"အဟမ်း ဒီညဒီမှာပဲတည်းမှာမို့လို့ ဒီကသခင်ကြီး ပြန်လာလို့ရရင်ပြန်လာပါ ဒီကဘယ်သမားတော်ဆီမှာပဲကုကုကျွန်တော့်ဆေးလောက်အစွမ်းထပ်တာမဟုတ်လို့"
ဆွန်းမင်သူ့ရဲ့ကျောပိုးအိတ်ထဲကပါလာတဲ့ကြွေခွက်လေးထဲကအဖြူရောင်ဆေးဘူးကိုနောက်ဆုံးတော့အနားလာပြီးသောင်းကျန်းနေတာမြင်မကောင်းတဲ့အညိုရောင်ဝတ်ရုံနဲ့လူကိုဆေးလိမ်းပေးနေရသည်
လက်ကိုဟက်တက်ကြီးကိုကွဲသွားတာပဲ
အခန့်မသင့်ရင်အသားစထဲစိုက်သွားရင်ဒုက္ခရောက်မည် ဒီလူတော့ရူးနေတာလားမသိရူးနေတယ်ဆိုပေမဲ့လဲ ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရှေ့မှာတင်ဖြစ်သွားတာဆိုတော့ဆေးပညာတတ်တဲ့ကိုယ့်ဆီမှာတာဝန်ရှိတယ်မလား
"ဟူးးး"
ဆွန်းမင်ပါးကိုဖောင်းပြီးထိုလူ့လက်ကိုကိုင်ကာတဟူးဟူးနဲ့လေမှုတ်နေရသေး၏
ပြီးတော့မှာပတ်တီးအဖြူသန့်သန့်ကိုပတ်ပေးလိုက်ပေမဲ့
ဆေးကနည်းနည်းတော့စပ်သည်မို့
ခဏကြာအောင်ကိုင်ထားပြီးတော့မှထိုလူ့ဆီကစကားသံထွက်လာသည်"မင်းကအခကြေးငွေလိုချင်တာလား"
ဘယ်လို ဆွန်းမင်စိတ်ထဲထောင်းကနဲ
ဘာလဲ အခကြေးငွေဆိုတဲ့စကား
ဒီလူကြီးမင်း ရူးနေလားပြောချင်ပေမဲ့လဲမပြောရဲဝတ်ထားတဲ့ပုံနဲ့ဓားကြီးတကားကားကလဲအထက်တန်းလွှာအိမ်က
သခင်ပုံစံဆိုတော့နည်းနည်းတော့ရှိန်ပေမဲ့ မာနကတော့အကြောမခံနိုင်"ခင်ဗျာ သခင်ကြီးကျွန်တော့်ကအခကြေးငွေယူချင်တဲ့ပုံစံပေါ်လို့လား"
"ပေါ်တယ်"
"ဟော သခင်ကြီး"
ဆောင့်ကနဲဆိုပြီးထိုလူ့လက်ကိုပစ်ချလိုက်တော့မှအညိုရောင်ဝတ်ရုံနဲ့ခေါင်းဆောင်းအောက်မှမျက်လုံးဝိုင်းဝိုင်းတွေကမော့ကြည့်လာသည်
ရင်ထဲဒိုင်းကနဲ
ဒီမျက်လုံး ဒီနှုတ်ခမ်း
ပြီးတော့ဒီလိုကော့စင်းနေတဲ့နှာတံဆွန်းမင်သူ့အနောက်ခေါက်ဆွဲပြုတ်ရည်ကိုမော့သောက်နေတဲ့အွန်းဗြောကိုလှမ်းကြည့်လိုက်သည်
တစ်ပုံတည်းပဲ