"ဒီနေရာကမြန်မြန်သွားရအောင်"
ဟင်
ချက်ချင်းကြီးဒီလိုကြီးကြားညှပ်နေပြီးဒီလိုအမြန်ပြေးဖို့လား
အွန်းဗြောကိုအရင်ကြည့်လိုက်သေးသည် မနိုးသေးပေမဲ့ပြေးလိုက်ရင်တော့နိုးသွားမှာအမှန်ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ်နိုးမှာပဲမလား
အရမ်းကြီးဆူညံပြီးလန့်မလာဖို့သာအရေးကြီးသည်"အိုး ခဏ..."
စကားတောင်မဆုံးလိုက်လက်ကိုဆွဲပြီးပြေးတဲ့သူ
လူတွေပိုပိုပြီးကျပ်ညပ်လာတဲ့ဈေးလမ်းကြားကနေလက်ကိုဆွဲပြီးခေါ်သွားတာဘယ်တွေတောင်ရောက်လို့ရာက်မှန်းမသိ
ကြားဖြတ်လမ်းကဖြစ်တာကြောင့်ညဘက်ဖြစ်တဲ့အခါလူတွေလဲမရှိလရောင်ကကူလို့လမ်းတွေကိုခပ်ရေးရေးသာမြင်နေရခြင်းဖြစ်သည်
"ခဏနေပါဦး သခင်ကြီး အွန်းဗြောနိုးနေပြီ"
ဆိုတော့မှခြေလှမ်းကတုန့်ကနဲရပ်သွားတော့၏
လက်ကောက်ဝတ်တစ်ဖက်ကိုလဲဆွဲထား သေးသည်
အွန်းဗြောကိုလဲတစ်ဖက်တည်းနဲ့ချီထားတော့ဆွန်းမင်လက်ကကျင်လာ၏"လက်...
လက်ကိုနည်းနည်းလွှတ်ပါဦး ကျွန်တော့်လက်တွေကျင်နေပြီ"လက်တော့လွှတ်ပေးလာပေမဲ့ဆွန်းမင်ကသူ့ဆီကအွန်းဗြောကိုလုယူသွားမှာလဲကြောက်တာမို့
ခြေနှစ်လှမ်းလောက်အနောက်ကိုဆုတ်လိုက်၏
မျက်လုံးဟာလဲသေချာပေါက်ပေစောင်းပေစောင်းဖြစ်နေနိုင်လိမ့်မည်"လူကြီးမင်းက ဘယ်သူလဲ အိမ်တော်တစ်ခုကသခင်ကြီးမဟုတ်ပဲကျွန်တော့်နောက်ကိုလိုက်နေတာမလား"
"ငါကမင်းနောက်ကိုလိုက်တယ်"
တကယ်မသင်္ကာတော့ပါရှောင်နေတာကိုပဲတည့်တည့်တိုးနေတဲ့အချိန်များလှပြီ
"ဟုတ်တယ် လူကြီးမင်းကကျွန်တော့်နောက်ကိုလိုက်တာ ပြီးတော့မသင်္ကာတာ ဘာလို့ကူညီချင်နေရတာလဲ"
ဆွန်းမင်ကတော့စိတ်တွေတိုပြီးပြောနေမိပေမဲ့သူ့ဆီကလုယူသွားမှာကြောက်လို့တင်းနေအောင်ထွေးပိုက်ထားတဲ့အွန်းဗြောဆီကအသံစာစာစာစာကထွက်လာတော့၏