"ဟင် အိုမို့!"
မနက်ခင်းနိုးနိုးချင်းတွင်မျက်နှာချင်းဆိုင်အနေအထားနဲ့မြင်လိုက်ရတဲ့ဝမ်ချန်းမျက်နှာကြောင့်ဆွန်းမင်မှာအသဲအသန်စောင်ကြီးပါဆွဲ၍ထမိတော့သည်
အွန်းလေးအိပ်ပျော်နေသေးတာသိပေမဲ့ အဲ့ဒီ့မင်းကြီးကဘယ်လိုရောက်လာတာတုန်းလို့
ညကသောက်စားပွဲတွေရှိကြသည်မဟုတ်လား"ဘာဖြစ်တာလဲဆွန်းလေး"
"အားး...အစစ်ကြီး မင်းကြီးအစစ်ကြီး"
ဝမ်ချန်းကလည်းဆွန်းမင်နိုးမှန်းသိတာကြောင့် ထပြီးမေးလာတဲ့အခါ ပြန်ပြီးအအော်ခံလိုက်ရတာမို့ရင်ဘတ်ပါဖိထားရသည်
ဒီကြားထဲလန့်သွားတဲ့အွန်းလေးဟာလည်းအထိန်းတော်မယ်မယ်ဆီပြေးတော့သည်
ဒါသည်ဝမ်ချန်းအတွက်ဂွင်ဖြစ်လေပြီဖြစ်တဲ့အခါ
နှစ်ယောက်ကြားထဲခုထားတဲ့မွေ့ယာခင်းကြီးကိုခြေထောက်နဲ့ကန်ထုတ်လိုက်တော့သည်ဆွန်းမင်မှာစောင်ကိုကျစ်နေအောင်ဆုတ်ထားသည်
ဒီမင်းကြီးနှာဘူး..မဟုတ်ပါဘူး မင်းကြီးဝမ်ချန်းက
ဘာလို့ဒီမှာရောက်နေရတာတုန်း
ပြီးတော့သူကရောဘာလို့မသိလိုက်တာလဲ မနေ့ကနေ့လည်ထဲကရှောင်နေတဲ့အနေအထားကိုမှ"ဆွန်းလေး..."
ခပ်တိုးတိုးခေါ်သံနဲ့အတူအနားအထိကပ်လာတဲ့ဝမ်ချန်းဟာဆွန်းမင်မျက်နှာရှေ့တည့်တည့်ကိုရောက်လာသည်
အဲ့ဒီ့အခါဆွန်းမင်ကမနေ့ကအဖြစ်အပျက်ကိုအတွေးထဲဖြတ်ကနဲသတိရသွားတာမို့လို့မျက်လုံးကိုမှိတ်ပါးစပ်ကိုစိလျက် ဒေါင့်မှာကပ်နေမိသည်"ကိုယ့်ကိုကြည့်ပါဦး ဟာ..
မျက်လုံးကြီးမမှိတ်ထားနဲ့လေ"ဘယ်လိုခံစားချက်ကြီးလဲ
သူဒီလိုမျိုးအခြေအနေကြီးမှာနေရခက်မိတာတော့အမှန်
တကယ်မကြိုက်မိတာပါဆို"ဟင်ကြည့်လေ ပျားရည်မုန့်တွေခိုးသိမ်းထားတာရောမေးရဦးမယ်"
မဖြေဘူးတကယ်မဖြေ
ပါးစပ်ဟလိုက်လျှင်မနေ့ကအကြောင်းပြန်ပြီးအစခံရလောက်သည်
ဆွန်းမင်မျက်လုံးကိုဖွင့်လိုက်ပြိး
ပါးစပ်ကိုစိထားလျက်ပင်ခေါင်းကိုအတင်းယမ်းသည်