အရိုးစုသရဲပန်းချီ「骷髅幻戏图」

By rongrong_aini

125K 17.8K 794

အရိုးစုသရဲပန်းချီ「骷髅幻戏图」kūlóuhuànxìtú ခူးလိုဟွမ့်ရှိထူ စာရေးသူ - 西子绪 ရှီးကျစ်ရွှိ အပိုင်းပေါင်း - ၁၁၄ ပိုင်း... More

မိတ်ဆက်
အပိုင်း ၁ [ အခန်း 1303 ] (1)
အပိုင်း ၂ [ အခန်း 1303 ] (2)
အပိုင်း ၃ [ အခန်း 1303 ] (3)
အပိုင်း ၄ [ အခန်း 1303 ] (4)
အပိုင်း ၅ [ အခန်း 1303 ] (5)
အပိုင်း ၆ [ အခန်း 1303 ] (6)
အပိုင်း ၇ [ အခန်း 1303 ] (7)
အပိုင်း ၈ [ အခန်း 1303 ] (8)
အပိုင်း ၉ [ အခန်း 1303 ] (9)
အပိုင်း ၁၀ [ အခန်း 1303 ] (10)
အပိုင်း ၁၁ [ အခန်း 1303 ] (ဆုံး)
အပိုင်း ၁၂ [ တစ္ဆေပူးကပ်ခြင်း ] (1)
အပိုင်း ၁၃ [ တစ္ဆေပူးကပ်ခြင်း ] (2)
အပိုင်း ၁၄ [ တစ္ဆေပူးကပ်ခြင်း ] (3)
အပိုင်း ၁၅ [ တစ္ဆေပူးကပ်ခြင်း ] (4)
အပိုင်း ၁၆ [ တစ္ဆေပူးကပ်ခြင်း ] (5)
အပိုင်း ၁၇ [ တစ္ဆေပူးကပ်ခြင်း ] (6)
အပိုင်း ၁၈ [ တစ္ဆေပူးကပ်ခြင်း ] (ဆုံး)
အပိုင်း ၁၉ [ မရဏပျော်ပွဲ ] (1)
အပိုင်း ၂၀ [ မရဏပျော်ပွဲ ] (2)
အပိုင်း ၂၁ [ မရဏပျော်ပွဲ ] (3)
အပိုင်း ၂၂ [ မရဏပျော်ပွဲ ] (4)
အပိုင်း ၂၃ [ မရဏပျော်ပွဲ ] (5)
အပိုင်း ၂၄ [ မရဏပျော်ပွဲ ] (6)
အပိုင်း ၂၅ [ မရဏပျော်ပွဲ ] (7)
အပိုင်း ၂၆ [ မရဏပျော်ပွဲ ] (8)
အပိုင်း ၂၇ [ မရဏပျော်ပွဲ ] (ဆုံး)
အပိုင်း ၂၈ [ ကတိပြုထားသောမြေ ] (1)
အပိုင်း ၂၉ [ ကတိပြုထားသောမြေ ] (2)
အပိုင်း ၃၀ [ ကတိပြုထားသောမြေ ] (3)
အပိုင်း ၃၁ [ ကတိပြုထားသောမြေ ] (4)
အပိုင်း ၃၂ [ ကတိပြုထားသောမြေ ] (5)
အပိုင်း ၃၃ [ ကတိပြုထားသောမြေ ] (6)
အပိုင်း ၃၄ [ ကတိပြုထားသောမြေ ] (7)
အပိုင်း ၃၅ [ ကတိပြုထားသောမြေ ] (8)
အပိုင်း ၃၆ [ ကတိပြုထားသောမြေ ] (9)
အပိုင်း ၃၇ [ ကတိပြုထားသောမြေ ] (10)
အပိုင်း ၃၈ [ ကတိပြုထားသောမြေ ] (ဆုံး)
အပိုင်း ၃၉ [ လက်ကိုင်ပဝါပစ်ကြမယ် ] (1)
အပိုင်း ၄၀ [ လက်ကိုင်ပဝါပစ်ကြမယ် ] (2)
အပိုင်း ၄၁ [ လက်ကိုင်ပဝါပစ်ကြမယ် ] (3)
အပိုင်း ၄၂ [ လက်ကိုင်ပဝါပစ်ကြမယ် ] (4)
အပိုင်း ၄၃ [ လက်ကိုင်ပဝါပစ်ကြမယ် ] (5)
အပိုင်း ၄၄ [ လက်ကိုင်ပဝါပစ်ကြမယ် ] (6)
အပိုင်း ၄၅ [ လက်ကိုင်ပဝါပစ်ကြမယ် ] (7)
အပိုင်း ၄၆ [ လက်ကိုင်ပဝါပစ်ကြမယ် ] (8)
အပိုင်း ၄၇ [ လက်ကိုင်ပဝါပစ်ကြမယ် ] (9)
အပိုင်း ၄၈ [ လက်ကိုင်ပဝါပစ်ကြမယ် ] (ဆုံး)
အပိုင်း ၄၉ [ မွေးရပ်မြေသို့ပြန်ခြင်း ]
အပိုင်း ၅၀ [ မိန့်မိန် ] (1)
အပိုင်း ၅၁ [ မိန့်မိန် ] (2)
အပိုင်း ၅၂ [ မိန့်မိန် ] (3)
အပိုင်း ၅၃ [ မိန့်မိန် ] (4)
အပိုင်း ၅၄ [ မိန့်မိန် ] (ဆုံး)
အပိုင်း ၅၅ [ အိမ်မက် ] (1)
အပိုင်း ၅၆ [ အိမ်မက် ] (2)
အပိုင်း ၅၇ [ အိမ်မက် ] (3)
အပိုင်း ၅၈ [ အိမ်မက် ] (4)
အပိုင်း ၅၉ [ အိမ်မက် ] (5)
အပိုင်း ၆၀ [ အိမ်မက် ] (6)
အပိုင်း ၆၁ [ အိမ်မက် ] (7)
အပိုင်း ၆၂ [ အိမ်မက် ] (8)
အပိုင်း ၆၃ [ အိမ်မက် ] (9)
အပိုင်း ၆၄ [ အိမ်မက် ] (10)
အပိုင်း ၆၅ [ အိမ်မက် ] (11)
အပိုင်း ၆၆ [ အိမ်မက် ] (12)
အပိုင်း ၆၇ [ အိမ်မက် ] (13)
အပိုင်း ၆၈ [ အိမ်မက် ] (14)
အပိုင်း ၆၉ [ အိမ်မက် ] (15)
အပိုင်း ၇၀ [ အိမ်မက် ] (16)
အပိုင်း ၇၁ [ အိမ်မက် ] (17)
အပိုင်း ၇၂ [ အိမ်မက် ] (18)
အပိုင်း ၇၃ [ အိမ်မက် ] (19)
အပိုင်း ၇၄ [ အိမ်မက် ] (20)
အပိုင်း ၇၆ [ တစ္ဆေဈေး ] (1)
အပိုင်း ၇၇ [ တစ္ဆေဈေး ] (2)
အပိုင်း ၇၈ [ တစ္ဆေဈေး ] (3)
အပိုင်း ၇၉ [ တစ္ဆေဈေး ] (4)
အပိုင်း ၈၀ [ တစ္ဆေဈေး ] (5)
အပိုင်း ၈၁ [ တစ္ဆေဈေး ] (6)
အပိုင်း ၈၂ [ တစ္ဆေဈေး ] (7)
အပိုင်း ၈၃ [ တစ္ဆေဈေး ] (8)
အပိုင်း ၈၄ [ တစ္ဆေဈေး ] (9)
အပိုင်း ၈၅ [ တစ္ဆေဈေး ] (10)
အပိုင်း ၈၆ [ တစ္ဆေဈေး ] (ဆုံး)

အပိုင်း ၇၅ [ အိမ်မက် ] (ဆုံး)

1.1K 186 13
By rongrong_aini

အပိုင်း ၇၅ [ အိမ်မက် ] (ဆုံး)

⟨⟨အိမ်ပြန်ခြင်း⟩⟩

တကယ်တော့ခုနကစကားပြောနေတုန်းကထူးဆန်းနေတယ်လို့လင်ပန့်ရှထင်ခဲ့တယ် အိမ်မက်ကနေထွက်လာပြီးတော့စုန့်ချင်း‌လော်ကတစ်လျှောက်လုံးပိုင်လုကျယ်ကိုမဆက်သွယ်ဘူး တကယ်တော့လည်းသူနဲ့ပြောစရာတော့မရှိပါဘူး ကိုယ့်ခန္ဓာကိုယ်ထဲမှာပိတ်သိမ်းတဲ့ကိစ္စကလီစူးကိုရှင်းပြတုန်းကတောင်ရိသွမ်းကျစ်းဝုရဲ့မူလကိုယ်မဟုတ်ပဲတွဲဖက်ဆိုတာကိုမပြောခဲ့ဘူး ဒါကြောင့်ငြင်းမယ်ဆိုရင်စုန့်ချင်းလော်ကိုယ်ထဲမှာပိတ်သိမ်းလိုက်တာကအိမ်မက်မဟုတ်ပဲချွေးကောင်းယွိဆိုတာပိုင်လုကျယ်ဘယ်လိုမှမသိနိုင်ဘူး

ဒါပေမဲ့ခုနကသူနဲ့ပိုင်လုကျယ်စကားစပြောကတည်းက စုန့်ချင်းလော်ပိတ်သိမ်းလိုက်တဲ့ရိသွမ်းကျစ်းဝုကို "အရာ" လို့တစ်ချိန်လုံးခေါ်နေတာ အစကတော့ထူးဆန်းမှုကိုပဲလင်ပန့်ရှခံစားရတယ် စူန့်ချင်းလော်ရဲ့ဗီဒီယိုကိုကြည့်ဖို့ခေါ်တော့မှပိုင်လုကျယ်ရဲ့ရည်ရွယ်ချက်ကိုနားလည်တာ

ဆိုတော့ဒါတွေအားလုံးကိုဘယ်လိုလုပ်ပိုင်လုကျယ်ကသိနေရတာလဲ?တခြားဟာတွေကိုဖယ်လိုက်ရင်အဖြေတစ်ခုပဲကျန်တယ်——သူလည်းအိမ်မက်ထဲဝင်ခဲ့တယ် ချွေးကောင်းယွိကတွဲဖက်ဆိုတဲ့ကိစ္စကိုတောင်သိနေသေးတယ် လင်ပန့်ရှရဲ့မေးခွန်းကိုနားထောင်ရင်းလင်ပန့်ရှရဲ့စကားကိုချေပရန်မရှိတော့

သူ့ရဲ့တိတ်ဆိတ်မှုကဒီအပြောကိုဝန်ခံလိုက်တာပဲ

လင်ပန့်ရှစိတ်ရှုပ်သွားသည် : "မင်းတကယ်ဝင်သွားတာလား?"

"ဟုတ်တယ်"ပိုင်လုကျယ်ကဖြေးဖြေးချင်းပြောလာသည် "ဒါပေမဲ့ဝင်တာမဝင်တာနဲ့ဘာမှမဆိုင်ဘူးထင်တယ် ငါ့အိမ်မက်ထဲမှာတော့သူနဲ့လက်တွေ့ကဘာကွာခြားမှုမှမရှိဘူး သူ့ရဲ့ရူးသွပ်နေတဲ့ပုံစံနဲ့ဆိုရင်စိတ်ကျန်းမာရေးဆေးရုံမှာအပိတ်ခံထားရပြီ ငါကဌာနကနေမထွက်ရတော့အပတ်တိုင်းမှာသူ့ကိုတစ်ခေါက်ပဲတွေ့ရတယ်"

လင်ပန့်ရှ : "........."

ပိုင်လုကျယ်ကကိုယ့်ကိုယ်လှောင်လိုက်သည် : "အိမ်မက်တစ်ခုကတောင်စစ်မှန်လွန်းနေတယ်"

လင်ပန့်ရှ : "မင်းဘယ်လိုသိတာလဲ?"လီစူးတို့လည်းအိမ်မက်ထဲမှာရှိခဲ့ပေမဲ့ထွက်လာပြီးတော့ဘာမှမသိတော့တာ‌ကြောင့်စုန့်ချင်းလော်ရဲ့အလွယ်တကူအလိမ်ခံလိုက်ရတာ

"သူငါ့ကိုပြောပြတာ"ပိုင်လုကျယ်ကပြောတယ် "ငါနိုးမလာခင်တုန်းကငါ့ကုတင်ဘေးမှာရပ်နေပြီးပြောတာ"သူ့အကြည့်ကမှုန်မှိုင်းနေပြီးဘယ်နေရာမှန်းမသိတဲ့တစ်နေရာကိုကြည့်နေသည်။သွေးရောင်မရှိတဲ့မျက်နှာကဒီကမ္ဘာပေါ်ကနေပျောက်သွားတော့မလိုမျိုး "သူပြောတာက စုန့်ချင်းလော်လာကယ်ပြီတဲ့ ငါ့ကိုစိတ်မပူနဲ့တဲ့ အဲ့ဒီဟာပျောက်သွားပြီလို့လဲပြောသေးတယ်.........သူလွတ်လပ်သွားပြီ........"

"ဒါပေမဲ့သူကသိပ်တုံးလွန်းတယ်"ပိုင်လုကျယ်ကပြောတယ် "ချင်းလော်ကဘယ်လိုလူလဲဆိုတာသူမသိဘူး ငါလည်းမသိသေးဘူးထင်လို့လား? သူကရိသွမ်းကိုပိတ်သိမ်းတဲ့ကိရိယာတစ်ခုပဲ သူဖမ်းလိုက်တဲ့တွဲဖက်ကရောဘာကောင်းတာရှိမှာလဲ"

လင်ပန့်ရှ : "ငါ့ဒေါသကိုသုံးပြီးချွေးကောင်းယွိကိုကယ်ချင်တာမလား?"

ပိုင်လုကျယ် : "မဟုတ်ဘူး ငါသူ့ကိုတွေ့ချင်ရုံလေးပါ ငါသူ့ကိုစောင့်နေတာအရမ်းအရမ်းကြာနေပြီ ဒီတိုင်းသူနဲ့ထပ်တွေ့ချင်ရုံပါ"

ဘာပြောသင့်လဲလင်ပန့်ရှမသိတော့ screen ပေါ်ကစုန့်ချင်းလော်ကိုအင်္ကျီပြန်အုပ်ပေးလိုက်ပြီးအဲ့ဒီအခန်းထဲကနေထုတ်လိုက်သည်။ဒါပေမဲ့ထုတ်နေတုန်းမှာလည်းအိပ်မနေပဲမျက်လုံးတစ်ဝက်ဖွင့်ထားသည်။လှပတဲ့မျက်စံနက်နက်တစ်စုံဟာလည်းတောက်ပမှုပျောက်နေပြီးမှောင်မည်းနေသည်။

လင်ပန့်ရှတစ်ချက်ကြည့်လိုက်တာနဲ့နှလုံးနာလာသည်။ဒီလိုဆိုရင်တောင်သူလက်မခံနိုင်တာ ပိုင်လုကျယ်နဲ့ချွေးကောင်းယွိလိုအခြေအနေဆိုရင်တော့ပြောမနေနဲ့တော့

ချွေးကောင်းယွိနှိပ်စက်ခံနေရလည်းပိုင်လုကျယ်ကိုအိမ်မက်ထဲမဝင်စေချင် နောက်ဆုံးအိမ်မက်ကနေထွက်ခွာခါနီးနောက်ဆုံးအချိန်လေးမှာတောင်တစ်ကြိမ်သာ‌တွေ့ဖူးသည်။စကားတောင်သိပ်မပြောရသေးခင်မှာပဲအမြန်ထွက်လာရပြီးစကားပြောချိန်တောင်မရှိတော့

ပိုင်လုကျယ် : "မင်းပြန်သွားတော့ သူမင်းကိုရှာနေလိမ့်မယ်"

သူပြောနေတာစုန့်ချင်းလော်ဆိုတာသိတာကြောင့်လင်ပန့်ရှဖြေးဖြေးချင်းခေါင်းငြိမ့်လိုက်သည်။

လင်ပန့်ရှထွက်သွားတာကိုပိုင်လုကျယ်ကြည့်နေသည်။တံခါးပိတ်လိုက်တာနဲ့အခန်းထဲမှောင်ကျသွားသည်။သူ့မြင်ကွင်းထဲတွင်အမှောင်ထုသာရှိနေ၏။တစ်ချိန်တုန်ကညကိုအရမ်းကြောက်ခဲ့တယ် မိုးရွာမှာကိုကြောက်သလိုမျိုး ညအမှောင်ကသူ့ဘေးကနေချွေးကောင်းယွိကိုခေါ်သွားမှာကြောက်တယ်ဒါပေမဲ့ဒီအချိန်မှာတော့ချွေးကောင်းယွိဘယ်တော့မှပြန်မလာတော့ဘူးဆိုတာသိလိုက်တယ်

စိတ်ကျန်းမာရေးဆေးရုံကအရူးကချွေးကောင်းယွိရဲ့ခန္ဓာခွံကြီးပဲ မိမိရှာနေတဲ့စိတ်ဝိညာဉ်ကတော့အစောကတည်းကတိုင်အဆုံးမရှိတဲ့အမှောင်ထဲကျသွားပြီ

သူ့ဘေးကိုဘယ်တော့မှပြန်မလာနိုင်တော့ဘူး

ပိုင်လုကျယ်ဆီကနေလင်ပန့်ရှထွက်လာပြီးနောက်အပြင်ဘက်တွင်မိုးစရွာနေပြီဖြစ်သည်။အိမ်မက်ထဲကအရာအားလုံးကိုတွေ့ကြုံပြီးနောက်မှာမိုးရေကိုတွေ့လိုက်တဲ့ခဏလေးမှာပဲနှလုံးကတင်းကျပ်သွားသည်။တော်သေးတာက ကိုယ်ပြန်ရောက်လာပြီဆိုတာအမြန်သတိရလိုက်သည်ကြောင့်တိတ်တဆိတ်သက်ပြင်းချလိုက်သည်။လာတုန်းကလမ်းအတိုင်းကိုယ်နားမယ့်အခန်းကိုပြန်ရောက်လာသည်။လီစူးနဲ့လီယဲ့တို့မရှိတော့ပဲစုန့်ချင်းလော်ကသာဆိုဖာပေါ်ထိုင်နေသည်။ခေါင်းမော့အနားယူနေတာဖြစ်မယ် ဒါပေမဲ့သူ့ခြေသံကိုကြားတော့ချက်ချင်းမျက်လုံးပွင့်လာပြီးအသံတိုးတိုးဖြင့်ဆိုသည် : "ပြန်လာပြီလား?"

"ပြန်လာပြီ"ပြုံးပြရင်းလင်ပန့်ရှပြောလိုက်သည်။

စုန့်ချင်းလော်ရဲ့ဘေးလျှောက်သွားပြီးထိုင်လိုက်ကာတစ်ချိန်လုံးလက်ထဲမှာကိုင်ထားတဲ့ကိုလာကိုကမ်းပေးလိုက်သည်။

ကိုလာကိုစုန့်ချင်းလော်တွေ့တော့အမူအရာကပိုနူးညံ့လာသည်။အဖုံးဖွင့်ပြီးတစ်ဝက်လောက်မနားတမ်းသောက်ပြီးမှရေရွတ်လာသည် : "နည်းနည်းအိပ်ချင်တယ်"

လင်ပန့်ရှ : "အိပ်ချင်ရင်အိပ်လေ ငါတော့ခုလေးတင်အကြာကြီးအိပ်ထားတယ်"

"ဟုတ်လား"စုန့်ချင်းလော်ကဆိုတယ် "အိမ်မက်မက်သေးလား?"

လင်ပန့်ရှ : "ဟင့်အင်း"

သူပြောနေတုန်းစုန့်ချင်းလော်ရဲ့ခေါင်းကသူ့ပခုံးပေါ်မှီလာသည်။ခဏအကြာမှာတင်အသက်ရှူသံငြိမ်သွားကာအိပ်ပျော်သွားသည်။

ထိုင်နေရင်းလင်ပန့်ရှမလှုပ်မိ သူ့ရဲ့အကြည့်ကစုန့်ချင်းလော်ရဲ့မျက်နှာကနေလည်ပင်းသို့ရောက်သွားသည်။ဆက်၍အင်္ကျီဖုံးထားသည့်ဗိုက်ပေါ်သို့ရောက်သွားသည်။သူသိတယ် အဲ့ဒီထဲမှာဒဏ်ရာကြီးကြီးမားမားရှိဖူးတယ်ဆိုတာသက်သာနေပြီဖြစ်ပေမဲ့သူ့(ဒဏ်ရာ)ရဲ့ပုံစံကိုတော့သေချာမှတ်မိတယ်

လင်ပန့်ရှရဲ့နှာခေါင်းကအနည်းငယ်ချဉ်လာသည်။စုန့်ချင်းလော်ရဲ့ဆံပင်တွေကိုမျက်နှာနဲ့ပွတ်သပ်လိုက်ကာမိမိမျက်လုံးထဲရှိနားလည်ရခက်သည့်အဓိပ္ပာယ်ကိုဖုံးထားလိုက်သည်။

နှစ်ယောက်လုံးတစ်ညနေလုံးနားပြီးနောက်နေ့ကျမှအိမ်ပြန်ဖို့စသည်။

ပြန်သွားချိန်ကျတော့ပိုင်လုကျယ်လည်းသူတို့ကိုထွက်ပို့ပေးသည်။အရင်အတိုင်းကြီးမားတဲ့အပေါ်ထပ်ကိုဝတ်ထားပြီးပြုံးရယ်ရင်းလင်ပန့်ရှဆီလက်ရမ်းပြနေသည်။

ပိုင်လုကျယ်ရဲ့နာကျင်မှုကိုသိတာကြောင့်လင်ပန့်ရှစာနာတာကြောင့်လက်ပြန်ရမ်းပြလိုက်သည်။အမူအရာကသိပ်မူမမှန်တာကြောင့်သဲလွန်စကိုလီစူးတွေ့သွားသည်။

လီစူးကအထူးအဆန်းဆိုလာတယ် : "အိုင်း? ဘယ်လို? ဒီပိုင်လုကျယ်ကဘယ်အချိန်တုန်းကမင်းကိုအပြစ်ပြုမိသွားတာလဲ?"

လင်ပန့်ရှ : "မဟုတ်ပါဘူး"

"ဒါဆိုမင်းဘာလို့ဒီလိုအမူအရာဖြစ်နေတာလဲ?"

"ငါ့အမူအရာကအရမ်းထူးဆန်းနေလို့လား?"လင်ပန့်ရှဖြေးဖြေးချင်းပြောလိုက်တယ် "ကောင်းကောင်းမအိပ်ရသေးလို့ဖြစ်မယ်"

လီစူးကအော်လို့အသံပြုပြီးအများကြီးမတွေးတော့ ပြန်သွားပြီးကောင်းကောင်းအနားယူဖို့သာထပ်ခါတလဲလဲပြောနေသည်။

"ဒါနဲ့"လင်ပန့်ရှရုတ်တရက်ထမေးလိုက်တယ် "တကယ်လို့ရိသွမ်းကျစ်းဝုတစ်ခုရဲ့တွဲဖက်ဖြစ်လာမယ်ဆိုရင်တခြားရိသွမ်းကျစ်းဝုရဲ့တွဲဖက်ရောဖြစ်နိုင်သေးလား?"

"ဖြစ်နိုင်တယ်"လီစူးကပြောတယ် "ဒီလိုအခြေအနေကတွေ့ရနည်းပေမဲ့ရှိတော့ရှိတယ်ရုတ်တရက်ကြီးဘာလို့ဒါကိုမေးတာလဲ?"

"ဘာမှမဟုတ်ဘူး ဒီတိုင်းမေးကြည့်တာ"

လီစူးတစ်ခုခုပြောဖို့လုပ်လိုက်ပေမဲ့ရပ်လိုက်သည်။

ပြန်သွားမယ့်နေရာမတူတာကြောင့်လီစူးနဲ့လီယဲ့လည်းသူတို့နဲ့အတူမသွားတော့ စုန့်ချင်းလော်ကကားမောင်းပြီးအိမ်ပြန်လမ်းကိုခေါ်သွားသည်။လွယ်အိတ်ထဲကနေရှောင်ဟွားကိုထည့်ထားတဲ့သေတ္တာကိုထုတ်လိုက်ပြီးရင်ခွင်ထဲပိုက်ထားကာတစ်ခုခုကိုစဉ်းစားနေသည်။

စုန့်ချင်းလော်ကရုတ်တရက်မေးလာသည် : "ဘာဖြစ်လို့လဲ?"

လင်ပန့်ရှ : "တကယ်လို့ရိသွမ်းကျစ်းဝုမရှိတော့ရင်........အဲ့ဒီတွဲဖက်ကဘယ်လိုဖြစ်သွားမှာလဲ?"

စုန့်ချင်းလော်ကမသိမသာနှုတ်ခမ်းသပ်လိုက်သည် : "အချိန်တစ်ခုတော့တည်ရှိနေမယ် ပြီးရင်တော့ပျောက်သွားလိမ့်မယ်"

လင်ပန့်ရှ : "........."

စုန့်ချင်းလော် : "ဘာလို့လဲ?"

"ဒါဆိုတကယ်လို့ပျောက်သွားရင်အဲ့ဒီအိမ်မက်ကိုမပိတ်သိမ်းရသေးဘူးဆိုတာဌာနချုပ်ကသိသွားနိုင်လား?"

စုန့်ချင်းလော် : "သိသွားရင်လည်းရတယ် အခုသေတ္တာထဲမှာရိသွမ်းကျစ်းဝုရှိနေတယ်ဆိုတာစစ်ရင်ရတယ်လေ ပျောက်သွားရင်လည်းကိုယ်နဲ့မဆိုင်တော့ဘူး"သူမျက်ခုံးပင့်လိုက်ပြီး "အများဆုံးတော့မေးဖို့အခေါ်ခံရမှာ သူတို့ကိုယ့်ကိုခေါ်ပြီးဘာလုပ်နိုင်မှာလဲ?"

လင်ပန့်ရှ : "တကယ်လို့ချွေးကောင်းယွိပျောက်မသွားခင်မှာပိုင်လုကျယ်ကတစ်ခေါက်တွေ့ပြီးစကားပြောချင်တယ်ဆိုရင်........ဖြစ်နိုင်မလား?"

စုန့်ချင်းလော် : "အိမ်မက်ကိုထောက်ပံ့ပေးတဲ့သူမရှိရင်သေတ္တာထဲကချွေးကောင်းယွိကိုဘယ်သူမှမသိနိုင်ဘူး"

လင်ပန့်ရှ : "........."

စုန့်ချင်းလော် : "မင်းကိုပိုင်လုကျယ်ဘာပြောခဲ့လဲ?"

ဘာမှမပြောဘူးလို့လင်ပန့်ရှပြန်ပြောလိုက်သည်။

စုန့်ချင်းလော်ကသက်ပြင်းတစ်ချက်ချလိုက်သည် : "တချို့ကိစ္စတွေကနည်းလမ်းမရှိဘူး ကြိုးစားရင်တောင် အကောင်းဆုံးရလဒ်ကလည်းကျေနပ်ဖို့မဖြစ်နိုင်ဘူး"အခုအကောင်းဆုံးအဆုံးသတ်ကအိမ်မက်ပျောက်သွားတယ် အိမ်မက်ထဲကိုဝင်သွားတဲ့လူတော်တော်များများအသက်ရှင်နိုင်ပြီတခြားကိစ္စတွေကိုတော့သူတို့ပြောင်းလဲချင်ရင်တောင်မလုပ်နိုင် တွဲဖက်မလို့တွဲဖက်လို့ခေါ်တာ နာမည်ရင်းကတော့ရိသွမ်းကျစ်းဝုပျောက်သွားတဲ့အတိုင်းပျောက်သွားပြီ ချွေးကောင်းယွိကိုသေတ္တာထဲကနေထုတ်ဖို့ဘယ်သူမှမစွန့်စားရဲ ဘယ်လိုရလဒ်ဖြစ်မလဲလည်းဘယ်သူမှမသိ

လင်ပန့်ရှစကားမပြောတော့ စုန့်ချင်းလော်ပြောတာလည်းကျိုးကြောင်းဆီလျော်နေတယ် ကြီးမားတဲ့အဖွဲ့အစည်းရှေ့မှာ သူပြောင်းလဲနိုင်တဲ့ကိစ္စဆိုတာသိပ်ကိုနည်းနေတယ်

နာရီအနည်းငယ်ကြာပြီးနောက်နှစ်ယောက်လုံးအိမ်ထဲရောက်လာကြသည်။

လက်တွေ့မှာတော့နာရီအနည်းငယ်သာရထားပေါ်အိပ်လိုက်ရပေမဲ့အိမ်မက်ထဲမှာတော့ဆယ်ရက်ကျော်ကြာသည်။အိမ်ပြန်ရောက်တော့နှစ်ယောက်လုံးပင်ပန်းနေကြတာကြောင့်ရေချိုးပြီးတာနဲ့အိပ်ရာပေါ်တက်အိပ်လိုက်ကြသည်။တွက်ကြည့်လိုက်တော့တစ်ရက်နဲ့တစ်ညတောင်ကောင်းကောင်းမအိပ်ရသေးတာကြောင့်ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားသည်။

ဒီတစ်ခေါက်တော့လုံးဝအိမ်မက်မမက်ပဲမနက်ကနေညနေအထိအိပ်မိသွားသည်။

အိပ်စုံမှုန်ဝါးဖြစ်နေချိန်မှာ အိပ်ခန်းထဲမှ ဖီးလီဖားလား အသံကြားလိုက်ရသည်။တစ်ယောက်ယောက်ကဆူညံနေတယ် အိပ်ချင်မူးတူးနဲ့ပဲမဆူနဲ့လို့ပြောလိုက်တော့မှအခန်းထဲမှာပြန်တိတ်သွားသည်။

ဒါပေမဲ့ခဏတောင်မကြာလိုက် ကြောက်လန့်တကြားအော်သံကလင်ပန့်ရှကိုနှိုးသည်။မျက်လုံးဖွင့်လိုက်ပြီးအိပ်ရာပေါ်မှအမြန်ထထိုင်လိုက်သည်။အပေါက်ဝနေ ဒုန်းဒုန်းဒုန်းနဲ့ တံခါးခေါက်သံကြားနေရသည်။ပြီးတော့ပြိုလဲမတတ်ဖြစ်နေတဲ့ကျိလဲ့ရွှေရဲ့ငိုသံကိုရော : "လင်ပန့်ရှ——ကယ်ပါဦး——အခန်းထဲမှာသရဲရှိနေတယ်——"

လင်ပန့်ရှအမြန်တံခါးသွားဖွင့်လိုက်တော့တံခါးပေါ်ကပ်နေလျက်ကြောက်လန့်တကြားအော်ဟစ်နေတဲ့ကြက်တစ်ကောင်ကိုတွေ့လိုက်ရသည် : "သာ့လောင်ရော? သာ့လောင်မရှိဘူးလား? ပန့်ရှ,သူ့အိမ်ကရောဘာလို့သရဲခြောက်နေတာလဲ!!"

လင်ပန့်ရှ : "သရဲ? သရဲကဘယ်မှာလဲ?"

ကျိလဲ့ရွှေကကိုယ့်အိမ်ကိုညွှန်ပြပြီးပြိုလဲစွာဆိုသည် : "ငါအလုပ်ကပြန်လာတာမဟုတ်ဘူး အခန်းထဲဝင်ပြီးတော့အိပ်ခန်းထဲကနေအသံကြားလိုက်ရတယ်ဝင်သွားတော့ခြေဖျားထောက်ပြီးအံဆွဲဖွင့်ဖို့လုပ်နေတဲ့ရှောင်ခူးကိုတွေ့လိုက်ရတယ် ငါလည်းသိပ်မစဉ်းစားတော့ပဲ အံဆွဲထဲမှာသူလိုချင်တာရှိနေမယ်ထင်ပြီးဆွဲဖွင့်ပေးလိုက်တာ——ဘယ်သူသိမှာလဲ——"

သူဘာပြောတော့မလဲဆိုတာလင်ပန့်ရှခန့်မှန်းမိပြီ

တကယ်ပဲကျိလဲ့ရွှေကအော်ဟစ်လာသည် : "ဘယ်သူသိမှာလဲ အံဆွဲထဲမှာကလေးမလေးတစ်ယောက်ရှိနေတယ်!!! သူငါ့ကိုရယ်ပြလိုက်သေးတယ်!!!"

လင်ပန့်ရှ : "သူငယ်ချင်း စိတ်အေးအေးထား"

ကျိလဲ့ရွှေ : "စိတ်အေးအေးထားရမယ် ငါဘယ်လိုစိတ်အေးအေးထားရမှာလဲ ဒီလိုကိစ္စမျိုးကိုကြုံရင်ဘယ်သူကစိတ်အေးအေးထားနိုင်မှာလဲ?"

လင်ပန့်ရှရှင်းပြရုံသာ : "သူကသရဲမဟုတ်ဘူးလို့!လူတစ်ယောက်ပါဆို!"

ကျိလဲ့ရွှေ : "........."

လင်ပန့်ရှအသံနည်းနည်းတိုးလိုက်သည် : "ငါ့မိန့်မိန်"

ကျိလဲ့ရွှေ : "..........."

သူမျက်လုံးအပြူးသားနဲ့လင်ပန့်ရှကိုစိုက်ကြည့်နေသည်။သူ့ရဲ့အမူအရာကနေစနောက်မှုကို‌ ‌အရမ်း‌တွေ့ချင်ပေမဲ့ဘယ်လိုပဲကြည့်ကြည့်လင်ပန့်ရှရဲ့အကြည့်ထဲကလေးနက်မှုကိုမြင်နေရသည်။ကျိလဲ့ရွှေပိုမျှော်လင့်ချက်မဲ့သွားကာအသံထဲတွင်ရှိုက်သံပါလာသည် : "လင်ပန့်ရှ အဲ့ဒါကမင်းနဲ့ငါနှစ်တော်တော်ကြာပြောခဲ့ကြတဲ့မိန့်မိန်......."

လင်ပန့်ရှ : "အရမ်းချစ်စရာကောင်းတယ်မလား?"

ကျိလဲ့ရွှေ : ".........."

လင်ပန့်ရှ : "မင်းအတည်ပြုချင်နေတယ်ဟုတ် ဒါပေမဲ့ငါ့မိန့်မိန်ပဲ"

လင်ပန့်ရှရူးသွားတာလား ငါပဲရူးသွားတာလား လင်ပန့်ရှရဲ့သေချာနေတဲ့အမေးကြောင့်လင်ပန့်ရှရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့သူလည်းတခြားစကားပြောမထွက်တော့ပဲရှိုက်ငိုရင်းစာလုံးနှစ်လုံးကိုထုတ်ပြောရုံသာ : "ချစ်စရာကောင်းတယ်(ခယ်အိုက်)"

ချစ်စရာကောင်း‌ ခေါင်းမရှိတော့

တောက်ပစွာဖြင့်လင်ပန့်ရှပြုံးပြလာသည်။

ဟိုဘက်မှာတော့ကျိလဲ့ရွှေထွက်ပြေးသွားချိန်မှာပဲရှောင်ဟွားကိုအံဆွဲထဲကနေထုတ်လိုက်သည်။စင်္ကြံလမ်းကအသံကိုကြားတော့နှစ်ယောက်လုံးခေါင်းဆန့်လိုက်ကြသည်။ရှောင်ဟွားရဲ့အမူအရာကရှက်တက်တက်ဖြစ်နေသည်။သရဲကားထက်ကြောက်ဖို့ကောင်းတဲ့ကျိလဲ့ရွှေရဲ့အော်သံကြောင့်ကြောက်သွားတာလားမသိ လင်ပန့်ရှကိုတွေ့တော့အသံချိုချိုနှင့်ကောကောဟုခေါ်လာသည်။လင်ပန့်ရှအမြန်သွားလိုက်ပြီးသူမကိုရင်ခွင်ထဲပွေ့လိုက်သည် : "လိမ္မာတယ် မကြောက်နဲ့နော် အဲ့ဒီအော်ဟစ်နေတဲ့ကြက်ကကောကောရဲ့သူငယ်ချင်း သတ္တိမရှိပေမဲ့ လူကတော့အရမ်းကောင်းပါတယ်"

ညီမလေးကိုချော့နေတဲ့လင်ပန့်ရှရဲ့ပုံစံကိုကြည့်ရင်းနာကျင်စွာဖြင့်ကျိလဲ့ရွှေတွေးလိုက်သည်။လင်ပန့်ရှ မင်းတကယ်ကိုလူမဟုတ်ဘူးပဲ လန့်လွန်းလို့ဝိညာဉ်ပျောက်သွားတာငါပါဟာ

ရှောင်ဟွားကိုပွေ့ထားတာတွေ့တော့ရှောင်ခူးလည်းလင်ပန့်ရှရဲ့အင်္ကျီစကိုဆွဲကာမိမိကိုလည်းချီရန်လက်ဆန့်ထားသည်။တစ်ဖက်တစ်ယောက်နဲ့အသေးလေးနှစ်ကောင်ကိုအတူချီလိုက်သည်။

ကျိလဲ့ရွှေကတော့ဝေးဝေးကနေကြည့်နေသည်။အံဆွဲထဲကနေထွက်လာပြီးတော့ဒီမိန်းကလေးကအတော်လေးချစ်ဖို့ကောင်းနေတယ် မျက်နှာကလည်းလင်ပန့်ရှနဲ့အရမ်းတူတယ်မျက်နှာပေါ်မှာကလေးအဆီလေးတွေတောင်ရှိနေသေးတယ် မျက်လုံးနှစ်လုံးကလည်းဝိုင်းစက်နေပြီးကျစ်ဆံမြှီးနှစ်ဖက်ကျစ်ထားသေးသည်။ဘယ်လိုကြည့်ကြည့်သာမန်ကလေးတစ်ယောက်သာ——ခုနကအံဆွဲထဲကသူမကိုမမြင်ခဲ့ဘူးဆိုရင်ပေါ့

"ကောကောလို့ခေါ်လိုက်လေ"လင်ပန့်ရှပြောလိုက်တယ် "ကောကောကသတ္တိမရှိတာမလို့နောက်ကျရင်သူ့ကိုခြောက်လို့မရဘူးနော်"

ရှောင်ဟွားကလင်ပန့်ရှရဲ့ရင်ဘတ်ကိုကိုင်ထားရင်းကျိလဲ့ရွှေကိုပျော့ပျောင်းစွာခေါ်လိုက်သည် : "ကောကော သွေ့ပုချီ ရှောင်ဟွားတမင်ခြောက်တာမဟုတ်ပါဘူး"

ဒီလောက်ချစ်စရာကောင်းတဲ့ဟာလေးကကိုယ့်ကိုတောင်းပန်နေတာကြောင့်အခုလေးတင်လန့်ဖြတ်သွားတဲ့ကျိလဲ့ရွှေရဲ့စိတ်ဝိညာဉ်ဟာနှစ်သိမ့်ခံလိုက်ရသည်။ဒါပေမဲ့နည်းနည်းသတိထားနေသေးတာကြောင့်အသံတိုးတိုးနဲ့ ပြောလိုက်တယ် : "လင်ပန့်ရှ မင်းမိန့်မိန်ကတကယ့်လူလား?"

တည်ငြိမ်စွာဖြင့်လင်ပန့်ရှလိမ်ပြောလိုက်သည် : "ဟုတ်တယ်လေ" နောက်တော့ရှောင်ဟွားကိုပေးလိုက်သည် "မင်းလာချီကြည့်လေ"

ကျိလဲ့ရွှေကခဏလောက်တုံ့ဆိုင်းပြီးမှလင်ပန့်ရှရဲ့အားပေးနေတဲ့အကြည့်ကြောင့်စမ်းကြည့်လိုက်သည်။

ရှောင်ဟွားကလည်းစိမ်းမနေပဲ ကောကောလို့ထပ်ခေါ်ရင်းပျော်ပျော်ရွှင်ရွှင်နဲ့ကျိလဲ့ရွှေရင်ခွင်ထဲရောက်သွားသည်။

ကျိလဲ့ရွှေကတစ်ဦးတည်းသောသားဖြစ်သည်။ငယ်ငယ်ကတည်းကညီမလေးတစ်ယောက်လိုချင်ပေမဲ့အတွေးလေးသာဖြစ်သည်။ဘယ်ကလေးကိုမှသူမချီဖူး ထို့ကြောင့်ရှောင်ဟွားရင်ခွင်ထဲဝင်လာတာနဲ့ခြေကားယားလက်ကားယားဖြစ်သွားသည်။တို့ဖူးတစ်တုံးကိုပွေ့ရတဲ့ခံစားချက်ဖြစ်သည်။အားနည်းနည်းတည့်လိုက်တာနဲ့ပျက်စီးတော့မလိုမျိုး

ကြင်နာသည့်အကြည့်နှင့်ကျိလဲ့ရွှေအားသင်ပေးနေသည် : "ဖြေးဖြေးလုပ် ဖြေးဖြေးလေး ဟုတ်တယ် ဒီလိုအနေအထား......."

ကျိလဲ့ရွှေရဲ့ခြေကားယားလက်ကားယားပုံစံကြောင့်လင်ပန့်ရှရင်ခွင်ထဲကရှောင်ခူးလေးကထရယ်သည်။

နှစ်ယောက်သားထပ်ခါထပ်ခါလုပ်နေတုန်းစင်္ကြံလမ်းမှခြေသံဖွဖွကိုကြားလိုက်ရသည်။လင်ပန့်ရှလှည့်ကြည့်လိုက်တော့စုန့်ချင်းလော်ကိုတွေ့လိုက်ရသည်။လက်ထဲမှာလည်းဟင်းစားတစ်အိတ်ကိုကိုင်ထားသည်။ဈေးသွားလာတာထင်တယ် : "ဘာလုပ်နေကြတာလဲ?"

လင်ပန့်ရှ : "မင်းရှောင်ဟွားကိုထုတ်လိုက်တာလား?"

စုန့်ချင်းလော် : "အင်း နိုးလာတော့သူ့ကိုထုတ်ထားလိုက်တာ"

"ကျိလဲ့ရွှေအလုပ်ဆင်းတော့အံဆွဲကိုဆွဲလိုက်တာနဲ့အံဆွဲထဲမှာရှောင်ဟွားကိုတွေ့လိုက်လို့........."

စုန့်ချင်းလော်ကနှစ်စက္ကန့်လောက်တိတ်သွားသည် : "တောင်းပန်ပါတယ် သူဘေးမှာရှိတာကိုကိုယ်မေ့သွားတယ်"လူမရှိဘူးထင်တာကြောင့်ရှောင်ဟွားကိုလေရှူဖို့ထုတ်လိုက်လည်းဘာမှမဖြစ် ဒါပေမဲ့ကြက်ဆူညံအလုပ်ဆင်းမှာကိုတော့မေ့သွားသည်။အဆင်ပြေသေးတာကရှောင်ဟွားကိုသတိထားဖက်နေတဲ့သူ့ပုံစံအရခုနကဖြစ်ခဲ့တာ‌ကိုမေ့သွားပြီထင်တယ်

လင်ပန့်ရှနဲ့စုန့်ချင်းလော်တို့အချင်းချင်းတိတ်တဆိတ်ကြည့်လိုက်ပြီးစကားလွှဲဖို့ဆုံးဖြတ်လိုက်ကြသည် : "ဒီလောက်အများကြီးဝယ်လာတာညကျရင်ဘာစားမလို့လဲ?"

"ကျောက်ပုစွန်စားမယ်လေ"စုန့်ချင်းလော်ကဆိုတယ် "ကိုယ်ကြည့်တာတော့လတ်လတ်ဆတ်ဆတ်ဆိုတော့ကျင်းနည်းနည်းလောက်ဝယ်လာတာ"

"ကောင်းပြီငါကူဆေးပေးမယ်"လင်ပန့်ရှပြောလိုက်တယ်

နောက်ဆုံးတော့ကလေးတွေကိုကျိလဲ့ရွှေကဧည့်ခန်းထဲခေါ်သွားသည်။လင်ပန့်ရှကတော့မီးဖိုချောင်ထဲမှာချက်ဖို့ကူပေးနေသည်။ခေါ်သွားပြီးဝက်ကလေး ရှောင်ဖေ့ချီအတူကြည့်ပေးဖို့ပြောလိုက်သည်။ရှောင်ခူးသဘောကျတဲ့အစီအစဉ်ဖြစ်ပေမဲ့ရှောင်ဟွားကိုမိတ်ဆက်ပေးပြီးတော့ရှောင်ဟွားကချက်ချင်းနစ်ဝင်သွားပြီးမျက်လုံးတစ်စုံကတီ‌ဗီကနေမခွာတော့

ဘေးမှာထိုင်နေတဲ့ကျိလဲ့ရွှေကတော့ကလေးထိန်းရမယ့်ဘဝရောက်နေပြီလားလို့ထင်ယောင်ထင်မှားဖြစ်မိသည်။နှမြောစရာကကလေးနှစ်ယောက်လုံးသူနဲ့မဆိုင် သူကမူကြိုဆရာနဲ့ပိုတူနေတာ

မီးဖိုချောင်ထဲထိုင်နေရင်းစုန့်ချင်းလော်ဝယ်လာတဲ့ကျောက်ပုစွန်ကိုသေချာဆေးကြောနေသည်။ထူးဆန်းတဲ့ကိစ္စအများအပြားကိုကြုံတွေ့ပြီးနောက်အိမ်ချက်အရသာကိုကြိုက်နေပြီဖြစ်သည်။မော့ကြည့်လိုက်တာနဲ့အေပရွန်ဝတ်ထားပြီးလှီးဖြတ်နေတဲ့စုန့်ချင်းလော်ကိုတွေ့ရသည်။သူ့ရဲ့အကြည့်ကိုသတိပြုမိလို့ဖြစ်မယ်  : "ဘာဖြစ်လို့လဲ?"

"ဘာမှမဟုတ်ဘူး ဒီတိုင်း ကြည့်တာ"ရှက်ရွံ့စွာဖြင့်အကြည့်ပြန်သိမ်းလိုက်သည်။

ဒါကြောင့်နှုတ်ခမ်းကွေးတက်သွားပြီးရယ်နေတဲ့စုန့်ချင်းလော်ရဲ့ပုံစံကိုလွတ်သွားသည်။

ကျောက်ပုစွန်ကိုဆေးပြီးနောက်အိုးပေါ်တင်ကာကြော်လိုက်သည်။အထူးလုပ်ထားတဲ့ဟင်းခတ်အမွှေးအကြိုင်ကိုထည့်လိုက်တော့မွှေးပျံ့တဲ့ပုစွန်အနံ့ဟာအရသာရှိစွာထွက်လာသည်။ကောင်းမွန်လှသည့်အမွှေးနံ့ကတစ်ခန်းလုံးပြည့်နှက်သွားကာမထိန်းနိုင်အောင်တံတွေးမြိုချစေသည်။

လင်ပန့်ရှလည်းရေခဲသေတ္တာထဲကနေအရက်ပုလင်းနဲ့ကိုလာကိုထုတ်လိုက်ပြီးသုံးယောက်သားစတင်စားသောက်ကြသည်။

လူတွေစားတဲ့ဟာကိုရှောင်ဟွားစားလို့ရမရလင်ပန့်ရှလည်းမသိတာကြောင့်စမ်းခွံ့ကြည့်လိုက်သည်။ရှောင်ဟွားကသိပ်မကြိုက်တာကြောင့်တီဗီထဲကဖေ့ချီကိုပဲတွေးနေသည်။သူမကိုလင်ပန့်ရှထပ်ဂရုမစိုက်တော့ပဲရှောင်ခူးနဲ့ဆိုဖာပေါ်ထားလိုက်ကာအကောင်လေးနှစ်ကောင်ကိုတီဗီဆက်ကြည့်စေသည်။

အရသာရှိတဲ့ညစာကိုကျိလဲ့ရွှေစားနေရင်းခုနကကိစ္စကိုလုံးဝမေ့သွားပြီဖြစ်တယ် ဒီတိုင်းမွေးရပ်မြေအကြောင်းလင်ပန့်ရှကိုမေးလိုက်သည်။

လင်ပန့်ရှတွေးလိုက်ပြီးပြောသင့်တာကိုသာရွေးပြောလိုက်သည်။အဒေါ်ကနေမကောင်းကြောင်း ဦးလေးနဲ့ညီကအကြောင်းမရှိပဲရူးသွားကြောင်း တစ်မိသားစုလုံးအခြေအနေမကောင်းကြောင်း ကိုယ့်မိဘတွေရဲ့အုတ်ဂူကိုသွားခဲ့ပြီးနှစ်တိုင်းအချိန်တစ်ခုလောက်တော့ပြန်သွားကြည့်ရမည်ဖြစ်ကြောင်းပြောလိုက်သည်။

လင်ပန့်ရှအိမ်ရဲ့သတင်းကိုကျိလဲ့ရွှေလည်းကြားမိတယ် အဲ့ဒီအဒေါ်နဲ့ဦးလေးကခြိမ်းခြောက်ဖို့လင်ပန့်ရှကိုတောင်ဖုန်းခေါ်သေးတာ အဲ့ဒီတုန်းကလင်ပန့်ရှအဆင်မပြေမှာစိုးရိမ်နေသေးတယ်ဒါကြောင့်ဒီကိစ္စတွေကိုမပြောတာ တစ်အိမ်လုံးရဲ့ဖြစ်ရပ်ကိုကြားတော့ဒေါသနဲ့ဆိုလိုက်တယ် : "လူဆိုးတွေကိုဒဏ်ခတ်လိုက်တယ်ကြားရင်ရပြီ ဒီတစ်မိသားစုလုံးကမြို့ပေါ်မှာဆိုရင်စိတ်ဓာတ်မကောင်းဘူးဆိုပြီးနာမည်ရှိနေတာ ဒီလိုဖြစ်သွားလဲသနားစရာမရှိဘူး"

လင်ပန့်ရှဘာမှမပြောတော့ပဲပြုံးရုံသာ ရှောင်ဟွားရှိနေတာကြောင့်ကလေးဘဝမှတ်ဉာဏ်ထဲကနာကျင်မှုတွေဟာအများကြီးပေါ့လျော့သွားသည်။ဒါကြောင့်ကျိလဲ့ရွှေပြောတာကိုနားထောင်နေရတာကတခြားလူအကြောင်းနားထောင်နေရသလိုပါပဲ

"ဒါနဲ့"ကျိလဲ့ရွှေကဆက်ပြောတယ် "မင်းတို့ထွက်သွားတဲ့အချိန်တုန်းကအဖိုးတစ်ယောက်ကသာ့လောင်ကိုအိမ်ရှေ့ထိလာရှာတယ်သူ့နာမည်ကိုငါမေးပေမဲ့သူကမပြောဘူး သူ့ကိုစုန့်ချင်းလော်သိတယ်လို့ပဲပြောသွားတယ်"

လင်ပန့်ရှ : "အိမ်ရှေ့ထိလာရှာတယ်?"

"ဟုတ်တယ် ငါသာ့လောင်ကိုဖုန်းဆက်ဖို့ပြောလိုက်ပေမယ့်သာ့လောင်ကိုဆက်သွယ်ဖို့မရှိဘူးတဲ့.......ငါလည်းထူးဆန်းသွားတယ် သာ့လောင်ဘယ်မှာနေလဲဆိုတာသိပေမဲ့သာ့လောင်ကိုဆက်သွယ်ဖို့မရှိဘူးဆိုတော့?"

ဒီကိစ္စကထူးဆန်းနေတာကြောင့်စုန့်ချင်းလော်ကိုလင်ပန့်ရှတစ်ချက်ကြည့်လိုက်သည်။

စုန့်ချင်းလော်ကခဏလောက်တိတ်နေပြီးဆိုသည် : "အင်း ငါသိပြီ"

လင်ပန့်ရှ : "ဘယ်သူလဲ?"

စုန့်ချင်းလော် : "အရင်ကသိခဲ့တဲ့လူ"ဒီအကြောင်းသူသိပ်မပြောချင်ဘူးထင်တယ် လင်ပန့်ရှလည်းဆက်မမေးတော့

ကိုးနာရီကျော်သွားတဲ့အထိထမင်းစားပြီးမှသုံးယောက်လုံးဗိုက်ပြည့်သွားသည်။ဒီတော့မှလူခွဲလိုက်ပြီးကျိလဲ့ရွှေကတော့အခန်းထဲပြန်သွားသည်။မပြန်ခင်မှာလည်းဗီရိုထဲမှာရှောင်ဟွားထပ်မထွက်လောက်ဘူးမလား?လို့မေးသွားသေးသည်။လင်ပန့်ရှရယ်ရမလိုငိုရမလို ကျိလဲ့ရွှေရဲ့အားနည်းသည့်စိတ်အပေါ်အရိပ်ထပ်မဆောက်ချင်တာကြောင့်ရှောင်ဟွားကိုသာကတိပေးခိုင်းလိုက်သည်။ညဘက်ကျရင်ဘေးအိမ်ကိုမသွားဖို့ သွားရင်တောင်——တံခါးခေါက်ပြီးမှဝင်ဖို့

လင်ပန့်ရှရဲ့အာမခံမှုကြောင့်ကျိလဲ့ရွှေလည်းစိတ်ချလက်ချပြန်သွားသည်။

ရှောင်ဟွားရဲ့မတရားခံနေရပုံအမူအရာကြောင့်လင်ပန့်ရှရှင်းပြလိုက်သည်။ရှောင်ဟွားကိုအားလုံးကြောက်နေတာမဟုတ်ပဲ ဗီရိုထဲကထွက်လာရင်သိပ်မယဉ်ကျေးဘူးလို့ထင်တာကြောင့် အိမ်မှာရှောင်ဟွားသဘောရှိသလိုကစားလို့ရပေမဲ့အပြင်မှာတော့လိမ္မာရမယ်——ကြိုက်သလို‌ဗီရိုထဲပုန်းလို့မရကြောင်းပြောလိုက်သည်။

ရှောင်ဟွားကခေါင်းငြိမ့်လိုက်ပြီးလိမ်လိမ်မာမာနဲ့ဟုတ်ကဲ့ဟုပြောလာသည်။

သူမကိုကြည့်ရင်းလင်ပန့်ရှအရည်ပျော်သွားသည်။အခုရှောင်ဟွားနေသားမကျသေးဘူးဆိုတာသိတယ် ဒါပေမဲ့ကိစ္စမရှိဘူး သူတို့မှာအချိန်အများကြီးရှိသေးတာပဲ ဖြေးဖြေးချင်းသွားလို့ရတယ်

ကျိလဲ့ရွှေပြန်သွားပြီးနောက်အဲ့ဒီလူအိုအကြောင်းစုန့်ချင်းလော်ကပြန်ပြောလာသည်။လင်ပန့်ရှကိုဖုံးကွယ်ထားတာမဟုတ်ပဲကျိလဲ့ရွှေရှိနေတာကြောင့်တချို့ကိစ္စတွေကသိပ်ပြောလို့မကောင်းတာမလို့ဟုပြန်ပြောပြသည်။

အဲ့ဒီအဖိုးနဲ့ရိသွမ်းကျစ်းဝုပတ်သက်မှုရှိနေတယ်လို့လင်ပန့်ရှထင်လိုက်တာကြောင့်စိတ်လှုပ်ရှားလာသည် : "ဖြစ်နိုင်တာက တစ်ခုခုထပ်ဖြစ်တာလား?"

စုန့်ချင်းလော် : "တကယ်တော့.........အရေးကြီးတဲ့ကိစ္စလည်းမဟုတ်ပါဘူး"

သူ့လေသံထဲကတုံ့ဆိုင်းမှုကိုလင်ပန့်ရှတွေ့သွားသည်။နည်းနည်းတော့ထူးဆန်းတယ် စုန့်ချင်းလော်ရဲ့ဒီလောက်အားနည်းနေတဲ့အမူအရာကိုဘယ်တုန်းကမှမတွေ့ဖူးဘူး ထပ်မေးဖို့လုပ်တုန်းမကြားနိုင်လောက်အောင်တိုးဖွနေတဲ့စုန့်ချင်းလော်ရဲ့အသံကိုကြားလိုက်ရသည် "သူကရောင်းတဲ့လူတစ်ယောက်ကိုကိုယ့်ဆီမိတ်ဆက်ပေးတာ အဲ့ဒီရောင်းသူကနောက်ပိုင်းကျတော့ကိုယ့်ဆီကျောက်စိမ်းရောင်းလိုက်တာ ပန်းသီးပုံစံလေ"

နှစ်စက္ကန့်လောက်လင်ပန့်ရှတိတ်ဆိတ်သွားပြီးမှရက်စက်တဲ့ဖြစ်ရပ်မှန်ကိုချေဖျက်လိုက်သည်။ကောလဟာလထဲကပန်းသီးကျောက်စိမ်းက ရိသွမ်းကျစ်းဝုတွေထက်စုန့်ချင်းလော်ကိုဒုက္ခပေးနေတယ် တစ်ခွန်းပြောလိုက်တာနဲ့ပြောလိုက်တဲ့အချိန်မှာအမူအရာကမှောင်မည်းလာသည်...........

လင်ပန့်ရှမျက်လုံးနဲ့ကြည့်နေပေမဲ့နှလုံးသားထဲတွင်နာကျင်သွားသည်။ဒီကမ္ဘာကစုန့်ချင်းလော်အပေါ်ဘယ်လိုတောင်ရက်စက်နိုင်ရတာလဲ သူကသနားစရာကလေးတစ်ယောက်ပါပဲ! ဒါကြောင့်ဒေါသတကြီးအင်္ကျီလက်ကိုလိပ်တင်လိုက်ပြီး : "သွားမယ် ငါတို့သူ့ကိုရှာပြီးရှင်းခိုင်းရမယ်! မင်းကိုတစ်ကြိမ်ကြီးတောင်လိမ်ထားတာကို အိမ်ရှေ့ထိလာရှာသေးတယ် သူ့တစ်မျက်နှာလုံးပန်းပွင့်တဲ့အထိငါရိုက်ပစ်မယ်!"

စုန့်ချင်းလော်ကအားနည်းစွာဖြင့်လင်ပန့်ရှကိုတစ်ချက်ကြည့်လာသည် : "ဆိုတော့ဒီကိစ္စကိုအစောကတည်းကတိုင်မင်းသိပြီးပြီပေါ့?"

ဒီတော့မှလင်ပန့်ရှသတိရလိုက်တယ် စုန့်ချင်းလော်ကိုလီစူးလှောင်နေတုန်းကတစ်ချိန်လုံးစုန့်ချင်းလော်မရှိခဲ့ဘူး

ဒီတစ်ခေါက်တော့အားနည်းမှုကလင်ပန့်ရှဆီရောက်သွားသည် : "ငါပြောတာကိုမင်းနားထောင်ပါ‌ဦး.........."

စာရေးသူမှာပြောစရာရှိပါတယ် :

စုန့်ချင်းလော် : မင်းဘယ်အချိန်တုန်းကသိတာလဲ?

လင်ပန့်ရှ : အဲ့ဒါက လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ဆောင်းရာသီတစ်ခုကနေစပြောရမယ်.......

စုန့်ချင်းလော် : ????

လင်ပန့်ရှ : နောက်တာပါ ငါးလပိုင်း နှစ်ဆယ့်ခုနစ်ရက်နေ့မနက်နှစ်နာရီဆယ့်ခုနစ်မိနစ်တုန်းက

စုန့်ချင်းလော် : ..........ရှင်းရှင်းလင်းလင်းကိုမှတ်မိနေတာပဲနော်

လင်ပန့်ရှအပြစ်ရှိသလိုခံစားရing

_

နောက်ဆုံးတော့ အရှည်ဆုံးဖြစ်တဲ့ arc တစ်ခု ပြီးဆုံးသွားပါပြီ~

ဖတ်တုန်းကဒီ arc မှာလည်နေလို့အဆင်မပြေမှာစိတ်ပူခဲ့ပေမဲ့အခုတော့အဆင်ပြေပြေနဲ့ပဲပြီးသွားပါပြီ

တစ္ဆေဈေးမှာလည်းစုန့်သာ့လောင်တို့ဆက် ro ပါမယ်ရှင်

Zawgyi

အပိုင္း ၇၅ [ အိမ္မက္ ] (ဆုံး)

⟨⟨အိမ္ျပန္ျခင္း⟩⟩

တကယ္ေတာ့ခုနကစကားေျပာေနတုန္းကထူးဆန္းေနတယ္လို႔လင္ပန႔္ရွထင္ခဲ့တယ္ အိမ္မက္ကေနထြက္လာၿပီးေတာ့စုန္႔ခ်င္း‌ေလာ္ကတစ္ေလွ်ာက္လုံးပိုင္လုက်ယ္ကိုမဆက္သြယ္ဘူး တကယ္ေတာ့လည္းသူနဲ႔ေျပာစရာေတာ့မရွိပါဘူး ကိုယ့္ခႏၶာကိုယ္ထဲမွာပိတ္သိမ္းတဲ့ကိစၥကလီစူးကိုရွင္းျပတုန္းကေတာင္ရိသြမ္းက်စ္းဝုရဲ႕မူလကိုယ္မဟုတ္ပဲတြဲဖက္ဆိုတာကိုမေျပာခဲ့ဘူး ဒါေၾကာင့္ျငင္းမယ္ဆိုရင္စုန႔္ခ်င္းေလာ္ကိုယ္ထဲမွာပိတ္သိမ္းလိုက္တာကအိမ္မက္မဟုတ္ပဲေခြၽးေကာင္းယြိဆိုတာပိုင္လုက်ယ္ဘယ္လိုမွမသိႏိုင္ဘူး

ဒါေပမဲ့ခုနကသူနဲ႔ပိုင္လုက်ယ္စကားစေျပာကတည္းက စုန႔္ခ်င္းေလာ္ပိတ္သိမ္းလိုက္တဲ့ရိသြမ္းက်စ္းဝုကို "အရာ" လို႔တစ္ခ်ိန္လုံးေခၚေနတာ အစကေတာ့ထူးဆန္းမႈကိုပဲလင္ပန႔္ရွခံစားရတယ္ စူန႔္ခ်င္းေလာ္ရဲ႕ဗီဒီယိုကိုၾကည့္ဖို႔ေခၚေတာ့မွပိုင္လုက်ယ္ရဲ႕ရည္႐ြယ္ခ်က္ကိုနားလည္တာ

ဆိုေတာ့ဒါေတြအားလုံးကိုဘယ္လိုလုပ္ပိုင္လုက်ယ္ကသိေနရတာလဲ?တျခားဟာေတြကိုဖယ္လိုက္ရင္အေျဖတစ္ခုပဲက်န္တယ္——သူလည္းအိမ္မက္ထဲဝင္ခဲ့တယ္ ေခြၽးေကာင္းယြိကတြဲဖက္ဆိုတဲ့ကိစၥကိုေတာင္သိေနေသးတယ္ လင္ပန႔္ရွရဲ႕ေမးခြန္းကိုနားေထာင္ရင္းလင္ပန႔္ရွရဲ႕စကားကိုေခ်ပရန္မရွိေတာ့

သူ႔ရဲ႕တိတ္ဆိတ္မႈကဒီအေျပာကိုဝန္ခံလိုက္တာပဲ

လင္ပန႔္ရွစိတ္ရႈပ္သြားသည္ : "မင္းတကယ္ဝင္သြားတာလား?"

"ဟုတ္တယ္"ပိုင္လုက်ယ္ကေျဖးေျဖးခ်င္းေျပာလာသည္ "ဒါေပမဲ့ဝင္တာမဝင္တာနဲ႔ဘာမွမဆိုင္ဘူးထင္တယ္ ငါ့အိမ္မက္ထဲမွာေတာ့သူနဲ႔လက္ေတြ႕ကဘာကြာျခားမႈမွမရွိဘူး သူ႔ရဲ႕႐ူးသြပ္ေနတဲ့ပုံစံနဲ႔ဆိုရင္စိတ္က်န္းမာေရးေဆး႐ုံမွာအပိတ္ခံထားရၿပီ ငါကဌာနကေနမထြက္ရေတာ့အပတ္တိုင္းမွာသူ႔ကိုတစ္ေခါက္ပဲေတြ႕ရတယ္"

လင္ပန႔္ရွ : "........."

ပိုင္လုက်ယ္ကကိုယ့္ကိုယ္ေလွာင္လိုက္သည္ : "အိမ္မက္တစ္ခုကေတာင္စစ္မွန္လြန္းေနတယ္"

လင္ပန႔္ရွ : "မင္းဘယ္လိုသိတာလဲ?"လီစူးတို႔လည္းအိမ္မက္ထဲမွာရွိခဲ့ေပမဲ့ထြက္လာၿပီးေတာ့ဘာမွမသိေတာ့တာ‌ေၾကာင့္စုန႔္ခ်င္းေလာ္ရဲ႕အလြယ္တကူအလိမ္ခံလိုက္ရတာ

"သူငါ့ကိုေျပာျပတာ"ပိုင္လုက်ယ္ကေျပာတယ္ "ငါႏိုးမလာခင္တုန္းကငါ့ကုတင္ေဘးမွာရပ္ေနၿပီးေျပာတာ"သူ႔အၾကည့္ကမႈန္မႈိင္းေနၿပီးဘယ္ေနရာမွန္းမသိတဲ့တစ္ေနရာကိုၾကည့္ေနသည္။ေသြးေရာင္မရွိတဲ့မ်က္ႏွာကဒီကမာၻေပၚကေနေပ်ာက္သြားေတာ့မလိုမ်ိဳး "သူေျပာတာက စုန႔္ခ်င္းေလာ္လာကယ္ၿပီတဲ့ ငါ့ကိုစိတ္မပူနဲ႔တဲ့ အဲ့ဒီဟာေပ်ာက္သြားၿပီလို႔လဲေျပာေသးတယ္.........သူလြတ္လပ္သြားၿပီ........"

"ဒါေပမဲ့သူကသိပ္တုံးလြန္းတယ္"ပိုင္လုက်ယ္ကေျပာတယ္ "ခ်င္းေလာ္ကဘယ္လိုလူလဲဆိုတာသူမသိဘူး ငါလည္းမသိေသးဘူးထင္လို႔လား? သူကရိသြမ္းကိုပိတ္သိမ္းတဲ့ကိရိယာတစ္ခုပဲ သူဖမ္းလိုက္တဲ့တြဲဖက္ကေရာဘာေကာင္းတာရွိမွာလဲ"

လင္ပန႔္ရွ : "ငါ့ေဒါသကိုသုံးၿပီးေခြၽးေကာင္းယြိကိုကယ္ခ်င္တာမလား?"

ပိုင္လုက်ယ္ : "မဟုတ္ဘူး ငါသူ႔ကိုေတြ႕ခ်င္႐ုံေလးပါ ငါသူ႔ကိုေစာင့္ေနတာအရမ္းအရမ္းၾကာေနၿပီ ဒီတိုင္းသူနဲ႔ထပ္ေတြ႕ခ်င္႐ုံပါ"

ဘာေျပာသင့္လဲလင္ပန႔္ရွမသိေတာ့ screen ေပၚကစုန႔္ခ်င္းေလာ္ကိုအက်ႌျပန္အုပ္ေပးလိုက္ၿပီးအဲ့ဒီအခန္းထဲကေနထုတ္လိုက္သည္။ဒါေပမဲ့ထုတ္ေနတုန္းမွာလည္းအိပ္မေနပဲမ်က္လုံးတစ္ဝက္ဖြင့္ထားသည္။လွပတဲ့မ်က္စံနက္နက္တစ္စုံဟာလည္းေတာက္ပမႈေပ်ာက္ေနၿပီးေမွာင္မည္းေနသည္။

လင္ပန႔္ရွတစ္ခ်က္ၾကည့္လိုက္တာနဲ႔ႏွလုံးနာလာသည္။ဒီလိုဆိုရင္ေတာင္သူလက္မခံႏိုင္တာ ပိုင္လုက်ယ္နဲ႔ေခြၽးေကာင္းယြိလိုအေျခအေနဆိုရင္ေတာ့ေျပာမေနနဲ႔ေတာ့

ေခြၽးေကာင္းယြိႏွိပ္စက္ခံေနရလည္းပိုင္လုက်ယ္ကိုအိမ္မက္ထဲမဝင္ေစခ်င္ ေနာက္ဆုံးအိမ္မက္ကေနထြက္ခြာခါနီးေနာက္ဆုံးအခ်ိန္ေလးမွာေတာင္တစ္ႀကိမ္သာ‌ေတြ႕ဖူးသည္။စကားေတာင္သိပ္မေျပာရေသးခင္မွာပဲအျမန္ထြက္လာရၿပီးစကားေျပာခ်ိန္ေတာင္မရွိေတာ့

ပိုင္လုက်ယ္ : "မင္းျပန္သြားေတာ့ သူမင္းကိုရွာေနလိမ့္မယ္"

သူေျပာေနတာစုန႔္ခ်င္းေလာ္ဆိုတာသိတာေၾကာင့္လင္ပန႔္ရွေျဖးေျဖးခ်င္းေခါင္းၿငိမ့္လိုက္သည္။

လင္ပန႔္ရွထြက္သြားတာကိုပိုင္လုက်ယ္ၾကည့္ေနသည္။တံခါးပိတ္လိုက္တာနဲ႔အခန္းထဲေမွာင္က်သြားသည္။သူ႔ျမင္ကြင္းထဲတြင္အေမွာင္ထုသာရွိေန၏။တစ္ခ်ိန္တုန္ကညကိုအရမ္းေၾကာက္ခဲ့တယ္ မိုး႐ြာမွာကိုေၾကာက္သလိုမ်ိဳး ညအေမွာင္ကသူ႔ေဘးကေနေခြၽးေကာင္းယြိကိုေခၚသြားမွာေၾကာက္တယ္ဒါေပမဲ့ဒီအခ်ိန္မွာေတာ့ေခြၽးေကာင္းယြိဘယ္ေတာ့မွျပန္မလာေတာ့ဘူးဆိုတာသိလိုက္တယ္

စိတ္က်န္းမာေရးေဆး႐ုံကအ႐ူးကေခြၽးေကာင္းယြိရဲ႕ခႏၶာခြံႀကီးပဲ မိမိရွာေနတဲ့စိတ္ဝိညာဥ္ကေတာ့အေစာကတည္းကတိုင္အဆုံးမရွိတဲ့အေမွာင္ထဲက်သြားၿပီ

သူ႔ေဘးကိုဘယ္ေတာ့မွျပန္မလာႏိုင္ေတာ့ဘူး

ပိုင္လုက်ယ္ဆီကေနလင္ပန႔္ရွထြက္လာၿပီးေနာက္အျပင္ဘက္တြင္မိုးစ႐ြာေနၿပီျဖစ္သည္။အိမ္မက္ထဲကအရာအားလုံးကိုေတြ႕ႀကဳံၿပီးေနာက္မွာမိုးေရကိုေတြ႕လိုက္တဲ့ခဏေလးမွာပဲႏွလုံးကတင္းက်ပ္သြားသည္။ေတာ္ေသးတာက ကိုယ္ျပန္ေရာက္လာၿပီဆိုတာအျမန္သတိရလိုက္သည္ေၾကာင့္တိတ္တဆိတ္သက္ျပင္းခ်လိုက္သည္။လာတုန္းကလမ္းအတိုင္းကိုယ္နားမယ့္အခန္းကိုျပန္ေရာက္လာသည္။လီစူးနဲ႔လီယဲ့တို႔မရွိေတာ့ပဲစုန႔္ခ်င္းေလာ္ကသာဆိုဖာေပၚထိုင္ေနသည္။ေခါင္းေမာ့အနားယူေနတာျဖစ္မယ္ ဒါေပမဲ့သူ႔ေျခသံကိုၾကားေတာ့ခ်က္ခ်င္းမ်က္လုံးပြင့္လာၿပီးအသံတိုးတိုးျဖင့္ဆိုသည္ : "ျပန္လာၿပီလား?"

"ျပန္လာၿပီ"ၿပဳံးျပရင္းလင္ပန႔္ရွေျပာလိုက္သည္။

စုန႔္ခ်င္းေလာ္ရဲ႕ေဘးေလွ်ာက္သြားၿပီးထိုင္လိုက္ကာတစ္ခ်ိန္လုံးလက္ထဲမွာကိုင္ထားတဲ့ကိုလာကိုကမ္းေပးလိုက္သည္။

ကိုလာကိုစုန႔္ခ်င္းေလာ္ေတြ႕ေတာ့အမူအရာကပိုႏူးညံ့လာသည္။အဖုံးဖြင့္ၿပီးတစ္ဝက္ေလာက္မနားတမ္းေသာက္ၿပီးမွေရ႐ြတ္လာသည္ : "နည္းနည္းအိပ္ခ်င္တယ္"

လင္ပန႔္ရွ : "အိပ္ခ်င္ရင္အိပ္ေလ ငါေတာ့ခုေလးတင္အၾကာႀကီးအိပ္ထားတယ္"

"ဟုတ္လား"စုန႔္ခ်င္းေလာ္ကဆိုတယ္ "အိမ္မက္မက္ေသးလား?"

လင္ပန႔္ရွ : "ဟင့္အင္း"

သူေျပာေနတုန္းစုန႔္ခ်င္းေလာ္ရဲ႕ေခါင္းကသူ႔ပခုံးေပၚမွီလာသည္။ခဏအၾကာမွာတင္အသက္ရွဴသံၿငိမ္သြားကာအိပ္ေပ်ာ္သြားသည္။

ထိုင္ေနရင္းလင္ပန႔္ရွမလႈပ္မိ သူ႔ရဲ႕အၾကည့္ကစုန႔္ခ်င္းေလာ္ရဲ႕မ်က္ႏွာကေနလည္ပင္းသို႔ေရာက္သြားသည္။ဆက္၍အက်ႌဖုံးထားသည့္ဗိုက္ေပၚသို႔ေရာက္သြားသည္။သူသိတယ္ အဲ့ဒီထဲမွာဒဏ္ရာႀကီးႀကီးမားမားရွိဖူးတယ္ဆိုတာသက္သာေနၿပီျဖစ္ေပမဲ့သူ႔(ဒဏ္ရာ)ရဲ႕ပုံစံကိုေတာ့ေသခ်ာမွတ္မိတယ္

လင္ပန႔္ရွရဲ႕ႏွာေခါင္းကအနည္းငယ္ခ်ဥ္လာသည္။စုန႔္ခ်င္းေလာ္ရဲ႕ဆံပင္ေတြကိုမ်က္ႏွာနဲ႔ပြတ္သပ္လိုက္ကာမိမိမ်က္လုံးထဲရွိနားလည္ရခက္သည့္အဓိပၸာယ္ကိုဖုံးထားလိုက္သည္။

ႏွစ္ေယာက္လုံးတစ္ညေနလုံးနားၿပီးေနာက္ေန႔က်မွအိမ္ျပန္ဖို႔စသည္။

ျပန္သြားခ်ိန္က်ေတာ့ပိုင္လုက်ယ္လည္းသူတို႔ကိုထြက္ပို႔ေပးသည္။အရင္အတိုင္းႀကီးမားတဲ့အေပၚထပ္ကိုဝတ္ထားၿပီးၿပဳံးရယ္ရင္းလင္ပန႔္ရွဆီလက္ရမ္းျပေနသည္။

ပိုင္လုက်ယ္ရဲ႕နာက်င္မႈကိုသိတာေၾကာင့္လင္ပန႔္ရွစာနာတာေၾကာင့္လက္ျပန္ရမ္းျပလိုက္သည္။အမူအရာကသိပ္မူမမွန္တာေၾကာင့္သဲလြန္စကိုလီစူးေတြ႕သြားသည္။

လီစူးကအထူးအဆန္းဆိုလာတယ္ : "အိုင္း? ဘယ္လို? ဒီပိုင္လုက်ယ္ကဘယ္အခ်ိန္တုန္းကမင္းကိုအျပစ္ျပဳမိသြားတာလဲ?"

လင္ပန႔္ရွ : "မဟုတ္ပါဘူး"

"ဒါဆိုမင္းဘာလို႔ဒီလိုအမူအရာျဖစ္ေနတာလဲ?"

"ငါ့အမူအရာကအရမ္းထူးဆန္းေနလို႔လား?"လင္ပန႔္ရွေျဖးေျဖးခ်င္းေျပာလိုက္တယ္ "ေကာင္းေကာင္းမအိပ္ရေသးလို႔ျဖစ္မယ္"

လီစူးကေအာ္လို႔အသံျပဳၿပီးအမ်ားႀကီးမေတြးေတာ့ ျပန္သြားၿပီးေကာင္းေကာင္းအနားယူဖို႔သာထပ္ခါတလဲလဲေျပာေနသည္။

"ဒါနဲ႔"လင္ပန႔္ရွ႐ုတ္တရက္ထေမးလိုက္တယ္ "တကယ္လို႔ရိသြမ္းက်စ္းဝုတစ္ခုရဲ႕တြဲဖက္ျဖစ္လာမယ္ဆိုရင္တျခားရိသြမ္းက်စ္းဝုရဲ႕တြဲဖက္ေရာျဖစ္ႏိုင္ေသးလား?"

"ျဖစ္ႏိုင္တယ္"လီစူးကေျပာတယ္ "ဒီလိုအေျခအေနကေတြ႕ရနည္းေပမဲ့ရွိေတာ့ရွိတယ္႐ုတ္တရက္ႀကီးဘာလို႔ဒါကိုေမးတာလဲ?"

"ဘာမွမဟုတ္ဘူး ဒီတိုင္းေမးၾကည့္တာ"

လီစူးတစ္ခုခုေျပာဖို႔လုပ္လိုက္ေပမဲ့ရပ္လိုက္သည္။

ျပန္သြားမယ့္ေနရာမတူတာေၾကာင့္လီစူးနဲ႔လီယဲ့လည္းသူတို႔နဲ႔အတူမသြားေတာ့ စုန႔္ခ်င္းေလာ္ကကားေမာင္းၿပီးအိမ္ျပန္လမ္းကိုေခၚသြားသည္။လြယ္အိတ္ထဲကေနေရွာင္ဟြားကိုထည့္ထားတဲ့ေသတၱာကိုထုတ္လိုက္ၿပီးရင္ခြင္ထဲပိုက္ထားကာတစ္ခုခုကိုစဥ္းစားေနသည္။

စုန႔္ခ်င္းေလာ္က႐ုတ္တရက္ေမးလာသည္ : "ဘာျဖစ္လို႔လဲ?"

လင္ပန႔္ရွ : "တကယ္လို႔ရိသြမ္းက်စ္းဝုမရွိေတာ့ရင္........အဲ့ဒီတြဲဖက္ကဘယ္လိုျဖစ္သြားမွာလဲ?"

စုန႔္ခ်င္းေလာ္ကမသိမသာႏႈတ္ခမ္းသပ္လိုက္သည္ : "အခ်ိန္တစ္ခုေတာ့တည္ရွိေနမယ္ ၿပီးရင္ေတာ့ေပ်ာက္သြားလိမ့္မယ္"

လင္ပန႔္ရွ : "........."

စုန႔္ခ်င္းေလာ္ : "ဘာလို႔လဲ?"

"ဒါဆိုတကယ္လို႔ေပ်ာက္သြားရင္အဲ့ဒီအိမ္မက္ကိုမပိတ္သိမ္းရေသးဘူးဆိုတာဌာနခ်ဳပ္ကသိသြားႏိုင္လား?"

စုန႔္ခ်င္းေလာ္ : "သိသြားရင္လည္းရတယ္ အခုေသတၱာထဲမွာရိသြမ္းက်စ္းဝုရွိေနတယ္ဆိုတာစစ္ရင္ရတယ္ေလ ေပ်ာက္သြားရင္လည္းကိုယ္နဲ႔မဆိုင္ေတာ့ဘူး"သူမ်က္ခုံးပင့္လိုက္ၿပီး "အမ်ားဆုံးေတာ့ေမးဖို႔အေခၚခံရမွာ သူတို႔ကိုယ့္ကိုေခၚၿပီးဘာလုပ္ႏိုင္မွာလဲ?"

လင္ပန႔္ရွ : "တကယ္လို႔ေခြၽးေကာင္းယြိေပ်ာက္မသြားခင္မွာပိုင္လုက်ယ္ကတစ္ေခါက္ေတြ႕ၿပီးစကားေျပာခ်င္တယ္ဆိုရင္........ျဖစ္ႏိုင္မလား?"

စုန႔္ခ်င္းေလာ္ : "အိမ္မက္ကိုေထာက္ပံ့ေပးတဲ့သူမရွိရင္ေသတၱာထဲကေခြၽးေကာင္းယြိကိုဘယ္သူမွမသိႏိုင္ဘူး"

လင္ပန႔္ရွ : "........."

စုန႔္ခ်င္းေလာ္ : "မင္းကိုပိုင္လုက်ယ္ဘာေျပာခဲ့လဲ?"

ဘာမွမေျပာဘူးလို႔လင္ပန႔္ရွျပန္ေျပာလိုက္သည္။

စုန႔္ခ်င္းေလာ္ကသက္ျပင္းတစ္ခ်က္ခ်လိုက္သည္ : "တခ်ိဳ႕ကိစၥေတြကနည္းလမ္းမရွိဘူး ႀကိဳးစားရင္ေတာင္ အေကာင္းဆုံးရလဒ္ကလည္းေက်နပ္ဖို႔မျဖစ္ႏိုင္ဘူး"အခုအေကာင္းဆုံးအဆုံးသတ္ကအိမ္မက္ေပ်ာက္သြားတယ္ အိမ္မက္ထဲကိုဝင္သြားတဲ့လူေတာ္ေတာ္မ်ားမ်ားအသက္ရွင္ႏိုင္ၿပီတျခားကိစၥေတြကိုေတာ့သူတို႔ေျပာင္းလဲခ်င္ရင္ေတာင္မလုပ္ႏိုင္ တြဲဖက္မလို႔တြဲဖက္လို႔ေခၚတာ နာမည္ရင္းကေတာ့ရိသြမ္းက်စ္းဝုေပ်ာက္သြားတဲ့အတိုင္းေပ်ာက္သြားၿပီ ေခြၽးေကာင္းယြိကိုေသတၱာထဲကေနထုတ္ဖို႔ဘယ္သူမွမစြန႔္စားရဲ ဘယ္လိုရလဒ္ျဖစ္မလဲလည္းဘယ္သူမွမသိ

လင္ပန႔္ရွစကားမေျပာေတာ့ စုန႔္ခ်င္းေလာ္ေျပာတာလည္းက်ိဳးေၾကာင္းဆီေလ်ာ္ေနတယ္ ႀကီးမားတဲ့အဖြဲ႕အစည္းေရွ႕မွာ သူေျပာင္းလဲႏိုင္တဲ့ကိစၥဆိုတာသိပ္ကိုနည္းေနတယ္

နာရီအနည္းငယ္ၾကာၿပီးေနာက္ႏွစ္ေယာက္လုံးအိမ္ထဲေရာက္လာၾကသည္။

လက္ေတြ႕မွာေတာ့နာရီအနည္းငယ္သာရထားေပၚအိပ္လိုက္ရေပမဲ့အိမ္မက္ထဲမွာေတာ့ဆယ္ရက္ေက်ာ္ၾကာသည္။အိမ္ျပန္ေရာက္ေတာ့ႏွစ္ေယာက္လုံးပင္ပန္းေနၾကတာေၾကာင့္ေရခ်ိဳးၿပီးတာနဲ႔အိပ္ရာေပၚတက္အိပ္လိုက္ၾကသည္။တြက္ၾကည့္လိုက္ေတာ့တစ္ရက္နဲ႔တစ္ညေတာင္ေကာင္းေကာင္းမအိပ္ရေသးတာေၾကာင့္ေခါင္းအုံးေပၚေခါင္းခ်လိုက္တာနဲ႔အိပ္ေပ်ာ္သြားသည္။

ဒီတစ္ေခါက္ေတာ့လုံးဝအိမ္မက္မမက္ပဲမနက္ကေနညေနအထိအိပ္မိသြားသည္။

အိပ္စုံမႈန္ဝါးျဖစ္ေနခ်ိန္မွာ အိပ္ခန္းထဲမွ ဖီးလီဖားလား အသံၾကားလိုက္ရသည္။တစ္ေယာက္ေယာက္ကဆူညံေနတယ္ အိပ္ခ်င္မူးတူးနဲ႔ပဲမဆူနဲ႔လို႔ေျပာလိုက္ေတာ့မွအခန္းထဲမွာျပန္တိတ္သြားသည္။

ဒါေပမဲ့ခဏေတာင္မၾကာလိုက္ ေၾကာက္လန႔္တၾကားေအာ္သံကလင္ပန႔္ရွကိုႏႈိးသည္။မ်က္လုံးဖြင့္လိုက္ၿပီးအိပ္ရာေပၚမွအျမန္ထထိုင္လိုက္သည္။အေပါက္ဝေန ဒုန္းဒုန္းဒုန္းနဲ႔ တံခါးေခါက္သံၾကားေနရသည္။ၿပီးေတာ့ၿပိဳလဲမတတ္ျဖစ္ေနတဲ့က်ိလဲ့ေ႐ႊရဲ႕ငိုသံကိုေရာ : "လင္ပန႔္ရွ——ကယ္ပါဦး——အခန္းထဲမွာသရဲရွိေနတယ္——"

လင္ပန႔္ရွအျမန္တံခါးသြားဖြင့္လိုက္ေတာ့တံခါးေပၚကပ္ေနလ်က္ေၾကာက္လန႔္တၾကားေအာ္ဟစ္ေနတဲ့ၾကက္တစ္ေကာင္ကိုေတြ႕လိုက္ရသည္ : "သာ့ေလာင္ေရာ? သာ့ေလာင္မရွိဘူးလား? ပန႔္ရွ,သူ႔အိမ္ကေရာဘာလို႔သရဲေျခာက္ေနတာလဲ!!"

လင္ပန႔္ရွ : "သရဲ? သရဲကဘယ္မွာလဲ?"

က်ိလဲ့ေ႐ႊကကိုယ့္အိမ္ကိုၫႊန္ျပၿပီးၿပိဳလဲစြာဆိုသည္ : "ငါအလုပ္ကျပန္လာတာမဟုတ္ဘူး အခန္းထဲဝင္ၿပီးေတာ့အိပ္ခန္းထဲကေနအသံၾကားလိုက္ရတယ္ဝင္သြားေတာ့ေျခဖ်ားေထာက္ၿပီးအံဆြဲဖြင့္ဖို႔လုပ္ေနတဲ့ေရွာင္ခူးကိုေတြ႕လိုက္ရတယ္ ငါလည္းသိပ္မစဥ္းစားေတာ့ပဲ အံဆြဲထဲမွာသူလိုခ်င္တာရွိေနမယ္ထင္ၿပီးဆြဲဖြင့္ေပးလိုက္တာ——ဘယ္သူသိမွာလဲ——"

သူဘာေျပာေတာ့မလဲဆိုတာလင္ပန႔္ရွခန႔္မွန္းမိၿပီ

တကယ္ပဲက်ိလဲ့ေ႐ႊကေအာ္ဟစ္လာသည္ : "ဘယ္သူသိမွာလဲ အံဆြဲထဲမွာကေလးမေလးတစ္ေယာက္ရွိေနတယ္!!! သူငါ့ကိုရယ္ျပလိုက္ေသးတယ္!!!"

လင္ပန႔္ရွ : "သူငယ္ခ်င္း စိတ္ေအးေအးထား"

က်ိလဲ့ေ႐ႊ : "စိတ္ေအးေအးထားရမယ္ ငါဘယ္လိုစိတ္ေအးေအးထားရမွာလဲ ဒီလိုကိစၥမ်ိဳးကိုႀကဳံရင္ဘယ္သူကစိတ္ေအးေအးထားႏိုင္မွာလဲ?"

လင္ပန႔္ရွရွင္းျပ႐ုံသာ : "သူကသရဲမဟုတ္ဘူးလို႔!လူတစ္ေယာက္ပါဆို!"

က်ိလဲ့ေ႐ႊ : "........."

လင္ပန႔္ရွအသံနည္းနည္းတိုးလိုက္သည္ : "ငါ့မိန႔္မိန္"

က်ိလဲ့ေ႐ႊ : "..........."

သူမ်က္လုံးအျပဴးသားနဲ႔လင္ပန႔္ရွကိုစိုက္ၾကည့္ေနသည္။သူ႔ရဲ႕အမူအရာကေနစေနာက္မႈကို‌ ‌အရမ္း‌ေတြ႕ခ်င္ေပမဲ့ဘယ္လိုပဲၾကည့္ၾကည့္လင္ပန႔္ရွရဲ႕အၾကည့္ထဲကေလးနက္မႈကိုျမင္ေနရသည္။က်ိလဲ့ေ႐ႊပိုေမွ်ာ္လင့္ခ်က္မဲ့သြားကာအသံထဲတြင္ရႈိက္သံပါလာသည္ : "လင္ပန႔္ရွ အဲ့ဒါကမင္းနဲ႔ငါႏွစ္ေတာ္ေတာ္ၾကာေျပာခဲ့ၾကတဲ့မိန႔္မိန္......."

လင္ပန႔္ရွ : "အရမ္းခ်စ္စရာေကာင္းတယ္မလား?"

က်ိလဲ့ေ႐ႊ : ".........."

လင္ပန႔္ရွ : "မင္းအတည္ျပဳခ်င္ေနတယ္ဟုတ္ ဒါေပမဲ့ငါ့မိန႔္မိန္ပဲ"

လင္ပန႔္ရွ႐ူးသြားတာလား ငါပဲ႐ူးသြားတာလား လင္ပန႔္ရွရဲ႕ေသခ်ာေနတဲ့အေမးေၾကာင့္လင္ပန႔္ရွရဲ႕သူငယ္ခ်င္းေကာင္းျဖစ္တဲ့သူလည္းတျခားစကားေျပာမထြက္ေတာ့ပဲရႈိက္ငိုရင္းစာလုံးႏွစ္လုံးကိုထုတ္ေျပာ႐ုံသာ : "ခ်စ္စရာေကာင္းတယ္(ခယ္အိုက္)"

ခ်စ္စရာေကာင္း‌ ေခါင္းမရွိေတာ့

ေတာက္ပစြာျဖင့္လင္ပန္႔ရွၿပဳံးျပလာသည္။

ဟိုဘက္မွာေတာ့က်ိလဲ့ေ႐ႊထြက္ေျပးသြားခ်ိန္မွာပဲေရွာင္ဟြားကိုအံဆြဲထဲကေနထုတ္လိုက္သည္။စႀကႍလမ္းကအသံကိုၾကားေတာ့ႏွစ္ေယာက္လုံးေခါင္းဆန႔္လိုက္ၾကသည္။ေရွာင္ဟြားရဲ႕အမူအရာကရွက္တက္တက္ျဖစ္ေနသည္။သရဲကားထက္ေၾကာက္ဖို႔ေကာင္းတဲ့က်ိလဲ့ေ႐ႊရဲ႕ေအာ္သံေၾကာင့္ေၾကာက္သြားတာလားမသိ လင္ပန႔္ရွကိုေတြ႕ေတာ့အသံခ်ိဳခ်ိဳႏွင့္ေကာေကာဟုေခၚလာသည္။လင္ပန႔္ရွအျမန္သြားလိုက္ၿပီးသူမကိုရင္ခြင္ထဲေပြ႕လိုက္သည္ : "လိမၼာတယ္ မေၾကာက္နဲ႔ေနာ္ အဲ့ဒီေအာ္ဟစ္ေနတဲ့ၾကက္ကေကာေကာရဲ႕သူငယ္ခ်င္း သတၱိမရွိေပမဲ့ လူကေတာ့အရမ္းေကာင္းပါတယ္"

ညီမေလးကိုေခ်ာ့ေနတဲ့လင္ပန႔္ရွရဲ႕ပုံစံကိုၾကည့္ရင္းနာက်င္စြာျဖင့္က်ိလဲ့ေ႐ႊေတြးလိုက္သည္။လင္ပန႔္ရွ မင္းတကယ္ကိုလူမဟုတ္ဘူးပဲ လန႔္လြန္းလို႔ဝိညာဥ္ေပ်ာက္သြားတာငါပါဟာ

ေရွာင္ဟြားကိုေပြ႕ထားတာေတြ႕ေတာ့ေရွာင္ခူးလည္းလင္ပန႔္ရွရဲ႕အက်ႌစကိုဆြဲကာမိမိကိုလည္းခ်ီရန္လက္ဆန႔္ထားသည္။တစ္ဖက္တစ္ေယာက္နဲ႔အေသးေလးႏွစ္ေကာင္ကိုအတူခ်ီလိုက္သည္။

က်ိလဲ့ေ႐ႊကေတာ့ေဝးေဝးကေနၾကည့္ေနသည္။အံဆြဲထဲကေနထြက္လာၿပီးေတာ့ဒီမိန္းကေလးကအေတာ္ေလးခ်စ္ဖို႔ေကာင္းေနတယ္ မ်က္ႏွာကလည္းလင္ပန႔္ရွနဲ႔အရမ္းတူတယ္မ်က္ႏွာေပၚမွာကေလးအဆီေလးေတြေတာင္ရွိေနေသးတယ္ မ်က္လုံးႏွစ္လုံးကလည္းဝိုင္းစက္ေနၿပီးက်စ္ဆံျမႇီးႏွစ္ဖက္က်စ္ထားေသးသည္။ဘယ္လိုၾကည့္ၾကည့္သာမန္ကေလးတစ္ေယာက္သာ——ခုနကအံဆြဲထဲကသူမကိုမျမင္ခဲ့ဘူးဆိုရင္ေပါ့

"ေကာေကာလို႔ေခၚလိုက္ေလ"လင္ပန႔္ရွေျပာလိုက္တယ္ "ေကာေကာကသတၱိမရွိတာမလို႔ေနာက္က်ရင္သူ႔ကိုေျခာက္လို႔မရဘူးေနာ္"

ေရွာင္ဟြားကလင္ပန႔္ရွရဲ႕ရင္ဘတ္ကိုကိုင္ထားရင္းက်ိလဲ့ေ႐ႊကိုေပ်ာ့ေပ်ာင္းစြာေခၚလိုက္သည္ : "ေကာေကာ ေသြ႕ပုခ်ီ ေရွာင္ဟြားတမင္ေျခာက္တာမဟုတ္ပါဘူး"

ဒီေလာက္ခ်စ္စရာေကာင္းတဲ့ဟာေလးကကိုယ့္ကိုေတာင္းပန္ေနတာေၾကာင့္အခုေလးတင္လန႔္ျဖတ္သြားတဲ့က်ိလဲ့ေ႐ႊရဲ႕စိတ္ဝိညာဥ္ဟာႏွစ္သိမ့္ခံလိုက္ရသည္။ဒါေပမဲ့နည္းနည္းသတိထားေနေသးတာေၾကာင့္အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္ : "လင္ပန႔္ရွ မင္းမိန႔္မိန္ကတကယ့္လူလား?"

တည္ၿငိမ္စြာျဖင့္လင္ပန႔္ရွလိမ္ေျပာလိုက္သည္ : "ဟုတ္တယ္ေလ" ေနာက္ေတာ့ေရွာင္ဟြားကိုေပးလိုက္သည္ "မင္းလာခ်ီၾကည့္ေလ"

က်ိလဲ့ေ႐ႊကခဏေလာက္တုံ႔ဆိုင္းၿပီးမွလင္ပန႔္ရွရဲ႕အားေပးေနတဲ့အၾကည့္ေၾကာင့္စမ္းၾကည့္လိုက္သည္။

ေရွာင္ဟြားကလည္းစိမ္းမေနပဲ ေကာေကာလို႔ထပ္ေခၚရင္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔က်ိလဲ့ေ႐ႊရင္ခြင္ထဲေရာက္သြားသည္။

က်ိလဲ့ေ႐ႊကတစ္ဦးတည္းေသာသားျဖစ္သည္။ငယ္ငယ္ကတည္းကညီမေလးတစ္ေယာက္လိုခ်င္ေပမဲ့အေတြးေလးသာျဖစ္သည္။ဘယ္ကေလးကိုမွသူမခ်ီဖူး ထို႔ေၾကာင့္ေရွာင္ဟြားရင္ခြင္ထဲဝင္လာတာနဲ႔ေျခကားယားလက္ကားယားျဖစ္သြားသည္။တို႔ဖူးတစ္တုံးကိုေပြ႕ရတဲ့ခံစားခ်က္ျဖစ္သည္။အားနည္းနည္းတည့္လိုက္တာနဲ႔ပ်က္စီးေတာ့မလိုမ်ိဳး

ၾကင္နာသည့္အၾကည့္ႏွင့္က်ိလဲ့ေ႐ႊအားသင္ေပးေနသည္ : "ေျဖးေျဖးလုပ္ ေျဖးေျဖးေလး ဟုတ္တယ္ ဒီလိုအေနအထား......."

က်ိလဲ့ေ႐ႊရဲ႕ေျခကားယားလက္ကားယားပုံစံေၾကာင့္လင္ပန႔္ရွရင္ခြင္ထဲကေရွာင္ခူးေလးကထရယ္သည္။

ႏွစ္ေယာက္သားထပ္ခါထပ္ခါလုပ္ေနတုန္းစႀကႍလမ္းမွေျခသံဖြဖြကိုၾကားလိုက္ရသည္။လင္ပန႔္ရွလွည့္ၾကည့္လိုက္ေတာ့စုန႔္ခ်င္းေလာ္ကိုေတြ႕လိုက္ရသည္။လက္ထဲမွာလည္းဟင္းစားတစ္အိတ္ကိုကိုင္ထားသည္။ေဈးသြားလာတာထင္တယ္ : "ဘာလုပ္ေနၾကတာလဲ?"

လင္ပန႔္ရွ : "မင္းေရွာင္ဟြားကိုထုတ္လိုက္တာလား?"

စုန႔္ခ်င္းေလာ္ : "အင္း ႏိုးလာေတာ့သူ႔ကိုထုတ္ထားလိုက္တာ"

"က်ိလဲ့ေ႐ႊအလုပ္ဆင္းေတာ့အံဆြဲကိုဆြဲလိုက္တာနဲ႔အံဆြဲထဲမွာေရွာင္ဟြားကိုေတြ႕လိုက္လို႔........."

စုန႔္ခ်င္းေလာ္ကႏွစ္စကၠန႔္ေလာက္တိတ္သြားသည္ : "ေတာင္းပန္ပါတယ္ သူေဘးမွာရွိတာကိုကိုယ္ေမ့သြားတယ္"လူမရွိဘူးထင္တာေၾကာင့္ေရွာင္ဟြားကိုေလရွဴဖို႔ထုတ္လိုက္လည္းဘာမွမျဖစ္ ဒါေပမဲ့ၾကက္ဆူညံအလုပ္ဆင္းမွာကိုေတာ့ေမ့သြားသည္။အဆင္ေျပေသးတာကေရွာင္ဟြားကိုသတိထားဖက္ေနတဲ့သူ႔ပုံစံအရခုနကျဖစ္ခဲ့တာ‌ကိုေမ့သြားၿပီထင္တယ္

လင္ပန႔္ရွနဲ႔စုန႔္ခ်င္းေလာ္တို႔အခ်င္းခ်င္းတိတ္တဆိတ္ၾကည့္လိုက္ၿပီးစကားလႊဲဖို႔ဆုံးျဖတ္လိုက္ၾကသည္ : "ဒီေလာက္အမ်ားႀကီးဝယ္လာတာညက်ရင္ဘာစားမလို႔လဲ?"

"ေက်ာက္ပုစြန္စားမယ္ေလ"စုန႔္ခ်င္းေလာ္ကဆိုတယ္ "ကိုယ္ၾကည့္တာေတာ့လတ္လတ္ဆတ္ဆတ္ဆိုေတာ့က်င္းနည္းနည္းေလာက္ဝယ္လာတာ"

"ေကာင္းၿပီငါကူေဆးေပးမယ္"လင္ပန႔္ရွေျပာလိုက္တယ္

ေနာက္ဆုံးေတာ့ကေလးေတြကိုက်ိလဲ့ေ႐ႊကဧည့္ခန္းထဲေခၚသြားသည္။လင္ပန႔္ရွကေတာ့မီးဖိုေခ်ာင္ထဲမွာခ်က္ဖို႔ကူေပးေနသည္။ေခၚသြားၿပီးဝက္ကေလး ေရွာင္ေဖ့ခ်ီအတူၾကည့္ေပးဖို႔ေျပာလိုက္သည္။ေရွာင္ခူးသေဘာက်တဲ့အစီအစဥ္ျဖစ္ေပမဲ့ေရွာင္ဟြားကိုမိတ္ဆက္ေပးၿပီးေတာ့ေရွာင္ဟြားကခ်က္ခ်င္းနစ္ဝင္သြားၿပီးမ်က္လုံးတစ္စုံကတီ‌ဗီကေနမခြာေတာ့

ေဘးမွာထိုင္ေနတဲ့က်ိလဲ့ေ႐ႊကေတာ့ကေလးထိန္းရမယ့္ဘဝေရာက္ေနၿပီလားလို႔ထင္ေယာင္ထင္မွားျဖစ္မိသည္။ႏွေျမာစရာကကေလးႏွစ္ေယာက္လုံးသူနဲ႔မဆိုင္ သူကမူႀကိဳဆရာနဲ႔ပိုတူေနတာ

မီးဖိုေခ်ာင္ထဲထိုင္ေနရင္းစုန႔္ခ်င္းေလာ္ဝယ္လာတဲ့ေက်ာက္ပုစြန္ကိုေသခ်ာေဆးေၾကာေနသည္။ထူးဆန္းတဲ့ကိစၥအမ်ားအျပားကိုႀကဳံေတြ႕ၿပီးေနာက္အိမ္ခ်က္အရသာကိုႀကိဳက္ေနၿပီျဖစ္သည္။ေမာ့ၾကည့္လိုက္တာနဲ႔ေအပ႐ြန္ဝတ္ထားၿပီးလွီးျဖတ္ေနတဲ့စုန႔္ခ်င္းေလာ္ကိုေတြ႕ရသည္။သူ႔ရဲ႕အၾကည့္ကိုသတိျပဳမိလို႔ျဖစ္မယ္  : "ဘာျဖစ္လို႔လဲ?"

"ဘာမွမဟုတ္ဘူး ဒီတိုင္း ၾကည့္တာ"ရွက္႐ြံ႕စြာျဖင့္အၾကည့္ျပန္သိမ္းလိုက္သည္။

ဒါေၾကာင့္ႏႈတ္ခမ္းေကြးတက္သြားၿပီးရယ္ေနတဲ့စုန႔္ခ်င္းေလာ္ရဲ႕ပုံစံကိုလြတ္သြားသည္။

ေက်ာက္ပုစြန္ကိုေဆးၿပီးေနာက္အိုးေပၚတင္ကာေၾကာ္လိုက္သည္။အထူးလုပ္ထားတဲ့ဟင္းခတ္အေမႊးအႀကိဳင္ကိုထည့္လိုက္ေတာ့ေမႊးပ်ံ႕တဲ့ပုစြန္အနံ႔ဟာအရသာရွိစြာထြက္လာသည္။ေကာင္းမြန္လွသည့္အေမႊးနံ႔ကတစ္ခန္းလုံးျပည့္ႏွက္သြားကာမထိန္းႏိုင္ေအာင္တံေတြးၿမိဳခ်ေစသည္။

လင္ပန႔္ရွလည္းေရခဲေသတၱာထဲကေနအရက္ပုလင္းနဲ႔ကိုလာကိုထုတ္လိုက္ၿပီးသုံးေယာက္သားစတင္စားေသာက္ၾကသည္။

လူေတြစားတဲ့ဟာကိုေရွာင္ဟြားစားလို႔ရမရလင္ပန႔္ရွလည္းမသိတာေၾကာင့္စမ္းခြံ႕ၾကည့္လိုက္သည္။ေရွာင္ဟြားကသိပ္မႀကိဳက္တာေၾကာင့္တီဗီထဲကေဖ့ခ်ီကိုပဲေတြးေနသည္။သူမကိုလင္ပန႔္ရွထပ္ဂ႐ုမစိုက္ေတာ့ပဲေရွာင္ခူးနဲ႔ဆိုဖာေပၚထားလိုက္ကာအေကာင္ေလးႏွစ္ေကာင္ကိုတီဗီဆက္ၾကည့္ေစသည္။

အရသာရွိတဲ့ညစာကိုက်ိလဲ့ေ႐ႊစားေနရင္းခုနကကိစၥကိုလုံးဝေမ့သြားၿပီျဖစ္တယ္ ဒီတိုင္းေမြးရပ္ေျမအေၾကာင္းလင္ပန႔္ရွကိုေမးလိုက္သည္။

လင္ပန႔္ရွေတြးလိုက္ၿပီးေျပာသင့္တာကိုသာေ႐ြးေျပာလိုက္သည္။အေဒၚကေနမေကာင္းေၾကာင္း ဦးေလးနဲ႔ညီကအေၾကာင္းမရွိပဲ႐ူးသြားေၾကာင္း တစ္မိသားစုလုံးအေျခအေနမေကာင္းေၾကာင္း ကိုယ့္မိဘေတြရဲ႕အုတ္ဂူကိုသြားခဲ့ၿပီးႏွစ္တိုင္းအခ်ိန္တစ္ခုေလာက္ေတာ့ျပန္သြားၾကည့္ရမည္ျဖစ္ေၾကာင္းေျပာလိုက္သည္။

လင္ပန႔္ရွအိမ္ရဲ႕သတင္းကိုက်ိလဲ့ေ႐ႊလည္းၾကားမိတယ္ အဲ့ဒီအေဒၚနဲ႔ဦးေလးကၿခိမ္းေျခာက္ဖို႔လင္ပန႔္ရွကိုေတာင္ဖုန္းေခၚေသးတာ အဲ့ဒီတုန္းကလင္ပန႔္ရွအဆင္မေျပမွာစိုးရိမ္ေနေသးတယ္ဒါေၾကာင့္ဒီကိစၥေတြကိုမေျပာတာ တစ္အိမ္လုံးရဲ႕ျဖစ္ရပ္ကိုၾကားေတာ့ေဒါသနဲ႔ဆိုလိုက္တယ္ : "လူဆိုးေတြကိုဒဏ္ခတ္လိုက္တယ္ၾကားရင္ရၿပီ ဒီတစ္မိသားစုလုံးကၿမိဳ႕ေပၚမွာဆိုရင္စိတ္ဓာတ္မေကာင္းဘူးဆိုၿပီးနာမည္ရွိေနတာ ဒီလိုျဖစ္သြားလဲသနားစရာမရွိဘူး"

လင္ပန႔္ရွဘာမွမေျပာေတာ့ပဲၿပဳံး႐ုံသာ ေရွာင္ဟြားရွိေနတာေၾကာင့္ကေလးဘဝမွတ္ဉာဏ္ထဲကနာက်င္မႈေတြဟာအမ်ားႀကီးေပါ့ေလ်ာ့သြားသည္။ဒါေၾကာင့္က်ိလဲ့ေ႐ႊေျပာတာကိုနားေထာင္ေနရတာကတျခားလူအေၾကာင္းနားေထာင္ေနရသလိုပါပဲ

"ဒါနဲ႔"က်ိလဲ့ေ႐ႊကဆက္ေျပာတယ္ "မင္းတို႔ထြက္သြားတဲ့အခ်ိန္တုန္းကအဖိုးတစ္ေယာက္ကသာ့ေလာင္ကိုအိမ္ေရွ႕ထိလာရွာတယ္သူ႔နာမည္ကိုငါေမးေပမဲ့သူကမေျပာဘူး သူ႔ကိုစုန႔္ခ်င္းေလာ္သိတယ္လို႔ပဲေျပာသြားတယ္"

လင္ပန႔္ရွ : "အိမ္ေရွ႕ထိလာရွာတယ္?"

"ဟုတ္တယ္ ငါသာ့ေလာင္ကိုဖုန္းဆက္ဖို႔ေျပာလိုက္ေပမယ့္သာ့ေလာင္ကိုဆက္သြယ္ဖို႔မရွိဘူးတဲ့.......ငါလည္းထူးဆန္းသြားတယ္ သာ့ေလာင္ဘယ္မွာေနလဲဆိုတာသိေပမဲ့သာ့ေလာင္ကိုဆက္သြယ္ဖို႔မရွိဘူးဆိုေတာ့?"

ဒီကိစၥကထူးဆန္းေနတာေၾကာင့္စုန႔္ခ်င္းေလာ္ကိုလင္ပန႔္ရွတစ္ခ်က္ၾကည့္လိုက္သည္။

စုန႔္ခ်င္းေလာ္ကခဏေလာက္တိတ္ေနၿပီးဆိုသည္ : "အင္း ငါသိၿပီ"

လင္ပန႔္ရွ : "ဘယ္သူလဲ?"

စုန႔္ခ်င္းေလာ္ : "အရင္ကသိခဲ့တဲ့လူ"ဒီအေၾကာင္းသူသိပ္မေျပာခ်င္ဘူးထင္တယ္ လင္ပန႔္ရွလည္းဆက္မေမးေတာ့

ကိုးနာရီေက်ာ္သြားတဲ့အထိထမင္းစားၿပီးမွသုံးေယာက္လုံးဗိုက္ျပည့္သြားသည္။ဒီေတာ့မွလူခြဲလိုက္ၿပီးက်ိလဲ့ေ႐ႊကေတာ့အခန္းထဲျပန္သြားသည္။မျပန္ခင္မွာလည္းဗီ႐ိုထဲမွာေရွာင္ဟြားထပ္မထြက္ေလာက္ဘူးမလား?လို႔ေမးသြားေသးသည္။လင္ပန႔္ရွရယ္ရမလိုငိုရမလို က်ိလဲ့ေ႐ႊရဲ႕အားနည္းသည့္စိတ္အေပၚအရိပ္ထပ္မေဆာက္ခ်င္တာေၾကာင့္ေရွာင္ဟြားကိုသာကတိေပးခိုင္းလိုက္သည္။ညဘက္က်ရင္ေဘးအိမ္ကိုမသြားဖို႔ သြားရင္ေတာင္——တံခါးေခါက္ၿပီးမွဝင္ဖို႔

လင္ပန႔္ရွရဲ႕အာမခံမႈေၾကာင့္က်ိလဲ့ေ႐ႊလည္းစိတ္ခ်လက္ခ်ျပန္သြားသည္။

ေရွာင္ဟြားရဲ႕မတရားခံေနရပုံအမူအရာေၾကာင့္လင္ပန႔္ရွရွင္းျပလိုက္သည္။ေရွာင္ဟြားကိုအားလုံးေၾကာက္ေနတာမဟုတ္ပဲ ဗီ႐ိုထဲကထြက္လာရင္သိပ္မယဥ္ေက်းဘူးလို႔ထင္တာေၾကာင့္ အိမ္မွာေရွာင္ဟြားသေဘာရွိသလိုကစားလို႔ရေပမဲ့အျပင္မွာေတာ့လိမၼာရမယ္——ႀကိဳက္သလို‌ဗီ႐ိုထဲပုန္းလို႔မရေၾကာင္းေျပာလိုက္သည္။

ေရွာင္ဟြားကေခါင္းၿငိမ့္လိုက္ၿပီးလိမ္လိမ္မာမာနဲ႔ဟုတ္ကဲ့ဟုေျပာလာသည္။

သူမကိုၾကည့္ရင္းလင္ပန႔္ရွအရည္ေပ်ာ္သြားသည္။အခုေရွာင္ဟြားေနသားမက်ေသးဘူးဆိုတာသိတယ္ ဒါေပမဲ့ကိစၥမရွိဘူး သူတို႔မွာအခ်ိန္အမ်ားႀကီးရွိေသးတာပဲ ေျဖးေျဖးခ်င္းသြားလို႔ရတယ္

က်ိလဲ့ေ႐ႊျပန္သြားၿပီးေနာက္အဲ့ဒီလူအိုအေၾကာင္းစုန႔္ခ်င္းေလာ္ကျပန္ေျပာလာသည္။လင္ပန႔္ရွကိုဖုံးကြယ္ထားတာမဟုတ္ပဲက်ိလဲ့ေ႐ႊရွိေနတာေၾကာင့္တခ်ိဳ႕ကိစၥေတြကသိပ္ေျပာလို႔မေကာင္းတာမလို႔ဟုျပန္ေျပာျပသည္။

အဲ့ဒီအဖိုးနဲ႔ရိသြမ္းက်စ္းဝုပတ္သက္မႈရွိေနတယ္လို႔လင္ပန႔္ရွထင္လိုက္တာေၾကာင့္စိတ္လႈပ္ရွားလာသည္ : "ျဖစ္ႏိုင္တာက တစ္ခုခုထပ္ျဖစ္တာလား?"

စုန႔္ခ်င္းေလာ္ : "တကယ္ေတာ့.........အေရးႀကီးတဲ့ကိစၥလည္းမဟုတ္ပါဘူး"

သူ႔ေလသံထဲကတုံ႔ဆိုင္းမႈကိုလင္ပန႔္ရွေတြ႕သြားသည္။နည္းနည္းေတာ့ထူးဆန္းတယ္ စုန႔္ခ်င္းေလာ္ရဲ႕ဒီေလာက္အားနည္းေနတဲ့အမူအရာကိုဘယ္တုန္းကမွမေတြ႕ဖူးဘူး ထပ္ေမးဖို႔လုပ္တုန္းမၾကားႏိုင္ေလာက္ေအာင္တိုးဖြေနတဲ့စုန႔္ခ်င္းေလာ္ရဲ႕အသံကိုၾကားလိုက္ရသည္ "သူကေရာင္းတဲ့လူတစ္ေယာက္ကိုကိုယ့္ဆီမိတ္ဆက္ေပးတာ အဲ့ဒီေရာင္းသူကေနာက္ပိုင္းက်ေတာ့ကိုယ့္ဆီေက်ာက္စိမ္းေရာင္းလိုက္တာ ပန္းသီးပုံစံေလ"

ႏွစ္စကၠန႔္ေလာက္လင္ပန႔္ရွတိတ္ဆိတ္သြားၿပီးမွရက္စက္တဲ့ျဖစ္ရပ္မွန္ကိုေခ်ဖ်က္လိုက္သည္။ေကာလဟာလထဲကပန္းသီးေက်ာက္စိမ္းက ရိသြမ္းက်စ္းဝုေတြထက္စုန႔္ခ်င္းေလာ္ကိုဒုကၡေပးေနတယ္ တစ္ခြန္းေျပာလိုက္တာနဲ႔ေျပာလိုက္တဲ့အခ်ိန္မွာအမူအရာကေမွာင္မည္းလာသည္...........

လင္ပန႔္ရွမ်က္လုံးနဲ႔ၾကည့္ေနေပမဲ့ႏွလုံးသားထဲတြင္နာက်င္သြားသည္။ဒီကမာၻကစုန႔္ခ်င္းေလာ္အေပၚဘယ္လိုေတာင္ရက္စက္ႏိုင္ရတာလဲ သူကသနားစရာကေလးတစ္ေယာက္ပါပဲ! ဒါေၾကာင့္ေဒါသတႀကီးအက်ႌလက္ကိုလိပ္တင္လိုက္ၿပီး : "သြားမယ္ ငါတို႔သူ႔ကိုရွာၿပီးရွင္းခိုင္းရမယ္! မင္းကိုတစ္ႀကိမ္ႀကီးေတာင္လိမ္ထားတာကို အိမ္ေရွ႕ထိလာရွာေသးတယ္ သူ႔တစ္မ်က္ႏွာလုံးပန္းပြင့္တဲ့အထိငါ႐ိုက္ပစ္မယ္!"

စုန႔္ခ်င္းေလာ္ကအားနည္းစြာျဖင့္လင္ပန႔္ရွကိုတစ္ခ်က္ၾကည့္လာသည္ : "ဆိုေတာ့ဒီကိစၥကိုအေစာကတည္းကတိုင္မင္းသိၿပီးၿပီေပါ့?"

ဒီေတာ့မွလင္ပန႔္ရွသတိရလိုက္တယ္ စုန႔္ခ်င္းေလာ္ကိုလီစူးေလွာင္ေနတုန္းကတစ္ခ်ိန္လုံးစုန႔္ခ်င္းေလာ္မရွိခဲ့ဘူး

ဒီတစ္ေခါက္ေတာ့အားနည္းမႈကလင္ပန႔္ရွဆီေရာက္သြားသည္ : "ငါေျပာတာကိုမင္းနားေထာင္ပါ‌ဦး.........."

စာေရးသူမွာေျပာစရာရွိပါတယ္ :

စုန႔္ခ်င္းေလာ္ : မင္းဘယ္အခ်ိန္တုန္းကသိတာလဲ?

လင္ပန႔္ရွ : အဲ့ဒါက လြန္ခဲ့တဲ့ဆယ္ႏွစ္တုန္းက ေဆာင္းရာသီတစ္ခုကေနစေျပာရမယ္.......

စုန႔္ခ်င္းေလာ္ : ????

လင္ပန႔္ရွ : ေနာက္တာပါ ငါးလပိုင္း ႏွစ္ဆယ့္ခုနစ္ရက္ေန႔မနက္ႏွစ္နာရီဆယ့္ခုနစ္မိနစ္တုန္းက

စုန႔္ခ်င္းေလာ္ : ..........ရွင္းရွင္းလင္းလင္းကိုမွတ္မိေနတာပဲေနာ္

လင္ပန႔္ရွအျပစ္ရွိသလိုခံစားရing

_

ေနာက္ဆုံးေတာ့ အရွည္ဆုံးျဖစ္တဲ့ arc တစ္ခု ၿပီးဆုံးသြားပါၿပီ~

ဖတ္တုန္းကဒီ arc မွာလည္ေနလို႔အဆင္မေျပမွာစိတ္ပူခဲ့ေပမဲ့အခုေတာ့အဆင္ေျပေျပနဲ႔ပဲၿပီးသြားပါၿပီ

တေစၦေဈးမွာလည္းစုန႔္သာ့ေလာင္တို႔ဆက္ ro ပါမယ္ရွင္

Continue Reading

You'll Also Like

181K 2.7K 33
The MHA universe is in for a real shock when they find out about a universe that has real God's, Monster's and that a Foundation of quirkless people...
154K 4.2K 22
Lucy is left in shambles when she finds out some shocking news about herself. She fears the guild will not accept her fate and searches for help, for...
14.6K 297 18
"𝐲𝐨𝐮 𝐛𝐚𝐜𝐤𝐬𝐭𝐚𝐛𝐛𝐞𝐫!" 𝗌𝖺𝗆 𝗒𝖾𝗅𝗅𝖾𝖽 𝖺𝗌 𝗌𝗁𝖾 𝗅𝗈𝗈𝗄𝖾𝖽 𝖺𝗍 𝖾𝗍𝗁𝖺𝗇 and y/n. "𝐰𝐡𝐲?" Tara asked as she cried. " 𝐰𝐞 𝐚𝐥...
Unexpected By ash

Fanfiction

98.7K 3.6K 52
Echo x female!OC x Fives (I have been searching everywhere for a story like this... I guess if you want something done right...) Mando'a Terms used: ...