ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ...
Da Puddin524
285K 39.4K 995
This is not my own story. Altro
Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Website
Paid Gp ‼️
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Paid Gp Complete 💓
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
ငါ့အမြှီးကို ဘယ်သူထိတာလဲ
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
New Novel 🌱
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 68
2.4K 425 14
Da Puddin524
Chapter 68
"ကျွန်တော် ရှစ်စွမ်းကို လာရှာမယ်..."
ရှန်းလျိုရှန့်က မသိမသာ မျက်ခုံးပင့်လိုက်မိသည်။
ထိုအချိန်တွင် အခန်းတံခါး ပွင့်သွားကာ ကျင်းရှောင်ကျို့က သေတ္တာတစ်ခုကို သယ်လာပြီနောက် နဖူးမှချွေးများကို သုတ်၍လိုက်သည်။
"မင်းသားလေး ကျွန်တော် အစားအသောက်တွေ ယူလာတယ်..."
ရှန်းလျိုရှန့်က အံ့အားသင့်နေသည်။
"မင်းက လိပ်လား..."
ကျင်းရှောင်ကျို့က ရယ်မောကာ သေတ္တာကို ဖွင့်၍ ပြောသည်။
"ကျွန်တော် စားသောက်ဆိုင်က အကုန်လုံးကို ဝယ်လာတယ်...ဒါပေမဲ့..."
သူ၏ စကားလုံးများကို ပဟေဠိဖြစ်စွာ ရပ်တန့်လိုက်သည်။
"မုန်လာဥနီတွေ အကုန် ရောင်းထွက်သွားပြီတဲ့...ကျွန်တော် တစ်မြို့လုံးက ဆိုင်တွေကို သွားခဲ့တာတောင် တစ်ခုမှ မကျန်တော့ဘူး..."
ရှန့်လျိုရှန့်က ရနံ မွှေးမွှေးများရ၍ ကျောက်စိမ်းပြားကိုကိုင်ကာ လျှောက်လာသည်။
"ဘာမှ မဖြစ်ဘူး...မုန်လာဥနီလေးပဲကို...ကုန်သွားရင်လည်း ကုန်သွားတယ်ပေါ့..."
ရှန်းလျိုရှန့်က တူကို ကိုင်ကာ ငါးတစ်ကောင်လုံးကို တစ်ကိုက်တည်းဖြင့် စားလိုက်သည်။ 
ဒီအရသာလေးနဲ့ ခုနစ်နှစ်တောင် ဝေးနေရတာ...
တစ်စုံတစ်ခု ရွေ့လျားသွားသကဲ့သို့ ခံစားရကာ ကျောက်စိမ်းပြားထဲမှ ပေါ့ပေါ့ပါးပါး ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။
ကျိုးရွှမ်လန်အား 'ဘာကိုရယ်တာလဲ' ဟု မေးရန်ပြင်လိုက်ချိန်တွင် ပြတင်းပေါက်မှ ရုတ်ရုတ်သဲသဲ ဆူညံသံများကို ကြားလိုက်ရသည်။ ကျင်းရှောင်ကျို့က ပြတင်းပေါက်သို့ လျှောက်သွားကာ ခေါင်းထုတ်၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။
လူငယ်လေး၏ အတွေ့အကြုံ မရှိသော မျက်နှာမှာ နောက်တစ်ခဏတွင် အေးခဲသွားသည်။
လူငယ်လေးက နှစ်လှမ်းခန့် ပြန်ဆုတ်ကာ စကားလုံးများကို ထစ်ငေါ့စွာ ပြောသည်။
"မင်းသားလေး လူတွေ အများကြီးပဲ...သူတို့က မင်းသားလေး ရှန်းယွီကို ခေါ်နေကြတာ..."
ရှန်းလျိုရှန့်က အံ့အားသင့်သွားရကာ ငရုတ်သီး အနည်းငယ် လည်ချောင်းထဲသို့ ဝင်သွားလေသည်။ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီးနောက် သူ့မျက်လုံးများ မသက်မသာ စိုစွတ်နေသည်။ ရေနွေးကြမ်း အနည်းငယ်သောက်ပြီးမှသာလျှင် အစပ်အရသာကို ဖိနှိပ်နိုင်သွားသည်။
ရှန်းလျိုရှန့်က တူကိုချကာ ကျောက်စိမ်းပြားကို ဆုပ်ကိုင်လျက် ပြတင်းပေါက်သို့ လျှောက်သွားပြီး အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်။
ထူထပ်သော လူအုပ်ကြီးက ယာယီတည်းခိုဆောင်အဝတွင် စုဝေးနေကြပြီး မုန်လာဥနီများကိုင်ကာ အရှက်မဲ့စွာ အော်ဟစ်နေကြသည်။
"သခင်လေးရှန်းယွီ...ကျွန်တော့်မှာ မုန်လာဥနီတွေရှိတယ်...ထွက်လာပြီး တစ်ချက်လောက်ကြည့်ပါဦး..."
ရှန်းလျိုရှန့် တစ်ဒင်္ဂမျှ ကြက်သေသေနေကာ ရုတ်တရက်သတိရသွားသည်။သူ ရုပ်ရှင်လောကတွင် နာမည်ကြီးစဉ်က စိတ်အားထက်သန်သည့် ပရိသတ်များလွှမ်းမိုးခံရပုံနှင့် ဆင်တူသည်ဟုခံစားလိုက်ရသည်။
အောက်မှ တစ်စုံတစ်ယောက်က ရှန်းလျိုရှန့် ရှိနေသည်ကို ခံစားမိကာ အော်လိုက်သည်။ရုတ်တရက်ပင် အားလုံး၏ အကြည့်က သူ့ထံသို့ ရောက်လာကြသည်။
ပွင့်နေသော ပြတင်းပေါက်ရှေ့တွင် လူငယ်လေး၏ ဖရိုဖရဲ ဖြစ်နေသော အနက်ရောင်ဆံနွယ်များက ဖြောင့်စင်းနေသည်။ ညလေညှင်းက လူငယ်လေးအား ဖြတ်သန်းသွားသောအခါ ဆံနွယ်အချို့က ပါးပြင်တွက် ကပ်ငြိနေသည်။ဇာမဏီ မျက်လုံးများက မြူတစ်လွှာဖုံးအုပ်ထားကာ နှုတ်ခမ်းများ အနည်းငယ်စိုစွတ်နေသည်။ လူငယ်လေးက သူ့ရှေ့မှ မြင်ကွင်းကြောင့် အံအားသင့်နေပုံရသည်။
လူအုပ်ကြီးက ပေါက်ကွဲသွားသည်။
"အား...သခင်လေးရှန်းယွီ ထွက်လာပြီ..."
"အားလုံး ငြိမ်ငြိမ်နေကြ...သခင်လေးရှန်းယွီကို မကြောက်သွားစေနဲ့..."
"သခင်လေးရှန်းယွီ မကြောက်ပါနဲ့... ငါတို့က မင်းကို မုန်လာဥနီ ပေးဖို့လာတာပါ..."
လူအုပ်ကြီး၏ အလွန်အမင်းစိတ်လှုပ်ရှားနေမှုကို မြင်သောအခါ တစ်စုံတစ်ယောက်က သည်းမခံနိုင်ဖြစ်ကာ ပြောလိုက်သည်။
"မအော်နဲ့...မအော်ကြနဲ့တော့...သခင်လေး ရှန်းယွီကြောက်နေလိမ့်မယ်..."
ယုန်နတ်ဆိုးများ၏ သဘာဝမှာ အခြားနတ်ဆိုးများနှင့်ယှဉ်လျှင် အလွန်ပင် နူးညံကာ အားနည်းကြလေသည်။ ထို့ကြောင့် ၎င်းတို့မှာ အလွန်ပင် ကြောက်တတ်၏။
အောက်မှလူများ၏ စိတ်ထဲတွင် ယုန်နတ်ဆိုးငယ်လေးသည် ဤကဲ့သို့ မြင်ကွင်းများ မမြင်ဖူးသဖြင့် ကြောက်လန့်၍ စောင်ထဲသို့ခွေနေကာ တိတ်တဆိတ် ငိုကြွေးလိမ့်မည်ဟု ထင်မှတ်ထားကြသည်။
"သခင်လေးရှန်းယွီကို မလန့်သွားစေနဲ့...တကယ်လို့ သူကြောက်ပြီး လန့်ပြေးသွားရင် ဘယ်လိုလုပ်မလဲ..."
ထိုစကားများထွက်လာပြီးနောက်တွင် လူတိုင်းက ရှန်းလျိုရှန့်တစ်ယောက် ခေါင်းလေးစောင်းကာ ဖြူဝင်းသွယ်လျသော လက်ချောင်းက နှုတ်ခမ်းသို့ ဖိကပ်လိုက်သည်ကို တွေ့လိုက်ရသည်။
"ရှူး..."
မြင်ကွင်းက ရုတ်ချည်းပင်တိတ်ဆိတ်သွားသည်။
ထို့နောက် ပြတင်းပေါက်မှ လူငယ်လေးက မျက်လုံးတစ်ဖက်မှိတ်ပြကာ နှုတ်ခမ်းလေးများကွေးညွှတ်သွားသည်။ သူ၏ အသံမှာ နှစ်လိုဖွယ်ကောင်းသည်။
"မုန်လာဥနီတွေအတွက် ကျေးဇူးပဲနော်..."
"အား...အား...အား..."
နတ်ဆိုးအုပ်စုမှာ လုံးဝပင်ရူးသွပ်သွားရသည်။ သူတို့ ထင်ခဲ့သည်မှာ သခင်လေးရှန်းယွီ ကြောက်ရွံ့သွားမည်ဟုပင် ။မမျှော်လင့်ထားသည်မှာ လူငယ်လေးက ကြောက်ရွံ့ရမည့်အစား သူတို့၏ စေတနာကို ပွင့်လင်းစွာပင် လက်ခံပေးလေသည်။
နတ်ဆိုးများက မျှော်လင့်ချက်ကို ကျော်လွန်သည့် ပြီးပြည့်စုံသော တုန့်ပြန်ချက်ကို နှလုံးသားထဲတွင်သိမ်းဆည်းထားလိုက်ကြသည်။
တဝေါဝေါ ဟစ်သံများ ဆက်တိုက်ပင် ကျောက်စိမ်းပြားမှ ထွက်လာသည်။ ခဏမျှ အကြာ ကျောက်စိမ်းပြားမှာ ဖျောက်ခနဲ အသံထွက်လာသည်။
ရှန်းလျိုရှန့်က ခေါင်းငုံ့လိုက်သောအခါ ကျောက်စိမ်းပြားမှာ မယုံနိုင်ဖွယ်ပင် အစိတ်စိတ်အမွှာမွှာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ တုန်လှုပ်သွားကာ ကျိုးရွှမ်လန်အား ဘာဖြစ်သွားသည်ကို မေးရန်ပြင်လိုက်သည်။ ထိုအချိန်တွင် ၎င်းကျောက်စိမ်းကျိုးမှ အေးစက်ကာ ချုပ်တည်းထားရသော အသံထွက်ပေါ်လာသည်။
"ရှစ်စွမ်း မျက်နှာဖုံး ဝတ်ပြီး ကျွန်တော့်ကို စောင့်နေ..."
နတ်ဆိုးကျင့်ကြံသူအုပ်စုက လှေကားအောက်တွင် စုဝေးနေကြသည်။ တည်းခိုဆောင်မှ လူများက မုန်လာဥနီများကို ထွက်ယူကြသည်။ ရှန်းလျိုရှန့်က လက်ကိို ဝေ့ရမ်းကာ ပြတင်းပေါက်ကို ပိတ်လိုက်ပြိီးနောက် တဖြည်းဖြည်း လူစုကွဲသွားကြသည်ကို အင်တင်တင်ဖြင့်ကြည့်နေလေသည်။
ရှုရှင်းချန်ပြန်လာသောအခါ ကြမ်းပြင်တွင် မုန်လာဥနီများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ ဇာတ်လမ်းအပြည့်အစုံကို ကြားသိပြီးနောက် ရှန်းလျိုရှန့်ဆီသို့ မျက်နှာဖုံးကို ပစ်ပေးလိုက်သည်။
"မြန်မြန်တပ်ထားလိုက်..."
ရှန်းလျိုရှန့်က လက်ညိုးဖြင့် မျက်နှာဖုံးမှ ကြိုးကို ချိတ်ကာ လေထဲတွင်လှည့်လျက် လက်ထဲမှ မျက်နှာဖုံးကို စူးစမ်းလိုက်သည်။
ဝက်မျက်နှာဖုံးကြီး...
ရုပ်ဆိုးလွန်းသဖြင့် သူ့ဦးရေပြားမှာ စပ်ဖျင်းဖျင်းပင် ဖြစ်လာရသည်။
ရှုရှင်းချန်က ထိုင်ခုံတွင်ဝင်ထိုင်၍ ကျင်းရှောင်ကျို့ ငှဲ့ပေးထားသော လက်ဖက်ရည်အား တစ်ငုံမျှသောက်ကာ တည်ငြိမ်စွာပင်ပြောလာသည်။
" ကျွန်တော် မျက်နှာဖုံးတစ်ရာကြားမှာ ဒီမျက်နှာဖုံးကို မတွေ့ခင်အထိ ဆိုင်တန်းတွေ အများကြီးဝင်ရှာခဲ့ရတာ ...သဘောကျရဲ့လား...အစ်ကိုတော်..."
ရှုရှင်းချန်က ရှန်းလျိုရှန့်အား 'အစ်ကိုတော်' ဟု မည်သည့်အခါမျှ ရိုးသားစွာ မခေါ်ဖူးပေ။ ဧကရာဇ်ယွင်ယွီကို လေးစားသဖြင့်သော်လည်းကောင်း ရှန်းလျိုရှန့်အား အရှက်ရစေချင်သည့် အခါတွင်လည်းကောင်း ထိုသို့ ခေါ်တတ်ပေသည်။
ရှန်းလျိုရှန့်က မျက်ခုံးများပင့်ကာ ပြုံးလိုက်ပြီး စကားတစ်ခွန်းမျှ မဆိုပဲ မျက်နှာဖုံးကို ဝတ်လိုက်သည်။ ထို့နောက် ရှုရှင်းချန်ဆီသို့ ချဉ်းကပ်သွားသည်။ လက်တစ်ဖက်ကို ထိုင်ခုံလက်ရန်းတွင် ဖိထား၍ တဖြည်းဖြည်းယိုင်လာကာ သူ၏မျက်နှာမှာ ရှုရှင်းချန် မျက်နှာနှင့် နီးကပ်လာသည်။
ဝက်မျက်နှာဖုံးကြီး နီးကပ်လာသည်ကို ကြည့်ကာ ရှုရှင်းချန်က မတတ်နိုင်စွာ လက်ဖြင့်တွန်းလိုက်မိသည်။ရှုံ့မဲ့စွာ မျက်နှာလွှဲလျက် ပြောသည်။
"သွား...ဝေးဝေးကိုသွား...အရမ်းရုပ်ဆိုးတာပဲ..."
ရှုရှင်းချန်၏ တုန့်ပြန်ချက်ကို ကြည့်၍ ရှန်းလျိုရှန့်က ရယ်မောလိုက်ပြီး မတ်မတ်ရပ်ကာပြောသည်။
"မင်းယူလာတဲ့ မျက်နှာဖုံးက ငါ့အကြိုက်နဲ့ အရမ်းကိုက်တယ်..."
ရှုရှင်းချန် ဆွံ့အသွားကာ အဓိပ္ပါယ် မရှိ သလို ခံစားရသည်။
ဒီလောက်ရုပ်ဆိုးတာကို တကယ်ကြိီး ကြိုက်တယ်ပေါ့...
ထို့နောက် ရှန်းလျိုရှန့် မျက်နှာဖုံးချွတ်လိုက်သည်ကိုမြင်လိုက်ရသည်။ ရှန်းလျိုရှန့်၏ ဆံပင်ရှည်များက ဖရိုဖရဲ ဖြစ်နေပြီး  ရှုရှင်းချန်အား မျက်လုံးမှေး၍ ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းပါးလေးက စနောက်လိုမှုဖြင့် ကွေးညွှတ်သွားသည်။
"နောက်ဆုံးကျတော့လည်း ငါက ဒီမျက်နှာဖုံးကို နေ့တိုင်း ကြည့်ရမှာမှ မဟုတ်တာ..."
ရှုရှင်းချန် "....."
အဓိပ္ပါယ်တော့ရှိသား...
ဒီဝက်မျက်နှာဖုံးနဲ့ နေတိုင်း စားသောက် ပြောဆိုနေရမဲ့လူက သူဖြစ်နေပုံပဲ...
ရှုရှင်းချန်တစ်ယောက်  မျက်နှာဖုံးပြန်ယူရန် လှုပ်ရှားလိုက်သော်လည်း ရှန်းလျိုရှန့်က ရှောင်တိမ်းလိုက်သည်။ သူက ရှုရှင်းချန်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ဒုတိယ ညီတော်လေးက ဒီမျက်နှာဖုံးကို အချိန်အကြာကြီး ပေးပြီး ရွေးလာခဲ့ရတာပဲ...အစ်ကိုတော်က ဒါကို တန်ဖိုးထားပါ့မယ်..."
ပြောပြီးနောက် ရှန်းလျိုရှန့်က ဝတ်ရုံလက်ကိုခါ၍ အခန်းအပြင်သို့ ထွက်သွားသည်။ ဝေးကွာသွားသော ပုံရိပ်ကလေးမှာ အပူအပင်မဲ့ကာ ပျော်ရွှင်နေပုံရလေသည်။
"ဘမ်း..."
ရှုရှင်းချန်၏ လက်ထဲမှ ရေနွေးခွက်သည် အစိတ်စိတ်အမွှာမွှာ ကွဲကာ အမှုန့်အဖြစ်သို့ပြောင်းသွားသည်။
နောက်တစ်နေ့တွင် စာလိပ်ရှိနိုင်သော နေရာများကို စုံစမ်းရန် စီစဉ်ထားကြသည်။ မနက်စောစောအချိန်တွင် ရှုရှင်းချန်မှာ အိပ်မောကျလျက်ရှိသည်။ တစ်စုံတစ်ယောက်က သူ့အား လှုပ်နှိုးနေသည်ဟုခံစားရသည်။ ရှုရှင်းချန်က အိပ်ချင်မပြေစွာ မျက်လုံးဖွင့်လိုက်သောအခါ အစွယ်နှစ်ခုဖြင့် ဝက်မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် နတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရသည်။
"အား..."
နားနေဆောင်ကြီး လှုပ်ခါသွားရပြီး ကျင်းရှောင်ကျို့က အလျင်အမြန်ရောက်လာသည်။ တံခါးဖွင့်လိုက်သည်နှင့် ခေါင်းအုံးတစ်ခု လွင့်ပျံလာ၍ သူ၏ ခေါင်းကို ထိမှန်သွားလေသည်။
ခေါင်းအုံးကိုရှောင်၍ ကျန်းမြောင်မြောင်က အမူအရာမဲ့စွာ လျှောက်လာသည်။
"အန္တရာယ်မရှိဘူး..."
ကျင်းရှောင်ကျို့က မင်းသားလေးနှစ်ယောက်၏ ပြင်းထန်သော တိုက်ပွဲရှိရာ အခန်းအတွင်းသို့ ကြည့်လိုက်သည်။ ရှုရှင်းချန်က မန္တန်များကို ဂရုမစိုက်စွာသုံးနေသော်ငြား ရှန်းလျိုရှန့်အား ထိမှန်စေရန် တစ်ခါမျှ မစွမ်းဆောင်နိုင်ချေ။
တည်းခိုဆောင်မှ မည်သူမျှ မပါဝင်ရဲပေ။ တစ်မနက်ခင်းလုံး ရှုရှင်းချန်မှာ အဆောက်အဦးကို ဖျက်ဆီးလုနီးပါးပင်။နောက်ဆုံးတွင် ရှုရှင်းချန် ထိုင်ချလိုက်သောအခါမှ ရှန်းလျိုရှန့်က လက်ဖက်ရည်တစ်ခွက်ကို ကမ်းပေးကာ အသာအယာပင်ပြောလိုက်သည်။
"ဒေါသထွက်တာက အသက် တိုစေတယ်..."
ရှုရှင်းချန်က ဒေါသကြောင့် ထုံကျင်လုနီးပါးဖြစ်နေ၍ ကိုယ့်ကိုယ်ကို ဂရုဏာသက်စွာပင် ရေနွေးကြမ်း တစ်ငုံ သောက်လိုက်သည်။
ရှန်းလျိုရှန့်က ဆက်ပြောသည်။
"မင်းမှာ ဒီလို စိတ်မျိုးရှိတယ်...ဒီလိုမျိုး လွယ်လွယ်ရန်စခံနေရပြီး တုန့်ပြန်နေမယ်ဆိုရင် အနာဂတ်မှာ ကြီးမားတဲ့ ဆုံးရှုံး မှုတွေ ခံစားရလိမ့်မယ်..."
ရှုရှင်းချန်က နှာခေါင်းရှုံလိုက်ကာ အတည်မယူပေ။ထောင်လွှားသော အမူအရာကို ဖော်ပြကာ ပြောလိုက်သည်။
"ကျွန်တော်က အင်ပါယာရဲ့ ဒုတိယမင်းသားလေးပဲလေ... ခင်ဗျားအပြင် ဘယ်သူက ကျွန်တော့်ကို ရန်စရဲမှာလဲ..."
ရှန်းလျိုရှန့်က မျက်မှောင်ကြုတ်၍ ရှုရှင်းချန်၏ ခေါင်းကို ရိုက်လိုက်သည်။
"မင်းရဲ့ ခေါင်းထဲမှ မင်းသားလေးဆိုတဲ့ ရာထူးပဲ ရှိတာလား..."
ရှုရှင်းချန်က တစ်ခဏမျှရပ်ကာ အသံတိုးတိုးဖြင့်ပြောသည်။
"ဧကရာဇ် လည်းရှိပါတယ်..."
ရှန်းလျိုရှန့်က တုန့်ပြန်လိုက်သည်။
"ဧကရာဇ်...မင်းက အဲ့ဒါအတွက် ထိုက်တန်လို့လား..."
ရှုရှင်းချန်၏ အမူအရာမှာ ပြောင်းလဲသွားသည်။
ရှန်းလျိုရှန့် မပေါ်လာခင်က ထီးနန်းမှာ အမှန်ပင် သူ့အတွက် ဖြစ်ခဲ့သည်။ ဧကရာဇ်က ရှန်းလျိုရှန့်အား မည်မျှနှစ်သက်သည်ကို တွေ့မြင်ပြီးနောက်တွင် သူ၏ နှလုံးသားထဲ၌ အေးစက်မှုကို ခံစားခဲ့ရသည်။
ထိုနေရာအတွက် သူက ထိုက်တန်သလားဟူသော မေးခွန်းကို မည်သို့သောအခါမျှ မစဉ်းစားခဲ့ဖူးပေ။
ရှန်းလျိုရှန့်၏ စကားများမှာ သူ့မျက်နှာအား ဖြတ်ရိုက်လိုက်သလိုပင် ဖြစ်သည်။
ရှုရှင်းချန်၏ နှုတ်ခမ်းများ အနည်းငယ်တုန်ယင်နေကာ စကားလုံးများပျောက်ဆုံးနေသည်။
ဧကရာဇ်နေရာနှင့် သူက အမှန်တကယ်ပင် မထိုက်တန်ပေ။
နှစ်ယောက်လုံး အေးစက်သော ကြမ်းပြင်ပေါ်တွင်ထိုင်နေကြသည်။ ရှန်းလျို့ရှန့်က ရှုရှင်းချန် အနားသို့ကပ်သွားကာ နှစ်သိမ့်သည့် သဘောဖြင့် ပုခုံးပေါ် လက်တင်၍ ပုတ်လိုက်သည်။
"အရမ်းနောက်မကျသေးပါဘူး...မင်းမှာ အခုထိ အရည်အချင်းပြည့်ဝတဲ့ ဧကရာဇ်ဖြစ်ဖို့ အခွင့်အရေး ရှိပါသေးတယ်..."
ရှုရှင်းချန်က တုံ့ဆိုင်းစွာမေးသည်။
"အရည်အချင်းပြည့်ဝတဲ့ ဧကရာဇ်ဆိုတာ ဘာကို ဆိုလိုတာလဲ..."
ရှန်းလျိုရှန့်က ပြောသည်။
"သေချာပေါက် ခမည်းတော်လိုမျိုးလူကို ပြောတာပေါ့..."
ရှန်းလျိုရှန့်က ပြောပြီးနောက် လက်ကိုမြောက်ကာ  အပြင်သို့ ညွှန်ပြလိုက်သည်။
 "မနေ့ညက ဆွေးနွေးခဲ့တဲ့အတိုင်း ငါတို့ မြို့ထဲမှာ စာလိပ်ရှိနိုင်မဲ့နေရာကို ရှာကြမယ်ဆို...ဒါမဲ့ အပြင်မှာ နေအရမ်းပြင်းတယ်လေ...ငါတို့ နေရာတစ်ခုရောက်တိုင်း စာလိပ် ရှိမရှိ အာရုံခံဖို့ ဧကရာဇ်ရဲ့ ဆံပင်ကို အသုံးချရဦးမယ်...ဒီလောက် အချိန်ကုန် လူပန်းပြီး ပျင်းဖို့ကောင်းတာကြီးကို တကယ်လုပ်ချင်နေတာလား..."
ရှုရှင်းချန် ခဏမျှ တုံ့ဆိုင်းနေကာ ပွင့်ပွင့်လင်းလင်းပင် ခေါင်းခါလိုက်သည်။
ဒီတာဝန်က တကယ့်ကို ပင်ပန်းမှာ...
ရှန်းလျိုရှန့်က ရယ်မောလိုက်သည်။
"အဲ့ဒါကြောင့် ငါစဉ်းစားပြီးသွားပြီ...မင်းက နားနေဆောင်မှာ နေခဲ့...ငါတစ်ယောက်တည်းသွားမယ်..."
ရှုရှင်းချန်တစ်ယောက် အံ့အားသင့်စွာကြည့်လိုက်သည်။လူငယ်လေး၏ မျှော်လင့်နေသော မျက်နှာကို မြင်သောအခါ ရှန်းလျိုရှန့်က ပြောလိုက်သည်။
"တကယ်လို့ ခမည်းတော်သာဆိုရင် ကြီးလေးတဲ့ တာဝန်ကို တစ်ယောက်ထဲယူဖို့ ရွေးချယ်လိမ့်မယ်...ငါက ခမည်းတော်နဲ့ ပိုပြီးနီကပ်လာချင်တယ်...ခမည်းတော်နဲ့ ပိုပြီးတူလာချင်တယ်..."
ရှုရှင်းချန်၏ မျက်လုံးများကျယ်လာကာ သူ၏ နှလုံးသားတွင် ပြင်ထန်သောလှိုင်းများ ရိုက်ခတ်ခြင်းခံလိုက်ရသည်။
ခဏအကြာတွင် ရှုရှင်းချန်က ပြင်းထန်သော အမူအရာဖြင့် မတ်တပ်ရပ်လိုက်သည်။
"မဟုတ်ဘူး...ကျွန်တော်သွားမယ်...ကျွန်တော့်ကို တစ်ယောက်ထဲသွားခွင့်ပေး...ကျွန်တော်ခမည်းတော်ဆီကနေ ပိုပြီးသင်ယူဖို့ လိုအပ်တယ်..."
ရှန်းလျိုရှန့်၏ မျက်ခုံးများတွန့်ချိုးသွားသည်။
"ဒါပေမဲ့ အပြင်က ရာသီဥတုက အရမ်းကို ပူပြင်းနေတာနော်...မင်းက ငယ်ငယ်ထဲက အရိပ်အာဝါသအောက်မှာ ကြီးပြင်းလာတာလေ...ဒီကြမ်းတမ်းမှုကို ဘယ်လိုလုပ် ခံနိုင်ပါ့မလဲ...မင်းနေခဲ့တာ ပိုကောင်းမယ်...ငါပဲသွားလိုက်မယ်..."
"လုံလောက်ပြီ...ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ..."
ရှုရှင်းချန်က ဝတ်ရုံလက်များကို ခေါက်ကာ ပြောလိုက်သည်။ သူက အတန်ငယ် လေးလေးနက်နက် ခြင့်ချိန်ပြီးနောက် ဆက်ပြောသည်။
"ခင်ဗျားမှန်တယ်...အကယ်၍ ဧကရာဇ်သာဆိုရင် တာဝန်ကို တစ်ယောက်ထဲလုပ်ဖို့ ရွေးချယ်မှာပဲ...ကျွန်တော်က ဧကရာဇ်နေရာ အတွက် ရည်မှန်းချက်ရှိနေမှတော့ ခမည်းတော်ဆီကနေ သင်ယူရမယ်...ကျွန်တော့်ကို မတားနဲ့တော့..."
ရှန်းလျိုရှန့်က စကားပြောရန်တုံ့ဆိုင်းနေပုံရသည်။နောက်ဆုံးတွင် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
"ကောင်းပြီ...ဒါဆိုလည်း မင်းကိုပဲ အပ်လိုက်တော့မယ်...မင်းပဲသွားတော့..."
ရှုရှင်းချန်က မျက်လုံး မှေး၍ ရှန်းလျိုရှန့်ကို ကြည့်လိုက်သည်။ ရှုပ်ထွေးသော အမူအရာဖြင့် ကျေးဇူးတင်စကားပြောကာ ထွက်သွားသည်။
ရှန်းလျိုရှန့်က ရှုရှင်းချန် နားနေဆောင်မှ ထွက်သွားသည်ကို ကြည့်ကာ မျက်တောင်ခတ်လိုက်ပြီး ယမန်နေ့က အစားအသောက်ဝယ်သည့်နေရာကို ကျင်းရှောင်ကျို့အားအမြန်ပင်မေးလိုက်သည်။ နေရာသိရသောအခါ မျက်နှာဖုံးကိုဝတ်၍ စိတ်အားထက်သန်စွာပင် အပြင်ထွက်သွားလေသည်။
ပူပြင်းလှသောနေသည် ချီလင်မြို့အား မီးလုံးတစ်လုံးကဲ့သို့ လှည့်ပတ်နေသည်။ ပူပြင်းခြောက်သွေ့သော လေထုနှင့်ပြည့်နှက်နေပေသည်။
လက်ဖက်ရည်တစ်ခွက်စာ ကြာမြင့်ပြီးနောက် စားသောက်ဆိုင်ကို ရှာတွေ့ချိန်၌ ရှန်းလျိုရှန့်၏နဖူး၌ ချွေးပါးပါးတစ်လွှာပင် ဖုံးနေလေသည်။
Continua a leggere
Ti piacerà anche
281K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
3.4K 310 45
another description ဘယ်အရာကသူမကိုဖြစ်တည်လာတာလည်းဘာ့ကြောင့် system နဲ့ချိတ်ဆက်မိတာလည်း စတဲ့မေးခွန်းပေါင်းများစွာတေကစိတ်ထဲမှာရှိနေပြီး မှတ်ဉာဏ်တေဟာလည်...
38K 5.2K 6
နတ်ဆိုးလေးတစ်ကောင်က ကျင့်ကြံသူလေးရဲ့နောက်ကို တကောက်ကောက်လိုက်ပြီး သူနဲ့အိပ်ဖို့ ပြောနေတယ်။ I am just Translator and this precious story is not belong...
1.5M 193K 158