ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...
Por Swae_Nyoe
100K 13.9K 162
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... Mais
Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️
Part 82
187 26 0
Por Swae_Nyoe
82 01
အပိုင်း (82)
ယင်ညန်က ကုလားထိုင်တွင် တစ်ယောက်တည်း ထိုင်နေချိန်တွင် အမှောင်ထုက သူ့ကို ဝိုင်းလာသည်။
ယခုဖောက်ဝင်လာခဲ့သောသူက မည်သူဖြစ်ကြောင်း သူသည်လည်း မှတ်မိသည်။ ထိုအမျိုးသားနှင့် သူ့အကြားတွင် ရင်းနှီစလွန်းတဲ့ ဆက်ဆံရေးတစ်ခု ရှိကြောင်းကိုလည်း သိသည်။ အသိပြန်ရပြီးနောက် သူ၏ ယခင်ဒေတာများကို မွှေနှောက်ခြင်းအားဖြင့် များပြားလွန်းလှသည့် မမှန်ကန်သော ဒေတာအများစုကြောင့် ယခုလို ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ခန့်မှန်းနိုင်လေသည်။ သို့သော် သူက ထုတ်ပြန်ထားသော စည်းမျဥ်းများအတိုင်းသာ ပြုမူတတ်လေသည်။ ထို့ကြောင့် သူ၏ စိတ်ရှုပ်ထွေးမှုနှင့် အမှားများက ပျက်စီးမှုကို ဖြစ်လာနိုင်လေရာ သူက ဖျက်ဆီးခဲ့ခြင်းလည်း ဖြစ်သည်။
ထိုလူ၏ ယခင်က တည်ရှိမှုကို သူသည်လည်း အသိအမှတ်ပြုသည်။ သို့သော် သူက ဂရုမစိုက်ခဲ့ချေ။ သူ့ကို ပြိုလဲကျစေနိုင်သော တည်ရှိမှုအတွက်ကမူ အတတ်နိုင်ဆုံး ရှင်းပစ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သူက မည်သည့်အတွက်ကြောင့် မန်ခါလီကို နှစ်လဆိုသော ရှည်ကြာလွန်းသည့် ကန့်သတ်ချိန်ပေးခဲ့ကြောင်း နားမလည်နိုင်တော့ချေ။ ထိုလူသားက အင်အားကြီးလွန်းသည်ဟု စဥ်းစားဆင်ခြင်မိသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။ အဓိကအားဖြင့် သူသိထားသည်မှာ သူတို့က သူ့ကို မသတ်နိုင်ချေ။ ထိုအမျိုးသားက အပြင်လူဖြစ်ပြီး ဝိသေသ လက္ခဏာပေါင်း များစွာရှိသည်။ အဆုံးအစမဲ့သည့် ပြန်လည်ရှင်သန်နိုင်ခြင်းနှင့် ထာဝရရှင်သန်သည်ဆိုသော ကိစ္စမျိုးပင် ရှိနေသေး၏။ သူကိုယ်တိုင်ကလည်း ပြဿနာကို တိုက်ရိုက် ဖြေရှင်းမည်ဟု မတွေးထားချေ။ ဒီအတိုင်း ထိုပြဿနာကို မန်ခါလီထံ လွှဲပေးလိုက်ပြီး လွှတ်ထားလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် သူက လူအများက သူ့ကို ဖန်တီးထားသည့် ဖြောင့်မတ်မှန်ကန်မှု မရှိဟု ဆို​ကြသော ဒေါက်တာဝိုင်၏ ကဏ္ဍကိုမူ ကစားပြရန် အလွန်သဘောကျလေသည်။ သူတို့၏ ခံစားချက်၊ သူတို့၏ အပြုမူ၊ သူတို့၏ စိတ်အားထက်သန်မှုများ ထိုအရာများအားလုံးက သူနားမလည်နိုင်သလို သူမကျွမ်းကျင်နိုင်သော အရာများ ဖြစ်သည်။ လူသားဖြစ်သည့် မူများက ပိုင်ဆိုင်ထားသော ဖိအားများသည်ဆိုသော ခံစားချက်အမျိုးမျိုးကိုလည်း သူက မပိုင်ဆိုင်ထားချေ။ သူက မပြီးဆုံးသေးသည့် အရာများကို နဂိုတည်ထောင်ပြီးသား လမ်းကြောင်းအတိုင်း ဆက်လုပ်ကာ ပြီးမြောက်အောင် လုပ်ရုံသာ ရှိလေသည်။
နောက်တစ်ရက်တွင် ကျန်းကျိရင်က သိသိသာသာဖြင့် စိတ်ဓာတ်ကျနေခဲ့သည်။ သူက အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်နေပြီး အမိန့်ပေးနိုင်သော စွမ်းရည်မရှိကြောင်းကိုလည်း သိထားသည်။ ထို့ကြောင့် သူ၏ အမိန့်ပေးနိုင်စွမ်းအားကို သာ့တောင့်ထံ လွှဲထားပေးလိုက်သည်။ ဌာန၅ကို တာဝန်ယူသောလူနှင့် ပူးပေါင်းခိုင်းလိုက်သည်။
ယွီဟော်အခြေစိုက်စခန်းက အလွန်အင်အားကြီးပြီး ပစ္စည်းအပြည့်အဝရှိကာ စွမ်းရည်အသုံးပြုသော အသုံးပြုသူများက မဟာမိတ်အဖွဲ့တစ်ခုလုံးနှင့် ယှဥ်လျှင်ပင် များပြားနေသေးလေသည်။ မိုးကြိုးအဖွဲ့နှင့် ချင်ထုံး ဌာန၅က သိသိသာသာပင် ဖျက်ဆီးခံလိုက်ရသည်။
တတိယမြောက်နေ့တွင် ကျန်းကျိရင်က ပြန်လည်အမိန့်ပေးနိုင်သည်။ သို့သော် စစ်ကြောင့် ဆိုးဆိုးရွားရွား အထိနာထားသော အနေအထားမျိုးထံမှ ပြန်လည် အင်အားပြည့်လာရန် ခက်ခဲနေသေးလေသည်။
ချင်ထုံးဌာန၅၏ အစည်းအဝေးခန်းထဲတွင် အထွေထွေတာဝန်ခံက ကျန်းကျိရင်၏ သိသိသာသာပင် နွမ်းနယ်နေသော မျက်နှာကို ကြည့်လိုက်ပြီးနောက် ထပ်မေးပြန်သည်။
"ခေါင်းဆောင်ကျန်း ဘာပြောလိုက်တာလဲ"
"ပီလုမြို့ကို လက်လျှော့လိုက်ပြီး ကိုယ့်အင်အားကိုယ်ပဲ ဖြည့်တော့၊ ငါတို့ဗျူဟာ ထပ်ထုတ်လို့ ရနိုင်တယ်"
ကျန်းကျိရင်က ခေါင်းကိုမော့ပြီး ထပ်ပြောသည်။
"ဒါပေမဲ့ ဒါက ပီလုမြို့ကို လက်လျှော့လိုက်တာနဲ့ တူတူပဲ၊ ပီလုမြို့မရှိတော့ရင် လုံခြုံရေး တတိယအလွှာတစ်ခုလုံးက အန္တရာယ်ရှိသွားပြီ"
ခေါင်းဆောင်က စိုးရိမ်တကြီးပြောသည်။
ကျန်းကျိရင်က ခါးသည်းစွာပြန်ပြီး ခေါင်းကို ခါသည်။
82 02
"ဒါပေမဲ့ ငါတို့ သူတို့ကို မနိုင်ဘူး၊ သူတို့က လူအင်အားအများကြီးရှိတယ်၊ လက်နက်အပြည့်အဝလည်း ရှိတယ်၊ မိုးကြိုးအဖွဲ့လောက်နည်းပါး အင်အားကြီးနေခဲ့တာ၊ ငါတို့က လှုပ်ရှားမှု တစ်ခုခု လုပ်ဖို့တောင် အင်အားက အကန့်အသတ်ရှိနေတာ၊ အခုဒီလို လက်ရှိလို အခြေအနေမျိုးနဲ့ မဟာမိတ်က ငါတို့ကို ကူညီဖို့ လူလွှတ်လာဦးမှာ မဟုတ်ဘူး၊ အဲဒီတော့ အာရုံစိုက်ထားဖို့ နည်းလမ်းတစ်ခုရှာပြီး ဒီနေရာမှာ ဆက်နေနေတာမျိုးထက် ကိုယ့်အင်အားကို ဆက်မြှင့်နိုင်အောင် ကြိုးစားကြတာက ပိုကောင်းလိမ့်မယ်"
အထွေထွေတာဝန်ခံ၏ မျက်ခုံးထူထူက ကျုံ့သွားပြီး ခေါင်းက ငုံ့သွားသည်။
ကျန်းကျိရင်ကလည်း သူ၏ နှလုံးသားထဲမှ စိုးရိမ်မှုများ ရှိနေသေးကြောင်း သိသည်။ ထို့ကြောင့် မတ်တပ်ထရပ်လိုက်ပြီး ပခုံးကို သွားပုတ်ပေးလိုက်သည်။
"ဌာန၆ကို လာတွေ့ပါ၊ ရန်လုမြို့ကိုတော့ လုံခြုံအောင် ထိန်းထားရမယ်၊ ငါမဟာမိတ်အဖွဲ့ကို ပြန်ပြီး ပိုင်လုမြို့က ကိစ္စတွေကို ကိုင်တွယ်လိုက်မယ်"
တာဝန်ခံက နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
ချင်ထုံးဌာန၅မှ လူများက ထွက်သွားကြပြီးနောက် သာ့တောင့်နှင့် ချန်ကွမ်းတို့က အနားသို့ လာကာမေးသည်။
"ခေါင်းဆောင် ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"
ကျန်းကျိရင်က ခေါင်းမော့သည်။
"အမ်း အသင်းရဲ့ အင်အားကိုပဲ တိုးမြှင့်ကြရအောင်"
ဒီတစ်ကြိမ် ယင်ညန်၏ အပြုအမူက သူ၏ချစ်သူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာဖြစ်နေနိုင်ကြောင်း ခံစားမိကာ စိုးရိမ်စိတ်ကြီးစေသည်။ သူက အရင်ဆုံး အင်အားကြီးလာရန် လိုအပ်သည်။ သို့မဟုတ်လျှင် သူ၏ လက်ရှိအဆင့်အနေအထားအရ ယင်ညန်၏ အနားသို့ပင် ကပ်ရန် ခက်ခဲနေလေရာ တစ်ဖက်သူက သတ်ဖြတ်ခြင်းကိုလည်း ခံရနိုင်လေသည်။ ကစားသမားတစ်ယောက်အနေဖြင့် ပုံမှန်မဟုတ်သော ခေါင်းဆောင်ကို ဖြိုလှဲနိုင်ရန် နည်းလမ်းနစ်ခု သေချာပေါက်ရှိရမည်ဟု အမြဲတစေ ယုံကြည်ထားသည်။ လုပ်ဆောင်မှု၏ ရှုံးနိမ့်မှုအတွက် ရှင်းပြချက် ၃ခုသာလျှင်ရှိသည်။ အဆင့်မလုံလောက်မှု၊ လက်နက်ညံ့ဖျင်းမှုနှင့် ဗျူဝါအမှားကြောင့်သာ ဖြစ်နိုင်သည်။
သာ့တောင့်နှင့် ချန်ကွမ်းတို့က တစ်ယောက်ကိုယ်တစ်​ယောက် ကြည့်လိုက်ကြသည်။ နှစ်ယောက်လုံးကလည်း မိုးကြိုးအဖွဲ့သို့ ပထမဦးဆုံး ရောက်သောအခါ ခေါင်းဆောင်က ပတ်ပတ်လည်မှ ဖုတ်ကောင်များကို အနိုင်ယူခိုင်းခြင်းအားဖြင့် သူတို့၏ စွမ်းရည်ကို လေ့ကျင့်ပေးခဲ့ပြီး အရည်အသွေးမြင့် ပစ္စည်းများကို ရှာစေခဲ့ကြောင့် သိခဲ့သည်။ သာ့တောင့်က ရုတ်တရက် တစ်ချိန်လုံး ပျောက်နေသော ဒေါက်တာယင်ကို သတိရသွားသည်။ ထိုအချိန်က ဒေါက်တာယင်က ရုတ်တရက် ပြန်ရောက်လာခဲ့ပြီး ပုံမှန်မဟုတ်သော စွမ်းရည်မျိုးနှင့် ခေါင်းဆောင်ကို တိုက်ခိုက်ခဲ့သည်။ ယခုအခါ နှစ်နှစ်ကျော်ပင်ကြာသွားခဲ့ပြီး သုံးနှစ်ပင် ပြည့်လုနီးပါး ဖြစ်သွားလေပြီ။ မဟာမိတ်အဖွဲ့ကလည်း လုံခြုံသော အလွှာသုံးလွှာလုံးလုံး ဖွဲ့စည်းထားနိုင်ခဲ့၏။ ခေါင်းဆောင်ကလည်း အဆင့်ကိုး စွမ်းရည်အသုံးပြုသူတစ်ယောက် ဖြစ်လာခဲ့လေပြီ။ မဟာမိတ်ခေါင်းဆောင် ယွင်ချူက သိပ်မကြာခင် အဆင့်၁၀သို့ ချိုးဖြတ်နိုင်တော့မည်ဟု ပြောနေကြသေးသည်။ သူနှင့် အခြားသော အသင်းဖော်တိုင်းကလည်း အဆင့်၇နှင့် ၈ သို့ ရောက်နေကြသည်။ လွန်ခဲ့သော သုံးနှစ်ခန့်က အဆင့်၇နှင့်၈တွင် ရှိသော စွမ်းရည်အသုံးပြုသူများက သူတို့မော့ကြည့်ရသည့် အင်အားကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်နေကြသေးသည်။
ကမ္ဘာကြီးက ခန့်မှန်းရတာ ခက်ခဲသည်။ သို့သော် ပြောင်းလဲမှုများကမူ အမြဲတစေ ဖြစ်ပေါ်နေတတ်သည်။ သူ၏ နှလုံးသားထဲတွင်မူ လောကက ကမ္ဘာကပ်ဘေး မရောက်ခင်အချိန်တွင် အမြဲတစေ တည်မြဲနေမည်ဟုပင် မျှော်လင့်မိသေးသည်။ သူက အမြဲတစေ အလုပ်သို့သွားပြီး ဇနီးဖြစ်သူက သူ့ကို ကားသော့ကမ်းပေးပြီး လမ်းခရီးတွင် ဂရုစိုက်ရန်​ ပြောသော အခြေအနေမျိုးကဲ့သို့ ဖြစ်သည်။
82 03
သာ့တောင့်၏ နှုတ်ခန်းထောင့်စွန်းများက မဲ့ကျသွားသည်။ သူ၏ နှလုံးသားထဲတွင် ရုတ်ချည်း ထွက်ပေါ်လာသည့် ဝမ်းနည်းမှုကို ထိန်းသိမ်းလိုက်ပြီး အာရုံပြန်စိုက်လိုက်သည်။
"ခေါင်းဆောင် ကျွန်တော်တို့ ဒီတစ်ကြိမ် ဘယ်လို လေ့ကျင့်ကြမှာလဲ"
ကျန်းကျိရင်က မြေပုံမှ နေရာအချို့ကို ထောက်ပြသည်။ ထိုနေရာက သူရွေးချယ်ထားသည့် အဆင့်မြင့်အဆင့်နေရာများ ဖြစ်နေသည်။ အနည်းဆုံးသူက နဂါးချိုင့်ဝှမ်းနေရာကို လက်ထောက်လိုက်ကာ ရပ်တန့်လိုက်သည်။ သူကိုယ်တိုင်ကလည်း ဒီဂိမ်း၏ အဆင့်၉၀အင်အားကြီး အဆင့်မြင့်နေရာကြီးက မဖွင့်လှစ်သေးကြောင်း သိထားသည်။
မဖွင့်သေးသည်ဆိုသော အခြေအနေအရ ဗျူဟာများကို ကိုးကားနေခြင်းထက် သူ့ကိုယ်သူသာ မှီခိုရန်ရှိတော့သည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သူကိုယ်တိုင်ကလည်း ထိုကော်ပီများတွင် ဝှက်ထားသော မဟာအခွင့်လမ်းများ ရှိကြောင်း သိနေလေသည်။ သို့သော်အခြားသော အန္တရာယ်နယ်မြေများတွင် လေ့ကျင့်ရန်လည်း လိုအပ်နေသေးသည်။ ဒီနည်းအားဖြင့် ထိုအဆင့်၉၀ ကော်ပီကြီးအတွက် မတိုက်ခိုက်ခင် ပစ္စည်းများကို လုံလောက်အောင် စုဆောင်းထားနိုင်မည်ဖြစ်သည်။
အချိန်အတန်ကြာပြီးနောက် မိုးကြိုးအဖွဲ့မှ အဖွဲ့သားများက ထပ်ခါတလဲလဲ ပြောင်းလဲသွားခဲ့သည်။ ထိုသို့ဖြင့် နောက်ဆုံးတွင် အဆင့်အတန်းရှိ စံချိန်မှီ အဓိက တိုက်ပွဲဝင်အဖွဲ့သား ၁၂ယောက်၊ တိုက်ပွဲဝင်အဖွဲ့နှင့် အထောက်အပံ့အဖွဲ့ဟူ၍ ကွဲသွားသည်။ တစ်သင်းလုံးတွင် လူ၄၇ယောက် ရှိသည်။ ဂိမ်းထဲတွင် တိုက်ပွဲဝင်အဖွဲ့တစ်ဖွဲ့တွင်ရှိသည့် အခြေခံ လူပမာဏလည်း ဖြစ်သည်။ ကစားသမားများက ထိန်းချုပ်ထားသော ပုံရိပ်ယောက် ကဏ္ဍမျိုးနှင့် နှိုင်းယှဥ်သော ဒီအဖွဲ့ထဲမှ ပါရမီရှင်များက အသက်ဘေးကို နေ့ရောညပါ ရင်ဆိုင်နေရသူများ ဖြစ်သည့်အလျောက် သိသိသာသာပင် အင်အားကြီးမားလေသည်။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Continuar a ler
Também vai Gostar
595K 108K 102
Original Novel - 论以貌取人的下场 English Title - The Consequence of Judging Others by Appearance Author - Yue Xia Die Ying / 月下蝶影 Status in COO - 164 Chapte...
221K 39.4K 77
ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး
1.6M 197K 160
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...