်လာတာလို့ ငါ့ကိုမပြောနဲ့..."

"ဘာတွေပြောနေတာလဲ သူကသာ ငါ့ကို အတင်းအကြပ်တွယ်ကပ်နေတဲ့သူပါဟ!"

"ဟမ့်!"

ယွီမုန့် အေးစက်စွာ နှာမှုတ်လိုက်သည်။

သူတို့ တောထဲကို ဝင်ရောက်လာပြီဖြစ်သည်။ တောင်ပိုင်းမြက်ခင်းပြင်သို့ ရောက်ရန် ဤတောအုပ်မှာ ဖြတ်ကို ဖြတ်သန်းသွားရမည့် နေရာတစ်ခုဖြစ်သည်။

ထို့အပြင် ဒီတောအုပ်ကိုဖြတ်ကျော်ရန် အချို့သောမိစ္ဆာသားရဲများကို အနိုင်ယူမှရလိမ့်မည်။

သို့သော်လည်း လင်းချီနှင့် အခြားသူများက အလုံခြုံဆုံးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် အဆင့်နိမ့်နတ်ဆိုးသားရဲအချို့သာ ရှိပြီး သူတို့လေးယောက် အတူတူအလုပ်လုပ်ရုံနဲ့ တစ်ကောင်ပြီး တစ်ကောင် အနိုင်ယူနိုင်‌ပေသည်။

"အခုထိ မိစ္ဆာသားရဲအကောင်သေးသေးလေးတွေနဲ့ပဲ ကြုံရသေးပေမယ့် ကြယ်လေးပွင့် နတ်ဆိုးသားရဲတစ်ကောင်သာ ရောက်လာရင် ငါတို့တော့ ဒုက္ခရောက်ပြီပဲ!"

လင်းချီစကားမဆုံးခင်မှာပင် ခပ်ဝေးဝေးမှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုတစ်ခုကို တွေ့လိုက်ရသည်။ ထို့နောက် တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်သွားသော အော်သံတစ်ခု မြည်ဟည်းသွားသည်။

လူတိုင်း ချက်ချင်းပင် ဖြူဖျော့သွားကြ၏။

လူးဝစ်က တုန်လှုပ်နေသောအသံဖြင့် “မင်းတို့ ...ကြားကြလား အဲ့အော်သံကိုလေ!”

“ငါအမှတ်မမှားဘူးဆိုရင် လင်းလုံမြို့‌တော်က ယှဉ်ပြိုင်သူတွေက တတိယလမ်းကို ရွေးကြတာပဲ”

“ခုနက အမျိုးသမီးအသံ... သူတို့ အခက်အခဲ ကြုံနေရတာများလား”

လင်းချီ သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ “အဲ့ဒါကို စိတ်မပူစမ်းနဲ့ ငါတို့ဒီကို စမ်းသပ်မှုဖြတ်ကျော်ဖို့ ရောက်လာတာ သူရဲကောင်းလုပ်ဖို့မဟုတ်ဘူး”

တကယ်တမ်း လူးဝစ်နဲ့ ယွီမုန့်တို့မှာလည်း သွားကြည့်ဖို့တောင် မစဉ်းစားမိကြ‌ပေ။

ထို့နောက် သူတို့ သုံးယောက်သည် တောအုပ်အတွင်းက လမ်းသေးသေးလေးတွင် ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။ ထိုနေရာသည် အတော်လေး တိတ်ဆိတ်နေပြီး ပတ်ဝန်းကျင်တွင် မိစ္ဆာသားရဲကောင်များ များများစားစား မရှိပေ။ အဲဒါက သူတို့အတွက် တကယ်ကောင်းတဲ့အရာပင်ဖြစ်သည်။

သို့သော် သူတို့ သံသယဖြစ်စရာမှာ လမ်းတစ်လျှောက်တွင် မိစ္ဆာသားရဲများများစားစား မတွေ့ခဲ့ရသော်လည်း သူတို့၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ လျော့ကျသွားခြင်း ဖြစ်၏။

လင်းချီက ဤနေရာသည် ယခုအချိန်အတွင်းတော့ အတော်အတန် လုံခြုံသည်ကို သိသောကြောင့် "ဒီမှာ ခဏလောက် အနားယူပြီး ငါတို့ရဲ့ စွမ်းအင်တွေ ပြန်ဖြည့်ရအောင်!"

သူတို့အားလုံး မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကြသော်လည်း ပတ်ဝန်းကျင်ကို အနည်းငယ် သတိထားနေကြဆဲဖြစ်သည်။

သူတို့အထဲမှာ ကျင်းလင်လင်ကတော့ အပေါ့ပါးဆုံးပင်။ ထိုမိန်းကလေးမှာ အကြောက်အလန့်ဆိုတာကို သိပုံမရ။ သူလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ရှာချင်ရင် မည်သည့်နေရာကိုမဆို သွားသည်။

ဒါတောင် သူမအပြင်ထွက်ခဲသည်။ သူမသည် လေနက်ခံတပ်ရှိ ပင်မတည်းခိုဆောင်၏ မီးဖိုချောင်တွင်သာ နေလေ့ရှိသည်။ ပါဝင်ပစ္စည်းများကို သူမတောင်းလိုက်သည်နှင့် တစ်စုံတစ်ယောက်က နောက်နေ့တွင် သူမအတွက် ရှာဖွေယူဆောင်လာပေးပြီးသားဖြစ်သည်။

ဒီနေ့က သူမဘာသာသူမ ဒုတိယအကြိမ်မြောက် အပြင်ထွက်ခြင်းပင်။

သေချာပေါက် သူမ အရမ်းစိတ်လှုပ်ရှားနေတာပေါ့။

~~~
April Fool dayအနေနဲ့လအစကို ဒီနေ့နဲ့မနက်ဖြန်ည၉နာရီအတွင်း လာဝယ်သူများအတွက် promotion ရှိပါမယ်နော်
ကြင်ယာတော်မင်းသမီးကို Gp1[1-120], Gp2[121-240],Gp3[241-360]သုံးခုလုံးကို5500

မှော်ကုန်းမြေကို၂၀၀၀နဲ့လာရောက်ဝယ်ယူလို့ရပါပြီရှင့်


အပိုင္း - ၃၆ (စမ္းသပ္မႈအတြက္ထြက္ခြာျခင္း)

"မင္းဘာလိုခ်င္တာလဲ ငါေမးလို႔ရမလား"

သူ႔ဆီလာတဲ့သူကေတာ့ ခ်န္းလင္ပင္ျဖစ္၏။ ထိုအခ်ိန္တြင္ ခ်န္းလင္မွာ သူ႔မ်က္ႏွာတြင္ အၿပဳံးတစ္ခုကို ခ်ိတ္ဆြဲထားၿပီး လက္ကိုပိုက္လ်က္ေျပာလိုက္သည္။ "လင္းခ်ီ မင္းကိုယ္မင္း ငါ့အိမ္တံခါးေရွ႕ လာပို႔‌ရေလာက္တဲ့အထိ မိုက္မဲလိမ့္မယ္လို႔ ငါမထင္ခဲ့ဘူး!"

လင္းခ်ီ ခ်က္ခ်င္း ေတြးရခက္သြားသည္။ "မင္းဘာကိုဆိုလိုတာလဲ ငါနားမလည္ဘူး"

ခ်န္းလင္ အနည္းငယ္ အံ့ၾသသြားေသာ္လည္း အလ်င္အျမန္ပင္ စိတ္ကို တည္ၿငိမ္ေအာင္လုပ္လိုက္သည္။ “မင္းကိုေျပာမယ္ ငါေနာက္ဆုံးအေခါက္က ကိစၥနဲ႔ပတ္သတ္ၿပီး ေဒါသထြက္ေနတုန္းပဲ မင္း ငေၾကာက္တစ္ေကာင္လို ဒီမွာ တစ္သက္လုံးေနရင္ေန မဟုတ္ပဲ ဒီေလနက္ခံတပ္ထဲကေန ထြက္သြားရဲရင္ေတာ့ ငါမင္းကို သင္ခန္းစာေပးပစ္မယ္"

“မင္းတကယ္လုပ္မယ္ဆိုတာ ငါသိပါတယ္” လင္းခ်ီ၏ အမူအရာမွာ ေအးစက္ေနၿပီး သူ႔စကားကို လုံးဝအေလးအနက္ထားပုံမ‌ေပၚေပ။

သူ႔တုံ႔ျပန္မႈက ခ်န္းလင္၏ တစ္ကိုယ္လုံးကို ေဒါသေၾကာင့္ ထူပူသြားေစခဲ့သည္။ သူ အံႀကိတ္ကာ ေခါင္းကိုတဆတ္ဆတ္ၿငိမ့္သည္။ "ေအး မင္းၾကပ္ၾကပ္သတိထား‌ေန!”

ထိုစကားကို ေျပာၿပီးေနာက္ သူ႔အ‌ေဖာ္မ်ားႏွင့္အတူ ေတာင္ဘက္ၿမိဳ႕တံခါးသို႔ ဦးတည္သြားလိုက္ၾကသည္။

လင္းခ်ီ၏အဖြဲ႕လည္း ပစၥည္းမ်ားကို ထုပ္ပိုးၿပီးေနာက္ အျမန္လိုက္သြားၾကသည္။

ေတာင္ဘက္ၿမိဳ႕တံခါး၌ အေစာင့္အၾကပ္မ်ားစြာကို ခ်ထား၏။ ၿမိဳ႕အရွင္သည္လည္း က်န္ရွိ‌ေသာ ၿပိဳင္ပြဲဝင္အနည္းငယ္ကို မ်က္ႏွာမူလ်က္ ဂိတ္တံခါးေရွ႕တြင္ ရပ္ေနသည္။ "ေကာင္းၿပီ က်ဳပ္ အခု နာမည္စာရင္းကို ထပ္အတည္ျပဳမယ္"

"မုန္တိုင္းၿမိဳ႕‌‌ေတာ္ရဲ႕ ၿပိဳင္ပြဲဝင္မ်ား - ခ်န္းလင္၊ ဟြမ္ထ်န္၊ လင္းမုန႔္ေယာင္ နဲ႔ မိုနာ"

"လင္းလုံၿမိဳ႕‌ေတာ္ရဲ႕ ၿပိဳင္ပြဲဝင္မ်ား - သုန႔္လင္၊ သြမ့္ေအာ္ထ်န္၊ က်ီယန္ ႏွင့္ ပိုင္ဖုန္း"

"ခ်ီရွင္းၿမိဳ႕ေတာ္ရဲ႕ ၿပိဳင္ပြဲဝင္မ်ား - မင္လုံ၊ ေမာ့႐ႊယ္ နဲ႔ ထ်န္ေကာင္း"

"ဆန္းသစ္လၿမိဳ႕ေတာ္ရဲ႕ ၿပိဳင္ပြဲဝင္မ်ား - လင္းခ်ီ၊ လူးဝစ္ နဲ႔ ယြီမုန႔္"

လူသာႏွင့္ က်င္လင္လင္တို႔က ေနာက္လိုက္မ်ားအေနျဖင့္သာ လိုက္ပါခဲ့ျခင္းျဖစ္ေသာေၾကာင့္ စာရင္းတြင္ မပါဝင္ၾကေပ။

ပါဝင္သူအားလုံး ထိုေနရာတြင္ စုေဝးေနၾကသည္။ စုစုေပါင္းဆယ့္ေလးေယာက္ရွိၿပီး အုပ္စုေလးစုခြဲထားသည္။ အဖြဲ႕တစ္ခုစီသည္ လမ္းေၾကာင္းမတူညီေသာေၾကာင့္ ပါဝင္သူမ်ားသည္ အင္အားပူးေပါင္း၍ မရႏိုင္ေပ။

ၿမိဳ႕အရွင္က ေနာက္ထပ္ စည္းမ်ဥ္းတစ္ခုကို ေၾကညာလိုက္သည္။ "မင္းတို႔မွာ အခ်ိန္ခုႏွစ္ရက္ပဲရွိတယ္ဆိုတာကို သတိရၾကပါ။ အဲ့ခုနစ္ရက္အတြင္း ၾကယ္ငါးပြင့္ေမွာ္အဆီအႏွစ္ကို မရရင္ စမ္းသပ္မႈ က်ရႈံးတယ္လို႔ သတ္မွတ္မယ္”

ထိုသို႔ေျပာၿပီးေနာက္ အိတ္ကပ္ထဲမွ စာလိပ္ႏွစ္လိပ္ကို ထုတ္ကာ လူတိုင္းကို ေျပာလိုက္သည္။ “အားလုံးပဲ က်ဳပ္မွာ ေနာက္ထပ္ အပိုဆုတစ္ခု ရွိ‌ေသးတယ္ စာလိပ္တစ္လိပ္မွာ ေရးထားတာက အဆင့္ျမင့္ေမွာ္မႏၲာန္ပဲ ေမွာ္ဆရာအားလုံး သုံးလို႔ရတယ္ ေနာက္တစ္ခုကက် ဓားသမားေတြအတြက္ အဆင့္ျမင့္ဓားသိုင္းက်င့္စဥ္ကို ေရးထားတယ္”

"မင္းတို႔ ဒီစာလိပ္‌ေတြကို ရခ်င္ရင္ ၾကယ္ငါးပြင့္ေမွာ္အဆီအႏွစ္ကို သတ္မွတ္ထားတဲ့ မစ္ရွင္ေနရာမွာ ပထမဆုံးအပ္ႏိုင္ရမယ္"

ထိုသတင္းကိုၾကားၿပီးေနာက္ လူတိုင္း၏ႏွလုံးသားထဲ၌ တိုက္ပြဲဝင္ခ်င္ေသာ စိတ္ဓာတ္‌တို႔ ေတာက္ေလာင္လာၾကရသည္။

ယင္းစာလိပ္တို႔မွာ အဆင့္ျမင့္‌ ေမွာ္မႏၲာန္ႏွင့္ ဓားက်င့္စဥ္တို႔ျဖစ္၏။ မည္သူမဆို ထိုကဲ့သို႔ေသာ ရတနာမ်ိဳးကို လက္ဝယ္ပိုင္ဆိုင္လိုၾကသည္။

"ယြီမုန္႔ ၾကားလား ငါတို႔ ေအာင္ျမင္ေအာင္လုပ္ႏိုင္ရင္ အရမ္းတန္ဖိုးႀကီးတဲ့ အဆင့္ျမင့္ေမွာ္စာလိပ္ကိုရမွာ‌” လူးဝစ္က စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္။

သို႔ေသာ္လည္း ယြီမုန႔္က မ်က္ဆံလွန္လိုက္မိၿပီး ကူကယ္ရာမဲ့စြာ သက္ျပင္းခ်လိုက္သည္။ “နင္ အရမ္း လွလွပပေလးေတြးေနတာပဲ အဲဒီစာလိပ္ေတြကို ငါတို႔ ရႏိုင္မွာေတာင္ မဟုတ္ဘူး!”

"ဘာလို႔လဲ?"

"ငါတို႔နဲ႔ ထိပ္တိုက္ေတြ႕မယ့္လူေတြက ဘယ္လိုလူမ်ိဳးေတြလဲဆိုတာ မင္းတစ္ခ်က္ၾကည့္လိုက္သင့္တယ္" လင္းခ်ီက ၿပဳံးၿပီး ထပ္ျဖည့္ေျပာလိုက္သည္။

အျခားအုပ္စုမ်ားတြင္ အဆင့္နိမ့္ဆုံးယွဥ္ၿပိဳင္သူပင္ အဆင့္ျမင့္ဓားသခင္အဆင့္မ်ားျဖစ္ၾကသည္။ ခ်န္းလင္ကဲ့သို႔ေသာ ပါရမီရွင္တစ္ဦးပလည္း ပါရွိေနေသးသည္။ ထိုစာလိပ္မ်ားကို ရရွိရန္မွာ ေကာင္းကင္သို႔တက္ရျခင္းထက္ ခက္ခဲမွာ မလြဲဧကန္ပင္။

ထို႔ေၾကာင့္ သူတို႔မွာ စာလိပ္မ်ားအေၾကာင္းကို ေယာင္လို႔ေတာင္ မေတြးဝံ့ၾကေပ။ ေနာက္ဆုံး စမ္းသပ္ပြဲကို ေက်ာ္ျဖတ္ဖို႔ပဲ ေမွ်ာ္လင့္မိသည္။

"ေကာင္းၿပီ! အားလုံးလည္း နားလည္
ေလာက္ၿပီဆိုေတာ့ ထြက္ခြာၾကစို႔”

ၿမိဳ႕အရွင္၏ ေႂကြးေၾကာ္သံကို ၾကားၿပီးေနာက္ လူငယ္ဆယ့္ေလးေယာက္တို႔မွာ ၿမိဳ႕ျပင္သို႔ မတူညီေသာ ဦးတည္ခ်က္မ်ားျဖင့္ ထြက္ခြာလာၾကသည္။

ၿမိဳ႕မွထြက္ခြာၿပီးေနာက္ ခ်န္းလင္သည္ လင္းခ်ီအား အျပင္းအထန္ စိုက္ၾကည့္‌ေန၏။ သူ၏ႏႈတ္ခမ္းေထာင့္က ေကြးတက္သြားၿပီး ရက္စက္တဲ့ အၿပဳံးကိုေတာင္ ထုတ္ျပလိုက္‌ေသးသည္။ ေျပာစရာမလိုေအာင္ပင္ လင္းခ်ီကို ေနာက္ပိုင္းမွာ ဒုကၡေပးေတာ့မည္။

လင္းခ်ီအသက္ရႉထုတ္ၿပီး အမ်ားႀကီးမေတြးဘဲ ေရွ႕ကို အျမန္ေလွ်ာက္သြားလိုက္သည္။

ေတာင္ပိုင္း ျမက္ခင္းျပင္သို႔ ဝင္ေရာက္ရန္ စုစုေပါင္း လမ္းေလးခုရွိသည္။ လင္းခ်ီႏွင့္ အျခားသူမ်ားက အနည္းငယ္ ေဘးကင္းေသာ စတုတၳလမ္းကို ေ႐ြးခ်ယ္ခဲ့ၾကသည္။ သို႔ေသာ္ ထိုလမ္းေၾကာင္းသည္ အခ်ိန္အၾကာဆုံးျဖစ္၏။

ထိုအခ်ိန္တြင္ မုန္တိုင္းၿမိဳ႕‌ေတာ္မွ ခ်န္းလင္ကေတာ့ အခက္ခဲဆုံးလမ္းေၾကာင္းကို ေ႐ြးခ်ယ္ခဲ့ေသာ္လည္း ၎က အတိုဆုံးလမ္း ျဖစ္သည္။

ထိုလမ္းေၾကာင္းကို သြားမည္ဆိုပါက ၾကယ္ေလးပြင့္နတ္ဆိုးသားရဲမ်ားႏွင့္ ႀကဳံေတြ႕ႏိုင္သည္ကို သိရမည္ျဖစ္သည္။ သူတို႔ရဲ႕ အရည္အခ်င္းအလိုက္ ကိုင္တြယ္ေျဖရွင္းႏိုင္မွာ ျဖစ္ေပမယ့္ အႏိုင္ယူဖို႔ အခ်ိန္အနည္းငယ္ယူရတာမို႔ ဤစမ္းသပ္ပြဲ၌ ျမန္ျမန္ဆန္ဆန္ လြယ္ကူတဲ့ လမ္းေၾကာင္းဟူ၍ မရွိေပ။

က်န္ပါဝင္သူမ်ားသည္လည္း အႏၲရာယ္အမ်ိဳးမ်ိဳးတည္ရွိေနေသာ လမ္းမ်ားေပၚသို႔ ေလွ်ာက္လွမ္းသြားၾကသည္။

လမ္းတစ္ေလွ်ာက္တြင္ လူးဝစ္မွာ အလြန္အမင္း စိတ္လႈပ္ရွားေန၏။ ေၾကာက္လန႔္စြာ စိုးရိမ္ပူပင္မႈမ်ားႏွင့္ ေဘးပတ္လည္ကို ၾကည့္ေနခဲ့သည္။

သို႔ေသာ္ ဓားသမားျဖစ္‌ေသာ သူ႔အတြက္ ႀကီးမားေသာအႏၲရာယ္အား ခံစားေနမိေသာ ဆဠမ‌အာ႐ုံျဖင့္ ဖိႏွိပ္ခံရသည္မွာ သဘာဝပင္ျဖစ္သည္။

"လင္းခ်ီ နင္ဘာလို႔ က်င္းလင္လင္ကို ဒီကို ေခၚလာတာလဲ" ယြီမုန႔္က ေမးသည္။

လင္းခ်ီလည္း ကူကယ္ရာမဲ့ေနခဲ့သည္။ က်င္းလင္လင္က သူ႔ေနာက္ကို လိုက္ဖို႔ အတင္းအၾကပ္ေျပာဆိုခဲ့ေသာေၾကာင့္ သူဘာမွလုပ္လို႔ကို မရ‌ေပ။

“ငါလည္း ဘာမွ မတတ္ႏိုင္ဘူး ငါ့ကို သူ႔ဆရာအျဖစ္ခံယူၿပီး ငါ့ေနာက္ကို အတင္းအၾကပ္လိုက္လာတာ‌ေလ”

“ဆရာ ဟုတ္လား?”

ယြီမုန႔္၏ မ်က္ႏွာက ပို၍ ေလးနက္လာကာ လင္းခ်ီ၏ လည္ပင္းကို သူမ၏ ေမွာ္တုတ္တံျဖင့္‌‌ ေထာက္လိုက္ၿပီး ေျပာသည္။ "နင္ သူ႔ကို လိုက္ခဲ့ဖို႔ အတင္းအၾကပ္ေခၚလာတာလို႔ ငါ့ကိုမေျပာနဲ႔..."

"ဘာေတြေျပာေနတာလဲ သူကသာ ငါ့ကို အတင္းအၾကပ္တြယ္ကပ္ေနတဲ့သူပါဟ!"

"ဟမ့္!"

ယြီမုန႔္ ေအးစက္စြာ ႏွာမႈတ္လိုက္သည္။

သူတို႔ ေတာထဲကို ဝင္ေရာက္လာၿပီျဖစ္သည္။ ေတာင္ပိုင္းျမက္ခင္းျပင္သို႔ ေရာက္ရန္ ဤေတာအုပ္မွာ ျဖတ္ကို ျဖတ္သန္းသြားရမည့္ ေနရာတစ္ခုျဖစ္သည္။

ထို႔အျပင္ ဒီေတာအုပ္ကိုျဖတ္ေက်ာ္ရန္ အခ်ိဳ႕ေသာမိစာၦသားရဲမ်ားကို အႏိုင္ယူမွရလိမ့္မည္။

သို႔ေသာ္လည္း လင္းခ်ီႏွင့္ အျခားသူမ်ားက အလုံၿခဳံဆုံးလမ္းေၾကာင္းကို ေ႐ြးခ်ယ္ခဲ့ၾကသည္။ လမ္းတစ္ေလွ်ာက္တြင္ အဆင့္နိမ့္နတ္ဆိုးသားရဲအခ်ိဳ႕သာ ရွိၿပီး သူတို႔ေလးေယာက္ အတူတူအလုပ္လုပ္႐ုံနဲ႔ တစ္ေကာင္ၿပီး တစ္ေကာင္ အႏိုင္ယူႏိုင္‌ေပသည္။

"အခုထိ မိစာၦသားရဲအေကာင္ေသးေသးေလးေတြနဲ႔ပဲ ႀကဳံရေသးေပမယ့္ ၾကယ္ေလးပြင့္ နတ္ဆိုးသားရဲတစ္ေကာင္သာ ေရာက္လာရင္ ငါတို႔ေတာ့ ဒုကၡေရာက္ၿပီပဲ!"

လင္းခ်ီစကားမဆုံးခင္မွာပင္ ခပ္ေဝးေဝးမွ ပုံမွန္မဟုတ္ေသာ လႈပ္ရွားမႈတစ္ခုကို ေတြ႕လိုက္ရသည္။ ထို႔ေနာက္ ေတာအုပ္တစ္ခုလုံး ပဲ့တင္ထပ္သြားေသာ ေအာ္သံတစ္ခု ျမည္ဟည္းသြားသည္။

လူတိုင္း ခ်က္ခ်င္းပင္ ျဖဴေဖ်ာ့သြားၾက၏။

လူးဝစ္က တုန္လႈပ္ေနေသာအသံျဖင့္ “မင္းတို႔ ...ၾကားၾကလား အဲ့ေအာ္သံကိုေလ!”

“ငါအမွတ္မမွားဘူးဆိုရင္ လင္းလုံၿမိဳ႕‌ေတာ္က ယွဥ္ၿပိဳင္သူေတြက တတိယလမ္းကို ေ႐ြးၾကတာပဲ”

“ခုနက အမ်ိဳးသမီးအသံ... သူတို႔ အခက္အခဲ ႀကဳံေနရတာမ်ားလား”

လင္းခ်ီ သက္ျပင္းခ်လိုက္ၿပီး ေခါင္းယမ္းလိုက္သည္။ “အဲ့ဒါကို စိတ္မပူစမ္းနဲ႔ ငါတို႔ဒီကို စမ္းသပ္မႈျဖတ္ေက်ာ္ဖို႔ ေရာက္လာတာ သူရဲေကာင္းလုပ္ဖို႔မဟုတ္ဘူး”

တကယ္တမ္း လူးဝစ္နဲ႔ ယြီမုန္႔တို႔မွာလည္း သြားၾကည့္ဖို႔ေတာင္ မစဥ္းစားမိၾက‌ေပ။

ထို႔ေနာက္ သူတို႔ သုံးေယာက္သည္ ေတာအုပ္အတြင္းက လမ္းေသးေသးေလးတြင္ ဆက္လက္ ေလွ်ာက္လွမ္းခဲ့ၾကသည္။ ထိုေနရာသည္ အေတာ္ေလး တိတ္ဆိတ္ေနၿပီး ပတ္ဝန္းက်င္တြင္ မိစာၦသားရဲေကာင္မ်ား မ်ားမ်ားစားစား မရွိေပ။ အဲဒါက သူတို႔အတြက္ တကယ္ေကာင္းတဲ့အရာပင္ျဖစ္သည္။

သို႔ေသာ္ သူတို႔ သံသယျဖစ္စရာမွာ လမ္းတစ္ေလွ်ာက္တြင္ မိစာၦသားရဲမ်ားမ်ားစားစား မေတြ႕ခဲ့ရေသာ္လည္း သူတို႔၏ ခႏၶာကိုယ္တြင္းရွိ စြမ္းအင္မ်ား ေလ်ာ့က်သြားျခင္း ျဖစ္၏။

လင္းခ်ီက ဤေနရာသည္ ယခုအခ်ိန္အတြင္းေတာ့ အေတာ္အတန္ လုံၿခဳံသည္ကို သိေသာေၾကာင့္ "ဒီမွာ ခဏေလာက္ အနားယူၿပီး ငါတို႔ရဲ႕ စြမ္းအင္ေတြ ျပန္ျဖည့္ရေအာင္!"

သူတို႔အားလုံး ေျမျပင္ေပၚတြင္ ထိုင္ခ်လိုက္ၾကေသာ္လည္း ပတ္ဝန္းက်င္ကို အနည္းငယ္ သတိထားေနၾကဆဲျဖစ္သည္။

သူတို႔အထဲမွာ က်င္းလင္လင္ကေတာ့ အေပါ့ပါးဆုံးပင္။ ထိုမိန္းကေလးမွာ အေၾကာက္အလန႔္ဆိုတာကို သိပုံမရ။ သူလိုအပ္တဲ့ ပါဝင္ပစၥည္းေတြကို ရွာခ်င္ရင္ မည္သည့္ေနရာကိုမဆို သြားသည္။

ဒါေတာင္ သူမအျပင္ထြက္ခဲသည္။ သူမသည္ ေလနက္ခံတပ္ရွိ ပင္မတည္းခိုေဆာင္၏ မီးဖိုေခ်ာင္တြင္သာ ေနေလ့ရွိသည္။ ပါဝင္ပစၥည္းမ်ားကို သူမေတာင္းလိုက္သည္ႏွင့္ တစ္စုံတစ္ေယာက္က ေနာက္ေန႔တြင္ သူမအတြက္ ရွာေဖြယူေဆာင္လာေပးၿပီးသားျဖစ္သည္။

ဒီေန႔က သူမဘာသာသူမ ဒုတိယအႀကိမ္ေျမာက္ အျပင္ထြက္ျခင္းပင္။

ေသခ်ာေပါက္ သူမ အရမ္းစိတ္လႈပ္ရွားေနတာေပါ့။

~~~
April Fool dayအေနနဲ႔လအစကို ဒီေန႔နဲ႔မနက္ျဖန္ည၉နာရီအတြင္း လာဝယ္သူမ်ားအတြက္ promotion ရွိပါမယ္ေနာ္
ၾကင္ယာေတာ္မင္းသမီးကို Gp1[1-120], Gp2[121-240],Gp3[241-360]သုံးခုလုံးကို5500

ေမွာ္ကုန္းေျမကို၂၀၀၀နဲ႔လာေရာက္ဝယ္ယူလို႔ရပါၿပီရွင့္

Continue Reading

You'll Also Like

1M 22.3K 58
A 'slut' of a 21 year old Nidhi is married to the disabled thakur, who is paralysed below his waist. What will happen when her sexual frustration wil...
13.6K 1K 59
ဒီဟာလည်းဘဲ ခွင့်ပြုချက်မတောင်းထားပါဘူး။ start -31.5.2024(fri) end-
5.8K 520 33
ဇာတ်လမ်းမှာ လီယင်သည် သူ့အိမ်နောက်ဖေးရှိ ရှေးဟောင်းရေတွင်းကိုဖွင့်ပြီးနောက် ဘဝပြောင်းလဲသွားခဲ့သည်။ ဆဋ္ဌမမြောက်မင်းသား လီယင်လား..။ ၂၁ရာစုက အိုတာခု လီယ...
774K 21.8K 57
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။