Forget-Me-Nots { Completed }

By popophoenix207

314K 16.8K 2.4K

A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်း... More

Author's Note
1. Happy Birthday Your Highness
2. When we first met
3. I'll protect you
4. Friends
5.The bond between us
6. Who I am with you
7. Fairness
8. Just take my hand
9. Why are you too perfect?
10. Christmas with you
11. Hug me tight
12. Growing up ain't easy
13. To the trouble I'm in
14. Wherever you go
15. No Sex, No Drug
16. By your side
17. Your Lips , Your Hands
18. Under the moonlight
19. May I dance with you?
20. At age eighteen
21. First kiss I won't ever forget
22. Official boyfriend
23. King of my heart
24. On new year's day
25. " Jag vill kyssa dig " eyes
26. The way I love you
27. Take me to the stars
28. You're my energy
29. Be my forever
30. Can't imagine my life without you
ဘုဏ်းဇေယျာကျော်
31. A Photograph
32. Our Last Date
33. Chapter closed
34. Life goes on
35. One day
36. Give me a small chance
37. Please don't go away
38. Because I love you
39. The smile on your face
40. Loving can hurt sometimes ( Unicode )
40. Loving can hurt sometimes ( Zawgyi )
41. Dear Prince
ရှင်းသန့်တည်ကြည်
42. Love me again
43. You're my destiny
44. The Love of My Life
46. Love wins
47. Till death do us part
48.Final Part - Forget Me Not
Extra - 1

45. Prince is mine

4.1K 345 60
By popophoenix207

( Uni )

အိမ်ရှေ့မင်းသားအဆောင်တော်ဖြစ်သော ဘုံမြနန်းစံအိမ်တစ်ခုလုံး ခါတိုင်းနှင့် မတူဘဲ တိတ်ဆိတ်ငြိမ်သက်နေသည် ။ ပုံမှန်ဆို မိုးလင်းလျှင် ဧည့်ခန်းမထဲကအစ စင်္ကြံတစ်လျှောက်အဆုံး အမှုထမ်းတို့၏ တက်ကြွနေသည့် ခြေသံတို့နှင့် အသက်ဝင်လျက်ရှိသော်လည်း သည်မနက်တော့ စံအိမ်ထဲရှိ လူအကုန်လုံး တိတ်တဆိတ်သာ လှုပ်ရှားလျက်ရှိကြ၏ ။ အချင်းချင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာစကားမျှလည်း မဆိုနိုင်ကြ ။ ဖွင့်ဟမပြောကြသော်လည်း အိမ်ရှေ့စံနှင့် ပတ်သက်ပြီး ရင်ထဲမှာ ကိုယ်စီ စိုးရိမ်ပူပန်မှုတွေနှင့် ။

ထိုအချိန် စံအိမ်တော်ထဲသို့ ဝင်လာပြီး အရှင်မင်းသား၏ အခန်းတံခါးကို ခေါက်လိုက်သော တစ်စုံတစ်ယောက်ကို မြင်လိုက်ရသည့်အခါ အသံတိတ်နေသော အမှုထမ်းတို့၏ မျက်နှာပေါ်မှာ ရုတ်ချည်းပင် မျှော်လင့်ချက်ရောင်ခြည်တို့ သန်းကုန်ကြသည် ။ သူတို့လိုပဲ မင်းသားလေးဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပေးမည့် လူတစ်ယောက် ရောက်လာပြီဟူသော ယုံကြည်ချက်ဖြင့် ။

" မောင်လေး "

ဘုဏ်းဇေ ပြန်ရောက်လာကတည်းက မိသားစုဝင် တစ်ယောက်နှင့်မျှ တွေ့ခွင့်မရသေး။ ခမည်းတော်က သူ့ကို စိတ်ဆိုးနေပြီး မယ်မယ်တို့ကလည်း ဘွားဘွားကြီးဘေးမှာ စောင့်နေကြရသည်တဲ့ ။ ဘုဏ်းဇေကိုတော့ လာမတွေ့ဖို့ တားမြစ်ထား၏။ သူ့ကိုမြင်ပြီး ဘွားဘွားကြီး တစ်ခုခုထပ်ဖြစ်မှာစိုး၍ထင်သည် ။ အခု မမဒေဝီက သူ့ဆီ ပထမဆုံး လာတွေ့သူ ။

" ဘွားဘွားကြီး အခြေအနေ ဘယ်လိုလဲ မမ "

" သက်သာပြီ မောင်လေး ...မစိုးရိမ်ရတော့ဘူး "

အခုမှပဲ ရင်ဘတ်ထဲက အလုံးကြီး ကျသွားတော့သည်။ ဒီတစ်ခုပဲ သူ စိတ်ပူတာပါ ။

" ဘာတွေ ဖြစ်ကုန်တာလဲ ၊ မမကို သေချာလေး ပြောပါဦး အငယ်လေးရယ် "

မမက သူ့လက်ကိုဆွဲ၍ ကျွန်းဆက်တီခုံရှည်ပေါ်မှာ အတူထိုင်စေသည်။ မမကို အကဲခတ်ရသ၍တော့ စိတ်ပူနေဟန်သာရှိပြီး သူ့အပေါ် မလိုလားခြင်းမျိုး ၊ စိတ်ဆိုးဒေါသထွက်နေခြင်းမျိုးတော့ မရှိပေ ။ သူ့ဆီ အမြန်ပြေးလာခဲ့သဖြင့် ဖြူဥသည့် မျက်နှာလေးက ပန်းနုရောင် သန်းနေပြီး နားသယ်စပ်မှာ ချွေးစလေးများပင် စို့နေ၏ ။

" ကျနော်ဘယ်က စပြောရမလဲ မသိဘူး ...အဟင်း "

သူ ခပ်သဲ့သဲ့ရယ်တော့ မမဒေဝီ၏ မျက်ခုံးလေးနှစ်ဖက်က အပေါ်သို့ ပင့်တက်သွားသည် ။ သည်အခြေအနေကြီးမှာ ပြုံးရယ်နေနိုင်တာကို အံ့ဩနေပုံပင် ။

"  ကျနော် ရှင်းကို ချစ်တာ ပြောမပြတတ်အောင်ပဲ မမရာ ၊ အခုမှ ချစ်တာလဲ မဟုတ်ဘူး ၊ ဟိုးအရင်ကတည်းက ချစ်တာ ၊ ကျနော့်အတွက် အချစ်ဆိုတာ သူ့ဆီကနေစပြီး သူ့ဆီမှာပဲ ပန်းဝင်မဲ့ ခရီးတစ်ခုပဲ "

" မမသိလား ၊ ရှင်းကလေ အမြဲတမ်း သူ့ကိုယ်သူထက် ကျနော့်အတွက်ပဲ အရင်တွေးပေးတဲ့လူမျိုးဗျ ၊ ပါးစပ်ကနေ ချစ်တယ်လို့ တတွတ်တွတ် မပြောတတ်ပေမဲ့ သူ့လုပ်ရပ်တွေက သူ ကျနော့်အပေါ် ဘယ်လောက်ချစ်တယ်ဆိုတာ သက်သေခံနေတာပဲ ၊ အဟွန်း... တွေးကြည့်ရုံနဲ့တောင် ချစ်ဖို့ကောင်းတယ်မို့လား "

" သူသာမရှိရင် ကျနော့်ဘဝက အခွံသက်သက်နဲ့ မထူးဘူး ၊ အဲဒါမို့ ကျနော်တို့အကြောင်းကို ထပ်ပြီး ဖုံးကွယ်မထားချင်တော့ဘူး ၊ သူနဲ့လဲ အဝေးမခံနိုင်ဘူး ၊ သူလဲ ကျနော့်ကို လိုအပ်သလို ကျနော့်အတွက်လဲ သူ ရှိမှဖြစ်မှာ ၊ ဘာတွေပဲ စွန့်လွှတ်ရရ သူ့လက်ကိုတော့ ကျနော်မလွှတ်ဘူး မမ "

သူ့ပုံစံက တအားကို ထက်ထက်သန်သန် ဖြစ်နေလားမသိ ။ မတတ်နိုင် ။ လူဆိုတာ ကိုယ်ချစ်ရတဲ့သူအကြောင်း  ပြောနေရလျှင် ကျန်တာအားလုံးမေ့ပြီး စကားတွေ ဖောင်ဖွဲ့မကုန် ဖြစ်တတ်တာပဲ မဟုတ်လား။

ဘုဏ်းဇေပြောတာ နားထောင်ပြီး မမက " အဲ့လောက်တောင်ပဲလား " တဲ့ ။

" အဲ့ထက်ပိုတာပေါ့ဗျာ  ၊ စကားနဲ့ လုံလောက်အောင် မဖော်ပြနိုင်လို့ ၊  ဖြစ်နိုင်ရင် သူ့ကိုလေ ကျနော့်အနားမှာ အရိပ်လို ပူးချည်ထားချင်တာ ၊ ကျနော့်မျက်ခွံအိတ်လေးထဲ သူတစ်ယောက်တည်းကိုပဲထည့်ပြီး ရုံတင်ကြည့်ချင်တာ ၊ တကယ်ဆို မျိုပါချထားချင်တာဗျ သိလား ၊ ဒါပေမဲ့ ဗိုက်ထဲရောက်သွားရင် ကျနော် သူ့ကို မမြင်ရတော့မှာစိုးလို့ .... ဟားဟားဟား "

ကြာတော့ မမက အမြင်ကတ်လာသလားမသိ ။ အလွန်အကြူးတွေ ချဲ့ကားပြောနေသည်ဟုဆိုကာ ဗိုက်ဆွဲလိမ်သည် ။ သို့သော် သူရယ်တာကြည့်ပြီး မမနှုတ်ခမ်းထက်မှာလည်း အပြုံးတို့ ကွန်းခိုနေ၏။ စောစောကရှိသည့် ပူပင်မှုအချို့ပါ ပျောက်သွားပုံပင် ။

" ဒီလောက် တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်ထားပြီး ရယ်နိုင်သေးတယ်ပေါ့ "

" အဟား ... ကျနော့်စိတ်ထဲမှာ အခု ပေါ့သွားသလိုပဲ မမရဲ့ ၊ အချိန်အကြာကြီး ပုခုံးပေါ် ထမ်းပိုးထားလာရတဲ့ အရာတစ်ခုကို လွှတ်ချလိုက်ရသလိုပဲ ၊ ဒါနဲ့ မမရော ကျနော့်ချစ်သူက ယောက်ျားလေးတစ်ယောက် ဖြစ်နေတဲ့အပေါ် ဘယ်လိုခံစားရလဲ  "

မမက အပြုံးမပျက် အရင်လိုပဲ သူ့နဖူးပေါ်က ဆံပင်လေးများကို ကြင်နာစွာ သပ်တင်ပေးရင်း ၊ သူ့လက်ကိုလည်း သေချာထွေးဆုပ်ထားရင်း

" မမကတော့  မောင်လေး ပျော်ရင် ပြီးတာပါပဲ ၊ လူနှစ်ယောက် ချစ်ပြီး ဘဝနှစ်ခု ပေါင်းစပ်တဲ့ကိစ္စမှာ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေက အရေးမကြီးပါဘူးလေ ၊ အဓိက ကာယကံရှင်နှစ်ယောက် ကျေနပ်ပြီး ပျော်ရွှင်ရတယ်ဆို ပြီးပြီပေါ့ "

" ခမည်းတော်ကတော့ ကျနော့်ကို အများကြီး စိတ်ဆိုးနေပုံပဲ "

"  မိသားစုကို အရင် အသိမပေးလို့ စိတ်ဆိုးပုံ ရပါတယ် ၊ ပြီးတော့ သူ ထင်မထားတဲ့ ကိစ္စဆိုတော့လဲ လောလောဆယ် ဘာမှ ဆုံးဖြတ်နိုင်သေးဦးမယ် မထင်ဘူး ၊ မောင်လေးအနေနဲ့ ခမည်းတော်ကို အချိန်တစ်ခုတော့ ပေးလိုက်ပါ "

" ကျနော် နားလည်ပါတယ် ၊ အိမ်ရှေ့မင်းသား နေရာက ဖယ်လိုက်ရင်လဲ ကျနော် လက်ခံနိုင်ပါတယ် ၊ ကျနော့်ကို ဒီမိသားစုကနေ စွန့်လွှတ်ပစ်လိုက်မှာကိုပဲ ကြောက်တာပါ မမရယ် ၊ ကျနော် ရှင်းကို ချစ်တာနဲ့ပဲ ကျန်တာတွေကို ဂရုမစိုက်တာမျိုးတော့ မဟုတ်ပါဘူး ၊ ကျနော့်အတွက် ချစ်သူရော ၊ မိသားစုရော ၊ အမှုထမ်းတွေ ၊ ပြည်သူတွေ အကုန်လုံးက အရေးကြီးပါတယ် ၊ အဲဒါတော့ မမယုံနော် "

ဘုဏ်းဇေ မပြောလည်း မမက သူ့စိတ်ကို နားလည်သူပါ ။ သည်ကိစ္စကို စိတ်မပူဖို့ပါ နှစ်သိမ့်အားပေးနေသည် ။ အကယ်၍ နန်းတော်ကနေ သူ ထွက်သွားရလျှင်တောင် မမကတော့ သူ့ကို အဆက်အသွယ်လုပ်မည့်သူပင် ။ သည်တစ်ခုတော့ ဖီးလစ်တို့ ၊ အဘေးတော်လေးတို့ထက် ကံတရားက သူ့အား မျက်နှာသာပေးသည်ဟု ပြောရမည်။

" တကယ်လို့ အိမ်ရှေ့စံနေရာမှာ ကျနော် မဟုတ်တော့ရင် ဒီနေရာကို မမပဲ ယူရမယ်နော် ၊ မမက သတ္တမမြောက် ဘုဏ်းမင်းဆက်ထဲမှာ အကြီးဆုံးလေ "

" မမအမြင်မှာတော့ မောင်လေးကသာ အိမ်ရှေ့စံနေရာအတွက် အသင့်တော်ဆုံးပါ ၊ မောင်လေးကြောင့် ဒီနိုင်ငံရော ဒီမိသားစုရော နာမည်ကောင်းရပြီး ဂုဏ်တက်ခဲ့ရတာတွေချည်းပဲ ၊ အခုချိန်ထိလဲ မောင်လေးက ဘယ်သူ့ကိုမှ ထိခိုက်အောင် ၊ ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းအောင် လုပ်ခဲ့တာမျိုး မရှိဘူးလေ "

" ဟုတ်ပါတယ် ၊ မမ အခုလို နားလည်ပေးတာလဲ ကျနော် သိပ်ဝမ်းသာတာပဲ ၊ ဒါပေမဲ့ပေါ့ မမရယ် ၊ ကျနော်သာ ဆက်ခံသူအဖြစ်က ဖယ်ခံရရင် ဒီနေရာက မမနဲ့သာ အထိုက်တန်ဆုံးပဲ ၊ မိန်းကလေးဖြစ်နေလို့ ထီးနန်းဆက်ခံခွင့် မရှိဘူးဆိုတဲ့ Gender Discrimination သဘောသက်ရောက်နေတဲ့ ဒီစည်းမျဥ်းကြီးကို ကျနော်တို့ ဖြိုချပစ်ကြရအောင် မမ "

မမကတော့ ခေါင်းရမ်းပြီး ဘုဏ်း‌ဇေကိုသာ အိမ်ရှေ့စံအဖြစ် ရှိစေလိုကြောင်း တွင်တွင်ပြောသည် ။ သို့ပေမဲ့ ခမည်းတော်နှင့် ပြည်သူတွေ၏ ဆန္ဒက ဘယ်လိုလာဦးမလဲ မသိပါ ။ မမစကားအရဆို ခမည်းတော်အပြင် နန်းတွင်းရေးရာ အတိုင်ပင်ခံအဖွဲ့ရော ၊ အစိုးရအဖွဲ့ပါ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ကြမည်ထင်သည် ။

နောက်ပြီး အဘေးတော်လေးအကြောင်း မမကိုပြောပြတော့ ‌‌ တော်တော်အံ့အားသင့်နေ၏ ။ သူတို့မင်းဆက်မှာ ဒါမျိုးတွေ ဖြစ်ခဲ့သေးတာလားတဲ့။ ဘုဏ်းဇေ ယူလာသည့် အဘေးတော်လေး၏ ဒိုင်ယာရီစာအုပ်နှင့် ဓာတ်ပုံတွေကိုလည်း ဘွားဘွားကြီးလက်ထဲထည့်ပေးဖို့ မမကို အကူအညီတောင်းရသည် ။ သည်အရာတွေက သူ့အတွက်လည်း အကူအညီ ဖြစ်ကောင်းဖြစ်လိမ့်မည် ။

တန်ဖိုးထားရသည့် အမိမြေနှင့်အဝေး ၊ လူ့လောကထဲ စတင်ရောက်လာကတည်းက နေထိုင်ကြီးပြင်းလာရသည့် နန်းတော်ရာနှင့်အဝေး ၊ ချစ်ရသည့်မိသားစုနှင့်အဝေးမှာ အဘေးတော်လေးတစ်ယောက် ခံစားခဲ့ရသလိုမျိုး ဘွားဘွားကြီးအနေနှင့် သူ့ကို ခံစားစေချင်မည် မဟုတ်ဟု မျှော်လင့်ရင်း ...  ။

******

" ထမင်းဘူးကို ဝက်ဝံပုံလေး လုပ်ပေးနော် .... သားသား ဒီနေ့ ဖိနပ်ဖြူရောင် စီးမှာပါဆို ... ရေဘူးကပြာရောင်ထည့် "

ဘော်ဘီ မူကြိုကျောင်းသွားမည့်အရေးနှင့် တစ်အိမ်လုံး ဆူညံနေသဖြင့် ရှင်းသန့် မနက်စာစားပြီး ခြံထဲမှာ သူ ပန်းချီဆွဲဖို့အတွက် သီးသန့်ဆောက်ထားသည့် စတူဒီယိုရှိရာ လျှောက်လာခဲ့သည် ။ အပွင့်‌တွေပြည့်နေသည့် ထားဝယ်မှိုင်းပင်တို့က ခေါင်မိုးပေါ်ကနေ အောက်ကိုတွဲလွဲကျနေသည်မှာ စတူဒီယိုတစ်ခုလုံးကို ဖုံးအုပ်လုနီးနီး ။ တစ်ယောက်တည်း အေးအေးလူလူ နေချင်၍သာ စတူဒီယိုဘက် လာခဲ့ပေမဲ့ လောလောဆယ်တော့ သူ့ဆီမှာ ပန်းချီဆွဲဖို့ဝေးစွ ၊ စိတ်နှင့်ကိုယ်ပင် မကပ်ချင်ပေ ။

လူကသာ သည်မှာရှိနေသော်လည်း သူ့စိတ်ကတော့ နန်းတော်ထဲက တစ်ယောက်သောသူထံမှာ ။

ဘာလုပ်ရမှန်းမသိတိုင်းလည်း  လူမှုကွန်ယက်ပေါ်မှာ သူတို့နှင့်ပတ်သက်ပြီး ပြောနေကြသည်များကို လိုက်ဖတ်ကြည့်နေမိသည် ။ ဘုဏ်းဇေက မကြည့်ဖို့ တားမြစ်ထားပေမဲ့ပေါ့ ။

လူအမျိုးမျိုးဆိုတော့လည်း ထင်မြင်ယူဆချက်တွေကလည်း အမျိုးမျိုးပါ ။  ဘယ်လိုပဲ လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုထားသည့် နိုင်ငံဖြစ်ဖြစ် ဒါမျိုး ဝိဝါဒကွဲပြားမှုတွေကတော့ ကမ္ဘာအနှံ့မှာ ရှိနေဆဲပဲ မဟုတ်လား ။

အများအားဖြင့် ရှင်းသန့်ထက် ဘုဏ်းဇေကိုသာ ဦးတည်ပြီး ပြောကြသည် ။

" ငါတို့မင်းသားလေး ဘာလုပ်လုပ် တင့်တယ်တယ် ၊ မင်းသားလေးတို့ချစ်ခြင်းကိုလဲ အပြည့်အဝ အားပေးနေတယ်နော် "

" မင်းသားလေးက ဘာမှမမှားဘူး ၊ မှားနေတာက လူတစ်ယောက်နဲ့တစ်ယောက်ချစ်တာကို လိင်တူနှစ်ယောက် ဖြစ်တာနဲ့ပဲ တစ်မျိုးမြင်နေကြတဲ့နင်တို့ "

" ငါတော့ မင်းသားလေးတို့နှစ်ယောက်ဘက်က မားမားမတ်မတ် ရပ်တည်တယ် ၊ မင်းသားလေး ချစ်သူနဲ့အတူတူ ပျော်ရွှင်ပါစေ "

" လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုနဲ့ ဘာမှမသက်ဆိုင်ဘူး ၊ သူတို့က ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် လုပ်နေတာလဲ မဟုတ်ဘူး ၊ ဒီခေတ်ကြီးထဲမှာ ဒါမျိုးကို ကန့်ကွက်နေရအောင် ဉာဏ်ရည်နည်းတဲ့ သတ္တဝါတွေကလဲ ရှိသေးတာလား "

" အိမ်ရှေ့စံက သူ့ချစ်သူနဲ့ပုံ တင်တာလေ ၊ လူမှုရေးဖောက်ပြန်နေတာမှ မဟုတ်တာ ၊ ဘာလို့ ထီးနန်းဆက်ခံခွင့် မပေးရမှာလဲ ၊ အဓိပ္ပာယ်မရှိတာတွေ "

" အရင်ကတည်းက မင်းသားလေးနဲ့ ရှင်းသန့်တို့ကြားမှာ ထူးခြားတဲ့ သံယောဇဉ်တွေ ၊ ဆက်ဆံရေးတွေ ရှိတယ်ဆိုတာ ရိပ်မိတယ် ၊ သူတို့နှစ်ယောက်ကို အတူ မြင်လိုက်ရတိုင်း ပျော်နေကြတာချည်းပဲ ၊ တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူတွေ ၊ ကိုယ်တော့ အားကျတယ် "

" အိမ်ရှေ့မင်းသားလဲ လူပဲလေ ၊ သူကြိုက်ချင်တဲ့သူနဲ့ ကြိုက်မှာပေါ့ ၊ ယောက်ျားလေးချင်း စိတ်ဝင်စားတော့ရော ဘာဖြစ်လဲ ၊ နှစ်ဆယ့်တစ်ရာစုရောက်နေပြီ ၊ အခုထိ ဒါနဲ့ပတ်သက်ပြီး အငြင်းပွားနေရတုန်းလား ၊ တကယ်ပျင်းဖို့ ကောင်းလိုက်တာ "

သည်လိုမျိုး သူတို့ကို လက်ခံအားပေးသည့် စကားတွေ တော်တာ်များများ တွေ့ရသည့်အတွက် ကျေနပ်ရသလို

" အိမ်ရှေ့စံကို ဒီအရွယ်ထိ ဘယ်မိန်းကလေးနဲ့မှ တွဲတာ မတွေ့ဖူးပါဘူးလို့ အောက်မေ့နေတာ ၊ တကယ်တမ်းကျ သူက အပုန်းတစ်ယောက် ဖြစ်နေတာကိုး LOL "

" Wtf! သူသာ နန်းတက်ရင် ငါတို့က အခြောက်ဘုရင်အုပ်ချုပ်တာ ခံရမှာပေါ့နော် "

" Gay တွေကို နှိမ်တာတော့ မဟုတ်ပါဘူး ၊  ဒါပေမဲ့ နိုင်ငံ့ထီးနန်းကို ဆက်ခံမဲ့သူက Gay ဖြစ်နေတာကတော့ တစ်မျိုးကြီးလားလို့ "

" အိမ်ရှေ့မင်းသားကစပြီး ဘာသာရေးနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ လုပ်နေမှတော့ ဒီနိုင်ငံ ပျက်ရုံပဲ ရှိတော့မယ် ၊ ငရဲကျမှာ တကယ်မကြောက်ကြဘူး "

" လိင်တူလက်ထပ်ခွင့်ဥပဒေ ပြဌာန်းတာကိုက အဓိပ္ပာယ်မရှိတာ ၊ အဲဒီလွှတ်တော်အမတ်ကလဲ သူ့ညီအကြောင်းသိလို့ ဒီဥပဒေ အတည်ပြုအောင် မရမက အားထုတ်ခဲ့တာကိုး "

" မင်းသားဘုဏ်းဇေယျာကျော်က ယောက်ျားချင်း ကြိုက်ပြီး လက်ထပ်မယ်ပေါ့ ၊ ဒါဆို သူ့မျိုးဆက်ကို ဘယ်လိုမွေးမှာလဲ ၊ ဘုဏ်းမင်းဆက်တော့ သူ့လက်ထက်မှာ အဆုံးသတ်တော့မယ်ထင်တယ် "

" အခုခေတ်မှာ ‌လိင်တူချင်းကြိုက်ပြီး လက်ထပ်ကြတာ ၊ အငှားကိုယ်ဝန်ဆောင်နဲ့ ကလေးမွေးကြတာတွေက ဆန်းတော့မဆန်းပါဘူး ၊ ဒါပေမဲ့ အိမ်ရှေ့မင်းသားရဲ့ မျိုးဆက်ကို ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်ရဲ့မျိုးဥနဲ့ ပေါင်းစပ်ပြီး မွေးမှာလား ၊ ဒါကြီးက ဟုတ်တော့ မဟုတ်သေးဘူးနော် "

" ယောက်ျားချင်းယူပြီးရင်တော့ ရာဇပလ္လင်ပေါ် မတက်နဲ့နော် ၊ သူ့အစား တစ်ယောက်ယောက်ကို သရဖူ လွှဲပေးလိုက် "

လှောင်ပြောင်ရှုံ့ချသည့် မှတ်ချက်တွေကြောင့်လည်း စိတ်မကောင်းဖြစ်ရသည် ။ ချစ်ရသူကို ထိခိုက်ပြောဆိုနေကြသည့် စကားလုံးတွေက ရှင်းသန့်အတွက်တော့ သွေးထွက်စေသည့် လက်နက်များနှင့်မခြားပါ ။ သူ့ကြယ်ကလေးဟာ သည်လိုမျိုး ရင့်ရင့်သီးသီး အပြောအဆို ခံရဖို့ မထိုက်တန်ဘူး မဟုတ်လား ။

ဘုဏ်းဇေကို လက်ဆွဲပြီးသာ ဒီလူတွေနှင့်ဝေးရာကို ထွက်ပြေးလိုက်ချင်ရဲ့လေ ။

" ရှင်း .... မင်း အဆင်ပြေရဲ့လား "

စောင့်မျှော်နေချိန် ရောက်လာသော အ‌ဆက်အသွယ်လေး။ ဖုန်းထဲက‌တစ်ဆင့် စီးဝင်လာသည့် ချစ်ရသူ၏  အသံကြည်မြမြ ။ နောက်ပြီး အကျဉ်းအကျပ်ထဲ ရောက်နေတာတောင် သူ့ကိုပြန်ပြီး စိတ်ပူနေပုံတွေ ။ နဂိုကတည်းက ငိုချင်ရဲ့ လက်တို့ဖြစ်နေသူအဖို့ မျက်ရည်ကျရသည် ။ သူက ဘာအဆင်မပြေစရာ ရှိလို့လဲ ။ သူ့ဖြစ်တည်မှုကို အပြည့်အဝ လက်ခံနားလည်ပေးသော မိသားစုနှင့် အတူရှိနေရသည် မဟုတ်လား ။

" အဲဒီမေးခွန်းက ငါက မေးရမှာပါ "

" မောင့်ကို စိတ်ပူနေတာလား  ၊ မပူနဲ့နော် ၊ မင်းကို လွမ်းတာကလွဲရင် မောင်က ကျန်တာ အဆင်ပြေတယ် "

သူလည်း အရှင်မင်းသားကို သေမတတ်လွမ်းရသည် ။ ခွဲရတာ နှစ်ဆယ့်လေးနာရီပင် မပြည့်သေးပေမဲ့ပေါ့ ။ ဖြစ်နိုင်လျှင် လန်ဒန်မှာ အတူနေခဲ့ရသည့် တစ်ပတ်တာကို ပြန်သွားချင်၏ ။

" အခြေအနေ ဘယ်လိုရှိလဲ "

" ခမည်းတော်နဲ့ စကားပြောခွင့် မရသေးလို့ မသိသေးဘူး ၊ ဘွားဘွားကြီးကတော့ သက်သာနေပါပြီ "

" စိတ်ပင်ပန်းနေလား မင်းသားလေး "

" မပင်ပန်းဘူး ၊ မောင် တကယ် မပင်ပန်းတာမို့ မင်းက ဘာမှလျှောက်မတွေးရဘူးနော် ရှင်း ၊ မောင့်ကို ထားသွားဖို့ လုံးဝ လုံးဝ မတွေးရဘူးနော် "

ပြန်ဖြေပုံက ပျာပျာသလဲ။ သည်အချိန်မှာတောင် တခြားအရာတွေထက် သူထားသွားမှာကိုပဲ ကြောင့်ကြနေသူကို ကရုဏာသက်ရသလို အချစ်တွေလည်း ပိုတိုးရပြန်သည် ။ သူက ထားခဲ့စရာလား ။ ဖက်ထားပေးချင်လွန်း၍သာ အခက်တွေ့နေရတာ ။

" ထားမသွားပါဘူး ၊ ငါ မင်းကို ခိုးပဲ ပြေးချင်တာ "

" ဘာ ...အဟားဟား ... ရှင်းကကွာ "

ဘုဏ်းဇေရယ်သံက ညှိုးနွမ်းနေသည့် ရှင်းသန့်စိတ်ကို ရေစင်နှင့်ဖျန်းလိုက်သလိုပင်။ လန်းဆန်းရသည် ။ အပန်းပြေရသည် ။ ရှိရှိသမျှအပူအားလုံး ငြိမ်းအေးသွားရ၏ ။

" ငါ တကယ်ပြောနေတာ ၊ ဟိုတံခါးလေးကနေ မင်းထွက်လာခဲ့လေ "

" မောင်က မင်းနောက်ကို ခိုးရာလိုက်ရမယ်ပေါ့ ဟုတ်လား ၊ ပြီးတော့ရော ဘယ်မှာသွားနေကြမလဲ "

" ဘယ်မှာဖြစ်ဖြစ်လေ ၊ ငါတို့ကို ဘယ်သူမှ မသိတဲ့ တစ်နေရာရာသွားပြီး ဇာတ်မြှုပ်နေကြမယ် "

" ဟုတ်ပြီ ... ပြီးရင် မောင်တို့ ဘာလုပ်စားကြမလဲ "

" ငါ ပန်းချီဆွဲတတ်နေတာပဲ ၊ စားရေးသောက်ရေး ပူစရာမလိုပါဘူး ၊ ငါ မင်းကို တာဝန်ယူတယ် "

" ဒါဆို မင်းက ပန်းချီဆွဲပြီး ငွေရှာ ၊ မောင်က အိမ်မှုကိစ္စတွေလုပ်ပြီး ယောက်ျားပုဆိုးနားခိုစားပေါ့ ၊ မဆိုးဘူးနော် ၊ ဒီအကြံလဲကောင်းသားပဲ ...အဟားဟား "

" ငါက အတည်ပြောနေတာကို မင်းက ရယ်စရာထင်နေလား "

" မဟုတ်တာကွာ .... မင်း တအားချစ်ဖို့ကောင်းလို့ မောင် အူယားနေတာ ၊ အနားသာရှိရင် မင်းကို ကိုက်စားမိမှာဗျ "

အနားမှာ မရှိပေမဲ့ အနားမှာ ရှိသလို ခံစားရသည် ။ လူချင်းဝေးနေလည်း နှလုံးသားချင်း တွယ်ဆက်ထားမြဲ မဟုတ်လား ။

ဘုဏ်းဇေနှင့် တော်တော်ကြာအောင် စကားပြောပြီးသည့်အခါ ရှင်းသန့်တစ်ကိုယ်လုံး အားအင်တွေ ပြည့်သွားသလိုပင် ။ တစ်ခါက သူပြောဖူးသလိုပဲ ။ သူ့မင်းသားလေးက တကယ်စွမ်းတာ ။

ထို့ပြင် တက္ကသိုလ်တုန်းက စာနုယဉ်အသင်းမှာ ခင်မင်လာရသည့် ပြည့်စုံလျှံနှင့် ဝေမှူးပိုင်တို့လို လူသိများသည့်စုံတွဲကလည်း

" ဒီနေ့ဒီအချိန်မှာတောင် ကျနော်တို့လို လိင်တူချစ်ကြိုက်သူတွေကို သဘာဝနဲ့ ဆန့်ကျင်သူတွေလို့ မြင်နေကြတုန်းပဲလား "

" ယောက်ျားလေးချင်း ချစ်မိလို့ ငရဲကျခံရမယ်ဆိုလဲ ကိုယ်တိုင် ပျော်ပျော်ကြီး ငရဲကို ဆင်းသွားလိုက်မယ် "

သည်လိုမျိုး လူမှုကွန်ယက်ကတစ်ဆင့် သူတို့နှင့်အတူ  တောက်လျှောက်ရပ်တည်ပေးကြသလို private message ကနေလည်း
" ကိုရှင်းသန့် စိတ်မညစ်နဲ့ ၊ ကျနော်တို့ အတူတူရှိတယ်နော် " ဆိုပြီး ခွန်အားတွေပေးကြသည်။

သည်တော့လည်း ချစ်ခင်ရသူတွေဆီကရသည့် ဝန်းရံအားပေးမှုတွေကလွဲပြီး အင်တာနက်ပေါ်က အငြင်းပွားမှုတွေကို လိုက်ခံစားမနေတော့ဖို့ ဆုံးဖြတ်လိုက်ဖို့ကလွဲပြီး တခြားမရှိ ။

အခု ရှင်းသန့်ခေါင်းထဲမှာ ရှိတာက နောက်နှစ်ရက်ဆို ဇွန်လရောက်တော့မည့်အကြောင်း ။ တစ်နည်းအားဖြင့် LGBTQ+ community အတွက် Pride Month ။

*****

ငြိမ်းအေးသာစံမြို့နယ်ရှိ သည်ကနေ့ အသစ်ဖွင့်လှစ်မည့် အစိုးရပြည်သူ့ဆေးရုံ အဆောက်အဦးရှေ့‌တွင် မီဒီယာသမားများ အလုအယက် တိုးဝှေ့နေကြသည် ။ မီဒီယာတွေနှင့်အတူ ပြည်သူတွေလည်း ဆေးရုံဖွင့်ပွဲထက် သည်ပွဲကို တက်ရောက်လာမည့် တော်ဝင်မိသားစုက မင်းသားဘုဏ်းဉာဏကျော်နှင့် မင်းသားဘုဏ်းလက်ျာကျော်တို့ကိုသာ ပိုပြီးစိတ်ဝင်စားလျက်ရှိကြ၏။

လက်ရှိ မင်းသားဘုဏ်းဇေယျာကျော်ကိုသာ အိမ်ရှေ့စံနေရာမှ ဖယ်ရှားလိုက်လျှင် အခုပွဲတက်လာသည့် တော်ဝင်မင်းသားနှစ်ယောက်ထဲက ဘယ်တစ်ယောက်က ဆက်ခံသူနေရာ ရမလဲဆိုပြီး ထင်ကြေးတွေလည်းပေးနေကြသည် ။

မနေ့တစ်နေ့ကအထိ ကိုယ့်စိတ်ကြိုက် ထင်သလိုနေလာခဲ့သော လက်ျာနှင့် ဉာဏတို့မှာလည်း ဗြုန်းစားကြီး  တစ်နိုင်ငံလုံး၏ အာရုံစိုက်မှုကို ခံလိုက်ကြရသဖြင့် မနေတတ်မထိုင်တတ် ။ အရင်ကလည်း သည်လိုပွဲမျိုးတွေဟာ ဘုဏ်းဇေပဲ တက်ခဲ့တာ မဟုတ်လား ။

" ဘုဏ်းငယ်ကြောင့် ငါတော့ ကိုယ့်အထုပ်ကိုယ် ဖြည်ပြရတော့မယ်ထင်တယ် ၊ တော်တော်မွှေတဲ့ကောင် "

လက်ျာ တိုးတိုးကပ်ပြောသည့်စကားကြောင့် ဉာဏ ရယ်ချင်ပေမဲ့ လူတွေရှေ့မို့ မျက်နှာပိုးကို ပြန်သတ်ထားရသည် ။

ထို့နောက် မြို့တော်ဝန် ၊ ဆေးရုံအုပ်တို့နှင့်အတူ ဖဲကြိုးဖြတ်ကာ ဆေးရုံအသစ်ဖွင့်ပွဲ ကျင်းပကြပြီး ဆေးရုံအတွင်း လှည့်ပတ်ကြည့်ရှုကြသည် ။ တကယ်ဆို သည်ဆေးရုံဆောက်လုပ်ဖို့ ရံပုံငွေ မတည်သူက သူတို့ညီ ဘုဏ်းဇေယျာကျော်ပင် ။

လက်ျာနှင့်ဉာဏ ပြန်မည့်အချိန်ကျ အင်တာဗျုးဖို့အသင့်စောင့်နေကြသည့် သတင်းသမားများက သူတို့ကို ဝိုင်းဝန်းတားဆီးထားကြသည် ။ အဓိက မေးခွန်းကတော့

" ဆက်ခံသူနေရာသာ ရမယ်ဆိုရင် ဘာလုပ်မလဲ " တဲ့။

လက်ျာက ဉာဏကို မေးငေါ့ပြကာ အရင်ဖြေစေ၏။

" ကျနော်ကတော့ စိတ်မဝင်စားပါဘူးခင်ဗျာ  ၊ ကျနော် ဘုရင်လဲ မဖြစ်ချင်ပါဘူး ၊ တော်ဝင်မင်းသားတစ်ပါး အနေနဲ့ နန်းတွင်းစည်းကမ်းတွေကို အထိုက်အလျောက် သင်ယူထိန်းသိမ်းပြီး နေခဲ့ရပေမဲ့ ကျနော့်အနေနဲ့ ထီးနန်းဆက်ခံဖို့အထိတော့ သင့်တော်တယ် မထင်ပါဘူး ၊ အခုအချိန်ထိလဲ ကျနော် ဒီနိုင်ငံအတွက် ဘာမှ ထိထိရောက်ရောက် အကျိုးပြုတာမျိုး မလုပ်ပေးခဲ့ဖူးဘူး ၊ ကျနော့်ညီ ဘုဏ်းဇေယျာကျော်ကသာ ငယ်ငယ်ကတည်းက သူ ကျောင်းမှာ ဆုရတဲ့ပိုက်ဆံကအစ လူမှုအဖွဲ့အစည်းတွေမှာ လှူတာမျိုး ၊ ပြည်သူတွေရဲ့ အခက်အခဲကို သူ့အခက်အခဲလို့ ခံယူပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးတာမျိုး လုပ်ဆောင်ခဲ့တဲ့သူပါ ၊  သူ့တစ်ဘဝလုံး ဒီနိုင်ငံနဲ့ ဒီပြည်သူတွေအပေါ် ဘယ်လိုအကျိုးဖြစ်ထွန်းအောင် ကူညီဆောင်ရွက်ရမလဲဆိုတာကိုပဲ တွေးပြီးနေလာတဲ့သူပါ ၊ အခုအထိလဲ သူ ဘာအမှားမှ လုပ်မထားပါဘူး ၊ သူ့လိုမင်းသားမျိုးကို ဖယ်ပြီး ကျနော့်လို ကိုယ့်အတွက်ကိုယ်ပဲတွေးပြီး နေလာတဲ့လူမျိုးနဲ့ အစားထိုးမယ်ဆိုတာ ဖြစ်သင့်ရဲ့လား တွေးကြည့်ကြပါဦးခင်ဗျာ "

ဉာဏဖြေပြီးသွားတော့ လက်ျာအလှည့်ရောက်လာသည် ။ လက်ျာက ရွှတ်နောက်နောက်နေတတ်သူမို့ အခုလည်း သတင်းသမားတွေကိုကြည့်ပြီး ပြုံးစိစိမျက်နှာပေးနှင့် ။

" ကျနော်ကတော့ အိမ်ရှေ့စံနေရာပေးမယ်ဆိုလဲ ယူလိုက်မှာပါပဲ ၊ ကန့်ကွက်ဖို့ မရှိပါဘူး ၊ ဒါပေမဲ့ "

လက်ျာ ဆက်မပြောဘဲ ခဏရပ်ထားသဖြင့် ရှေ့မှာရှိနေသည့် လူအုပ်၏အာရုံက ပိုပြီးမြင့်တက်လာ၏ ။

" ကျနော့်အချစ်ရေးကိုလဲ ပြည်သူတွေကို ကြိုအသိပေးထားရဦးမယ် ၊ တကယ်ဆို ကျနော့်ညီ ဘုဏ်းဇေကလေ သူ့တစ်ဘဝလုံး အဲဒီကောင်လေးတစ်ယောက်တည်းကိုပဲ ချစ်ဖူးပြီး အဲဒီတစ်ယောက်နဲ့ပဲ သူတွဲဖူးတာ ၊ နောက်လဲ သူက အဲဒီတစ်ယောက်ကိုပဲ သစ္စာရှိရှိ ချစ်သွားမဲ့လူမျိုးပဲ ၊ ကျနော်ကတော့ သူလို မဟုတ်ဘူးဗျ ၊ ရည်းစားတွေ အများကြီး ထားဖူးတယ် ၊ ကျနော့်ရည်းစားတွေထဲမှာ ယောက်ျားလေးရော မိန်းကလေးရောပါတယ် ၊ ကျနော့်ဘဝလက်တွဲဖော်က ယောက်ျားဖြစ်မလား မိန်းမဖြစ်မလား မသိသေးဘူး ၊ ကျန်ဝာာတော့ မပြောတော့ဘူးခင်ဗျ ၊ ဒါလေး သိထားဖို့ပါပဲ "

ထို့နောက် ညီအစ်ကိုနှစ်ယောက် မီဒီယာသမားအားလုံးကို နှုတ်ဆက်ပြီး အသင့်စောင့်နေသည့် ကားတွေနှင့်အတူ နန်းတော်ဆီသို့ ပြန်လာခဲ့ကြသည် ။

အင်တာဗျူးကိုကြည့်ပြီး ဘုဏ်းဇေ ကျေနပ်စွာ ပြုံးမိသည်။ ခမည်းတော်အမိန့်ကြောင့် သူ့ကိုယ်စား ပွဲတက်ပေးခဲ့ကြသော်လည်း သူ့အတွက်ပဲ အလေးသာပြီး ဖြေကြားပေးခဲ့သော အစ်ကိုတွေကို ကျေးဇူးတင်ရသလို  အခွင့်အရေး မယူတတ်သည့် စိတ်ဓာတ်တွေကိုလည်း လေးစား၍မဆုံးပါ ။

သည်လိုဆို အိမ်ရှေ့စံနေရာကနေ သူ ဖယ်ရှားခံရလျှင်တောင် မမအတွက်ဖြစ်ဖို့ အလားအလာ များနေပြီ မဟုတ်လား ။

*****

အမြဲတမ်းလို့ ထင်ထားခဲ့တဲ့အရာတွေက
ရုတ်တရက်ကြီး အမှတ်တရတွေဖြစ်သွားတဲ့
ဘဝ အလှည့်အပြောင်းမျိုးကို
လောကဓံလို့ ခေါ်ရမလား
ကျမ ခံနိုင်ရည်ရှိပါတယ်
သတိရမိတဲ့အခါ ဒီအမှတ်တရတွေကို
ထုတ်ကြည့်ဖြစ်တာကလွဲလို့ပေါ့ 
မျက်ဝန်းထောင့်စွန်းက စီးကျလာတဲ့
မျက်ရည်စတချို့ကို
တိတ်တဆိတ် ခိုးသုတ်မိတာကလွဲလို့ပေါ့....

မိသားစုဆိုတဲ့ အဓိပ္ပာယ်ဟာ
နွေးထွေးတဲ့ အသိုက်အမြုံတစ်ခုလို့
တစ်လျှောက်လုံး မှတ်ယူလာခဲ့ပြီးမှ
တစ်ခါတလေမှာ
အေးစက်မှောင်မိုက်တဲ့ ချောက်နက်ကြီးလဲ
ဖြစ်နိုင်ပါလားဆိုတာကို
ဘဝနဲ့ရင်းပြီး ကျမသိခဲ့ရပြီ
ဒီ့ထက်ပိုပြီး နာကျင်ရတာမျိုး
နောက်ထပ် ရှိတော့မယ်မထင်ဘူး ....

သူတို့က ပြောကြတယ်
ကျမဟာ သဘာဝနဲ့ဆန့်ကျင်သူတဲ့
ကျမဟာ မျိုးရိုးဂုဏ်သိက္ခာကို ကျဆင်းစေသူတဲ့
ကျမဟာ တိုင်းပြည်နဲ့မိသားစုကို ကျောခိုင်းပြီး
နှလုံးသားကို ရွေးချယ်သူတဲ့
တကယ်တော့ ကျမဟာ
ကျမဘယ်သူဆိုတဲ့  အမှန်တရားကို
ဖုံးကွယ်မထားချင်သူ
လူသားတစ်‌ယောက်အနေနဲ့ ရသင့်တဲ့
တရားမျှတမှုကိုသာ မျက်နှာမူခဲ့သူပါ ....

ကျမမှာ အိမ်အသစ်ရှိခဲ့ပြီ
ကျမမှာ မိသားစုအသစ် ရှိခဲ့ပြီ
ကျမမှာ ပျော်ရွှင်မှုအသစ်တွေလဲ ရှိခဲ့ပါပြီ
ဒါပေမဲ့ နေရာဟောင်းကို
သတိရလွမ်းဆွတ်မှုတွေကတော့
နှလုံးသားထဲမှာ
ပိုးကိုက်ထားတဲ့ ဒဏ်ရာတစ်ခုလို
တဆစ်ဆစ်ပါပဲ .....

ဒီနေ့ အပေါင်းအသင်းအသစ်တွေနဲ့
ပိုလိုကစားခဲ့ကြတယ်
နန်းတော်ထဲမှာ
ဂူလီရိုက်ရတုန်းကလောက်
ပျော်စရာမကောင်းတာ အမှန်ပဲ
ဒီက ရာဘာဘောလုံးကို မြှောက်ကိုင်ရင်း
သရက်မြစ်ဆုံကို လုံးနေအောင်ပွတ်ပြီး
ထုံးရည်စိမ်ထားတဲ့ ကျမတို့ဂူလီသီးကို
လွမ်းရတာပါပဲ .....

ခမည်းတော်နတ်ရွာစံပြီတဲ့
နောက်ဆုံးထွက်သက်အထိတောင်
ကျမကို စွန့်ပစ်သွားခဲ့ပြီ
သေခန်းတွေ တကယ်ပဲပြတ်ကြရပြီပေါ့ ခမည်းတော်ရေ ....

ဒီနေ့က ကျမအချစ်ရဆုံးတူဝောာ်လေး
ထီးနန်းတက်တဲ့နေ့ပေါ့
ကျမစန္ဒရားတီးတာကို သိပ်ပြီးသဘောကျသော
ကျမနဲ့အတူ မြင်းစီးရတာကို အင်မတန်ပျော်ရွှင်သော
ကျမထွက်ခွာခဲ့ရတဲ့နေ့မှာ
ကျမကို ငိုယိုတားဆီးခဲ့ဖူးသော
တစ်ဦးတည်းသောသူ
ကိုယ်တိုင်လာရောက် ဂုဏ်ပြုပေးခွင့်မရပေမဲ့
အရီးတော်လေးက
ငါ့တူအတွက် ဂုဏ်ယူတယ်နော် .....

ရာသီတွေ အလီလီ ကြာညောင်းခဲ့ပြီ
တဖြည်းဖြည်းနဲ့ ကျမဆံနွယ်တွေလဲ
မဟူရာရောင်ကနေ ငွေမင်ရောင်ပြောင်းခဲ့ပြီ
ကျမမျက်နှာပေါ်က အရေပြားလဲ
ပင့်ကူအိမ်လို အရေးအကြောင်းတွေ ထင်ခဲ့ပြီ
အိမ်ပြန်လမ်းကတော့
ကျမရှေ့ ရောက်မလာသေးဘူး .....

အိမ်ရှေ့က တံခါးခေါက်သံ ကြားတိုင်း
ကျမစွန့်ခွာခဲ့ရတဲ့ မိသားစုဆီကများ
ကျမထံ ပို့လိုက်တဲ့ စာလွှာ ရောက်လာသလားရယ်လို့
အကြိမ်ကြိမ် မျှော်လင့်ခဲ့ဖူးပါတယ်
ကျမ ဒူးတွေ ယိုင်နဲ့လာပြီး
တံခါးမဖွင့်နိုင်တော့တဲ့ အချိန်အထိပေါ့  ....

နှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ မစုတ်မပြဲဘဲ အကောင်းအတိုင်း ရှိနေဆဲ မှတ်စုစာအုပ်တစ်အုပ်ထဲက  အဝါရောင်ပြောင်းသွားပြီဖြစ်သည့် စာမျက်နှာတို့ပေါ်မှာ မယ်တော်ကြီး၏မျက်ရည်တို့က ပိုးပိုးပေါက်ပေါက် ကျဆင်းလျက် ။

တစ်ချိန်က သူမ နန်းတော်ထဲ အလည်လာတိုင်း စန္ဒရားတီးပြခဲ့သော အရီးတော်လေး ။ သူမခင်ပွန်းဖြစ်လာမည့် အိမ်ရှေ့စံနှင့်အတူ မြင်းစီးနေသော ရဲရင့်ထက်မြက်သည့် မင်းသမီးတစ်ပါး ။ သမိုင်းမှတ်ထမ်းထဲကပါ ဖယ်ထုတ်ခံလိုက်ရသည့်ဖြစ်ရပ်တွေ ။

ဒီမှာ ရှိသမျှ သက်ရှိသက်မဲ့အားလုံးကို ပြတ်ပြတ်သားသား ကျောခိုင်းသွားခဲ့သူအဖြစ် အထင်ခံခဲ့ရသော အရီးတော်လေးက တစ်ဘက်မှာတော့ အားလုံးကို သတိရနေခဲ့တာတဲ့လား ။ အိမ်ပြန်လာချင်ခဲ့ပေမဲ့ အိမ်ပြန်လာဖို့ ကြိုဆိုဖိတ်ခေါ်ခြင်း မခံခဲ့ရသူ ဖြစ်နေခဲ့တာတဲ့လား ။

အခုတော့ အရီးတော်လေးရဲ့စာအုပ်က အရီးတော်လေးကိုယ်စား နန်းတော်ထဲကို ရောက်လာခဲ့ပြီ ။ သို့ပေမဲ့ အခါကလည်း နှောင်းခဲ့ပြီ ။ သည်အကြောင်းတွေသာ သူမခင်ပွန်းမင်းကြီး ရှိစဉ်က သိခဲ့ရလျှင် အရီးတော်လေးအနေနဲ့ ကိုယ့်တိုင်းကိုယ့်ပြည်မှာပဲ ပြန်ပြီး ခေါင်းချနိုင်မည်ထင်ပါရဲ့လေ ။

' အရီးတော်လေးရယ် ..... '

မိသားစုကနေ စွန့်ပစ်ခံလိုက်ရသည့်  အဘေးတော်လေး၏ ဒိုင်ယာရီစာအုပ်ကို ရင်မှာပိုက်ပြီး မျက်ရည်တွေတွေကျနေသော အဘွားဖြစ်သူကို ပွေ့ဖက်ထားရင်း ဘုဏ်းဒေဝီကျော်လည်း စိတ်မကောင်းဖြစ်ရသည် ။ ဘေးကရပ်ကြည့်နေသော အမှုထမ်းတွေဆီမှာလည်း မျက်ရည်စတွေနှင့် ။

သမိုင်းဟာ တစ်ပတ်ပြန်လည်လာခဲ့ပြီလား ။ ဒါမှမဟုတ် အတိတ်က အမှားကို အမှန်ပြန်ပြင်ဖို့ အချိန်အခါ ကျရောက်လာတာလား ။ ဘာပဲဖြစ်ဖြစ် သူမမောင်လေးကိုတော့ ဒုတိယအဘေးတော်လေး အဖြစ်မခံနိုင်ပါ ။

" သမီးတစ်ခုလောက် အကူအညီတောင်းပါရစေ ဘွားဘွားကြီး "

မယ်ဝောာ်ကြီးက မျက်ရည်တွေကြားကနေ ဒေဝီ့ကို ခေါင်းညိတ်ပြသည် ။

" မောင်လေးကို အဘေးတော်လေးလို မခံစားရအောင် ကူညီပေးပါနော် ၊ ဒီနန်းတော်ထဲမှာပဲ သမီးတို့ရော သူချစ်ရတဲ့လူရောနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်အောင် ခွင့်ပြုပေးလိုက်ပါ ၊ မောင်လေး အပြည့်အဝ ပျော်ပါစေ "

" ဘွား ခွင့်ပြုပါတယ် မြေးရယ် ၊ ဘွားမြေးလေးကို ဒုတိယအဘေးတော်လေး မဖြစ်စေရပါဘူး "

ဒေဝီ ဘွားဘွားကြီးကို ပိုတိုးပြီး ဖက်ထားမိသည် ။ အမှုထမ်းတွေအားလုံးလည်း မျက်ရည်တွေနှင့်အတူ ပြုံးနေကြ၏ ။

တမလွန်က အဘေးတော်လေးလည်း ကျေနပ်လိမ့်မည်ဟု ထင်ပါသည် ။

*****

ပျော်ရွှင်ခြင်းဟာ
သူ့ဆီမှာမြစ်ဖျားခံပြီး
ကိုယ့်သွေးကြောအနှံ့ လှည့်ပတ်စီးဆင်း
ချစ်ခြင်းမေတ္တာကြောင့်တော့
ဒီဘဝမှာ နာမကျန်းဖြစ်စရာရှိနိုင်ပါ
ပွင့်ခဲ့သမျှ ဘုရားအဆူဆူကိုလည်း
တိုင်တည်ပါတယ်
ပြုပြုခဲ့သမျှ ကောင်းမှုကုသိုလ်တို့ကိုလည်း
ရည်စူးပါတယ်
မေတ္တာနှင့် သစ္စာတရားမှာ
အပြစ်အနာအဆာ ကင်းစင်ပြီး
သူ့ထိုက်နှင့် ကိုယ့်ကံဖြစ်
ပျော်ပျော်ပဲ စံပါ့မယ်

2023၊ June

သက်တံရောင်အလံကြီးကို ဦးခေါင်းထက်မှာ ဖြန့်ခင်းပြီး သယ်ဆောင်လာကြသည့် မြောက်များလှစွာသော လူအုပ်ကြီးသည် ငြိမ်းအေးသာစံမြို့တော်၏ လမ်းမများမှတစ်ဆင့် မကိုဋ်ရတနာနန်းတော်ရှိရာသို့ တရွေ့ရွေ့ ချီတက်လာနေကြသည်။ ထိုလူအုပ်ထဲတွင် LGBTQ+ အသိုင်းအဝိုင်းမှလူများ ၊ ထိုအသိုင်းအဝိုင်းကို ထောက်ခံအားပေးသူများနှင့်အတူ အိမ်ရှေ့စံအပေါ် မေတ္တာမပျက် ချစ်ခင်မြတ်နိုးကြသည့် ပြည်သူပေါင်းများစွာလည်း ပါဝင်၏ ။

အဆိုပါလူအုပ်ကြီး၏ လက်ထဲတွင်

" Happy Pride Month"

" We miss our Prince "

" We love our Prince"

" We stand with our Prince "

" Love is Love "

" LGBTQ+ rights are human rights "

" Be strong . Be brave. Be you. "

" Fight for our rights
Fight for our lives "

အစရှိသည့် စာသားများပါသော ဆိုင်းဘုတ်များကိုပါ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်နေကြသည် ။

နန်းမြို့ရိုးပတ်ပတ်လည်မှာ စုရုံးရောက်ရှိပြီး အိမ်ရှေ့မင်းသား ဘုဏ်း‌ဇေယျာကျော်၏ အခွင့်အရေးအတွက် တောင်းဆိုနေကြသော ထိုလူများထဲတွင် သက်တံရောင်စတစ်ကာများအပြည့် ကပ်ထားသည့် အလှပြယာဉ်ကြီးတစ်စီးလည်း အပါအဝင် ။ ထိုယာဉ်ပေါ် လိုက်ပါလာသူများထဲက တစ်စုံတစ်ယောက်သည် သက်တံရောင်အလံကို ပုခုံးထက်မှာ ခြုံလွှမ်းထားပြီး အဖြူရောင် တီရှပ်နှင့် ကာကီရောင်ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထားသည်။

နောက်ပြီး တီရှပ်ပေါ်က ရင်ဘတ်တည့်တည့်မှာ လူအများမြင်သာအောင် ထင်ထင်လင်းလင်း တံဆိပ်ရိုက်ထားသည့်စာက " Prince Is Mine " တဲ့ ။

" အား .... ရှင်းကကွာ ... "

အင်တာနက်ပေါ်မှာ တက်လာသမျှ ရှင်းသန့်ပုံရိပ်တွေကို ကြည့်ပြီး ဘုဏ်းဇေ နန်းတော်အပြင်ဘက် ပြေးထွက်သွားချင်လွန်း၍ မရိုးမရွတွေ ဖြစ်နေရသည် ။ 

လူအများရှေ့ ထွက်ရတာတွေ မလုပ်ချင်ဘူးဆိုသည့် ချစ်ရသူက အခုတော့ လူပေါင်းမြောက်များစွာရှေ့မှာ ရဲရဲဝံ့ဝံ့ထွက်ပြီး  သူတို့အချစ်အတွက် တရားနည်းလမ်းကျကျ တိုက်ယူနေ၏ ။ တိတ်တိတ်လေး ထွက်ပြေးဖို့ ပြောခဲ့သူဖြစ်ပေမဲ့လည်း နှလုံးသားကလာသည့် အသံတွေကို တလောကလုံးကြားအောင် ကျယ်ကျယ်လောင်လောင် ဖွင့်ပြနေသည် ။

အမြဲတမ်း အစွန်းနှစ်ဘက်ကို ကိုင်ထားတတ်သည့် ကောင်လေး ။ သန်မာသည်ထင်ရပေမဲ့ ပြိုလဲတတ်ပြီး အားငယ်တတ်သည်ထင်ရပေမဲ့ သတ္တိရှိသည် ။

Prince Is Mine တဲ့ ။
မှန်ပါသည် ။ ဘုဏ်းဇေယျာကျော်ဆိုတာ ရှင်းသန့်တည်ကြည်အပိုင်ဖြစ်ပြီး ရှင်းသန့်တည်ကြည်ဆိုတာလည်း ဘုဏ်းဇေယျာကျော်သာ ပိုင်ဆိုင်ခွင့်ရှိသည့် ဖြစ်တည်မှု ။

" ကြည့်ပါဦး ကိုဗစ်တာ .... ရှင်းက ချစ်ဖို့မကောင်းဘူးလား "

" ချစ်ဖို့ကောင်းပါတယ် မင်းသား "

" ကောင်းပါတယ်လို့ပဲပြော ၊ ချစ်ဖို့လို့ ထည့်မပြောနဲ့ ၊ ကျနော်ပဲ ချစ်မှာ "

" မင်းသားနှယ်ဗျာ .... "

ဆက်မပြောပေမဲ့ ကိုဗစ်တာ့အကြည့်ထဲမှာ သူ့အား ပိုလွန်းရန်ကောဆိုသည့် အဓိပ္ပာယ်များနှင့် ။ မတတ်နိုင် ။ ရှင်းသန့်တည်နှင့်ပတ်သက်လျှင် သူတစ်ယောက်တည်းသာ ခေါ်ခွင့် ၊ ပြောခွင့် ၊ ပိုင်ဆိုင်ခွင့်ရချင်သည့် လောဘက အတောသတ်၍မှ မရဘဲလေ ။

Me Before You ဆိုသည့်ရုပ်ရှင်ထဲက စကားကို ငှားပြောရလျှင် ဘုဏ်းဇေအတွက် ရှင်းသန့်တည်က နောက်တစ်နေ့မနက်မှာ နိုးထလာချင်သည့် အကြောင်းရင်းပါ ။

#PoPoPhoenix

{ အခြေအနေ ပုံမှန်ပဲဆိုရင်တော့ 29ရက်နေ့မှာ ပြန်တွေ့မယ်နော် ။
မင်းသားလေးအတွက် သူ့ခမည်းတော်ရဲ့ အဆုံးအဖြတ်ပဲ ကျန်ပါတော့တယ် ^^ }

*
*
*
*
*

( Zgi )

အိမ္ေရွ႕မင္းသားအေဆာင္ေတာ္ျဖစ္ေသာ ဘုံျမနန္းစံအိမ္တစ္ခုလုံး ခါတိုင္းႏွင့္ မတူဘဲ တိတ္ဆိတ္ၿငိမ္သက္ေနသည္ ။ ပုံမွန္ဆို မိုးလင္းလွ်င္ ဧည့္ခန္းမထဲကအစ စႀကႍတစ္ေလွ်ာက္အဆုံး အမႈထမ္းတို႔၏ တက္ႂကြေနသည့္ ေျခသံတို႔ႏွင့္ အသက္ဝင္လ်က္ရွိေသာ္လည္း သည္မနက္ေတာ့ စံအိမ္ထဲရွိ လူအကုန္လုံး တိတ္တဆိတ္သာ လႈပ္ရွားလ်က္ရွိၾက၏ ။ အခ်င္းခ်င္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ဘာစကားမွ်လည္း မဆိုႏိုင္ၾက ။ ဖြင့္ဟမေျပာၾကေသာ္လည္း အိမ္ေရွ႕စံႏွင့္ ပတ္သက္ၿပီး ရင္ထဲမွာ ကိုယ္စီ စိုးရိမ္ပူပန္မႈေတြႏွင့္ ။

ထိုအခ်ိန္ စံအိမ္ေတာ္ထဲသို႔ ဝင္လာၿပီး အရွင္မင္းသား၏ အခန္းတံခါးကို ေခါက္လိုက္ေသာ တစ္စုံတစ္ေယာက္ကို ျမင္လိုက္ရသည့္အခါ အသံတိတ္ေနေသာ အမႈထမ္းတို႔၏ မ်က္ႏွာေပၚမွာ ႐ုတ္ခ်ည္းပင္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္တို႔ သန္းကုန္ၾကသည္ ။ သူတို႔လိုပဲ မင္းသားေလးဘက္ကေန ခိုင္ခိုင္မာမာရပ္တည္ေပးမည့္ လူတစ္ေယာက္ ေရာက္လာၿပီဟူေသာ ယုံၾကည္ခ်က္ျဖင့္ ။

" ေမာင္ေလး "

ဘုဏ္းေဇ ျပန္ေရာက္လာကတည္းက မိသားစုဝင္ တစ္ေယာက္ႏွင့္မွ် ေတြ႕ခြင့္မရေသး။ ခမည္းေတာ္က သူ႔ကို စိတ္ဆိုးေနၿပီး မယ္မယ္တို႔ကလည္း ဘြားဘြားႀကီးေဘးမွာ ေစာင့္ေနၾကရသည္တဲ့ ။ ဘုဏ္းေဇကိုေတာ့ လာမေတြ႕ဖို႔ တားျမစ္ထား၏။ သူ႔ကိုျမင္ၿပီး ဘြားဘြားႀကီး တစ္ခုခုထပ္ျဖစ္မွာစိုး၍ထင္သည္ ။ အခု မမေဒဝီက သူ႔ဆီ ပထမဆုံး လာေတြ႕သူ ။

" ဘြားဘြားႀကီး အေျခအေန ဘယ္လိုလဲ မမ "

" သက္သာၿပီ ေမာင္ေလး ...မစိုးရိမ္ရေတာ့ဘူး "

အခုမွပဲ ရင္ဘတ္ထဲက အလုံးႀကီး က်သြားေတာ့သည္။ ဒီတစ္ခုပဲ သူ စိတ္ပူတာပါ ။

" ဘာေတြ ျဖစ္ကုန္တာလဲ ၊ မမကို ေသခ်ာေလး ေျပာပါဦး အငယ္ေလးရယ္ "

မမက သူ႔လက္ကိုဆြဲ၍ ကြၽန္းဆက္တီခုံရွည္ေပၚမွာ အတူထိုင္ေစသည္။ မမကို အကဲခတ္ရသ၍ေတာ့ စိတ္ပူေနဟန္သာရွိၿပီး သူ႔အေပၚ မလိုလားျခင္းမ်ိဳး ၊ စိတ္ဆိုးေဒါသထြက္ေနျခင္းမ်ိဳးေတာ့ မရွိေပ ။ သူ႔ဆီ အျမန္ေျပးလာခဲ့သျဖင့္ ျဖဴဥသည့္ မ်က္ႏွာေလးက ပန္းႏုေရာင္ သန္းေနၿပီး နားသယ္စပ္မွာ ေခြၽးစေလးမ်ားပင္ စို႔ေန၏ ။

" က်ေနာ္ဘယ္က စေျပာရမလဲ မသိဘူး ...အဟင္း "

သူ ခပ္သဲ့သဲ့ရယ္ေတာ့ မမေဒဝီ၏ မ်က္ခုံးေလးႏွစ္ဖက္က အေပၚသို႔ ပင့္တက္သြားသည္ ။ သည္အေျခအေနႀကီးမွာ ၿပဳံးရယ္ေနႏိုင္တာကို အံ့ဩေနပုံပင္ ။

"  က်ေနာ္ ရွင္းကို ခ်စ္တာ ေျပာမျပတတ္ေအာင္ပဲ မမရာ ၊ အခုမွ ခ်စ္တာလဲ မဟုတ္ဘူး ၊ ဟိုးအရင္ကတည္းက ခ်စ္တာ ၊ က်ေနာ့္အတြက္ အခ်စ္ဆိုတာ သူ႔ဆီကေနစၿပီး သူ႔ဆီမွာပဲ ပန္းဝင္မဲ့ ခရီးတစ္ခုပဲ "

" မမသိလား ၊ ရွင္းကေလ အၿမဲတမ္း သူ႔ကိုယ္သူထက္ က်ေနာ့္အတြက္ပဲ အရင္ေတြးေပးတဲ့လူမ်ိဳးဗ် ၊ ပါးစပ္ကေန ခ်စ္တယ္လို႔ တတြတ္တြတ္ မေျပာတတ္ေပမဲ့ သူ႔လုပ္ရပ္ေတြက သူ က်ေနာ့္အေပၚ ဘယ္ေလာက္ခ်စ္တယ္ဆိုတာ သက္ေသခံေနတာပဲ ၊ အဟြန္း... ေတြးၾကည့္႐ုံနဲ႔ေတာင္ ခ်စ္ဖို႔ေကာင္းတယ္မို႔လား "

" သူသာမရွိရင္ က်ေနာ့္ဘဝက အခြံသက္သက္နဲ႔ မထူးဘူး ၊ အဲဒါမို႔ က်ေနာ္တို႔အေၾကာင္းကို ထပ္ၿပီး ဖုံးကြယ္မထားခ်င္ေတာ့ဘူး ၊ သူနဲ႔လဲ အေဝးမခံႏိုင္ဘူး ၊ သူလဲ က်ေနာ့္ကို လိုအပ္သလို က်ေနာ့္အတြက္လဲ သူ ရွိမွျဖစ္မွာ ၊ ဘာေတြပဲ စြန႔္လႊတ္ရရ သူ႔လက္ကိုေတာ့ က်ေနာ္မလႊတ္ဘူး မမ "

သူ႔ပုံစံက တအားကို ထက္ထက္သန္သန္ ျဖစ္ေနလားမသိ ။ မတတ္ႏိုင္ ။ လူဆိုတာ ကိုယ္ခ်စ္ရတဲ့သူအေၾကာင္း  ေျပာေနရလွ်င္ က်န္တာအားလုံးေမ့ၿပီး စကားေတြ ေဖာင္ဖြဲ႕မကုန္ ျဖစ္တတ္တာပဲ မဟုတ္လား။

ဘုဏ္းေဇေျပာတာ နားေထာင္ၿပီး မမက " အဲ့ေလာက္ေတာင္ပဲလား " တဲ့ ။

" အဲ့ထက္ပိုတာေပါ့ဗ်ာ  ၊ စကားနဲ႔ လုံေလာက္ေအာင္ မေဖာ္ျပႏိုင္လို႔ ၊  ျဖစ္ႏိုင္ရင္ သူ႔ကိုေလ က်ေနာ့္အနားမွာ အရိပ္လို ပူးခ်ည္ထားခ်င္တာ ၊ က်ေနာ့္မ်က္ခြံအိတ္ေလးထဲ သူတစ္ေယာက္တည္းကိုပဲထည့္ၿပီး ႐ုံတင္ၾကည့္ခ်င္တာ ၊ တကယ္ဆို မ်ိဳပါခ်ထားခ်င္တာဗ် သိလား ၊ ဒါေပမဲ့ ဗိုက္ထဲေရာက္သြားရင္ က်ေနာ္ သူ႔ကို မျမင္ရေတာ့မွာစိုးလို႔ .... ဟားဟားဟား "

ၾကာေတာ့ မမက အျမင္ကတ္လာသလားမသိ ။ အလြန္အၾကဴးေတြ ခ်ဲ႕ကားေျပာေနသည္ဟုဆိုကာ ဗိုက္ဆြဲလိမ္သည္ ။ သို႔ေသာ္ သူရယ္တာၾကည့္ၿပီး မမႏႈတ္ခမ္းထက္မွာလည္း အၿပဳံးတို႔ ကြန္းခိုေန၏။ ေစာေစာကရွိသည့္ ပူပင္မႈအခ်ိဳ႕ပါ ေပ်ာက္သြားပုံပင္ ။

" ဒီေလာက္ တစ္ႏိုင္ငံလုံး အုတ္ေအာ္ေသာင္းနင္း ျဖစ္ေအာင္ လုပ္ထားၿပီး ရယ္ႏိုင္ေသးတယ္ေပါ့ "

" အဟား ... က်ေနာ့္စိတ္ထဲမွာ အခု ေပါ့သြားသလိုပဲ မမရဲ႕ ၊ အခ်ိန္အၾကာႀကီး ပုခုံးေပၚ ထမ္းပိုးထားလာရတဲ့ အရာတစ္ခုကို လႊတ္ခ်လိုက္ရသလိုပဲ ၊ ဒါနဲ႔ မမေရာ က်ေနာ့္ခ်စ္သူက ေယာက္်ားေလးတစ္ေယာက္ ျဖစ္ေနတဲ့အေပၚ ဘယ္လိုခံစားရလဲ  "

မမက အၿပဳံးမပ်က္ အရင္လိုပဲ သူ႔နဖူးေပၚက ဆံပင္ေလးမ်ားကို ၾကင္နာစြာ သပ္တင္ေပးရင္း ၊ သူ႔လက္ကိုလည္း ေသခ်ာေထြးဆုပ္ထားရင္း

" မမကေတာ့  ေမာင္ေလး ေပ်ာ္ရင္ ၿပီးတာပါပဲ ၊ လူႏွစ္ေယာက္ ခ်စ္ၿပီး ဘဝႏွစ္ခု ေပါင္းစပ္တဲ့ကိစၥမွာ တျခားသူေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြက အေရးမႀကီးပါဘူးေလ ၊ အဓိက ကာယကံရွင္ႏွစ္ေယာက္ ေက်နပ္ၿပီး ေပ်ာ္႐ႊင္ရတယ္ဆို ၿပီးၿပီေပါ့ "

" ခမည္းေတာ္ကေတာ့ က်ေနာ့္ကို အမ်ားႀကီး စိတ္ဆိုးေနပုံပဲ "

"  မိသားစုကို အရင္ အသိမေပးလို႔ စိတ္ဆိုးပုံ ရပါတယ္ ၊ ၿပီးေတာ့ သူ ထင္မထားတဲ့ ကိစၥဆိုေတာ့လဲ ေလာေလာဆယ္ ဘာမွ ဆုံးျဖတ္ႏိုင္ေသးဦးမယ္ မထင္ဘူး ၊ ေမာင္ေလးအေနနဲ႔ ခမည္းေတာ္ကို အခ်ိန္တစ္ခုေတာ့ ေပးလိုက္ပါ "

" က်ေနာ္ နားလည္ပါတယ္ ၊ အိမ္ေရွ႕မင္းသား ေနရာက ဖယ္လိုက္ရင္လဲ က်ေနာ္ လက္ခံႏိုင္ပါတယ္ ၊ က်ေနာ့္ကို ဒီမိသားစုကေန စြန႔္လႊတ္ပစ္လိုက္မွာကိုပဲ ေၾကာက္တာပါ မမရယ္ ၊ က်ေနာ္ ရွင္းကို ခ်စ္တာနဲ႔ပဲ က်န္တာေတြကို ဂ႐ုမစိုက္တာမ်ိဳးေတာ့ မဟုတ္ပါဘူး ၊ က်ေနာ့္အတြက္ ခ်စ္သူေရာ ၊ မိသားစုေရာ ၊ အမႈထမ္းေတြ ၊ ျပည္သူေတြ အကုန္လုံးက အေရးႀကီးပါတယ္ ၊ အဲဒါေတာ့ မမယုံေနာ္ "

ဘုဏ္းေဇ မေျပာလည္း မမက သူ႔စိတ္ကို နားလည္သူပါ ။ သည္ကိစၥကို စိတ္မပူဖို႔ပါ ႏွစ္သိမ့္အားေပးေနသည္ ။ အကယ္၍ နန္းေတာ္ကေန သူ ထြက္သြားရလွ်င္ေတာင္ မမကေတာ့ သူ႔ကို အဆက္အသြယ္လုပ္မည့္သူပင္ ။ သည္တစ္ခုေတာ့ ဖီးလစ္တို႔ ၊ အေဘးေတာ္ေလးတို႔ထက္ ကံတရားက သူ႔အား မ်က္ႏွာသာေပးသည္ဟု ေျပာရမည္။

" တကယ္လို႔ အိမ္ေရွ႕စံေနရာမွာ က်ေနာ္ မဟုတ္ေတာ့ရင္ ဒီေနရာကို မမပဲ ယူရမယ္ေနာ္ ၊ မမက သတၱမေျမာက္ ဘုဏ္းမင္းဆက္ထဲမွာ အႀကီးဆုံးေလ "

" မမအျမင္မွာေတာ့ ေမာင္ေလးကသာ အိမ္ေရွ႕စံေနရာအတြက္ အသင့္ေတာ္ဆုံးပါ ၊ ေမာင္ေလးေၾကာင့္ ဒီႏိုင္ငံေရာ ဒီမိသားစုေရာ နာမည္ေကာင္းရၿပီး ဂုဏ္တက္ခဲ့ရတာေတြခ်ည္းပဲ ၊ အခုခ်ိန္ထိလဲ ေမာင္ေလးက ဘယ္သူ႔ကိုမွ ထိခိုက္ေအာင္ ၊ ဂုဏ္သိကၡာ ညႇိဳးႏြမ္းက်ဆင္းေအာင္ လုပ္ခဲ့တာမ်ိဳး မရွိဘူးေလ "

" ဟုတ္ပါတယ္ ၊ မမ အခုလို နားလည္ေပးတာလဲ က်ေနာ္ သိပ္ဝမ္းသာတာပဲ ၊ ဒါေပမဲ့ေပါ့ မမရယ္ ၊ က်ေနာ္သာ ဆက္ခံသူအျဖစ္က ဖယ္ခံရရင္ ဒီေနရာက မမနဲ႔သာ အထိုက္တန္ဆုံးပဲ ၊ မိန္းကေလးျဖစ္ေနလို႔ ထီးနန္းဆက္ခံခြင့္ မရွိဘူးဆိုတဲ့ Gender Discrimination သေဘာသက္ေရာက္ေနတဲ့ ဒီစည္းမ်ဥ္းႀကီးကို က်ေနာ္တို႔ ၿဖိဳခ်ပစ္ၾကရေအာင္ မမ "

မမကေတာ့ ေခါင္းရမ္းၿပီး ဘုဏ္း‌ေဇကိုသာ အိမ္ေရွ႕စံအျဖစ္ ရွိေစလိုေၾကာင္း တြင္တြင္ေျပာသည္ ။ သို႔ေပမဲ့ ခမည္းေတာ္ႏွင့္ ျပည္သူေတြ၏ ဆႏၵက ဘယ္လိုလာဦးမလဲ မသိပါ ။ မမစကားအရဆို ခမည္းေတာ္အျပင္ နန္းတြင္းေရးရာ အတိုင္ပင္ခံအဖြဲ႕ေရာ ၊ အစိုးရအဖြဲ႕ပါ အစည္းအေဝးထိုင္ၿပီး ဆုံးျဖတ္ၾကမည္ထင္သည္ ။

ေနာက္ၿပီး အေဘးေတာ္ေလးအေၾကာင္း မမကိုေျပာျပေတာ့ ‌‌ ေတာ္ေတာ္အံ့အားသင့္ေန၏ ။ သူတို႔မင္းဆက္မွာ ဒါမ်ိဳးေတြ ျဖစ္ခဲ့ေသးတာလားတဲ့။ ဘုဏ္းေဇ ယူလာသည့္ အေဘးေတာ္ေလး၏ ဒိုင္ယာရီစာအုပ္ႏွင့္ ဓာတ္ပုံေတြကိုလည္း ဘြားဘြားႀကီးလက္ထဲထည့္ေပးဖို႔ မမကို အကူအညီေတာင္းရသည္ ။ သည္အရာေတြက သူ႔အတြက္လည္း အကူအညီ ျဖစ္ေကာင္းျဖစ္လိမ့္မည္ ။

တန္ဖိုးထားရသည့္ အမိေျမႏွင့္အေဝး ၊ လူ႔ေလာကထဲ စတင္ေရာက္လာကတည္းက ေနထိုင္ႀကီးျပင္းလာရသည့္ နန္းေတာ္ရာႏွင့္အေဝး ၊ ခ်စ္ရသည့္မိသားစုႏွင့္အေဝးမွာ အေဘးေတာ္ေလးတစ္ေယာက္ ခံစားခဲ့ရသလိုမ်ိဳး ဘြားဘြားႀကီးအေနႏွင့္ သူ႔ကို ခံစားေစခ်င္မည္ မဟုတ္ဟု ေမွ်ာ္လင့္ရင္း ...  ။

******

" ထမင္းဘူးကို ဝက္ဝံပုံေလး လုပ္ေပးေနာ္ .... သားသား ဒီေန႔ ဖိနပ္ျဖဴေရာင္ စီးမွာပါဆို ... ေရဘူးကျပာေရာင္ထည့္ "

ေဘာ္ဘီ မူႀကိဳေက်ာင္းသြားမည့္အေရးႏွင့္ တစ္အိမ္လုံး ဆူညံေနသျဖင့္ ရွင္းသန႔္ မနက္စာစားၿပီး ၿခံထဲမွာ သူ ပန္းခ်ီဆြဲဖို႔အတြက္ သီးသန႔္ေဆာက္ထားသည့္ စတူဒီယိုရွိရာ ေလွ်ာက္လာခဲ့သည္ ။ အပြင့္‌ေတြျပည့္ေနသည့္ ထားဝယ္မႈိင္းပင္တို႔က ေခါင္မိုးေပၚကေန ေအာက္ကိုတြဲလြဲက်ေနသည္မွာ စတူဒီယိုတစ္ခုလုံးကို ဖုံးအုပ္လုနီးနီး ။ တစ္ေယာက္တည္း ေအးေအးလူလူ ေနခ်င္၍သာ စတူဒီယိုဘက္ လာခဲ့ေပမဲ့ ေလာေလာဆယ္ေတာ့ သူ႔ဆီမွာ ပန္းခ်ီဆြဲဖို႔ေဝးစြ ၊ စိတ္ႏွင့္ကိုယ္ပင္ မကပ္ခ်င္ေပ ။

လူကသာ သည္မွာရွိေနေသာ္လည္း သူ႔စိတ္ကေတာ့ နန္းေတာ္ထဲက တစ္ေယာက္ေသာသူထံမွာ ။

ဘာလုပ္ရမွန္းမသိတိုင္းလည္း  လူမႈကြန္ယက္ေပၚမွာ သူတို႔ႏွင့္ပတ္သက္ၿပီး ေျပာေနၾကသည္မ်ားကို လိုက္ဖတ္ၾကည့္ေနမိသည္ ။ ဘုဏ္းေဇက မၾကည့္ဖို႔ တားျမစ္ထားေပမဲ့ေပါ့ ။

လူအမ်ိဳးမ်ိဳးဆိုေတာ့လည္း ထင္ျမင္ယူဆခ်က္ေတြကလည္း အမ်ိဳးမ်ိဳးပါ ။  ဘယ္လိုပဲ လိင္တူလက္ထပ္ခြင့္ကို တရားဝင္ခြင့္ျပဳထားသည့္ ႏိုင္ငံျဖစ္ျဖစ္ ဒါမ်ိဳး ဝိဝါဒကြဲျပားမႈေတြကေတာ့ ကမာၻအႏွံ႔မွာ ရွိေနဆဲပဲ မဟုတ္လား ။

အမ်ားအားျဖင့္ ရွင္းသန႔္ထက္ ဘုဏ္းေဇကိုသာ ဦးတည္ၿပီး ေျပာၾကသည္ ။

" ငါတို႔မင္းသားေလး ဘာလုပ္လုပ္ တင့္တယ္တယ္ ၊ မင္းသားေလးတို႔ခ်စ္ျခင္းကိုလဲ အျပည့္အဝ အားေပးေနတယ္ေနာ္ "

" မင္းသားေလးက ဘာမွမမွားဘူး ၊ မွားေနတာက လူတစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္တာကို လိင္တူႏွစ္ေယာက္ ျဖစ္တာနဲ႔ပဲ တစ္မ်ိဳးျမင္ေနၾကတဲ့နင္တို႔ "

" ငါေတာ့ မင္းသားေလးတို႔ႏွစ္ေယာက္ဘက္က မားမားမတ္မတ္ ရပ္တည္တယ္ ၊ မင္းသားေလး ခ်စ္သူနဲ႔အတူတူ ေပ်ာ္႐ႊင္ပါေစ "

" လူတစ္ေယာက္ရဲ႕ တန္ဖိုးဆိုတာ သူ႔ရဲ႕လိင္စိတ္တိမ္းၫႊတ္မႈနဲ႔ ဘာမွမသက္ဆိုင္ဘူး ၊ သူတို႔က ဘယ္သူ႔ကိုမွ ထိခိုက္နစ္နာေအာင္ လုပ္ေနတာလဲ မဟုတ္ဘူး ၊ ဒီေခတ္ႀကီးထဲမွာ ဒါမ်ိဳးကို ကန႔္ကြက္ေနရေအာင္ ဉာဏ္ရည္နည္းတဲ့ သတၱဝါေတြကလဲ ရွိေသးတာလား "

" အိမ္ေရွ႕စံက သူ႔ခ်စ္သူနဲ႔ပုံ တင္တာေလ ၊ လူမႈေရးေဖာက္ျပန္ေနတာမွ မဟုတ္တာ ၊ ဘာလို႔ ထီးနန္းဆက္ခံခြင့္ မေပးရမွာလဲ ၊ အဓိပၸာယ္မရွိတာေတြ "

" အရင္ကတည္းက မင္းသားေလးနဲ႔ ရွင္းသန႔္တို႔ၾကားမွာ ထူးျခားတဲ့ သံေယာဇဥ္ေတြ ၊ ဆက္ဆံေရးေတြ ရွိတယ္ဆိုတာ ရိပ္မိတယ္ ၊ သူတို႔ႏွစ္ေယာက္ကို အတူ ျမင္လိုက္ရတိုင္း ေပ်ာ္ေနၾကတာခ်ည္းပဲ ၊ တကယ္အခ်စ္စစ္နဲ႔ ခ်စ္တဲ့သူေတြ ၊ ကိုယ္ေတာ့ အားက်တယ္ "

" အိမ္ေရွ႕မင္းသားလဲ လူပဲေလ ၊ သူႀကိဳက္ခ်င္တဲ့သူနဲ႔ ႀကိဳက္မွာေပါ့ ၊ ေယာက္်ားေလးခ်င္း စိတ္ဝင္စားေတာ့ေရာ ဘာျဖစ္လဲ ၊ ႏွစ္ဆယ့္တစ္ရာစုေရာက္ေနၿပီ ၊ အခုထိ ဒါနဲ႔ပတ္သက္ၿပီး အျငင္းပြားေနရတုန္းလား ၊ တကယ္ပ်င္းဖို႔ ေကာင္းလိုက္တာ "

သည္လိုမ်ိဳး သူတို႔ကို လက္ခံအားေပးသည့္ စကားေတြ ေတာ္တာ္မ်ားမ်ား ေတြ႕ရသည့္အတြက္ ေက်နပ္ရသလို

" အိမ္ေရွ႕စံကို ဒီအ႐ြယ္ထိ ဘယ္မိန္းကေလးနဲ႔မွ တြဲတာ မေတြ႕ဖူးပါဘူးလို႔ ေအာက္ေမ့ေနတာ ၊ တကယ္တမ္းက် သူက အပုန္းတစ္ေယာက္ ျဖစ္ေနတာကိုး LOL "

" Wtf! သူသာ နန္းတက္ရင္ ငါတို႔က အေျခာက္ဘုရင္အုပ္ခ်ဳပ္တာ ခံရမွာေပါ့ေနာ္ "

" Gay ေတြကို ႏွိမ္တာေတာ့ မဟုတ္ပါဘူး ၊  ဒါေပမဲ့ ႏိုင္ငံ့ထီးနန္းကို ဆက္ခံမဲ့သူက Gay ျဖစ္ေနတာကေတာ့ တစ္မ်ိဳးႀကီးလားလို႔ "

" အိမ္ေရွ႕မင္းသားကစၿပီး ဘာသာေရးနဲ႔ ဆန႔္က်င္တဲ့ လုပ္ရပ္ေတြ လုပ္ေနမွေတာ့ ဒီႏိုင္ငံ ပ်က္႐ုံပဲ ရွိေတာ့မယ္ ၊ ငရဲက်မွာ တကယ္မေၾကာက္ၾကဘူး "

" လိင္တူလက္ထပ္ခြင့္ဥပေဒ ျပဌာန္းတာကိုက အဓိပၸာယ္မရွိတာ ၊ အဲဒီလႊတ္ေတာ္အမတ္ကလဲ သူ႔ညီအေၾကာင္းသိလို႔ ဒီဥပေဒ အတည္ျပဳေအာင္ မရမက အားထုတ္ခဲ့တာကိုး "

" မင္းသားဘုဏ္းေဇယ်ာေက်ာ္က ေယာက္်ားခ်င္း ႀကိဳက္ၿပီး လက္ထပ္မယ္ေပါ့ ၊ ဒါဆို သူ႔မ်ိဳးဆက္ကို ဘယ္လိုေမြးမွာလဲ ၊ ဘုဏ္းမင္းဆက္ေတာ့ သူ႔လက္ထက္မွာ အဆုံးသတ္ေတာ့မယ္ထင္တယ္ "

" အခုေခတ္မွာ ‌လိင္တူခ်င္းႀကိဳက္ၿပီး လက္ထပ္ၾကတာ ၊ အငွားကိုယ္ဝန္ေဆာင္နဲ႔ ကေလးေမြးၾကတာေတြက ဆန္းေတာ့မဆန္းပါဘူး ၊ ဒါေပမဲ့ အိမ္ေရွ႕မင္းသားရဲ႕ မ်ိဳးဆက္ကို ဘယ္ကမွန္းမသိတဲ့ မိန္းမတစ္ေယာက္ရဲ႕မ်ိဳးဥနဲ႔ ေပါင္းစပ္ၿပီး ေမြးမွာလား ၊ ဒါႀကီးက ဟုတ္ေတာ့ မဟုတ္ေသးဘူးေနာ္ "

" ေယာက္်ားခ်င္းယူၿပီးရင္ေတာ့ ရာဇပလႅင္ေပၚ မတက္နဲ႔ေနာ္ ၊ သူ႔အစား တစ္ေယာက္ေယာက္ကို သရဖူ လႊဲေပးလိုက္ "

ေလွာင္ေျပာင္ရႈံ႕ခ်သည့္ မွတ္ခ်က္ေတြေၾကာင့္လည္း စိတ္မေကာင္းျဖစ္ရသည္ ။ ခ်စ္ရသူကို ထိခိုက္ေျပာဆိုေနၾကသည့္ စကားလုံးေတြက ရွင္းသန႔္အတြက္ေတာ့ ေသြးထြက္ေစသည့္ လက္နက္မ်ားႏွင့္မျခားပါ ။ သူ႔ၾကယ္ကေလးဟာ သည္လိုမ်ိဳး ရင့္ရင့္သီးသီး အေျပာအဆို ခံရဖို႔ မထိုက္တန္ဘူး မဟုတ္လား ။

ဘုဏ္းေဇကို လက္ဆြဲၿပီးသာ ဒီလူေတြႏွင့္ေဝးရာကို ထြက္ေျပးလိုက္ခ်င္ရဲ႕ေလ ။

" ရွင္း .... မင္း အဆင္ေျပရဲ႕လား "

ေစာင့္ေမွ်ာ္ေနခ်ိန္ ေရာက္လာေသာ အ‌ဆက္အသြယ္ေလး။ ဖုန္းထဲက‌တစ္ဆင့္ စီးဝင္လာသည့္ ခ်စ္ရသူ၏  အသံၾကည္ျမျမ ။ ေနာက္ၿပီး အက်ဥ္းအက်ပ္ထဲ ေရာက္ေနတာေတာင္ သူ႔ကိုျပန္ၿပီး စိတ္ပူေနပုံေတြ ။ နဂိုကတည္းက ငိုခ်င္ရဲ႕ လက္တို႔ျဖစ္ေနသူအဖို႔ မ်က္ရည္က်ရသည္ ။ သူက ဘာအဆင္မေျပစရာ ရွိလို႔လဲ ။ သူ႔ျဖစ္တည္မႈကို အျပည့္အဝ လက္ခံနားလည္ေပးေသာ မိသားစုႏွင့္ အတူရွိေနရသည္ မဟုတ္လား ။

" အဲဒီေမးခြန္းက ငါက ေမးရမွာပါ "

" ေမာင့္ကို စိတ္ပူေနတာလား  ၊ မပူနဲ႔ေနာ္ ၊ မင္းကို လြမ္းတာကလြဲရင္ ေမာင္က က်န္တာ အဆင္ေျပတယ္ "

သူလည္း အရွင္မင္းသားကို ေသမတတ္လြမ္းရသည္ ။ ခြဲရတာ ႏွစ္ဆယ့္ေလးနာရီပင္ မျပည့္ေသးေပမဲ့ေပါ့ ။ ျဖစ္ႏိုင္လွ်င္ လန္ဒန္မွာ အတူေနခဲ့ရသည့္ တစ္ပတ္တာကို ျပန္သြားခ်င္၏ ။

" အေျခအေန ဘယ္လိုရွိလဲ "

" ခမည္းေတာ္နဲ႔ စကားေျပာခြင့္ မရေသးလို႔ မသိေသးဘူး ၊ ဘြားဘြားႀကီးကေတာ့ သက္သာေနပါၿပီ "

" စိတ္ပင္ပန္းေနလား မင္းသားေလး "

" မပင္ပန္းဘူး ၊ ေမာင္ တကယ္ မပင္ပန္းတာမို႔ မင္းက ဘာမွေလွ်ာက္မေတြးရဘူးေနာ္ ရွင္း ၊ ေမာင့္ကို ထားသြားဖို႔ လုံးဝ လုံးဝ မေတြးရဘူးေနာ္ "

ျပန္ေျဖပုံက ပ်ာပ်ာသလဲ။ သည္အခ်ိန္မွာေတာင္ တျခားအရာေတြထက္ သူထားသြားမွာကိုပဲ ေၾကာင့္ၾကေနသူကို က႐ုဏာသက္ရသလို အခ်စ္ေတြလည္း ပိုတိုးရျပန္သည္ ။ သူက ထားခဲ့စရာလား ။ ဖက္ထားေပးခ်င္လြန္း၍သာ အခက္ေတြ႕ေနရတာ ။

" ထားမသြားပါဘူး ၊ ငါ မင္းကို ခိုးပဲ ေျပးခ်င္တာ "

" ဘာ ...အဟားဟား ... ရွင္းကကြာ "

ဘုဏ္းေဇရယ္သံက ညႇိဳးႏြမ္းေနသည့္ ရွင္းသန႔္စိတ္ကို ေရစင္ႏွင့္ဖ်န္းလိုက္သလိုပင္။ လန္းဆန္းရသည္ ။ အပန္းေျပရသည္ ။ ရွိရွိသမွ်အပူအားလုံး ၿငိမ္းေအးသြားရ၏ ။

" ငါ တကယ္ေျပာေနတာ ၊ ဟိုတံခါးေလးကေန မင္းထြက္လာခဲ့ေလ "

" ေမာင္က မင္းေနာက္ကို ခိုးရာလိုက္ရမယ္ေပါ့ ဟုတ္လား ၊ ၿပီးေတာ့ေရာ ဘယ္မွာသြားေနၾကမလဲ "

" ဘယ္မွာျဖစ္ျဖစ္ေလ ၊ ငါတို႔ကို ဘယ္သူမွ မသိတဲ့ တစ္ေနရာရာသြားၿပီး ဇာတ္ျမႇဳပ္ေနၾကမယ္ "

" ဟုတ္ၿပီ ... ၿပီးရင္ ေမာင္တို႔ ဘာလုပ္စားၾကမလဲ "

" ငါ ပန္းခ်ီဆြဲတတ္ေနတာပဲ ၊ စားေရးေသာက္ေရး ပူစရာမလိုပါဘူး ၊ ငါ မင္းကို တာဝန္ယူတယ္ "

" ဒါဆို မင္းက ပန္းခ်ီဆြဲၿပီး ေငြရွာ ၊ ေမာင္က အိမ္မႈကိစၥေတြလုပ္ၿပီး ေယာက္်ားပုဆိုးနားခိုစားေပါ့ ၊ မဆိုးဘူးေနာ္ ၊ ဒီအႀကံလဲေကာင္းသားပဲ ...အဟားဟား "

" ငါက အတည္ေျပာေနတာကို မင္းက ရယ္စရာထင္ေနလား "

" မဟုတ္တာကြာ .... မင္း တအားခ်စ္ဖို႔ေကာင္းလို႔ ေမာင္ အူယားေနတာ ၊ အနားသာရွိရင္ မင္းကို ကိုက္စားမိမွာဗ် "

အနားမွာ မရွိေပမဲ့ အနားမွာ ရွိသလို ခံစားရသည္ ။ လူခ်င္းေဝးေနလည္း ႏွလုံးသားခ်င္း တြယ္ဆက္ထားၿမဲ မဟုတ္လား ။

ဘုဏ္းေဇႏွင့္ ေတာ္ေတာ္ၾကာေအာင္ စကားေျပာၿပီးသည့္အခါ ရွင္းသန႔္တစ္ကိုယ္လုံး အားအင္ေတြ ျပည့္သြားသလိုပင္ ။ တစ္ခါက သူေျပာဖူးသလိုပဲ ။ သူ႔မင္းသားေလးက တကယ္စြမ္းတာ ။

ထို႔ျပင္ တကၠသိုလ္တုန္းက စာႏုယဥ္အသင္းမွာ ခင္မင္လာရသည့္ ျပည့္စုံလွ်ံႏွင့္ ေဝမႉးပိုင္တို႔လို လူသိမ်ားသည့္စုံတြဲကလည္း

" ဒီေန႔ဒီအခ်ိန္မွာေတာင္ က်ေနာ္တို႔လို လိင္တူခ်စ္ႀကိဳက္သူေတြကို သဘာဝနဲ႔ ဆန႔္က်င္သူေတြလို႔ ျမင္ေနၾကတုန္းပဲလား "

" ေယာက္်ားေလးခ်င္း ခ်စ္မိလို႔ ငရဲက်ခံရမယ္ဆိုလဲ ကိုယ္တိုင္ ေပ်ာ္ေပ်ာ္ႀကီး ငရဲကို ဆင္းသြားလိုက္မယ္ "

သည္လိုမ်ိဳး လူမႈကြန္ယက္ကတစ္ဆင့္ သူတို႔ႏွင့္အတူ  ေတာက္ေလွ်ာက္ရပ္တည္ေပးၾကသလို private message ကေနလည္း
" ကိုရွင္းသန႔္ စိတ္မညစ္နဲ႔ ၊ က်ေနာ္တို႔ အတူတူရွိတယ္ေနာ္ " ဆိုၿပီး ခြန္အားေတြေပးၾကသည္။

သည္ေတာ့လည္း ခ်စ္ခင္ရသူေတြဆီကရသည့္ ဝန္းရံအားေပးမႈေတြကလြဲၿပီး အင္တာနက္ေပၚက အျငင္းပြားမႈေတြကို လိုက္ခံစားမေနေတာ့ဖို႔ ဆုံးျဖတ္လိုက္ဖို႔ကလြဲၿပီး တျခားမရွိ ။

အခု ရွင္းသန႔္ေခါင္းထဲမွာ ရွိတာက ေနာက္ႏွစ္ရက္ဆို ဇြန္လေရာက္ေတာ့မည့္အေၾကာင္း ။ တစ္နည္းအားျဖင့္ LGBTQ+ community အတြက္ Pride Month ။

*****

ၿငိမ္းေအးသာစံၿမိဳ႕နယ္ရွိ သည္ကေန႔ အသစ္ဖြင့္လွစ္မည့္ အစိုးရျပည္သူ႔ေဆး႐ုံ အေဆာက္အဦးေရွ႕‌တြင္ မီဒီယာသမားမ်ား အလုအယက္ တိုးေဝွ႔ေနၾကသည္ ။ မီဒီယာေတြႏွင့္အတူ ျပည္သူေတြလည္း ေဆး႐ုံဖြင့္ပြဲထက္ သည္ပြဲကို တက္ေရာက္လာမည့္ ေတာ္ဝင္မိသားစုက မင္းသားဘုဏ္းဉာဏေက်ာ္ႏွင့္ မင္းသားဘုဏ္းလက္်ာေက်ာ္တို႔ကိုသာ ပိုၿပီးစိတ္ဝင္စားလ်က္ရွိၾက၏။

လက္ရွိ မင္းသားဘုဏ္းေဇယ်ာေက်ာ္ကိုသာ အိမ္ေရွ႕စံေနရာမွ ဖယ္ရွားလိုက္လွ်င္ အခုပြဲတက္လာသည့္ ေတာ္ဝင္မင္းသားႏွစ္ေယာက္ထဲက ဘယ္တစ္ေယာက္က ဆက္ခံသူေနရာ ရမလဲဆိုၿပီး ထင္ေၾကးေတြလည္းေပးေနၾကသည္ ။

မေန႔တစ္ေန႔ကအထိ ကိုယ့္စိတ္ႀကိဳက္ ထင္သလိုေနလာခဲ့ေသာ လက္်ာႏွင့္ ဉာဏတို႔မွာလည္း ျဗဳန္းစားႀကီး  တစ္ႏိုင္ငံလုံး၏ အာ႐ုံစိုက္မႈကို ခံလိုက္ၾကရသျဖင့္ မေနတတ္မထိုင္တတ္ ။ အရင္ကလည္း သည္လိုပြဲမ်ိဳးေတြဟာ ဘုဏ္းေဇပဲ တက္ခဲ့တာ မဟုတ္လား ။

" ဘုဏ္းငယ္ေၾကာင့္ ငါေတာ့ ကိုယ့္အထုပ္ကိုယ္ ျဖည္ျပရေတာ့မယ္ထင္တယ္ ၊ ေတာ္ေတာ္ေမႊတဲ့ေကာင္ "

လက္်ာ တိုးတိုးကပ္ေျပာသည့္စကားေၾကာင့္ ဉာဏ ရယ္ခ်င္ေပမဲ့ လူေတြေရွ႕မို႔ မ်က္ႏွာပိုးကို ျပန္သတ္ထားရသည္ ။

ထို႔ေနာက္ ၿမိဳ႕ေတာ္ဝန္ ၊ ေဆး႐ုံအုပ္တို႔ႏွင့္အတူ ဖဲႀကိဳးျဖတ္ကာ ေဆး႐ုံအသစ္ဖြင့္ပြဲ က်င္းပၾကၿပီး ေဆး႐ုံအတြင္း လွည့္ပတ္ၾကည့္ရႈၾကသည္ ။ တကယ္ဆို သည္ေဆး႐ုံေဆာက္လုပ္ဖို႔ ရံပုံေငြ မတည္သူက သူတို႔ညီ ဘုဏ္းေဇယ်ာေက်ာ္ပင္ ။

လက္်ာႏွင့္ဉာဏ ျပန္မည့္အခ်ိန္က် အင္တာဗ်ဳးဖို႔အသင့္ေစာင့္ေနၾကသည့္ သတင္းသမားမ်ားက သူတို႔ကို ဝိုင္းဝန္းတားဆီးထားၾကသည္ ။ အဓိက ေမးခြန္းကေတာ့

" ဆက္ခံသူေနရာသာ ရမယ္ဆိုရင္ ဘာလုပ္မလဲ " တဲ့။

လက္်ာက ဉာဏကို ေမးေငါ့ျပကာ အရင္ေျဖေစ၏။

" က်ေနာ္ကေတာ့ စိတ္မဝင္စားပါဘူးခင္ဗ်ာ  ၊ က်ေနာ္ ဘုရင္လဲ မျဖစ္ခ်င္ပါဘူး ၊ ေတာ္ဝင္မင္းသားတစ္ပါး အေနနဲ႔ နန္းတြင္းစည္းကမ္းေတြကို အထိုက္အေလ်ာက္ သင္ယူထိန္းသိမ္းၿပီး ေနခဲ့ရေပမဲ့ က်ေနာ့္အေနနဲ႔ ထီးနန္းဆက္ခံဖို႔အထိေတာ့ သင့္ေတာ္တယ္ မထင္ပါဘူး ၊ အခုအခ်ိန္ထိလဲ က်ေနာ္ ဒီႏိုင္ငံအတြက္ ဘာမွ ထိထိေရာက္ေရာက္ အက်ိဳးျပဳတာမ်ိဳး မလုပ္ေပးခဲ့ဖူးဘူး ၊ က်ေနာ့္ညီ ဘုဏ္းေဇယ်ာေက်ာ္ကသာ ငယ္ငယ္ကတည္းက သူ ေက်ာင္းမွာ ဆုရတဲ့ပိုက္ဆံကအစ လူမႈအဖြဲ႕အစည္းေတြမွာ လႉတာမ်ိဳး ၊ ျပည္သူေတြရဲ႕ အခက္အခဲကို သူ႔အခက္အခဲလို႔ ခံယူၿပီး အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးတာမ်ိဳး လုပ္ေဆာင္ခဲ့တဲ့သူပါ ၊  သူ႔တစ္ဘဝလုံး ဒီႏိုင္ငံနဲ႔ ဒီျပည္သူေတြအေပၚ ဘယ္လိုအက်ိဳးျဖစ္ထြန္းေအာင္ ကူညီေဆာင္႐ြက္ရမလဲဆိုတာကိုပဲ ေတြးၿပီးေနလာတဲ့သူပါ ၊ အခုအထိလဲ သူ ဘာအမွားမွ လုပ္မထားပါဘူး ၊ သူ႔လိုမင္းသားမ်ိဳးကို ဖယ္ၿပီး က်ေနာ့္လို ကိုယ့္အတြက္ကိုယ္ပဲေတြးၿပီး ေနလာတဲ့လူမ်ိဳးနဲ႔ အစားထိုးမယ္ဆိုတာ ျဖစ္သင့္ရဲ႕လား ေတြးၾကည့္ၾကပါဦးခင္ဗ်ာ "

ဉာဏေျဖၿပီးသြားေတာ့ လက္်ာအလွည့္ေရာက္လာသည္ ။ လက္်ာက ႐ႊတ္ေနာက္ေနာက္ေနတတ္သူမို႔ အခုလည္း သတင္းသမားေတြကိုၾကည့္ၿပီး ၿပဳံးစိစိမ်က္ႏွာေပးႏွင့္ ။

" က်ေနာ္ကေတာ့ အိမ္ေရွ႕စံေနရာေပးမယ္ဆိုလဲ ယူလိုက္မွာပါပဲ ၊ ကန႔္ကြက္ဖို႔ မရွိပါဘူး ၊ ဒါေပမဲ့ "

လက္်ာ ဆက္မေျပာဘဲ ခဏရပ္ထားသျဖင့္ ေရွ႕မွာရွိေနသည့္ လူအုပ္၏အာ႐ုံက ပိုၿပီးျမင့္တက္လာ၏ ။

" က်ေနာ့္အခ်စ္ေရးကိုလဲ ျပည္သူေတြကို ႀကိဳအသိေပးထားရဦးမယ္ ၊ တကယ္ဆို က်ေနာ့္ညီ ဘုဏ္းေဇကေလ သူ႔တစ္ဘဝလုံး အဲဒီေကာင္ေလးတစ္ေယာက္တည္းကိုပဲ ခ်စ္ဖူးၿပီး အဲဒီတစ္ေယာက္နဲ႔ပဲ သူတြဲဖူးတာ ၊ ေနာက္လဲ သူက အဲဒီတစ္ေယာက္ကိုပဲ သစၥာရွိရွိ ခ်စ္သြားမဲ့လူမ်ိဳးပဲ ၊ က်ေနာ္ကေတာ့ သူလို မဟုတ္ဘူးဗ် ၊ ရည္းစားေတြ အမ်ားႀကီး ထားဖူးတယ္ ၊ က်ေနာ့္ရည္းစားေတြထဲမွာ ေယာက္်ားေလးေရာ မိန္းကေလးေရာပါတယ္ ၊ က်ေနာ့္ဘဝလက္တြဲေဖာ္က ေယာက္်ားျဖစ္မလား မိန္းမျဖစ္မလား မသိေသးဘူး ၊ က်န္ဝာာေတာ့ မေျပာေတာ့ဘူးခင္ဗ် ၊ ဒါေလး သိထားဖို႔ပါပဲ "

ထို႔ေနာက္ ညီအစ္ကိုႏွစ္ေယာက္ မီဒီယာသမားအားလုံးကို ႏႈတ္ဆက္ၿပီး အသင့္ေစာင့္ေနသည့္ ကားေတြႏွင့္အတူ နန္းေတာ္ဆီသို႔ ျပန္လာခဲ့ၾကသည္ ။

အင္တာဗ်ဴးကိုၾကည့္ၿပီး ဘုဏ္းေဇ ေက်နပ္စြာ ၿပဳံးမိသည္။ ခမည္းေတာ္အမိန႔္ေၾကာင့္ သူ႔ကိုယ္စား ပြဲတက္ေပးခဲ့ၾကေသာ္လည္း သူ႔အတြက္ပဲ အေလးသာၿပီး ေျဖၾကားေပးခဲ့ေသာ အစ္ကိုေတြကို ေက်းဇူးတင္ရသလို  အခြင့္အေရး မယူတတ္သည့္ စိတ္ဓာတ္ေတြကိုလည္း ေလးစား၍မဆုံးပါ ။

သည္လိုဆို အိမ္ေရွ႕စံေနရာကေန သူ ဖယ္ရွားခံရလွ်င္ေတာင္ မမအတြက္ျဖစ္ဖို႔ အလားအလာ မ်ားေနၿပီ မဟုတ္လား ။

*****

အၿမဲတမ္းလို႔ ထင္ထားခဲ့တဲ့အရာေတြက
႐ုတ္တရက္ႀကီး အမွတ္တရေတြျဖစ္သြားတဲ့
ဘဝ အလွည့္အေျပာင္းမ်ိဳးကို
ေလာကဓံလို႔ ေခၚရမလား
က်မ ခံႏိုင္ရည္ရွိပါတယ္
သတိရမိတဲ့အခါ ဒီအမွတ္တရေတြကို
ထုတ္ၾကည့္ျဖစ္တာကလြဲလို႔ေပါ့ 
မ်က္ဝန္းေထာင့္စြန္းက စီးက်လာတဲ့
မ်က္ရည္စတခ်ိဳ႕ကို
တိတ္တဆိတ္ ခိုးသုတ္မိတာကလြဲလို႔ေပါ့....

မိသားစုဆိုတဲ့ အဓိပၸာယ္ဟာ
ေႏြးေထြးတဲ့ အသိုက္အၿမဳံတစ္ခုလို႔
တစ္ေလွ်ာက္လုံး မွတ္ယူလာခဲ့ၿပီးမွ
တစ္ခါတေလမွာ
ေအးစက္ေမွာင္မိုက္တဲ့ ေခ်ာက္နက္ႀကီးလဲ
ျဖစ္ႏိုင္ပါလားဆိုတာကို
ဘဝနဲ႔ရင္းၿပီး က်မသိခဲ့ရၿပီ
ဒီ့ထက္ပိုၿပီး နာက်င္ရတာမ်ိဳး
ေနာက္ထပ္ ရွိေတာ့မယ္မထင္ဘူး ....

သူတို႔က ေျပာၾကတယ္
က်မဟာ သဘာဝနဲ႔ဆန႔္က်င္သူတဲ့
က်မဟာ မ်ိဳး႐ိုးဂုဏ္သိကၡာကို က်ဆင္းေစသူတဲ့
က်မဟာ တိုင္းျပည္နဲ႔မိသားစုကို ေက်ာခိုင္းၿပီး
ႏွလုံးသားကို ေ႐ြးခ်ယ္သူတဲ့
တကယ္ေတာ့ က်မဟာ
က်မဘယ္သူဆိုတဲ့  အမွန္တရားကို
ဖုံးကြယ္မထားခ်င္သူ
လူသားတစ္‌ေယာက္အေနနဲ႔ ရသင့္တဲ့
တရားမွ်တမႈကိုသာ မ်က္ႏွာမူခဲ့သူပါ ....

က်မမွာ အိမ္အသစ္ရွိခဲ့ၿပီ
က်မမွာ မိသားစုအသစ္ ရွိခဲ့ၿပီ
က်မမွာ ေပ်ာ္႐ႊင္မႈအသစ္ေတြလဲ ရွိခဲ့ပါၿပီ
ဒါေပမဲ့ ေနရာေဟာင္းကို
သတိရလြမ္းဆြတ္မႈေတြကေတာ့
ႏွလုံးသားထဲမွာ
ပိုးကိုက္ထားတဲ့ ဒဏ္ရာတစ္ခုလို
တဆစ္ဆစ္ပါပဲ .....

ဒီေန႔ အေပါင္းအသင္းအသစ္ေတြနဲ႔
ပိုလိုကစားခဲ့ၾကတယ္
နန္းေတာ္ထဲမွာ
ဂူလီ႐ိုက္ရတုန္းကေလာက္
ေပ်ာ္စရာမေကာင္းတာ အမွန္ပဲ
ဒီက ရာဘာေဘာလုံးကို ေျမႇာက္ကိုင္ရင္း
သရက္ျမစ္ဆုံကို လုံးေနေအာင္ပြတ္ၿပီး
ထုံးရည္စိမ္ထားတဲ့ က်မတို႔ဂူလီသီးကို
လြမ္းရတာပါပဲ .....

ခမည္းေတာ္နတ္႐ြာစံၿပီတဲ့
ေနာက္ဆုံးထြက္သက္အထိေတာင္
က်မကို စြန႔္ပစ္သြားခဲ့ၿပီ
ေသခန္းေတြ တကယ္ပဲျပတ္ၾကရၿပီေပါ့ ခမည္းေတာ္ေရ ....

ဒီေန႔က က်မအခ်စ္ရဆုံးတူေဝာာ္ေလး
ထီးနန္းတက္တဲ့ေန႔ေပါ့
က်မစႏၵရားတီးတာကို သိပ္ၿပီးသေဘာက်ေသာ
က်မနဲ႔အတူ ျမင္းစီးရတာကို အင္မတန္ေပ်ာ္႐ႊင္ေသာ
က်မထြက္ခြာခဲ့ရတဲ့ေန႔မွာ
က်မကို ငိုယိုတားဆီးခဲ့ဖူးေသာ
တစ္ဦးတည္းေသာသူ
ကိုယ္တိုင္လာေရာက္ ဂုဏ္ျပဳေပးခြင့္မရေပမဲ့
အရီးေတာ္ေလးက
ငါ့တူအတြက္ ဂုဏ္ယူတယ္ေနာ္ .....

ရာသီေတြ အလီလီ ၾကာေညာင္းခဲ့ၿပီ
တျဖည္းျဖည္းနဲ႔ က်မဆံႏြယ္ေတြလဲ
မဟူရာေရာင္ကေန ေငြမင္ေရာင္ေျပာင္းခဲ့ၿပီ
က်မမ်က္ႏွာေပၚက အေရျပားလဲ
ပင့္ကူအိမ္လို အေရးအေၾကာင္းေတြ ထင္ခဲ့ၿပီ
အိမ္ျပန္လမ္းကေတာ့
က်မေရွ႕ ေရာက္မလာေသးဘူး .....

အိမ္ေရွ႕က တံခါးေခါက္သံ ၾကားတိုင္း
က်မစြန႔္ခြာခဲ့ရတဲ့ မိသားစုဆီကမ်ား
က်မထံ ပို႔လိုက္တဲ့ စာလႊာ ေရာက္လာသလားရယ္လို႔
အႀကိမ္ႀကိမ္ ေမွ်ာ္လင့္ခဲ့ဖူးပါတယ္
က်မ ဒူးေတြ ယိုင္နဲ႔လာၿပီး
တံခါးမဖြင့္ႏိုင္ေတာ့တဲ့ အခ်ိန္အထိေပါ့  ....

ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ေပမဲ့ မစုတ္မၿပဲဘဲ အေကာင္းအတိုင္း ရွိေနဆဲ မွတ္စုစာအုပ္တစ္အုပ္ထဲက  အဝါေရာင္ေျပာင္းသြားၿပီျဖစ္သည့္ စာမ်က္ႏွာတို႔ေပၚမွာ မယ္ေတာ္ႀကီး၏မ်က္ရည္တို႔က ပိုးပိုးေပါက္ေပါက္ က်ဆင္းလ်က္ ။

တစ္ခ်ိန္က သူမ နန္းေတာ္ထဲ အလည္လာတိုင္း စႏၵရားတီးျပခဲ့ေသာ အရီးေတာ္ေလး ။ သူမခင္ပြန္းျဖစ္လာမည့္ အိမ္ေရွ႕စံႏွင့္အတူ ျမင္းစီးေနေသာ ရဲရင့္ထက္ျမက္သည့္ မင္းသမီးတစ္ပါး ။ သမိုင္းမွတ္ထမ္းထဲကပါ ဖယ္ထုတ္ခံလိုက္ရသည့္ျဖစ္ရပ္ေတြ ။

ဒီမွာ ရွိသမွ် သက္ရွိသက္မဲ့အားလုံးကို ျပတ္ျပတ္သားသား ေက်ာခိုင္းသြားခဲ့သူအျဖစ္ အထင္ခံခဲ့ရေသာ အရီးေတာ္ေလးက တစ္ဘက္မွာေတာ့ အားလုံးကို သတိရေနခဲ့တာတဲ့လား ။ အိမ္ျပန္လာခ်င္ခဲ့ေပမဲ့ အိမ္ျပန္လာဖို႔ ႀကိဳဆိုဖိတ္ေခၚျခင္း မခံခဲ့ရသူ ျဖစ္ေနခဲ့တာတဲ့လား ။

အခုေတာ့ အရီးေတာ္ေလးရဲ႕စာအုပ္က အရီးေတာ္ေလးကိုယ္စား နန္းေတာ္ထဲကို ေရာက္လာခဲ့ၿပီ ။ သို႔ေပမဲ့ အခါကလည္း ေႏွာင္းခဲ့ၿပီ ။ သည္အေၾကာင္းေတြသာ သူမခင္ပြန္းမင္းႀကီး ရွိစဥ္က သိခဲ့ရလွ်င္ အရီးေတာ္ေလးအေနနဲ႔ ကိုယ့္တိုင္းကိုယ့္ျပည္မွာပဲ ျပန္ၿပီး ေခါင္းခ်ႏိုင္မည္ထင္ပါရဲ႕ေလ ။

' အရီးေတာ္ေလးရယ္ ..... '

မိသားစုကေန စြန႔္ပစ္ခံလိုက္ရသည့္  အေဘးေတာ္ေလး၏ ဒိုင္ယာရီစာအုပ္ကို ရင္မွာပိုက္ၿပီး မ်က္ရည္ေတြေတြက်ေနေသာ အဘြားျဖစ္သူကို ေပြ႕ဖက္ထားရင္း ဘုဏ္းေဒဝီေက်ာ္လည္း စိတ္မေကာင္းျဖစ္ရသည္ ။ ေဘးကရပ္ၾကည့္ေနေသာ အမႈထမ္းေတြဆီမွာလည္း မ်က္ရည္စေတြႏွင့္ ။

သမိုင္းဟာ တစ္ပတ္ျပန္လည္လာခဲ့ၿပီလား ။ ဒါမွမဟုတ္ အတိတ္က အမွားကို အမွန္ျပန္ျပင္ဖို႔ အခ်ိန္အခါ က်ေရာက္လာတာလား ။ ဘာပဲျဖစ္ျဖစ္ သူမေမာင္ေလးကိုေတာ့ ဒုတိယအေဘးေတာ္ေလး အျဖစ္မခံႏိုင္ပါ ။

" သမီးတစ္ခုေလာက္ အကူအညီေတာင္းပါရေစ ဘြားဘြားႀကီး "

မယ္ေဝာာ္ႀကီးက မ်က္ရည္ေတြၾကားကေန ေဒဝီ့ကို ေခါင္းညိတ္ျပသည္ ။

" ေမာင္ေလးကို အေဘးေတာ္ေလးလို မခံစားရေအာင္ ကူညီေပးပါေနာ္ ၊ ဒီနန္းေတာ္ထဲမွာပဲ သမီးတို႔ေရာ သူခ်စ္ရတဲ့လူေရာနဲ႔ အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနသြားႏိုင္ေအာင္ ခြင့္ျပဳေပးလိုက္ပါ ၊ ေမာင္ေလး အျပည့္အဝ ေပ်ာ္ပါေစ "

" ဘြား ခြင့္ျပဳပါတယ္ ေျမးရယ္ ၊ ဘြားေျမးေလးကို ဒုတိယအေဘးေတာ္ေလး မျဖစ္ေစရပါဘူး "

ေဒဝီ ဘြားဘြားႀကီးကို ပိုတိုးၿပီး ဖက္ထားမိသည္ ။ အမႈထမ္းေတြအားလုံးလည္း မ်က္ရည္ေတြႏွင့္အတူ ၿပဳံးေနၾက၏ ။

တမလြန္က အေဘးေတာ္ေလးလည္း ေက်နပ္လိမ့္မည္ဟု ထင္ပါသည္ ။

*****

ေပ်ာ္႐ႊင္ျခင္းဟာ
သူ႔ဆီမွာျမစ္ဖ်ားခံၿပီး
ကိုယ့္ေသြးေၾကာအႏွံ႔ လွည့္ပတ္စီးဆင္း
ခ်စ္ျခင္းေမတၱာေၾကာင့္ေတာ့
ဒီဘဝမွာ နာမက်န္းျဖစ္စရာ မရွိႏိုင္ပါ
ပြင့္ခဲ့သမွ် ဘုရားအဆူဆူကိုလည္း
တိုင္တည္ပါတယ္
ျပဳျပဳခဲ့သမွ် ေကာင္းမႈကုသိုလ္တို႔ကိုလည္း
ရည္စူးပါတယ္
ဤေမတၱာႏွင့္ သစၥာတရားမွာ
အျပစ္အနာအဆာ ကင္းစင္ၿပီး
သူ႔ထိုက္ႏွင့္ ကိုယ့္ကံျဖစ္၍
ေပ်ာ္ေပ်ာ္ပဲ စံပါ့မယ္ ။

2023၊ June

သက္တံေရာင္အလံႀကီးကို ဦးေခါင္းထက္မွာ ျဖန႔္ခင္းၿပီး သယ္ေဆာင္လာၾကသည့္ ေျမာက္မ်ားလွစြာေသာ လူအုပ္ႀကီးသည္ ၿငိမ္းေအးသာစံၿမိဳ႕ေတာ္၏ လမ္းမမ်ားမွတစ္ဆင့္ မကိုဋ္ရတနာနန္းေတာ္ရွိရာသို႔ တေ႐ြ႕ေ႐ြ႕ ခ်ီတက္လာေနၾကသည္။ ထိုလူအုပ္ထဲတြင္ LGBTQ+ အသိုင္းအဝိုင္းမွလူမ်ား ၊ ထိုအသိုင္းအဝိုင္းကို ေထာက္ခံအားေပးသူမ်ားႏွင့္အတူ အိမ္ေရွ႕စံအေပၚ ေမတၱာမပ်က္ ခ်စ္ခင္ျမတ္ႏိုးၾကသည့္ ျပည္သူေပါင္းမ်ားစြာလည္း ပါဝင္၏ ။

အဆိုပါလူအုပ္ႀကီး၏ လက္ထဲတြင္

" Happy Pride Month"

" We miss our Prince "

" We love our Prince"

" We stand with our Prince "

" Love is Love "

" LGBTQ+ rights are human rights "

" Be strong . Be brave. Be you. "

" Fight for our rights
Fight for our lives "

အစရွိသည့္ စာသားမ်ားပါေသာ ဆိုင္းဘုတ္မ်ားကိုပါ ကိုင္ေဆာင္ၿပီး ဆႏၵေဖာ္ထုတ္ေနၾကသည္ ။

နန္းၿမိဳ႕႐ိုးပတ္ပတ္လည္မွာ စု႐ုံးေရာက္ရွိၿပီး အိမ္ေရွ႕မင္းသား ဘုဏ္း‌ေဇယ်ာေက်ာ္၏ အခြင့္အေရးအတြက္ ေတာင္းဆိုေနၾကေသာ ထိုလူမ်ားထဲတြင္ သက္တံေရာင္စတစ္ကာမ်ားအျပည့္ ကပ္ထားသည့္ အလွျပယာဥ္ႀကီးတစ္စီးလည္း အပါအဝင္ ။ ထိုယာဥ္ေပၚ လိုက္ပါလာသူမ်ားထဲက တစ္စုံတစ္ေယာက္သည္ သက္တံေရာင္အလံကို ပုခုံးထက္မွာ ၿခဳံလႊမ္းထားၿပီး အျဖဴေရာင္ တီရွပ္ႏွင့္ ကာကီေရာင္ေဘာင္းဘီရွည္တို႔ကို ဝတ္ဆင္ထားသည္။

ေနာက္ၿပီး တီရွပ္ေပၚက ရင္ဘတ္တည့္တည့္မွာ လူအမ်ားျမင္သာေအာင္ ထင္ထင္လင္းလင္း တံဆိပ္႐ိုက္ထားသည့္စာက " Prince Is Mine " တဲ့ ။

" အား .... ရွင္းကကြာ ... "

အင္တာနက္ေပၚမွာ တက္လာသမွ် ရွင္းသန႔္ပုံရိပ္ေတြကို ၾကည့္ၿပီး ဘုဏ္းေဇ နန္းေတာ္အျပင္ဘက္ ေျပးထြက္သြားခ်င္လြန္း၍ မ႐ိုးမ႐ြေတြ ျဖစ္ေနရသည္ ။ 

လူအမ်ားေရွ႕ ထြက္ရတာေတြ မလုပ္ခ်င္ဘူးဆိုသည့္ ခ်စ္ရသူက အခုေတာ့ လူေပါင္းေျမာက္မ်ားစြာေရွ႕မွာ ရဲရဲဝံ့ဝံ့ထြက္ၿပီး  သူတို႔အခ်စ္အတြက္ တရားနည္းလမ္းက်က် တိုက္ယူေန၏ ။ တိတ္တိတ္ေလး ထြက္ေျပးဖို႔ ေျပာခဲ့သူျဖစ္ေပမဲ့လည္း ႏွလုံးသားကလာသည့္ အသံေတြကို တေလာကလုံးၾကားေအာင္ က်ယ္က်ယ္ေလာင္ေလာင္ ဖြင့္ျပေနသည္ ။

အၿမဲတမ္း အစြန္းႏွစ္ဘက္ကို ကိုင္ထားတတ္သည့္ ေကာင္ေလး ။ သန္မာသည္ထင္ရေပမဲ့ ၿပိဳလဲတတ္ၿပီး အားငယ္တတ္သည္ထင္ရေပမဲ့ သတၱိရွိသည္ ။

Prince Is Mine တဲ့ ။
မွန္ပါသည္ ။ ဘုဏ္းေဇယ်ာေက်ာ္ဆိုတာ ရွင္းသန႔္တည္ၾကည္အပိုင္ျဖစ္ၿပီး ရွင္းသန႔္တည္ၾကည္ဆိုတာလည္း ဘုဏ္းေဇယ်ာေက်ာ္သာ ပိုင္ဆိုင္ခြင့္ရွိသည့္ ျဖစ္တည္မႈ ။

" ၾကည့္ပါဦး ကိုဗစ္တာ .... ရွင္းက ခ်စ္ဖို႔မေကာင္းဘူးလား "

" ခ်စ္ဖို႔ေကာင္းပါတယ္ မင္းသား "

" ေကာင္းပါတယ္လို႔ပဲေျပာ ၊ ခ်စ္ဖို႔လို႔ ထည့္မေျပာနဲ႔ ၊ က်ေနာ္ပဲ ခ်စ္မွာ "

" မင္းသားႏွယ္ဗ်ာ .... "

ဆက္မေျပာေပမဲ့ ကိုဗစ္တာ့အၾကည့္ထဲမွာ သူ႔အား ပိုလြန္းရန္ေကာဆိုသည့္ အဓိပၸာယ္မ်ားႏွင့္ ။ မတတ္ႏိုင္ ။ ရွင္းသန႔္တည္ႏွင့္ပတ္သက္လွ်င္ သူတစ္ေယာက္တည္းသာ ေခၚခြင့္ ၊ ေျပာခြင့္ ၊ ပိုင္ဆိုင္ခြင့္ရခ်င္သည့္ ေလာဘက အေတာသတ္၍မွ မရဘဲေလ ။

Me Before You ဆိုသည့္႐ုပ္ရွင္ထဲက စကားကို ငွားေျပာရလွ်င္ ဘုဏ္းေဇအတြက္ ရွင္းသန႔္တည္က ေနာက္တစ္ေန႔မနက္မွာ ႏိုးထလာခ်င္သည့္ အေၾကာင္းရင္းပါ ။

#PoPoPhoenix

{  အေျခအေန ပုံမွန္ပဲဆိုရင္ေတာ့ 29ရက္ေန႔မွာ ျပန္ေတြ႕မယ္ေနာ္ ။
မင္းသားေလးအတြက္ သူ႔ခမည္းေတာ္ရဲ႕ အဆုံးအျဖတ္ပဲ က်န္ပါေတာ့တယ္ ^^ }

Continue Reading

You'll Also Like

128K 12.2K 36
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...
1.6M 87.9K 87
This is a work of fiction. Any names, characters or events are fictional.
356K 16.1K 37
"မင်းရှိတဲ့အရပ်ကိုသာမျက်နှာမူချင်တဲ့သူပါ မင်းသာ မောင့်အနားကမထွက်သွားပါနဲ့ ဘာပဲပေးဆပ်ရဆပ်ရ အဆင်ပြေတယ်ဘေဘီ" 𝐌𝐢𝐧𝐞 𝐍𝐲𝗼𝐡 𝐒𝐡𝐢𝐧+ 𝐍𝐠𝐚𝐲 𝐍𝐚𝐲...
125K 7.3K 46
အရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက...