Forget-Me-Nots { Completed }

Af popophoenix207

313K 16.8K 2.4K

A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်း... Mere

Author's Note
1. Happy Birthday Your Highness
2. When we first met
3. I'll protect you
4. Friends
5.The bond between us
6. Who I am with you
7. Fairness
8. Just take my hand
9. Why are you too perfect?
10. Christmas with you
11. Hug me tight
12. Growing up ain't easy
13. To the trouble I'm in
14. Wherever you go
15. No Sex, No Drug
16. By your side
17. Your Lips , Your Hands
18. Under the moonlight
19. May I dance with you?
20. At age eighteen
21. First kiss I won't ever forget
22. Official boyfriend
23. King of my heart
24. On new year's day
25. " Jag vill kyssa dig " eyes
26. The way I love you
27. Take me to the stars
28. You're my energy
29. Be my forever
30. Can't imagine my life without you
ဘုဏ်းဇေယျာကျော်
31. A Photograph
32. Our Last Date
33. Chapter closed
34. Life goes on
35. One day
36. Give me a small chance
37. Please don't go away
38. Because I love you
39. The smile on your face
40. Loving can hurt sometimes ( Unicode )
40. Loving can hurt sometimes ( Zawgyi )
41. Dear Prince
ရှင်းသန့်တည်ကြည်
42. Love me again
43. You're my destiny
44. The Love of My Life
45. Prince is mine
47. Till death do us part
48.Final Part - Forget Me Not
Extra - 1

46. Love wins

4.3K 310 54
Af popophoenix207

( Uni )

ကြည်လင်သော ကောင်းကင်သည် မိုးသားတိမ်တိုက်တို့ မရှိသလို နေကလည်း ဝင်းဝင်းတောက်အောင် ထွက်မနေ။ ရာသီဥတု သာယာပြီး ခပ်သော့သော့ တိုက်နေသော လေအေးအေးလေးက လမ်းပေါ်မှာ စုဝေးနေကြသည့် ပြည်သူလူထုကို မပင်မပန်းဘဲ သက်သောင့်သက်သာရှိစေသည်။

ဒါသည်ပင် သဘာဝတရားက သူတို့နှင့်အတူ ရပ်တည်ကြောင်း ပြသခြင်းပေလား မပြောတတ် ။

အင်တာနက်ပေါ်က videoတွေကိုကြည့်ရင်း ဘုဏ်းဇေ အပြုံးတို့ ရပ်တန့်မရပေ ။ သက်တံရောင်အလံကို ပုခုံးမှာ ခြုံပြီး လူအများရှေ့မှာ ရပ်နေသည့် ရှင်းသန့်တည်က သူ့မျက်စိထဲမှာ စူပါဟီးရိုးတစ်ယောက်နှင့်တူ၏ ။ ဘေးမှာလည်း သူငယ်ချင်းတွေအားလုံး ဝိုင်းဝိုင်းဝန်းဝန်း ရှိကြပါသည် ။ နောက်ပြီး Unityက ဝန်ထမ်းတွေကလည်း လူအုပ်ကြီး၏ ရှေ့ဆုံးကနေ တက်ညီလက်ညီ ။

ခဏနေတော့ ရောင်ရှိန့်ဆီ ဖုန်းလှမ်းဆက်ရသည် ။ မကြာခင် ကိုးနာရီထိုးတော့မည်ဖြစ်၍ သည်လူတွေအတွက် နေ့လယ်စာ စီစဉ်ပေးဖို့ ။

"ဟဲလို ... ရောင်ရှိန် ... ငါပြောတာ ကြားလား "

" အေးအေး ... ကြားတယ် ပြော "

" နေ့လယ်စာအတွက် food truck တွေ စီစဉ်ပေးလိုက်ဦး "

" ဒီလူတွေ အကုန်လုံးစာလား "

" အေးပေါ့ "

လင်းရောင်ရှိန် လူအုပ်ကို ပြန်ကြည့်တော့ အရှေ့နန်းမြို့ရိုးတစ်လျှောက်အပြည့် ။ သူမမြင်နိုင်သည့် အနောက် ၊ တောင် ၊ မြောက်မှာလဲ ရှိသေးသည်။ လူဦးရေက ခန့်မှန်းလို့ပင်မရအောင် များပြားလွန်း၏ ။
မြို့ထဲမှာရှိသမျှ စားသောက်ဆိုင်အားလုံးကနေ မှာတောင် လောက်ပါ့မလားမသိ ။ အသင့်စား မုန့်တွေရော ပါမှဖြစ်မည် ။

" ဘယ်သူ့ပိုက်ဆံနဲ့ ကျွေးမှာလဲ "

" မင်းပိုက်ဆံနဲ့လေ "

" ဟ ! "

" ဒီလောက်ကတော့ မင်းအတွက် ဘာမှဖြစ်မသွားပါဘူးကွ .... အဟွန်း ....ကိုယ့်သူငယ်ချင်းကို ပါရမီ ဖြည့်ပေးရတယ်လို့ပဲ သဘောထား ၊ တကယ်ကွာ ငါ့ဘဝကြီးက ဒီမှာ အကျဉ်းကျနေသလို ... "

" တော်လိုက် ဟေ့ရောင်.... ဒရာမာ မခင်းနဲ့ "

ရှေ့ဆက် အပြောမခံဘဲ အော်သဖြင့် ဘုဏ်းဇေ ပါးစပ်ကို လက်ဖဝါးနှင့်အုပ်ပြီး ရယ်ရသည် ။ သို့သော်လည်း သူတစ်ပါးဆန္ဒကို အမြဲလိုက်လျောပြီး ဖြည့်စည်းပေးလေ့ရှိသည့် သူငယ်ချင်းဖြစ်သူက သည်တစ်ခါလည်း လက်ခံမှာဖြစ်ကြောင်း သိပြီးသားပါ ။

" ငါ ဘာမှ ပါရမီ ဖြည့်တာ မဟုတ်ဘူး ၊ မင်းအပေါ်ကို ဘယ်ဘဝက ပါလာမှန်းမသိတဲ့ ဝဋ်ကြွေးတွေ ဆပ်နေရတာလို့ပဲ သဘောထားမယ် "

" အဟားဟား .... "

ဖုန်းချပြီး အားရပါးရရယ်နေစဉ် ကိုဗစ်တာက အနားရောက်လာသည် ။ ကိုဗစ်တာ့ပုံစံက သူ့ထက်တောင် စိတ်လှုပ်ရှားနေပုံရ၏ ။

" မင်းသား .... ရယ်မနေတော့နဲ့ ၊ အစိုးရအဖွဲ့ရော နန်းတွင်းရေးရာ အတိုင်ပင်ခံအဖွဲ့ရော အစုံအလင် ရောက်နေပြီ ၊ ကိုးနာရီထိုးတာနဲ့ အစည်းအဝေး စကြတော့မယ် "

ဘုဏ်းဇေ ပြုံးပြီး ကိုဗစ်တာ့ရင်ဘတ်ပေါ် က အနည်းငယ်စောင်းချင်သလို ဖြစ်နေသည့် သက်တော်စောင့်ခေါင်းဆောင် အမှတ်အသား ရင်ထိုးလေးကို သေချာပြန်တည့်ပေးကာ

" ကျေးဇူးအများကြီး တင်တယ်နော် အစ်ကို "

" ခင်ဗျာ "

" ကျနော့်ကို စောင့်ရှောက်ပေးခဲ့တာတွေ အတွက်ပါ "

" မင်းသား "

ကိုဗစ်တာ့အသံနှင့်အကြည့်က အထိတ်တလန့် ။ နှစ်ပေါင်းများစွာ သူ့ဘေးမှာ နေလာပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့သူမို့ ကိုဗစ်တာ့အပေါ်ထားသည့် သူ့သံယောဇဉ်ကလည်း အမှုထမ်းတစ်ယောက်ဆိုတာထက် အစ်ကိုကြီးတစ်ယောက်နှင့်မခြားပါ ။

" နောက်ဆို ကျနော် ဒီစံအိမ်မှာ ဆက်နေခွင့်ရမရ မသိဘူး ၊ ကိုဗစ်တာတို့ ကာကွယ်ပေးရမဲ့သူကလဲ ကျနော် ဟုတ်ချင်မှ ဟုတ်တော့မှာ "

" အဲလိုစကားတွေ မပြောပါနဲ့ မင်းသား ၊ မင်းသားကသာ ကျနော်တို့အားလုံး ရင်ထဲမှာရှိတဲ့ တစ်ဦးတည်းသော အိမ်ရှေ့စံပါ ၊ ဒီနေရာက မင်းသားအတွက် ထာဝရဖြစ်မှာပါ "

လှိုက်ခနဲခံစားမှုနှင့်အတူ မျက်ရည်ဝဲရသည် ။ ကိုဗစ်တာသည်လည်း သူ့နည်းတူ ။ သူပွေ့ဖက်တော့ ကိုဗစ်တာက သူ့ကျောပြင်ကို လက်နှင့် ညင်ညင်သာသာပုတ်ပြီး

" ချစ်ခြင်းမေတ္တာက အရာအားလုံးကို အောင်နိုင်ပါတယ် မင်းသားလေး " တဲ့ ။

*****

ပြဿာဒ်ခုနစ်ဆင့်ရှိသည့် ဘုံရတနာနန်းစံအိမ်၏ အစည်းအဝေးခန်းမအတွင်း ဝန်ကြီးချုပ် ဦးခန့်ထည် ဦးဆောင်သော အစိုးရအဖွဲ့နှင့် နန်းတွင်းရေးရာ အတိုင်ပင်ခံအဖွဲ့တို့ အစုံအလင် ရောက်ရှိလာပြီးနောက် ဧကရာဇ်နှင့် ကြင်ယာတော်တို့လည်း ခန်းမထဲ ဝင်လာပြီး နေရာယူကြသည်။ ထို့နောက် ကိုးနာရီထိုးသည်နှင့် တပြိုင်နက် အိမ်ရှေ့စံနှင့် ပတ်သက်သည့် အစည်းအဝေးတစ်ရပ်ကို စတင်ကြ၏ ။

အစည်းအဝေးအကြောင်းအရာသည် မင်းသား ဘုဏ်းဇေယျာကျော်အား အိမ်ရှေ့စံအဖြစ် ဆက်ထားရှိရေး ၊ မထားရှိရေး ဆုံးဖြတ်ရန် ဖြစ်သည်။

ပထမဆုံး နန်းတွင်း အတိုင်ပင်ခံအဖွဲ့ထဲမှ ပုဂ္ဂိုလ်တစ်ဦးက သူ့အနေနှင့် အိမ်ရှေ့မင်းသားအပေါ်မှာ မလိုမုန်းထားခြင်း မရှိသော်လည်း မင်းသားသာ လက်ရှိချစ်သူဖြစ်သည့် ယောက်ျားလေးတစ်ယောက်နှင့် လက်ထပ်မည်ဆိုပါက ထီးနန်းဆက်ခံဖို့ကိုတော့ မသင့်တော်ဘူးဟုထင်ကြောင်း သူ့အမြင်ကို တင်ပြသည် ။

" ယောက်ျားချင်း လက်ထပ်မယ်ဆို မင်းသားရဲ့ မျိုးဆက်ရဖို့ အဆင်မပြေပါဘူး ၊ အခုခေတ် နည်းပညာအကူအညီနဲ့ ယူမယ်ဆိုရင်တောင် အဲဒါဟာ တော်ဝင်မိသားစုရဲ့ သွေးသားသီးသန့် မဖြစ်နိုင်တဲ့အတွက် နတ်ရွာစံသွားတဲ့ အရင်ဘိုးဘေးတွေကို မလေးစားရာကျမယ်လို့ မြင်ပါတယ် "

" မဆိုင်ပါဘူးခင်ဗျာ "

အတိုင်ပင်ခံအဖွဲ့ထဲကပဲ နောက်တစ်ဦးက ဝင်ထောက်ပြသည်။

" လူရယ်လို့ ဖြစ်လာတာနဲ့ ကျနော်တို့ဟာ အရွယ်ရောက်လာရင် ဆန့်ကျင်ဘက်လိင်တစ်ယောက်နဲ့ လက်ထပ်ရမယ် ၊ ပြီးရင် ကိုယ့်ရဲ့မျိုးဆက်ကို မွေးရမယ်ဆိုတဲ့ တရားသေ သတ်မှတ်ထားတာမျိုး မရှိပါဘူး ၊ တပါးသူတွေကို ဘေးဥပါဒ် မဖြစ်စေသ၍ ကိုယ်ဆန္ဒရှိသလို နေထိုင်ဖို့ အခွင့်အရေး လူတိုင်းမှာ ရှိပါတယ် "

အစိုးရအဖွဲ့ထဲက တရားသူကြီးချုပ်ကလည်း ဒုတိယပုဂ္ဂိုလ်၏စကားကို ဝင်ထောက်ခံသည် ။

" ဟုတ်ပါတယ် ၊ ယောက်ျားနဲ့မိန်းမ လက်ထပ်တာကမှ သဘာဝကျတာ မြင့်မြတ်တာ မဟုတ်ပါဘူး ၊ အသက်ပြည့်ပြီးသား လူနှစ်ဦးကြားက ပေါက်ဖွားလာတဲ့ အချစ်နဲ့ အိမ်ထောင်ရေးမှန်သမျှ သဘာဝကျပါတယ် ၊ လိင်တူလက်ထပ်သည်ဖြစ်စေ လိင်ကွဲလက်ထပ်သည်ဖြစ်စေ အဓိကလူနှစ်ဦးရဲ့ ဆန္ဒအမှန်ဖြစ်မယ်ဆိုရင် ဝမ်းသာဂုဏ်ပြုပေးရမှာပါပဲ ၊ ကလေးယူခြင်း မယူခြင်းဟာလဲ သူတို့ရဲ့ စိတ်ဆန္ဒနဲ့သာ သက်ဆိုင်ပါတယ် ၊ မဖြစ်မ‌နေ ဆောင်ရွက်ရမဲ့ ဘဝပေး တာဝန်တစ်ခု မဟုတ်ပါဘူး "

" လက်ထပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထပ်ပြောရမယ်ဆိုရင် ယောက်ျားမိန်းမစုံတွဲတွေကြားမှာ ဒါဟာ သာမန်ကိစ္စတစ်ခုလိုဖြစ်နေပေမဲ့ လိင်တူစုံ‌တွဲတွေအလှည့်ကျမှ အထူးအဆန်းတစ်ခုလို ပြောဆိုပြီး ခွဲခြားဆက်ဆံကြ ၊ တချို့ ကဲ့ရဲ့ရှုံ့ချချင်ကြတာဟာ ရှေးရိုးစွဲနေတဲ့ အမြင်ကျဉ်းမြောင်းမှုတွေပါပဲ ၊ တကယ်တော့ လူကို လူလို မြင်တတ်ဖို့ပဲ လိုပါတယ် ၊ လူတိုင်းမှာ မွေးဖွားလာကတည်းက ပညာသင်ယူခွင့် ၊ အရည်အချင်းအပေါ် မူတည်ပြီး ချီးမြှင့်မြှောက်စားခံရခွင့် ၊ ကျန်းမာရေးစောက်ရှောက်ခွင့် ၊ တရားဝင် လက်ထပ်ထိမ်းမြားခွင့် ၊ ကလေးမွေးဖွားခွင့် စသဖြင့် အခွင့်အရေးတွေ အပြည့်အဝ ရှိပါတယ် ၊ ဒီအခွင့်အရေးတွေအားလုံးကို နိုင်ငံသားတိုင်း ရရှိဖို့ကိုလဲ ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းနေကြမယ်လို့ ယုံကြပါတယ် "

အစည်းအဝေးမှာရှိသည့် လူအားလုံး တရားသူကြီးချုပ်၏စကားကို နားထောင်ပြီး ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံကြသည် ။ အစောပိုင်းက အိမ်ရှေ့စံနှင့် ပတ်သက်ပြီး ကန့်ကွက်ဖို့ ဆန္ဒရှိသူ အချို့ပင် နှုတ်ဆိတ်သွားကြသည် ။ ထို့နောက် ဝန်ကြီးချုပ် တင်ပြမည့်အလှည့် ရောက်ရှိလာ၏ ။

" ပထမအချက်အနေနဲ့ ပြောရရင် ကျနော်တို့နိုင်ငံဟာ လိင်တူလက်ထပ်ခွင့် ဥပဒေကို တရားဝင် ပြဌာန်းထားပြီး လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို အပြည့်အဝကာကွယ်ပေးသွားဖို့ ထုတ်ပြန်ကြေငြာထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ် ၊ ဒီလိုနိုင်ငံဖြစ်ပြီးတော့ အခု မင်းသားဘုဏ်းဇေယျာကျော်ကို ‌ယောက်ျားလေးချင်း ချစ်ကြိုက်မှုနဲ့ အိမ်ရှေ့စံနေရာက ဖယ်ရှားလိုက်မယ်ဆို ဒါဟာ ကိုယ့်ဥပဒေကိုယ်မလိုက်နာတာ ဖြစ်သွားပြီး ဒီမိုကရေစီ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ နိုင်ငံဆိုပြီးလဲ ကမ္ဘာပေါ်မှာ လှောင်ပြောင်ကဲ့ရဲ့စရာ ဖြစ်သွားနိုင်ပါတယ် "

" ဒုတိယအချက် ကျနော်တို့အိမ်ရှေ့စံဟာ အခုချိန်ထိ ဝေဖန်ထောက်ပြ အပြစ်ယူစရာ အမှားအယွင်း မရှိအောင် နာမည်ကောင်းနဲ့ နေလာတဲ့သူတစ်ယောက် ဖြစ်ပါတယ် ၊ ဒီလိုလူတစ်ယောက်ကို အိမ်ရှေ့စံနေရာကနေ ဘာအကြောင်းပြချက်နဲ့ ဖယ်ရှားရမှာပါလဲ ၊ လိင်တူချစ်ကြိုက်သူမို့ဆိုတဲ့ အကြောင်းပြချက်ဆိုရင်တော့ ကျနော်ပြောတဲ့ ပထမအချက်ကို ပြန်စဉ်းစားကြည့်ပါ "

" နောက်ဆုံးအချက်ပြောချင်တာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ အင်အားဟာ လူငယ်တွေပါ ၊ ပြီးတော့ မင်းသား ဘုဏ်းဇေယျာကျော်ဆိုတာ ဒီနိုင်ငံက လူငယ်တွေအပေါ်မှာ လွှမ်းမိုးမှု အများဆုံးရှိသူတစ်ယောက်အဖြစ် လေ့လာတွေ့ရှိရပါတယ် ၊ ကျနော်တို့ဟာ မင်းသားအပေါ်မှာ မတရားသဖြင့် ဆုံးဖြတ်ကြမယ်ဆိုရင် ခေါင်းငုံ့မခံမဲ့ လူငယ်တွေအများကြီး ထွက်လာပါလိမ့်မယ် ၊ မလိုအပ်တဲ့ လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်ခင်ဗျာ "

ဝန်ကြီးချုပ်ဦးခန့်ထည်၏ သဘောထားကို နားထောင်ပြီး ဒေါ်သီရိရတနာတစ်ယောက် မျက်ရည်ဝိုင်းရတဲ့အထိ ကြည်နူးရသည်။ သည်လိုမျိုး အုပ်ချုပ်ရေး၏ အကြီးပိုင်း ပုဂ္ဂိုလ်တွေထဲကနေ သားတော်လေးဘက်ကို နားလည်ရပ်တည်ပေးသူတွေ ရှိမှရှိပါ့မလားဟု စိုးရိမ်ခဲ့ရသမျှ အခုလိုကြားရတော့ စိတ်ချမ်းသာရပါပြီ ။

" နောက်ထပ် ဆွေးနွေးတင်ပြမဲ့သူ မရှိတော့ရင် ကျနော် ပြောပါ့မယ်ခင်ဗျ "

ခင်ပွန်းဖြစ်သူ က မတ်တပ်ထရပ်ရင်း သူမဆီကို နွေးထွေးသည့်အပြုံးတစ်ပွင့် ပေးသည်။ သားတော်လေးကိစ္စနှင့် ပတ်သက်ပြီး သူမတို့နှစ်ယောက် သေချာတိုင်ပင် ဆွေးနွေးခဲ့ကြပြီးသားဖြစ်၍ အရှင်မင်းကြီး၏ သဘောထားကိုတော့ သိပြီးသားပါ ။

" ဒီရက်ပိုင်း ကျနော် ကိုယ့်ကိုယ်ကိုယ် ဘုရင်တစ်ပါးအနေနဲ့ မဟုတ်ဘဲ သာမန်လူတစ်ယောက်အနေနဲ့ နေထိုင်စဉ်းစားကြည့်ခဲ့ပါတယ် ၊ သာမန်ဖခင်တစ်ယောက် အနေနဲ့ပေါ့ ၊ ကျနော်သာ သာမန်လူတစ်ယောက်ဆိုရင် သားရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ဒီလိုမျိုးတွေ အများရဲ့ဆန္ဒကို ယူနေစရာ မလိုဘူးလို့ တွေးမိပါတယ် ၊ ပြီးတော့ သား ပျော်သလိုနေဖို့ကိုလဲ တခါတည်းခွင့်ပြုဖြစ်မှာပါ "

" တကယ်တော့ သားက အိမ်ရှေ့မင်းသားတစ်ယောက် ဖြစ်ချင်လို့ပါဆိုပြီး ကျနော်တို့ဆီကို ရောက်လာသူတစ်ယောက် မဟုတ်ခဲ့ပါဘူး ၊ ကျနော်တို့လို မိသားစုမျိုးမှာ မွေးဖွားခဲ့ရလို့သာ သူ့အနေနဲ့ အိမ်ရှေ့မင်းသား ဖြစ်ခဲ့ရတာပါ ၊ ခမည်းတော် မင်းကြီး စောစောစီးစီး နတ်ရွာစံသွားတဲ့အခါ ကျနော်လဲ အချိန်မတန်သေးဘဲ ထီးနန်းဆက်ခံခဲ့ရသလို သားတော်လေးကလဲ ဘာမှမသိဘဲ မွေးကတည်းက အိမ်ရှေ့မင်းသားဆိုတဲ့သရဖူကို သူ့ခေါင်းပေါ် တပ်ဆင်ခြင်း ခံလိုက်ရပါတယ် ၊ တစ်လျှောက်လုံးလဲ သူ ဘာဖြစ်ချင်သလဲဆိုတာမျိုး စဉ်းစားခွင့် မရှိခဲ့ဘဲ ဒီလိုနေရမယ် ဒီလိုထိုင်ရမယ် ဒါတွေလုပ်ရမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း သွားခဲ့ရတယ် ၊ ကျနော် ဟိုတစ်နေ့က ဦးသန့်စင်တည်ကြည်ရဲ့ အင်တာဗျူးကို ကြည့်ပြီး ကျနော့်ဘဝမှာ သားသမီးတွေ ဘာဖြစ်ချင်လဲဆိုတာကို တစ်ခါမှ မမေးခဲ့ဖူးတာတွေးပြီး နောင်တရမိတယ် "

" အခု သားတော်က ပထမဆုံး အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်ဆန္ဒကို ထုတ်ပြလာခဲ့တယ် ၊ ကျနော်တို့ကလဲ သားတော်ရဲ့ဆန္ဒကို ဖြည့်စည်းပေးချင်ပါတယ် ၊ အစောက ပြောကြတဲ့ မျိုးဆက်ကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကိုယ့်သားသမီးက မွေးဖွားလာမဲ့ရင်သွေး ကျနော်တို့ရဲ့ မြေးရတနာလေးတွေကို ကျနော်တို့လဲ မြင်ချင်တာပေါ့ခဗျာ ၊ ဒါပေမဲ့ အဲဒီဆန္ဒဟာ ကျနော်တို့သားကို အပြည့်အဝပျော်စေချင်တဲ့စိတ်နဲ့ယှဉ်ရင် အမှုန်အမွှားပါပဲ "

" ဒီတော့ အနှစ်ချုပ်ရမယ်ဆို ကျနော်တို့ဘက်ကတော့ မိဘတွေအနေနဲ့ သားကို သူ့ချစ်သူနဲ့ ပေါင်းဖက်ဖို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုပါတယ် ၊ အိမ်ရှေ့စံနေရာမှာဆက်ပြီး ရှိမယ်မရှိဘူးဆိုတာကိုတော့ ပြည်သူတွေရဲ့ ဆန္ဒပါ "

ထိုအချိန် တော်ဝင်မိသားစု၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှတစ်ယောက်က အိမ်ရှေ့စံနှင့်အတူ ရပ်တည်ကြောင်း ဆန္ဒဖော်ထုတ်နေကြသည့် မြို့ပေါင်းမှာ လောလောဆယ် နှစ်ရာနီးပါးရှိနေပြီဖြစ်ကြောင်းနှင့် ပြည်ပရောက်နိုင်ငံသားများအနေဖြင့်လည်း သက်ဆိုင်ရာ နိုင်ငံက မိမိတို့သံရုံးအသီးသီးရှေ့မှာ တောင်းဆိုနေကြကြောင်း အင်တာနက်ပေါ်က ဓာတ်ပုံများနှင့် သက်သေပြလာသည် ။

" ပြည်သူတွေရဲ့ ဆန္ဒက တကူးတက စစ်တမ်းကောက်ယူနေစရာ မလိုအောင် ထင်ရှားနေပြီပဲ ၊ တကယ်လို့ မင်းသားဘုဏ်းဇေယျာကျော်ကိုသာ အိမ်ရှေ့စံအဖြစ်က ဖယ်လိုက်ရင် နန်းတော်ရော အစိုးရရုံးတွေရော ခဲလုံးတွေစီနေအောင် ပေါက်ခံရမလားတောင် စိုးရိမ်နေရပြီ "

ဝန်ကြီးချုပ်၏ ဟာသနှောသည့် အပြောနောက်မှာ ဝမ်းမြောက်စွာပဲ အစည်းအဝေးကို အဆုံးသတ်လိုက်ကြသည် ။

ငယ်ငယ်ကတည်းက ပြည်သူတွေရဲ့မေတ္တာကို ရခဲ့သော သားတော်လေး ၊ နှစ်သစ်ကူးမှာ အပြင်မထွက်ရသဖြင့် ပြည်သူတွေဆီ ရင်ဖွင့်ခဲ့၍ သူတို့မင်းသားလေးကို နန်းတော်ထဲမှာ ပိတ်လှောင်မထားဖို့ တောင်းဆိုစာတွေ တထပ်ကြီး ရောက်လာခဲ့သည့်အဖြစ် ၊ အခုလည်း နန်းတော် websiteမှာ သူတို့အိမ်ရှေ့စံကို ချစ်ကြောင်း ၊ မင်းသားဘုဏ်းဇေယျာ်ကိုသာ ဆက်ခံသူအဖြစ် ရှိစေလိုကြောင်း ဆန္ဒပြုထားသည့်မှတ်ချက်တွေ ။

သည်ချစ်ခြင်းမေတ္တာတွေကြားထဲမှာ သားတော်ကို စိတ်ချပါပြီ ။

လောလောဆယ်တော့ ဦးဘုဏ်းမဟာကျော် သားတော်နှင့် အရင်ဆုံး စကားပြောရဦးမည် ။ သားတော်တို့ ဓာတ်ပုံမြင်မြင်ချင်း စိုးရိမ်ထိတ်လန့်မှုတွေနှင့် တုန်လှုပ်သွားခဲ့ပြီး သားအပေါ် ရင့်သီးသွားသလိုဖြစ်ခဲ့တာကိုလည်း တောင်းပန်ရပါဦးမည် ။

သားတော်နှင့်သူ တွေ့ပြီးမှပဲ တစ်နိုင်ငံလုံး ပျော်ရွှင်ရမည့် သတင်းကို ထုတ်ပြန်ကြေငြာတော့မည် ။

*****

" ဧကရာဇ်တို့က မင်းသားကို ဥယျာဉ်တော်ထဲမှာ စောင့်နေပါတယ် "

အစည်းအဝေးပြီးသွား၍ ခဏအကြာ လေးရန်နိုင် လာခေါ်၍ ဘုဏ်းဇေ ဥယျာဉ်တော်ရှိရာ လာခဲ့ရသည် ။ အ‌ဖြေကိုတော့ သိခွင့်မရသေး ။ လေးရန်နိုင်ကို မေးကြည့်တော့လည်း ခမည်းတော်ကိုယ်တိုင်ပြောတာပဲ စောင့်ပါတဲ့ ။

" သား "

ဥယျာဉ်တော်ထဲက အပန်း‌ဖြေဆောင်ကို ရောက်တော့ မယ်မယ်က သူ့ကို အပြုံးဖြင့် ဆီးကြို၏ ။ ခမည်းတော်ကတော့ ကျောခိုင်းပြီး လမ်းလျှောက်နေသည် ။ နောက်ပြီး ခမည်းတော်နှင့် မယ်မယ်တို့ကို ကြည့်ရတာ ပုံမှန်နှင့်မတူ ။ သူ့မျက်စိထဲမှာ ထူးခြားနေ၏ ။တစ်ခုခုလိုနေသလိုလည်း ခံစားရသည် ။

ခေါင်းထဲမှာ အပြေးပြေး အလွှားလွှား စဉ်းစားရင်း ခမည်းတော် သူ့ဘက် လှည့်လာသည့် အချိန်မှာတော့ ဘာလိုနေသလဲ သူသိသွားပြီ ။

ခမည်းတော်သည် အဖြူရောင် ရှပ်အင်္ကျီလက်ရှည်နှင့် အညိုရောင်ချည်ချောပုဆိုးတစ်ထည်ကို ဝတ်ထားပြီး ရင်ဘတ်မှာ ဧကရာဇ် တံဆိပ်ပြားတို့ ၊ ရင်ထိုးတို့ ဘာတစ်ခုမှမပါပေ ။ မယ်မယ်သည်လည်း ကြင်ယာတော်တစ်ယောက်၏ အဆင်တန်ဆာတစ်ခုမှ မပါဘဲ လိမ္မော်ရောင် ပါတိတ်ဝမ်းဆက်လေးနှင့် နောက်တွဲဆံထုံးလေးမှာ နှင်းဆီပန်းလေးတစ်ပွင့် ပန်ထားပြီး ရိုးရိုးရှင်းရှင်း ။

အခု သူ့ရှေ့မှာ ရှိနေသည့် ခမည်းတော်နှင့် မယ်တော်တို့သည် သာမန် အရပ်သူ အရပ်သား မိဘနှစ်ပါးပုံစံမျိုး ။

" ခမည်းတော် "

" ဖေဖေလို့ခေါ်ပါ သားငယ် "

ထင်မှတ်မထားသည့်စကားတစ်ခွန်း ။ ဘုဏ်းဇေ ငယ်ငယ်က ကျောင်းမှာ သူငယ်ချင်းတွေ သူတို့မိဘတွေကို ဖေဖေ မေမေ ခေါ်တာကြားပြီး ခမည်းတော်တို့ကို သူလည်း လိုက်ခေါ်ကြည့်တော့ တားမြစ်ခံခဲ့ရဖူးသည် ။ ဘာကြောင့်လဲဟု သူမေးသည့်အခါ သူက ဘုရင့်ရဲ့ သားတော် တော်ဝင်မင်းသားတစ်ပါး ဖြစ်၍တဲ့ ။ ထိုအရွယ်ကတည်းက သူ့နှုတ်ကနေ မိဘတွေကို ဖေဖေ မေမေဟု ထပ်မခေါ်ခဲ့တာ သည်အရွယ်အထိ ။

" သား ငယ်ငယ်က ဖေဖေလို့ ခေါ်တော့ မခေါ်ဖို့ တားမြစ်ခဲ့တယ်နော် ၊ အခု ခေါ်ဖို့ ဖေဖေတို့ သားကို ခွင့်ပြုတယ် ၊ သားကြိုက်သလို ခေါ်ပါ ၊ ပြီးတော့ ဖေဖေတို့ကိုလဲ သာမန်လူတန်းစားလို့ပဲ သဘောထားပါ "

မျက်ဝန်းထဲက ခမည်းဝောာ်တို့ ပုံရိပ်သည် အိုင်ထွန်းလာသည့် မျက်ရည်တို့ကြောင့် ဝေဝါးလာ၏ ။

စိတ်ဆိုးနေလိမ့်မည်ဟု ထင်ထားခဲ့သည့် ခမည်းတော်၏ တုံ့ပြန်မှုသည် အခုတော့ ဆန့်ကျင်ဘက် မဟုတ်လား ။ သည်မျက်ရည်တို့သည် ပျော်ရွှင်မှုကြောင့် ပေါ်ထွန်းလာရခြင်းပင် ။

" ဟင့်အင်း ... ခမည်းတော်လို့ပဲ ခေါ်ချင်တယ် ၊ အဲ့တုန်းက သား ဘာမှမသိလို့ ခေါ်ခဲ့တာ ၊ တကယ်တော့ သူများတွေနဲ့ မတူဘဲ ခမည်းတော်လို့ ခေါ်ရတာကို ကြိုက်ပါတယ် ၊ တော်ဝင်မိသားစုမှာ အိမ်ရှေ့မင်းသားတစ်ယောက်အဖြစ် မွေးဖွားလာရတာကိုလဲ ပျော်တယ် ၊ ဒီနန်းတော်ထဲမှာ စည်းမျဉ်းစည်းကမ်းတွေ အစောင့်အရှောက်တွေနဲ့ နေထိုင်ရတာကိုလဲ တစ်ခါမှ စိတ်ကျဉ်းကျပ်တာမျိုး မဖြစ်ခဲ့ဖူးဘူး ၊ သား နေထိုင်ကြီးပြင်းခဲ့ရတဲ့ဘဝကို သားပျော်သလို ဂုဏ်လဲယူပါတယ် ခမည်းတော် "

သူ့ပါးပြင်ပေါ်က မျက်ရည်တို့ကို သုတ်ပေးနေသည့် ခမည်းတော်၏ မျက်ဝန်းမှာလည်း မျက်ရည်စတွေနှင့် ။

" ဒါပေမဲ့ အခု သားကို အိမ်ရှေ့မင်းသားအဖြစ်က ဖယ်လိုက်ရင်လဲ သား ကျေနပ်ပါတယ် ၊ မိသားစုအဖြစ်ကနေ မစွန့်လွှတ်ရင်ဘဲ .... "

" မယ်မယ်တို့က ဘာလို့ သားကို စွန့်လွှတ်ရမှာလဲ "

သည်စကားနှင့်အတူ မယ်မယ်က ဆံထုံးမှာ ပန်ထားသည့် နှင်းဆီပန်းလေးကို ဖြုတ်ပြီး သူ့လက်ထဲ ထည့်ပေးသည် ။ ‌

" သားရှင်းသန့်အတွက် ၊ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ့်ချစ်သူက ပန်းပေးရင် သဘောကျတယ် "

မျက်ရည်တို့ ကြွေရပြန်သည် ။ မယ်မယ်က ပြုံးပြီး သူ့နဖူးကို လှမ်းနမ်း၏ ။ သူ့အရပ်က မယ်မယ့်ထက် ခေါင်းတစ်လုံးသာတာမို့ မယ်မယ်က ခြေဖျားထောက်ပြီး သူက ခြေထောက်ညွှတ်ပေးရသည် ။

" တစ်ခါက မယ်မယ် ပြောဖူးတာကို မှတ်မိတယ်လား ၊ သားက လူ့အသိုင်းအဝိုင်းအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ လုပ်ရပ်မျိုး မလုပ်သရွေ့ တခြား ဘယ်အခြေအနေမဆို မယ်မယ်က သားကို အမြဲ ပံ့ပိုးအားပေးနေမယ်လို့ ပြောခဲ့တာကိုလေ "

" သား မှတ်မိပါတယ် "

" ဒါဆို အခု သားကိုယ်သား ဘယ်လိုမြင်လဲ ၊ ဘယ်လို ခံစားရလဲ "

" ဂုဏ်ယူမြဲပါပဲ မယ်မယ် ၊ သားအနေနဲ့ ယောက်ျားလေးချင်း ချစ်ကြိုက်တဲ့သူဖြစ်နေပေမဲ့ ဒါကို တစ်ခါမှ မှားယွင်းတယ် ၊ သိမ်ငယ်တယ်လို့ မခံစားရပါဘူး ၊ သားတို့ကြောင့် ဘယ်သူမှ နစ်နာထိခိုက်တယ်လို့လဲ မမြင်ပါဘူး "

" ဒါပဲလေ သားရဲ့ ၊ ဒီလိုဆို မယ်မယ်တို့ကလဲ သားကို လက်ခံမပေးစရာ ၊ ပံ့ပိုးမပေးစရာ အကြောင်းမရှိဘူးပေါ့ "

မယ်မယ့်စကားအဆုံးမှာ ခမည်းတော်က သူ့လက်တွေကို ဆုပ်ကိုင်လာသည် ။ သည်လက်တွေက သူလိုချင်သည့် အဖြေလည်းဖြစ်၏ ။ ခွန်အားလည်း ဖြစ်၏ ။ ပြီးတော့ ချစ်ခြင်းမေတ္တာလည်း ဖြစ်၏ ။

" ဒီရက်တွေမှာ စိတ်ပင်ပန်းသွားခဲ့ရင် သားကို ခမည်းဝောာ် ဝောာင်းပန်တယ်နော် "

" မိသားစုကို ကြိုမပြောပြခဲ့တဲ့အတွက် သားကပဲ တောင်းပန်ရမှာပါ "

" သားက ငယ်ငယ်ကတည်းက ပြည်သူကို အရင် ဖွင့်ပြောတဲ့ မင်းသားလေးလေ ၊ ခမည်းတော်က ဒါကို မေ့သွားပြီး စိတ်ဆိုးမိတဲ့အတွက် ခမည်းတော်ကပဲ တောင်းပန်သင့်တာပါ "

" ကျေးဇူးတင်ပါတယ် ခမည်းဝောာ် ၊ ပြောမပြတတ်အောင်ပါပဲ "

သားနှင့်အတူ ကြင်ယာတော်ကိုလည်း ဖက်ထားရင်း ဦးဘုဏ်းမဟာကျော်၏ရင်ထဲမှာ ကြည်နူးမှုတို့ တသိမ့်သိမ့် ။

အရိုးသားဆုံး ဝန်ခံရလျှင် သားတော်၏ လက်တွဲဖော်ကို ယောက်ျားလေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပါ ။ သမီးတော်လက်ထပ်ပြီးသည့်နောက်မှာ သားတော်လည်း အချိန်တန်လျှင် မိန်းကလေးတစ်ယောက်နှင့် လက်ထပ်လိမ့်မည် ။ နောက်ပြီး ဘုဏ်းမင်းဆက်၏ အဌမမြောက် ဆက်ခံသူကို ပျိုးထောင်လိမ့်မည်ဟုသာ တွေးထားခဲ့သည် ။

သည်အချိန်မှာပဲ သား‌တော်၏ချစ်သူက ယောက်ျားလေးတစ်ယောက်ဖြစ်နေကြောင်း သိလိုက်ရသည့်အခါ ရုတ်တရက် အံ့ဩတုန်လှုပ်သွားပြီး သားအပေါ်ကိုလည်း စိတ်ခုမိတာ အမှန်ပါ ။

သို့သော်လည်း တစ်ဘက်က ကလေးမိဘတွေ၏ စိတ်ဓာတ်နှင့် ခံယူချက်ကို မြင်ရချိန် မိမိကတော့ သားဖြစ်သူ၏ပျော်ရွှင်မှုကို နှောင့်ယှက်ဟန့်တားသူ ဖြစ်နေပြီလားဟုတွေးပြီး နောင်တရမိသည်။

ဘာပြောပြော အခုတော့ ကျန်တဲ့အရာအားလုံးထက် သားတော်၏ ပျော်ရွှင်မှုကို ရှေးရှုနိုင်ခဲ့ပါပြီ ။

" အခုကစပြီး ကြင်ယာတော်လက်စွပ်ကို ပြင်ဆင်တော့နော် "

သားတော်က ဖက်ထားသည့် သူ့လက်ထဲကနေ ဆတ်ခနဲထွက်ကာ ပြုံးစိစိ မျက်နှာပေးဖြင့်

" ဟိုလေ .... ခမည်းတော် ၊ အဲဒါ ဟိုးအရင် တက္ကသိုလ်တက်နေတုန်း ချစ်သူဘဝကတည်းက သား ရှင်းကို ဝတ်ပေးပြီးပြီ "

" ဘယ်လို "

သားတော်စကားကြောင့် ခေါင်းကြီးသွားသည် ။ကြင်ယာတော်လက်စွပ်ဆိုတာ သူတို့ မျိုးရိုးစဉ်ဆက် အင်မတန် တန်ဖိုးထားရသည့် အရာ ။ အိမ်ရှေ့မင်းသားကိုယ်တိုင် ဖန်တီးရ၍ မင်္ဂလာပွဲကျမှ ကတိသစ္စာများ လေးလေးနက်နက် တိုင်တည်ပြီး ကြင်ယာတော်ကို ဝတ်ဆင်ပေးရသည့်လက်စွပ် ။

" အဲလို ပြီးစလွယ် ဝတ်ပေးလို့ မရဘူးလေကွာ ၊ ကိုယ်နဲ့ တစ်သက်လုံး လက်တွဲသွားမဲ့သူ သေချာပြီဆိုမှ "

" သေချာလို့ ဝတ်ပေးတာပေါ့ ခမည်းတော်ကလဲ "

" ငါကြားတာတော့ ဒီကြားထဲ မင်းတို့ ကွဲသွားသေးတယ်ဆို "

" အဲဒါ သူက သားကိုချစ်လို့ ၊ ကဲပါ ... ခမည်းတော်ရယ် ၊ ဘာနေနေ သူက သားလက်ထပ်မဲ့သူပဲ "

" ဟ ...ဘာနေနေ ဒီလို ပေါ့ပေါ့တန်တန် ရော့ အင့်ဆိုပြီး ပေးဝတ်လိုက်လို့ရမလားကွ ၊ မင်း အဲဒါ ကိုယ့်မင်းဆက်ရဲ့ ဓလေ့ထုံးစံကို အလေးမထားတာ ၊ ချိုးဖောက်တာပဲ "

" ခမည်းတော်ကလဲဗျာ .... တစ်သက်လုံး လိုက်နာလာတာတွေကျ ထည့်မပြောဘဲနဲ့ "

ဘုဏ်းဇေ နှုတ်ခမ်းစူတော့ ခမည်းတော်က မျက်မှောင်ကြုတ်သည် ။ မယ်မယ်နှင့်အတူ အနီးအနားမှာရှိသည့် အမှုထမ်းအချို့ကတော့ သူတို့ကိုကြည့်ပြီး ရယ်နေကြ၏ ။

" အခုကစပြီး မနက်ဖြန်မနက်အထိ အိမ်ရှေ့စံကို သူ့စံအိမ်ကနေ ဘယ်မှမထွက်စေနဲ့ ၊ ဆက်သွယ်ရေးကိရိယာတွေအားလုံးလဲ သိမ်းထားဖို့ အမိန့်ပေးတယ် ၊ WiFi စက်ကအစ သိမ်းထား ၊ တစ်ယောက်ယောက် သူ့ကို ဖုန်းပေးသုံးရင် အဲဒီတစ်ယောက် ပြစ်ဒဏ်ချမှတ်ခံရမယ် "

" ဟာ ခမည်းဝောာ် ၊ အဲလိုလုပ်လို့ မရဘူးလေ "

" ရက်ထပ်မတိုးချင်ရင် ပါးစပ်ပိတ်ပြီး အပြစ်ခံယူလိုက် "

ပြတ်ပြတ်သားသား ပြောပြီး ခမည်းတော်က ထွက်သွားသည် ။ စောစောက သူ့‌ကို ပျော်ရွှင်စေချင်သည်ဟု ပြောခဲ့သူ မဟုတ်တော့တဲ့အတိုင်း ။

သည်အတိုင်းဆို တစ်ညလုံး ရှင်းသန့်ကို သူ ဘယ်လို ဆက်သွယ်ရမလဲ ။ ရှင်းသန့် သူ့ကို စိတ်ပူနေမှာ ။ နောက်ပြီး ခမည်းတော်တို့က သူတို့နှစ်ယောက်ကို ကန့်ကွက်တယ်လို့ တွေးနေမှာ ။ သူ့အဖြစ်က အခုမှ တကယ် ကျဉ်းထဲကျပ်ထဲ ရောက်တော့မည် ။

" ခမည်းတော်မှာ အသည်းနှလုံး မရှိဘူးလား "

သူအော်တာကို လှည့်ပင်မကြည့် ။ အမြဲတမ်း ခမည်းတော် ဆန္ဒအတိုင်း လိုက်ဖြစ်သည့် မယ်မယ်ကလည်း သူ့ပါးကို ခပ်ဖွဖွဆွဲဖဲ့ပြီး " ဒီတစ်ရက်တော့ သည်းခံလိုက် " ဟု ပြောသွားသည် ။

' မောင်တော့ အခုမှ တကယ် ဒုက္ခပဲ ရှင်းရေ '

*****

အိမ်ရှေ့စံနှင့်ပတ်သက်ပြီး မနေ့က နန်းတော်ထဲမှာ အစိုးရအဖွဲ့တွေရော တိုင်ပင်ဆွေးနွေးကြသည်ဟု သတင်းကြားသည် ။ သည်မနက်အထိတော့ ဘာတစ်ခုမှ တော်ဝင်မိသားစုဘက်က ကြေငြာချက် မထုတ်ပြန်သေးပါ ။

ထို့အပြင် မနေ့ညနေပိုင်းကစပြီး ဘုဏ်းဇေနှင့် လုံးဝ အဆက်အသွယ်မရတော့၍ ရှင်းသန့် တစ်ညလုံး အိပ်လို့ပင်မပျော် ။ ချစ်ရသူအပေါ် ဘယ်လို ဖိအားတွေများ ကျရောက်နေပြီလဲဟုတွေးပြီး ရင်တွေပူနေရသည် ။ နီစွေးကို မေးကြည့်တော့လည်း မသိပါတဲ့ ။

ဘုဏ်းဇေ သူ့ကြောင့် အများကြီး အခက်တွေ့နေရပြီလား ၊ သည်လိုနှင့် တကယ်ပဲဝေးကြရပြီလားဆိုသည့် အတွေးတို့က တစ်ညလုံး သူ့ကို ခြောက်လှန့်နေခဲ့သည် ။

' မင်းမပါဘဲ ငါ့ဘဝကို ရှေ့မဆက်ဘူး မင်းသားလေး '

လက်လျှော့ဖို့ မဖြစ်နိုင်သည့် စိတ်က မနက်အစောကြီးကတည်းက အရှင်မင်းသားရှိရာ သိုမဟုတ် သူ့အသည်းနှလုံးတည်ရာ နန်းတော် အရှေ့တံခါးဝကို ရောက်ရှိလာစေခဲ့သည် ။

" ကိုကိုရှင်းရှင်း .... တစ်ခုခုစားဦးလေ "

မစားချင်ပါ ။ ဘုဏ်းဇေမျက်နှာကိုသာ မြင်ရလျှင် ၊ ဘုဏ်းဇေ အသံကိုသာ ကြားရလျှင် ဘာမှမစားရလည်း သူ့အလိုလို အားဖြစ်ပါလိမ့်မည် ။

အခုတော့ စေ့စေ့ပိတ်ထားသည့် တံခါးကိုသာ မျှော်ကြည့်နေမိသည် ။ ရုတ်တရက် သူ့မင်းသားလေးများ ထွက်လာလေမလားဆိုသည့် မျှော်လင့်ချက်ဖြင့် ။

' မင်းသာ ဒီနန်းမြို့ရိုးကို ရအောင် ဖြတ်ကျော်ခဲ့ပါ ၊ နောက်ထပ် ဘယ်လမ်းပဲဖြစ်ဖြစ် ငါက မင်းနဲ့အတူ လျှောက်လှမ်းပါ့မယ် '

သူ့သစ္စာစကားကို နတ်ဘုရား တစ်ဦးဦးများ ကြားသွားသလားမသိ ။

ဟေးခနဲ အော်သံတို့ ညံထွက်လာသည်။ သက်တံရောင် အလံတို့ လေပေါ်မှာ ဝဲလွင့်တက်လာ၏ ။

ရှင်းသန့်စောင့်နေခဲ့သည့် အရှေ့နန်းမြို့ရိုး၏ မုခ်ပေါက်တံခါးပွင့်လာခဲ့ပြီ။ တစ်နည်းအားဖြင့် သူနှင့် ဘုဏ်း‌ဇေတို့၏ အနာဂတ်အချစ်ခရီး‌လမ်းလေး ပွင့်လာခဲ့ပါပြီ ။

တံခါးရှေ့မှာ ပြည့်သိပ်စုဝေးနေသည့် လူအုပ်ကြီးက အလိုလိုနောက်ဆုတ်ပေးကြသည် ။ မတိုင်ပင်ရဘဲ တက်ညီလက်ညီ လမ်းဖော်ပေးကြ၏ ။ သည်လူတွေကြောင့်သာ သူတို့အချစ်လမ်းကလည်း ပိုပြီး လွယ်လွယ်ကူကူ ခရီးပေါက်ခဲ့ခြင်းပါ ။

သည်လမ်းကတစ်ဆင့် ချစ်ရသူဟာ ကြည်စင်သည့် မူပိုင်အပြုံးဖြင့် ၊ တက်ကြွသည့် ခြေလှမ်းမြန်မြန်ဖြင့် ၊ နွေးထွေးသည့် နှုတ်ခွန်းဆက် အမူအရာတို့ဖြင့် ၊ ရင်ဘတ်ပေါ်မှာ အိမ်ရှေ့မင်းသားရင်ထိုးဖြင့် သူရှိရာ လှမ်းလာခဲ့သည် ။

တစ်လှမ်း ... နှစ်လှမ်း ... သုံးလှမ်း....

လေးလှမ်းမြောက်မှာတော့ ဝေးကွာခဲ့ရသည့် ခန္ဓာကိုယ်နှစ်ခု နီးကပ်သွားခဲ့ပြီ။ ခွဲခွာခဲ့ရသည့် နှုတ်ခမ်းနှစ်စုံ ထပ်တူကျခဲ့ပြီ ။ ဖက်တွယ်ထားသည့် လက်နှစ်စုံကြား လူနှစ်ဦး ဘဝနှစ်ခု တစ်သားတည်းဖြစ်ခဲ့ပါပြီ ။

" ရှင်း "

" စိတ်ပူနေတာ ... ရူးတော့မလိုပဲ "

" သိတယ် ၊ မောင် သိပါတယ် ၊ အခုကစပြီး အရာအားလုံး အဆင်ပြေသွားပြီနော် "

ရှင်းသန့် ခေါင်းညိတ်ပြမိသလား မသိ ။ ဘုဏ်းဇေကို ဖက်ထားတာတော့ လွှတ်မပေးမိပါ ။ အဆင်ပြေသည်ဖြစ်ဖြစ် မပြေသည်ဖြစ်ဖြစ် သူ့အတွက် အရေးမကြီး ။ ဘုဏ်းဇေ သူ့ဆီရောက်လာဖို့သာ အဓိကပါ ။

" ပြောတော့ ....ဦးဦးရှင်းရှင်းနဲ့ သူငယ်ချင်းလုပ်ချင်ဘူးဆို ဦးဦးဘုဏ်းဇေ "

အဝါရောင် ဝမ်းဆက်လေးနှင့် သက်တံရောင်အလံကို ခေါင်းမှာစည်းထားသည့် ဘော်ဘီက သူတို့ကို မော့ကြည့်ပြီး မေးလာသည့်အခါ ပူးကပ်နေသည့် ခန္ဓာကိုယ်တို့ မခွာချင်လည်း ခွာရတော့သည် ။

" အခုလဲ ဦးဦးတို့က သူငယ်ချင်း မဟုတ်ဘူးလေ "

" ဒါဆို ဘာလဲ "

" ဦးဦးတို့က Soulmate တွေ "

" အဲဒါ ဘာလဲ ၊ သားသားနားလည်ဘူး "

" ကြီးလာရင် နားလည်လိမ့်မယ် "

ဘော်ဘီက ခြေထောက်လေးကို ဆောင့်ချပြီး

" သားသား ခုသိချင်တာ ၊ ခုပြောပြနော် ၊ မဟုတ်ရင် ဘိုးနဲ့ လှမ်းတိုင်မှာ "

" ဟားဟား ...တိုင်ပေါ့ကွာ ၊ ဖုန်းခေါ်ပေးရဦးမလား "

" ခေါ်ပေး .... ခု ခေါ်ပေး "

ရှင်းသန့် အိမ်မှာကျန်ခဲ့သည့် ဖေဖေ့ဆီ ဖုန်းခေါ်ပြီး တူတော်မောင်ကို ပေးလိုက်ရာ

" ဘိုးရေ ... ဒီမယ် ဦးဦးရှင်းရှင်းရယ် .... လူတွေများကြီးရှေ့မှာ ဦးဦးဘုဏ်းဇေနှုတ်ခမ်းကို ဆွဲကိုက်နေတာ "

" ဟာ "

ဖုန်းကို အမြန်ပြန်ဆွဲယူပြီး ပိတ်လိုက်ရသည်။ လူထုဆီမှ တဟားဟားအော်ရယ်သံတို့ သောသောညံနေ၏ ။ သူတို့လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ရယ်မိကြသည် ။

အခုကစပြီး ဘဝအမောတွေ ပြေပါပြီ ။

ထို့နောက် ဘုဏ်းဇေက Mic ကိုယူပြီး လူထုဘက်ကို မျက်နှာလှည့်ကာ ဦးညွှတ်အရိုအသေပြု၍

" မင်္ဂလာပါခင်ဗျာ ....ဘားမားပြည်ထောင်စုရဲ့မင်းသား ဘုဏ်းဇေယျာကျော် ဖြစ်ပါတယ်ခင်ဗျာ "

" ဟေး ..."

တော်ဝင်မိသားစုအနေနှင့် ကြေငြာချက် ထုတ်ပြန်စရာတောင်မလို။ သည်နှုတ်ခွန်းဆက်စကား၏ အဓိပ္ပာယ်သည်ပင် ပြည်သူလူထုသိချင်နေကြသည့် အဖြေကို ပေးလိုက်ပြီ မဟုတ်လား ။

" ကျနော်တို့ကို အခုလို နားလည်လက်ခံပြီး ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ ၊ ချစ်ခြင်းမေတ္တာတွေလို့လဲ မှတ်ယူပါတယ် ၊ ဒီနေ့ ဒီအချိန် ဒီအ‌ကြောင်းအရာတွေအားလုံးကို ကျနော့်တစ်ဘဝလုံး တန်ဖိုးထားပြီး သယ်ဆောင်သွားပါ့မယ် "

သူတိူ့မင်းသားလေးစကားကို နားထောင်ပြီး ပြည်သူတချို့က ငိုကြသည် ။ တချို့က ပြုံးကြသည် ။ နှစ်မျိုးစလုံးသည် ဝမ်းသာကြည်နူးမှုကိုသာ အခြေခံပြီး ဖြစ်ပေါ်လာကြခြင်းပင် ။

" ပြည်သူတွေအားလုံးရှေ့မှာပဲ အခု ကျနော့်ချစ်သူကို ကျနော် လက်ထပ်ခွင့် တောင်းချင်ပါတယ်ခင်ဗျာ "

ပြောပြီးပြီးချင်း ဘုဏ်းဇေက ရှင်းသန့်ရှေ့ ဒူးတစ်ဖက် ထောက်ထိုင်ချသည့်အခါ ရှင်းသန့် မျက်လုံးပြူးသွားရသည် ။ လက်ထပ်ပါ့မည်ဟု ကတိပေးပြီးသားကို ဘာတွေထပ်လုပ်ဦးမလို့လဲ ။

တွေးနေတုန်းမှာပဲ ဘုဏ်းဇေက ခါးနောက်ဖက်မှာထိုးထားသည့် အနီရောင် နှင်းဆီပန်းတစ်ပွင့်ကိုယူကာ သူ့ဆီ ကမ်းပေးသည် ။

" Please marry me , Shinn "

လူပေါင်းများစွာရှေ့မို့ မျက်နှာတွေပူသွားသလို သူ့ဆီက အကြည့်မခွာဘဲ ပြုံးနေသူကြောင့်လည်း ရင်ခုန်သံတွေက ထိန်းမရ ။

ဘုဏ်းဇေလက်မောင်းကိုသာ ဆွဲပြီး ထူလိုက်၏ ။

" လက်ထပ်မယ်ပြောပြီးသားကို ဘာလို့ အပိုတွေ လုပ်နေတာလဲ "

" အပိုမဟုတ်ဘူးလေကွာ ၊ ရိုနေတာ ၊ အဖြေပေးဦး "

" ပြောပြီးသားလေ အရင်ကတည်းက "

" မောင်က လူတွေရှေ့ လက်ထပ်ခွင့်တောင်းတာကို မင်းကလဲ လူတွေရှေ့ ပြန်ဖြေရမှာပေါ့ "

တော်‌တော်ရိုချင်နေသည့် အိမ်ရှေ့ကိုယ်တော်လေးကို ရှင်းသန့် မျက်စောင်းခဲပြီး Mic ကို လက်ပြောင်းယူလိုက်သည် ။ ထို့နောက် လူထုဘက် လှည့်ကာ

" လူကြီးမင်းတို့ခင်ဗျား .... "

ဆူညံနေသော လူအုပ်ကြီးသည် အပ်ကျသံပင် ကြားရလောက်အောင် ငြိမ်သက်ကာ သူ့စကားကို နားစွင့်နေကြသည် ။

" ရှစ်နှစ်အရွယ်ကတည်းက ကြီးလာရင် ကျနော် သူ့ကို လက်ထပ်မယ်လို့ ပြောခဲ့ပါတယ် "

" ဟင် ... ဟိုတစ်ခါပြောတော့ မင်း အဲဒါကို မမှတ်မိဘူးဆို "

ဘုဏ်းဇေပြောတာကို သူ အရေးမစိုက်ဘဲ ပြည်သူတွေဘက်ပဲ မျက်နှာဆက်မူကာ

" အဲဒီတုန်းက ယောက်ျားလေးချင်း လက်ထပ်လို့ မရဘူးလို့ ပြောပြီး သူက ကျနော့်ကို ငြင်းခဲ့ပါတယ် ၊ အဲဒါကို လက်စားချေတဲ့အနေနဲ့ အခု ကျနော် သူ့ကို ငြင်းလိုက်ရမလားခင်ဗျ "

" ဟာ ... ရှင်းနော် "

" မငြင်းပါနဲ့ ၊ မငြင်းရဘူးနော် ၊ မင်းသားလေးကို လက်ခံလိုက်ပါ ၊ Say yes please "

စနောက်ပြီးတော့တောင် အပြောမခံကြ ။ လက်ခံပေးဖို့ကိုသာ တကြော်ကြော် အော်ကြသည် ။

တော်တော်လည်း လိုက်ဖက်သည့် အိမ်ရှေ့စံနှင့် ပြည်သူတွေကိုကြည့်ပြီး ရှင်းသန့်လည်း စိတ်ချမ်းမြေ့ရပါသည် ။

" ဟုတ်ပါပြီ ၊ လူကြီးမင်းတို့မျက်နှာကြောင့် လက်ထပ်ခွင့်တောင်းတာကို ကျနော် လက်ခံလိုက်ပါ့မယ်ခင်ဗျ "

" ဟေး..... "

ပရိတ်သတ်က တဟေးဟေး အော်ပြီး ပျော်ကြသလို ဘုဏ်းဇေက သူ့ကို မချီပြီး ခန္ဓာကိုယ်ကို လှည့်ပတ်ရမ်းသည် ။

အရှေ့နန်းမြို့ရိုးမှ ထွက်ပေါ်လာသည့် ပျော်ရွှင်စွာ ကြွေးကြော်သံတို့သည် အထက်ဘဝဂ်သို့တိုင်‌အောင် လျှံတက်နေပါလိမ့်မည် ။

#PoPoPhoenix

{ ကဲ .... ပွဲတက်ဝတ်စုံ လှလှလေးတွေ ပြင်ဆင်ထားကြတော့နော် ။ ဘုဏ်းရှင်းက wedding ဖိတ်စာ ပို့လိုက်ပါတယ် 💌 }

(Zgi )

ၾကည္လင္ေသာ ေကာင္းကင္သည္ မိုးသားတိမ္တိုက္တို႔ မရွိသလို ေနကလည္း ဝင္းဝင္းေတာက္ေအာင္ ထြက္မေန။ ရာသီဥတု သာယာၿပီး ခပ္ေသာ့ေသာ့ တိုက္ေနေသာ ေလေအးေအးေလးက လမ္းေပၚမွာ စုေဝးေနၾကသည့္ ျပည္သူလူထုကို မပင္မပန္းဘဲ သက္ေသာင့္သက္သာရွိေစသည္။

ဒါသည္ပင္ သဘာဝတရားက သူတို႔ႏွင့္အတူ ရပ္တည္ေၾကာင္း ျပသျခင္းေပလား မေျပာတတ္ ။

အင္တာနက္ေပၚက videoေတြကိုၾကည့္ရင္း ဘုဏ္းေဇ အၿပဳံးတို႔ ရပ္တန႔္မရေပ ။ သက္တံေရာင္အလံကို ပုခုံးမွာ ၿခဳံၿပီး လူအမ်ားေရွ႕မွာ ရပ္ေနသည့္ ရွင္းသန႔္တည္က သူ႔မ်က္စိထဲမွာ စူပါဟီး႐ိုးတစ္ေယာက္ႏွင့္တူ၏ ။ ေဘးမွာလည္း သူငယ္ခ်င္းေတြအားလုံး ဝိုင္းဝိုင္းဝန္းဝန္း ရွိၾကပါသည္ ။ ေနာက္ၿပီး Unityက ဝန္ထမ္းေတြကလည္း လူအုပ္ႀကီး၏ ေရွ႕ဆုံးကေန တက္ညီလက္ညီ ။

ခဏေနေတာ့ ေရာင္ရွိန႔္ဆီ ဖုန္းလွမ္းဆက္ရသည္ ။ မၾကာခင္ ကိုးနာရီထိုးေတာ့မည္ျဖစ္၍ သည္လူေတြအတြက္ ေန႔လယ္စာ စီစဥ္ေပးဖို႔ ။

"ဟဲလို ... ေရာင္ရွိန္ ... ငါေျပာတာ ၾကားလား "

" ေအးေအး ... ၾကားတယ္ ေျပာ "

" ေန႔လယ္စာအတြက္ food truck ေတြ စီစဥ္ေပးလိုက္ဦး "

" ဒီလူေတြ အကုန္လုံးစာလား "

" ေအးေပါ့ "

လင္းေရာင္ရွိန္ လူအုပ္ကို ျပန္ၾကည့္ေတာ့ အေရွ႕နန္းၿမိဳ႕႐ိုးတစ္ေလွ်ာက္အျပည့္ ။ သူမျမင္ႏိုင္သည့္ အေနာက္ ၊ ေတာင္ ၊ ေျမာက္မွာလဲ ရွိေသးသည္။ လူဦးေရက ခန႔္မွန္းလို႔ပင္မရေအာင္ မ်ားျပားလြန္း၏ ။
ၿမိဳ႕ထဲမွာရွိသမွ် စားေသာက္ဆိုင္အားလုံးကေန မွာေတာင္ ေလာက္ပါ့မလားမသိ ။ အသင့္စား မုန႔္ေတြေရာ ပါမွျဖစ္မည္ ။

" ဘယ္သူ႔ပိုက္ဆံနဲ႔ ေကြၽးမွာလဲ "

" မင္းပိုက္ဆံနဲ႔ေလ "

" ဟ ! "

" ဒီေလာက္ကေတာ့ မင္းအတြက္ ဘာမွျဖစ္မသြားပါဘူးကြ .... အဟြန္း ....ကိုယ့္သူငယ္ခ်င္းကို ပါရမီ ျဖည့္ေပးရတယ္လို႔ပဲ သေဘာထား ၊ တကယ္ကြာ ငါ့ဘဝႀကီးက ဒီမွာ အက်ဥ္းက်ေနသလို ... "

" ေတာ္လိုက္ ေဟ့ေရာင္.... ဒရာမာ မခင္းနဲ႔ "

ေရွ႕ဆက္ အေျပာမခံဘဲ ေအာ္သျဖင့္ ဘုဏ္းေဇ ပါးစပ္ကို လက္ဖဝါးႏွင့္အုပ္ၿပီး ရယ္ရသည္ ။ သို႔ေသာ္လည္း သူတစ္ပါးဆႏၵကို အၿမဲလိုက္ေလ်ာၿပီး ျဖည့္စည္းေပးေလ့ရွိသည့္ သူငယ္ခ်င္းျဖစ္သူက သည္တစ္ခါလည္း လက္ခံမွာျဖစ္ေၾကာင္း သိၿပီးသားပါ ။

" ငါ ဘာမွ ပါရမီ ျဖည့္တာ မဟုတ္ဘူး ၊ မင္းအေပၚကို ဘယ္ဘဝက ပါလာမွန္းမသိတဲ့ ဝဋ္ေႂကြးေတြ ဆပ္ေနရတာလို႔ပဲ သေဘာထားမယ္ "

" အဟားဟား .... "

ဖုန္းခ်ၿပီး အားရပါးရရယ္ေနစဥ္ ကိုဗစ္တာက အနားေရာက္လာသည္ ။ ကိုဗစ္တာ့ပုံစံက သူ႔ထက္ေတာင္ စိတ္လႈပ္ရွားေနပုံရ၏ ။

" မင္းသား .... ရယ္မေနေတာ့နဲ႔ ၊ အစိုးရအဖြဲ႕ေရာ နန္းတြင္းေရးရာ အတိုင္ပင္ခံအဖြဲ႕ေရာ အစုံအလင္ ေရာက္ေနၿပီ ၊ ကိုးနာရီထိုးတာနဲ႔ အစည္းအေဝး စၾကေတာ့မယ္ "

ဘုဏ္းေဇ ၿပဳံးၿပီး ကိုဗစ္တာ့ရင္ဘတ္ေပၚ က အနည္းငယ္ေစာင္းခ်င္သလို ျဖစ္ေနသည့္ သက္ေတာ္ေစာင့္ေခါင္းေဆာင္ အမွတ္အသား ရင္ထိုးေလးကို ေသခ်ာျပန္တည့္ေပးကာ

" ေက်းဇူးအမ်ားႀကီး တင္တယ္ေနာ္ အစ္ကို "

" ခင္ဗ်ာ "

" က်ေနာ့္ကို ေစာင့္ေရွာက္ေပးခဲ့တာေတြ အတြက္ပါ "

" မင္းသား "

ကိုဗစ္တာ့အသံႏွင့္အၾကည့္က အထိတ္တလန႔္ ။ ႏွစ္ေပါင္းမ်ားစြာ သူ႔ေဘးမွာ ေနလာၿပီး ကာကြယ္ေစာင့္ေရွာက္ေပးခဲ့သူမို႔ ကိုဗစ္တာ့အေပၚထားသည့္ သူ႔သံေယာဇဥ္ကလည္း အမႈထမ္းတစ္ေယာက္ဆိုတာထက္ အစ္ကိုႀကီးတစ္ေယာက္ႏွင့္မျခားပါ ။

" ေနာက္ဆို က်ေနာ္ ဒီစံအိမ္မွာ ဆက္ေနခြင့္ရမရ မသိဘူး ၊ ကိုဗစ္တာတို႔ ကာကြယ္ေပးရမဲ့သူကလဲ က်ေနာ္ ဟုတ္ခ်င္မွ ဟုတ္ေတာ့မွာ "

" အဲလိုစကားေတြ မေျပာပါနဲ႔ မင္းသား ၊ မင္းသားကသာ က်ေနာ္တို႔အားလုံး ရင္ထဲမွာရွိတဲ့ တစ္ဦးတည္းေသာ အိမ္ေရွ႕စံပါ ၊ ဒီေနရာက မင္းသားအတြက္ ထာဝရျဖစ္မွာပါ "

လႈိက္ခနဲခံစားမႈႏွင့္အတူ မ်က္ရည္ဝဲရသည္ ။ ကိုဗစ္တာသည္လည္း သူ႔နည္းတူ ။ သူေပြ႕ဖက္ေတာ့ ကိုဗစ္တာက သူ႔ေက်ာျပင္ကို လက္ႏွင့္ ညင္ညင္သာသာပုတ္ၿပီး

" ခ်စ္ျခင္းေမတၱာက အရာအားလုံးကို ေအာင္ႏိုင္ပါတယ္ မင္းသားေလး " တဲ့ ။

*****

ျပႆာဒ္ခုနစ္ဆင့္ရွိသည့္ ဘုံရတနာနန္းစံအိမ္၏ အစည္းအေဝးခန္းမအတြင္း ဝန္ႀကီးခ်ဳပ္ ဦးခန႔္ထည္ ဦးေဆာင္ေသာ အစိုးရအဖြဲ႕ႏွင့္ နန္းတြင္းေရးရာ အတိုင္ပင္ခံအဖြဲ႕တို႔ အစုံအလင္ ေရာက္ရွိလာၿပီးေနာက္ ဧကရာဇ္ႏွင့္ ၾကင္ယာေတာ္တို႔လည္း ခန္းမထဲ ဝင္လာၿပီး ေနရာယူၾကသည္။ ထို႔ေနာက္ ကိုးနာရီထိုးသည္ႏွင့္ တၿပိဳင္နက္ အိမ္ေရွ႕စံႏွင့္ ပတ္သက္သည့္ အစည္းအေဝးတစ္ရပ္ကို စတင္ၾက၏ ။

အစည္းအေဝးအေၾကာင္းအရာသည္ မင္းသား ဘုဏ္းေဇယ်ာေက်ာ္အား အိမ္ေရွ႕စံအျဖစ္ ဆက္ထားရွိေရး ၊ မထားရွိေရး ဆုံးျဖတ္ရန္ ျဖစ္သည္။

ပထမဆုံး နန္းတြင္း အတိုင္ပင္ခံအဖြဲ႕ထဲမွ ပုဂၢိဳလ္တစ္ဦးက သူ႔အေနႏွင့္ အိမ္ေရွ႕မင္းသားအေပၚမွာ မလိုမုန္းထားျခင္း မရွိေသာ္လည္း မင္းသားသာ လက္ရွိခ်စ္သူျဖစ္သည့္ ေယာက္်ားေလးတစ္ေယာက္ႏွင့္ လက္ထပ္မည္ဆိုပါက ထီးနန္းဆက္ခံဖို႔ကိုေတာ့ မသင့္ေတာ္ဘူးဟုထင္ေၾကာင္း သူ႔အျမင္ကို တင္ျပသည္ ။

" ေယာက္်ားခ်င္း လက္ထပ္မယ္ဆို မင္းသားရဲ႕ မ်ိဳးဆက္ရဖို႔ အဆင္မေျပပါဘူး ၊ အခုေခတ္ နည္းပညာအကူအညီနဲ႔ ယူမယ္ဆိုရင္ေတာင္ အဲဒါဟာ ေတာ္ဝင္မိသားစုရဲ႕ ေသြးသားသီးသန႔္ မျဖစ္ႏိုင္တဲ့အတြက္ နတ္႐ြာစံသြားတဲ့ အရင္ဘိုးေဘးေတြကို မေလးစားရာက်မယ္လို႔ ျမင္ပါတယ္ "

" မဆိုင္ပါဘူးခင္ဗ်ာ "

အတိုင္ပင္ခံအဖြဲ႕ထဲကပဲ ေနာက္တစ္ဦးက ဝင္ေထာက္ျပသည္။

" လူရယ္လို႔ ျဖစ္လာတာနဲ႔ က်ေနာ္တို႔ဟာ အ႐ြယ္ေရာက္လာရင္ ဆန႔္က်င္ဘက္လိင္တစ္ေယာက္နဲ႔ လက္ထပ္ရမယ္ ၊ ၿပီးရင္ ကိုယ့္ရဲ႕မ်ိဳးဆက္ကို ေမြးရမယ္ဆိုတဲ့ တရားေသ သတ္မွတ္ထားတာမ်ိဳး မရွိပါဘူး ၊ တပါးသူေတြကို ေဘးဥပါဒ္ မျဖစ္ေစသ၍ ကိုယ္ဆႏၵရွိသလို ေနထိုင္ဖို႔ အခြင့္အေရး လူတိုင္းမွာ ရွိပါတယ္ "

အစိုးရအဖြဲ႕ထဲက တရားသူႀကီးခ်ဳပ္ကလည္း ဒုတိယပုဂၢိဳလ္၏စကားကို ဝင္ေထာက္ခံသည္ ။

" ဟုတ္ပါတယ္ ၊ ေယာက္်ားနဲ႔မိန္းမ လက္ထပ္တာကမွ သဘာဝက်တာ ျမင့္ျမတ္တာ မဟုတ္ပါဘူး ၊ အသက္ျပည့္ၿပီးသား လူႏွစ္ဦးၾကားက ေပါက္ဖြားလာတဲ့ အခ်စ္နဲ႔ အိမ္ေထာင္ေရးမွန္သမွ် သဘာဝက်ပါတယ္ ၊ လိင္တူလက္ထပ္သည္ျဖစ္ေစ လိင္ကြဲလက္ထပ္သည္ျဖစ္ေစ အဓိကလူႏွစ္ဦးရဲ႕ ဆႏၵအမွန္ျဖစ္မယ္ဆိုရင္ ဝမ္းသာဂုဏ္ျပဳေပးရမွာပါပဲ ၊ ကေလးယူျခင္း မယူျခင္းဟာလဲ သူတို႔ရဲ႕ စိတ္ဆႏၵနဲ႔သာ သက္ဆိုင္ပါတယ္ ၊ မျဖစ္မ‌ေန ေဆာင္႐ြက္ရမဲ့ ဘဝေပး တာဝန္တစ္ခု မဟုတ္ပါဘူး "

" လက္ထပ္တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ထပ္ေျပာရမယ္ဆိုရင္ ေယာက္်ားမိန္းမစုံတြဲေတြၾကားမွာ ဒါဟာ သာမန္ကိစၥတစ္ခုလိုျဖစ္ေနေပမဲ့ လိင္တူစုံ‌တြဲေတြအလွည့္က်မွ အထူးအဆန္းတစ္ခုလို ေျပာဆိုၿပီး ခြဲျခားဆက္ဆံၾက ၊ တခ်ိဳ႕ ကဲ့ရဲ႕ရႈံ႕ခ်ခ်င္ၾကတာဟာ ေရွး႐ိုးစြဲေနတဲ့ အျမင္က်ဥ္းေျမာင္းမႈေတြပါပဲ ၊ တကယ္ေတာ့ လူကို လူလို ျမင္တတ္ဖို႔ပဲ လိုပါတယ္ ၊ လူတိုင္းမွာ ေမြးဖြားလာကတည္းက ပညာသင္ယူခြင့္ ၊ အရည္အခ်င္းအေပၚ မူတည္ၿပီး ခ်ီးျမႇင့္ေျမႇာက္စားခံရခြင့္ ၊ က်န္းမာေရးေစာက္ေရွာက္ခြင့္ ၊ တရားဝင္ လက္ထပ္ထိမ္းျမားခြင့္ ၊ ကေလးေမြးဖြားခြင့္ စသျဖင့္ အခြင့္အေရးေတြ အျပည့္အဝ ရွိပါတယ္ ၊ ဒီအခြင့္အေရးေတြအားလုံးကို ႏိုင္ငံသားတိုင္း ရရွိဖို႔ကိုလဲ က်ေနာ္တို႔ အစိုးရအဖြဲ႕အေနနဲ႔ စဥ္ဆက္မျပတ္ ႀကိဳးပမ္းေနၾကမယ္လို႔ ယုံၾကပါတယ္ "

အစည္းအေဝးမွာရွိသည့္ လူအားလုံး တရားသူႀကီးခ်ဳပ္၏စကားကို နားေထာင္ၿပီး ေခါင္းတညိတ္ညိတ္ျဖင့္ ေထာက္ခံၾကသည္ ။ အေစာပိုင္းက အိမ္ေရွ႕စံႏွင့္ ပတ္သက္ၿပီး ကန႔္ကြက္ဖို႔ ဆႏၵရွိသူ အခ်ိဳ႕ပင္ ႏႈတ္ဆိတ္သြားၾကသည္ ။ ထို႔ေနာက္ ဝန္ႀကီးခ်ဳပ္ တင္ျပမည့္အလွည့္ ေရာက္ရွိလာ၏ ။

" ပထမအခ်က္အေနနဲ႔ ေျပာရရင္ က်ေနာ္တို႔ႏိုင္ငံဟာ လိင္တူလက္ထပ္ခြင့္ ဥပေဒကို တရားဝင္ ျပဌာန္းထားၿပီး လိင္တူခ်စ္သူေတြရဲ႕ အခြင့္အေရးကို အျပည့္အဝကာကြယ္ေပးသြားဖို႔ ထုတ္ျပန္ေၾကျငာထားတဲ့ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ပါတယ္ ၊ ဒီလိုႏိုင္ငံျဖစ္ၿပီးေတာ့ အခု မင္းသားဘုဏ္းေဇယ်ာေက်ာ္ကို ‌ေယာက္်ားေလးခ်င္း ခ်စ္ႀကိဳက္မႈနဲ႔ အိမ္ေရွ႕စံေနရာက ဖယ္ရွားလိုက္မယ္ဆို ဒါဟာ ကိုယ့္ဥပေဒကိုယ္မလိုက္နာတာ ျဖစ္သြားၿပီး ဒီမိုကေရစီ စံခ်ိန္စံႏႈန္းေတြနဲ႔ မကိုက္ညီတဲ့ ႏိုင္ငံဆိုၿပီးလဲ ကမာၻေပၚမွာ ေလွာင္ေျပာင္ကဲ့ရဲ႕စရာ ျဖစ္သြားႏိုင္ပါတယ္ "

" ဒုတိယအခ်က္ က်ေနာ္တို႔အိမ္ေရွ႕စံဟာ အခုခ်ိန္ထိ ေဝဖန္ေထာက္ျပ အျပစ္ယူစရာ အမွားအယြင္း မရွိေအာင္ နာမည္ေကာင္းနဲ႔ ေနလာတဲ့သူတစ္ေယာက္ ျဖစ္ပါတယ္ ၊ ဒီလိုလူတစ္ေယာက္ကို အိမ္ေရွ႕စံေနရာကေန ဘာအေၾကာင္းျပခ်က္နဲ႔ ဖယ္ရွားရမွာပါလဲ ၊ လိင္တူခ်စ္ႀကိဳက္သူမို႔ဆိုတဲ့ အေၾကာင္းျပခ်က္ဆိုရင္ေတာ့ က်ေနာ္ေျပာတဲ့ ပထမအခ်က္ကို ျပန္စဥ္းစားၾကည့္ပါ "

" ေနာက္ဆုံးအခ်က္ေျပာခ်င္တာကေတာ့ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အင္အားဟာ လူငယ္ေတြပါ ၊ ၿပီးေတာ့ မင္းသား ဘုဏ္းေဇယ်ာေက်ာ္ဆိုတာ ဒီႏိုင္ငံက လူငယ္ေတြအေပၚမွာ လႊမ္းမိုးမႈ အမ်ားဆုံးရွိသူတစ္ေယာက္အျဖစ္ ေလ့လာေတြ႕ရွိရပါတယ္ ၊ က်ေနာ္တို႔ဟာ မင္းသားအေပၚမွာ မတရားသျဖင့္ ဆုံးျဖတ္ၾကမယ္ဆိုရင္ ေခါင္းငုံ႔မခံမဲ့ လူငယ္ေတြအမ်ားႀကီး ထြက္လာပါလိမ့္မယ္ ၊ မလိုအပ္တဲ့ လူထုအုံႂကြမႈေတြ ျဖစ္ေပၚလာပါလိမ့္မယ္ခင္ဗ်ာ "

ဝန္ႀကီးခ်ဳပ္ဦးခန႔္ထည္၏ သေဘာထားကို နားေထာင္ၿပီး ေဒၚသီရိရတနာတစ္ေယာက္ မ်က္ရည္ဝိုင္းရတဲ့အထိ ၾကည္ႏူးရသည္။ သည္လိုမ်ိဳး အုပ္ခ်ဳပ္ေရး၏ အႀကီးပိုင္း ပုဂၢိဳလ္ေတြထဲကေန သားေတာ္ေလးဘက္ကို နားလည္ရပ္တည္ေပးသူေတြ ရွိမွရွိပါ့မလားဟု စိုးရိမ္ခဲ့ရသမွ် အခုလိုၾကားရေတာ့ စိတ္ခ်မ္းသာရပါၿပီ ။

" ေနာက္ထပ္ ေဆြးေႏြးတင္ျပမဲ့သူ မရွိေတာ့ရင္ က်ေနာ္ ေျပာပါ့မယ္ခင္ဗ် "

ခင္ပြန္းျဖစ္သူ က မတ္တပ္ထရပ္ရင္း သူမဆီကို ေႏြးေထြးသည့္အၿပဳံးတစ္ပြင့္ ေပးသည္။ သားေတာ္ေလးကိစၥႏွင့္ ပတ္သက္ၿပီး သူမတို႔ႏွစ္ေယာက္ ေသခ်ာတိုင္ပင္ ေဆြးေႏြးခဲ့ၾကၿပီးသားျဖစ္၍ အရွင္မင္းႀကီး၏ သေဘာထားကိုေတာ့ သိၿပီးသားပါ ။

" ဒီရက္ပိုင္း က်ေနာ္ ကိုယ့္ကိုယ္ကိုယ္ ဘုရင္တစ္ပါးအေနနဲ႔ မဟုတ္ဘဲ သာမန္လူတစ္ေယာက္အေနနဲ႔ ေနထိုင္စဥ္းစားၾကည့္ခဲ့ပါတယ္ ၊ သာမန္ဖခင္တစ္ေယာက္ အေနနဲ႔ေပါ့ ၊ က်ေနာ္သာ သာမန္လူတစ္ေယာက္ဆိုရင္ သားရဲ႕အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ဒီလိုမ်ိဳးေတြ အမ်ားရဲ႕ဆႏၵကို ယူေနစရာ မလိုဘူးလို႔ ေတြးမိပါတယ္ ၊ ၿပီးေတာ့ သား ေပ်ာ္သလိုေနဖို႔ကိုလဲ တခါတည္းခြင့္ျပဳျဖစ္မွာပါ "

" တကယ္ေတာ့ သားက အိမ္ေရွ႕မင္းသားတစ္ေယာက္ ျဖစ္ခ်င္လို႔ပါဆိုၿပီး က်ေနာ္တို႔ဆီကို ေရာက္လာသူတစ္ေယာက္ မဟုတ္ခဲ့ပါဘူး ၊ က်ေနာ္တို႔လို မိသားစုမ်ိဳးမွာ ေမြးဖြားခဲ့ရလို႔သာ သူ႔အေနနဲ႔ အိမ္ေရွ႕မင္းသား ျဖစ္ခဲ့ရတာပါ ၊ ခမည္းေတာ္ မင္းႀကီး ေစာေစာစီးစီး နတ္႐ြာစံသြားတဲ့အခါ က်ေနာ္လဲ အခ်ိန္မတန္ေသးဘဲ ထီးနန္းဆက္ခံခဲ့ရသလို သားေတာ္ေလးကလဲ ဘာမွမသိဘဲ ေမြးကတည္းက အိမ္ေရွ႕မင္းသားဆိုတဲ့သရဖူကို သူ႔ေခါင္းေပၚ တပ္ဆင္ျခင္း ခံလိုက္ရပါတယ္ ၊ တစ္ေလွ်ာက္လုံးလဲ သူ ဘာျဖစ္ခ်င္သလဲဆိုတာမ်ိဳး စဥ္းစားခြင့္ မရွိခဲ့ဘဲ ဒီလိုေနရမယ္ ဒီလိုထိုင္ရမယ္ ဒါေတြလုပ္ရမယ္ဆိုတဲ့ သတ္မွတ္ထားတဲ့ လမ္းေၾကာင္းအတိုင္း သြားခဲ့ရတယ္ ၊ က်ေနာ္ ဟိုတစ္ေန႔က ဦးသန႔္စင္တည္ၾကည္ရဲ႕ အင္တာဗ်ဴးကို ၾကည့္ၿပီး က်ေနာ့္ဘဝမွာ သားသမီးေတြ ဘာျဖစ္ခ်င္လဲဆိုတာကို တစ္ခါမွ မေမးခဲ့ဖူးတာေတြးၿပီး ေနာင္တရမိတယ္ "

" အခု သားေတာ္က ပထမဆုံး အေနနဲ႔ သူ႔ရဲ႕ကိုယ္ပိုင္ဆႏၵကို ထုတ္ျပလာခဲ့တယ္ ၊ က်ေနာ္တို႔ကလဲ သားေတာ္ရဲ႕ဆႏၵကို ျဖည့္စည္းေပးခ်င္ပါတယ္ ၊ အေစာက ေျပာၾကတဲ့ မ်ိဳးဆက္ကိစၥနဲ႔ ပတ္သက္ၿပီး ေျပာရမယ္ဆိုရင္ေတာ့ ကိုယ့္သားသမီးက ေမြးဖြားလာမဲ့ရင္ေသြး က်ေနာ္တို႔ရဲ႕ ေျမးရတနာေလးေတြကို က်ေနာ္တို႔လဲ ျမင္ခ်င္တာေပါ့ခဗ်ာ ၊ ဒါေပမဲ့ အဲဒီဆႏၵဟာ က်ေနာ္တို႔သားကို အျပည့္အဝေပ်ာ္ေစခ်င္တဲ့စိတ္နဲ႔ယွဥ္ရင္ အမႈန္အမႊားပါပဲ "

" ဒီေတာ့ အႏွစ္ခ်ဳပ္ရမယ္ဆို က်ေနာ္တို႔ဘက္ကေတာ့ မိဘေတြအေနနဲ႔ သားကို သူ႔ခ်စ္သူနဲ႔ ေပါင္းဖက္ဖို႔ ၾကည္ၾကည္ျဖဴျဖဴ ခြင့္ျပဳပါတယ္ ၊ အိမ္ေရွ႕စံေနရာမွာဆက္ၿပီး ရွိမယ္မရွိဘူးဆိုတာကိုေတာ့ ျပည္သူေတြရဲ႕ ဆႏၵပါ "

ထိုအခ်ိန္ ေတာ္ဝင္မိသားစု၏ သတင္းထုတ္ျပန္ေရးအဖြဲ႕မွတစ္ေယာက္က အိမ္ေရွ႕စံႏွင့္အတူ ရပ္တည္ေၾကာင္း ဆႏၵေဖာ္ထုတ္ေနၾကသည့္ ၿမိဳ႕ေပါင္းမွာ ေလာေလာဆယ္ ႏွစ္ရာနီးပါးရွိေနၿပီျဖစ္ေၾကာင္းႏွင့္ ျပည္ပေရာက္ႏိုင္ငံသားမ်ားအေနျဖင့္လည္း သက္ဆိုင္ရာ ႏိုင္ငံက မိမိတို႔သံ႐ုံးအသီးသီးေရွ႕မွာ ေတာင္းဆိုေနၾကေၾကာင္း အင္တာနက္ေပၚက ဓာတ္ပုံမ်ားႏွင့္ သက္ေသျပလာသည္ ။

" ျပည္သူေတြရဲ႕ ဆႏၵက တကူးတက စစ္တမ္းေကာက္ယူေနစရာ မလိုေအာင္ ထင္ရွားေနၿပီပဲ ၊ တကယ္လို႔ မင္းသားဘုဏ္းေဇယ်ာေက်ာ္ကိုသာ အိမ္ေရွ႕စံအျဖစ္က ဖယ္လိုက္ရင္ နန္းေတာ္ေရာ အစိုးရ႐ုံးေတြေရာ ခဲလုံးေတြစီေနေအာင္ ေပါက္ခံရမလားေတာင္ စိုးရိမ္ေနရၿပီ "

ဝန္ႀကီးခ်ဳပ္၏ ဟာသေႏွာသည့္ အေျပာေနာက္မွာ ဝမ္းေျမာက္စြာပဲ အစည္းအေဝးကို အဆုံးသတ္လိုက္ၾကသည္ ။

ငယ္ငယ္ကတည္းက ျပည္သူေတြရဲ႕ေမတၱာကို ရခဲ့ေသာ သားေတာ္ေလး ၊ ႏွစ္သစ္ကူးမွာ အျပင္မထြက္ရသျဖင့္ ျပည္သူေတြဆီ ရင္ဖြင့္ခဲ့၍ သူတို႔မင္းသားေလးကို နန္းေတာ္ထဲမွာ ပိတ္ေလွာင္မထားဖို႔ ေတာင္းဆိုစာေတြ တထပ္ႀကီး ေရာက္လာခဲ့သည့္အျဖစ္ ၊ အခုလည္း နန္းေတာ္ websiteမွာ သူတို႔အိမ္ေရွ႕စံကို ခ်စ္ေၾကာင္း ၊ မင္းသားဘုဏ္းေဇယ်ာ္ကိုသာ ဆက္ခံသူအျဖစ္ ရွိေစလိုေၾကာင္း ဆႏၵျပဳထားသည့္မွတ္ခ်က္ေတြ ။

သည္ခ်စ္ျခင္းေမတၱာေတြၾကားထဲမွာ သားေတာ္ကို စိတ္ခ်ပါၿပီ ။

ေလာေလာဆယ္ေတာ့ ဦးဘုဏ္းမဟာေက်ာ္ သားေတာ္ႏွင့္ အရင္ဆုံး စကားေျပာရဦးမည္ ။ သားေတာ္တို႔ ဓာတ္ပုံျမင္ျမင္ခ်င္း စိုးရိမ္ထိတ္လန႔္မႈေတြႏွင့္ တုန္လႈပ္သြားခဲ့ၿပီး သားအေပၚ ရင့္သီးသြားသလိုျဖစ္ခဲ့တာကိုလည္း ေတာင္းပန္ရပါဦးမည္ ။

သားေတာ္ႏွင့္သူ ေတြ႕ၿပီးမွပဲ တစ္ႏိုင္ငံလုံး ေပ်ာ္႐ႊင္ရမည့္ သတင္းကို ထုတ္ျပန္ေၾကျငာေတာ့မည္ ။

*****

" ဧကရာဇ္တို႔က မင္းသားကို ဥယ်ာဥ္ေတာ္ထဲမွာ ေစာင့္ေနပါတယ္ "

အစည္းအေဝးၿပီးသြား၍ ခဏအၾကာ ေလးရန္ႏိုင္ လာေခၚ၍ ဘုဏ္းေဇ ဥယ်ာဥ္ေတာ္ရွိရာ လာခဲ့ရသည္ ။ အ‌ေျဖကိုေတာ့ သိခြင့္မရေသး ။ ေလးရန္ႏိုင္ကို ေမးၾကည့္ေတာ့လည္း ခမည္းေတာ္ကိုယ္တိုင္ေျပာတာပဲ ေစာင့္ပါတဲ့ ။

" သား "

ဥယ်ာဥ္ေတာ္ထဲက အပန္း‌ေျဖေဆာင္ကို ေရာက္ေတာ့ မယ္မယ္က သူ႔ကို အၿပဳံးျဖင့္ ဆီးႀကိဳ၏ ။ ခမည္းေတာ္ကေတာ့ ေက်ာခိုင္းၿပီး လမ္းေလွ်ာက္ေနသည္ ။ ေနာက္ၿပီး ခမည္းေတာ္ႏွင့္ မယ္မယ္တို႔ကို ကကည့္ရတာ ပုံမွန္ႏွင့္မတူ ။ သူ႔မ်က္စိထဲမွာ ထူးျခားေန၏ ။တစ္ခုခုလိုေနသလိုလည္း ခံစားရသည္ ။

ေခါင္းထဲမွာ အေျပးေျပး အလႊားလႊား စဥ္းစားရင္း ခမည္းေတာ္ သူ႔ဘက္ လွည့္လာသည့္ အခ်ိန္မွာေတာ့ ဘာလိုေနသလဲ သူသိသြားၿပီ ။

ခမည္းေတာ္သည္ အျဖဴေရာင္ ရွပ္အက်ႌလက္ရွည္ႏွင့္ အညိဳေရာင္ခ်ည္ေခ်ာပုဆိုးတစ္ထည္ကို ဝတ္ထားၿပီး ရင္ဘတ္မွာ ဧကရာဇ္ တံဆိပ္ျပားတို႔ ၊ ရင္ထိုးတို႔ ဘာတစ္ခုမွမပါေပ ။ မယ္မယ္သည္လည္း ၾကင္ယာေတာ္တစ္ေယာက္၏ အဆင္တန္ဆာတစ္ခုမွ မပါဘဲ လိေမၼာ္ေရာင္ ပါတိတ္ဝမ္းဆက္ေလးႏွင့္ ေနာက္တြဲဆံထုံးေလးမွာ ႏွင္းဆီပန္းေလးတစ္ပြင့္ ပန္ထားၿပီး ႐ိုး႐ိုးရွင္းရွင္း ။

အခု သူ႔ေရွ႕မွာ ရွိေနသည့္ ခမည္းေတာ္ႏွင့္ မယ္ေတာ္တို႔သည္ သာမန္ အရပ္သူ အရပ္သား မိဘႏွစ္ပါးပုံစံမ်ိဳး ။

" ခမည္းေတာ္ "

" ေဖေဖလို႔ေခၚပါ သားငယ္ "

ထင္မွတ္မထားသည့္စကားတစ္ခြန္း ။ ဘုဏ္းေဇ ငယ္ငယ္က ေက်ာင္းမွာ သူငယ္ခ်င္းေတြ သူတို႔မိဘေတြကို ေဖေဖ ေမေမ ေခၚတာၾကားၿပီး ခမည္းေတာ္တို႔ကို သူလည္း လိုက္ေခၚၾကည့္ေတာ့ တားျမစ္ခံခဲ့ရဖူးသည္ ။ ဘာေၾကာင့္လဲဟု သူေမးသည့္အခါ သူက ဘုရင့္ရဲ႕ သားေတာ္ ေတာ္ဝင္မင္းသားတစ္ပါး ျဖစ္၍တဲ့ ။ ထိုအ႐ြယ္ကတည္းက သူ႔ႏႈတ္ကေန မိဘေတြကို ေဖေဖ ေမေမဟု ထပ္မေခၚခဲ့တာ သည္အ႐ြယ္အထိ ။

" သား ငယ္ငယ္က ေဖေဖလို႔ ေခၚေတာ့ မေခၚဖို႔ တားျမစ္ခဲ့တယ္ေနာ္ ၊ အခု ေခၚဖို႔ ေဖေဖတို႔ သားကို ခြင့္ျပဳတယ္ ၊ သားႀကိဳက္သလို ေခၚပါ ၊ ၿပီးေတာ့ ေဖေဖတို႔ကိုလဲ သာမန္လူတန္းစားလို႔ပဲ သေဘာထားပါ "

မ်က္ဝန္းထဲက ခမည္းေဝာာ္တို႔ ပုံရိပ္သည္ အိုင္ထြန္းလာသည့္ မ်က္ရည္တို႔ေၾကာင့္ ေဝဝါးလာ၏ ။

စိတ္ဆိုးေနလိမ့္မည္ဟု ထင္ထားခဲ့သည့္ ခမည္းေတာ္၏ တုံ႔ျပန္မႈသည္ အခုေတာ့ ဆန႔္က်င္ဘက္ မဟုတ္လား ။ သည္မ်က္ရည္တို႔သည္ ေပ်ာ္႐ႊင္မႈေၾကာင့္ ေပၚထြန္းလာရျခင္းပင္ ။

" ဟင့္အင္း ... ခမည္းေတာ္လို႔ပဲ ေခၚခ်င္တယ္ ၊ အဲ့တုန္းက သား ဘာမွမသိလို႔ ေခၚခဲ့တာ ၊ တကယ္ေတာ့ သူမ်ားေတြနဲ႔ မတူဘဲ ခမည္းေတာ္လို႔ ေခၚရတာကို ႀကိဳက္ပါတယ္ ၊ ေတာ္ဝင္မိသားစုမွာ အိမ္ေရွ႕မင္းသားတစ္ေယာက္အျဖစ္ ေမြးဖြားလာရတာကိုလဲ ေပ်ာ္တယ္ ၊ ဒီနန္းေတာ္ထဲမွာ စည္းမ်ဥ္းစည္းကမ္းေတြ အေစာင့္အေရွာက္ေတြနဲ႔ ေနထိုင္ရတာကိုလဲ တစ္ခါမွ စိတ္က်ဥ္းက်ပ္တာမ်ိဳး မျဖစ္ခဲ့ဖူးဘူး ၊ သား ေနထိုင္ႀကီးျပင္းခဲ့ရတဲ့ဘဝကို သားေပ်ာ္သလို ဂုဏ္လဲယူပါတယ္ ခမည္းေတာ္ "

သူ႔ပါးျပင္ေပၚက မ်က္ရည္တို႔ကို သုတ္ေပးေနသည့္ ခမည္းေတာ္၏ မ်က္ဝန္းမွာလည္း မ်က္ရည္စေတြႏွင့္ ။

" ဒါေပမဲ့ အခု သားကို အိမ္ေရွ႕မင္းသားအျဖစ္က ဖယ္လိုက္ရင္လဲ သား ေက်နပ္ပါတယ္ ၊ မိသားစုအျဖစ္ကေန မစြန႔္လႊတ္ရင္ဘဲ .... "

" မယ္မယ္တို႔က ဘာလို႔ သားကို စြန႔္လႊတ္ရမွာလဲ "

သည္စကားႏွင့္အတူ မယ္မယ္က ဆံထုံးမွာ ပန္ထားသည့္ ႏွင္းဆီပန္းေလးကို ျဖဳတ္ၿပီး သူ႔လက္ထဲ ထည့္ေပးသည္ ။ ‌

" သားရွင္းသန႔္အတြက္ ၊ ေယာက္်ားေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ ကိုယ့္ခ်စ္သူက ပန္းေပးရင္ သေဘာက်တယ္ "

မ်က္ရည္တို႔ ေႂကြရျပန္သည္ ။ မယ္မယ္က ၿပဳံးၿပီး သူ႔နဖူးကို လွမ္းနမ္း၏ ။ သူ႔အရပ္က မယ္မယ့္ထက္ ေခါင္းတစ္လုံးသာတာမို႔ မယ္မယ္က ေျခဖ်ားေထာက္ၿပီး သူက ေျခေထာက္ၫႊတ္ေပးရသည္ ။

" တစ္ခါက မယ္မယ္ ေျပာဖူးတာကို မွတ္မိတယ္လား ၊ သားက လူ႔အသိုင္းအဝိုင္းအတြက္ အဆိပ္အေတာက္ျဖစ္ေစတဲ့ လုပ္ရပ္မ်ိဳး မလုပ္သေ႐ြ႕ တျခား ဘယ္အေျခအေနမဆို မယ္မယ္က သားကို အၿမဲ ပံ့ပိုးအားေပးေနမယ္လို႔ ေျပာခဲ့တာကိုေလ "

" သား မွတ္မိပါတယ္ "

" ဒါဆို အခု သားကိုယ္သား ဘယ္လိုျမင္လဲ ၊ ဘယ္လို ခံစားရလဲ "

" ဂုဏ္ယူၿမဲပါပဲ မယ္မယ္ ၊ သားအေနနဲ႔ ေယာက္်ားေလးခ်င္း ခ်စ္ႀကိဳက္တဲ့သူျဖစ္ေနေပမဲ့ ဒါကို တစ္ခါမွ မွားယြင္းတယ္ ၊ သိမ္ငယ္တယ္လို႔ မခံစားရပါဘူး ၊ သားတို႔ေၾကာင့္ ဘယ္သူမွ နစ္နာထိခိုက္တယ္လို႔လဲ မျမင္ပါဘူး "

" ဒါပဲေလ သားရဲ႕ ၊ ဒီလိုဆို မယ္မယ္တို႔ကလဲ သားကို လက္ခံမေပးစရာ ၊ ပံ့ပိုးမေပးစရာ အေၾကာင္းမရွိဘူးေပါ့ "

မယ္မယ့္စကားအဆုံးမွာ ခမည္းေတာ္က သူ႔လက္ေတြကို ဆုပ္ကိုင္လာသည္ ။ သည္လက္ေတြက သူလိုခ်င္သည့္ အေျဖလည္းျဖစ္၏ ။ ခြန္အားလည္း ျဖစ္၏ ။ ၿပီးေတာ့ ခ်စ္ျခင္းေမတၱာလည္း ျဖစ္၏ ။

" ဒီရက္ေတြမွာ စိတ္ပင္ပန္းသြားခဲ့ရင္ သားကို ခမည္းေဝာာ္ ေဝာာင္းပန္တယ္ေနာ္ "

" မိသားစုကို ႀကိဳမေျပာျပခဲ့တဲ့အတြက္ သားကပဲ ေတာင္းပန္ရမွာပါ "

" သားက ငယ္ငယ္ကတည္းက ျပည္သူကို အရင္ ဖြင့္ေျပာတဲ့ မင္းသားေလးေလ ၊ ခမည္းေတာ္က ဒါကို ေမ့သြားၿပီး စိတ္ဆိုးမိတဲ့အတြက္ ခမည္းေတာ္ကပဲ ေတာင္းပန္သင့္တာပါ "

" ေက်းဇူးတင္ပါတယ္ ခမည္းေဝာာ္ ၊ ေျပာမျပတတ္ေအာင္ပါပဲ "

သားႏွင့္အတူ ၾကင္ယာေတာ္ကိုလည္း ဖက္ထားရင္း ဦးဘုဏ္းမဟာေက်ာ္၏ရင္ထဲမွာ ၾကည္ႏူးမႈတို႔ တသိမ့္သိမ့္ ။

အ႐ိုးသားဆုံး ဝန္ခံရလွ်င္ သားေတာ္၏ လက္တြဲေဖာ္ကို ေယာက္်ားေလးတစ္ေယာက္ ျဖစ္ေနလိမ့္မည္ဟု ဘယ္တုန္းကမွ ထင္မထားခဲ့ပါ ။ သမီးေတာ္လက္ထပ္ၿပီးသည့္ေနာက္မွာ သားေတာ္လည္း အခ်ိန္တန္လွ်င္ မိန္းကေလးတစ္ေယာက္ႏွင့္ လက္ထပ္လိမ့္မည္ ။ ေနာက္ၿပီး ဘုဏ္းမင္းဆက္၏ အဌမေျမာက္ ဆက္ခံသူကို ပ်ိဳးေထာင္လိမ့္မည္ဟုသာ ေတြးထားခဲ့သည္ ။

သည္အခ်ိန္မွာပဲ သား‌ေတာ္၏ခ်စ္သူက ေယာက္်ားေလးတစ္ေယာက္ျဖစ္ေနေၾကာင္း သိလိုက္ရသည့္အခါ ႐ုတ္တရက္ အံ့ဩတုန္လႈပ္သြားၿပီး သားအေပၚကိုလည္း စိတ္ခုမိတာ အမွန္ပါ ။

သို႔ေသာ္လည္း တစ္ဘက္က ကေလးမိဘေတြ၏ စိတ္ဓာတ္ႏွင့္ ခံယူခ်က္ကိုျမင္ရသည့္အခ်ိန္ မိမိကေတာ့ သားျဖစ္သူ၏ေပ်ာ္႐ႊင္မႈကို ေႏွာင့္ယွက္ဟန႔္တားသူ ျဖစ္ေနၿပီလားဟုေတြးၿပီး ေနာင္တရမိသည္။

ဘာေျပာေျပာ အခုေတာ့ သားေတာ္၏ ေပ်ာ္႐ႊင္မႈကို ေရွးရႈႏိုင္ခဲ့ပါၿပီ ။

" အခုကစၿပီး ၾကင္ယာေတာ္လက္စြပ္ကို ျပင္ဆင္ေတာ့ေနာ္ "

သားေတာ္က ဖက္ထားသည့္ သူ႔လက္ထဲကေန ဆတ္ခနဲထြက္ကာ ၿပဳံးစိစိ မ်က္ႏွာေပးျဖင့္

" ဟိုေလ .... ခမည္းေတာ္ ၊ အဲဒါ ဟိုးအရင္ ခ်စ္သူဘဝကတည္းက သား ရွင္းကို ဝတ္ေပးၿပီးၿပီ "

" ဘယ္လို "

သားေတာ္စကားေၾကာင့္ ေခါင္းႀကီးသြားသည္ ။ၾကင္ယာေတာ္လက္စြပ္ဆိုတာ သူတို႔ မ်ိဳး႐ိုးစဥ္ဆက္ အင္မတန္ တန္ဖိုးထားရသည့္ အရာ ။ အိမ္ေရွ႕မင္းသားကိုယ္တိုင္ ဖန္တီးရ၍ မဂၤလာပြဲက်မွ ကတိသစၥာမ်ား ေလးေလးနက္နက္ တိုင္တည္ၿပီး ၾကင္ယာေတာ္ကို ဝတ္ဆင္ေပးရသည့္လက္စြပ္ ။

" အဲလို ၿပီးစလြယ္ ဝတ္ေပးလို႔ မရဘူးေလကြာ ၊ ကိုယ္နဲ႔ တစ္သက္လုံး လက္တြဲသြားမဲ့သူ ေသခ်ာၿပီဆိုမွ "

" ေသခ်ာလို႔ ဝတ္ေပးတာေပါ့ ခမည္းေတာ္ကလဲ "

" ငါၾကားတာေတာ့ ဒီၾကားထဲ မင္းတို႔ ကြဲသြားေသးတယ္ဆို "

" အဲဒါ သူက သားကိုခ်စ္လို႔ ၊ ကဲပါ ... ခမည္းေတာ္ရယ္ ၊ ဘာေနေန သူက သားလက္ထပ္မဲ့သူပဲ "

"ဟ.... ဘာေနေန ဒီလို ေပါ့ေပါ့တန္တန္ ေရာ့ အင့္ဆိုၿပီး ေပးဝတ္လိုက္လို႔ရမလားကြ ၊ မင္း အဲဒါ ကိုယ့္မင္းဆက္ရဲ႕ ဓေလ့ထုံးစံကို အေလးမထားတာ ၊ ခ်ိဳးေဖာက္တာပဲ "

" ခမည္းေတာ္ကလဲဗ်ာ .... တစ္သက္လုံး လိုက္နာလာတာေတြက် ထည့္မေျပာဘဲနဲ႔ "

ဘုဏ္းေဇ ႏႈတ္ခမ္းစူေတာ့ ခမည္းေတာ္က မ်က္ေမွာင္ၾကဳတ္သည္ ။ မယ္မယ္ႏွင့္အတူ အနီးအနားမွာရွိသည့္ အမႈထမ္းအခ်ိဳ႕ကေတာ့ သူတို႔ကိုၾကည့္ၿပီး ရယ္ေနၾက၏ ။

" အခုကစၿပီး မနက္ျဖန္မနက္အထိ အိမ္ေရွ႕စံကို သူ႔စံအိမ္ကေန ဘယ္မွမထြက္ေစနဲ႔ ၊ ဆက္သြယ္ေရးကိရိယာေတြအားလုံးလဲ သိမ္းထားဖို႔ အမိန႔္ေပးတယ္ ၊ WiFi စက္ကအစ သိမ္းထား ၊ တစ္ေယာက္ေယာက္ သူ႔ကို ဖုန္းေပးသုံးရင္ အဲဒီတစ္ေယာက္ ျပစ္ဒဏ္ခ်မွတ္ခံရမယ္ "

" ဟာ ခမည္းေဝာာ္ ၊ အဲလိုလုပ္လို႔ မရဘူးေလ "

" ရက္ထပ္မတိုးခ်င္ရင္ ပါးစပ္ပိတ္ၿပီး အျပစ္ခံယူလိုက္ "

ျပတ္ျပတ္သားသား ေျပာၿပီး ခမည္းေတာ္က ထြက္သြားသည္ ။ ေစာေစာက သူ႔‌ကို ေပ်ာ္႐ႊင္ေစခ်င္သည္ဟု ေျပာခဲ့သူ မဟုတ္ေတာ့တဲ့အတိုင္း ။

သည္အတိုင္းဆို တစ္ညလုံး ရွင္းသန႔္ကို သူ ဘယ္လို ဆက္သြယ္ရမလဲ ။ ရွင္းသန႔္ သူ႔ကို စိတ္ပူေနမွာ ။ ေနာက္ၿပီး ခမည္းေတာ္တို႔က သူတို႔ႏွစ္ေယာက္ကို ကန႔္ကြက္တယ္လို႔ ေတြးေနမွာ ။ သူ႔အျဖစ္က အခုမွ တကယ္ က်ဥ္းထဲက်ပ္ထဲ ေရာက္ေတာ့မည္ ။

" ခမည္းေတာ္မွာ အသည္းႏွလုံး မရွိဘူးလား "

သူေအာ္တာကို လွည့္ပင္မၾကည့္ ။ အၿမဲတမ္း ခမည္းေတာ္ ဆႏၵအတိုင္း လိုက္ျဖစ္သည့္ မယ္မယ္ကလည္း သူ႔ပါးကို ခပ္ဖြဖြဆြဲဖဲ့ၿပီး " ဒီတစ္ရက္ေတာ့ သည္းခံလိုက္ " ဟု ေျပာသြားသည္ ။

' ေမာင္ေတာ့ အခုမွ တကယ္ ဒုကၡပဲ ရွင္းေရ '

*****

အိမ္ေရွ႕စံႏွင့္ပတ္သက္ၿပီး မေန႔က နန္းေတာ္ထဲမွာ အစိုးရအဖြဲ႕ေတြေရာ တိုင္ပင္ေဆြးေႏြးၾကသည္ဟု သတင္းၾကားသည္ ။ သည္မနက္အထိေတာ့ ဘာတစ္ခုမွ ေတာ္ဝင္မိသားစုဘက္က ေၾကျငာခ်က္ မထုတ္ျပန္ေသးပါ ။

ထို႔အျပင္ မေန႔ညေနပိုင္းကစၿပီး ဘုဏ္းေဇႏွင့္ လုံးဝ အဆက္အသြယ္မရေတာ့၍ ရွင္းသန႔္ တစ္ညလုံး အိပ္လို႔ပင္မေပ်ာ္ ။ ခ်စ္ရသူအေပၚ ဘယ္လို ဖိအားေတြမ်ား က်ေရာက္ေနၿပီလဲဟုေတြးၿပီး ရင္ေတြပူေနရသည္ ။ နီေစြးကို ေမးၾကည့္ေတာ့လည္း မသိပါတဲ့ ။

ဘုဏ္းေဇ သူ႔ေၾကာင့္ အမ်ားႀကီး အခက္ေတြ႕ေနရၿပီလား ၊ သည္လိုႏွင့္ တကယ္ပဲေဝးၾကရၿပီလားဆိုသည့္ အေတြးတို႔က တစ္ညလုံး သူ႔ကို ေျခာက္လွန႔္ေနခဲ့သည္ ။

' မင္းမပါဘဲ ငါ့ဘဝကို ေရွ႕မဆက္ဘူး မင္းသားေလး '

လက္ေလွ်ာ့ဖို႔ မျဖစ္ႏိုင္သည့္ စိတ္ေၾကာင့္ မနက္အေစာႀကီးကတည္းက အရွင္မင္းသားရွိရာ သိုမဟုတ္ သူ႔အသည္းႏွလုံးတည္ရာ နန္းေတာ္ အေရွ႕တံခါးဝကို ေရာက္ရွိလာေစခဲ့သည္ ။

" ကိုကိုရွင္းရွင္း .... တစ္ခုခုစားဦးေလ "

မစားခ်င္ပါ ။ ဘုဏ္းေဇမ်က္ႏွာကိုသာ ျမင္ရလွ်င္ ၊ ဘုဏ္းေဇ အသံကိုသာ ၾကားရလွ်င္ ဘာမွမစားရလည္း သူ႔အလိုလို အားျဖစ္ပါလိမ့္မည္ ။

အခုေတာ့ ေစ့ေစ့ပိတ္ထားသည့္ တံခါးကိုသာ ေမွ်ာ္ၾကည့္ေနမိသည္ ။ ႐ုတ္တရက္ သူ႔မင္းသားေလးမ်ား ထြက္လာေလမလားဆိုသည့္ ေမွ်ာ္လင့္ခ်က္ျဖင့္ ။

' မင္းသာ ဒီနန္းၿမိဳ႕႐ိုးကို ရေအာင္ ျဖတ္ေက်ာ္ခဲ့ပါ ၊ ေနာက္ထပ္ ဘယ္လမ္းပဲျဖစ္ျဖစ္ ငါက မင္းနဲ႔အတူ ေလွ်ာက္လွမ္းပါ့မယ္ '

သူ႔သစၥာစကားကို နတ္ဘုရား တစ္ဦးဦးမ်ား ၾကားသြားသလားမသိ ။

ေဟးခနဲ ေအာ္သံတို႔ ညံထြက္လာသည္။ သက္တံေရာင္ အလံတို႔ ေလေပၚမွာ ဝဲလြင့္တက္လာ၏ ။

ရွင္းသန႔္ေစာင့္ေနခဲ့သည့္ အေရွ႕နန္းၿမိဳ႕႐ိုး၏ မုခ္ေပါက္တံခါးပြင့္လာခဲ့ၿပီ။ တစ္နည္းအားျဖင့္ သူႏွင့္ ဘုဏ္း‌ေဇတို႔၏ အနာဂတ္အခ်စ္ခရီး‌လမ္းေလး ပြင့္လာခဲ့ပါၿပီ ။

တံခါးေရွ႕မွာ ျပည့္သိပ္စုေဝးေနသည့္ လူအုပ္ႀကီးက အလိုလိုေနာက္ဆုတ္ေပးၾကသည္ ။ မတိုင္ပင္ရဘဲ တက္ညီလက္ညီ လမ္းေဖာ္ေပးၾက၏ ။ သည္လူေတြေၾကာင့္သာ သူတို႔အခ်စ္လမ္းကလည္း ပိုၿပီး လြယ္လြယ္ကူကူ ခရီးေပါက္ခဲ့ျခင္းပါ ။

သည္လမ္းကတစ္ဆင့္ ခ်စ္ရသူဟာ ၾကည္စင္သည့္ မူပိုင္အၿပဳံးျဖင့္ ၊ တက္ႂကြသည့္ ေျခလွမ္းျမန္ျမန္ျဖင့္ ၊ ေႏြးေထြးသည့္ ႏႈတ္ခြန္းဆက္ အမူအရာတို႔ျဖင့္ ၊ ရင္ဘတ္ေပၚမွာ အိမ္ေရွ႕မင္းသားရင္ထိုးျဖင့္ သူရွိရာ လွမ္းလာခဲ့သည္ ။

တစ္လွမ္း ... ႏွစ္လွမ္း ... သုံးလွမ္း....

ေလးလွမ္းေျမာက္မွာေတာ့ ေဝးကြာခဲ့ရသည့္ ခႏၶာကိုယ္ႏွစ္ခု နီးကပ္သြားခဲ့ၿပီ။ ခြဲခြာခဲ့ရသည့္ ႏႈတ္ခမ္းႏွစ္စုံ ထပ္တူက်ခဲ့ၿပီ ။ ဖက္တြယ္ထားသည့္ လက္ႏွစ္စုံၾကား လူႏွစ္ဦး ဘဝႏွစ္ခု တစ္သားတည္းျဖစ္ခဲ့ပါၿပီ ။

" ရွင္း "

" စိတ္ပူေနတာ ... ႐ူးေတာ့မလိုပဲ "

" သိတယ္ ၊ ေမာင္ သိပါတယ္ ၊ အခုကစၿပီး အရာအားလုံး အဆင္ေျပသြားၿပီေနာ္ "

ရွင္းသန႔္ ေခါင္းညိတ္ျပမိသလား မသိ ။ ဘုဏ္းေဇကို ဖက္ထားတာေတာ့ လြတ္မေပးမိပါ ။ အဆင္ေျပသည္ျဖစ္ျဖစ္ မေျပသည္ျဖစ္ျဖစ္ သူ႔အတြက္ အေရးမႀကီး ။ ဘုဏ္းေဇ သူ႔ဆီေရာက္လာဖို႔သာ အဓိကပါ ။

" ေျပာေတာ့ ....ဦးဦးရွင္းရွင္းနဲ႔ သူငယ္ခ်င္းလုပ္ခ်င္ဘူးဆို ဦးဦးဘုဏ္းေဇ "

အဝါေရာင္ ဝမ္းဆက္ေလးႏွင့္ သက္တံေရာင္အလံကို ေခါင္းမွာစည္းထားသည့္ ေဘာ္ဘီက သူတို႔ကို ေမာ့ၾကည့္ၿပီး ေမးလာသည့္အခါ ပူးကပ္ေနသည့္ ခႏၶာကိုယ္တို႔ မခြာခ်င္လည္း ခြာရေတာ့သည္ ။

" အခုလဲ ဦးဦးတို႔က သူငယ္ခ်င္း မဟုတ္ဘူးေလ "

" ဒါဆို ဘာလဲ "

" ဦးဦးတို႔က Soulmate ေတြ "

" အဲဒါ ဘာလဲ ၊ သားသားနားလည္ဘူး "

" ႀကီးလာရင္ နားလည္လိမ့္မယ္ "

ေဘာ္ဘီက ေျခေထာက္ေလးကို ေဆာင့္ခ်ၿပီး

" သားသား ခုသိခ်င္တာ ၊ ခုေျပာျပေနာ္ ၊ မဟုတ္ရင္ ဘိုးနဲ႔ လွမ္းတိုင္မွာ "

" ဟားဟား ...တိုင္ေပါ့ကြာ ၊ ဖုန္းေခၚေပးရဦးမလား "

" ေခၚေပး .... ခု ေခၚေပး "

ရွင္းသန႔္ အိမ္မွာက်န္ခဲ့သည့္ ေဖေဖ့ဆီ ဖုန္းေခၚၿပီး တူေတာ္ေမာင္ကို ေပးလိုက္ရာ

" ဘိုးေရ ... ဒီမယ္ ဦးဦးရွင္းရွင္းရယ္ .... လူေတြမ်ားႀကီးေရွ႕မွာ ဦးဦးဘုဏ္းေဇႏႈတ္ခမ္းကို ဆြဲကိုက္ေနတာ "

" ဟာ "

ဖုန္းကို အျမန္ျပန္ဆြဲယူၿပီး ပိတ္လိုက္ရသည္။ လူထုဆီမွ တဟားဟားေအာ္ရယ္သံတို႔ ေသာေသာညံေန၏။ သူတို႔လည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္ၿပီး ရယ္မိၾကသည္ ။

အခုကစၿပီး ဘဝအေမာေတြ ေျပပါၿပီ ။

ထို႔ေနာက္ ဘုဏ္းေဇက Mic ကိုယူၿပီး လူထုဘက္ကို မ်က္ႏွာလည့္ကာ ဦးၫႊတ္အ႐ိုအေသျပဳ၍

" မဂၤလာပါခင္ဗ်ာ ....ဘားမားျပည္ေထာင္စုရဲ႕မင္းသား ဘုဏ္းေဇယ်ာေက်ာ္ ျဖစ္ပါတယ္ခင္ဗ်ာ "

" ေဟး ..."

ေတာ္ဝင္မိသားစုအေနႏွင့္ ေၾကျငာခ်က္ ထုတ္ျပန္စရာေတာင္မလို။ သည္ႏႈတ္ခြန္းဆက္စကား၏ အဓိပၸာယ္သည္ပင္ ျပည္သူလူထုသိခ်င္ေနၾကသည့္ အေျဖကို ေပးလိုက္ၿပီ မဟုတ္လား ။

" က်ေနာ္တို႔ကို အခုလို နားလည္လက္ခံၿပီး ဝိုင္းဝန္းပံ့ပိုးေပးၾကတဲ့ ျပည္သူေတြကို ေက်းဇူးအမ်ားႀကီး တင္ပါတယ္ခင္ဗ်ာ ၊ ခ်စ္ျခင္းေမတၱာေတြလို႔လဲ မွတ္ယူပါတယ္ ၊ ဒီေန႔ ဒီအခ်ိန္ ဒီအ‌ေၾကာင္းအရာေတြအားလုံးကို က်ေနာ့္တစ္ဘဝလုံး တန္ဖိုးထားၿပီး သယ္ေဆာင္သြားပါ့မယ္ "

သူတိူ႔မင္းသားေလးစကားကို နားေထာင္ၿပီး ျပည္သူတခ်ိဳ႕က ငိုၾကသည္ ။ တခ်ိဳ႕က ၿပဳံးၾကသည္ ။ ႏွစ္မ်ိဳးစလုံးသည္ ဝမ္းသာၾကည္ႏူးမႈကိုသာ အေျခခံၿပီး ျဖစ္ေပၚလာၾကျခင္းပင္ ။

" ျပည္သူေတြအားလုံးေရွ႕မွာပဲ အခု က်ေနာ့္ခ်စ္သူကို က်ေနာ္ လက္ထပ္ခြင့္ ေတာင္းခ်င္ပါတယ္ခင္ဗ်ာ "

ေျပာၿပီးၿပီးခ်င္း ဘုဏ္းေဇက ရွင္းသန႔္ေရွ႕ ဒူးတစ္ဖက္ ေထာက္ထိုင္ခ်သည့္အခါ ရွင္းသန႔္ မ်က္လုံးျပဴးသြားရသည္ ။ လက္ထပ္ပါ့မည္ဟု ကတိေပးၿပီးသားကို ဘာေတြထပ္လုပ္ဦးမလို႔လဲ ။

ေတြးေနတုန္းမွာပဲ ဘုဏ္းေဇက ခါးေနာက္ဖက္မွာထိုးထားသည့္ အနီေရာင္ ႏွင္းဆီပန္းတစ္ပြင့္ကိုယူကာ သူ႔ဆီ ကမ္းေပးသည္ ။

" Please marry me , Shinn "

လူေပါင္းမ်ားစြာေရွ႕မို႔ မ်က္ႏွာေတြပူသြားသလို သူ႔ဆီက အၾကည့္မခြာဘဲ ၿပဳံးေနသူေၾကာင့္လည္း ရင္ခုန္သံေတြက ထိမ္းမရ ။

ဘုဏ္းေဇလက္ေမာင္းကိုသာ ဆြဲၿပီး ထူလိုက္၏ ။

" လက္ထပ္မယ္ေျပာၿပီးသားကို ဘာလို႔ အပိုေတြ လုပ္ေနတာလဲ "

" အပိုမဟုတ္ဘူးေလကြာ ၊ ႐ိုေနတာ ၊ အေျဖေပးဦး "

" ေျပာၿပီးသားေလ အရင္ကတည္းက "

" ေမာင္က လူေတြေရွ႕ လက္ထပ္ခြင့္ေတာင္းတာကို မင္းကလဲ လူေတြေရွ႕ ျပန္ေျဖရမွာေပါ့ "

ေတာ္‌ေတာ္႐ိုခ်င္ေနသည့္ အိမ္ေရွ႕ကိုယ္ေတာ္ေလးကို ရွင္းသန႔္ မ်က္ေစာင္းခဲၿပီး Mic ကို လက္ေျပာင္းယူလိုက္သည္ ။ ထို႔ေနာက္ လူထုဘက္ လွည့္ကာ

" လူႀကီးမင္းတို႔ခင္ဗ်ား .... "

ဆူညံေနေသာ လူအုပ္ႀကီးသည္ အပ္က်သံပင္ ၾကားရေလာက္ေအာင္ ၿငိမ္သက္ကာ သူ႔စကားကို နားစြင့္ေနၾကသည္ ။

" ရွစ္ႏွစ္အ႐ြယ္ကတည္းက ႀကီးလာရင္ က်ေနာ္ သူ႔ကို လက္ထပ္မယ္လို႔ ေျပာခဲ့ပါတယ္ "

" ဟင္ ... ဟိုတစ္ခါေျပာေတာ့ မင္း အဲဒါကို မမွတ္မိဘူးဆို "

ဘုဏ္းေဇေျပာတာကို သူ အေရးမစိုက္ဘဲ ျပည္သူေတြဘက္ပဲ မ်က္ႏွာဆက္မူကာ

" အဲဒီတုန္းက ေယာက္်ားေလးခ်င္း လက္ထပ္လို႔ မရဘူးလို႔ ေျပာၿပီး သူက က်ေနာ့္ကို ျငင္းခဲ့ပါတယ္ ၊ အဲဒါကို လက္စားေခ်တဲ့အေနနဲ႔ အခု က်ေနာ္ သူ႔ကို ျငင္းလိုက္ရမလားခင္ဗ် "

" ဟာ ... ရွင္းေနာ္ "

" မျငင္းပါနဲ႔ ၊ မျငင္းရဘူးေနာ္ ၊ မင္းသားေလးကို လက္ခံလိုက္ပါ ၊ Say yes please "

စေနာက္ၿပီးေတာ့ေတာင္ အေျပာမခံၾက ။ လက္ခံေပးဖို႔ကိုသာ တေၾကာ္ေၾကာ္ ေအာ္ၾကသည္ ။

ေတာ္ေတာ္လည္း လိုက္ဖက္သည့္ အိမ္ေရွ႕စံႏွင့္ ျပည္သူေတြကိုၾကည့္ၿပီး ရွင္းသန႔္လည္း စိတ္ခ်မ္းေျမ့ရပါသည္ ။

" ဟုတ္ပါၿပီ ၊ လူႀကီးမင္းတို႔မ်က္ႏွာေၾကာင့္ လက္ထပ္ခြင့္ေတာင္းတာကို က်ေနာ္ လက္ခံလိုက္ပါ့မယ္ခင္ဗ် "

" ေဟး..... "

ပရိတ္သတ္က တေဟးေဟး ေအာ္ၿပီး ေပ်ာ္ၾကသလို ဘုဏ္းေဇက သူ႔ကို မခ်ီၿပီး ခႏၶာကိုယ္ကို လွည့္ပတ္ရမ္းသည္ ။

အေရွ႕နန္းၿမိဳ႕႐ိုးမွ ထြက္ေပၚလာသည့္ ေပ်ာ္႐ႊင္စြာ ေႂကြးေၾကာ္သံတို႔သည္ အထက္ဘဝဂ္သို႔တိုင္‌ေအာင္ လွ်ံတက္ေနပါလိမ့္မည္ ။

#PoPoPhoenix

{ ကဲ .... ပြဲတက္ဝတ္စုံ လွလွေလးေတြ ျပင္ဆင္ထားၾကေတာ့ေနာ္ ။ ဘုဏ္းရွင္းက wedding ဖိတ္စာေလးေတြ ပို႔လိုက္ပါတယ္ }

Fortsæt med at læse

You'll Also Like

1.6M 87.9K 87
This is a work of fiction. Any names, characters or events are fictional.
1.2K 68 6
ချူယူကချူပါ... ယူလိုကယူပါ... မောင်ချူယူလိုက်သောအရာတွေသည် ဝိုင် အပေးချင်ဆုံးရသဖြစ်ခဲ့လေတော့... ဝိုင်
616K 48.9K 52
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
50.3K 4.9K 14
ကိုယ္ေလးစားရတဲ့လူတစ္ေယာက္ကိုခ်စ္မိသြားမယ္လို႔ ေတြးဖူးၾကလား.... စိတ္ကူးနဲ႔တင္ယုတၲိမတန္ခ်င္စရာပါ။ ဒါေပမယ့္အဲ့လိုယုတၲိမတန္တာကကြၽန္ေတာ့္ဆီမွာ တကယ္ျဖစ္လာေ...