အန္တရာယ်ရှိသော စရိုက် - ဘာသာပ...

Від Autumn260103

134K 28.7K 2.6K

Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့်... Більше

Chapter 1 - စိတ်ဖတ်စွမ်းရည်
Chapter 2- Identity
Chapter 3 - ရောဂါအမည်သတ်မှတ်ခြင်း
Chapter 4- ကွက်လပ်
Chapter 5- ကြောင် အလောင်း
Chapter 6- ဓား
Chapter 7- သံသယ
Chapter 8- ထိပ်တိုက်တွေ့ခြင်း
Chapter 9- ပွဲသိမ်း
Chapter 10- Turning Point
Chapter 11- ကြိုးရာ
Chapter 12- အတည်ပြုခြင်း
Chapter 13- ကောင်လေး
Chapter 14- ငိုသံ
Chapter 15- အမှုဟောင်း
Chapter 16- အတိတ်
Chapter 17- Bar
Chapter 18- အရက်တစ်ခွက်
Chapter 19 - ထိန်းမရတော့ခြင်း
Chapter 20 - လူသတ်မှု
Chapter 21- မျက်နှာချင်းဆိုင်အခန်း
Chapter 22- Cover your ears
Chapter 23- ခြွင်းချက်
Chapter 24- အိပ်မပျော်ခြင်း
Chapter 25- Getting medicine
Chapter 26- အကြံပြုချက်
Chapter 27- လက်အိတ်
Chapter 28- ကုထုံး
Chapter 29- အမှုအကြံပေး
Chapter 30- သံသယတရားခံ
Chapter 31- အိမ်နီးချင်းများ
Chapter 32- ချောင်းကြည့်ခြင်း
Chapter 33- အိမ်ငှား
Chapter 34- လက်စွပ်
Chapter 35- လက်ထောက်အကြံပေး
Chapter 36- အသံ
Chapter 37- Recovery
Chapter 38- အတည်ပြုချက်
Chapter 39 - စုံစမ်းရေး
Chapter 40- တစ်ယောက်ထဲ နေဖြစ်သွားပြီ
Chapter 41- သတိပေးစကား
Chapter 42- Night Visit
Chapter 43- နှစ်ယောက်လုံးအား ရဲတိုင်ခြင်း
Chapter 44 - အထင်လွဲမှု
Chapter 45- အချိန်ကန့်သတ်ချက်
Chapter 46- ပွဲစား
Chapter 47- လူသတ်မှု
Chapter 48 - လူသတ်သမားကို အမဲလိုက်ခြင်း
Chapter 49 - အမှု ပြီးဆုံးခြင်း
Chapter 50- ချောကလက်
Chapter 51 - နောက်တစ်ကြိမ် ထိန်းချုပ်မရတော့ခြင်း
Chapter 52- Night Talk
Chapter 53- Dream Talk
Chapter 54- လမ်းကူးကြမယ်
Chapter 55- ရုပ်ရှင်ရုံ
Chapter 56- တိုက်ပေါ်မှ ပြုတ်ကျ
Chapter 57- ပါပါရာဇီ
Chapter 58- အရူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်
Chapter 59- အရူးလက်ထဲမှာ တစ်ခုခုရှိနေတာပဲ
Chapter 60- စိုးရိမ်မှု
Chapter 61- အန္တရာယ်ကြားထဲမှ
Chapter 62- မတော်တဆမှု
Chapter 63- Female Star
Chapter 64- လူနာ
Chapter 65- Photos
Chapter 67- သန္ဓေသား
Chapter 68- ဓာတ်ပုံဘောင်
Chapter 69- အဆောင်လက်ဖွဲ့ဆိုင်
Chapter 70 - သန္ဓေသားလောင်းမွေးမြူခြင်း
Chapter 71- ယဇ်ပူဇော်သော (ကုမာန်ထုန်)
Chapter 72- အလှည့်အပြောင်း
Chapter 73- နားဆွဲလေးတစ်ဖက်
Chapter 74- ရုပ်ရည်
Chapter 75- နှလုံးခုန်သံ
Chapter 76- လက်တွဲဖော်
Chapter 77- သူ ကြားလိုက်တယ်
Chapter 78- အတည်ပြုချက်
Chapter 79 - ကြောင်လေးတစ်ကောင် အိမ်ပေါ်ရောက်လာတယ်
Chapter 80- ချဉ်းကပ်ခြင်း
Chapter 81- သွေးဆောင်ဖျားယောင်းမြှူဆွယ်ခြင်း
Chapter 82- နားကပ်
Chapter 83- လက်မြှောက်အရှုံးပေးလိုက်ပြီ
Chapter 84 - ဖွင့်ဟဝန်ခံခြင်း
Chapter 85- ကိုယ့်ကို စမ်းချစ်ကြည့်လေ
Chapter 86- A Hug
Chapter 87- ချိန်းတွေ့ခြင်း အနုပညာ
Chapter 88- လျှို့ဝှက်အခန်း
Chapter 89 - နှစ်သိမ့်ပေး
Chapter 90- လူသိရှင်ကြား
Chapter 91- သူတို့နှစ်‌ယောက် ဆက်ဆံရေး
Chapter 92- ‌တောင်းဆိုမှု
Chapter 93 - လေတံခွန်
Chapter 94- ကျောင်းသားလေးများ
Chapter 95- ရမှတ်
Chapter 96- စိတ်ခံစားချက်

Chapter 66- မျက်နှာ

1.1K 312 52
Від Autumn260103

Unicode

မျှော်လင့်ထားသည့်အတိုင်း ယင်းဝမ်ရူမှာ သံသယတရားခံတစ်ဦးသာဖြစ်၏။ တိကျသော သက်သေအထောက်အထားမရှိပဲနှင့်တော့ အကြာကြီး ထိန်းသိမ်းထား၍မရနိုင်။

နောက်ထပ်စစ်မေးခန်းထဲမှ မန်နေဂျာဖြစ်သူက အသေအချာပြင်ဆင်လာပုံရသည်။
" ကျွန်မတို့ကို ဒီလိုခေါ်ထားလို့ မရဘူးလေ..ကျွန်မတို့ ပြောသင့်တာ အကုန်ပြောပြီးပြီ.. ရှင်တို့မှာလဲ သက်သေမရှိဘူး"

" ကျန်းဖုန်းကို သတ်တဲ့သက်သေတော့ မရှိဘူးပေါ့"
တစ်ဖက်မှ မှုခင်းရဲအရာရှိတစ်ယောက်က ဒေါသထွက်ထွက်နှင့် ဆက်ပြောသည်။
" ဒါပေမဲ့ ခွဲစိတ်မှုကို တိတ်တဆိတ်နာမည်ပြောင်းတဲ့ ပြဿနာတော့ ရှိနေတယ်.. ခင်ဗျားတို့ကို ပြန်ခွင့်မပေးနိုင်ပါဘူး"

မန်နေဂျာ : "..."

တစ်ဖက်ခန်းတွင်တော့

ယင်းဝမ်ရူမှာ စစ်မေးခန်းထဲ တစ်ယောက်ထဲ ထိုင်၍ လက်နှစ်ဖက်ယှက်ထားသဖြင့် လက်သည်းများက အသားထဲ စိုက်ဝင်လုနီးပါးဖြစ်နေသည်။

အခန်းထဲ သူမမှလွဲ၍ တခြားသူမရှိသော်လဲ သူမအသံကို ကြားနိုင်ကြကြောင်း သိသည့်အတွက် ပြောလိုက်သည်။
" ကျန်းဖုန်း တိုက်ပေါ်က ပြုတ်ကျသေရတဲ့အကြောင်းရင်းကို ကျွန်မမသိပေမဲ့ ရှင်တို့စုံစမ်းရေးကို ကျွန်မ သေသေချာချာ ပူးပေါင်းပါဝင်မှာပါ... ကျွန်မရဲ့ ကိုယ်ဝန်အကြောင်းကိုတော့ မပြောလို့မရဘူးလား.. ကျေးဇူးပြုပြီး ဒါတစ်ခုကိုတော့ မဖော်ပြကြပါနဲ့"

သူမစကားများကြောင့် ဝူကျီပင်း သက်ပြင်းချမိသည်။ အနုပညာအသိုင်းအဝိုင်းအကြောင်း သူ သိပ်မသိ။
" ဘာလို့လဲ.. သူ့သွေးသူ့သားပဲ မဟုတ်ဘူးလား"

စစ်မေးပြီးနောက် ယင်းဝမ်ရူ၏ အမှုကို တခြားမှုခင်းရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် ဝူကျီပင်းက ရှဲ့လင်ကို သေချာကြည့်သည်။
" မင်း အဲ့ဆရာဝန်ကို ဘယ်လိုစည်းရုံးလိုက်တာလဲ..‌ လာဘ်ယူပြီး တရားမဝင်ခွဲစိတ်မှုကို ဘယ်လိုလုပ်ဝန်ခံတာလဲ.. သူ ထောင်ထဲဝင်ရမှာ မသိဘူးလား"

ရှဲ့လင် : "အရမ်းအံ့ဩစရာမရှိပါဘူး.. ယင်းဝမ်ရူဆီကနေလဲ သူ ငွေလက်ခံထားသလိုပေါ့"

"..."
အခုမှ ဖြစ်နိုင်ချေရှိသွား၏။

" ပြီးတော့ ကျွန်တော် ဘာလုပ်တဲ့သူဆိုတာ သူ မသိဘူး"
ရှဲ့လင်က ဆက်ပြောသည်။
" ကျွန်တော်နဲ့ ကျွန်တော့်လက်ထောက်က အမှုစစ်ရဲတွေနဲ့ တူနေလား သေချာကြည့်ပါဦးဗျ"

ဝူကျီပင်းလဲ ‌ရှဲ့လင်နှင့် ချီချင်းကို တစ်ချက်ကြည့်မိသည်။

မတူ ... နည်းနည်းလေးမှ မတူ။

သူတို့နှစ်ယောက်လုံးကိုယ်တိုင်က အမှုစုံစမ်းနေပါသည်ဟုပြောရင်တောင် ယုံကြည်မည့်သူ သိပ်မရှိနိုင်။

‌ငွေသည်က အရာရာကို ပြောင်းလဲပစ်နိုင်၏။ ယင်းဝမ်ရူက လူတစ်ယောက်ကို ငွေပုံပေး၍ တစ်ခုခုခိုင်းနိုင်သည်ဆိုပါက ထိုသူကို ပမာဏပိုများသော ငွေပေးလျှင် ယင်းဝမ်ရူကို ပြန်ဖော်နိုင်‌ပေလိမ့်မည်။

ထို့အပြင် ထိုသူ ရင်ဆိုင်တွေ့ခဲ့ရသည်က ရှဲ့လင်ဖြစ်ခဲ့၏။

လွန်ခဲ့သော တစ်နာရီခန့်က အဆိုပါဆရာဝန်နှင့် မျက်နှာချင်းဆိုင်စကားပြောနေသော မြင်ကွင်းကို ချီချင်း ပြန်မြင်ယောင်မိသည်။ ရှဲ့လင်ဆိုသော လူမှာ စိတ်ပညာစာအုပ် ဘယ်နှအုပ်လောက် အရည်ကျိုသောက်ထားသော အရူးကောင်လဲဟုပင် ချီချင်းတွေးမိသည်အထိ။

ဒီနေ့အဖို့ ရှဲ့လင်၏ အလုပ်ကိစ္စပြီးပြီမို့ ကျန်ကိစ္စများကို ဝူကျီပင်းနှင့်ထားခဲ့လိုက်သည်။ ယင်းဝမ်ရူ၏ ဖုန်းနံပါတ် ဖုန်းခေါ်ဆိုမှုစာရင်း မန်နေဂျာ၏ ဖုန်းခေါ်ဆိုမှုစာရင်း စသဖြင့် စစ်ဆေးစရာအများကြီး‌ ပေါ်လာခဲ့သည်။

ဝူကျီပင်းက နာရီတစ်ချက်ငုံ့ကြည့်၍ ပြောနေသည်။
" ညနေစာစားချိန်တောင် နီးနေပြီ... မင်းတို့ ဒီနေ့ အလုပ်ကြိုးစားထားတယ်ဆိုတော့ ဆိုင်တစ်ဆိုင်မှာ သွားစား‌ကြ.. ငါ ကျွေးမယ်"

ရှဲ့လင်က အား‌နာနေမည့်သူမျိုးမဟုတ်။
"ကောင်းသားပဲ.. ကျွန်တော်လဲ ဝူကျိကို ထမင်းတစ်နပ်လိုက်ကျွေးရမှာ"

ဝူကျီပင်းထွက်သွားပြီးနောက် ရှဲ့လင်နှင့် ချီချင်းနှစ်ယောက်ထဲသာ စောင့်ကြည့်ခန်းထဲ ကျန်ခဲ့သည်။

ဤသို့ဖြင့် စကား‌လမ်းကြောင်းမှာ စောစောက ပြတ်ကျန်ခဲ့သော 'အလိုလိုသိစိတ်' သို့ ဦးတည်သွားသည်။

ရှဲ့လင် : " ခုနက မင်းပြောလိုက်တာ ဘာလဲ"

နားမကောင်းသော လူနားတွင်နေရသည့်အတွက် ချီချင်းလဲ တုံ့ဆိုင်းမနေပဲ ချက်ချင်းပြန်ပြောသည်။
" လက် ဖယ် လို့"

" အဲ့ဒါမဟုတ်ပါဘူး"

" အဲ့ဒါကလွဲရင် ဘယ်ဟာမှ အရေးမကြီးဘူး"
ချီချင်းက ဆက်ပြောသည်။
" ကျွန်တော် ထပ်ပြောမယ်နော် .. လက်ဖယ်ပြီး ချိုင်းထောက်နဲ့ ကိုယ့်ဟာကိုယ်လျှောက်"

ရှဲ့လင်မှာ ဘယ်ဘက်နားမှဝင်၍ ညာဘက်နားမှထွက်သော သိုင်းကို တစ်ဖက်ကမ်းခတ် တတ်ထားပြီးသည့်အပြင် ချီချင်း သူ့ကို ဒီအတိုင်းထား၍ ထွက်မသွားနိုင်သည်ကိုလဲ အသေအချာသိထား၏။
" အဲ့ဒီ့ရှေ့က တစ်ခုကို ပြောတာ"

ချီချင်းလဲ ရှဲ့လင်ကို ကူတွဲရင်း အခန်းအပြင်ထွက်လာသည်။
" ရှေ့ကတစ်ခု.... အလိုလိုသိစိတ်ကို ပြောတာလား"

ထိုစကားက တကယ် အရေးမကြီးတာဖြစ်သည်။

" ကျွန်တော် ဒီအတိုင်းပဲ ပြောလိုက်တာ"
ချီချင်းက ရှဲ့လင်တစ်စုံတစ်ခု သတိထားမိနေသည်ဟု ထင်လိုက်၍ စကားလမ်းကြောင်းလွှဲလိုက်သည်။
" ဘာမှမဟုတ်ဘူး.. ဒီအတိုင်းပဲ နားထောင်ပြီး ကျော်သွားရင် ရပြီ"

ရှဲ့လင်လဲ လျှောက်လမ်းမှ ကွက်ကြည့်ကွက်ကြည့်လုပ်နေသော လူများကို ပြန်ပြုံးပြသည်။
" အဲ့ဒါတော့ မရဘူးလေ..  ကိုယ် မင်းစကားကို ဘယ်တုန်းက ပြီးပြီးရော နားထောင်ဖူးလို့လဲ"

" ပြီးတော့ ကိုယ့်မှာလဲ အလိုလိုသိစိတ်‌ဆိုတာရှိတယ်"
ရှဲ့လင်က ထပ်ပြောလိုက်သည်။

" အင်း..."
ချီချင်းလဲ အလိုက်သင့် ပြန်ပြောနေပေမဲ့ ရှဲ့လင်ပြောသည့် အလိုလိုသိစိတ်က သူထင်နေသည့်အလိုလိုသိစိတ် မဟုတ်ပါစေနဲ့ဟု မျှော်လင့်နေရှာသည်။

လျှောက်လမ်းအထိ ရှဲ့လင်ကို တွဲပေးပြီးနောက် တံခါးပြန်မပိတ်ခင် သူ့ခေါင်းအပေါ်မှ ထွက်လာသည့်  ရှဲ့လင်၏စကားသံကို ကြားလိုက်ရသည်။
" ကိုယ် မင်းရဲ့ အလိုလိုသိစိတ်ကို ယုံတယ်"

...သူ့ကို ယုံတာကိုရော အလိုလိုသိစိတ်လို့ ထည့်တွက်လို့ ရလို့လား...

ချီချင်း ခဏမျှ ကြောင်အသွားလေ၏။

နေသာနေသည့်အတွက် မှန်တံခါးမှ နေရောင်ခြည် ဖြာကျနေလေသည်။ ချီချင်း ကြောင်အနေသည်မှာ အရင်တစ်ခါ ဘားတွင် အရက်သောက်မိ၍ အသံပေါင်းစုံ သူ့နားထဲ တိုးဝင်သည်ထက် ပိုဆိုးနေ၏။

ထိုအချိန်တွင် ရုံးချုပ်ဝင်ပေါက်တွင် သူတို့ခေါ်ထားသော အငှားကားရောက်လာသည်။ သို့သော် ချီချင်း ကြောင်နေမိသည့်အတွက် သတိမထားမိလိုက်။

" ကားရောက်ပြီလေ"
ရှဲ့လင်က ကိုယ်တိုင် လမ်းမ‌လျှောက်နိုင်သေးသောကြောင့် ချီချင်းတွဲပို့ပေးသည်ကို စောင့်နေရသည်။ ကြောင်အ,နေသော ချီချင်းကိုကြည့်၍ ပခုံးပေါ်လက်တင်ကာ နဖူးကို လက်ချောင်းလေးနှင့် ဖွဖွတောက်ရင်း ဆက်ပြောသည်။
" ကိုယ့်ကို ကူပေးဦးလေ"

နဖူးတောက်သည်ဆိုသော်လဲ ရှဲ့လင်၏ လက်ချောင်းလေးများက ချီချင်းနဖူးရှေ့မှ ဆံစရှည်လေးများကိုသာ တောက်မိလိုက်သည်။

ကားထဲရောက်မှ ရှဲ့လင်က ထိုအကြောင်း ပြန်‌‌တွေးမိဟန်တူသည်။
" မင်းရဲ့ဆံပင်လေးက အရမ်းနူးညံ့တာပဲ"

"..."

နူးညံ့တယ်??

ချီချင်းလဲ သူ့ဘေးမှလူကို မရှိသလိုသာ သဘောထားလိုက်သည်။

ရှဲ့လင်တစ်ခုခု မှားနေသည်ကို ချီချင်း သတိထားမိနေ၏။

သူ့ကိုယ်တိုင်လဲ တစ်ခုခု လွဲနေသလိုပင်။

သူတို့နှစ်ယောက်လုံး ဒေါက်တာဝူနဲ့ စကားမပြောရတာ ကြာ၍ ဖြစ်မည်ဟုသာ ချီချင်း ကောက်ချက်ချသည်။

ရှဲ့လင်က သူတို့အိမ်နှင့် အနီးအနားမှ စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးသည်။ ရုံးချုပ်နှင့် ဆယ့်ငါးမိနစ်သာ ဝေးကာ ဝူကျိ ရောက်လာသည့်အချိန် အဆာပြေဟင်းများပင် ချပေးနေပြီဖြစ်၏။

" ဟာ.. ရှဲ့ကောရာ.. ရပါတယ်ဗျ"
ဝူကျိက ရောက်ရောက်ချင်း ဝင်ထိုင်သည်။
" ကျွန်တော်တို့ကြားမှာ ထမင်း တကူးတက ဖိတ်ကျွေးနေစရာ မလိုပါဘူးဗျ"

ဝူကျိက ပြောနေရင်း ဟင်းပွဲချနေသော စားပွဲထိုးကို လှည့်ပြောလိုက်သည်။
" ဒီဆိုင်က ဈေးအကြီးဆုံးဟင်း တစ်ပွဲစီ အကုန်ချဗျာ"

ရှဲ့လင်က ဟင်းတချို့ကို ချီချင်းပန်းကန်ထဲ ထည့်ပေးရင်း ပြန်ဖြေသည်။
" ကိစ္စမရှိဘူး.. ကုန်အောင်စားနိုင်ရင် မှာလိုက်"

"နောက်တာပါ... တစ်နေကုန် စားသောက်ဆိုင်က ဟင်းတွေပဲ စားနေရတော့ ငြီးငွေ့နေပြီ"
ဝူကျိလဲ လက်ကိုင်ပုဝါဖြန့်၍ မျက်နှာချင်းဆိုင်မှ သူတို့နှစ်ယောက် ပြုမူနေသည်ကို ကြည့်ရင်း ရယ်သည်။
" ခင်ဗျားတို့နှစ်ယောက်မှာ ဘယ်သူက လက်ထောက်လဲဗျ"

ချီချင်းကိုတော့ သူ မပြောရဲ။ ပထမအချက် မရင်းနှီးသူတစ်ယောက် ဖြစ်သည့်အပြင် ဒုတိယအချက်အနေနှင့် ချီချင်း၏ မှုန်ကုပ်နေသည့်မျက်နှာက သူ့ကို နည်းနည်းလေးစနောက်မိရင်တောင် အသေလိုက်သတ်နိုင်သည့် အနေအထားရှိသည်ဟု ဝူကျိ ခံစားမိသောကြောင့်ပင်။

ရှဲ့လင် : " မင်း ဘယ်လိုထင်လို့လဲ.. ငါ သူ့ကို ဘယ်လိုခေါ်လဲ မကြားဘူးလား"

ချီချင်းမှာ မနက်ထဲက သူ့လက်အိတ်အမည်းနှင့် ပစ္စည်းတော်တော်များများကို လိုက်ထိခဲ့သည့်အတွက် လက်အိတ်အမည်းက ဖုန်များပေပွနေ၏။ စက္ကန့်အနည်းငယ်ကြာသည်အထိ စဉ်းစားပြီးနောက် သူတို့စားနေသည့်နေရာက သီးသန့်ခန်းလဲ ဖြစ်သည့်အပြင် လူသိပ်မရှိ၍ လက်အိတ်ချွတ်ကာ ထမင်းစားရန် ပြင်သည်။ ထို့ကြောင့် လက်အိတ်ချွတ်၍ မတ်တပ် ထရပ်သည်။
" ကျွန်တော် သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်"

လက်အိတ်ကို ဘေးချလိုက်သည့်အတွက် ချီချင်း၏ ဖြူဆွတ်နေသော ‌လက်ချောင်းလေးများ ပေါ်လာသည်။

ဝူကျိမှာ ချီချင်း၏လက်ချောင်းများကို သေချာမမြင်ဖူးခဲ့။ ပထမဆုံး သူတို့တွေ့ခဲ့သည့် ဘားထဲတွင် အလင်းရောင်မကောင်း၍ သေသေချာချာ မမြင်ခဲ့ရ။

ထို့ကြောင့် ချီချင်းလက်ချောင်းများထံမှ အကြည့်မခွာနိုင်ပေ။

ကြောက်ဖို့ကောင်းသော လူကြီးမင်းချီမှာ အမြဲလိုလို လက်အိတ်များ ဝတ်တတ်သည်။ လက်အိတ်မပါပဲ မြင်ရခဲသည်မို့ နောက်ထပ်ခပ်ကြာကြာ စိုက်ကြည့်နေစဉ် ရှဲ့လင်က သူ့မျက်နှာကို တစ်ရူးဘူးနှင့် ကောက်ပေါက်သည်။ မျက်နှာနှင့် ပွတ်ကာသီကာလေး လွဲသွားခြင်းသာ။

ဝူကျိလဲ တစ်ရူးဘူးကို ပြန်ယူရင်း ပြောလိုက်သည်။
" ရှဲ့ကောကလဲ.. မတွေ့တာကြာတော့ စိမ်းကားနေတာ"

ရှဲ့လင်မှာ ဝူကျိနှင့် နှစ်ပေါင်းများစွာ ရင်းနှီးလာသူဖြစ်၍ ‌ယဉ်ယဉ်ကျေးကျေး ပြောမနေ။
" ‌လူလိုသိမှပေါ့.. ဘာလို့ စိုက်ကြည့်နေတာလဲ"

ဝူကျိ ကြောင်သွားသည်။
" ကျွန်တော် ဘာကြည့်လို့လဲ"

ဝူကျိမှာ အံ့ဩလွန်း၍ မတွေးနိုင်သော်လဲ ခဏကြာမှ ပြန်မေးလိုက်သည်။
" ခင်ဗျား လက်ထောက်ရဲ့ လက်ကိုပြောတာလား..."

ရှဲ့လင်က ဘာမှထပ်မပြောပဲ လက်ဖက်ရည်ငှဲ့နေသည်။

ဝူကျိ : "ဟုတ်လားလို့ ရှဲ့ကော... ကျွန်တော် နှစ်ခါလေးပဲ ကြည့်မိတာပါ.. အဲ့‌ဒါလေးတောင်မရဘူးလား... ပြီးတော့ သူ့လက်က ဖြူဆွတ်နေတာ.. မီးသီးလိုပဲလေ.. အဲ့ဒါက မကြည့်မိဖို့က.."

" သူ့လက် ဖြူတာ မင်းနဲ့ဘာဆိုင်လဲ"

"..."
ဆိုင်တော့ မဆိုင်ဘူးပေါ့...

" နှစ်ခါလဲ မကြည့်နဲ့"
ရှဲ့လင်က ဆက်ပြောသည်။
" တစ်ခါလဲ မကြည့်နဲ့.. သူ့လက်ကို သူများတွေ လိုက်ကြည့်ရင် သူ မနေတတ်ဘူး"

ဝူကျိ ဆွံ့အသွားရသည်။
ဘုရားရေ.. ဒီအစ်ကိုကြီးတော့ ဆေးမမှီတော့ဘူး...

သန့်စင်ခန်းထဲ လက်ဆေးနေသော ချီချင်းမှာ သီးသန့်ခန်းထဲမှ အဖြစ်အပျက်ကို လုံးဝမသိ။ စောစောက ယင်းဝမ်ရူပြောခဲ့သော ‌စကားနှင့် ဟိုနေ့က ဆုံခဲ့သော မျက်နှာဖုံးတပ်ထားသူ၏ စကားကို ပြန်တွေးနေမိသည်။

ယင်းဝမ်ရူမဟုတ်ဘူးဆိုရင် ကျန်းဖုန်းကို ဘယ်သူသတ်တာလဲ...

မျက်နှာဖုံးလူရဲ့ ကြိုးကိုင်သူက ဘယ်သူလဲ..

ကျန်းဖုန်းရဲ့ SD ကတ်ထဲမှာ ရှိနေတဲ့ လျှို့ဝှက်ချက်က ဘာလဲ..  ယင်းဝမ်ရူ ကိုယ်ဝန်ဖျက်ချတာကို ဖယ်လိုက်ရင် သူတို့‌ဘယ်ဓာတ်ပုံကို ကျော်သွားမိတာလဲ...

ချီချင်း တွေးနေရင်း တစ်ရူးစယူကာ လက်သုတ်နေသည်။

အဖြေရှာမရ။ တစ်‌နည်းပြောရရင် လက်ရှိအချိန်တွင် လူသတ်ရသည့် ရည်ရွယ်ချက်ကို သေချာမသိနိုင်၍ ဘာကိုမှ မစဉ်းစားနိုင်။

သို့သော် သူတို့ထမင်းစားနေစဉ် အမှုက ရုတ်တရက်ကြီး တိုးတက်မှုရှိလာသည်။

ရှဲ့လင်တစ်ယောက် ချီချင်းကိုကြည့်ရင်း 'ဟိုဟင်းက ဝေးလွန်းလို့ ထမယူနိုင်ဘူး' ဟူသော ဆင်ခြေတွင်တွင်သုံး၍ ဟင်းထည့်ခိုင်းသည်။ ချီချင်းကလဲ 'ခင်ဗျား သူငယ်ချင်းကို ထည့်ခိုင်း' ဟူသော စကားနှင့် ပြန်ပက်သည်။ ဝူကျိကတော့ တအံ့တဩနှင့် ငေးကြည့်နေသည်။

မိန်းကလေးတွေကို ဒီလိုနည်းနဲ့လိုက်ဖို့ ဘာလို့မစဉ်းစားမိတာပါလိမ့်.. အခု သူ့ခြေထောက်သူ ချိုးလိုက်ရင် အရမ်းနောက်ကျသွားမှာလား...

ဘယ်နှထပ်လောက်က ခုန်ချရင် အသက်မသေပဲ ခြေထောက်တစ်ချောင်းလောက်ပဲ ကျိုးမလဲ....

ရှဲ့လင်က ချီချင်း အောင့်သက်သက် ထည့်ပေးထားသော ကိုက်လန်ကြော်ကို အားရပါးရ စားနေစဉ် သူ့ဘေးမှ ဖုန်းမြည်လာသည်။ တစ်ဖက်မှ ဝူကျီပင်း၏ အသံက အလောတကြီးနိုင်နေ၏။
" ဟဲလို.. မင်း အခု ဘယ်မှာလဲ..  အမှုတိုးတက်မှုရှိတယ်...အရမ်းအရေးကြီးတယ်ကွ.. ဖုန်းထဲကနေ သေသေချာချာ ပြောလို့မရဘူး.. ငါ စာရွက်စာတမ်းတွေယူပြီး မင်းဆီ လာခဲ့မယ်"


ဆယ့်ငါးမိနစ်မောင်းရသော ခရီးကို ဆယ်မိနစ်အတွင်း ဝူကျီပင်း ရောက်ချလာသည်။

ဖုန်းချပြီး ဘယ်လောက်မှမကြာ သီးသန့်ခန်းကို တံခါးတွန်းဖွင့်သံ ကြားလိုက်ရသည်။ ထိုအခါမှသာ ဘယ်လောက်ထိအရေးကြီးမှန်း သူတို့သိလိုက်ရ၏။

" ဘာတွေအဲ့လောက် လောနေတာလဲ‌ ပင်းကောရ"
ရှဲ့လင်က ပြန်မေးသည်။

ဝူကျီပင်းက ချိုင်းကြားညှပ်၍ သယ်လာသော စာရွက်စာတမ်းများကို စားပွဲပေါ် ပစ်ချလိုက်သည်။
" အရင်တစ်ခေါက် အလောင်း‌ကို ‌အပိုင်းပိုင်းဖြတ်လိုက်တဲ့အမှုအကြောင်း မင်း မှတ်မိသေးလား"

" မှတ်မိတယ်"
ရန်ချင်း လန့်ပြေးသွားရသော ဓာတ်ပုံများအကြောင်း  ပြောနေကြခြင်းပင်။  ထိုအမှုအကြောင်း ချီချင်းမသိ၍ ရှဲ့လင် အကြမ်းဖျင်း ရှင်းပြလိုက်သည်။
" ဒီအမှုက အရင်လကုန်လောက်တုန်းက ဖြစ်ခဲ့တာ.. အလောင်းကို လွှနဲ့ ၂၈ ပိုင်း ပိုင်းခဲ့တာလေ.. အူ‌တွေပါ အပိုင်းပိုင်း ပြတ်ကုန်တာ.. ထူးဆန်းတာက အဲ့အလောင်းမှာ မျက်နှာမရှိတာပဲ"

" မျက်နှာမရှိဘူး??"

" အင်း.. အသက်ရှိနေတုန်း မျက်နှာအရေခွံ အဆုတ်ခံရတာ"

စားသောက်ရင်း ပြောနေကြသည့်အတွက်  "အပိုင်းပိုင်းဖြတ်ခံရသည့်အလောင်း" ဟု ကြားလိုက်ရစဉ်ကပင် ဝူကျိတစ်ယောက် ထမင်းဆက်မစားနိုင်တော့။ မျက်နှာအရေခွံဆုတ်ခံရသည်လဲဆိုရော အန်ပါ အန်ချင်လာသည်။

ရှဲ့လင်ကတော့ သူပြောတာ မလုံလောက်သေးဘူးထင်၍ ဖိုင်ထဲမှ ဓာတ်ပုံများ ထုတ်ပြသည်။

ချီချင်းက ထမင်းစားပြီး၍ စွပ်ပြုတ်သောက်နေချိန်ဖြစ်ရာ ကြွေပန်းကန်လုံးကို ပြန်ချလိုက်သည်။ သို့သော် ကြွေပန်းကန်လုံးနှင့် သူ့လက် ဘယ်ဟာက ပိုဖြူလဲ ဘယ်သူမှ မပြောနိုင်။

ပုံအထပ်လိုက်ကို တစ်ချက်ကြည့်၍ ဣနြေမပျက်ပဲ စွပ်ပြုတ်တစ်ဇွန်းခပ်သောက်ရင်း ပြန်မေးလိုက်သည်။
" ဘယ်ပုံက အရေခွံဆုတ်ထားတဲ့ မျက်နှာလဲ"

ရှဲ့လင်က ဓာတ်ပုံများကြားထဲမှ သွေးအများဆုံးပုံတစ်ပုံကို ထုတ်သည်။
" ဒီတစ်ပုံ"

ချီချင်းလဲ လှမ်းကြည့်သည်။

ဝူကျိမှာ မခံစားနိုင်တော့။ ချီချင်းနှင့် ရှဲ့လင်တို့ စားရင်းသောက်ရင်း ဒီအကြောင်းပြောနိုင်သည်ကို သူ နားမလည်။ ပျို့တက်လာ၍ သူ့ပါးစပ်သူ အုပ်ကာ ပြောလိုက်သည်။
" ခင်ဗျားတို့.. ဆက်ပြောကြ... ကျ.. ကျွန်တော် သန့်စင်ခန်း ခဏ..."

အစတုန်းကတော့ သေဆုံးသူတွင် မျက်နှာမရှိနေသောကြောင့် စုံစမ်းမှု နှောင့်နှေးခဲ့ရခြင်း။

ရှဲ့လင်လဲ ဝူကျိပင်း သူ့ကို အသည်းအသန်ရှာရသည့်အကြောင်း တွေးမိသွား၏။
" အဲ့ဒီ့လူကို ရှာတွေ့ပြီလား"

" တွေ့ပြီ.. သူ့သူငယ်ချင်းတစ်ယောက်က သူပျောက်နေတဲ့အကြောင်း ရဲတိုင်ထားတယ်... ဖုန်းလဲ ဆက်လို့မရ စာလဲပို့လို့မရဘူးတဲ့.. သူ့ကို ငါတို့ဆက်သွယ်ကြည့်တော့ သေဆုံးသူကို အတည်ပြုလို့ ရသွားပြီ"
ဝူကျီပင်းက ဆက်ပြောသည်။
"သေဆုံးသူက အနုပညာကုမ္ပဏီတစ်ခုရဲ့ သင်တန်းသားတဲ့... သူ့နာမည်က လော့ယွီ"

ချီချင်း စွပ်ပြုတ်သောက်နေရာမှ ရပ်သွားသည်။

လော့ယွီ...

ဒီနာမည်ကို မကြာသေးခင်ကမှ ယင်းဝမ်ရူထံမှ သူတို့ကြားခဲ့ရခြင်း။
" ခင်ဗျားပြောတာ ယင်းဝမ်ရူကလေးရဲ့အဖေ လော့ယွီ လား"

.....
End of part 66
Thank you all

တော်တော်ကြာသွားလို့ တောင်းပန်ပါတယ်နော် သတိရနေတာပါရှင့်

Zawgyi

ေမွ်ာ္လင့္ထားသည့္အတိုင္း ယင္းဝမ္႐ူမွာ သံသယတရားခံတစ္ဦးသာျဖစ္၏။ တိက်ေသာ သက္ေသအေထာက္အထားမရွိပဲႏွင့္ေတာ့ အၾကာႀကီး ထိန္းသိမ္းထား၍မရနိုင္။

ေနာက္ထပ္စစ္ေမးခန္းထဲမွ မန္ေနဂ်ာျဖစ္သူက အေသအခ်ာျပင္ဆင္လာပုံရသည္။
" ကြၽန္မတို႔ကို ဒီလိုေခၚထားလို႔ မရဘူးေလ..ကြၽန္မတို႔ ေျပာသင့္တာ အကုန္ေျပာၿပီးၿပီ.. ရွင္တို႔မွာလဲ သက္ေသမရွိဘူး"

" က်န္းဖုန္းကို သတ္တဲ့သက္ေသေတာ့ မရွိဘူးေပါ့"
တစ္ဖက္မွ မႈခင္းရဲအရာရွိတစ္ေယာက္က ေဒါသထြက္ထြက္ႏွင့္ ဆက္ေျပာသည္။
" ဒါေပမဲ့ ခြဲစိတ္မႈကို တိတ္တဆိတ္နာမည္ေျပာင္းတဲ့ ျပႆနာေတာ့ ရွိေနတယ္.. ခင္ဗ်ားတို႔ကို ျပန္ခြင့္မေပးနိုင္ပါဘူး"

မန္ေနဂ်ာ : "..."

တစ္ဖက္ခန္းတြင္ေတာ့

ယင္းဝမ္႐ူမွာ စစ္ေမးခန္းထဲ တစ္ေယာက္ထဲ ထိုင္၍ လက္ႏွစ္ဖက္ယွက္ထားသျဖင့္ လက္သည္းမ်ားက အသားထဲ စိုက္ဝင္လုနီးပါးျဖစ္ေနသည္။

အခန္းထဲ သူမမွလြဲ၍ တျခားသူမရွိေသာ္လဲ သူမအသံကို ၾကားနိုင္ၾကေၾကာင္း သိသည့္အတြက္ ေျပာလိုက္သည္။
" က်န္းဖုန္း တိုက္ေပၚက ျပဳတ္က်ေသရတဲ့အေၾကာင္းရင္းကို ကြၽန္မမသိေပမဲ့ ရွင္တို႔စုံစမ္းေရးကို ကြၽန္မ ေသေသခ်ာခ်ာ ပူးေပါင္းပါဝင္မွာပါ... ကြၽန္မရဲ႕ ကိုယ္ဝန္အေၾကာင္းကိုေတာ့ မေျပာလို႔မရဘူးလား.. ေက်းဇူးျပဳၿပီး ဒါတစ္ခုကိုေတာ့ မေဖာ္ျပၾကပါနဲ႕"

သူမစကားမ်ားေၾကာင့္ ဝူက်ီပင္း သက္ျပင္းခ်မိသည္။ အႏုပညာအသိုင္းအဝိုင္းအေၾကာင္း သူ သိပ္မသိ။
" ဘာလို႔လဲ.. သူ႕ေသြးသူ႕သားပဲ မဟုတ္ဘူးလား"

စစ္ေမးၿပီးေနာက္ ယင္းဝမ္႐ူ၏ အမႈကို တျခားမႈခင္းရဲတပ္ဖြဲ႕ကို လႊဲေျပာင္းေပးလိုက္သည္။ ထို႔ေနာက္ ဝူက်ီပင္းက ရွဲ႕လင္ကို ေသခ်ာၾကည့္သည္။
" မင္း အဲ့ဆရာဝန္ကို ဘယ္လိုစည္း႐ုံးလိုက္တာလဲ..‌ လာဘ္ယူၿပီး တရားမဝင္ခြဲစိတ္မႈကို ဘယ္လိုလုပ္ဝန္ခံတာလဲ.. သူ ေထာင္ထဲဝင္ရမွာ မသိဘူးလား"

ရွဲ႕လင္ : "အရမ္းအံ့ဩစရာမရွိပါဘူး.. ယင္းဝမ္႐ူဆီကေနလဲ သူ ေငြလက္ခံထားသလိုေပါ့"

"..."
အခုမွ ျဖစ္နိုင္ေခ်ရွိသြား၏။

" ၿပီးေတာ့ ကြၽန္ေတာ္ ဘာလုပ္တဲ့သူဆိုတာ သူ မသိဘူး"
ရွဲ႕လင္က ဆက္ေျပာသည္။
" ကြၽန္ေတာ္နဲ႕ ကြၽန္ေတာ့္လက္ေထာက္က အမႈစစ္ရဲေတြနဲ႕ တူေနလား ေသခ်ာၾကည့္ပါဦးဗ်"

ဝူက်ီပင္းလဲ ‌ရွဲ႕လင္ႏွင့္ ခ်ီခ်င္းကို တစ္ခ်က္ၾကည့္မိသည္။

မတူ ... နည္းနည္းေလးမွ မတူ။

သူတို႔ႏွစ္ေယာက္လုံးကိုယ္တိုင္က အမႈစုံစမ္းေနပါသည္ဟုေျပာရင္ေတာင္ ယုံၾကည္မည့္သူ သိပ္မရွိနိုင္။

‌ေငြသည္က အရာရာကို ေျပာင္းလဲပစ္နိုင္၏။ ယင္းဝမ္႐ူက လူတစ္ေယာက္ကို ေငြပုံေပး၍ တစ္ခုခုခိုင္းနိုင္သည္ဆိုပါက ထိုသူကို ပမာဏပိုမ်ားေသာ ေငြေပးလွ်င္ ယင္းဝမ္႐ူကို ျပန္ေဖာ္နိုင္‌ေပလိမ့္မည္။

ထို႔အျပင္ ထိုသူ ရင္ဆိုင္ေတြ႕ခဲ့ရသည္က ရွဲ႕လင္ျဖစ္ခဲ့၏။

လြန္ခဲ့ေသာ တစ္နာရီခန႔္က အဆိုပါဆရာဝန္ႏွင့္ မ်က္ႏွာခ်င္းဆိုင္စကားေျပာေနေသာ ျမင္ကြင္းကို ခ်ီခ်င္း ျပန္ျမင္ေယာင္မိသည္။ ရွဲ႕လင္ဆိုေသာ လူမွာ စိတ္ပညာစာအုပ္ ဘယ္ႏွအုပ္ေလာက္ အရည္က်ိဳေသာက္ထားေသာ အ႐ူးေကာင္လဲဟုပင္ ခ်ီခ်င္းေတြးမိသည္အထိ။

ဒီေန႕အဖို႔ ရွဲ႕လင္၏ အလုပ္ကိစၥၿပီးၿပီမို႔ က်န္ကိစၥမ်ားကို ဝူက်ီပင္းႏွင့္ထားခဲ့လိုက္သည္။ ယင္းဝမ္႐ူ၏ ဖုန္းနံပါတ္ ဖုန္းေခၚဆိုမႈစာရင္း မန္ေနဂ်ာ၏ ဖုန္းေခၚဆိုမႈစာရင္း စသျဖင့္ စစ္ေဆးစရာအမ်ားႀကီး‌ ေပၚလာခဲ့သည္။

ဝူက်ီပင္းက နာရီတစ္ခ်က္ငုံ႕ၾကည့္၍ ေျပာေနသည္။
" ညေနစာစားခ်ိန္ေတာင္ နီးေနၿပီ... မင္းတို႔ ဒီေန႕ အလုပ္ႀကိဳးစားထားတယ္ဆိုေတာ့ ဆိုင္တစ္ဆိုင္မွာ သြားစား‌ၾက.. ငါ ေကြၽးမယ္"

ရွဲ႕လင္က အား‌နာေနမည့္သူမ်ိဳးမဟုတ္။
"ေကာင္းသားပဲ.. ကြၽန္ေတာ္လဲ ဝူက်ိကို ထမင္းတစ္နပ္လိုက္ေကြၽးရမွာ"

ဝူက်ီပင္းထြက္သြားၿပီးေနာက္ ရွဲ႕လင္ႏွင့္ ခ်ီခ်င္းႏွစ္ေယာက္ထဲသာ ေစာင့္ၾကည့္ခန္းထဲ က်န္ခဲ့သည္။

ဤသို႔ျဖင့္ စကား‌လမ္းေၾကာင္းမွာ ေစာေစာက ျပတ္က်န္ခဲ့ေသာ 'အလိုလိုသိစိတ္' သို႔ ဦးတည္သြားသည္။

ရွဲ႕လင္ : " ခုနက မင္းေျပာလိုက္တာ ဘာလဲ"

နားမေကာင္းေသာ လူနားတြင္ေနရသည့္အတြက္ ခ်ီခ်င္းလဲ တုံ႕ဆိုင္းမေနပဲ ခ်က္ခ်င္းျပန္ေျပာသည္။
" လက္ ဖယ္ လို႔"

" အဲ့ဒါမဟုတ္ပါဘူး"

" အဲ့ဒါကလြဲရင္ ဘယ္ဟာမွ အေရးမႀကီးဘူး"
ခ်ီခ်င္းက ဆက္ေျပာသည္။
" ကြၽန္ေတာ္ ထပ္ေျပာမယ္ေနာ္ .. လက္ဖယ္ၿပီး ခ်ိဳင္းေထာက္နဲ႕ ကိုယ့္ဟာကိုယ္ေလွ်ာက္"

ရွဲ႕လင္မွာ ဘယ္ဘက္နားမွဝင္၍ ညာဘက္နားမွထြက္ေသာ သိုင္းကို တစ္ဖက္ကမ္းခတ္ တတ္ထားၿပီးသည့္အျပင္ ခ်ီခ်င္း သူ႕ကို ဒီအတိုင္းထား၍ ထြက္မသြားနိုင္သည္ကိုလဲ အေသအခ်ာသိထား၏။
" အဲ့ဒီ့ေရွ႕က တစ္ခုကို ေျပာတာ"

ခ်ီခ်င္းလဲ ရွဲ႕လင္ကို ကူတြဲရင္း အခန္းအျပင္ထြက္လာသည္။
" ေရွ႕ကတစ္ခု.... အလိုလိုသိစိတ္ကို ေျပာတာလား"

ထိုစကားက တကယ္ အေရးမႀကီးတာျဖစ္သည္။

" ကြၽန္ေတာ္ ဒီအတိုင္းပဲ ေျပာလိုက္တာ"
ခ်ီခ်င္းက ရွဲ႕လင္တစ္စုံတစ္ခု သတိထားမိေနသည္ဟု ထင္လိုက္၍ စကားလမ္းေၾကာင္းလႊဲလိုက္သည္။
" ဘာမွမဟုတ္ဘူး.. ဒီအတိုင္းပဲ နားေထာင္ၿပီး ေက်ာ္သြားရင္ ရၿပီ"

ရွဲ႕လင္လဲ ေလွ်ာက္လမ္းမွ ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနေသာ လူမ်ားကို ျပန္ၿပဳံးျပသည္။
" အဲ့ဒါေတာ့ မရဘူးေလ..  ကိုယ္ မင္းစကားကို ဘယ္တုန္းက ၿပီးၿပီးေရာ နားေထာင္ဖူးလို႔လဲ"

" ၿပီးေတာ့ ကိုယ့္မွာလဲ အလိုလိုသိစိတ္‌ဆိုတာရွိတယ္"
ရွဲ႕လင္က ထပ္ေျပာလိုက္သည္။

" အင္း..."
ခ်ီခ်င္းလဲ အလိုက္သင့္ ျပန္ေျပာေနေပမဲ့ ရွဲ႕လင္ေျပာသည့္ အလိုလိုသိစိတ္က သူထင္ေနသည့္အလိုလိုသိစိတ္ မဟုတ္ပါေစနဲ႕ဟု ေမွ်ာ္လင့္ေနရွာသည္။

ေလွ်ာက္လမ္းအထိ ရွဲ႕လင္ကို တြဲေပးၿပီးေနာက္ တံခါးျပန္မပိတ္ခင္ သူ႕ေခါင္းအေပၚမွ ထြက္လာသည့္  ရွဲ႕လင္၏စကားသံကို ၾကားလိုက္ရသည္။
" ကိုယ္ မင္းရဲ႕ အလိုလိုသိစိတ္ကို ယုံတယ္"

...သူ႕ကို ယုံတာကိုေရာ အလိုလိုသိစိတ္လို႔ ထည့္တြက္လို႔ ရလို႔လား...

ခ်ီခ်င္း ခဏမွ် ေၾကာင္အသြားေလ၏။

ေနသာေနသည့္အတြက္ မွန္တံခါးမွ ေနေရာင္ျခည္ ျဖာက်ေနေလသည္။ ခ်ီခ်င္း ေၾကာင္အေနသည္မွာ အရင္တစ္ခါ ဘားတြင္ အရက္ေသာက္မိ၍ အသံေပါင္းစုံ သူ႕နားထဲ တိုးဝင္သည္ထက္ ပိုဆိုးေန၏။

ထိုအခ်ိန္တြင္ ႐ုံးခ်ဳပ္ဝင္ေပါက္တြင္ သူတို႔ေခၚထားေသာ အငွားကားေရာက္လာသည္။ သို႔ေသာ္ ခ်ီခ်င္း ေၾကာင္ေနမိသည့္အတြက္ သတိမထားမိလိုက္။

" ကားေရာက္ၿပီေလ"
ရွဲ႕လင္က ကိုယ္တိုင္ လမ္းမ‌ေလွ်ာက္နိုင္ေသးေသာေၾကာင့္ ခ်ီခ်င္းတြဲပို႔ေပးသည္ကို ေစာင့္ေနရသည္။ ေၾကာင္အ,ေနေသာ ခ်ီခ်င္းကိုၾကည့္၍ ပခုံးေပၚလက္တင္ကာ နဖူးကို လက္ေခ်ာင္းေလးႏွင့္ ဖြဖြေတာက္ရင္း ဆက္ေျပာသည္။
" ကိုယ့္ကို ကူေပးဦးေလ"

နဖူးေတာက္သည္ဆိုေသာ္လဲ ရွဲ႕လင္၏ လက္ေခ်ာင္းေလးမ်ားက ခ်ီခ်င္းနဖူးေရွ႕မွ ဆံစရွည္ေလးမ်ားကိုသာ ေတာက္မိလိုက္သည္။

ကားထဲေရာက္မွ ရွဲ႕လင္က ထိုအေၾကာင္း ျပန္‌‌ေတြးမိဟန္တူသည္။
" မင္းရဲ႕ဆံပင္ေလးက အရမ္းႏူးညံ့တာပဲ"

"..."

ႏူးညံ့တယ္??

ခ်ီခ်င္းလဲ သူ႕ေဘးမွလူကို မရွိသလိုသာ သေဘာထားလိုက္သည္။

ရွဲ႕လင္တစ္ခုခု မွားေနသည္ကို ခ်ီခ်င္း သတိထားမိေန၏။

သူ႕ကိုယ္တိုင္လဲ တစ္ခုခု လြဲေနသလိုပင္။

သူတို႔ႏွစ္ေယာက္လုံး ေဒါက္တာဝူနဲ႕ စကားမေျပာရတာ ၾကာ၍ ျဖစ္မည္ဟုသာ ခ်ီခ်င္း ေကာက္ခ်က္ခ်သည္။

ရွဲ႕လင္က သူတို႔အိမ္ႏွင့္ အနီးအနားမွ စားေသာက္ဆိုင္တစ္ဆိုင္ကို ေ႐ြးသည္။ ႐ုံးခ်ဳပ္ႏွင့္ ဆယ့္ငါးမိနစ္သာ ေဝးကာ ဝူက်ိ ေရာက္လာသည့္အခ်ိန္ အဆာေျပဟင္းမ်ားပင္ ခ်ေပးေနၿပီျဖစ္၏။

" ဟာ.. ရွဲ႕ေကာရာ.. ရပါတယ္ဗ်"
ဝူက်ိက ေရာက္ေရာက္ခ်င္း ဝင္ထိုင္သည္။
" ကြၽန္ေတာ္တို႔ၾကားမွာ ထမင္း တကူးတက ဖိတ္ေကြၽးေနစရာ မလိုပါဘူးဗ်"

ဝူက်ိက ေျပာေနရင္း ဟင္းပြဲခ်ေနေသာ စားပြဲထိုးကို လွည့္ေျပာလိုက္သည္။
" ဒီဆိုင္က ေဈးအႀကီးဆုံးဟင္း တစ္ပြဲစီ အကုန္ခ်ဗ်ာ"

ရွဲ႕လင္က ဟင္းတခ်ိဳ႕ကို ခ်ီခ်င္းပန္းကန္ထဲ ထည့္ေပးရင္း ျပန္ေျဖသည္။
" ကိစၥမရွိဘူး.. ကုန္ေအာင္စားနိုင္ရင္ မွာလိုက္"

"ေနာက္တာပါ... တစ္ေနကုန္ စားေသာက္ဆိုင္က ဟင္းေတြပဲ စားေနရေတာ့ ၿငီးေငြ႕ေနၿပီ"
ဝူက်ိလဲ လက္ကိုင္ပုဝါျဖန႔္၍ မ်က္ႏွာခ်င္းဆိုင္မွ သူတို႔ႏွစ္ေယာက္ ျပဳမူေနသည္ကို ၾကည့္ရင္း ရယ္သည္။
" ခင္ဗ်ားတို႔ႏွစ္ေယာက္မွာ ဘယ္သူက လက္ေထာက္လဲဗ်"

ခ်ီခ်င္းကိုေတာ့ သူ မေျပာရဲ။ ပထမအခ်က္ မရင္းႏွီးသူတစ္ေယာက္ ျဖစ္သည့္အျပင္ ဒုတိယအခ်က္အေနႏွင့္ ခ်ီခ်င္း၏ မႈန္ကုပ္ေနသည့္မ်က္ႏွာက သူ႕ကို နည္းနည္းေလးစေနာက္မိရင္ေတာင္ အေသလိုက္သတ္နိုင္သည့္ အေနအထားရွိသည္ဟု ဝူက်ိ ခံစားမိေသာေၾကာင့္ပင္။

ရွဲ႕လင္ : " မင္း ဘယ္လိုထင္လို႔လဲ.. ငါ သူ႕ကို ဘယ္လိုေခၚလဲ မၾကားဘူးလား"

ခ်ီခ်င္းမွာ မနက္ထဲက သူ႕လက္အိတ္အမည္းႏွင့္ ပစၥည္းေတာ္ေတာ္မ်ားမ်ားကို လိုက္ထိခဲ့သည့္အတြက္ လက္အိတ္အမည္းက ဖုန္မ်ားေပပြေန၏။ စကၠန႔္အနည္းငယ္ၾကာသည္အထိ စဥ္းစားၿပီးေနာက္ သူတို႔စားေနသည့္ေနရာက သီးသန႔္ခန္းလဲ ျဖစ္သည့္အျပင္ လူသိပ္မရွိ၍ လက္အိတ္ခြၽတ္ကာ ထမင္းစားရန္ ျပင္သည္။ ထို႔ေၾကာင့္ လက္အိတ္ခြၽတ္၍ မတ္တပ္ ထရပ္သည္။
" ကြၽန္ေတာ္ သန႔္စင္ခန္း ခဏသြားလိုက္ဦးမယ္"

လက္အိတ္ကို ေဘးခ်လိဳက္သည့္အတြက္ ခ်ီခ်င္း၏ ျဖဴဆြတ္ေနေသာ ‌လက္ေခ်ာင္းေလးမ်ား ေပၚလာသည္။

ဝူက်ိမွာ ခ်ီခ်င္း၏လက္ေခ်ာင္းမ်ားကို ေသခ်ာမျမင္ဖူးခဲ့။ ပထမဆုံး သူတို႔ေတြ႕ခဲ့သည့္ ဘားထဲတြင္ အလင္းေရာင္မေကာင္း၍ ေသေသခ်ာခ်ာ မျမင္ခဲ့ရ။

ထို႔ေၾကာင့္ ခ်ီခ်င္းလက္ေခ်ာင္းမ်ားထံမွ အၾကည့္မခြာနိုင္ေပ။

ေၾကာက္ဖို႔ေကာင္းေသာ လူႀကီးမင္းခ်ီမွာ အၿမဲလိုလို လက္အိတ္မ်ား ဝတ္တတ္သည္။ လက္အိတ္မပါပဲ ျမင္ရခဲသည္မို႔ ေနာက္ထပ္ခပ္ၾကာၾကာ စိုက္ၾကည့္ေနစဥ္ ရွဲ႕လင္က သူ႕မ်က္ႏွာကို တစ္႐ူးဘူးႏွင့္ ေကာက္ေပါက္သည္။ မ်က္ႏွာႏွင့္ ပြတ္ကာသီကာေလး လြဲသြားျခင္းသာ။

ဝူက်ိလဲ တစ္႐ူးဘူးကို ျပန္ယူရင္း ေျပာလိုက္သည္။
" ရွဲ႕ေကာကလဲ.. မေတြ႕တာၾကာေတာ့ စိမ္းကားေနတာ"

ရွဲ႕လင္မွာ ဝူက်ိႏွင့္ ႏွစ္ေပါင္းမ်ားစြာ ရင္းႏွီးလာသူျဖစ္၍ ‌ယဥ္ယဥ္ေက်းေက်း ေျပာမေန။
" ‌လူလိုသိမွေပါ့.. ဘာလို႔ စိုက္ၾကည့္ေနတာလဲ"

ဝူက်ိ ေၾကာင္သြားသည္။
" ကြၽန္ေတာ္ ဘာၾကည့္လို႔လဲ"

ဝူက်ိမွာ အံ့ဩလြန္း၍ မေတြးနိုင္ေသာ္လဲ ခဏၾကာမွ ျပန္ေမးလိုက္သည္။
" ခင္ဗ်ား လက္ေထာက္ရဲ႕ လက္ကိုေျပာတာလား..."

ရွဲ႕လင္က ဘာမွထပ္မေျပာပဲ လက္ဖက္ရည္ငွဲ႕ေနသည္။

ဝူက်ိ : "ဟုတ္လားလို႔ ရွဲ႕ေကာ... ကြၽန္ေတာ္ ႏွစ္ခါေလးပဲ ၾကည့္မိတာပါ.. အဲ့‌ဒါေလးေတာင္မရဘူးလား... ၿပီးေတာ့ သူ႕လက္က ျဖဴဆြတ္ေနတာ.. မီးသီးလိုပဲေလ.. အဲ့ဒါက မၾကည့္မိဖို႔က.."

" သူ႕လက္ ျဖဴတာ မင္းနဲ႕ဘာဆိုင္လဲ"

"..."
ဆိုင္ေတာ့ မဆိုင္ဘူးေပါ့...

" ႏွစ္ခါလဲ မၾကည့္နဲ႕"
ရွဲ႕လင္က ဆက္ေျပာသည္။
" တစ္ခါလဲ မၾကည့္နဲ႕.. သူ႕လက္ကို သူမ်ားေတြ လိုက္ၾကည့္ရင္ သူ မေနတတ္ဘူး"

ဝူက်ိ ဆြံ႕အသြားရသည္။
ဘုရားေရ.. ဒီအစ္ကိုႀကီးေတာ့ ေဆးမမွီေတာ့ဘူး...

သန႔္စင္ခန္းထဲ လက္ေဆးေနေသာ ခ်ီခ်င္းမွာ သီးသန႔္ခန္းထဲမွ အျဖစ္အပ်က္ကို လုံးဝမသိ။ ေစာေစာက ယင္းဝမ္႐ူေျပာခဲ့ေသာ ‌စကားႏွင့္ ဟိုေန႕က ဆုံခဲ့ေသာ မ်က္ႏွာဖုံးတပ္ထားသူ၏ စကားကို ျပန္ေတြးေနမိသည္။

ယင္းဝမ္႐ူမဟုတ္ဘူးဆိုရင္ က်န္းဖုန္းကို ဘယ္သူသတ္တာလဲ...

မ်က္ႏွာဖုံးလူရဲ႕ ႀကိဳးကိုင္သူက ဘယ္သူလဲ..

က်န္းဖုန္းရဲ႕ SD ကတ္ထဲမွာ ရွိေနတဲ့ လွ်ို႔ဝွက္ခ်က္က ဘာလဲ..  ယင္းဝမ္႐ူ ကိုယ္ဝန္ဖ်က္ခ်တာကို ဖယ္လိုက္ရင္ သူတို႔‌ဘယ္ဓာတ္ပုံကို ေက်ာ္သြားမိတာလဲ...

ခ်ီခ်င္း ေတြးေနရင္း တစ္႐ူးစယူကာ လက္သုတ္ေနသည္။

အေျဖရွာမရ။ တစ္‌နည္းေျပာရရင္ လက္ရွိအခ်ိန္တြင္ လူသတ္ရသည့္ ရည္႐ြယ္ခ်က္ကို ေသခ်ာမသိနိုင္၍ ဘာကိုမွ မစဥ္းစားနိုင္။

သို႔ေသာ္ သူတို႔ထမင္းစားေနစဥ္ အမႈက ႐ုတ္တရက္ႀကီး တိုးတက္မႈရွိလာသည္။

ရွဲ႕လင္တစ္ေယာက္ ခ်ီခ်င္းကိုၾကည့္ရင္း 'ဟိုဟင္းက ေဝးလြန္းလို႔ ထမယူနိုင္ဘူး' ဟူေသာ ဆင္ေျခတြင္တြင္သုံး၍ ဟင္းထည့္ခိုင္းသည္။ ခ်ီခ်င္းကလဲ 'ခင္ဗ်ား သူငယ္ခ်င္းကို ထည့္ခိုင္း' ဟူေသာ စကားႏွင့္ ျပန္ပက္သည္။ ဝူက်ိကေတာ့ တအံ့တဩႏွင့္ ေငးၾကည့္ေနသည္။

မိန္းကေလးေတြကို ဒီလိုနည္းနဲ႕လိုက္ဖို႔ ဘာလို႔မစဥ္းစားမိတာပါလိမ့္.. အခု သူ႕ေျခေထာက္သူ ခ်ိဳးလိုက္ရင္ အရမ္းေနာက္က်သြားမွာလား...

ဘယ္ႏွထပ္ေလာက္က ခုန္ခ်ရင္ အသက္မေသပဲ ေျခေထာက္တစ္ေခ်ာင္းေလာက္ပဲ က်ိဳးမလဲ....

ရွဲ႕လင္က ခ်ီခ်င္း ေအာင့္သက္သက္ ထည့္ေပးထားေသာ ကိုက္လန္ေၾကာ္ကို အားရပါးရ စားေနစဥ္ သူ႕ေဘးမွ ဖုန္းျမည္လာသည္။ တစ္ဖက္မွ ဝူက်ီပင္း၏ အသံက အေလာတႀကီးနိုင္ေန၏။
" ဟဲလို.. မင္း အခု ဘယ္မွာလဲ..  အမႈတိုးတက္မႈရွိတယ္...အရမ္းအေရးႀကီးတယ္ကြ.. ဖုန္းထဲကေန ေသေသခ်ာခ်ာ ေျပာလို႔မရဘူး.. ငါ စာ႐ြက္စာတမ္းေတြယူၿပီး မင္းဆီ လာခဲ့မယ္"


ဆယ့္ငါးမိနစ္ေမာင္းရေသာ ခရီးကို ဆယ္မိနစ္အတြင္း ဝူက်ီပင္း ေရာက္ခ်လာသည္။

ဖုန္းခ်ၿပီး ဘယ္ေလာက္မွမၾကာ သီးသန႔္ခန္းကို တံခါးတြန္းဖြင့္သံ ၾကားလိုက္ရသည္။ ထိုအခါမွသာ ဘယ္ေလာက္ထိအေရးႀကီးမွန္း သူတို႔သိလိုက္ရ၏။

" ဘာေတြအဲ့ေလာက္ ေလာေနတာလဲ‌ ပင္းေကာရ"
ရွဲ႕လင္က ျပန္ေမးသည္။

ဝူက်ီပင္းက ခ်ိဳင္းၾကားညွပ္၍ သယ္လာေသာ စာ႐ြက္စာတမ္းမ်ားကို စားပြဲေပၚ ပစ္ခ်လိဳက္သည္။
" အရင္တစ္ေခါက္ အေလာင္း‌ကို ‌အပိုင္းပိုင္းျဖတ္လိုက္တဲ့အမႈအေၾကာင္း မင္း မွတ္မိေသးလား"

" မွတ္မိတယ္"
ရန္ခ်င္း လန႔္ေျပးသြားရေသာ ဓာတ္ပုံမ်ားအေၾကာင္း  ေျပာေနၾကျခင္းပင္။  ထိုအမႈအေၾကာင္း ခ်ီခ်င္းမသိ၍ ရွဲ႕လင္ အၾကမ္းဖ်င္း ရွင္းျပလိုက္သည္။
" ဒီအမႈက အရင္လကုန္ေလာက္တုန္းက ျဖစ္ခဲ့တာ.. အေလာင္းကို လႊနဲ႕ ၂၈ ပိုင္း ပိုင္းခဲ့တာေလ.. အူ‌ေတြပါ အပိုင္းပိုင္း ျပတ္ကုန္တာ.. ထူးဆန္းတာက အဲ့အေလာင္းမွာ မ်က္ႏွာမရွိတာပဲ"

" မ်က္ႏွာမရွိဘူး??"

" အင္း.. အသက္ရွိေနတုန္း မ်က္ႏွာအေရခြံ အဆုတ္ခံရတာ"

စားေသာက္ရင္း ေျပာေနၾကသည့္အတြက္  "အပိုင္းပိုင္းျဖတ္ခံရသည့္အေလာင္း" ဟု ၾကားလိုက္ရစဥ္ကပင္ ဝူက်ိတစ္ေယာက္ ထမင္းဆက္မစားနိုင္ေတာ့။ မ်က္ႏွာအေရခြံဆုတ္ခံရသည္လဲဆိုေရာ အန္ပါ အန္ခ်င္လာသည္။

ရွဲ႕လင္ကေတာ့ သူေျပာတာ မလုံေလာက္ေသးဘူးထင္၍ ဖိုင္ထဲမွ ဓာတ္ပုံမ်ား ထုတ္ျပသည္။

ခ်ီခ်င္းက ထမင္းစားၿပီး၍ စြပ္ျပဳတ္ေသာက္ေနခ်ိန္ျဖစ္ရာ ေႂကြပန္းကန္လုံးကို ျပန္ခ်လိဳက္သည္။ သို႔ေသာ္ ေႂကြပန္းကန္လုံးႏွင့္ သူ႕လက္ ဘယ္ဟာက ပိုျဖဴလဲ ဘယ္သူမွ မေျပာနိုင္။

ပုံအထပ္လိုက္ကို တစ္ခ်က္ၾကည့္၍ ဣေျနမပ်က္ပဲ စြပ္ျပဳတ္တစ္ဇြန္းခပ္ေသာက္ရင္း ျပန္ေမးလိုက္သည္။
" ဘယ္ပုံက အေရခြံဆုတ္ထားတဲ့ မ်က္ႏွာလဲ"

ရွဲ႕လင္က ဓာတ္ပုံမ်ားၾကားထဲမွ ေသြးအမ်ားဆုံးပုံတစ္ပုံကို ထုတ္သည္။
" ဒီတစ္ပုံ"

ခ်ီခ်င္းလဲ လွမ္းၾကည့္သည္။

ဝူက်ိမွာ မခံစားနိုင္ေတာ့။ ခ်ီခ်င္းႏွင့္ ရွဲ႕လင္တို႔ စားရင္းေသာက္ရင္း ဒီအေၾကာင္းေျပာနိုင္သည္ကို သူ နားမလည္။ ပ်ိဳ႕တက္လာ၍ သူ႕ပါးစပ္သူ အုပ္ကာ ေျပာလိုက္သည္။
" ခင္ဗ်ားတို႔.. ဆက္ေျပာၾက... က်.. ကြၽန္ေတာ္ သန႔္စင္ခန္း ခဏ..."

အစတုန္းကေတာ့ ေသဆုံးသူတြင္ မ်က္ႏွာမရွိေနေသာေၾကာင့္ စုံစမ္းမႈ ေႏွာင့္ေႏွးခဲ့ရျခင္း။

ရွဲ႕လင္လဲ ဝူက်ိပင္း သူ႕ကို အသည္းအသန္ရွာရသည့္အေၾကာင္း ေတြးမိသြား၏။
" အဲ့ဒီ့လူကို ရွာေတြ႕ၿပီလား"

" ေတြ႕ၿပီ.. သူ႕သူငယ္ခ်င္းတစ္ေယာက္က သူေပ်ာက္ေနတဲ့အေၾကာင္း ရဲတိုင္ထားတယ္... ဖုန္းလဲ ဆက္လို႔မရ စာလဲပို႔လို႔မရဘူးတဲ့.. သူ႕ကို ငါတို႔ဆက္သြယ္ၾကည့္ေတာ့ ေသဆုံးသူကို အတည္ျပဳလို႔ ရသြားၿပီ"
ဝူက်ီပင္းက ဆက္ေျပာသည္။
"ေသဆုံးသူက အႏုပညာကုမၸဏီတစ္ခုရဲ႕ သင္တန္းသားတဲ့... သူ႕နာမည္က ေလာ့ယြီ"

ခ်ီခ်င္း စြပ္ျပဳတ္ေသာက္ေနရာမွ ရပ္သြားသည္။

ေလာ့ယြီ...

ဒီနာမည္ကို မၾကာေသးခင္ကမွ ယင္းဝမ္႐ူထံမွ သူတို႔ၾကားခဲ့ရျခင္း။
" ခင္ဗ်ားေျပာတာ ယင္းဝမ္႐ူကေလးရဲ႕အေဖ ေလာ့ယြီ လား"

.....
End of part 66
Thank you all

ေတာ္ေတာ္ၾကာသြားလို႔ ေတာင္းပန္ပါတယ္ေနာ္ သတိရေနတာပါရွင့္

Продовжити читання

Вам також сподобається

14K 736 6
"Let's date." "No." Or The five times Jay asks Jungwon on a date and the one time he doesn't.
106K 3.6K 40
Y/N was a teenage introvert who enjoyed having her own space and being alone. She loved listening to music in her room, which was a great escape for...
OBSESSED Від thisbejaja

Детективи / Трилер

98.4K 4.2K 26
obsessed
69.2K 1.7K 10
مافيا - حب - قسوه - غيره renad231_5 مرت سنه والقلب ذابحهه الهجر ومرت سنه والهجر عيا يستحي الروايه موجوده في انستا : renad2315