မှော်ကုန်းမြေမှအစားအစာထောက်ပံ...

By Miracle-101

23.4K 2.2K 36

Author: The Might Of Leaving Blank Genre: Eastern, Fantasy Status: 95 [Completed] More

Description
Chapter 1
Chapter 2
Chapter 3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
✨️

Chapter 33

184 21 0
By Miracle-101

အခန်း (၃၃) လမ်းဓားပြ
    
"ဟားဟား..... ငါတို့ကို ဘယ်သူတွေလဲတဲ့" 
    
အနောက်မှ လူတစ်ယောက်ထွက်လာပြီး "ငါတို့က မြို့အရှင့်ရဲ့ အစောင့်တပ်ဖွဲ့၀င်တွေပဲ"
    
"ဒီတော့ မြို့အရှင်ရဲ့ အစောင့်တပ်ဖွဲ့၀င်တွေက ဘာလိုချင်လို့ ကျုပ်ကို ရှာနေတာလဲ"
   
လင်းချီက ထူးမခြားနားစွာ မေးလိုက်သည်။    
    
"မင်း ဟိုးရက်တွေတုန်းက တရားမ၀င် ဆိုင်ဖွင့်စားနေတယ်လို့ သတင်းကြားမိတယ် အဲ့အတွက် မင်းကို အပြစ်ပေး အရေးယူဖို့ လာဖမ်းတာပဲ"
    
"ဘာ..."
    
လင်းချီ ရယ်စရာကောင်းသည်ဟု ခံစားရကာ ခေါင်းခါရမ်းလိုက်ပြီး "မဟုတ်သေးပါဘူး..ကျုပ်ကအခု ဒီမှာ ခေါက်ဆွဲထိုင်စားနေတာကို ခင်များတို့က ဟိုးရက်တွေတုန်းက အကြောင်းကို လာပြောနေတာပဲ"
    
"ဒါအမှန်တရားပဲ ဒါကြောင့် ကျုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ"
    
လင်းချီ ခေါင်းရမ်းလိုက်ပြီး "မပူးပေါင်းပေးနိုင်ဘူး .. ပြီးတော့ ကျုပ်က ဒီဒေသခံမဟုတ်တဲ့အပြင် စမ်းသပ်ပွဲမှာ ပါဝင်တဲ့ ယှဥ်ပြိုင်သူလည်းဖြစ်တယ် ..ခင်များတို့မှာ ကျုပ်ကို ဖမ်းခွင့် မရှိဘူး"
   
သိရမှာက လင်းချီမှာ လေနက်ခံတပ်သို့ ရောက်လာကတည်းက ဤနေရာ၏ စည်းမျဉ်းစည်းကမ်း ဥပဒေများကို လေ့လာပြီး ဖြစ်သည်။
    
ဤနယ်မြေအတွင်း တိုက်ခိုက်ရန် ခွင့်မပြုထားသည်မှာ သိသာသော်လည်း ထိုအရာက မျိုးရိုးမြင့်မိသားစုများနှင့် အစောင့်တပ်သားများ၏ အခွင့်အာဏာကို ကျစ်လျစ်ခိုင်မာလာစေရန်ဖြစ်သည်။
    
နောက်တစ်နည်းပြောရလျင် သူတို့မှာ သာမန်လူများကိုသာ ရိုက်နှက်နိုင်ကြသည်။
    
သူတို့က သာမန်ပြည်သူများကို အနိုင်ကျင့်နေရုံသပ်သပ်သာ။

"မလိုအပ်တဲ့ ခုခံမှုတွေ လုပ်မနေဘဲ ကျုပ်တို့နဲ့ အေးဆေးလိုက်ခဲ့လိုက်"
    
"ဘယ်ကိုလဲ..မှော်အစည်းအရုံးကိုလား....ဒါမှမဟုတ် သိုလှောင်အိတ်ကိုပဲ မင်းတို့ဆီ ပေးလိုက်ရမှာလား"

လင်းချီ၏ စကားလုံးများက အနှီအုပ်စုကို အံ့အားသင့်သွားစေသည်။
    
'ဒီကောင်က ဘာလို့‌ကြောက်မနေတာလဲ ပြီးတော့ ငါတို့ရဲ့ ရည်ရွယ်ချက်ကိုတောင် ရိပ်မိလိုက်သေးတယ်'
    
လင်းချီ မတ်တပ်ရပ်၍ အသက်ပြင်းပြင်းရှူလိုက်ပြီး 
    
"ခင်များတို့ မြို့အရှင်ရဲ့ အစောင့်တွေလို့ ပြောမယ်ဆိုလည်း အနည်းဆုံးတော့ ကောင်းကောင်း သရုပ်ဆောင်သင့်တာပေါ့...အခု ခင်များတို့က ဓားအစည်းအရုံးက ဓားသမားတွေဆိုတာ ဒီလောက်သိသာနေတာ"
    
"ဒါက"

လင်းချီ၏ ဖောက်ထွင်းမြင်ရခြင်းကို ခံရသော လူများလည်း ဆွံ့အသွားကြသည်။
    
သူတို့ ယခုလို အ‌ခြေ‌အနေနှင့် ကြုံရခြင်းမှာ ပထမဆုံး အကြိမ်ပင်။ ထို့ကြောင့် မည်သို့ တုန့်ပြန်ရမည်မှန်း မသိဖြစ်နေ‌သည်။
    
"တကယ်လို့ မြို့စောင့် တပ်ဖွဲ့တွေသာ ကျုပ်ကို ဖမ်းဖို့လာမယ်ဆိုရင် လူနည်းနည်းလေးနဲ့ လာမယ်ထင်လား"
    
"သေစမ်း.... ဒီကလေးက အရမ်းလည်လွန်းတယ်.. ငါတို့အတည်ကိုင်တွယ်ဖို့လိုနေပြီ"
    
ဓားသမားများက ဟန်မဆောင်ကြတော့ဘဲ သူတို့အားလုံးကြံမိကြံရာ ဓားဆွဲထုတ်၍ လင်းချီထံ ရွယ်လိုက်သည်။
    
"အို... မင်းတို့က ဒီမှာ တိုက်ခိုက်ရဲတယ်ပေါ့"
    
ဓားအဖွဲ့ခေါင်းဆောင်မှ နှာခေါင်းရှုံ့လိုက်ပြီး "ဒီနယ်မြေက ဓားသမားအဖွဲ့အစည်းရဲ့ ပိုက်နက်ပဲ..ငါတို့ မင်းတို့ နှစ်ယောက်လုံးကို အေးဆေးသတ်လိုက်လို့ရတယ်"
    
ဓားအဖွဲ့ခေါင်းဆောင်၏ နှုတ်မှ ထိုစကားများ ထွက်လာပြီးနောက် လင်းချီ သူ၏ နောက်ရှိ လူသာကို ခေါ်လိုက်ပြီး "လူသာ..."
    
"ကောင်းပြီ..ကျုပ်လည်း ကြွက်သားတွေ လေ့ကျင့်ခန်းမလုပ်ရတာ အတော်ကြာနေပြီပဲ"

လူသာက ‌လင်းချီရှေ့တွင် ရပ်လိုက်ပြီး သူ၏နောက်ကျောမှ ဓားအကြီးကြီးကို ဆွဲထုတ်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ရုတ်ချည်း ရက်စက် ကြမ်းကြုတ်သွား၏။
    
"ဒီ..ဒီလူက အဆင့်မြင့် ဓားသခင်ပဲ"

"‌ေ-သစမ်း....ဒီမှာ အဆင့်မြင့် ဓားသခင်တစ်ယောက် ရှိနေတာလား"
    
ထိုဓားသမားများမှာ အချင်းချင်း ကြည့်လိုက်ကြပြီး ရှေ့သို့ တိုးမသွားရဲပေ။
    
လူသာက သူတို့ကို စောင့်ရင်း နှာခေါင်းရှုံ့လိုက်ပြီး "ဟေ့..ဓားအစည်းအရုံးက ငါ့ကို ကြောက်တယ်လို့တော့ မပြောနဲ့...ငါ့ရွာက ဓားပြတွေတောင် မင်းတို့ထက် သတ္တိရှိသေးတယ်"
    
ဓားသမားတစ်ယောက်မှ အံကြိတ်၍ ရှေ့သို့ ပြေးတက်လိုက်သည်။
    
သို့သော်လည်း နောက် တစ်စက္ကန့်တွင်....
    
ဝှစ်....
    
လူသာ၏ တိုက်ခိုက်မှုကို ခံယူပြီးနောက် အနောက်ခပ်လှမ်းလှမ်းသို့ လွင့်ထွက်သွားပြီး လေထုမှာ လုံး၀တိတ်ဆိတ်သွားတော့သည်။
    
"ယား...."
    
လူသာ ဟိန်းဟောက်လိုက်‌တော့ ကျန်နေသော ဓားသမားများမှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။
    
"တောက်... တစ်ကောင်မှ သတ္တိမရှိကြဘူး..အသုံးမကျတဲ့ကောင်တွေ"
    
လင်းချီမှာ မျက်တောင်တစ်ချက်မခတ်ဘဲ ခေါက်ဆွဲဆက်စားနေသည်။ ထို့နောက် ခေါင်းခါယမ်းလိုက်ပြီး
    
"ဟင်း..ထိုင်ပြီး စားစရာရှိတာ စားတော့"
    
သို့သော်လည်း လူသာ မထိုင်နိုင်သေးခင် ဓားသမားများ ပြန်ရောက်လာပြီး သူတို့နှင့် အတူ လူသန်ကြီး တစ်ယောက်ကို ခေါ်လာခဲ့သည်။
    
"သူတို့ နောက်ထပ်လူတွေ ခေါ်လာပုံပဲ"

လင်းချီ သူတို့ကို အာရုံမထားသော်လည်း ရောက်လာသော လူသန်ကြီးကို တစ်ချက်ကြည့်လိုက်သောအခါ စိတ်ထဲမတင်မကျဖြစ်သွားရသည်။

လူသန်ကြီးသာမက အဘိုးကြီးလည်း

ရောက်ရှိလို့လာသည်။
    
သူ၏လူများ အသိပ်ခံလိုက်ရသည်ကို ကြားသောအခါ တယ်ရီလည်း ဒေါသထွက်သွားပြီး ချက်ချင်း သူ၏ အတော်ဆုံး တပည့်ကို ခေါ်လိုက်သည်။
    
အဘိုးကြီး လျှောက်လာတာကို မြင်သောအခါ လင်းချီ နှာခေါင်းရှုံ့လိုက်ပြီး "အဘိုးကြီး...ခင်များက ကျုပ်ရဲ့ သိုလှောင်အိတ်ကို မရတော့ လုချင်တယ်ပေါ့...လေနက်ခံတပ်မှာ ဥပဒေ မရှိတော့ဘူးလား"
    
အမှန်တော့ လူအိုကြီးက လင်းချီကို ကိုယ်တိုင်ဆော်ချင်နေသည်။ သို့သော်လည်း သူက အဆင့်မြင့်ဓားသခင်တစ်ယောက်နှင့် ပြိုင်ဘက် မဟုတ်ခဲ့ချေ။ ထို့ကြောင့် သူ၏ တပည့်ကိုသာ ခေါ်လာခဲ့လိုက်ရတော့သည်။
    
သူတို့ရှေ့ရှိ လူသန်ကြီးမှာလည်း လူသာကဲ့သို့ အဆင့်မြင့်ဓားသခင်ဖြစ်ပြီး လူသာထက် အနည်းငယ် သန်မာပေသည်။
    
"လူငယ်လေး..လေနက်ခံတပ်မှာ ငါပြောသမျှက ဥပဒေပဲ"
    
တယ်ရီ၏ စကားသံထွက်ပေါ်လာသည်နှင့် လူသန်ကြီးမှာ ရှေ့သို့ ဒေါသကြီးစွာ ပြေးထွက်လာလေသည်။
    
လူသာ ချက်ချင်းပင် သူ၏ ဓားနှင့် လူသန်ကြီး၏ တိုက်ခိုက်ချက်ကို ခုခံလိုက်သည်။ သို့သော်လည်း လူသန်ကြီးမှာ လွန်စွာ သန်မာလှပြီး သူ့ကို နောက်သို့ မီတာ အနည်းငယ်ခန့် နောက်ဆုတ်သွားစေသည်။
    
ဝုန်း!
    
လူသာ နံရံနှင့်တိုက်မိသွားပြီး အနည်းငယ် အရှက်ရသွားကာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
    
"‌ေ-သ စမ်း"
    
"ဟားဟား...ငါ့တပည့်လေးက အဆင့်မြင့်ဓားသခင်ကနေ မကြာခင်မှာပဲ အဆင့်ထပ်တက်တော့မှာ .. မင်းတို့ ကြောက်တတ်ရင် ငါ့ကို သိုလှောင်အိတ် ပေးလိုက်တော့"
    
လင်းချီ လူသာကို မေးလိုက်သည် "အဆင်ပြေရဲ့လား..."
    
လူသာ အံကြိတ်၍ ဓားကို ဆုပ်ကိုင်လိုက်ပြီး သားရဲတစ်ကောင်ကဲ့သို့ လူသန်ကြီးကို ခုန်အုပ်လိုက်သည်။
    
သို့သော်လည်း သူ၏ ပြိုင်ဘက်မှာ အားကောင်းလွန်းလှသည်။ ထို့ကြောင့် လူသာမှာ ဓားရေးတွင်သာမက လက်ဗလာချင်း တိုက်ခိုက်ရာ‌တွင်လည်း အရေးမသာပေ။
    
နှစ်ချက် သုံးချက်ခန့် ရင်ဆိုင်ပြီးနောက်တွင် နောက်သို့ ပြန်လွင့်လာသည်။
    
လင်းချီ၏လူ နောက်သို့ ထပ်လွင့်သွားသည်ကို မြင်သောအခါ တယ်ရီ ပြုံးလိုက်ပြီး "ဟားဟား...သိုလှောင် အိတ်ကို မပေးဘူးဆိုရင် ငါ့ကို လွန်တယ်ဆိုပြီးတော့ အပြစ်မတင်နဲ့နော်"
    
"ဟေး.....အဘိုးကြီး"
    
လင်းချီ ထူးမခြားနားစွာ ပြုံးလိုက်ပြီး
    
"ရွှေပြား၅၀၀လောက် သက်သာဖို့အတွက် ဒုက္ခတွေ အများကြီး ရှာနေတာ..ခင်များ တော်တော် ကပ်‌စေးနည်းတာပဲ"
    
ထိုသို့ပြောပြီးနောက် လင်းချီ စနစ်ထဲမှ ကန်စွန်းဥကို ထုတ်လိုက်ပြီး လူသာထံ ပစ်ပေးကာ "စားလိုက်.."
    
လူသာက ထိုကန်စွန်းဥများ၏ တန်ဖိုးကိုနားလည်သည်။ ထို့ကြောင့် နှစ်ကိုက် သုံးကိုက်နှင့် အပြတ်ရှင်းလိုက်၏။ ချက်ချင်း သူ၏ ခန္ဓာကိုယ်ထဲတွင် ကုန်ဆုံးသွားသော မှော်စွမ်းအင်အားလုံးပြန်လည် တိုးပွားလာသည်။

"ဘယ်လို...."
    
ထိုအချိန်တွင် လူသာမှာ သူ၏ အကောင်းဆုံး အ‌ခြေအနေတွင် ရှိနေပြီး လူသန်ကြီးမှာတော့ အခြေနေ မဟန်တော့ပေ။ ယခု လေးတင် သူ၏ ခွန်အား အားလုံးနီးပါးကို အသုံးပြုလိုက်ပြီး ဖြစ်သည်။
    
လူသာ သူ့ကို နားဖို့ အခွင့်အရေးမပေးဘဲ မြေပြင်ပေါ်သို့‌ အမှောက်သိပ်လိုက်ပြီး တယ်ရီအား အော်ပြောလိုက်သည်။
    
"ကပ်စေးကုတ်တဲ့ အဘိုးကြီး ခင်များလူတွေကို လစ်ဖို့ပြောလိုက် ..မဟုတ်ရင် ကျုပ်သူ့ကို သတ်လိုက်မယ်"
    
တယ်ရီ ပထမဆုံးအကြိမ် ခြိမ်းခြောက်ခံလိုက်ရသည်။ သူ၏ အာဏာမှာ မြင်ရသည်ထက် ပိုအားကောင်းသော်လည်း ယနေ့တွင်တော့ အကူအညီမဲ့သလို ခံစားရလိုက်သည်။
    
ထိုအချိန်တွင် ရွှေရောင်အလင်းတစ်ခု ပေါ်လာပြီး လူသာ၏ ဓားကို ‌မီတာအနည်းငယ်ခန့် လွင့်ထွက်သွားစေသည်။
   
"ဘယ်သူလဲ..."
    
လူတိုင်း ရွှေရောင်အလင်းတန်းလာသောနေရာကို ကြည့်လိုက်သောအခါ အားလုံး ကြောက်ရွံ့သွားပြီး ခြေထောက်များပင် မခိုင်ကြတော့ပေ။ 
   
"မြို့...မြို့အရှင်.."
    
အားလုံးထဲတွင် အတုန်လှုပ်ဆုံးကတော့ တယ်ရီပင် ။
    
မြို့အရှင်မှာ အလုပ်ကိစ္စနှင့် အပြင်ထွက်သွားသောကြောင့် ဤရက်ပိုင်းတွင် လေနက်ခံတပ်ထဲ၌ သူ့စိတ်တိုင်းကျ ပြုမူနေခြင်းဖြစ်သည်။ သို့သော် မြို့အရှင်မှာ ပြိုင်ပွဲဝင်များကို တာဝန်ထုတ်ပြန်ပေးရန် ယနေ့အစောကြီး ပြန်ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

~~~
မှော်ကုန်းမြေအစအဆုံးရပါပြီ 3000ပါ


အခန္း (၃၃) လမ္းဓားျပ
    
"ဟားဟား..... ငါတို႔ကို ဘယ္သူေတြလဲတဲ့" 
    
အေနာက္မွ လူတစ္ေယာက္ထြက္လာၿပီး "ငါတို႔က ၿမိဳ႕အရွင့္ရဲ႕ အေစာင့္တပ္ဖြဲ႕၀င္ေတြပဲ"
    
"ဒီေတာ့ ၿမိဳ႕အရွင္ရဲ႕ အေစာင့္တပ္ဖြဲ႕၀င္ေတြက ဘာလိုခ်င္လို႔ က်ဳပ္ကို ရွာေနတာလဲ"
   
လင္းခ်ီက ထူးမျခားနားစြာ ေမးလိုက္သည္။    
    
"မင္း ဟိုးရက္ေတြတုန္းက တရားမ၀င္ ဆိုင္ဖြင့္စားေနတယ္လို႔ သတင္းၾကားမိတယ္ အဲ့အတြက္ မင္းကို အျပစ္ေပး အေရးယူဖို႔ လာဖမ္းတာပဲ"
    
"ဘာ..."
    
လင္းခ်ီ ရယ္စရာေကာင္းသည္ဟု ခံစားရကာ ေခါင္းခါရမ္းလိုက္ၿပီး "မဟုတ္ေသးပါဘူး..က်ဳပ္ကအခု ဒီမွာ ေခါက္ဆြဲထိုင္စားေနတာကို ခင္မ်ားတို႔က ဟိုးရက္ေတြတုန္းက အေၾကာင္းကို လာေျပာေနတာပဲ"
    
"ဒါအမွန္တရားပဲ ဒါေၾကာင့္ က်ဳပ္တို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္ေပးပါ"
    
လင္းခ်ီ ေခါင္းရမ္းလိုက္ၿပီး "မပူးေပါင္းေပးႏိုင္ဘူး .. ၿပီးေတာ့ က်ဳပ္က ဒီေဒသခံမဟုတ္တဲ့အျပင္ စမ္းသပ္ပြဲမွာ ပါဝင္တဲ့ ယွဥ္ၿပိဳင္သူလည္းျဖစ္တယ္ ..ခင္မ်ားတို႔မွာ က်ဳပ္ကို ဖမ္းခြင့္ မရွိဘူး"
   
သိရမွာက လင္းခ်ီမွာ ေလနက္ခံတပ္သို႔ ေရာက္လာကတည္းက ဤေနရာ၏ စည္းမ်ဥ္းစည္းကမ္း ဥပေဒမ်ားကို ေလ့လာၿပီး ျဖစ္သည္။
    
ဤနယ္ေျမအတြင္း တိုက္ခိုက္ရန္ ခြင့္မျပဳထားသည္မွာ သိသာေသာ္လည္း ထိုအရာက မ်ိဳး႐ိုးျမင့္မိသားစုမ်ားႏွင့္ အေစာင့္တပ္သားမ်ား၏ အခြင့္အာဏာကို က်စ္လ်စ္ခိုင္မာလာေစရန္ျဖစ္သည္။
    
ေနာက္တစ္နည္းေျပာရလ်င္ သူတို႔မွာ သာမန္လူမ်ားကိုသာ ႐ိုက္ႏွက္ႏိုင္ၾကသည္။
    
သူတို႔က သာမန္ျပည္သူမ်ားကို အႏိုင္က်င့္ေန႐ုံသပ္သပ္သာ။

"မလိုအပ္တဲ့ ခုခံမႈေတြ လုပ္မေနဘဲ က်ဳပ္တို႔နဲ႔ ေအးေဆးလိုက္ခဲ့လိုက္"
    
"ဘယ္ကိုလဲ..ေမွာ္အစည္းအ႐ုံးကိုလား....ဒါမွမဟုတ္ သိုေလွာင္အိတ္ကိုပဲ မင္းတို႔ဆီ ေပးလိုက္ရမွာလား"

လင္းခ်ီ၏ စကားလုံးမ်ားက အႏွီအုပ္စုကို အံ့အားသင့္သြားေစသည္။
    
'ဒီေကာင္က ဘာလို႔‌ေၾကာက္မေနတာလဲ ၿပီးေတာ့ ငါတို႔ရဲ႕ ရည္႐ြယ္ခ်က္ကိုေတာင္ ရိပ္မိလိုက္ေသးတယ္'
    
လင္းခ်ီ မတ္တပ္ရပ္၍ အသက္ျပင္းျပင္းရႉလိုက္ၿပီး 
    
"ခင္မ်ားတို႔ ၿမိဳ႕အရွင္ရဲ႕ အေစာင့္ေတြလို႔ ေျပာမယ္ဆိုလည္း အနည္းဆုံးေတာ့ ေကာင္းေကာင္း သ႐ုပ္ေဆာင္သင့္တာေပါ့...အခု ခင္မ်ားတို႔က ဓားအစည္းအ႐ုံးက ဓားသမားေတြဆိုတာ ဒီေလာက္သိသာေနတာ"
    
"ဒါက"

လင္းခ်ီ၏ ေဖာက္ထြင္းျမင္ရျခင္းကို ခံရေသာ လူမ်ားလည္း ဆြံ႕အသြားၾကသည္။
    
သူတို႔ ယခုလို အ‌ေျခ‌အေနႏွင့္ ႀကဳံရျခင္းမွာ ပထမဆုံး အႀကိမ္ပင္။ ထို႔ေၾကာင့္ မည္သို႔ တုန႔္ျပန္ရမည္မွန္း မသိျဖစ္ေန‌သည္။
    
"တကယ္လို႔ ၿမိဳ႕ေစာင့္ တပ္ဖြဲ႕ေတြသာ က်ဳပ္ကို ဖမ္းဖို႔လာမယ္ဆိုရင္ လူနည္းနည္းေလးနဲ႔ လာမယ္ထင္လား"
    
"ေသစမ္း.... ဒီကေလးက အရမ္းလည္လြန္းတယ္.. ငါတို႔အတည္ကိုင္တြယ္ဖို႔လိုေနၿပီ"
    
ဓားသမားမ်ားက ဟန္မေဆာင္ၾကေတာ့ဘဲ သူတို႔အားလုံးႀကံမိႀကံရာ ဓားဆြဲထုတ္၍ လင္းခ်ီထံ ႐ြယ္လိုက္သည္။
    
"အို... မင္းတို႔က ဒီမွာ တိုက္ခိုက္ရဲတယ္ေပါ့"
    
ဓားအဖြဲ႕ေခါင္းေဆာင္မွ ႏွာေခါင္းရႈံ႕လိုက္ၿပီး "ဒီနယ္ေျမက ဓားသမားအဖြဲ႕အစည္းရဲ႕ ပိုက္နက္ပဲ..ငါတို႔ မင္းတို႔ ႏွစ္ေယာက္လုံးကို ေအးေဆးသတ္လိုက္လို႔ရတယ္"
    
ဓားအဖြဲ႕ေခါင္းေဆာင္၏ ႏႈတ္မွ ထိုစကားမ်ား ထြက္လာၿပီးေနာက္ လင္းခ်ီ သူ၏ ေနာက္ရွိ လူသာကို ေခၚလိုက္ၿပီး "လူသာ..."
    
"ေကာင္းၿပီ..က်ဳပ္လည္း ႂကြက္သားေတြ ေလ့က်င့္ခန္းမလုပ္ရတာ အေတာ္ၾကာေနၿပီပဲ"

လူသာက ‌လင္းခ်ီေရွ႕တြင္ ရပ္လိုက္ၿပီး သူ၏ေနာက္ေက်ာမွ ဓားအႀကီးႀကီးကို ဆြဲထုတ္လိုက္သည္။ သူ၏ မ်က္ႏွာေပၚရွိ အၿပဳံးမွာ ႐ုတ္ခ်ည္း ရက္စက္ ၾကမ္းၾကဳတ္သြား၏။
    
"ဒီ..ဒီလူက အဆင့္ျမင့္ ဓားသခင္ပဲ"

"‌ေ-သစမ္း....ဒီမွာ အဆင့္ျမင့္ ဓားသခင္တစ္ေယာက္ ရွိေနတာလား"
    
ထိုဓားသမားမ်ားမွာ အခ်င္းခ်င္း ၾကည့္လိုက္ၾကၿပီး ေရွ႕သို႔ တိုးမသြားရဲေပ။
    
လူသာက သူတို႔ကို ေစာင့္ရင္း ႏွာေခါင္းရႈံ႕လိုက္ၿပီး "ေဟ့..ဓားအစည္းအ႐ုံးက ငါ့ကို ေၾကာက္တယ္လို႔ေတာ့ မေျပာနဲ႔...ငါ့႐ြာက ဓားျပေတြေတာင္ မင္းတို႔ထက္ သတၱိရွိေသးတယ္"
    
ဓားသမားတစ္ေယာက္မွ အံႀကိတ္၍ ေရွ႕သို႔ ေျပးတက္လိုက္သည္။
    
သို႔ေသာ္လည္း ေနာက္ တစ္စကၠန႔္တြင္....
    
ဝွစ္....
    
လူသာ၏ တိုက္ခိုက္မႈကို ခံယူၿပီးေနာက္ အေနာက္ခပ္လွမ္းလွမ္းသို႔ လြင့္ထြက္သြားၿပီး ေလထုမွာ လုံး၀တိတ္ဆိတ္သြားေတာ့သည္။
    
"ယား...."
    
လူသာ ဟိန္းေဟာက္လိုက္‌ေတာ့ က်န္ေနေသာ ဓားသမားမ်ားမွာ ေၾကာက္လန႔္တၾကား ထြက္ေျပးသြားၾကသည္။
    
"ေတာက္... တစ္ေကာင္မွ သတၱိမရွိၾကဘူး..အသုံးမက်တဲ့ေကာင္ေတြ"
    
လင္းခ်ီမွာ မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ ေခါက္ဆြဲဆက္စားေနသည္။ ထို႔ေနာက္ ေခါင္းခါယမ္းလိုက္ၿပီး
    
"ဟင္း..ထိုင္ၿပီး စားစရာရွိတာ စားေတာ့"
    
သို႔ေသာ္လည္း လူသာ မထိုင္ႏိုင္ေသးခင္ ဓားသမားမ်ား ျပန္ေရာက္လာၿပီး သူတို႔ႏွင့္ အတူ လူသန္ႀကီး တစ္ေယာက္ကို ေခၚလာခဲ့သည္။
    
"သူတို႔ ေနာက္ထပ္လူေတြ ေခၚလာပုံပဲ"

လင္းခ်ီ သူတို႔ကို အာ႐ုံမထားေသာ္လည္း ေရာက္လာေသာ လူသန္ႀကီးကို တစ္ခ်က္ၾကည့္လိုက္ေသာအခါ စိတ္ထဲမတင္မက်ျဖစ္သြားရသည္။

လူသန္ႀကီးသာမက အဘိုးႀကီးလည္း

ေရာက္ရွိလို႔လာသည္။
    
သူ၏လူမ်ား အသိပ္ခံလိုက္ရသည္ကို ၾကားေသာအခါ တယ္ရီလည္း ေဒါသထြက္သြားၿပီး ခ်က္ခ်င္း သူ၏ အေတာ္ဆုံး တပည့္ကို ေခၚလိုက္သည္။
    
အဘိုးႀကီး ေလွ်ာက္လာတာကို ျမင္ေသာအခါ လင္းခ်ီ ႏွာေခါင္းရႈံ႕လိုက္ၿပီး "အဘိုးႀကီး...ခင္မ်ားက က်ဳပ္ရဲ႕ သိုေလွာင္အိတ္ကို မရေတာ့ လုခ်င္တယ္ေပါ့...ေလနက္ခံတပ္မွာ ဥပေဒ မရွိေတာ့ဘူးလား"
    
အမွန္ေတာ့ လူအိုႀကီးက လင္းခ်ီကို ကိုယ္တိုင္ေဆာ္ခ်င္ေနသည္။ သို႔ေသာ္လည္း သူက အဆင့္ျမင့္ဓားသခင္တစ္ေယာက္ႏွင့္ ၿပိဳင္ဘက္ မဟုတ္ခဲ့ေခ်။ ထို႔ေၾကာင့္ သူ၏ တပည့္ကိုသာ ေခၚလာခဲ့လိုက္ရေတာ့သည္။
    
သူတို႔ေရွ႕ရွိ လူသန္ႀကီးမွာလည္း လူသာကဲ့သို႔ အဆင့္ျမင့္ဓားသခင္ျဖစ္ၿပီး လူသာထက္ အနည္းငယ္ သန္မာေပသည္။
    
"လူငယ္ေလး..ေလနက္ခံတပ္မွာ ငါေျပာသမွ်က ဥပေဒပဲ"
    
တယ္ရီ၏ စကားသံထြက္ေပၚလာသည္ႏွင့္ လူသန္ႀကီးမွာ ေရွ႕သို႔ ေဒါသႀကီးစြာ ေျပးထြက္လာေလသည္။
    
လူသာ ခ်က္ခ်င္းပင္ သူ၏ ဓားႏွင့္ လူသန္ႀကီး၏ တိုက္ခိုက္ခ်က္ကို ခုခံလိုက္သည္။ သို႔ေသာ္လည္း လူသန္ႀကီးမွာ လြန္စြာ သန္မာလွၿပီး သူ႔ကို ေနာက္သို႔ မီတာ အနည္းငယ္ခန႔္ ေနာက္ဆုတ္သြားေစသည္။
    
ဝုန္း!
    
လူသာ နံရံႏွင့္တိုက္မိသြားၿပီး အနည္းငယ္ အရွက္ရသြားကာ အသက္ျပင္းျပင္းရႉသြင္းလိုက္မိသည္။
    
"‌ေ-သ စမ္း"
    
"ဟားဟား...ငါ့တပည့္ေလးက အဆင့္ျမင့္ဓားသခင္ကေန မၾကာခင္မွာပဲ အဆင့္ထပ္တက္ေတာ့မွာ .. မင္းတို႔ ေၾကာက္တတ္ရင္ ငါ့ကို သိုေလွာင္အိတ္ ေပးလိုက္ေတာ့"
    
လင္းခ်ီ လူသာကို ေမးလိုက္သည္ "အဆင္ေျပရဲ႕လား..."
    
လူသာ အံႀကိတ္၍ ဓားကို ဆုပ္ကိုင္လိုက္ၿပီး သားရဲတစ္ေကာင္ကဲ့သို႔ လူသန္ႀကီးကို ခုန္အုပ္လိုက္သည္။
    
သို႔ေသာ္လည္း သူ၏ ၿပိဳင္ဘက္မွာ အားေကာင္းလြန္းလွသည္။ ထို႔ေၾကာင့္ လူသာမွာ ဓားေရးတြင္သာမက လက္ဗလာခ်င္း တိုက္ခိုက္ရာ‌တြင္လည္း အေရးမသာေပ။
    
ႏွစ္ခ်က္ သုံးခ်က္ခန႔္ ရင္ဆိုင္ၿပီးေနာက္တြင္ ေနာက္သို႔ ျပန္လြင့္လာသည္။
    
လင္းခ်ီ၏လူ ေနာက္သို႔ ထပ္လြင့္သြားသည္ကို ျမင္ေသာအခါ တယ္ရီ ၿပဳံးလိုက္ၿပီး "ဟားဟား...သိုေလွာင္ အိတ္ကို မေပးဘူးဆိုရင္ ငါ့ကို လြန္တယ္ဆိုၿပီးေတာ့ အျပစ္မတင္နဲ႔ေနာ္"
    
"ေဟး.....အဘိုးႀကီး"
    
လင္းခ်ီ ထူးမျခားနားစြာ ၿပဳံးလိုက္ၿပီး
    
"ေ႐ႊျပား၅၀၀ေလာက္ သက္သာဖို႔အတြက္ ဒုကၡေတြ အမ်ားႀကီး ရွာေနတာ..ခင္မ်ား ေတာ္ေတာ္ ကပ္‌ေစးနည္းတာပဲ"
    
ထိုသို႔ေျပာၿပီးေနာက္ လင္းခ်ီ စနစ္ထဲမွ ကန္စြန္းဥကို ထုတ္လိုက္ၿပီး လူသာထံ ပစ္ေပးကာ "စားလိုက္.."
    
လူသာက ထိုကန္စြန္းဥမ်ား၏ တန္ဖိုးကိုနားလည္သည္။ ထို႔ေၾကာင့္ ႏွစ္ကိုက္ သုံးကိုက္ႏွင့္ အျပတ္ရွင္းလိုက္၏။ ခ်က္ခ်င္း သူ၏ ခႏၶာကိုယ္ထဲတြင္ ကုန္ဆုံးသြားေသာ ေမွာ္စြမ္းအင္အားလုံးျပန္လည္ တိုးပြားလာသည္။

"ဘယ္လို...."
    
ထိုအခ်ိန္တြင္ လူသာမွာ သူ၏ အေကာင္းဆုံး အ‌ေျခအေနတြင္ ရွိေနၿပီး လူသန္ႀကီးမွာေတာ့ အေျခေန မဟန္ေတာ့ေပ။ ယခု ေလးတင္ သူ၏ ခြန္အား အားလုံးနီးပါးကို အသုံးျပဳလိုက္ၿပီး ျဖစ္သည္။
    
လူသာ သူ႔ကို နားဖို႔ အခြင့္အေရးမေပးဘဲ ေျမျပင္ေပၚသို႔‌ အေမွာက္သိပ္လိုက္ၿပီး တယ္ရီအား ေအာ္ေျပာလိုက္သည္။
    
"ကပ္ေစးကုတ္တဲ့ အဘိုးႀကီး ခင္မ်ားလူေတြကို လစ္ဖို႔ေျပာလိုက္ ..မဟုတ္ရင္ က်ဳပ္သူ႔ကို သတ္လိုက္မယ္"
    
တယ္ရီ ပထမဆုံးအႀကိမ္ ၿခိမ္းေျခာက္ခံလိုက္ရသည္။ သူ၏ အာဏာမွာ ျမင္ရသည္ထက္ ပိုအားေကာင္းေသာ္လည္း ယေန႔တြင္ေတာ့ အကူအညီမဲ့သလို ခံစားရလိုက္သည္။
    
ထိုအခ်ိန္တြင္ ေ႐ႊေရာင္အလင္းတစ္ခု ေပၚလာၿပီး လူသာ၏ ဓားကို ‌မီတာအနည္းငယ္ခန႔္ လြင့္ထြက္သြားေစသည္။
   
"ဘယ္သူလဲ..."
    
လူတိုင္း ေ႐ႊေရာင္အလင္းတန္းလာေသာေနရာကို ၾကည့္လိုက္ေသာအခါ အားလုံး ေၾကာက္႐ြံ႕သြားၿပီး ေျခေထာက္မ်ားပင္ မခိုင္ၾကေတာ့ေပ။ 
   
"ၿမိဳ႕...ၿမိဳ႕အရွင္.."
    
အားလုံးထဲတြင္ အတုန္လႈပ္ဆုံးကေတာ့ တယ္ရီပင္ ။
    
ၿမိဳ႕အရွင္မွာ အလုပ္ကိစၥႏွင့္ အျပင္ထြက္သြားေသာေၾကာင့္ ဤရက္ပိုင္းတြင္ ေလနက္ခံတပ္ထဲ၌ သူ႔စိတ္တိုင္းက် ျပဳမူေနျခင္းျဖစ္သည္။ သို႔ေသာ္ ၿမိဳ႕အရွင္မွာ ၿပိဳင္ပြဲဝင္မ်ားကို တာဝန္ထုတ္ျပန္ေပးရန္ ယေန႔အေစာႀကီး ျပန္ေရာက္လာလိမ့္မည္ဟု သူ မထင္ထားခဲ့ေပ။

~~~
ေမွာ္ကုန္းေျမအစအဆုံးရပါၿပီ 3000ပါ

Continue Reading

You'll Also Like

87.7K 1.8K 16
Your a normal high school named y/n l/n. Your an omega and was fated to a alpha since birth. Right now your not even thing about your soulmate but w...
4.9K 468 33
ဇာတ်လမ်းမှာ လီယင်သည် သူ့အိမ်နောက်ဖေးရှိ ရှေးဟောင်းရေတွင်းကိုဖွင့်ပြီးနောက် ဘဝပြောင်းလဲသွားခဲ့သည်။ ဆဋ္ဌမမြောက်မင်းသား လီယင်လား..။ ၂၁ရာစုက အိုတာခု လီယ...
32K 3.2K 104
Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိ...
7.9K 1.1K 55
(နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ) ထျန်းလန်တိုက် ကျို့ယောင်မြို့မှာမူလစတိုးဆိုင်ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ရှိတယ်။အဲ့ဒီဆိုင်က ကိုလာတစ်ပုလင်းကို သောက်လိ...