"ထမင်းပါစားသွား ဟိုကိုမပြန်နဲ့တော့"
"တစ်ဝိုင်းတည်းစားဖို့က"
"အွန်းလေးကအလုပ်ရှုပ်နေမှာမို့လို့မခေါ်တော့ဘူး"
တွေ့လား အပ်ချုပ်ပညာရှင်ကြီးပြန်သွားပြီးနောက်ခေါ်ထားတော့ဘာများလဲမှတ်ပါတယ်ထမင်းတူတူစားဖို့တဲ့
အခုလည်းပြောတဲ့စကားကိုမသိချင်ယောင်ဆောင်နေတာပဲ
ပွဲတော်တည်တာကိုအဖော်လာဆွယ်ရအောင် သူကတော်ဝင်မျိုးရိုးမှမဟုတ်တာ"အရှင်မင်းကြီးနဲ့အတူတူပွဲတော်တည်ရအောင်ကျွန်တော်မျိုးကတော်ဝင်မျိုးရိုးမှမဟုတ်တာ"
"ငါ့ကိုယူလိုက်ရင် တော်ဝင်မျိုးရိုးဖြစ်ပြီလေ"
"အရှင်မင်းကြီးကတော့"
"မင်းလက်ခံရုံပဲကျန်တယ်"
လက်ခံရအောင်ဘာမှလည်းပြောတာမဟုတ်ဘဲနဲ့ အမြဲလိုလိုရှောင်လွှဲနေပြီးတော့
ပြောရင်လည်းပိုဆိုးလာမည်
ဒါပေမဲ့သိက္ခာမထိန်းနိုင်အောင်သဝန်တိုတာကြီးကျမြင်မကောင်းဘူးမလား"မင်းကြီး မင်းကြီးကျွန်တော်မျိုးကိုမေတ္တာသက်ဝင်နေတာနားလည်ပေမဲ့လေ..."
ဘုန်း!
"အော်ဟော ငါက မင်းကို ဝါးးးး"
စကားတောင်မဆုံးသေးထိုင်နေတဲ့စားပွဲကိုလက်ဝါးနဲ့ဘုန်းကနဲရိုက်ချကာခလာတဲ့ဝမ်ချန်းကြောင့်ဆွန်းမင်မှာထပ်ပြီးရယ်မိပြန်သည်
"ရယ်ရလား အခုပုံစံက"
"မဟုတ်ပါဘူး မင်းကြီးပုံစံကအရမ်း"
ဆွန်းမင်ပါးစပ်လေးကိုလက်နဲ့အုပ်ပြီးရယ်သည်
အသံထွက်ပြီးရယ်ရင်အပြောခံရမှာသိသည်မို့"ငါကအရမ်းဘာဖြစ်လဲ"
"အရမ်း ကြည့်လို့ကောင်းတယ်ပြောတာပါ"
"မင်းတော့.."
ပြောနေတုန်းရှိသေးတံခါးကိုဖွင့်ပြီးယွန်းထည်ဗန်းတွေနဲ့စားစရာတွေကိုသယ်ပြီးဝင်လာတဲ့သူတွေကြောင့်ဝမ်ချန်းလည်းလေသံကိုလျော့လိုက်ရတော့သည်
"မရဘူး ထမင်းအတူတူစားမလား ငါ့အဆောင်ထဲမင်းကိုတံခါးပိတ်ထားရမလား"