Wild flower Kim

By Stella_Zes

3.4K 603 105

Don't forget about me More

Wild flower Kim
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19

20

134 17 11
By Stella_Zes

"အိုး သခင်လေးယော့တောင်ဒီအရွယ်အထိရောက်ယာက်လာပြီပဲ"

ယော့လေးတဲ့လား ဝမ်ချန်းကတော့စိတ်မသက်မသာဖြစ်မိသည် နန်းတော်ထဲကိုအဲ့ဒီ့သားအမိကိုအတင်းခေါ်သွင်းထားသည့်ဆွန်းမင်ဟာ ဒါ အွန်းလေးငယ်ငယ်ကနို့ချိုတိုက်ကျွေးထားတဲ့အဲ့ဒီ့အချိန်ကမြို့စားကတော်လို့သေချာရှင်းပြသည်

ဒါပေမဲ့ အွန်းဗြောနဲ့အရွယ်ဘယ်လောက်မှမကွာတဲ့အီယော့ဆိုတဲ့ကောင်ကိုလုံးဝကြည့်မရပါ

အရပ်ကသူ့ခါးလောက်သာရှိဦးမယ်ဆိုပေမဲ့ နန်းပြင်မှာအွန်းဗြောကိုလိုက်ကြည့်နေထဲကမကြည်နေတာဖြစ်သည်

ဆွန်းမင်ကသူ့အဆောင်ကိုခေါ်လာပြီးစားစရာတွေနဲ့ဧည့်ခံထားသည်

အွန်းလေးကအိပ်ပျော်နေပေမဲ့အွန်းလေးအနားမှာအရွယ်နဲ့မလိုက်အောင်တင်ပလ္လင်ခွေထိုင်ပြီးစာရွက်နဲ့စုတ်တံတစ်ခုပေးထားသည်ကိုပန်းချီထိုင်ဆွဲနေသည့်မ‌လောက်လေးမလောကမစားလက်တောက်လောက်လေးကြောင့်ဝမ်ချန်းမှာဖင်တကြွကြွ

ဆွဲနေတဲ့ပုံကသူ့သမီးတော်လေးအိပ်ပျော်နေသည့်မျက်နှာဖောင်း‌‌ဖောင်းလေးပုံဖြစ်နေပါသည်

ဒီကောင်ကအားရပါးရကြည့်ပြီးဆွဲနေတာပဲ

"မင်းကြီးသိလား အွန်းလေးငယ်ငယ်ကလေ သခင်မပဲ စောင့်ရှောက်ပေးရတာ ကျွန်တော်ကဆေးမြစ်တွေဝယ်ဖို့ဟန်ယန်းကိုတက်လာရင်လေ သခင်မအိမ်တော်မှာအမြဲထားခဲ့ရတာ အဲ့ဒီ့အခါကျရင်အီယော့သခင်လေးကသူ့ညီမလေးနဲ့အဖော်နေပေးတယ်"

ဆွန်းမင်က‌တော့စိတ်ပါလက်ပါရှင်းပြနေသလို မြို့စားကတော်တစ်ဖြစ် ယခု နန်းတွင်းအမတ်ကြီးတစ်ဦးရဲ့အမျိုးသမီးဖြစ်သည့်သခင်မကြီးကပြုံးရုံလေးသာပြုံးပြီးငြိမ်သက်လျက်ကြည့်နေသည်

"ကျွန်တော်မျိုးမအလွန်အမင်း ဝမ်းမြောက်မိပါတယ်အရှင်"

"ဘာကိုလဲ"

"အရှင်မင်းကြီးတို့မိသားစုလေးစုံနေတာမြင်တော့ ဝမ်းမြောက်မိတာပါ ကြင်ယာတော်လောင်းလေးကိုလည်းဂရုစိုက်ပေးပါရှင် နဂိုထဲက စိတ်ထားနူးညံ့တဲ့ကလေးမို့လို့ပါ"

"ကောင်းပြီ ကိုယ်တော့်သမီးတော်လေးကိုစောက်ရှောက်လာခဲ့ရတာပင်ပန်းပြီ ကျေးဇူးဆပ်မကုန်ပါဘူး"

"မခံယူဝင့်ပါဘူး ကျွန်တော်မျိုးမ ဒီကလေးတွေသားအဖနှစ်ယောက်မင်းကြီးအရိပ်မှာနေနိုင်ရင်ကျေနပ်ပါပြီ"

ကျေးဇူးတင်ထိုက်တဲ့သူကို‌‌တော့သေချာပေါက်ကျေးဇူးဆပ်ရမယ်မှန်းသိပေမဲ့ ဝမ်ချန်းစကားတွေ ဘောက်ဆတ်ဆတ်နိုင်နေပါသည်

အကြောင်းသည်ကား အီယော့ဆိုတဲ့လက်တောက်လောက်လေးကြောင့်ဖြစ်ပါသည်

"သခင်ယော့လေး.. မဟုတ်ပါဘူး ..ယော့လေး ဒီကိုလာဆွဲထားတာလေးပြပါဦး"

ဆွန်းမင်ကအနားတောင်ခေါ်လိုက်သေးသည် သေချာထိုင်ပြီးလက်နှစ်ဖက်နဲ့ကမ်းပေးလာတဲ့စာရွက်မှာအွန်းလေးနဲ့တစ်ပုံစံတည်းတူတဲ့ မှင်ဆေးပန်းချီတစ်ခုဖြစ်သည်

တစ်ပုံစံတည်းကိုမှဖောင်းဖောင်းအစ်အစ်ပါးအိအိလေးတွေကအစတူသည်

"ကြည့်ပါဦး အွန်လေးပုံဆွဲထားတာ အီယော့လေးကပါရမီကိုပါတာ ဒါနဲ့မင်းကြီး အွန်းလေးနဲ့ယော့လေးကိုတူတူပညာသင်ခိုင်းရင်မကောင်းဘူလား"

အဟွတ်!

ဆွန်းမင်ကချီးကျူးလျက်ထပြောလာတော့ဝမ်ချန်းသောက်နေတဲ့ရေနွေးကြမ်း‌တောင်သီးသည်

သူ၏သမီးတော်အလှလေးအား ဒီလိုကုပ်ကမြင်းဖြစ်လောက်မည့်ကောင်နဲ့ပညာအတူသင်ရမယ်

ဝမ်ချန်းစဉ်းစားရကြပ်နေပေမဲ့

"အဟမ့်း နန်းပြင်ကစာသင်ကျောင်းမှာ အထူပညာသင်ခွင့်ကို..."

"နန်းတော်ထဲကစည်းကမ်းတွေကိုမသိပေမဲ့ အွန်းလေးနဲ့ကျွန်တော်မျက်နှာနဲ့ကိုထောက်ပြီးစီစဉ်ပေးလို့မရဘူးလား ဟင် မင်းကြီး"

ဆွန်းမင်အနေနဲ့တစ်ခါမှဒီလောက်တောင်းဆိုဖူးတာမဟုတ်သလို ဝမ်ချန်းစကားလည်းအများကြီးမပြောဖူးပါ

ဒါပေမဲ့ မြို့စားကတော်မိသားစုကဆပ်မကုန်နိုင်တဲ့ကျေးဇူးကြွေးရှိတာမို့လို့ ပြည့်စုံပြီးသားမိသားစုအတွက်လက်ဆောင်ပဏာတွေအစား သခင်လေးအီယော့၏ပညာရေးကိုစီမံပေးခြင်းကသာကောင်းမွန်တဲ့အလားအလာဖြစ်လာမည်ဟုထင်သည်

ဝမ်ချန်းကဆွန်းမင်ကိုကြည့်သည် မြို့စားကတော်အမျိုးသမီးကတော့ငြင်းနေပေမဲ့ဝမ်ချန်းကတော့ဆွန်းမင်ကိုပဲစိုက်ကြည့်နေသည်

သူ့ကိုကြည့်ပြီးတောင်းဆိုတဲ့မျက်လုံးလေးတွေသာမန်ထပ်ဝိုင်းစက်ပြီးတောက်ပလျက်

မင်းငါ့ကိုဘာထင်နေတာတုန်းကွ!

"နန်းတော်ထဲပညာသင်ဖို့ခွင့်ပြုတယ် ဒါပေမဲ့..အွန်းလေးကလည်းငယ်နေတဲ့အတွက် အိမ်ရှေ့စံမင်းသမီးဖြစ်တဲ့အလျောက်ကိုယ်ခံပညာကဆယ်ကျော်သက်အရွယ်မှာကိုယ်တော်ကိုယ်တိုင်သင်ကြားမှာဖြစ်တဲ့အတွက် မင်းမီးလုံခြုံရေးအတွက် အတူပညာသင်ကြားမဲ့အီယော့ကိုကိုယ်ခံပညာသင်ကြားထားမယ် ခန္ဓာကိုယ်ကခံနိုင်ရည်ရှိရင်လက်ခံပါ"

"အယ် မင်းကြီး ယော့လေးကအခုမှငယ်ငယ်လေး"

ဆွန်းမင်ကလည်းဝင်ရောက်ပြီးတားရသည် 

ကလေးကငယ်သေးတယ်မလား

"ကျွန်တော်မျိုး လက်ခံပါတယ်"

အီယော့‌လေးကကြားထဲကနေကလေးသံလေးနဲ့လူကြီးလေးတစ်ယောက်လိုပြောလာတော့သည်

လပ်ခံသည်ဆိုတော့လည်းဆွန်းမင်မှာအသံကိုတိတ်လို့

အီယော့ကဘယ်လောက်လိမ္မာနေပါစေ ဝမ်ချန်းကတော့အပီတွယ်ဖို့တွေးနေပြီလေ အရပ်ကခါးလောက်ရှိတာတော်သေးသည် ဒူးလောက်ရှိရင်ကိုင်ပေါက်မိပြီပဲ
မိခင်ကိုကျေးဇူးတင်ပေမဲ့သားဖြစ်သူတော့မပါ
အဘယ့်ကြောင့်ဆိုသော် နန်းပြင်မှာအွန်းဗြောကိုကြည့်ပြီးပြုံးနေခြင်းကြောင့်ဖြစ်သည်

"ကောင်းပြီ"

..........

"မင်းကြီးကလည်းလွန်ပါတယ်"

"ဟ လွန်စရာလားကွ"

နှစ်ယောက်ကြားမှာဘာမဟုတ်တဲ့သေးသေးမွှားမွှားကိစ္စလေးကအစ စကားရည်လုလာတတ်ကြသလို ဆွန်းမင်ကလည်းဝမ်ချန်းကိုတစ်ခုမှအလျော့မပေးပါ

"အီယော့ကကျွန်တော်တို့ခါးလောက်ပဲရှိတာကို ဘာကိုယ်ခံပညာလဲ"

ဘာရယ်‌တော့မဟုတ် သခင်လေးအီယော့တို့သားအမိပြန်သွားထဲက ဝမ်ချန်းကဘာရယ်မဟုတ်အကြောင်းရှာပြီးနှစ်ယောက်သားလက်ဖက်ရည်သောက်ကြမယ်ဆိုပြီးအမိုးအကာတစ်ခုအောက်ရောက်နေခြင်းပင်

အနားမှာ အုံ့ဆိုင်းနေတဲ့ပင်စည်လုံးပတ်ကြီးကြီးသစ်ပင်အမြင့်ကြီးတစ်ခုရှိသည်

ကျေးငှက်အချို့ကိုလည်းတွေ့မြင်ရသလို ပတ်ပတ်လည်မှာစိုက်ပျိုးထားတဲ့ပန်းပွင့်လေးတွေကြောင့်လိပ်ပြာအချို့လည်းပျံဝဲနေသေးသည်

"အာ ဆွန်းလေး"

"ကျွန်တော့်ကိုဆွန်းလေးလို့မခေါ်ပါနဲ့နော်"

"ကိုယ်တော့်ကိုစိတ်ဆိုးတာလား"

ဆွန်းမင်ဘာမှမပြော စားဖို့သာချထားတဲ့မုန့်တွေသာထိုင်စားပေးနေလိုက်တော့သည်

စိတ်ဆိုးရအောင်သူကဘာမို့လို့လဲ

"မဟုတ်ဘူး ဒါပေမဲ့မင်းကြီးလွန်တယ်"

"အွန်းလေးအတွက်ပါ အွန်းလေးကအိမ်ရှေ့မင်းသမီးဖြစ်လာပြီပဲ ကိုယ်ရဲ့လောဘကြောင့်လားမသိပေမဲ့ အွန်းလေးကိုတော့ဒီနိုင်ငံရဲ့ပထမဆုံးဘုရင်မဖြစ်လာစေချင်တယ်
မိန်းကလေးမို့နိုင်ငံကိုဦးမဆောင်နိုင်ဘူးဆိုတဲ့အရာကိုကြားရတာ ကိုယ်အာဏာရှိနေတဲ့ကာလကနောက်ဆုံးဖြစ်စေရမယ် ဒါကြောင့်သူ့ဘေးမှာစောင့်ရှောက်ပေးနိုင်တဲ့သူရှိရမယ် ဒါကကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ်"

ပြောပုံကတော့ဟုတ်ပေမဲ့ အီယော့လေးကငယ်လွန်းသည်ကို

ကလေးကိုဘယ်နဲ့ဓား‌ပေးကိုင်မတုန်း

"မင်းကြီးကလည်း ကလေးကိုဓားဘယ်လိုပေးကိုင်မှာတုန်း"

"ဆွန်းလေး မင်း ဈေးလမ်းထဲကအရူးလေးလား ကလေးကိုဘယ်သူကဓားရေးအရင်စသင်မှာလဲ"

ဝမ်ချန်းကရယ်လျက်ပြောသည်

ဒါပေမဲ့တစ်ခုခုကိုသတိထားမိသွားတဲ့ဆွန်းမင်ကတော့မျက်နှာကြီးမဲ့လာပါတော့သည်

"အရူး...?"

"အင်း အရူးလေး"

ဆွန်းမင်ဆီကအသံထွက်မလာတော့ နဂိုထဲကအေးသည့်အလျောက်စိတ်ဆိုးတာတောင်ထုတ်မပြပဲ ဒီအတိုင်းငြိမ်ကုပ်သွားတာဖြစ်သည်

ဝမ်ချန်းကတော့ဒါကိုသတိထားမိနေသည်မို့ဆွန်းမင်ရဲ့ပေါင်ပေါ်မှာချထားတဲ့လက်ကလေးတွေကိုကြည့်လိုက်တော့

လက်သီးသေးသေးလေးတွေဆုတ်ထားတာမှတင်းနေတာပဲ

"ဆွန်းလေး"

ဆတ်ကနဲဆိုမျက်စောင်းကခဲလာသည်

ဝမ်ချန်းမှာမျက်စောင်းအထိုးမခံရတာတောင်အတော်ကြာပြီမို့လန့်တောင်လန့်သည်

"ဖြည်းဖြည်းလုပ်ပါကွ ကိုယ်တော်သက်တော်ကြီးရင့်နေပြီ"

တားမြစ်ရင်းနဲ့သာမျက်စောင်းခဲထားသူ၏ပါးစောင်ထဲကိုဆန်မုန့်အသေးလေးနှစ်ခုထိုးထည့်ပေးလိုက်တော့ လက်ကိုလာကိုက်သည်

ဆွန်းမင်ပါးစပ်ထဲလည်းဆန်မုန့်ကအပြည့်ဖြစ်နေသလို
ဝမ်ချန်းရဲ့လက်ကိုလည်းကိုက်ထားသည့်အပြင်မျက်စောင်းကလည်းခဲထားတော့မာန်ဖီနေသည့်ခွေးပေါက်လေးနဲ့တူနေသည်မို့ဝမ်ချန်းကဆွန်းမင်ပါးလေးကိုရွှတ်ကနဲနမ်းတော့ လန့်ပြီးမတ်တပ်ထရပ်သည့်
ဆွန်းမင်သည်အနားကအစောင့်တွေဟိုဘက်လှည့်နေလားမလှည့်နေလားကိုအရင်စစ်ဆေး၏

"မင်းကြီး! ကျွန်တော့်ခွင့်ပြုချက်မရပဲနဲ့ဒီလိုလုပ်တာမကြိုက်ဘူးနော်"

"မင်းလည်းငါ့ခွင့်ပြုချက်မရဘဲ အရမ်းချစ်စရာကောင်းနေလို့မရဘူးနော်"

ကျစ် အတွဲတွေ အတွဲတွေ တော်ဝင်အတွဲအတော်ဆိုးနေတာ

တစ်စက္ကန့်လေးမှကိုမခွဲဘူး ဟိုမှာ ချင်နိုင်ငံကသူ့တိုင်းပြည်သာလာသိမ်းသွားမယ်

ကြင်ယာတော်ရူးရူးနေတာနဲ့ဒီဘုရင်သိလိုက်မှာမဟုတ်ဘူး

ရန်ဟွာမှာစိတ်ပျက်လက်ပျက်နဲ့သာယပ်ခတ်ပြီးလာရာလမ်းအတိုင်းလှည့်ပြန်သွားတော့သည်

သူ့မှာလည်းချင်နိုင်ငံကစစ်ပွဲအတွက်ပြင်ဆက်ထားပြီဖြစ်ကြောင်းပြောဖို့အရေးခရီးနှင်လာသမျှ အခုထိအရာမထင်သေးပါ

"ယူရှင်း‌ရောဘယ်မှာလဲမသိ"

ရန်ဟွာတစ်ယောက်ရှာပုံတော်ခရီးကထွက်ရဦးမည် ပုံမှန်ဆိုဝမ်ချန်းဘေးတွေ့နေကျယူရှင်းကိုတွေ့တာမို့လို့နန်းတော်ထဲပတ်ရှာကြည့်တော့မှ တွေ့ပါပြီ

ဟိုးနန်းတော်အနောက်ဘက်အရင်မင်းကြီးလက်ထက်ကအလောင်းတွေပစ်တဲ့သေမင်းတမန်မြစ်ကြီးကိုမျက်နှာမူလျက်သေရည်အိုးကိုဖက်ပြီးထိုင်သောက်နေတဲ့ယူရှင်းက လူကပါငိုက်စိုက်ကျပြီးပါးနှစ်ဖက်ကသာမန်ထပ်ရဲပြီးမျက်လုံးကပါမပွင့်တော့ပါ

ရန်ဟွာလည်း ခတ်နေတဲ့ယပ်တောင်ကိုခေါက်လျက် ယူရှင်းနားအထိရောက်အောင်သွားပြီးမူးပြီးငိုက်စိုက်ကျနေတဲ့ခေါင်းကို ယပ်တောင်နဲ့နှစ်ချက်သုံးချက်ခေါက်လိုက်သည်

"အ့..နာတယ် မရိုက်နဲ့"

"ရှင်း..မင်းသေရည်ပဲသောက်နေရင်သေလိမ့်မယ်နော်"

ပြောတာတောင်နားမထောင်ဘူးထင်သည်

သေရည်တစ်ငုံထပ်မော့ဖို့ပြင်နေတာမို့သေရည်အိုးကိုပါ ယူပြီးပစ်ထုတ်လိုက်တော့ ယူရှင်းကမူးမူးနဲ့လက်ညိုးတစ်ချောင်းကိုမိုးပေါ်ထိုးပြလာသည်

"ခုန်ချလိုက်မှာ"

"ဟမ်"

"ချစ်လား မချစ်ဘူးလားပြော"

အသံကလုံးနေသေးသည် ခုန်ချမဲ့ခုန်ချရေထဲခုန်ချပေါ့မိုးပေါ်ကိုဘာလုပ်မှာတုန်း

ရန်ဟွာ ယူရှင်းရဲ့လက်ညိုးကိုလက်နှစ်ဖက်နဲ့ဆိုတ်ကိုင်ပြီးမြစ်ရေပြင်ဘက်ကိုဦးတည်ရာတည့်အောင်ညွှန်ပြလိုက်သည်

ယူရှက်းကအာလေးလျှာလေူနဲ့တသ်ခုခုကြိဆက်ပြောဖို့ပြင်တော့၏

"ရေကိုမြင်ရင် မင်းကိုလွမ်းတယ်
နေကိုမြင်ရင် ဒီ.."

ယူရှင်းဟာ သူ့အရှေ့တည့်တည့်ကမျက်နှာတည်တည်နဲ့ရန်ဟွာရဲ့မျက်လုံးတည့်တည့်ကိုလက်ညိုးထိုးပြလာပြန်သည်

"အဲ့ဒီ့...တောက်လွန်းနေတဲ့မျက်လုံးတွေကိုသတိရတယ်
ဓားရေးကျင့်ပြီးမြင်းစီးနေရင်တောင် မင်းကိုပဲထပ်ခါထပ်ခါတွေးမိတဲ့အခါ၁၅နှစ်အရွယ်ငါ့ကိုဘာလုပ်သွားတာလဲ"

"မူးနေရင်တောင်ယဉ်ယဉ်ကျေးကျေးပြော ငါမင်းထပ်အသက်ကြီးတယ် ကိုယ်ရံတော်တပ်မှူးယူရှင်း"

"ရူးတော့မယ်...သိသိရက်နဲ့ထားသွားပြီးမှထပ်ပြီးငြင်းတယ် ရန်ဟွာ မင်းငါ့ကိုဘယ်အချိန်အထိစောင့်ခိုင်းမှာလဲ"

ရန်ဟွာတိတ်တဆိတ်နဲ့လှည့်ထွက်သွားသည်
ထပ်ခါထပ်ခါမသိချင်ယောင်ဆောင်ပြရှောင်လွှဲနေတဲ့အနေအထား

သူလိုနှစ်နိုင်ငံကိုလျို့ဝှက်သူလျှိုလုပ်နေတဲ့ သွေးနှောသူတစ်ယောက်က ဘယ်လိုလုပ်ပြီးသာမန်ထပ်ပြိီးတဲ့သံယောဇဉ်ကိုထားနိုင်မှာတဲ့လဲ

"မင်း မနေ့ကပြောလိုက်တဲ့စကားကအခုထိရင်ထဲမှာတဆစ်ဆစ်နဲ့နာနေတုန်းပဲ ငါ့ကိုပြတ်ပြတ်သားသားပြောလို့ရပါတယ် ဒါပေမဲ့ အခုက"

နောက်ကိုလည်းလှည့်မကြည့်မိသလို စဉ်းစားရကြပ်တဲ့ဒီဇာတ်လမ်းတွေကိုဒီမှာတင်အပြီးအပြတ်ဖြတ်တာပိုပြီးအဆင်ပြေနိုင်သည်ဟုတွေးမိတာကြောင်း ရန်ဟွာထုတ်ပြောလိုက်သည်

"တော်ရအောင် ရှင်း ငါနဲ့မင်းနဲ့လုံးဝမဖြစ်ဘူး"

တုန့်ပြန်သံကိုထပ်ပြီးမကြားလာ
ရန်ဟွာကလည်းအနောက်ကိုလှည့်မကြည့်မိ

ယူရှင်းရဲ့ခြေထောက်အစုံကမ်းပါးနဲ့အနည်းငယ်အလိုမှာ ရေစီးသန်‌နေတဲ့မြစ်ရေပြင်ကိုကျောခိုင်းလျက်ရပ်နေပြီး သူ‌ရှေ့ကကျောခိုင်းထားသူကိုပြန်ပြီးကြည့်‌နေသည်

"ပြောစရာဒါအကုန်ပဲလား ရန်ဟွာ"

"အင်း အကုန်ပဲ"

ဗွမ်းကနဲဆိုရေအစက်အပျောက်တွေကမ်းပါးပေါ်အထိစင်အောင်တက်လာသလို အသံကြောင့်ရုတ်တရပ်လှည့်လာတဲ့ရန်ဟွာရဲ့မျက်နှာကိုလည်းရေမှုန်ရေမွှားတွေစင်လာတော့သည်

"ယူ..ယူရှင်း"

ယူရှင်းကိုလည်းမတွေ့တော့

ရုတ်တရပ်ဆိုသလိုပတ်ဝန်းကျင်ကအုံ့မှိုင်းလာပြီး တစ်နေရာက အပုတ်နံ့တွေလိုမျိုးလွန်လေပြီးသောနှစ်ပေါင်းများစွာကဝိညာဉ်တွေကခြောက်လှန့်နေသလိုခံစားချက်မျိုးရသည့်အရက်ကသင်္ချိုင်းတစ်ခုဖြစ်ခဲ့ဖူးတဲ့ဒီနေရာမှာ ယူရှင်းပျောက်သွားလေပြီ

ရန်ဟွာတုန်တုန်လှုပ်လှုပ်နဲ့ကမ်းပါးအထိကပ်သွားမိသည် ရေမျက်နှာပြင်တုန်ခါနေသေးသည် မဟုတ်ဘူးမလား မင်း ငါ့ကြောင့်နဲ့ခုန်ချခဲ့တာမဟုတ်ဘူးမလား

"ရှင်း!"

တစ်ဖက်တွင်လည်း အိမ်ရှေ့စံမင်းသမီးဖြစ်တဲ့အွန်းလေးအတွက်ပညာရေးအတွက်
ဝမ်ချန်းနဲ့ဆွန်းမင်ဟာအတိုင်ပင်ခံအမတ်တွေနဲ့အတူဆွေးနွေးရင်း ဆွန်းမင်အသံတစ်ခုခုကိုနားထဲထင့်ကနဲ ကြားလိုက်တာမို့ အနားတင်ရှိတဲ့ဝမ်ချန်းကိုမသိမသာလက်ကလေးကုပ်လျက်

"ဟင် မင်းကြီး ကိုယ်ရံတော်ရှင်းကိုခေါ်တဲ့အသံတစ်ခုခုမကြားဘူးလား"

"အို ဒင်းကအသည်းကွဲရင်သုံးလေးရက်ကြာတယ်"

တစ်ဖက်ချင်နိုင်ငံရဲ့စစ်ရေးပြင်ဆင်မှုအတွင်းတွင် ဂျိုဆွန်းကနတ်ဆရာအချို့ပါပျောက်ဆုံးကုန်ကြသည်

သတိမထားမိဘဲတစ်စတစ်စကြီးထွားလာတဲ့အန္တရာယ်ရှိပြီးထူးဆန်းတဲ့ပျောက်ဆုံးမှုနန်းတော်ထဲမှာကြီးကြီးမားမားတစ်ခုပြီးတစ်ခုရန်ဟွာပြောတဲ့အတိုင်းအထက်လမ်းအောက်လမ်းတွေနဲ့အစီအရင်များသာရှိခဲ့လျှင် နန်းတော်အတွင်းသွေးချောင်းစီးမှုကဖြစ်လာမှာမလွှဲမသွေပင်ကြုံရမှာပင်ဖြစ်တော့သည်








___________________________

Stella : Wild Flower Kimကအပိုင်းရှည်မှာပါHistoricalကိုThe Kingတုန်းကအတိုလေးပဲရေးလိုက်ရတော့အခုထပ်ရှည်ရှည်လေးသွားချင်လို့ပါ
အဲ့တာကြောင့်လေNever Notတို့Raindropsတို့ကိုအရင်ရေးပေးရင်ကောင်းမလားလို့ မင်းတို့သဘော🫰

Continue Reading

You'll Also Like

240K 11.1K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
664K 33.5K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
1.1M 38K 63
π’π“π€π‘π†πˆπ‘π‹ ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 π–π‡πˆπ‚π‡ jude bellingham finally manages to shoot...
321K 9.6K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...