Change For You( သူ့အတွက်သာလျှ...

By Sue_Hun_Ni

18.8K 1K 46

လူတစ်​ယောက်ကိုတစ်ကယ်ချစ်လာမိရင် အစကတော့ သူ့ကိုပိုင်ဆိုင်ချင်လိုက်မယ် ဒါပေမဲ့တဖြည်းဖြည်းနဲ့သိလာမှာက သူကို ပိုင... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26🔞
27
29
30
31
32
33
34
35
36🔞
37
38
39
40
41
42
43(Final part)
Saying Goodbye

28

309 19 0
By Sue_Hun_Ni

Unicode

ဆေးရုံ၏ထပ်ခိုးတစ်နေရာရှိ ခုံတန်းပေါ်မှာထိုင်ရင်း အပြာရောင်ကောင်းကင်ကြီးကိုမော့ကြည့်လျက်ရှိကာ ရူပ်ထွေးနေသည့်စိတ်ကို တည်ငြိမ်အောင် ကြိုးစားယူလျက်ရှိနေသည်။

"ဦး...ဧည့်သည်ရောက်နေတယ်နော် "

သူနာပြုမလေး၏ဧည်သည်ရောက်နေကြောင်းသတိပေးစကားကြောင့် ဦးဆော ဆေးပိုက်တန်းလန်းနှင့် ထိုင်နေရာမှထလျက်_

"ဧည့်သည်လား ကြည့်ရတာ နှိုင်းလေး လာလည်တယ်နဲ့တူတယ် "

မလာတာကြာပြီဖြစ်သည့် နှိုင်းအကြောင်းကို တတွေးတွေးနှင့် အခန်းရှိရာဆီသို့ဦးတည်လာချိန် တံခါးဘက်ကျောပေးရင်း ပြတင်းပေါက်၏အပြင်ဘက်သို့လှည့်ကြည့်လျက်ရှိနေသည့် အနောက်တိုင်းဝတ်စုံပြည့်နှင့် လူငယ်တစ်ဦးအားမြင်လိုက်ရသည်။

မရင်းနီးသည့်အငွေ့အသက်ကြောင့် ဦးဆော မြင်မြင်ချင်းတင် လှမ်းမေးခဲ့၏။ဦးဆော အမေးကြောင့် တစ်ဖက်လှည့်လာသည့် လူလေးက ဂုဏ်ရှိန်အပြည့်နှင့် ပြေပြစ်လှတဲ့မျက်နှာအနေအထားက ​အပြုံးမပျက်တာကြောင့် ကြည်နေလျက်။

"မတွေ့ရတာတောင်ကြာပြီနော် ဦးဆော "

"ဘယ်သူ...."

ထိုသူငယ်ကိုကြည့်ရတာ ဦးဆောကိုအရမ်းရင်းနှီးနေသလို။ဦးဆော ထိုသူငယ်ကိုချက်ချင်းမမှတ်မိပေမဲ့ ကြည့်နေရင်း ရင်းနှီးလာတာကြောင့်_

"သြော်...အကိုလေးခန့်ထားစစ်ချီပါလား "

"ဦးဆောသာ ကျွန်တော့်ကိုမမှတ်မိရင် ဝမ်းနည်းမိတော့မလို့ဗျာ "

"အကိုလေးစစ်ချီ ထူးထူးဆန်းဆန်းကြီးပါလား "

ဦးဆော ရပ်ရတာကြာပြီဖြစ်တာကြောင့် နည်းနည်းအမောဆို့လာတာနဲ့ အားမနာနိုင်တော့ဘဲ ကုတင်ပေါ်သို့ ဝင်လှဲလိုက်ပါတော့သည်။အကိုလေးစစ်ချီကလည်း ဦးဆောကို နေရအဆင်ပြေအောင် ဂရုတစိုက်ပြုပေးရှာ၏။

ထို့နောက် ခန့်ထားလည်း ဦးဆောဘေးရှိ သစ်သားခုံပေါ်သို့ထိုင်လိုက်ပြီး_

"ဦးဆော ဆေးရုံတက်ရတည်းက လာကြည့်မယ်လာကြည့်မယ်နဲ့ အလုပ်ကိစ္စတစ်ဖက်နဲ့ဆိုတော့ မလာဖြစ်တာပါ "

"ဦးဆောက ဒီတိုင်းနောက်တာပါ "

ဦးဆော၏ဖော်ရွေမူ့အောက် ခန့်ထားတစ်ချက်ပြုံးလိုက်သည်။ထို့နောက် အသေအချာသိချင်သည့် မျက်ဝန်းများနှင့်ဦးဆောအား သိချင်တာမေးခဲ့သည်။

"အက္ခ ဒီကိုမကြာခဏလာဖြစ်လား ဦးဆော "

"အရင်ကတော့ ခဏခဏဘဲ၊အခုတော့ မလာဖြစ်တာကြာပြီ အကိုလေး "

"ခန့်ထားလို့ဘဲခေါ်ပါ ဦးဆော၊မရင်းနှီးတဲ့သူတွေလည်းမဟုတ်ဘဲနဲ့ "

"အလိုလေး မခေါ်ပါရစေနဲ့ အကိုလေးတပ်ခေါ်ပါရစေ "

"ဒါဆိုလည်း ဦးဆောသဘောပါဗျာ "

"ဒါနဲ့ ...နှိုင်းအကြောင်း ဘာလို့မေးတာလဲ "

"သြော်...​အရင်လအန်တီအမာရာရဲ့ နှစ်ပတ်လည်တုန်းက အဲ့နေက အရင်လိုဦးဆောတူတူပါမလာတော့ အက္ခပွဲကြမ်းခဲ့သေးတယ် "

"ဟေ...ထင်တယ်၊ထင်တယ် အမာရာလေးကိုအားနာစရာတွေဖြစ်ကုန်ပြီ "

ခန့်ထားထင်သလို ဦးဆောက ဖောဖော်ရွေရွေသာရှိပေမဲ့ နှိုင်းတို့သားအမိလောက်ယှဥ်လျှင် ခန့်ထားတို့အပေါ် ပူပန်မူ့ဆိုတာမရှိ။အခုလည်း အသက်ရှင်လျက်ရှိနေသေးသည့်သူအပေါ် အားနာရမှန်းမသိဘဲ သေသူတစ်ယောက်အပေါ်ကိုသာ အားနာနေသည်တဲ့လေ။

ခန့်ထားစိတ်ထဲမကျေနပ်ပေမဲ့ နှုတ်ခမ်းကတော့ အပြုံးမပျက်ခဲ့ဘဲ။

"အဲ့နေ့ကတည်းက အက္ခနဲ့မတွေ့ဖြစ်တော့လို့ အက္ခအဆင်ပြေနေရဲ့လားသိချင်တာနဲ့ ဦးဆောကိုလာမေးတာပါ "

"သြော်...အဲ့လိုကို၊အင်း...ဦးဆော ဆီကိုလည်း နှိုင်းမရောက်တာကြာပြီ အကိုလေးရဲ့၊ဒါပေမဲ့ နှိုင်းသေချာပေါက်အဆင်ပြေနေမှာပါ၊နှိုင်းက သန်မာတယ်လေ "

"ဒါပေါ့ "

ခန့်ထားနှင့် ဦးဆောနှစ်ယောက် မျက်လုံးချင်းဆုံလျက်ရှိနေကြ၏။နှစ်ယောက်လုံးက အပြင်ပန်းကအပြုံးမပျက်ပေမဲ့ စိတ်ထဲမှာတော့ ဒါဟာဟန်ဆောင်ထားမှန်းသာဖြစ်ကြမှန်း ရိပ်မိနေကြလေသည်။

"ဒါနဲ့ အက္ခမှာချစ်သူတွေဘာတွေကော ရှိနေပြီလား "

"အဲ့တာကတော့ ရှိလောက်မယ်ထင်တာပါဘဲ၊အကိုလေးရယ်...အကိုလေးစစ်ချီလည်း သိရဲ့သားနဲ့ နှိုင်းက ရည်းစားမထားဘဲမနေတတ်တာကို သူ့ကိုကြည့်လိုက်တိုင်း အမြဲကောင်မလေးနဲ့လေ "

"ကောင်လေးကော....ရှိလား "

"ဟင် "

ဦးဆော အကိုလေးစစ်ချီမေးသည့်မေးခွန်းသဘောကိုနားမလည်လိုက်တာကြောင့် ပြန်ဖြေဖို့ခက်နေသည်။

ဦးဆော၏နားမလည်သလိုတုံ့ပြန်လာသည့် အပြုအမူကြောင့် ခန့်ထားပြုံးလိုက်သည်။

"ဟားဟား...စတာပါ အဲ့မေးခွန်းကို ကျွန်တော် မမေးခဲ့ဘူးလို့ဘဲ သဘောထားလိုက်နော် "

ဦးဆောဘက်က ဘာမှပြန်မတုံ့ပြန်ရသေးပေမဲ့ ခန့်ထားကဘဲဆက်ပြီး_

"အလုပ်ကိစ္စလည်းရှိသေးလို့ သွားလိုက်ပါအုံးမယ် "

"ဟုတ်ကဲ့ နောက်လည်းလာလည်ပါအုံးနော် အကိုလေး "

"ဟုတ်ကဲ့...ဦးဆော ဆေးရုံစရိတ်စိတ်မပူပါနဲ့နော် ကျွန်တော်နဲ့အဖေက ထောက်ပံ့ပေးထားပါတာမို့  ကျန်းမာရေးသာဂရုစိုက်ပါ။ဒါဆို...သွားခွင့်ပြုပါအုံး"

ဦးဆောကိုနူတ်ဆက်ပြီး ထွက်လာတော့ အခန်းထဲသို့ဝင်လာသည့် ဆရာဝန်တစ်ဦးနှင့်တိုးသည်။ထိုသူကခန့်ထားကိုပြုံးပြတာကြောင့် ခန့်ထားလည်း ပြန်ပြုံးပြခဲ့ရင်း ထိုနေရာမှ ထွက်လာတော့၏။

"ခဏကလူငယ်လေးက ဦးဆောရဲ့အသိလား "

"ဟုတ်တယ် ဒေါက်တာသက်ပိုင်၊တစ်ချိန်က ကျွန်တော့်ရဲ့အကိုလေးလေ...အင်း အခုချိန်ထိလို့ပြောရမှာပေါ့ "

"ဟုတ်လား ဒါဆို အဲ့လူငယ်လေးက နှိုင်းအက္ခယှဥ်ရဲ့မိသားစုဝင်ပေါ့ "

"မိသားစုဝင်ရယ်လို့မဟုတ်ပါဘူး ဒီတိုင်း...."

ဦးဆောက ဆက်မပြောဘဲ အသံကသိမ်ဝင်သွားတာကြောင့် ဒေါက်တာသက်ပိုင် ဦးဆောနှင့်ပတ်သတ်သည့် ဆေးမှတ်တမ်းများစစ်ပြီးသည်နှင့် အနားသို့ဝင်ထိုင်လိုက်ပြီး_

"ဘာဖြစ်တာလဲ ဦးဆော ကြည့်ရတာမွန်းကြပ်နေသလိုဘဲ "

"ဟုတ်တယ် ဒေါက်တာ ရင်ထဲမှာကြပ်ထုတ်ထုတ်နဲ့ နေရခက်နေတယ် "

"ဒါဆို ဦးဆောရင်ထဲမှာ ပြောပြချင်နေတဲ့အကြောင်းအရာတစ်ခုကို မပြောမိစေဖို့ အတင်းဖိအားပေးထားလို့နဲ့တူတယ်။...ကဲပါ...နေရသက်သာသွားအောင် ကျွန်တော့်ဆီရင်ဖွင့်လှည့် "

"မဖြစ်ပါဘူး ဒေါက်တာသက်ပိုင် "

"ဖြစ်ပါတယ် ဆရာဝန်နဲ့လူနာကြားကလျှိုဝှက်ချက် ဘယ်သူမှပြန်မပေါက်ကြားစေရဘူး ကတိပေးတယ်၊အဓိကက လူနာရဲ့စိတ်ထဲ နေရထိုင်ရကောင်းဖို့အရေးကြီးတယ်လေ "

ဒေါက်တာသက်ပိုင်ခန့်မှန်းသလို ဦးဆောစိတ်ထဲ ဒီမိသားစုအကြောင်းကို ရင်ဖွင့်ပြောပြချင်နေသည်မှာ မွန်းကြပ်လွန်းနေ၏။

ဒေါက်တာသက်ပိုင်က အားပေးတာကတစ်ကြောင်း၊ဦးဆောကိုယ်တိုင်ကလည်း ရင်ဖွင့်ချင်နေတာက တစ်ကြောင်းကြောင့် ဦးဆောသည် ဒေါက်တာသက်ပိုင်ကို ယုံကြည်လျက် ဦးဆော ကြုံခဲ့ရသည့် သက်တမ်းတစ်လျှောက်လုံးကို ပုံပြင်သဖွယ် ဒေါက်တာသက်ပိုင်အားပြောပြခဲ့ပါတော့သည်။

ဒေါက်တာသက်ပိုင်လည်း ဆရာဝန်ကောင်းတစ်ယောက်ပီပီ ကိုယ့်လူနာ စိတ်ချမ်းသာဖို့ သူပြောသမျှနားထောင်ပေးရန် အဆင်သင့်ပင်။

လွန်ခဲ့သော နှစ်သုံးဆယ်ကျော်ခန့်ကပင်။

ဦးဆောသည် အခုလိုအိပ်ရာထဲလဲနေသည့်လူမဟုတ်ဘဲ သန်သန်မာမာထွားထွားကျိုင်းကျိုင်းနှင့် ဦးသုတယှဥ်၏အားကိုးရာ သက်တော်စောင့်တစ်ယောက်ဖြစ်ခဲ့သည်။

ဦးသုတယှဥ်၏သက်တော်စောင့်ဟုဆိုသည့်အလား ဦးဆောသည် ဦးသုတယှဥ် ဘယ်သွားသွား ထက်ကြပ်မကွာလိုက်ပါစောင့်ရှောက်နေရသည့် အရိပ်တစ်ခုလိုပင်ဖြစ်သည်။

ဦးသုတယှဥ်ငယ်ရွယ်တုန်းကအချိန်သည် ယခုခန့်ထားစစ်ချီနှင့် အသွင်တူသည်ဟုဆိုရပေမည်။

အသက်သုံးဆယ်ရှိပြီဖြစ်ပေမဲ့ အချစ်ရေးဘက်စိတ်မဝင်စားခဲ့ဘဲ စီးပွားရေးဘက်ကိုသာ အာရုံထွေပြားနေသော လူငယ်ဦးသုတယှဥ်က တစ်နေ့မှာတော့ ပန်းရောင်းသည့် ကောင်မလေးတစ်ယောက်ကို ချစ်မိခဲ့သည်။ထိုသူက လက်ရှိ ခန့်ထားစစ်ချီ၏မိခင် ဒေါ်ဝင့်နေချီပင်။

ကားရပ်သည်နှင့်အနားသို့ပြေးလာပြီး ပန်းအတင်းထိုးရောင်းတတ်သည့် ဒေါ်ဝင့်နေချီသည် ဦးသုတ၏နှလုံးသားကိုပါ အပါယူသွားနိုင်ခဲ့သည်။

ဒေါ်ဝင့်နေချီအပေါ်ချစ်ကျွမ်းဝင်မည့်သည့် ဦးသုတယှဥ်တစ်ယောက် ထိုနေ့မှစ နေ့တိုင်း အကြောင်းမရှိ ထိုပန်းရောင်းသည့်နေရာသို့သွားပြီး ပန်းရောင်းသည့်ကောင်မလေးကို သွားရောက်ခိုးခိုးကြည့်လျက်ရှိသည်။ဒါကို သတိထားမိသွားသည့် ဒေါ်ဝင့်နေချီကလည်း ဥစ္စာပေါရုပ်ချောဖြစ်သည့် ဦးသုတယှဥ်လိုလူတစ်ယောက်အပေါ် မေတ္တာမမျှဘဲ ဘယ်နေနိုင်မည်နည်း။ဒီလိုနှင့် သူတို့နှစ်ဦး ချစ်သူဖြစ်သွားသည့်အချိန်မှစ ဦးသုတယှဥ်က အလုပ်တွေကိုပစ်ပြီး ဒေါ်ဝင့်နေချီအပေါ်ကိုသာ အချိန်ပေးဖြစ်တော့ပါသည်။

ဥိးသုတသည်ဒေါ်ဝင့်နေချီအပေါ် တကယ်အချစ်စစ်တစ်ခုနှင့်နှလုံးသားတစ်ခုလုံးပုံအပ်သည်အထိ ချစ်ခဲ့ပါသည်။

တစ်နေ့တွင် အလုပ်အပေါ်ပျက်ကွက်လာသည်ကို ရိပ်မိလာကြသော ဦးသုတ၏မိဘများသည် ဦးသုတ၏လုပ်ရပ်များကို မိပြီး ဒေါသထွက်စွာ ဦးသုတအား ဒိတ်ဒိတ်ကျဲသူဋ္ဌေးသမီးတစ်ယောက်နှင့် အမြန်ဆုံးလတ်ဆက်ပေးလိုက်၏။ထိုသူက နှိုင်းအက္ခယှဥ်၏မိခင် အမာရာနှိုင်းပင်ဖြစ်လေသည်။

အမာရာနှိုင်းနှင့်ဦးသုတယှဥ်တို့နှစ်ဦးသားက တစ်ယောက်အပေါ်တစ်ယောက်မေတ္တာမရှိကြပေမဲ့ မိဘများ၏ဖိအားပေးမူ့​ကြောင့် လက်ထက်ထိမ်းမြှားခဲ့လိုက်ကြရသည်။

ထိုအချိန်မှစ ဦးဆောသည် ဦးသုတယှဥ်၏သက်တော်စောင့်မှ အမာရာနှိုင်းလေး၏သက်တော်စောင့်​ဖြစ်လာပြီး အချိန်အများစုကို အမာရာ၏အနားမှာတင် နေရတော့သည်။

အမာရာလေးသည် သူဋ္ဌေးသမီးပီပီမောက်မာပြီး သူမထက်ရာထူးနိမ့်သူတွေအပေါ်မချေမငံ့နှင့်ဆက်ဆံတတ်ကာ ထိုအပြုအမူကြောင့် ဦးသုတဘက်က အမာရာလေးအပေါ် မုန်းတီးရုံမှအပ မေတ္တာမပွားနိုင်ခဲ့။

ဦးဆောလည်း အစောပိုင်းလောက်ထိ အမာရာရဲ့လူတွေအပေါ်ဖိနှိပ်ချဆက်ဆံတတ်သည့်အပြုအမူကြောင့် သဘောမကျပေမဲ့ အချိန်ကြာ အနားမှာရှိလာသည်နှင့်အမျှ အမာရာ ထိုကဲ့သို့ဆိုးနေရခြင်းအကြောင်းရင်းမှာ ငယ်စဥ်ဘဝတည်းက မေတ္တာငတ်နေခဲ့ရသောကြောင့်ဖြစ်သည်ကို ရိပ်မိလာသည်နှင့် ဦးဆောလည်း အမာရာလေးအပေါ် မမုန်းရက်တော့ဘဲ ရှိတော့သည်။

အမာရာလေးဆိုးသမျှအပေါ် သည်းခံပြီး အကိုရင်းတစ်ယောက်လို ချစ်ပေးတော့ အမာရာလေးလည်း ဦးဆောအပေါ် ခင်တွယ်လာသည်။

ဦးဆော အမာရာလေးအပေါ် သည်းခံနိုင်သလောက် သည်းမခံပေးနိုင်သည့် ဦးသုတယှဥ်သည် အမာရာလေးနှင့်ပေါင်းသင်းပြီးပါလျက် ဒေါ်ဝင့်နေချီထံ့သို့မကြာမကြာသွားလေ့ရှိသေးသည်။ဒီကိစ္စကိုတော့ ဦးဆော အမာရာသိပြီးစိတ်မကောင်းဖြစ်မည်စိုး၍ အမာရာလေး မသိအောင်လျှိုဝှက်ထားခဲ့၏။

"ကိုသုတက အလုပ်ကိစ္စနဲ့ခရီးတွေ ထွက်ရပြန်ပြီ၊အမြဲတမ်း အမာရာကိုတစ်ယောက်တည်းချန်ထားတာ မကောင်းဘူး "

"ဒီတစ်ခေါက်တော့ စောစောပြန်လာမယ်ပြောတာဘဲ မမလေးအမာရာ "

"အဲ့လိုဘဲ အမြဲပြောခဲ့တာဘဲ၊ထားလိုက်ပါ သူပြန်လာချင်လာမလာချင်နေ သူ့သဘောဘဲ သူရှိနေလည်း အမာရာတို့ တစ်ယောက်နဲ့တစ်ယောက် စကားများနေကြရုံဘဲကို အခုလိုသူမရှိတာတောင်ကောင်းသေးတယ် "

အမာရာလေးက အပြင်ပိုင်းကြည့်ရတာသာသန်မာပေမဲ့ အတွင်းနှလုံးသားထဲမှာတော့ ဒဏ်ရာတွေနဲ့ပြည့်နေမှန်း ဦးဆောတစ်ယောက်တည်းသာ ရိပ်မိပေလိမ့်မည်။

ဦးဆောလည်းဖြစ်နိုင်လျှင် အမာရာလေးကိုစိတ်မဆင်းရဲစေချင်။ကိုယ်အတတ်နိုင်ဆုံးဘက်ကနေ ကူညီပေးချင်မိတာကြောင့် ဦးဆောသည် အမာရာနှိုင်းနဲ့ဦးသုတယှဥ်တို့၏အိမ်ထောင်ရေးသာယာဖို့အတွက် အကြံတစ်ခုစဥ်းစားမိလိုက်သည်။

"ကျွန်တော်အကြံတစ်ခုရလို့ မမလေး "

"ဘာအကြံလဲ "

"သခင်လေးသုတနဲ့မမလေးတို့ ရင်သွေးလေးယူလိုက်ပါလား။ကလေးသာရှိလာရင် သခင်လေးသုတက မမလေးအပေါ်ပိုပြီး မေတ္တာရှိလာနိုင်တယ် ပြီးတော့ မမလေးနဲ့ကလေးအပေါ်ကိုလည်း အခုချိန်ထက် အချိန်အများကြီး ပိုပေးလာမယ်ထင်တယ်ဗျ "

ဦးဆော၏ အကြံပေးချက်အပေါ် အမာရာတစ်ယောက်အလေးအနက်စဥ်းစားလျက်ရှိသည်။

အမာရာက ဦးသုတသူမအပေါ်ချစ်လာဖို့ကိုမမျှော်လင့်။သူမလိုချင်တာက ပတ်ဝန်းကျင်ရဲ့အထင်ကြီးလေးစားမူ့ပင်။

ငယ်စဥ်ကတည်းက တစ်ပါးလူ၏ပါးစပ်ဖြားတိုင်းမှာ အားကျချီးမွှမ်းခြင်းကိုခံနေရသော အမာရာသည် အိမ်ထောင်ရေးမှာလည်း ထိုနည်းတူ လူအများ၏အားကျခြင်းကိုလိုချင်သည်။

အမာရာလို့ပြောလိုက်သည်နှင့် ရွှေပုံပေါ်မှာဘဲကြီးပြင်းလာရသည့်လိုတရမိန်းကလေး၊ယောကျာ်းက သည်းသည်းလူပ်ချစ်ပြီးအလိုလိုက်ခံရသည့် မိန်းကလေး စသည့်ဂုဏ်ပုဒ်များနှင့်သာ တပ်မှတ်စေချင်၏။

ဒါကြောင့် အမာရာဆုံးဖြတ်လိုက်ပါသည်။ယိုင်ချင်နေသည့် အိမ်ထောင်ရေးအပေါ် ခိုင်မြဲသွားအောင် ဦးဆော ပေးသည့်အကြံအားအသုံးချတော့မည်ဟူ၍ပင်။

ခင်ပွန်းဖြစ်သူပြန်လာသည့်နေ့တွင်မှာတင် အမာရာတစ်ယောက် သူမ၏အကြံအစည်ကိုအကောင်အထည်ဖော်ဖို့ပြင်ပါတော့သည်။သေချာပေါက် ခင်ပွန်းဖြစ်သူသဘောမတူမှာကိုကြိုသိနေတာတာကြောင့် ကျွမ်းကျင်ဆရာဝန်၏အကူအညီနှင့် ခင်ပွန်းဖြစ်သူ သူမအပေါ် လိင်စိတ်မတိမ်းညွှန့်လာရမနေနိုင်အောင် ပြုလုပ်နိုင်ခဲ့ပါသည်။

အကြံအတိုင်း ကိုယ်ဝန်ချက်ချင်းရခဲ့သည်။

အမာရာတစ်ယောက် ရင်သွေးလေးလွယ်ရပြီကိုသိလျှင် တလောကလုံး ပျော်ရွှင်ချီးကျူးကခုန်ကာအောင်ပွဲခံခဲ့ပေမဲ့ ထိုထဲမှာတော့ ဦးသုတမပါခဲ့။

ဦးသုတသည် အမာရာကိုယ်ဝန်လွယ်ထားရသည့်အချိန်မှစ ချစ်ရသူဆီသွားဖို့ခက်ခဲရပါတော့သည်။မိဘဆွေမျိုးတိုင်းက ကိုယ်ဝန်လွယ်ထားရသည့် မိန်းမဖြစ်သူအနားမှာသာ အချိန်ပြည့်နေခိုင်းခဲ့တာကြောင့် ဦးသုတ စိတ်ထဲမပါပေမဲ့ အမာရာလေးအနားမှာသာ အချိန်ပြည့်အဖော်ပြုပေးရင်းဂရုစိုက်ရတော့၏။

ဦးဆောပေးသည့်အကြံနှင့် အဆင်ပြေလာသော အမာရာနှိုင်းအတွက် ဒါက ကျေနပ်မူ့တစ်ခုပင်။

အမာရာလေးသည် ဦးသုတအတွက် သားလေးတစ်ယောက်မွေးပေးနိုင်ခဲ့သည်။သူမအသွေးအသားနှင့်လွယ်ထားရသောကြောင့် သားလေး၏ထိပ်ဆုံးအမည်မှာ သူမနာမည်မဲ့ဖို့အဓိက၊ဒါ့အပြင် ဦးသုတ၏နှလုံးသားကိုအပိုင်ယူဖို့ သူ၏မျိုးရိုးနာမည်ထည့်ပေးဖို့ကလည်း မမေ့မပျောက်ပေါ့။

သားလေးမွေးပြီးရက်အနည်းငယ်မှာဘဲ ကင်းပွန်းတပ်အမည်နာမပေးပွဲမှာ သားလေးကိုပေးဖြစ်ခဲ့တဲ့နာမည်က 'နှိုင်းအက္ခယှဥ်'။

ဦးသုတသည် သူ၏သားလေးမွေးပြီးသည်နှင့် အရင်ကထပ်ပိုပြီး အမာရာတို့အပေါ် အချိန်ပိုပေးဖြစ်လာခဲ့သည်။

အတိတ်တုန်းကလို အလုပ်ကိစ္စနဲ့ခရီးခဏခဏထွက်တာမျိုးမရှိတော့ဘဲ၊ရုံးဆင်းသည်နှင့်ချက်ချင်းဆိုပင် သားလေးဆီသို့အမြန်ပြန်လာပြီး သားလေးနှင့်အတူဆော့ကစားပေးတတ်သည်။ဒီလိုကိစ္စတွေကြောင့်နဲ့ဘဲ အမာရာတစ်ယောက် အိမ်ထောင်ရေးမှာပါ ကံကောင်းပြီလာဟု ထင်မှတ်မိခဲ့၏။ဒါပေမဲ့ အမာရာတစ်ယောက် ကောက်ချက်ချစောလွန်းသွားခဲ့ပါသည်။

သားလေးငါးနှစ်အရွယ်တွင် အမာရာသည် ပြန်ပြီးပြောင်းလဲနေပြီဖြစ်သည့် ဦးသုတကြောင့် သစ္စာဖောက်ခံလိုက်ရပြီမှန်း တဖြည်းဖြည်းရိပ်မိလာခဲ့သည်။

"ရှင်အခုချက်ချင်းဒီကိစ္စကိုရှင်း...ရှင် ကျွန်မမသိအောင် နောက်ကွယ်မှာ ဖောက်ပြန်နေတာမလား "

သားလေးကို အပြင်ခေါ်လည်ပြီး အိမ်ပြန်ရောက်ရောက်ခြင်းတွင် လူရှေ့ပစ္စည်းများပစ်ပေါက်လာပြီး ဒေါသထွက်စွာ မေးလာသည့် အမာရာကြောင့် သားလေးလည်း လန့်ပြီး ရှိုက်ကြီးတငင်ငိုတော့၏။

"အမာရာ ကလေးကိုအားနာအုံး၊ဘာလို့ စကားကိုအေးဆေးမပြောတတ်ရတာလဲ ဟမ် "

"ဒီကိစ္စက စကားအေးဆေးပြောရမဲ့ကိစ္စလား ရှင်ဖောက်ပြန်နေတဲ့ကိစ္စကိုလေ "

"အစ်ကိုကြီးဆော ကျေးဇူးပြုပြီး သားလေးကိုဒီကခေါ်သွားပေးပါလား "

"ဟုတ်ကဲ့ပါသခင်လေး "

ဦးဆောလည်း မြင်နေရသည့်အခြေအနေကို ဝင်ထိန်းပေးချင်ပေမဲ့ ကလေးတစ်ဖက်နဲ့မို့ ကလေးကိုချီမပြီး ကားပေါ်သို့ပြန်ထွက်လာခဲ့ရသည်။

ဦးဆောထွက်သွားသည်နှင့် အမာရာသည် ဦးသုတအနားသို့ရောက်လာပြီး ဦးသုတ၏ပါးကိုခပ်ကြမ်းကြမ်းတစ်ချက်ချလျက်_

"ပြောစမ်းပါအုံး...ရှင်အငယ်အနှောင်းထားရတာသိပ်ကြိုက်လား "

"မင်းမှားနေပြီအမာရာ "

"ဘာမှားရမှာလဲ ရှင်အဲ့မိန်းမနဲ့တူတူရှိနေတာကို ကျွန်မမျက်စိနဲ့ကိုယ်တိုင်တပ်အပ်မြင်ခဲ့တာ၊ဘာလိမ်အုံးမှာလဲ ဘယ်လိုဆင်ခြင်တွေပေးအုံးမှာလဲ အဲ့လူတကာနဲ့ပက်အိပ်နေတဲ့အပျက်မအပေါ် ဘယ်လိုကာ_"

*ဖြောင်း*

အမာရာ၏ပါးပြင်ပေါ်သို့ကျရောက်လာသည့် လက်တစ်စုံကြောင့် အမာရာ၏ပါးတစ်ဖက်သည်ပူထူသွား၏။

ဦးသုတသည် အမျက်ထွက်စွာဖြင့်_

"သူ့ကိုအပျက်မလို့ မစော်ကားနဲ့ အမာရာ "

"ဟက်*ရှင်က ရှင့်မယားငယ်ကိုထိတော့ ကျွန်မအပေါ်တောင် လက်ပါရဲနေပြီပေါ့ "

"မင်းမှားနေပြီအမာရာ မင်းမှားနေပြီ၊တကယ်တမ်း မင်းကသာ ငါ့ရဲ့မယားငယ်သိလား...မင်းကသာ ငါ့ရဲ့အပျော်တွဲအငယ်နှောင်း ငါကမင်းကို မိဘတွေရဲ့ဖိအားတစ်ခုကြောင့်နဲ့လက်ထပ်ခဲ့တာ၊ငါသာ စိတ်ရှိရင် မင်းကို အခုချက်ချင်းဖြတ်ပစ်လို့ရတယ် သိလား"

ဦးသုတ၏ပေါက်ကွဲသံကိုကြားပြီး အမာရာတစ်ယောက် ဆွံ့အသွားခဲ့သည်။

သူမသည် ခေါင်းကိုအတင်းခါယမ်းလျက်ရှိကာ_

"မဟုတ်ဘူး...မဟုတ်ဘူး၊ကျွန်မကသာ ရှင့်ရဲ့တရားဝင်ဇနီး ကျွန်မကသာရှင့်ကိုတရားဝင်ပိုင်ဆိုင်သူ "

"အင်းပေါ့...စာချုပ်အရတော့ မင်းငါ့ကိုပိုင်တာပေါ့ ဒါမဲ့ခန္ဓာအရကောနှလုံးသားအရပါ မင်းကမသက်ဆိုင်တဲ့လူဘဲ...။...တော်ပါပြီကွာ ငါနဲ့မင်းအခုချက်ချင်းကွာရှင်းကြတာပေါ့ မင်းကိုသည်းခံပြီးပေါင်းနေရတာ ငါလည်းကြာလာတော့ ဆက်သည်းခံနိုင်စွမ်းမရှိတော့ဘူး "

"ဟင့်အင်း မကွာပေးနိုင်ဘူး၊ရှင့်ကြောင့်နဲ့ကျွန်မရဲ့ဂုဏ်သိက္ခာတွေကို မပျက်စီးစေနိုင်ဘူး "

"အဲ့ဒီဂုဏ်သိက္ခာတွေစည်းစိမ်တွေမှာဘဲနှစ်မြောနေလိုက်တော့ အမာရာ...။ငါက မင်းကိုအရင်ကလည်းမချစ်ခဲ့သလို အခုကောနှောင်ကော ဘယ်တော့မှ ချစ်လာနိုင်မှာမဟုတ်လို့ ဒီလောက်နဲ့ဘဲ တော်ကြတာပေါ့"

"ဟင့်အင်း....ဟင့်အင်း...။ရှင်...မသွားရဘူး၊ရှင်...ကျွန်မကို မပစ်သွားရဘူး "

ဦးသုတသည် အမာရာ၏စကားကိုတောင် နားမထောင်တော့ဘဲ ထိုနေရာမှ ဒေါသနှင့်လှည့်ထွက်သွားပါတော့သည်။

အမာရာသည် လှည့်ထွက်သွားသည့် ခင်ပွန်းဖြစ်သူကို လိုက်လံတားဆီးနိုင်စွမ်းမရှိတော့။သူမရင်ထဲ နာကျည်းမူ့တွေ ပူလောင်မူ့တွေသာပြည့်ညှပ်နေတော့သည်။

"မမလေး...မမလေးအမာရာ...."

ထိုအချိန်အနားသို့ရောက်လာသည့် ဦးဆောက သူမ၏ကလေးကို လက်တစ်ဖက်မှ ပွေ့ထားလျက် သူမအားစိတ်ပူစွာ ကြည့်နေခဲ့သည်။

"အစ်ကို...အစ်ကို...."

သူမ မျက်ရည်ကျချင်ပေမဲ့ သားဖြစ်သူ၏မျက်နှာကိုမြင်လိုက်ချိန်တွင် ချက်ချင်းဘဲ ပြန်တည်သွားကာ ဦးဆောထံမှ သားဖြစ်သူကို ပြန်ပွေ့လိုက်ပြီး အတန်ကြာသည်အထိ ရင်ခွင်ထဲထည့်ပိုက်ထားလျက်ရှိနေခဲ့ကာ_

"အစ်ကို...သားလေးကိုစောင့်ရှောက်ပေးပါ၊သားလေးအနားမှာဘဲ အမြဲနေပေးပါနော် "

ရုတ်တရက် တောင်းဆိုလာသည့် အမာရာလေးက ရုပ်တည်နှင့်ရှိနေတာကြောင့် အမာရာ၏ခံစားချက်များကို ဦးဆော မဖတ်နိုင်တော့ပါ။အခုပြောသည့်စကားများကိုလည်း သာမာန်စကားတစ်ခုအဖြစ်သာထင်ခဲ့ပြီး ခေါင်းညိတ်လျက် ကတိအထပ်ထပ်ပေးလိုက်မိသည်။

"အစ်ကို ကတိပေးပါတယ် မမလေး "

ထို့နောက် အမာရာသည် ဦးဆောကိုပြုံးပြလျက်_

"အမာရာတို့ပင်ပန်းသလိုဖြစ်နေလို့ ခဏအိပ်ရာဝင်အုံးမယ်နော်...အစ်ကိုလည်း ပြန်တော့လေ "

အမာရာဘာတွေကြံစည်နေသည်ကို ဦးဆောနားမလည်တော့ပါ။

အမာရာပုံစံကိုကြည့်ရတာလည်း အဆင်ပြေနေသလိုရှိနေတာကြောင့် ဦးဆောလည်း လွှတ်ထားပေးလိုက်မိသည်။

အမာရာသည် သားဖြစ်သူကို ရင်ခွင်ထဲမှပိုက်ထားရင်း အခန်းရှိရာဆီသို့ထွက်လာခဲ့တော့သည်။

ထို့နောက် သူမသည်သားလေးကိုကြမ်းပေါ်တွင် ထိုင်စေပြီး အဝတ်ဗီဒီုထဲမှ အလှဆုံးသော ဂါဝန်တစ်ထည်ကို ယူဝတ်ကာ မျက်ရည်ကြောင့်ပျက်စီးသွားသည့် မိတ်ကပ်များကိုဖျက်ပြီး လှလှပပလေးပြန်ပြင်ဆင်လျက် ရှိသည်။သားဖြစ်သူနှိုင်းကတော့ သူမလုပ်သမျှကို မျက်တောင်မခတ်တမ်းလိုက်ကြည့်နေရှာ၏။

"သားလေး နှိုင်း "

"မေမေ "

နှိုင်းလေးသည် အသက်ငါးနှစ်အရွယ်သာရှိသေးပေမဲ့ အကုန်နားလည်သိတတ်နေပြီးစကားကောင်းကောင်းပြောတတ်နေပြီဖြစ်သည့် ကလေးတစ်ယောက်ဖြစ်နေပြီဖြစ်၏။

အမာရာသည် အံဆွဲမှ ကင်မရာတစ်လုံးကိုယူလျက် ရုပ်သံဖမ်းကာ_

"နှိုင်းလေး မေမေပြောတာနားထောင်နော်၊သား အရွယ်ရောက်လာရင် သားအဖေပိုင်တာမှန်သမျှ အကုန်ဖျက်စီးနိုင်ရမယ် အထူးသဖြင့် သားအဖေမြတ်နိုးတဲ့အရာတွေ ပြီးတော့ သားဘယ်နေရာရောက်ရောက် သူများထက်သာအောင်လုပ်ရမယ် ဒါမှ သားလေးအပေါ်ဘယ်သူမှ လက်ညှိုးထိုး မနှိမ်ရဲမှာ သိလား "

"ဟုတ်...မေမေ "

နှိုင်းကိုကြည့်ရတာ နားမလည်ပေမဲ့ မေမေ့ကိုစိတ်ဆိုးအောင်မလုပ်ချင်တာကြောင့် နားလည်ယောင်ဆောင်နေပုံပေါ်နေ၏။ဒါကိုအမာရာ သိပေမဲ့ သိပ်အမူမထားခဲ့။ဘာလို့လဲဆိုတော့ သူမသားနားလည်နိုင်တဲ့အရွယ်မှာ ပြန်ကြည့်နိုင်ဖို့ record ယူထားပြီကို။

ထို့နောက် အမာရာသည် နှိုင်းကိုပွေ့ချီလိုက်ပြီး အံ့ဆွဲတစ်ခုထဲတွင်ဝင်နေစေသည်။အံ့ဆွဲ၏လေဝင်လေထွက်ပေါက်မှာ နှိုင်းခေါင်းတစ်လုံးစာလောက်ထိ ဟထားတာကြောင့် နှိုင်းအကုန်မြင်နေရသေးသည်ဟုဆိုရမည်။အမာရာသည် ကင်မရာကိုလည်း ထိုအံ့ဆွဲပေါ်သို့ တင်ထားလိုက်ပြိး ခုံတစ်လုံးယူကာ မျက်နှာကြပ်ပေါ်တွင် ကြိုးတစ်ခုကို ချည်နှောင်လျက် နောက်ဆုံးအနေနှင့် သူမအပေါ် အကြည့်မခွာလျက်ရှိနေသည့် သားဖြစ်သူကိုကြည့်ရင်း_

"မေမေအခုလိုလုပ်ရတာ သားလေးရဲ့ဖေဖေကြောင့် အထူးသဖြင့် သားဖေဖေကိုမေမေ့ဆီက လုသွားတဲ့မိန်းမကြီးတစ်ယောက်ကြောင့်၊သားလေးမှတ်ထား ဒီမြင်ကွင်းကို သားလေး နှလုံးထဲထိစွဲနေအောင်မှတ်ထား ပြီးရင် မေ့မေ့အတွက် သေချာပေါက် လက်စားပြန်ချေပေး "

သားဖြစ်သူကိုစေ့စေ့ကြည့်ပြီး ပြောပြီးသည်နှင့် အမာရာသည် မျက်လုံးကိုစုံမှိတ်လျက် သားဖြစ်သူရှေ့မှာတင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သတ်သေသွားခဲ့ပါတော့သည်။

အမေဖြစ်သူ၏အမျိုးအမည်မသိ အော်သံနှင့်ရုပ်ပျက်ဆင်းပျက် မျက်နှာထားကြောင့် နှိုင်းကြောက်လန့်လာ၏။ပြေးပြီး အမေ့ကို ကူညီချင်ပေမဲ့ အပြင်မှသော့ခတ်ထားတာမို့ ဒုက္ခရောက်ခဲ့သည်။တံခါးကို အဆက်မပြတ်ထုပြီး အော်နေပေမဲ့လည်း အသံလုံလွန်းသည့် အခန်းကြောင့် ဘယ်သူမှမကြားခဲ့။

နှိုင်းတစ်ယောက် အချိန်တစ်ခုလောက်အထိ အမေ့ရဲ့ကြောက်စရာကောင်းသည့်ရုပ်ပုံကိုကြည့်နေရပြီး ဒီမွန်းကြပ်လွန်းသည့်နေရာသေးသေးလေးမှာတင် တဖြည်းဖြည်းနှင့်အသက်ရူရခက်လာသည်။

"မေမေ...နှိုင်း...နှိုင်း...အသက်ရူလို့မရတော့ဘူး "

"မေမေ..."

မှောင်ရီပျိုးလာသည်နှင့်အမျှ နှိုင်းပိုပြီးကြောက်လန့်လာရသလို ပိုပြီးလည်း အသက်ရူရကြပ်လာသည်။

ခန္ဓာကိုယ်တစ်ခုလုံးလည်း ဇောချွေးပြန်နေခဲ့ပြီး တံခါးကို အဆက်မပြတ်ထုရိုက်နေရတာကြောင့် လက်တွေလည်း ပဲ့ပြီးနာနေပြီဖြစ်သည်။

"...မေ...မေ...."

နောက်ဆုံးတွင် အသက်ရူရကြပ်ပြီး နှိုင်းထိုနေရာမှာတင် သတိမေ့သွားခဲ့၏။

ညစာဆင်းစားခြင်းမရှိတာကြောင့် စိတ်ပူပြီး အခန်းထဲလာကြည့်သည့် အိမ်စေသည် ခြောက်ခြားစရာကောင်းသည့်မြင်ကွင်းကိုမြင်လျှင် သံကုန်ဟစ်အော်ပြီး ဦးဆောအား အကူအညီပြေးတောင်းပါတော့သည်။

ဦးဆောလည်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကြေကွဲဝမ်းနည်းထိတ်လန့်သွားရပေမဲ့ အံ့ဆွဲထဲမှာ သတိမေ့နေသည့် နှိုင်းကို စိုးရိမ်စိတ်နှင့် နှိုင်းအား ဆေးရုံသို့ အမှီပို့ခဲ့ရသည်။

အမာရာလေးသည် ဦးသုတအပေါ်စိတ်နာသောကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့သည်လား၊ဒါမှမဟုတ် ငယ်စဥ်ကတည်းက ထိန်းသိမ်းလာခဲ့သည့် ကိုယ့်ဂုဏ်သိက္ခာအပေါ် အမည်းစက်စွန်းသွားခဲ့ပြီဖြစ်တာကြောင့် မာနစိတ်ကိုအသက်လဲခဲ့တာလား ဆိုတာကိုတော့ ဦးဆောလည်း သေချာမဝေခွဲတတ်တော့ပါလေ။

အမာရာလေး၏သေဆုံးမူ့အပေါ် စိတ်မကောင်းဖြစ်ပေမဲ့ အမာရာလေးကို ကတိပေးထားသည့်အတိုင်း နှိုင်းအက္ခယှဥ်လေးကို အသက်နှင့်တမျှ စောင့်ရှောက်သွားမည်မို့ ဦးဆောတစ်ယောက် ကြေကွဲနာကျနေမနေဘဲ သန်သန်မာမာနေဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးခဲ့၏။

အမာရာ၏သေဆုံးမူ့ကြောင့် အမာရာ၏စည်းစိမ်နှင့်အမွေခံအားလုံးများကို ဦးသုတတစ်ယောက် နှိုင်းအသက်မပြည့်မှီအချိန်ထိ လွှဲယူခဲ့လိုက်ရသည်။

ဦးသုတကသေချာအကွက်ကျစီစဥ်လွန်းသည်ပြောရမလား အမာရာ၏သေဆုံးမူ့ကသူ့​ကြောင့်လို့အမည်မတပ်ခံရလေအောင် သုံးနှစ်လောက်အထိ ဒေါ်ဝင့်နေချီဆီသို့မသွားခဲ့ဘဲ အမာရာအတွက် ဝမ်းနည်းပူဆွေးမူ့ပြခဲ့သည်။

ဒါကို အမာရာလေး၏ဆွေမျိုးအသိုင်းအဝိုင်းများက ဦးသုတကိုယောကျာ်းကောင်းတစ်ယောက်ဖြစ်လေသည်ဟု ဘုမသိအမည်တပ်ကြကာ ဦးသုတကိုပင် ကိုယ်ချင်းစာခဲ့ကြသေးသည်။

ဒါပေမဲ့ဦးသုတသည် အမာရာ၏ပိုင်ဆိုင်မူ့တစ်ဝက်ကို လက်ထဲပိုင်ဆိုင်ရပြီ သေချာသည်နှင့် ချက်ချင်းဆိုသလို ကိုယ့်ဂုဏ်သိက္ခာအပေါ် မငှဲ့တော့ဘဲ ဒေါ်ဝင့်နေချီအား အိမ်ပေါ်သို့ မျက်နှာပြောင်တိုက်ခေါ်တင်ပါတော့၏။

ဒေါ်ဝင့်နေချီ စံအိမ်ပေါ်သို့ရောက်ချိန်မှ ဦးဆောသိခဲ့ရတာက ဒေါ်ဝင့်နေချီထံ့မှာ ဦးသုတနှင့်ရသည့် ဆယ့်ခြောက်နှစ်အရွယ်ရှိပြီဖြစ်သည့် သားလေးတစ်ယောက် ရှိနေပြီဆိုတာကိုပင်။

ဦးဆောသည် အမာရာတမလွန်သို့အခုလိုအလျင်အမြန်သွားလိုက်သည်ကိုဘဲ ကျေးဇူးတင်နေမိပါတော့သည်။မဟုတ်လျှင် ကိုယ့်ခင်ပွန်းတစ်ယောက် ကိုယ်နှင့်အိမ်ထောင်မကျခင်ကတည်းက တိတ်တိတ်ပုန်းမိသားစုတစ်ခုရှိနေမှန်းကိုသာ သိရလျှင် အမာရာတစ်ယောက် ပို၍ပင် ကြေကွဲနေရပေလိမ့်အုံးမည်။

"သားလေး နှိုင်းအက္ခယှဥ်...ဒါက သားရဲ့မေမေအသစ်နဲ့အကိုကြီးလေ နှုတ်ဆက်လိုက်ပါအုံး "

"ထွီး* "

သားဖြစ်သူကိုမိသားစုအသစ်နဲ့ပျော်ပျော်ကြီး မိတ်ဆက်ပေးနေသည့် ဦးသုတယှဥ်သည် ဖြစ်လာမည့်အခြေအနေတွေအပေါ် မတွေးတတ်ပေလို့များလား။

လွန်ခဲ့သည့်သုံးနှစ်...အမာရာ၏အဖြစ်အပျက်ပြီး ဆေးရုံမှ ဆင်းလာသည့် နှိုင်းသည် အရင်ကနဲ့မတူဘဲ ကွဲပြားသွား၏။အရင်လို တက်တက်ကြွကြွမရှိတော့သည့် အပြင် ဖခင်ဖြစ်သူအပေါ်လည်း ရိုင်းစိုင်းလာသည်။

အခုလည်း ဖခင်မိတ်ဆက်ပေးသည့် အန်တီကြီးကိုစေ့စေ့ကြည့်ပြီး သူမ၏အကျီပေါ်သို့ တံတွေးထွေးလိုက်တာကြောင့် ဦးသုတယှဥ်တစ်ယောက် ဒေါသထွက်သွား၏။

"အမယ်လေး..."

"မင်း...ရိုင်းလှချည်လား "

"...ရ...ရပါတယ် အကို၊အကျီပေါ်မှာဘဲ ပေသွားတာပါ "

"ကျစ်*ဒီစောက်ကလေးတော့ "

နှိုင်းတစ်ယောက် သူ့အဖေဆီက အရိုက်ခံရမှာကိုတောင် မကြောက်တော့သလို ထိုနေရာမှာဘဲ ရပ်နေသေးလျက်ရှိကာ မကျေမနပ်နှင့် စိုက်ကြည့်နေရှာသေးသည်။

"အပေါ်ထပ်မှာ ကိုယ့်အခန်းရှိတယ် အကျီသွားလဲလိုက်နော် မိန်းမ "

"ဟုတ်ကဲ့ အကို "

ဒေါ်ဝင့်နေချီ အိမ်ပေါ်သို့ တက်မည်လုပ်လျှင် နှိုင်းသည် ဒေါ်ဝင့်နေချီကိုကျော်၍ လှေကားထိပ်ဦးအောင်တက်ပြီး ဒေါ်ဝင့်နေချီရှေ့မှကာလျက်ရှိကာ_

"မရဘူး၊မေမေ့ရဲ့အခန်းထဲ မဝင်ရဘူး "

ဒေါ်ဝင့်နေချီက ဦးသုတဘက်လှည့်ကြည့်တော့ ဦးသုတက နှိုင်းကို လှမ်းမာန်၏။

"နှိုင်း...မင်း အခုချက်ချင်း ဖယ်ပေးလိုက်စမ်း "

"မဖယ်ဘူး မဖယ်ဘူး၊မေမေ့ရဲ့အခန်းထဲမဝင်ရဘူး "

နှိုင်းသည် ပြောပြောဆိုဆိုနှင့် ဒေါ်ဝင့်နေချီကို လှေကားထိပ်မှတွန်းချလိုက်သည်။အငိုက်မိသွားသည့် ဒေါ်ဝင့်နေချီလည်း မထိန်းလိုက်နိုင်ဘဲ လှေကားပေါ်မှ ပြုတ်ကျသွား၏။

ဒါကိုမြင်လျှင် ဦးသုတယှဥ်သည် စိတ်မထိန်းနိုင်တော့ဘဲ နှိုင်းကို လက်မောင်းမှကြမ်းကြမ်းတမ်းတမ်းဆွဲကာ အိမ်အပြင်သို့မောင်းထုတ်လိုက်ပြီး_

"မင်း ဒီညအိမ်ထဲဝင်အိပ်ဖို့မစဥ်းစားနဲ့ ကိုယ့်အပြစ်ကိုဒီနေရာမှဘဲ သေချာသုံးသပ်နေ နှိုင်း "

ဟု ဆူငှောက်ကာ တံခါးကို ဆွဲပိတ်သော့ခတ်လိုက်သည်။

နှိုင်းတစ်ယောက် အိမ်ရှေ့မှ တံခါးကို အဆက်မပြတ်ထုရိုက်ရင်း အိမ်ထဲဝင်ပေးဖို့ တဂျီဂျီအော်နေခဲ့၏။

ဒါကိုမကြားချင်ယောင်ဆောင်နေသူ ဦးသုတယှဥ်က လှဲကျနေသည့် ဒေါ်ဝင့်နေချီကို ထူမလျက်_

"သွားမယ် မိန်းမ...အစ်ကိုဆော...အစ်ကိုလည်း ကျွန်တော့်ကိုလာကူပေးအုံး "

ဦးသုတသည် သူအလစ်မှာ ဦးဆော နှိုင်းကိုကူညီမယ်မှန်းရိပ်မိနေတာကြောင့် ကူညီလို့မရလေအောင်အကွက်ချခဲ့ပါတော့သည်။

ဦးဆောလည်း နှိုင်းအားကူညီချင်ပေမဲ့ အမိန့်လွန်ဆန်နိုင်စွမ်းမရှိတာသည့်အနေအထားနဲ့မို့ ဒုက္ခရောက်ရ၏။

"နေပါအုံး ကလေးကို အခုလိုအပြင်မှာမလွှတ်ထားပါနဲ့လားအကိုရယ်၊အိမ်ထဲပေးဝင်လိုက်ပါ "

ဒေါ်ဝင့်နေချီက ကလေးသာသာရှိသေးသည့် နှိုင်းအက္ခအပေါ် ညှာတာသနားပုံပင်။အထဲဝင်ခွင့်ပေးလိုက်ဖို့တောင်းဆိုပေမဲ့ ဦးသုတဘက်က သွေးအေးအေးနှင့် ငြင်းခဲ့သည်။

"မပေးဝင်ပါဘူး၊သူ့အမေမရှိတော့ကတည်းက ဆိုးသွမ်းနေတာ အဲ့လိုအပြစ်ပေးမှကို မှတ်မှာ လျစ်လျူရူထားလိုက် "

နှိုင်းသည် ပြတင်းပေါက်မှ အဖေ့ကိုတံခါးဖွင့်ပေးဖို့ လှမ်းခေါ်နေခဲ့ပေမဲ့ အဖေကလှည့်တောင်မကြည့်ခဲ့။

နှိုင်းကိုကြည့်နေသည့် သူတစ်ယောက်တော့ရှိသည်။ထိုသူက ဒေါ်ဝင့်နေချီ၏သားဖြစ်သူပင်။

သူသည် နှိုင်းရှိရာပြတင်းပေါက်ဆီသို့ လျှောက်လာရင်း နှိုင်းကိုခေတ္တစိုက်ကြည့်ကာ ခပ်အေးအေးနှင့်ပင် ပြတင်းပေါက်အား လိုက်ကာနှင့်ကာပိတ်လိုက်သည်။

ထိုလုပ်ရပ်ကြောင့် နှိုင်း အိမ်ထဲမှာဘာဖြစ်ပျက်သည်ကို မမြင်ရတော့သလို၊အခုလို မမြင်ရအောင် တမင်သက်သက်လုပ်ခဲ့သည့် သူအပေါ်ကိုလည်း သတ်ပစ်ချင်လောက်သည်အထိ အမုန်းမီးများပွားနေမိပါတော့သည်။

ဒါကတော့ နှိုင်းနှင့်ခန့်ထား၏ ပထမဆုံး တွေ့ဆုံမူ့ပင်ဖြစ်လေသည်။

Zawgyi

ေဆး႐ုံ၏ထပ္ခိုးတစ္ေနရာရွိ ခုံတန္းေပၚမွာထိုင္ရင္း အျပာေရာင္ေကာင္းကင္ႀကီးကိုေမာ့ၾကည့္လ်က္ရွိကာ ႐ူပ္ေထြးေနသည့္စိတ္ကို တည္ၿငိမ္ေအာင္ ႀကိဳးစားယူလ်က္ရွိေနသည္။

"ဦး...ဧည့္သည္ေရာက္ေနတယ္ေနာ္ "

သူနာျပဳမေလး၏ဧည္သည္ေရာက္ေနေၾကာင္းသတိေပးစကားေၾကာင့္ ဦးေဆာ ေဆးပိုက္တန္းလန္းႏွင့္ ထိုင္ေနရာမွထလ်က္_

"ဧည့္သည္လား ၾကည့္ရတာ ႏွိုင္းေလး လာလည္တယ္နဲ႕တူတယ္ "

မလာတာၾကာၿပီျဖစ္သည့္ ႏွိုင္းအေၾကာင္းကို တေတြးေတြးႏွင့္ အခန္းရွိရာဆီသို႔ဦးတည္လာခ်ိန္ တံခါးဘက္ေက်ာေပးရင္း ျပတင္းေပါက္၏အျပင္ဘက္သို႔လွည့္ၾကည့္လ်က္ရွိေနသည့္ အေနာက္တိုင္းဝတ္စုံျပည့္ႏွင့္ လူငယ္တစ္ဦးအားျမင္လိုက္ရသည္။

မရင္းနီးသည့္အေငြ႕အသက္ေၾကာင့္ ဦးေဆာ ျမင္ျမင္ခ်င္းတင္ လွမ္းေမးခဲ့၏။ဦးေဆာ အေမးေၾကာင့္ တစ္ဖက္လွည့္လာသည့္ လူေလးက ဂုဏ္ရွိန္အျပည့္ႏွင့္ ေျပျပစ္လွတဲ့မ်က္ႏွာအေနအထားက အၿပဳံးမပ်က္တာေၾကာင့္ ၾကည္ေနလ်က္။

"မေတြ႕ရတာေတာင္ၾကာၿပီေနာ္ ဦးေဆာ "

"ဘယ္သူ...."

ထိုသူငယ္ကိုၾကည့္ရတာ ဦးေဆာကိုအရမ္းရင္းႏွီးေနသလို။ဦးေဆာ ထိုသူငယ္ကိုခ်က္ခ်င္းမမွတ္မိေပမဲ့ ၾကည့္ေနရင္း ရင္းႏွီးလာတာေၾကာင့္_

"ေၾသာ္...အကိုေလးခန့္ထားစစ္ခ်ီပါလား "

"ဦးေဆာသာ ကြၽန္ေတာ့္ကိုမမွတ္မိရင္ ဝမ္းနည္းမိေတာ့မလို႔ဗ်ာ "

"အကိုေလးစစ္ခ်ီ ထူးထူးဆန္းဆန္းႀကီးပါလား "

ဦးေဆာ ရပ္ရတာၾကာၿပီျဖစ္တာေၾကာင့္ နည္းနည္းအေမာဆို႔လာတာနဲ႕ အားမနာနိုင္ေတာ့ဘဲ ကုတင္ေပၚသို႔ ဝင္လွဲလိုက္ပါေတာ့သည္။အကိုေလးစစ္ခ်ီကလည္း ဦးေဆာကို ေနရအဆင္ေျပေအာင္ ဂ႐ုတစိုက္ျပဳေပးရွာ၏။

ထို႔ေနာက္ ခန့္ထားလည္း ဦးေဆာေဘးရွိ သစ္သားခုံေပၚသို႔ထိုင္လိုက္ၿပီး_

"ဦးေဆာ ေဆး႐ုံတက္ရတည္းက လာၾကည့္မယ္လာၾကည့္မယ္နဲ႕ အလုပ္ကိစၥတစ္ဖက္နဲ႕ဆိုေတာ့ မလာျဖစ္တာပါ "

"ဦးေဆာက ဒီတိုင္းေနာက္တာပါ "

ဦးေဆာ၏ေဖာ္ေ႐ြမူ႕ေအာက္ ခန့္ထားတစ္ခ်က္ၿပဳံးလိုက္သည္။ထို႔ေနာက္ အေသအခ်ာသိခ်င္သည့္ မ်က္ဝန္းမ်ားႏွင့္ဦးေဆာအား သိခ်င္တာေမးခဲ့သည္။

"အကၡ ဒီကိုမၾကာခဏလာျဖစ္လား ဦးေဆာ "

"အရင္ကေတာ့ ခဏခဏဘဲ၊အခုေတာ့ မလာျဖစ္တာၾကာၿပီ အကိုေလး "

"ခန့္ထားလို႔ဘဲေခၚပါ ဦးေဆာ၊မရင္းႏွီးတဲ့သူေတြလည္းမဟုတ္ဘဲနဲ႕ "

"အလိုေလး မေခၚပါရေစနဲ႕ အကိုေလးတပ္ေခၚပါရေစ "

"ဒါဆိုလည္း ဦးေဆာသေဘာပါဗ်ာ "

"ဒါနဲ႕ ...ႏွိုင္းအေၾကာင္း ဘာလို႔ေမးတာလဲ "

"ေၾသာ္...အရင္လအန္တီအမာရာရဲ႕ ႏွစ္ပတ္လည္တုန္းက အဲ့ေနက အရင္လိုဦးေဆာတူတူပါမလာေတာ့ အကၡပြဲၾကမ္းခဲ့ေသးတယ္ "

"ေဟ...ထင္တယ္၊ထင္တယ္ အမာရာေလးကိုအားနာစရာေတြျဖစ္ကုန္ၿပီ "

ခန့္ထားထင္သလို ဦးေဆာက ေဖာေဖာ္ေ႐ြေ႐ြသာရွိေပမဲ့ ႏွိုင္းတို႔သားအမိေလာက္ယွဥ္လွ်င္ ခန့္ထားတို႔အေပၚ ပူပန္မူ႕ဆိုတာမရွိ။အခုလည္း အသက္ရွင္လ်က္ရွိေနေသးသည့္သူအေပၚ အားနာရမွန္းမသိဘဲ ေသသူတစ္ေယာက္အေပၚကိုသာ အားနာေနသည္တဲ့ေလ။

ခန့္ထားစိတ္ထဲမေက်နပ္ေပမဲ့ ႏႈတ္ခမ္းကေတာ့ အၿပဳံးမပ်က္ခဲ့ဘဲ။

"အဲ့ေန႕ကတည္းက အကၡနဲ႕မေတြ႕ျဖစ္ေတာ့လို႔ အကၡအဆင္ေျပေနရဲ႕လားသိခ်င္တာနဲ႕ ဦးေဆာကိုလာေမးတာပါ "

"ေၾသာ္...အဲ့လိုကို၊အင္း...ဦးေဆာ ဆီကိုလည္း ႏွိုင္းမေရာက္တာၾကာၿပီ အကိုေလးရဲ႕၊ဒါေပမဲ့ ႏွိုင္းေသခ်ာေပါက္အဆင္ေျပေနမွာပါ၊ႏွိုင္းက သန္မာတယ္ေလ "

"ဒါေပါ့ "

ခန့္ထားႏွင့္ ဦးေဆာႏွစ္ေယာက္ မ်က္လုံးခ်င္းဆုံလ်က္ရွိေနၾက၏။ႏွစ္ေယာက္လုံးက အျပင္ပန္းကအၿပဳံးမပ်က္ေပမဲ့ စိတ္ထဲမွာေတာ့ ဒါဟာဟန္ေဆာင္ထားမွန္းသာျဖစ္ၾကမွန္း ရိပ္မိေနၾကေလသည္။

"ဒါနဲ႕ အကၡမွာခ်စ္သူေတြဘာေတြေကာ ရွိေနၿပီလား "

"အဲ့တာကေတာ့ ရွိေလာက္မယ္ထင္တာပါဘဲ၊အကိုေလးရယ္...အကိုေလးစစ္ခ်ီလည္း သိရဲ႕သားနဲ႕ ႏွိုင္းက ရည္းစားမထားဘဲမေနတတ္တာကို သူ႕ကိုၾကည့္လိုက္တိုင္း အၿမဲေကာင္မေလးနဲ႕ေလ "

"ေကာင္ေလးေကာ....ရွိလား "

"ဟင္ "

ဦးေဆာ အကိုေလးစစ္ခ်ီေမးသည့္ေမးခြန္းသေဘာကိုနားမလည္လိုက္တာေၾကာင့္ ျပန္ေျဖဖို႔ခက္ေနသည္။

ဦးေဆာ၏နားမလည္သလိုတုံ႕ျပန္လာသည့္ အျပဳအမူေၾကာင့္ ခန့္ထားၿပဳံးလိုက္သည္။

"ဟားဟား...စတာပါ အဲ့ေမးခြန္းကို ကြၽန္ေတာ္ မေမးခဲ့ဘူးလို႔ဘဲ သေဘာထားလိုက္ေနာ္ "

ဦးေဆာဘက္က ဘာမွျပန္မတုံ႕ျပန္ရေသးေပမဲ့ ခန့္ထားကဘဲဆက္ၿပီး_

"အလုပ္ကိစၥလည္းရွိေသးလို႔ သြားလိုက္ပါအုံးမယ္ "

"ဟုတ္ကဲ့ ေနာက္လည္းလာလည္ပါအုံးေနာ္ အကိုေလး "

"ဟုတ္ကဲ့...ဦးေဆာ ေဆး႐ုံစရိတ္စိတ္မပူပါနဲ႕ေနာ္ ကြၽန္ေတာ္နဲ႕အေဖက ေထာက္ပံ့ေပးထားပါတာမို႔ က်န္းမာေရးသာဂ႐ုစိုက္ပါ။ဒါဆို...သြားခြင့္ျပဳပါအုံး"

ဦးေဆာကိုႏူတ္ဆက္ၿပီး ထြက္လာေတာ့ အခန္းထဲသို႔ဝင္လာသည့္ ဆရာဝန္တစ္ဦးႏွင့္တိုးသည္။ထိုသူကခန့္ထားကိုၿပဳံးျပတာေၾကာင့္ ခန့္ထားလည္း ျပန္ၿပဳံးျပခဲ့ရင္း ထိုေနရာမွ ထြက္လာေတာ့၏။

"ခဏကလူငယ္ေလးက ဦးေဆာရဲ႕အသိလား "

"ဟုတ္တယ္ ေဒါက္တာသက္ပိုင္၊တစ္ခ်ိန္က ကြၽန္ေတာ့္ရဲ႕အကိုေလးေလ...အင္း အခုခ်ိန္ထိလို႔ေျပာရမွာေပါ့ "

"ဟုတ္လား ဒါဆို အဲ့လူငယ္ေလးက ႏွိုင္းအကၡယွဥ္ရဲ႕မိသားစုဝင္ေပါ့ "

"မိသားစုဝင္ရယ္လို႔မဟုတ္ပါဘူး ဒီတိုင္း...."

ဦးေဆာက ဆက္မေျပာဘဲ အသံကသိမ္ဝင္သြားတာေၾကာင့္ ေဒါက္တာသက္ပိုင္ ဦးေဆာႏွင့္ပတ္သတ္သည့္ ေဆးမွတ္တမ္းမ်ားစစ္ၿပီးသည္ႏွင့္ အနားသို႔ဝင္ထိုင္လိုက္ၿပီး_

"ဘာျဖစ္တာလဲ ဦးေဆာ ၾကည့္ရတာမြန္းၾကပ္ေနသလိုဘဲ "

"ဟုတ္တယ္ ေဒါက္တာ ရင္ထဲမွာၾကပ္ထုတ္ထုတ္နဲ႕ ေနရခက္ေနတယ္ "

"ဒါဆို ဦးေဆာရင္ထဲမွာ ေျပာျပခ်င္ေနတဲ့အေၾကာင္းအရာတစ္ခုကို မေျပာမိေစဖို႔ အတင္းဖိအားေပးထားလို႔နဲ႕တူတယ္။...ကဲပါ...ေနရသက္သာသြားေအာင္ ကြၽန္ေတာ့္ဆီရင္ဖြင့္လွည့္ "

"မျဖစ္ပါဘူး ေဒါက္တာသက္ပိုင္ "

"ျဖစ္ပါတယ္ ဆရာဝန္နဲ႕လူနာၾကားကလွ်ိုဝွက္ခ်က္ ဘယ္သူမွျပန္မေပါက္ၾကားေစရဘူး ကတိေပးတယ္၊အဓိကက လူနာရဲ႕စိတ္ထဲ ေနရထိုင္ရေကာင္းဖို႔အေရးႀကီးတယ္ေလ "

ေဒါက္တာသက္ပိုင္ခန့္မွန္းသလို ဦးေဆာစိတ္ထဲ ဒီမိသားစုအေၾကာင္းကို ရင္ဖြင့္ေျပာျပခ်င္ေနသည္မွာ မြန္းၾကပ္လြန္းေန၏။

ေဒါက္တာသက္ပိုင္က အားေပးတာကတစ္ေၾကာင္း၊ဦးေဆာကိုယ္တိုင္ကလည္း ရင္ဖြင့္ခ်င္ေနတာက တစ္ေၾကာင္းေၾကာင့္ ဦးေဆာသည္ ေဒါက္တာသက္ပိုင္ကို ယုံၾကည္လ်က္ ဦးေဆာ ႀကဳံခဲ့ရသည့္ သက္တမ္းတစ္ေလွ်ာက္လုံးကို ပုံျပင္သဖြယ္ ေဒါက္တာသက္ပိုင္အားေျပာျပခဲ့ပါေတာ့သည္။

ေဒါက္တာသက္ပိုင္လည္း ဆရာဝန္ေကာင္းတစ္ေယာက္ပီပီ ကိုယ့္လူနာ စိတ္ခ်မ္းသာဖို႔ သူေျပာသမွ်နားေထာင္ေပးရန္ အဆင္သင့္ပင္။

လြန္ခဲ့ေသာ ႏွစ္သုံးဆယ္ေက်ာ္ခန့္ကပင္။

ဦးေဆာသည္ အခုလိုအိပ္ရာထဲလဲေနသည့္လူမဟုတ္ဘဲ သန္သန္မာမာထြားထြားက်ိဳင္းက်ိဳင္းႏွင့္ ဦးသုတယွဥ္၏အားကိုးရာ သက္ေတာ္ေစာင့္တစ္ေယာက္ျဖစ္ခဲ့သည္။

ဦးသုတယွဥ္၏သက္ေတာ္ေစာင့္ဟုဆိုသည့္အလား ဦးေဆာသည္ ဦးသုတယွဥ္ ဘယ္သြားသြား ထက္ၾကပ္မကြာလိုက္ပါေစာင့္ေရွာက္ေနရသည့္ အရိပ္တစ္ခုလိုပင္ျဖစ္သည္။

ဦးသုတယွဥ္ငယ္႐ြယ္တုန္းကအခ်ိန္သည္ ယခုခန့္ထားစစ္ခ်ီႏွင့္ အသြင္တူသည္ဟုဆိုရေပမည္။

အသက္သုံးဆယ္ရွိၿပီျဖစ္ေပမဲ့ အခ်စ္ေရးဘက္စိတ္မဝင္စားခဲ့ဘဲ စီးပြားေရးဘက္ကိုသာ အာ႐ုံေထြျပားေနေသာ လူငယ္ဦးသုတယွဥ္က တစ္ေန႕မွာေတာ့ ပန္းေရာင္းသည့္ ေကာင္မေလးတစ္ေယာက္ကို ခ်စ္မိခဲ့သည္။ထိုသူက လက္ရွိ ခန့္ထားစစ္ခ်ီ၏မိခင္ ေဒၚဝင့္ေနခ်ီပင္။

ကားရပ္သည္ႏွင့္အနားသို႔ေျပးလာၿပီး ပန္းအတင္းထိုးေရာင္းတတ္သည့္ ေဒၚဝင့္ေနခ်ီသည္ ဦးသုတ၏ႏွလုံးသားကိုပါ အပါယူသြားနိုင္ခဲ့သည္။

ေဒၚဝင့္ေနခ်ီအေပၚခ်စ္ကြၽမ္းဝင္မည့္သည့္ ဦးသုတယွဥ္တစ္ေယာက္ ထိုေန႕မွစ ေန႕တိုင္း အေၾကာင္းမရွိ ထိုပန္းေရာင္းသည့္ေနရာသို႔သြားၿပီး ပန္းေရာင္းသည့္ေကာင္မေလးကို သြားေရာက္ခိုးခိုးၾကည့္လ်က္ရွိသည္။ဒါကို သတိထားမိသြားသည့္ ေဒၚဝင့္ေနခ်ီကလည္း ဥစၥာေပါ႐ုပ္ေခ်ာျဖစ္သည့္ ဦးသုတယွဥ္လိုလူတစ္ေယာက္အေပၚ ေမတၱာမမွ်ဘဲ ဘယ္ေနနိုင္မည္နည္း။ဒီလိုႏွင့္ သူတို႔ႏွစ္ဦး ခ်စ္သူျဖစ္သြားသည့္အခ်ိန္မွစ ဦးသုတယွဥ္က အလုပ္ေတြကိုပစ္ၿပီး ေဒၚဝင့္ေနခ်ီအေပၚကိုသာ အခ်ိန္ေပးျဖစ္ေတာ့ပါသည္။

ဥိးသုတသည္ေဒၚဝင့္ေနခ်ီအေပၚ တကယ္အခ်စ္စစ္တစ္ခုႏွင့္ႏွလုံးသားတစ္ခုလုံးပုံအပ္သည္အထိ ခ်စ္ခဲ့ပါသည္။

တစ္ေန႕တြင္ အလုပ္အေပၚပ်က္ကြက္လာသည္ကို ရိပ္မိလာၾကေသာ ဦးသုတ၏မိဘမ်ားသည္ ဦးသုတ၏လုပ္ရပ္မ်ားကို မိၿပီး ေဒါသထြက္စြာ ဦးသုတအား ဒိတ္ဒိတ္က်ဲသူ႒ေးသမီးတစ္ေယာက္ႏွင့္ အျမန္ဆုံးလတ္ဆက္ေပးလိုက္၏။ထိုသူက ႏွိုင္းအကၡယွဥ္၏မိခင္ အမာရာႏွိုင္းပင္ျဖစ္ေလသည္။

အမာရာႏွိုင္းႏွင့္ဦးသုတယွဥ္တို႔ႏွစ္ဦးသားက တစ္ေယာက္အေပၚတစ္ေယာက္ေမတၱာမရွိၾကေပမဲ့ မိဘမ်ား၏ဖိအားေပးမူ႕ေၾကာင့္ လက္ထက္ထိမ္းျမႇားခဲ့လိုက္ၾကရသည္။

ထိုအခ်ိန္မွစ ဦးေဆာသည္ ဦးသုတယွဥ္၏သက္ေတာ္ေစာင့္မွ အမာရာႏွိုင္းေလး၏သက္ေတာ္ေစာင့္ျဖစ္လာၿပီး အခ်ိန္အမ်ားစုကို အမာရာ၏အနားမွာတင္ ေနရေတာ့သည္။

အမာရာေလးသည္ သူ႒ေးသမီးပီပီေမာက္မာၿပီး သူမထက္ရာထူးနိမ့္သူေတြအေပၚမေခ်မငံ့ႏွင့္ဆက္ဆံတတ္ကာ ထိုအျပဳအမူေၾကာင့္ ဦးသုတဘက္က အမာရာေလးအေပၚ မုန္းတီး႐ုံမွအပ ေမတၱာမပြားနိုင္ခဲ့။

ဦးေဆာလည္း အေစာပိုင္းေလာက္ထိ အမာရာရဲ႕လူေတြအေပၚဖိႏွိပ္ခ်ဆက္ဆံတတ္သည့္အျပဳအမူေၾကာင့္ သေဘာမက်ေပမဲ့ အခ်ိန္ၾကာ အနားမွာရွိလာသည္ႏွင့္အမွ် အမာရာ ထိုကဲ့သို႔ဆိုးေနရျခင္းအေၾကာင္းရင္းမွာ ငယ္စဥ္ဘဝတည္းက ေမတၱာငတ္ေနခဲ့ရေသာေၾကာင့္ျဖစ္သည္ကို ရိပ္မိလာသည္ႏွင့္ ဦးေဆာလည္း အမာရာေလးအေပၚ မမုန္းရက္ေတာ့ဘဲ ရွိေတာ့သည္။

အမာရာေလးဆိုးသမွ်အေပၚ သည္းခံၿပီး အကိုရင္းတစ္ေယာက္လို ခ်စ္ေပးေတာ့ အမာရာေလးလည္း ဦးေဆာအေပၚ ခင္တြယ္လာသည္။

ဦးေဆာ အမာရာေလးအေပၚ သည္းခံနိုင္သေလာက္ သည္းမခံေပးနိုင္သည့္ ဦးသုတယွဥ္သည္ အမာရာေလးႏွင့္ေပါင္းသင္းၿပီးပါလ်က္ ေဒၚဝင့္ေနခ်ီထံ့သို႔မၾကာမၾကာသြားေလ့ရွိေသးသည္။ဒီကိစၥကိုေတာ့ ဦးေဆာ အမာရာသိၿပီးစိတ္မေကာင္းျဖစ္မည္စိုး၍ အမာရာေလး မသိေအာင္လွ်ိုဝွက္ထားခဲ့၏။

"ကိုသုတက အလုပ္ကိစၥနဲ႕ခရီးေတြ ထြက္ရျပန္ၿပီ၊အၿမဲတမ္း အမာရာကိုတစ္ေယာက္တည္းခ်န္ထားတာ မေကာင္းဘူး "

"ဒီတစ္ေခါက္ေတာ့ ေစာေစာျပန္လာမယ္ေျပာတာဘဲ မမေလးအမာရာ "

"အဲ့လိုဘဲ အၿမဲေျပာခဲ့တာဘဲ၊ထားလိုက္ပါ သူျပန္လာခ်င္လာမလာခ်င္ေန သူ႕သေဘာဘဲ သူရွိေနလည္း အမာရာတို႔ တစ္ေယာက္နဲ႕တစ္ေယာက္ စကားမ်ားေနၾက႐ုံဘဲကို အခုလိုသူမရွိတာေတာင္ေကာင္းေသးတယ္ "

အမာရာေလးက အျပင္ပိုင္းၾကည့္ရတာသာသန္မာေပမဲ့ အတြင္းႏွလုံးသားထဲမွာေတာ့ ဒဏ္ရာေတြနဲ႕ျပည့္ေနမွန္း ဦးေဆာတစ္ေယာက္တည္းသာ ရိပ္မိေပလိမ့္မည္။

ဦးေဆာလည္းျဖစ္နိုင္လွ်င္ အမာရာေလးကိုစိတ္မဆင္းရဲေစခ်င္။ကိုယ္အတတ္နိုင္ဆုံးဘက္ကေန ကူညီေပးခ်င္မိတာေၾကာင့္ ဦးေဆာသည္ အမာရာႏွိုင္းနဲ႕ဦးသုတယွဥ္တို႔၏အိမ္ေထာင္ေရးသာယာဖို႔အတြက္ အႀကံတစ္ခုစဥ္းစားမိလိုက္သည္။

"ကြၽန္ေတာ္အႀကံတစ္ခုရလို႔ မမေလး "

"ဘာအႀကံလဲ "

"သခင္ေလးသုတနဲ႕မမေလးတို႔ ရင္ေသြးေလးယူလိုက္ပါလား။ကေလးသာရွိလာရင္ သခင္ေလးသုတက မမေလးအေပၚပိုၿပီး ေမတၱာရွိလာနိုင္တယ္ ၿပီးေတာ့ မမေလးနဲ႕ကေလးအေပၚကိုလည္း အခုခ်ိန္ထက္ အခ်ိန္အမ်ားႀကီး ပိုေပးလာမယ္ထင္တယ္ဗ် "

ဦးေဆာ၏ အႀကံေပးခ်က္အေပၚ အမာရာတစ္ေယာက္အေလးအနက္စဥ္းစားလ်က္ရွိသည္။

အမာရာက ဦးသုတသူမအေပၚခ်စ္လာဖို႔ကိုမေမွ်ာ္လင့္။သူမလိုခ်င္တာက ပတ္ဝန္းက်င္ရဲ႕အထင္ႀကီးေလးစားမူ႕ပင္။

ငယ္စဥ္ကတည္းက တစ္ပါးလူ၏ပါးစပ္ျဖားတိုင္းမွာ အားက်ခ်ီးမႊမ္းျခင္းကိုခံေနရေသာ အမာရာသည္ အိမ္ေထာင္ေရးမွာလည္း ထိုနည္းတူ လူအမ်ား၏အားက်ျခင္းကိုလိုခ်င္သည္။

အမာရာလို႔ေျပာလိုက္သည္ႏွင့္ ေ႐ႊပုံေပၚမွာဘဲႀကီးျပင္းလာရသည့္လိုတရမိန္းကေလး၊ေယာက်ာ္းက သည္းသည္းလူပ္ခ်စ္ၿပီးအလိုလိုက္ခံရသည့္ မိန္းကေလး စသည့္ဂုဏ္ပုဒ္မ်ားႏွင့္သာ တပ္မွတ္ေစခ်င္၏။

ဒါေၾကာင့္ အမာရာဆုံးျဖတ္လိုက္ပါသည္။ယိုင္ခ်င္ေနသည့္ အိမ္ေထာင္ေရးအေပၚ ခိုင္ၿမဲသြားေအာင္ ဦးေဆာ ေပးသည့္အႀကံအားအသုံးခ်ေတာ့မည္ဟူ၍ပင္။

ခင္ပြန္းျဖစ္သူျပန္လာသည့္ေန႕တြင္မွာတင္ အမာရာတစ္ေယာက္ သူမ၏အႀကံအစည္ကိုအေကာင္အထည္ေဖာ္ဖို႔ျပင္ပါေတာ့သည္။ေသခ်ာေပါက္ ခင္ပြန္းျဖစ္သူသေဘာမတူမွာကိုႀကိဳသိေနတာတာေၾကာင့္ ကြၽမ္းက်င္ဆရာဝန္၏အကူအညီႏွင့္ ခင္ပြန္းျဖစ္သူ သူမအေပၚ လိင္စိတ္မတိမ္းၫႊန့္လာရမေနနိုင္ေအာင္ ျပဳလုပ္နိုင္ခဲ့ပါသည္။

အႀကံအတိုင္း ကိုယ္ဝန္ခ်က္ခ်င္းရခဲ့သည္။

အမာရာတစ္ေယာက္ ရင္ေသြးေလးလြယ္ရၿပီကိုသိလွ်င္ တေလာကလုံး ေပ်ာ္႐ႊင္ခ်ီးက်ဴးကခုန္ကာေအာင္ပြဲခံခဲ့ေပမဲ့ ထိုထဲမွာေတာ့ ဦးသုတမပါခဲ့။

ဦးသုတသည္ အမာရာကိုယ္ဝန္လြယ္ထားရသည့္အခ်ိန္မွစ ခ်စ္ရသူဆီသြားဖို႔ခက္ခဲရပါေတာ့သည္။မိဘေဆြမ်ိဳးတိုင္းက ကိုယ္ဝန္လြယ္ထားရသည့္ မိန္းမျဖစ္သူအနားမွာသာ အခ်ိန္ျပည့္ေနခိုင္းခဲ့တာေၾကာင့္ ဦးသုတ စိတ္ထဲမပါေပမဲ့ အမာရာေလးအနားမွာသာ အခ်ိန္ျပည့္အေဖာ္ျပဳေပးရင္းဂ႐ုစိုက္ရေတာ့၏။

ဦးေဆာေပးသည့္အႀကံႏွင့္ အဆင္ေျပလာေသာ အမာရာႏွိုင္းအတြက္ ဒါက ေက်နပ္မူ႕တစ္ခုပင္။

အမာရာေလးသည္ ဦးသုတအတြက္ သားေလးတစ္ေယာက္ေမြးေပးနိုင္ခဲ့သည္။သူမအေသြးအသားႏွင့္လြယ္ထားရေသာေၾကာင့္ သားေလး၏ထိပ္ဆုံးအမည္မွာ သူမနာမည္မဲ့ဖို႔အဓိက၊ဒါ့အျပင္ ဦးသုတ၏ႏွလုံးသားကိုအပိုင္ယူဖို႔ သူ၏မ်ိဳးရိုးနာမည္ထည့္ေပးဖို႔ကလည္း မေမ့မေပ်ာက္ေပါ့။

သားေလးေမြးၿပီးရက္အနည္းငယ္မွာဘဲ ကင္းပြန္းတပ္အမည္နာမေပးပြဲမွာ သားေလးကိုေပးျဖစ္ခဲ့တဲ့နာမည္က 'ႏွိုင္းအကၡယွဥ္'။

ဦးသုတသည္ သူ၏သားေလးေမြးၿပီးသည္ႏွင့္ အရင္ကထပ္ပိုၿပီး အမာရာတို႔အေပၚ အခ်ိန္ပိုေပးျဖစ္လာခဲ့သည္။

အတိတ္တုန္းကလို အလုပ္ကိစၥနဲ႕ခရီးခဏခဏထြက္တာမ်ိဳးမရွိေတာ့ဘဲ၊႐ုံးဆင္းသည္ႏွင့္ခ်က္ခ်င္းဆိုပင္ သားေလးဆီသို႔အျမန္ျပန္လာၿပီး သားေလးႏွင့္အတူေဆာ့ကစားေပးတတ္သည္။ဒီလိုကိစၥေတြေၾကာင့္နဲ႕ဘဲ အမာရာတစ္ေယာက္ အိမ္ေထာင္ေရးမွာပါ ကံေကာင္းၿပီလာဟု ထင္မွတ္မိခဲ့၏။ဒါေပမဲ့ အမာရာတစ္ေယာက္ ေကာက္ခ်က္ခ်ေစာလြန္းသြားခဲ့ပါသည္။

သားေလးငါးႏွစ္အ႐ြယ္တြင္ အမာရာသည္ ျပန္ၿပီးေျပာင္းလဲေနၿပီျဖစ္သည့္ ဦးသုတေၾကာင့္ သစၥာေဖာက္ခံလိုက္ရၿပီမွန္း တျဖည္းျဖည္းရိပ္မိလာခဲ့သည္။

"ရွင္အခုခ်က္ခ်င္းဒီကိစၥကိုရွင္း...ရွင္ ကြၽန္မမသိေအာင္ ေနာက္ကြယ္မွာ ေဖာက္ျပန္ေနတာမလား "

သားေလးကို အျပင္ေခၚလည္ၿပီး အိမ္ျပန္ေရာက္ေရာက္ျခင္းတြင္ လူေရွ႕ပစၥည္းမ်ားပစ္ေပါက္လာၿပီး ေဒါသထြက္စြာ ေမးလာသည့္ အမာရာေၾကာင့္ သားေလးလည္း လန့္ၿပီး ရွိုက္ႀကီးတငင္ငိုေတာ့၏။

"အမာရာ ကေလးကိုအားနာအုံး၊ဘာလို႔ စကားကိုေအးေဆးမေျပာတတ္ရတာလဲ ဟမ္ "

"ဒီကိစၥက စကားေအးေဆးေျပာရမဲ့ကိစၥလား ရွင္ေဖာက္ျပန္ေနတဲ့ကိစၥကိုေလ "

"အစ္ကိုႀကီးေဆာ ေက်းဇူးျပဳၿပီး သားေလးကိုဒီကေခၚသြားေပးပါလား "

"ဟုတ္ကဲ့ပါသခင္ေလး "

ဦးေဆာလည္း ျမင္ေနရသည့္အေျခအေနကို ဝင္ထိန္းေပးခ်င္ေပမဲ့ ကေလးတစ္ဖက္နဲ႕မို႔ ကေလးကိုခ်ီမၿပီး ကားေပၚသို႔ျပန္ထြက္လာခဲ့ရသည္။

ဦးေဆာထြက္သြားသည္ႏွင့္ အမာရာသည္ ဦးသုတအနားသို႔ေရာက္လာၿပီး ဦးသုတ၏ပါးကိုခပ္ၾကမ္းၾကမ္းတစ္ခ်က္ခ်လ်က္_

"ေျပာစမ္းပါအုံး...ရွင္အငယ္အႏွောင္းထားရတာသိပ္ႀကိဳက္လား "

"မင္းမွားေနၿပီအမာရာ "

"ဘာမွားရမွာလဲ ရွင္အဲ့မိန္းမနဲ႕တူတူရွိေနတာကို ကြၽန္မမ်က္စိနဲ႕ကိုယ္တိုင္တပ္အပ္ျမင္ခဲ့တာ၊ဘာလိမ္အုံးမွာလဲ ဘယ္လိုဆင္ျခင္ေတြေပးအုံးမွာလဲ အဲ့လူတကာနဲ႕ပက္အိပ္ေနတဲ့အပ်က္မအေပၚ ဘယ္လိုကာ_"

*ေျဖာင္း*

အမာရာ၏ပါးျပင္ေပၚသို႔က်ေရာက္လာသည့္ လက္တစ္စုံေၾကာင့္ အမာရာ၏ပါးတစ္ဖက္သည္ပူထူသြား၏။

ဦးသုတသည္ အမ်က္ထြက္စြာျဖင့္_

"သူ႕ကိုအပ်က္မလို႔ မေစာ္ကားနဲ႕ အမာရာ "

"ဟက္*ရွင္က ရွင့္မယားငယ္ကိုထိေတာ့ ကြၽန္မအေပၚေတာင္ လက္ပါရဲေနၿပီေပါ့ "

"မင္းမွားေနၿပီအမာရာ မင္းမွားေနၿပီ၊တကယ္တမ္း မင္းကသာ ငါ့ရဲ႕မယားငယ္သိလား...မင္းကသာ ငါ့ရဲ႕အေပ်ာ္တြဲအငယ္ႏွောင္း ငါကမင္းကို မိဘေတြရဲ႕ဖိအားတစ္ခုေၾကာင့္နဲ႕လက္ထပ္ခဲ့တာ၊ငါသာ စိတ္ရွိရင္ မင္းကို အခုခ်က္ခ်င္းျဖတ္ပစ္လို႔ရတယ္ သိလား"

ဦးသုတ၏ေပါက္ကြဲသံကိုၾကားၿပီး အမာရာတစ္ေယာက္ ဆြံ႕အသြားခဲ့သည္။

သူမသည္ ေခါင္းကိုအတင္းခါယမ္းလ်က္ရွိကာ_

"မဟုတ္ဘူး...မဟုတ္ဘူး၊ကြၽန္မကသာ ရွင့္ရဲ႕တရားဝင္ဇနီး ကြၽန္မကသာရွင့္ကိုတရားဝင္ပိုင္ဆိုင္သူ "

"အင္းေပါ့...စာခ်ဳပ္အရေတာ့ မင္းငါ့ကိုပိုင္တာေပါ့ ဒါမဲ့ခႏၶာအရေကာႏွလုံးသားအရပါ မင္းကမသက္ဆိုင္တဲ့လူဘဲ...။...ေတာ္ပါၿပီကြာ ငါနဲ႕မင္းအခုခ်က္ခ်င္းကြာရွင္းၾကတာေပါ့ မင္းကိုသည္းခံၿပီးေပါင္းေနရတာ ငါလည္းၾကာလာေတာ့ ဆက္သည္းခံနိုင္စြမ္းမရွိေတာ့ဘူး "

"ဟင့္အင္း မကြာေပးနိုင္ဘူး၊ရွင့္ေၾကာင့္နဲ႕ကြၽန္မရဲ႕ဂုဏ္သိကၡာေတြကို မပ်က္စီးေစနိုင္ဘူး "

"အဲ့ဒီဂုဏ္သိကၡာေတြစည္းစိမ္ေတြမွာဘဲႏွစ္ေျမာေနလိုက္ေတာ့ အမာရာ...။ငါက မင္းကိုအရင္ကလည္းမခ်စ္ခဲ့သလို အခုေကာႏွောင္ေကာ ဘယ္ေတာ့မွ ခ်စ္လာနိုင္မွာမဟုတ္လို႔ ဒီေလာက္နဲ႕ဘဲ ေတာ္ၾကတာေပါ့"

"ဟင့္အင္း....ဟင့္အင္း...။ရွင္...မသြားရဘူး၊ရွင္...ကြၽန္မကို မပစ္သြားရဘူး "

ဦးသုတသည္ အမာရာ၏စကားကိုေတာင္ နားမေထာင္ေတာ့ဘဲ ထိုေနရာမွ ေဒါသႏွင့္လွည့္ထြက္သြားပါေတာ့သည္။

အမာရာသည္ လွည့္ထြက္သြားသည့္ ခင္ပြန္းျဖစ္သူကို လိုက္လံတားဆီးနိုင္စြမ္းမရွိေတာ့။သူမရင္ထဲ နာက်ည္းမူ႕ေတြ ပူေလာင္မူ႕ေတြသာျပည့္ညွပ္ေနေတာ့သည္။

"မမေလး...မမေလးအမာရာ...."

ထိုအခ်ိန္အနားသို႔ေရာက္လာသည့္ ဦးေဆာက သူမ၏ကေလးကို လက္တစ္ဖက္မွ ေပြ႕ထားလ်က္ သူမအားစိတ္ပူစြာ ၾကည့္ေနခဲ့သည္။

"အစ္ကို...အစ္ကို...."

သူမ မ်က္ရည္က်ခ်င္ေပမဲ့ သားျဖစ္သူ၏မ်က္ႏွာကိုျမင္လိုက္ခ်ိန္တြင္ ခ်က္ခ်င္းဘဲ ျပန္တည္သြားကာ ဦးေဆာထံမွ သားျဖစ္သူကို ျပန္ေပြ႕လိုက္ၿပီး အတန္ၾကာသည္အထိ ရင္ခြင္ထဲထည့္ပိုက္ထားလ်က္ရွိေနခဲ့ကာ_

"အစ္ကို...သားေလးကိုေစာင့္ေရွာက္ေပးပါ၊သားေလးအနားမွာဘဲ အၿမဲေနေပးပါေနာ္ "

႐ုတ္တရက္ ေတာင္းဆိုလာသည့္ အမာရာေလးက ႐ုပ္တည္ႏွင့္ရွိေနတာေၾကာင့္ အမာရာ၏ခံစားခ်က္မ်ားကို ဦးေဆာ မဖတ္နိုင္ေတာ့ပါ။အခုေျပာသည့္စကားမ်ားကိုလည္း သာမာန္စကားတစ္ခုအျဖစ္သာထင္ခဲ့ၿပီး ေခါင္းညိတ္လ်က္ ကတိအထပ္ထပ္ေပးလိုက္မိသည္။

"အစ္ကို ကတိေပးပါတယ္ မမေလး "

ထို႔ေနာက္ အမာရာသည္ ဦးေဆာကိုၿပဳံးျပလ်က္_

"အမာရာတို႔ပင္ပန္းသလိုျဖစ္ေနလို႔ ခဏအိပ္ရာဝင္အုံးမယ္ေနာ္...အစ္ကိုလည္း ျပန္ေတာ့ေလ "

အမာရာဘာေတြႀကံစည္ေနသည္ကို ဦးေဆာနားမလည္ေတာ့ပါ။

အမာရာပုံစံကိုၾကည့္ရတာလည္း အဆင္ေျပေနသလိုရွိေနတာေၾကာင့္ ဦးေဆာလည္း လႊတ္ထားေပးလိုက္မိသည္။

အမာရာသည္ သားျဖစ္သူကို ရင္ခြင္ထဲမွပိုက္ထားရင္း အခန္းရွိရာဆီသို႔ထြက္လာခဲ့ေတာ့သည္။

ထို႔ေနာက္ သူမသည္သားေလးကိုၾကမ္းေပၚတြင္ ထိုင္ေစၿပီး အဝတ္ဗီဒီုထဲမွ အလွဆုံးေသာ ဂါဝန္တစ္ထည္ကို ယူဝတ္ကာ မ်က္ရည္ေၾကာင့္ပ်က္စီးသြားသည့္ မိတ္ကပ္မ်ားကိုဖ်က္ၿပီး လွလွပပေလးျပန္ျပင္ဆင္လ်က္ ရွိသည္။သားျဖစ္သူႏွိုင္းကေတာ့ သူမလုပ္သမွ်ကို မ်က္ေတာင္မခတ္တမ္းလိုက္ၾကည့္ေနရွာ၏။

"သားေလး ႏွိုင္း "

"ေမေမ "

ႏွိုင္းေလးသည္ အသက္ငါးႏွစ္အ႐ြယ္သာရွိေသးေပမဲ့ အကုန္နားလည္သိတတ္ေနၿပီးစကားေကာင္းေကာင္းေျပာတတ္ေနၿပီျဖစ္သည့္ ကေလးတစ္ေယာက္ျဖစ္ေနၿပီျဖစ္၏။

အမာရာသည္ အံဆြဲမွ ကင္မရာတစ္လုံးကိုယူလ်က္ ႐ုပ္သံဖမ္းကာ_

"ႏွိုင္းေလး ေမေမေျပာတာနားေထာင္ေနာ္၊သား အ႐ြယ္ေရာက္လာရင္ သားအေဖပိုင္တာမွန္သမွ် အကုန္ဖ်က္စီးနိုင္ရမယ္ အထူးသျဖင့္ သားအေဖျမတ္နိုးတဲ့အရာေတြ ၿပီးေတာ့ သားဘယ္ေနရာေရာက္ေရာက္ သူမ်ားထက္သာေအာင္လုပ္ရမယ္ ဒါမွ သားေလးအေပၚဘယ္သူမွ လက္ညွိုးထိုး မႏွိမ္ရဲမွာ သိလား "

"ဟုတ္...ေမေမ "

ႏွိုင္းကိုၾကည့္ရတာ နားမလည္ေပမဲ့ ေမေမ့ကိုစိတ္ဆိုးေအာင္မလုပ္ခ်င္တာေၾကာင့္ နားလည္ေယာင္ေဆာင္ေနပုံေပၚေန၏။ဒါကိုအမာရာ သိေပမဲ့ သိပ္အမူမထားခဲ့။ဘာလို႔လဲဆိုေတာ့ သူမသားနားလည္နိုင္တဲ့အ႐ြယ္မွာ ျပန္ၾကည့္နိုင္ဖို႔ record ယူထားၿပီကို။

ထို႔ေနာက္ အမာရာသည္ ႏွိုင္းကိုေပြ႕ခ်ီလိုက္ၿပီး အံ့ဆြဲတစ္ခုထဲတြင္ဝင္ေနေစသည္။အံ့ဆြဲ၏ေလဝင္ေလထြက္ေပါက္မွာ ႏွိုင္းေခါင္းတစ္လုံးစာေလာက္ထိ ဟထားတာေၾကာင့္ ႏွိုင္းအကုန္ျမင္ေနရေသးသည္ဟုဆိုရမည္။အမာရာသည္ ကင္မရာကိုလည္း ထိုအံ့ဆြဲေပၚသို႔ တင္ထားလိုက္ၿပိး ခုံတစ္လုံးယူကာ မ်က္ႏွာၾကပ္ေပၚတြင္ ႀကိဳးတစ္ခုကို ခ်ည္ႏွောင္လ်က္ ေနာက္ဆုံးအေနႏွင့္ သူမအေပၚ အၾကည့္မခြာလ်က္ရွိေနသည့္ သားျဖစ္သူကိုၾကည့္ရင္း_

"ေမေမအခုလိုလုပ္ရတာ သားေလးရဲ႕ေဖေဖေၾကာင့္ အထူးသျဖင့္ သားေဖေဖကိုေမေမ့ဆီက လုသြားတဲ့မိန္းမႀကီးတစ္ေယာက္ေၾကာင့္၊သားေလးမွတ္ထား ဒီျမင္ကြင္းကို သားေလး ႏွလုံးထဲထိစြဲေနေအာင္မွတ္ထား ၿပီးရင္ ေမ့ေမ့အတြက္ ေသခ်ာေပါက္ လက္စားျပန္ေခ်ေပး "

သားျဖစ္သူကိုေစ့ေစ့ၾကည့္ၿပီး ေျပာၿပီးသည္ႏွင့္ အမာရာသည္ မ်က္လုံးကိုစုံမွိတ္လ်က္ သားျဖစ္သူေရွ႕မွာတင္ ကိုယ့္လည္ပင္းကိုယ္ ႀကိဳးကြင္းစြပ္သတ္ေသသြားခဲ့ပါေတာ့သည္။

အေမျဖစ္သူ၏အမ်ိဳးအမည္မသိ ေအာ္သံႏွင့္႐ုပ္ပ်က္ဆင္းပ်က္ မ်က္ႏွာထားေၾကာင့္ ႏွိုင္းေၾကာက္လန့္လာ၏။ေျပးၿပီး အေမ့ကို ကူညီခ်င္ေပမဲ့ အျပင္မွေသာ့ခတ္ထားတာမို႔ ဒုကၡေရာက္ခဲ့သည္။တံခါးကို အဆက္မျပတ္ထုၿပီး ေအာ္ေနေပမဲ့လည္း အသံလုံလြန္းသည့္ အခန္းေၾကာင့္ ဘယ္သူမွမၾကားခဲ့။

ႏွိုင္းတစ္ေယာက္ အခ်ိန္တစ္ခုေလာက္အထိ အေမ့ရဲ႕ေၾကာက္စရာေကာင္းသည့္႐ုပ္ပုံကိုၾကည့္ေနရၿပီး ဒီမြန္းၾကပ္လြန္းသည့္ေနရာေသးေသးေလးမွာတင္ တျဖည္းျဖည္းႏွင့္အသက္႐ူရခက္လာသည္။

"ေမေမ...ႏွိုင္း...ႏွိုင္း...အသက္႐ူလို႔မရေတာ့ဘူး "

"ေမေမ..."

ေမွာင္ရီပ်ိဳးလာသည္ႏွင့္အမွ် ႏွိုင္းပိုၿပီးေၾကာက္လန့္လာရသလို ပိုၿပီးလည္း အသက္႐ူရၾကပ္လာသည္။

ခႏၶာကိုယ္တစ္ခုလုံးလည္း ေဇာေခြၽးျပန္ေနခဲ့ၿပီး တံခါးကို အဆက္မျပတ္ထုရိုက္ေနရတာေၾကာင့္ လက္ေတြလည္း ပဲ့ၿပီးနာေနၿပီျဖစ္သည္။

"...ေမ...ေမ...."

ေနာက္ဆုံးတြင္ အသက္႐ူရၾကပ္ၿပီး ႏွိုင္းထိုေနရာမွာတင္ သတိေမ့သြားခဲ့၏။

ညစာဆင္းစားျခင္းမရွိတာေၾကာင့္ စိတ္ပူၿပီး အခန္းထဲလာၾကည့္သည့္ အိမ္ေစသည္ ေျခာက္ျခားစရာေကာင္းသည့္ျမင္ကြင္းကိုျမင္လွ်င္ သံကုန္ဟစ္ေအာ္ၿပီး ဦးေဆာအား အကူအညီေျပးေတာင္းပါေတာ့သည္။

ဦးေဆာလည္း ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ ေၾကကြဲဝမ္းနည္းထိတ္လန့္သြားရေပမဲ့ အံ့ဆြဲထဲမွာ သတိေမ့ေနသည့္ ႏွိုင္းကို စိုးရိမ္စိတ္ႏွင့္ ႏွိုင္းအား ေဆး႐ုံသို႔ အမွီပို႔ခဲ့ရသည္။

အမာရာေလးသည္ ဦးသုတအေပၚစိတ္နာေသာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္ခဲ့သည္လား၊ဒါမွမဟုတ္ ငယ္စဥ္ကတည္းက ထိန္းသိမ္းလာခဲ့သည့္ ကိုယ့္ဂုဏ္သိကၡာအေပၚ အမည္းစက္စြန္းသြားခဲ့ၿပီျဖစ္တာေၾကာင့္ မာနစိတ္ကိုအသက္လဲခဲ့တာလား ဆိုတာကိုေတာ့ ဦးေဆာလည္း ေသခ်ာမေဝခြဲတတ္ေတာ့ပါေလ။

အမာရာေလး၏ေသဆုံးမူ႕အေပၚ စိတ္မေကာင္းျဖစ္ေပမဲ့ အမာရာေလးကို ကတိေပးထားသည့္အတိုင္း ႏွိုင္းအကၡယွဥ္ေလးကို အသက္ႏွင့္တမွ် ေစာင့္ေရွာက္သြားမည္မို႔ ဦးေဆာတစ္ေယာက္ ေၾကကြဲနာက်ေနမေနဘဲ သန္သန္မာမာေနဖို႔ ကိုယ့္ကိုယ္ကို ဖိအားေပးခဲ့၏။

အမာရာ၏ေသဆုံးမူ႕ေၾကာင့္ အမာရာ၏စည္းစိမ္ႏွင့္အေမြခံအားလုံးမ်ားကို ဦးသုတတစ္ေယာက္ ႏွိုင္းအသက္မျပည့္မွီအခ်ိန္ထိ လႊဲယူခဲ့လိုက္ရသည္။

ဦးသုတကေသခ်ာအကြက္က်စီစဥ္လြန္းသည္ေျပာရမလား အမာရာ၏ေသဆုံးမူ႕ကသူ႕ေၾကာင့္လို႔အမည္မတပ္ခံရေလေအာင္ သုံးႏွစ္ေလာက္အထိ ေဒၚဝင့္ေနခ်ီဆီသို႔မသြားခဲ့ဘဲ အမာရာအတြက္ ဝမ္းနည္းပူေဆြးမူ႕ျပခဲ့သည္။

ဒါကို အမာရာေလး၏ေဆြမ်ိဳးအသိုင္းအဝိုင္းမ်ားက ဦးသုတကိုေယာက်ာ္းေကာင္းတစ္ေယာက္ျဖစ္ေလသည္ဟု ဘုမသိအမည္တပ္ၾကကာ ဦးသုတကိုပင္ ကိုယ္ခ်င္းစာခဲ့ၾကေသးသည္။

ဒါေပမဲ့ဦးသုတသည္ အမာရာ၏ပိုင္ဆိုင္မူ႕တစ္ဝက္ကို လက္ထဲပိုင္ဆိုင္ရၿပီ ေသခ်ာသည္ႏွင့္ ခ်က္ခ်င္းဆိုသလို ကိုယ့္ဂုဏ္သိကၡာအေပၚ မငွဲ႕ေတာ့ဘဲ ေဒၚဝင့္ေနခ်ီအား အိမ္ေပၚသို႔ မ်က္ႏွာေျပာင္တိုက္ေခၚတင္ပါေတာ့၏။

ေဒၚဝင့္ေနခ်ီ စံအိမ္ေပၚသို႔ေရာက္ခ်ိန္မွ ဦးေဆာသိခဲ့ရတာက ေဒၚဝင့္ေနခ်ီထံ့မွာ ဦးသုတႏွင့္ရသည့္ ဆယ့္ေျခာက္ႏွစ္အ႐ြယ္ရွိၿပီျဖစ္သည့္ သားေလးတစ္ေယာက္ ရွိေနၿပီဆိုတာကိုပင္။

ဦးေဆာသည္ အမာရာတမလြန္သို႔အခုလိုအလ်င္အျမန္သြားလိုက္သည္ကိုဘဲ ေက်းဇူးတင္ေနမိပါေတာ့သည္။မဟုတ္လွ်င္ ကိုယ့္ခင္ပြန္းတစ္ေယာက္ ကိုယ္ႏွင့္အိမ္ေထာင္မက်ခင္ကတည္းက တိတ္တိတ္ပုန္းမိသားစုတစ္ခုရွိေနမွန္းကိုသာ သိရလွ်င္ အမာရာတစ္ေယာက္ ပို၍ပင္ ေၾကကြဲေနရေပလိမ့္အုံးမည္။

"သားေလး ႏွိုင္းအကၡယွဥ္...ဒါက သားရဲ႕ေမေမအသစ္နဲ႕အကိုႀကီးေလ ႏႈတ္ဆက္လိုက္ပါအုံး "

"ထြီး* "

သားျဖစ္သူကိုမိသားစုအသစ္နဲ႕ေပ်ာ္ေပ်ာ္ႀကီး မိတ္ဆက္ေပးေနသည့္ ဦးသုတယွဥ္သည္ ျဖစ္လာမည့္အေျခအေနေတြအေပၚ မေတြးတတ္ေပလို႔မ်ားလား။

လြန္ခဲ့သည့္သုံးႏွစ္...အမာရာ၏အျဖစ္အပ်က္ၿပီး ေဆး႐ုံမွ ဆင္းလာသည့္ ႏွိုင္းသည္ အရင္ကနဲ႕မတူဘဲ ကြဲျပားသြား၏။အရင္လို တက္တက္ႂကြႂကြမရွိေတာ့သည့္ အျပင္ ဖခင္ျဖစ္သူအေပၚလည္း ရိုင္းစိုင္းလာသည္။

အခုလည္း ဖခင္မိတ္ဆက္ေပးသည့္ အန္တီႀကီးကိုေစ့ေစ့ၾကည့္ၿပီး သူမ၏အက်ီေပၚသို႔ တံေတြးေထြးလိုက္တာေၾကာင့္ ဦးသုတယွဥ္တစ္ေယာက္ ေဒါသထြက္သြား၏။

"အမယ္ေလး..."

"မင္း...ရိုင္းလွခ်ည္လား "

"...ရ...ရပါတယ္ အကို၊အက်ီေပၚမွာဘဲ ေပသြားတာပါ "

"က်စ္*ဒီေစာက္ကေလးေတာ့ "

ႏွိုင္းတစ္ေယာက္ သူ႕အေဖဆီက အရိုက္ခံရမွာကိုေတာင္ မေၾကာက္ေတာ့သလို ထိုေနရာမွာဘဲ ရပ္ေနေသးလ်က္ရွိကာ မေက်မနပ္ႏွင့္ စိုက္ၾကည့္ေနရွာေသးသည္။

"အေပၚထပ္မွာ ကိုယ့္အခန္းရွိတယ္ အက်ီသြားလဲလိုက္ေနာ္ မိန္းမ "

"ဟုတ္ကဲ့ အကို "

ေဒၚဝင့္ေနခ်ီ အိမ္ေပၚသို႔ တက္မည္လုပ္လွ်င္ ႏွိုင္းသည္ ေဒၚဝင့္ေနခ်ီကိုေက်ာ္၍ ေလွကားထိပ္ဦးေအာင္တက္ၿပီး ေဒၚဝင့္ေနခ်ီေရွ႕မွကာလ်က္ရွိကာ_

"မရဘူး၊ေမေမ့ရဲ႕အခန္းထဲ မဝင္ရဘူး "

ေဒၚဝင့္ေနခ်ီက ဦးသုတဘက္လွည့္ၾကည့္ေတာ့ ဦးသုတက ႏွိုင္းကို လွမ္းမာန္၏။

"ႏွိုင္း...မင္း အခုခ်က္ခ်င္း ဖယ္ေပးလိုက္စမ္း "

"မဖယ္ဘူး မဖယ္ဘူး၊ေမေမ့ရဲ႕အခန္းထဲမဝင္ရဘူး "

ႏွိုင္းသည္ ေျပာေျပာဆိုဆိုႏွင့္ ေဒၚဝင့္ေနခ်ီကို ေလွကားထိပ္မွတြန္းခ်လိဳက္သည္။အငိုက္မိသြားသည့္ ေဒၚဝင့္ေနခ်ီလည္း မထိန္းလိုက္နိုင္ဘဲ ေလွကားေပၚမွ ျပဳတ္က်သြား၏။

ဒါကိုျမင္လွ်င္ ဦးသုတယွဥ္သည္ စိတ္မထိန္းနိုင္ေတာ့ဘဲ ႏွိုင္းကို လက္ေမာင္းမွၾကမ္းၾကမ္းတမ္းတမ္းဆြဲကာ အိမ္အျပင္သို႔ေမာင္းထုတ္လိုက္ၿပီး_

"မင္း ဒီညအိမ္ထဲဝင္အိပ္ဖို႔မစဥ္းစားနဲ႕ ကိုယ့္အျပစ္ကိုဒီေနရာမွဘဲ ေသခ်ာသုံးသပ္ေန ႏွိုင္း "

ဟု ဆူေငွာက္ကာ တံခါးကို ဆြဲပိတ္ေသာ့ခတ္လိုက္သည္။

ႏွိုင္းတစ္ေယာက္ အိမ္ေရွ႕မွ တံခါးကို အဆက္မျပတ္ထုရိုက္ရင္း အိမ္ထဲဝင္ေပးဖို႔ တဂ်ီဂ်ီေအာ္ေနခဲ့၏။

ဒါကိုမၾကားခ်င္ေယာင္ေဆာင္ေနသူ ဦးသုတယွဥ္က လွဲက်ေနသည့္ ေဒၚဝင့္ေနခ်ီကို ထူမလ်က္_

"သြားမယ္ မိန္းမ...အစ္ကိုေဆာ...အစ္ကိုလည္း ကြၽန္ေတာ့္ကိုလာကူေပးအုံး "

ဦးသုတသည္ သူအလစ္မွာ ဦးေဆာ ႏွိုင္းကိုကူညီမယ္မွန္းရိပ္မိေနတာေၾကာင့္ ကူညီလို႔မရေလေအာင္အကြက္ခ်ခဲ့ပါေတာ့သည္။

ဦးေဆာလည္း ႏွိုင္းအားကူညီခ်င္ေပမဲ့ အမိန့္လြန္ဆန္နိုင္စြမ္းမရွိတာသည့္အေနအထားနဲ႕မို႔ ဒုကၡေရာက္ရ၏။

"ေနပါအုံး ကေလးကို အခုလိုအျပင္မွာမလႊတ္ထားပါနဲ႕လားအကိုရယ္၊အိမ္ထဲေပးဝင္လိုက္ပါ "

ေဒၚဝင့္ေနခ်ီက ကေလးသာသာရွိေသးသည့္ ႏွိုင္းအကၡအေပၚ ညွာတာသနားပုံပင္။အထဲဝင္ခြင့္ေပးလိုက္ဖို႔ေတာင္းဆိုေပမဲ့ ဦးသုတဘက္က ေသြးေအးေအးႏွင့္ ျငင္းခဲ့သည္။

"မေပးဝင္ပါဘူး၊သူ႕အေမမရွိေတာ့ကတည္းက ဆိုးသြမ္းေနတာ အဲ့လိုအျပစ္ေပးမွကို မွတ္မွာ လ်စ္လ်ဴ႐ူထားလိုက္ "

ႏွိုင္းသည္ ျပတင္းေပါက္မွ အေဖ့ကိုတံခါးဖြင့္ေပးဖို႔ လွမ္းေခၚေနခဲ့ေပမဲ့ အေဖကလွည့္ေတာင္မၾကည့္ခဲ့။

ႏွိုင္းကိုၾကည့္ေနသည့္ သူတစ္ေယာက္ေတာ့ရွိသည္။ထိုသူက ေဒၚဝင့္ေနခ်ီ၏သားျဖစ္သူပင္။

သူသည္ ႏွိုင္းရွိရာျပတင္းေပါက္ဆီသို႔ ေလွ်ာက္လာရင္း ႏွိုင္းကိုေခတၱစိုက္ၾကည့္ကာ ခပ္ေအးေအးႏွင့္ပင္ ျပတင္းေပါက္အား လိုက္ကာႏွင့္ကာပိတ္လိုက္သည္။

ထိုလုပ္ရပ္ေၾကာင့္ ႏွိုင္း အိမ္ထဲမွာဘာျဖစ္ပ်က္သည္ကို မျမင္ရေတာ့သလို၊အခုလို မျမင္ရေအာင္ တမင္သက္သက္လုပ္ခဲ့သည့္ သူအေပၚကိုလည္း သတ္ပစ္ခ်င္ေလာက္သည္အထိ အမုန္းမီးမ်ားပြားေနမိပါေတာ့သည္။

ဒါကေတာ့ ႏွိုင္းႏွင့္ခန့္ထား၏ ပထမဆုံး ေတြ႕ဆုံမူ႕ပင္ျဖစ္ေလသည္။

Continue Reading

You'll Also Like

4.1M 261K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
569 56 10
ကျွန်တော်နဲ့ ပတ်သက်ရာ....
61.2K 1.4K 12
She didn't eat, because she thought he'll come back for her. Started: July 20, 2017 Ended: October 1, 2017 Book 1: Anorexia Book 2: Binge
3.9K 223 39
ဘုန်းထက်ကံသာ // နေသူရိန် ခါးသီးသော မျက်ဝန်းတစ်စုံကို အရိုးထဲနစ်အောင် ချစ်သည်။ ခါးသီးေသာ မၾက်ဝန်းတဈစုံကို အ႐ိုးထဲနဈေအာင် ခ်စ္သည္။