Unicode
"လျှံ ဟေ့ကောင် မင်းအိပ်မနေနဲ့ အခုထ"
လျှံခြုံထားတဲ့ စောင်ကို ဆွဲယူကာ ကြမ်းပြင်ပေါ်လွှင့်ပစ်လိုက်ပြီး မာထန်လှသော လေသံမှာ တစ်အိမ်လုံးကြားလုနီးပါ ကျယ်လောင်သောကြောင့် လျှံမှာ လန့် ဖျတ်ပြီး နိုးလာရာမှ ချက်ချင်း ထထိုင်လိုက်ပြီး
"မဏ္ဏိ, မင်းဘာဖြစ်နေတာလဲ မနက်စောစောစီးစီး ၅ နာရီပဲရှိသေးတယ်"
"ခွပ်!!"
ရုတ်တရတ် လျှံ့မျက်နှာပေါ်ရောက်လာတာက မဏ္ဏိရဲ့ လက်သီးဆိုတာမယုံနိုင်စွာနဲ့ သွေးစို့သွားတဲ့ ကိုယ့်နှုတ်ခမ်းကိုယ်ကိုင်ပြီး စစ်ဆေးကြည့်သည်။ နာကျင်မှုမှာ အစစ်အမှန်ဖြစ်၏။
"မင်း မင်းငါ့ကို ဘာလို့ထိုးတာလဲ မဏ္ဏိ"
"မင်းကတော့ အိပ်ကောင်းနေတယ် ဟုတ်လား၊ မမဘာဖြစ်နေလဲမင်းသိလား"
"မမေသူဘာဖြစ်တာလဲ, ညကအချိန်မတော်ကြီး မင်းထသွားတာတော့တွေ့လိုက်တယ်၊ ငါမမေးလိုက်ရဘူး"
"မေးစရာမလိုပါဘူး၊ မင်းလုပ်ထားတာပဲ မင်းသိမှာပေါ့"
အခန်းပြင်ပမှ ကွယ်ကာ နားထောင်နေသူမှာ ရုပ်လွှာဖြစ်သည်။
"မဏ္ဏိ မင်းဘာတွေပြောနေတာလဲ၊ မင်းစိတ်ကို အရင်လျှော့.... လာ ဒီမှာလာထိုင်"
"မထိုင်ဘူး၊ ငါထိုင်ဖို့လာတာမဟုတ်ဘူး၊ မမဆီပြန်သွားရဦးမယ်၊ အေး မင်းက မသိချင်ယောင်ဆောင်နေတော့လည်း ပြောရတာပေါ့၊ မမက ညကနှလုံးခုန်မြန်ပြီး အသက်ရှူမ၀လို့ ညတွင်းချင်းဆေးရုံတင်လိုက်ရတယ်"
"ဟဲ့သား မဏ္ဏိ၊ မနက်စောစောစီးစီး မိုးတောင်မလင်းသေးဘူး အော်ကြီးဟစ်ကျယ်နဲ့၊ မေသူဆေးရုံတက်ရတာကို အိမ်မှာဘာလို့ လာမဲနေတာလဲ"
အခန်း၀မှာ နားထောင်နေတဲ့ ရုပ်လွှာနဲ့အတူ မဏ္ဏိအသံကြောင့် အခန်းဆီရောက်လာတဲ့ မိခင်ဖြစ်သူကပါ အခန်းထဲရောက်လာပြီး မဏ္ဏိကို ဆူပြောပြောလိုက်သည်။
"မာမီက သားကိုပြောနေတယ်၊ မာမီသိလား......မမသာ ဆေးရုံကို အချိန်မီရောက်မသွားခဲ့ရင်၊ အသက်အန္တရာယ်ရှိတယ်တဲ့၊ ပြီးတော့ မမဆေးရုံတက်ရတဲ့ အကြောင်းရင်းကိုမာမီသိလား၊ မမက နို့နဲ့ နို့ထွက်ပစည်းတွေနဲ့ allergic ရှိတယ်၊ မနေ့က သူသားဆီကို ဓါတ်ပုံတွေလာပြတော့ ကော်ဖီတိုက်လိုက်တယ်၊ အဲ့ကော်ဖီကိုဖျော်တဲ့သူက ဘယ်သူလို့ထင်လဲ"
"ငါမနေ့က ကော်ဖီဖျော်ပေးလိုက်တာ ရုပ်လွှာကိုလေ၊ မင်းမမကိုမှမဟုတ်တာ"
"ကိုလျှံ နားကြားမှားသွားတာထင်တယ်"
လျှံ့ရဲ့စကားကို တုံ့ပြန်ကာ၀င်ပြောလိုက်သူမှာ ရုပ်လွှာ၊ မျက်မှောင်လေးကြုတ်ကာ မွေးခါစကြောင်ပေါက်လေးလို အပြစ်ကင်းတဲ့လေသံကိုသုံးကာ သူမဆက်ပြောသည်။
"ဟိုလေ မမမေသူအတွက် နို့လုံး၀မထည့်ပဲ ဖျော်ပေးပါလို့ ရုပ်လွှာမှာလိုက်တယ်လေ၊ ရုပ်လွှာက တခြားလုပ်စရာလေးရှိလို့ ကိုလျှံ့ကိုအကူညီတောင်းမိတာကို၊ ဆောရီးပါကိုကို ရုပ်လွှာအမှားပါ၊ ကိုကိုခိုင်းတာကို ရုပ်လွှာကိုယ်တိုင်လုပ်လိုက်ရမှာကို၊ အခုတော့ မဖြစ်သင့်တာတွေဖြစ်ကုန်ပါပြီ အဟင့်"
ယမန်နေ့က မိမိကို ကော်ဖီဖျော်ခိုင်းတုန်းက ရုပ်နဲ့ တခြားစီဖြစ်သွားသော ရုပ်လွှာရဲ့ ပြောင်းလဲမှုကြီးမှာ လျှံ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"မင်းပဲ ငါ့ကို ရေခဲသေတ္တာထဲက နို့တွေများများလေးထည့်ဖျော်ပေးဖို့ပြောခဲ့တာလေ"
"တော်တော့လျှံ!!!"
မဏ္ဏိရဲ့ အော်ငေါက်လိုက်တဲ့အသံမှာ လျှံခန္ဓာကိုယ်လေး မြောက်တက်သွားလုမတက် ထိတ်လန့်သွားရသည်။ အပျော်သဘော အချင်းချင်း ငြင်းခုံခဲ့ကြတာမှအပ လျှံကို မဏ္ဏိ အနည်းငယ်လောက် မာထန်သော လေသံဖြင့်တောင် မပြောခဲ့ဖူးတာကြောင့် ဒီလောက်အထိ အော်လိုက်သောအသံမှာ လျှံတစ်ကိုယ်လုံး သွေးမရှိတော့သည့်သဖွယ် ယုတ်လျှော့သွားရတော့သည်။
"မင်းရုပ်လွှာကိုဘာမှ လွှဲချမနေနဲ့၊ ငါသူ့ကိုသေချာမေးပြီးမှမင်းဆီရောက်လာတာ၊ မမက သူ့သူငယ်ချင်းရဲ့ အစ်မ၊ ဒီလိုလုပ်ရပ်မျိုး သူလုပ်မှာမဟုတ်ဘူး၊ မင်းကသာ....... (တောက်!) မင်းကသာ မမကို မုန်းနေတာမလား"
မနေ့ညက မအိပ်ခင် ဖြစ်ခဲ့သော ကတောက်ကဆလေးတစ်ခုက ယခုလောက်အထိ လျှံ့အပေါ် မဏ္ဏိရဲ့ ယုံကြည်မှုတွေ လွယ်လင့်တကူပျက်ပြားသွားရသည်တဲ့လား။ ဆယ်စုနှစ် ၂ ခုကျော် အတူရှိလာခဲ့တဲ့ လျှံအကြောင်း ခေါင်းအစခြေအဆုံးမက လျှံ့အတွေးတွေကိုပါ သိတတ်တဲ့ မဏ္ဏိ၊ အခုတော့ ထိုလူဟာ တစ်လပင် မကြာသေးတဲ့ ရည်းစားအတွက် လျှံ့ရင်ကို လှံနဲ့စိုက်ဖို့ ကြိုးစားနေလေပြီ။ မြေနိမ့်ရာလှံစိုက်ကြစမြဲမို့ မဏ္ဏိအတွက် နှိမ့်ချထားတဲ့ လျှံ့ရင်ဘတ်ကြီးတစ်ခုလုံးက စိတ်ကြိုက်လှံစိုက်ထူဖို့ သိပ်ကို လွယ်နေပြီ ထင်ပါရဲ့။
လျှံကြိုးစားသလောက် နှုတ်ခမ်းတို့ လှုပ်မလာတော့၊ လည်ချောင်းထဲက ဆို့နင့်နေတဲ့ ခံစားချက်နဲ့ အမှန်တရားတို့ကို ထုတ်ဖော်ပြောဆိုဖို့ရာ အေးခဲသွားတဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟနိုင်စွမ်း လျှံ့မှာအလျဉ်းမရှိတော့ချေ။ မျက်လုံးထဲ မြင်နေရသော မဏ္ဏိပုံရိပ်တွေက မျက်၀န်းအိမ်ရဲ့ စိုစွတ်လာမှုတို့ကြောင့် မသဲကွဲတော့ပါ။
"တောက်!"
တောက်တစ်ချက်ပြင်းပြင်းခေါက်ပြီး အခန်းပေါက်၀မှာ ရပ်ကြည့်နေသူ ရုပ်လွှာနှင့် မိခင်ဖြစ်သူတို့ကိုကျော်ကာ အခန်းပြင်ထွက်သွားသည့် မဏ္ဏိပုံရိပ်တွေကို ဝိုးတဝါးမြင်လိုက်ရပြီးနောက် စိုစွတ်ပူနွေးလျက်ရှိတဲ့ ပါးပြင်ကို လက်ဖမိုးနှင့် သုတ်ကာ အိမ်ထဲမှထွက်ပြေးလာခဲ့တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~
ခြေဦးတည့်ရာပြေးလာလိုက်ပြီးတက်စီတစ်စီးတားကာရောက်လာသော ကန်ဘောင်က ထိုင်ခုံလေးမှာထိုင်နေရင်း မနက်စောစော မှိတ်ပျပျအလင်းရောင်ကြားထဲက ကန်ကြီးကို ငေးကြည့်ရင်း ငြိမ်သက်လျက်ရှိသော ကန်ရေပြင်ကြီးမှာ မဏ္ဏိရဲ့ စိတ်ဆိုးဒေါသထွက်နေသော ပုံရိပ်များက ပေါ်ပေါ်လာသည်။
"ရက်စက်လိုက်တာ မဏ္ဏိရယ်၊ မင်းကတော့ အဲ့လိုစကားမျိုးတွေ လွယ်လွယ်ပြောထွက်တယ်နော်၊ ငါ မင်းမမကို မမုန်းပါဘူး၊ ငါ့အကြောင်းလည်း မင်းသိရဲ့သားနဲ့ကို"
လျှံစိတ်ထဲကရေရွတ်ရင်းနှင့်ပင် နှုတ်ခမ်းများ တစ်ဖန်တုန်ရီလာပြန်သည်။
"ငါက မင်းမမကို အားကျနေရတဲ့သူပါ၊ မနာလိုလည်း ဖြစ်ရတယ်၊ ဒါတွေမင်းမသိပါဘူး၊ ငါက မဏ္ဏိရဲ့ လျှံပဲဖြစ်ချင်တာလေ........ ငါ့ရဲ့ဖြစ်တည်မှုမှာကိုက မင်းက ကပ်ပါနေတော့တာကို.... မင်းကသိပ်အတ္တကြီးနေတာပဲ"
အနားက ခဲတစ်လုံးကိုယူပြီး ကန်ရေပြင်မှာပေါ်နေတဲ့ မဏ္ဏိမျက်နှာကို ပစ်ပေါက်လိုက်သည်။
"လူဆိုးကောင်မဏ္ဏိ၊ မင်းက အဆိုးဆုံးပဲ၊ ငါ့ရဲ့စိတ်ကိုတောင်မသိဘူး"
"ဟူး....."
အချိန် အတော်ကြာ အတွေးပင်လယ်ဝေပြီးနောက် မိုးလည်းစင်စင်လင်းလေပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ထမင်းကြော် ၁ ပွဲ ကော်ဖီတစ်ခွက်"
"၃ ထောင်ကျပါတယ်ရှင့်"
"၃ ထောင်၊ ခဏနော်"
လျှံ ဘောင်းဘီအိတ်ဘယ်ညာ နှိုက်ကြည့်လိုက်သည်။ ရုတ်တရတ်ထွက်လာခဲ့သည်မို့ ပိုက်ဆံအိတ်လည်းမပါ၊ ဖုန်းလည်း ကျန်ခဲ့သည်။ သေချာပြန်စဉ်းစားကြည့်မှ အလာတုန်းက Taxi ခပေးလိုက်တဲ့ ဘောင်းဘီအိတ်ထဲက ၅ ထောင်တန်တစ်ရွက်က လျှံအိမ်ကနေထွက်လာစဉ်က ပါလာခဲ့သည့် တစ်ခုတည်းသော ပိုင်ဆိုင်မှုပင်။
"သေစမ်း၊ မဏ္ဏိစုတ် ကောင်းကျိုးကို မပေးဘူး"
နှုတ်ခမ်းကြီး ပွစိပွစိနဲ့ စိတ်ထဲကနေ မဏ္ဏိကို ကျိန်ဆဲလိုက်ပြီးနောက်
"ဟိုလေ အစ်မ"
"ဘယ်လောက်ကျလဲမသိဘူး"
လျှံ့အနောက်ကနေ ခေါက်ပိုက်ဆံအိတ်ကို ဖွင့်ရင်း လှမ်းမေးလိုက်သူမှာ လျှံနှင့် အသက်မတိမ်းမယိမ်းခန့်ရှိမည်။ မိမိစကားကို ဖြတ်မေးလိုက်သည်ဖြစ်ရာ ရန်တွေ့ရန်နောက်လှည့်လိုက်ပေမယ့် ရန်တွေ့ဖို့ mood ကော energy ကော ရှိမနေတာကြောင့် သက်ပြင်းလေးသာချလိုက်ပြီးရပ်နေလိုက်သည်။
"အစ်ကိုက ဘာမှာထားတာလဲရှင့်"
"မဟုတ်ဘူး၊ သူမှာထားတာ ဘယ်လောက်ကျလဲလို့မေးတာ"
"ဗျာ"
ထိုလူက လျှံ့ကို ညွှန်ပြပြီး လျှံမှာထာားတာ ဘယ်လောက်ကျကြောင်း မေးလိုက်တော့ လျှံမှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ လျှံ့ရဲ့အသိမိတ်ဆွေတစ်ယောက်ယောက်များဖြစ်နေမလားလို့ သေချာကြည့်တော့လည်း တစ်ခါမှ မတွေ့ဖူးခဲ့တာသေချာနေသည်။
"၃ ထောင်ပါရှင့်"
"ရော့ဒီမှာ၊ အစ်ကိုကို အုန်းနို့ခေါက်ဆွဲတစ်ပွဲ၊ ပေါင်းရှင်းမယ်"
"ဟုတ်ကဲ့ စားပွဲမှာ စောင့်နေပေးပါ၊ လာပို့ပေးပါ့မယ်နော်"
"ဒီ ဒီမှာ မင်းက ဘယ်သူလဲ"
"ငါ့နာမည် ဇေယျာ"
"ဇေယျာ၊ မင်းက ငါ့ကိုသိလို့လား"
"မသိဘူးလေ၊ မင်း ပိုက်ဆံအိတ်ကျန်ခဲ့တာမလား၊ ငါသိလို့ ဒီတိုင်း၀င်ကူညီတာ"
"ကျေးဇူး၊ မင်း ဒီမှာ အမြဲစားတာလား၊ ငါမနက်ဖြန်ပြန်လာပြီး မင်းကို၀ယ်ကျွေးမယ်"
"ရပါတယ်၊ ၃ ထောင်တည်းပဲဟာ၊ ငါက ဒီအတိုင်းကူညီတာပါ"
"ဟိုလေ၊ အဲ့လိုဆိုရင် ကူညီလက်စနဲ့၊ အပြန် Taxi ဖိုးပါ ချေးပေးလို့ရမလားဟင်၊ ကျွန်တော်ပြန်ဆပ်မှာပါ၊ အိမ်ပြန်ရောက်တာနဲ့ မုန့်ဖိုးကော Taxi ဖိုးကော Kpay နဲ့ လွှဲပေးမယ်လေ"
လျှံ့စကားမှာ ဇေယျာ ခစ်ခနဲရယ်လိုက်မိသည်။
"မင်းကြည့်ရတာလည်း စိတ်ညစ်ပြီး အိမ်ကထွက်ပြေးလာသလိုပဲ ဒီအ၀တ်အစား ဒီဖိနပ်နဲ့ ပိုက်ဆံလည်းမပါ၊ ဖုန်းတောင်ပါရဲ့လား"
ဇေယျာပြောမှ ကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်တော့ တီရှပ်နှင့် ဘောင်းဘီတိုကို၀တ်ထားပြီး အိမ်စီးဖိနပ်စီးလာမိသည်ကိုပါ သတိထားမိလိုက်လေသည်။ အိမ်ကထွက်လာကတည်းက စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ သွားလာနေသည်မှာ ကိုယ့်ပုံကိုယ် တောက်လျှောက် သတိမထားမိသည်အထိပင် ဖြစ်လေတော့သည်။
"ဒါနဲ့ မင်းနာမည်က"
"လျှံ"
"လျှံ? တစ်လုံးတည်းပဲလား"
"အွန်း"
"ဒါနဲ့ မင်းမှာ အစ်ကိုတွေ အစ်မတွေကော မရှိဘူးလား"
"မင်းကဘာလို့မေးတာလဲ"
မင်းနဲ့ နာမည်တူတဲ့လူတစ်ယောက်ကိုသိလို့၊ ဒီလိုနာမည်မျိုးက ရှားတယ်လေ၊ အဲ့ဒါကြောင့်မေးကြည့်တာ၊ မင်းမဖြေချင်လည်းမဖြေပါနဲ့"
"ငါ့မှာ အစ်ကိုတစ်ယောက် ညီမတစ်ယောက်ရှိတယ်၊ မဏ္ဏိနဲ့ ရုပ်လွှာတဲ့၊ မဏ္ဏိကတော့ အစ်ကိုဆိုပေမယ့် ငါနဲ့ အသက်အတူတူပဲ"
"မဏ္ဏိနဲ့ ရုပ်လွှာ ဟုတ်လား"
"ဘာဖြစ်လို့လဲ၊ မင်းသိနေတာလား"
"အော် မ မသိပါဘူး၊ နာမည်တွေက ထူးဆန်းလို့၊ ဒါဆိုရင်တော့ မင်းက ငါသိတဲ့တစ်ယောက်မဟုတ်လောက်ပါဘူး"
"အော် အင်းပါ၊ ဒါနဲ့ မင်းမှာဖုန်းပါလား"
"အင်း"
"၀၉........... ငါ့ဖုန်းကို missed call ပေးလိုက်ပါလား၊ ငါပြန်ရောက်ရင် မင်းဆီပိုက်ဆံလွှဲဖို့ ဖုန်းနံပါတ် သိအောင်"
"အိုခေ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဇေယျာ့ အကူအညီနဲ့ ငှားလာခဲ့တဲ့ တက်စီပေါ်ကနေ ဆင်းလိုက်ပြီး ခြံ၀န်းထဲ လေးလံသော ခြေလှမ်းများဖြင့် လျှောက်ကာ ၀င်လာခဲ့သည်။ အိမ်တံခါးမကြီးကို ကျော်လိုက်ပြီးနောက် လှမ်းမြင်နေရသော ဧည့်ခန်းထဲမှာ ပုတီးလေးလက်မှာကိုင်လျက် ခုံပေါ်နောက်မီကာ မျက်လုံးစုံမှိတ် ပုတီးစိတ်နေသော မာမီ့ကိုတွေ့သဖြင့် မာမီရှိရာသို့ သွားလိုက်ပြီး အနားကခုံမှာ၀င်ထိုင်လိုက်သည်။
လျှံရောက်လာတော့ မာမီက ပျာပျာသလဲ ပုတီးကိုသိမ်းလိုက်ပြီး
"သား ဘယ်တွေလျှောက်သွားပြီးမှ ပြန်လာတာလဲကွယ်"
"သား ကန်ဘောင်မှာ ခဏသွားထိုင်နေတာပါ"
"သားက ဘာမှမပါပဲ ထွက်သွားတော့ မာမီက စိတ်ပူနေတာ"
"မာမီ့ကို စိတ်ပူအောင်လုပ်မိလို့သားတောင်းပန်ပါတယ်နော်"
"သား ဘာမှမဖြစ်ရင်ပဲရပါပြီကွယ်"
"မာမီ့ကို သား ပြောစရာရှိတယ်"
"ဟူး...... မဏ္ဏိကို မာမီ သွေးအေးသွားမှ သေချာလေး နားချကြည့်ပါဦးမယ်သားရယ်၊ ခုကတော့ သူထူပူနေတာနဲ့ မာမီတို့ပြောလည်း လက်ခံမှာမဟုတ်ဘူး"
"ရပါတယ်၊ သူ့ကို သားကိုယ်တိုင်ပြောမှာပါ၊ မာမီ့ကိုပြောချင်တယ်ဆိုတာက အဲ့ကော်ဖီက မမေသူအတွက်ဆိုတာ သားတကယ်မသိခဲ့ဘူး ဆိုတာလေးပါ"
"မာမီသားကို ယုံပါတယ်၊ ရုပ်လွှာကသိပ်ဆိုးတယ်၊ အလိုလိုက်မိတဲ့ မာမီတို့ပဲ မှားတာပါ၊ သူ့အစား မာမီကတောင်းပန်ပါတယ်ကွယ်"
"မဟုတ်တာ၊ မာမီက သားတို့နှစ်ယောက်လုံးရဲ့ ကျေးဇူးရှင်ပါ၊ ရုပ်လွှာကိုလည်း သားသည်းခံနိုင်ပါတယ်"
"အေးကွယ်၊ ကံကောင်းတာတစ်ခုက မင်းတို့ အဖေ ညက ခရီးထွက်နေလို့ အိမ်မှာမရှိတာပဲ၊ မင်းအဖေသာရှိရင် ပိုကြီးကုန်မှာ၊ ကဲပါ သား နားလိုက်ဦးလေ၊ ဘာမှအများကြီးတွေးမနေနဲ့ ဟုတ်ပြီလား၊ ဒီနေ့ သားအကြိုက်တွေပဲ မာမီချက်ထားတာ"
"ဟုတ်၊ ဒါဆို သားရေမိုးချိုးပြီး နားလိုက်ဦးမယ်နော်"
"အေးကွယ်"
~~~~~~~~~~~~~~~~~~~~~~~~~~
Ringtone
"ဘာလဲ၊ ငါ့ကိုဖုန်းတွေ တောက်လျှောက်မဆက်နဲ့လို့ပြောထားတယ်လေ"
"ဘာ လျှံနဲ့တွေ့ခဲ့တယ်၊ ဟုတ်လား"
"နင်သူနဲ့ ရင်းနှီးအောင်ဆက်နေလိုက်"
"ရုပ်လွှာဆိုတဲ့ငါ့အကြောင်း နင်သိတာပဲဟာ"
"အိုခေ၊ အကြောင်းမထူးပဲ နင်ငါ့ကို ဖုန်းထပ်မဆက်နဲ့၊ တွယ်ကပ်တတ်တဲ့ယောက်ျားတွေကို ငါအမုန်းဆုံးပဲ"
~~~~~~~~~~~~~~~~~~~~~~~
Zawgyi
"လၽွံ ေဟ့ေကာင္ မင္းအိပ္မေနနဲ႔ အခုထ"
လၽွံျခဳံထားတဲ့ ေစာင္ကို ဆြဲယူကာ ၾကမ္းျပင္ေပၚလႊင့္ပစ္လိုက္ၿပီး မာထန္လွေသာ ေလသံမွာ တစ္အိမ္လုံးၾကားလုနီးပါ က်ယ္ေလာင္ေသာေၾကာင့္ လၽွံမွာ လန႔္ ဖ်တ္ၿပီး နိုးလာရာမွ ခ်က္ခ်င္း ထထိုင္လိုက္ၿပီး
"မဏၰိ, မင္းဘာျဖစ္ေနတာလဲ မနက္ေစာေစာစီးစီး ၅ နာရီပဲရွိေသးတယ္"
"ခြပ္!!"
႐ုတ္တရတ္ လၽွံ့မ်က္ႏွာေပၚေရာက္လာတာက မဏၰိရဲ့ လက္သီးဆိုတာမယုံနိုင္စြာနဲ႔ ေသြးစို႔သြားတဲ့ ကိုယ့္ႏွုတ္ခမ္းကိုယ္ကိုင္ၿပီး စစ္ေဆးၾကည့္သည္။ နာက်င္မွုမွာ အစစ္အမွန္ျဖစ္၏။
"မင္း မင္းငါ့ကို ဘာလို႔ထိုးတာလဲ မဏၰိ"
"မင္းကေတာ့ အိပ္ေကာင္းေနတယ္ ဟုတ္လား၊ မမဘာျဖစ္ေနလဲမင္းသိလား"
"မေမသူဘာျဖစ္တာလဲ, ညကအခ်ိန္မေတာ္ႀကီး မင္းထသြားတာေတာ့ေတြ႕လိုက္တယ္၊ ငါမေမးလိုက္ရဘူး"
"ေမးစရာမလိုပါဘူး၊ မင္းလုပ္ထားတာပဲ မင္းသိမွာေပါ့"
အခန္းျပင္ပမွ ကြယ္ကာ နားေထာင္ေနသူမွာ ႐ုပ္လႊာျဖစ္သည္။
"မဏၰိ မင္းဘာေတြေျပာေနတာလဲ၊ မင္းစိတ္ကို အရင္ေလၽွာ့.... လာ ဒီမွာလာထိုင္"
"မထိုင္ဘူး၊ ငါထိုင္ဖို႔လာတာမဟုတ္ဘူး၊ မမဆီျပန္သြားရဦးမယ္၊ ေအး မင္းက မသိခ်င္ေယာင္ေဆာင္ေနေတာ့လည္း ေျပာရတာေပါ့၊ မမက ညကႏွလုံးခုန္ျမန္ၿပီး အသက္ရွူမ၀လို႔ ညတြင္းခ်င္းေဆး႐ုံတင္လိုက္ရတယ္"
"ဟဲ့သား မဏၰိ၊ မနက္ေစာေစာစီးစီး မိုးေတာင္မလင္းေသးဘူး ေအာ္ႀကီးဟစ္က်ယ္နဲ႔၊ ေမသူေဆး႐ုံတက္ရတာကို အိမ္မွာဘာလို႔ လာမဲေနတာလဲ"
အခန္း၀မွာ နားေထာင္ေနတဲ့ ႐ုပ္လႊာနဲ႔အတူ မဏၰိအသံေၾကာင့္ အခန္းဆီေရာက္လာတဲ့ မိခင္ျဖစ္သူကပါ အခန္းထဲေရာက္လာၿပီး မဏၰိကို ဆူေျပာေျပာလိုက္သည္။
"မာမီက သားကိုေျပာေနတယ္၊ မာမီသိလား......မမသာ ေဆး႐ုံကို အခ်ိန္မီေရာက္မသြားခဲ့ရင္၊ အသက္အႏၲရာယ္ရွိတယ္တဲ့၊ ၿပီးေတာ့ မမေဆး႐ုံတက္ရတဲ့ အေၾကာင္းရင္းကိုမာမီသိလား၊ မမက နို႔နဲ႔ နို႔ထြက္ပစည္းေတြနဲ႔ allergic ရွိတယ္၊ မေန႔က သူသားဆီကို ဓါတ္ပုံေတြလာျပေတာ့ ေကာ္ဖီတိုက္လိုက္တယ္၊ အဲ့ေကာ္ဖီကိုေဖ်ာ္တဲ့သူက ဘယ္သူလို႔ထင္လဲ"
"ငါမေန႔က ေကာ္ဖီေဖ်ာ္ေပးလိုက္တာ ႐ုပ္လႊာကိုေလ၊ မင္းမမကိုမွမဟုတ္တာ"
"ကိုလၽွံ နားၾကားမွားသြားတာထင္တယ္"
လၽွံ့ရဲ့စကားကို တုံ႔ျပန္ကာ၀င္ေျပာလိုက္သူမွာ ႐ုပ္လႊာ၊ မ်က္ေမွာင္ေလးၾကဳတ္ကာ ေမြးခါစေၾကာင္ေပါက္ေလးလို အျပစ္ကင္းတဲ့ေလသံကိုသုံးကာ သူမဆက္ေျပာသည္။
"ဟိုေလ မမေမသူအတြက္ နို႔လုံး၀မထည့္ပဲ ေဖ်ာ္ေပးပါလို႔ ႐ုပ္လႊာမွာလိုက္တယ္ေလ၊ ႐ုပ္လႊာက တျခားလုပ္စရာေလးရွိလို႔ ကိုလၽွံ့ကိုအကူညီေတာင္းမိတာကို၊ ေဆာရီးပါကိုကို ႐ုပ္လႊာအမွားပါ၊ ကိုကိုခိုင္းတာကို ႐ုပ္လႊာကိုယ္တိုင္လုပ္လိုက္ရမွာကို၊ အခုေတာ့ မျဖစ္သင့္တာေတြျဖစ္ကုန္ပါၿပီ အဟင့္"
ယမန္ေန႔က မိမိကို ေကာ္ဖီေဖ်ာ္ခိုင္းတုန္းက ႐ုပ္နဲ႔ တျခားစီျဖစ္သြားေသာ ႐ုပ္လႊာရဲ့ ေျပာင္းလဲမွုႀကီးမွာ လၽွံ ပါးစပ္အေဟာင္းသားျဖစ္သြားရသည္။
"မင္းပဲ ငါ့ကို ေရခဲေသတၱာထဲက နို႔ေတြမ်ားမ်ားေလးထည့္ေဖ်ာ္ေပးဖို႔ေျပာခဲ့တာေလ"
"ေတာ္ေတာ့လၽွံ!!!"
မဏၰိရဲ့ ေအာ္ေငါက္လိုက္တဲ့အသံမွာ လၽွံခႏၶာကိုယ္ေလး ေျမာက္တက္သြားလုမတက္ ထိတ္လန႔္သြားရသည္။ အေပ်ာ္သေဘာ အခ်င္းခ်င္း ျငင္းခုံခဲ့ၾကတာမွအပ လၽွံကို မဏၰိ အနည္းငယ္ေလာက္ မာထန္ေသာ ေလသံျဖင့္ေတာင္ မေျပာခဲ့ဖူးတာေၾကာင့္ ဒီေလာက္အထိ ေအာ္လိုက္ေသာအသံမွာ လၽွံတစ္ကိုယ္လုံး ေသြးမရွိေတာ့သည့္သဖြယ္ ယုတ္ေလၽွာ့သြားရေတာ့သည္။
"မင္း႐ုပ္လႊာကိုဘာမွ လႊဲခ်မေနနဲ႔၊ ငါသူ႔ကိုေသခ်ာေမးၿပီးမွမင္းဆီေရာက္လာတာ၊ မမက သူ႔သူငယ္ခ်င္းရဲ့ အစ္မ၊ ဒီလိုလုပ္ရပ္မ်ိဳး သူလုပ္မွာမဟုတ္ဘူး၊ မင္းကသာ....... (ေတာက္!) မင္းကသာ မမကို မုန္းေနတာမလား"
မေန႔ညက မအိပ္ခင္ ျဖစ္ခဲ့ေသာ ကေတာက္ကဆေလးတစ္ခုက ယခုေလာက္အထိ လၽွံ့အေပၚ မဏၰိရဲ့ ယုံၾကည္မွုေတြ လြယ္လင့္တကူပ်က္ျပားသြားရသည္တဲ့လား။ ဆယ္စုႏွစ္ ၂ ခုေက်ာ္ အတူရွိလာခဲ့တဲ့ လၽွံအေၾကာင္း ေခါင္းအစေျခအဆုံးမက လၽွံ့အေတြးေတြကိုပါ သိတတ္တဲ့ မဏၰိ၊ အခုေတာ့ ထိုလူဟာ တစ္လပင္ မၾကာေသးတဲ့ ရည္းစားအတြက္ လၽွံ့ရင္ကို လွံနဲ႔စိုက္ဖို႔ ႀကိဳးစားေနေလၿပီ။ ေျမနိမ့္ရာလွံစိုက္ၾကစျမဲမို႔ မဏၰိအတြက္ ႏွိမ့္ခ်ထားတဲ့ လၽွံ့ရင္ဘတ္ႀကီးတစ္ခုလုံးက စိတ္ႀကိဳက္လွံစိုက္ထူဖို႔ သိပ္ကို လြယ္ေနၿပီ ထင္ပါရဲ့။
လၽွံႀကိဳးစားသေလာက္ ႏွုတ္ခမ္းတို႔ လွုပ္မလာေတာ့၊ လည္ေခ်ာင္းထဲက ဆို႔နင့္ေနတဲ့ ခံစားခ်က္နဲ႔ အမွန္တရားတို႔ကို ထုတ္ေဖာ္ေျပာဆိုဖို႔ရာ ေအးခဲသြားတဲ့ ႏွုတ္ခမ္းေတြကို ဖြင့္ဟနိုင္စြမ္း လၽွံ့မွာအလ်ဥ္းမရွိေတာ့ေခ်။ မ်က္လုံးထဲ ျမင္ေနရေသာ မဏၰိပုံရိပ္ေတြက မ်က္၀န္းအိမ္ရဲ့ စိုစြတ္လာမွုတို႔ေၾကာင့္ မသဲကြဲေတာ့ပါ။
"ေတာက္!"
ေတာက္တစ္ခ်က္ျပင္းျပင္းေခါက္ၿပီး အခန္းေပါက္၀မွာ ရပ္ၾကည့္ေနသူ ႐ုပ္လႊာႏွင့္ မိခင္ျဖစ္သူတို႔ကိုေက်ာ္ကာ အခန္းျပင္ထြက္သြားသည့္ မဏၰိပုံရိပ္ေတြကို ဝိုးတဝါးျမင္လိုက္ရၿပီးေနာက္ စိုစြတ္ပူေႏြးလ်က္ရွိတဲ့ ပါးျပင္ကို လက္ဖမိုးႏွင့္ သုတ္ကာ အိမ္ထဲမွထြက္ေျပးလာခဲ့ေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~
ေျခဦးတည့္ရာေျပးလာလိုက္ၿပီးတက္စီတစ္စီးတားကာေရာက္လာေသာ ကန္ေဘာင္က ထိုင္ခုံေလးမွာထိုင္ေနရင္း မနက္ေစာေစာ မွိတ္ပ်ပ်အလင္းေရာင္ၾကားထဲက ကန္ႀကီးကို ေငးၾကည့္ရင္း ၿငိမ္သက္လ်က္ရွိေသာ ကန္ေရျပင္ႀကီးမွာ မဏၰိရဲ့ စိတ္ဆိုးေဒါသထြက္ေနေသာ ပုံရိပ္မ်ားက ေပၚေပၚလာသည္။
"ရက္စက္လိုက္တာ မဏၰိရယ္၊ မင္းကေတာ့ အဲ့လိုစကားမ်ိဳးေတြ လြယ္လြယ္ေျပာထြက္တယ္ေနာ္၊ ငါ မင္းမမကို မမုန္းပါဘူး၊ ငါ့အေၾကာင္းလည္း မင္းသိရဲ့သားနဲ႔ကို"
လၽွံစိတ္ထဲကေရရြတ္ရင္းႏွင့္ပင္ ႏွုတ္ခမ္းမ်ား တစ္ဖန္တုန္ရီလာျပန္သည္။
"ငါက မင္းမမကို အားက်ေနရတဲ့သူပါ၊ မနာလိုလည္း ျဖစ္ရတယ္၊ ဒါေတြမင္းမသိပါဘူး၊ ငါက မဏၰိရဲ့ လၽွံပဲျဖစ္ခ်င္တာေလ........ ငါ့ရဲ့ျဖစ္တည္မွုမွာကိုက မင္းက ကပ္ပါေနေတာ့တာကို.... မင္းကသိပ္အတၱႀကီးေနတာပဲ"
အနားက ခဲတစ္လုံးကိုယူၿပီး ကန္ေရျပင္မွာေပၚေနတဲ့ မဏၰိမ်က္ႏွာကို ပစ္ေပါက္လိုက္သည္။
"လူဆိုးေကာင္မဏၰိ၊ မင္းက အဆိုးဆုံးပဲ၊ ငါ့ရဲ့စိတ္ကိုေတာင္မသိဘူး"
"ဟူး....."
အခ်ိန္ အေတာ္ၾကာ အေတြးပင္လယ္ေဝၿပီးေနာက္ မိုးလည္းစင္စင္လင္းေလၿပီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ထမင္းေၾကာ္ ၁ ပြဲ ေကာ္ဖီတစ္ခြက္"
"၃ ေထာင္က်ပါတယ္ရွင့္"
"၃ ေထာင္၊ ခဏေနာ္"
လၽွံ ေဘာင္းဘီအိတ္ဘယ္ညာ ႏွိုက္ၾကည့္လိုက္သည္။ ႐ုတ္တရတ္ထြက္လာခဲ့သည္မို႔ ပိုက္ဆံအိတ္လည္းမပါ၊ ဖုန္းလည္း က်န္ခဲ့သည္။ ေသခ်ာျပန္စဥ္းစားၾကည့္မွ အလာတုန္းက Taxi ခေပးလိုက္တဲ့ ေဘာင္းဘီအိတ္ထဲက ၅ ေထာင္တန္တစ္ရြက္က လၽွံအိမ္ကေနထြက္လာစဥ္က ပါလာခဲ့သည့္ တစ္ခုတည္းေသာ ပိုင္ဆိုင္မွုပင္။
"ေသစမ္း၊ မဏၰိစုတ္ ေကာင္းက်ိဳးကို မေပးဘူး"
ႏွုတ္ခမ္းႀကီး ပြစိပြစိနဲ႔ စိတ္ထဲကေန မဏၰိကို က်ိန္ဆဲလိုက္ၿပီးေနာက္
"ဟိုေလ အစ္မ"
"ဘယ္ေလာက္က်လဲမသိဘူး"
လၽွံ့အေနာက္ကေန ေခါက္ပိုက္ဆံအိတ္ကို ဖြင့္ရင္း လွမ္းေမးလိုက္သူမွာ လၽွံႏွင့္ အသက္မတိမ္းမယိမ္းခန႔္ရွိမည္။ မိမိစကားကို ျဖတ္ေမးလိုက္သည္ျဖစ္ရာ ရန္ေတြ႕ရန္ေနာက္လွည့္လိုက္ေပမယ့္ ရန္ေတြ႕ဖို႔ mood ေကာ energy ေကာ ရွိမေနတာေၾကာင့္ သက္ျပင္းေလးသာခ်လိုက္ၿပီးရပ္ေနလိုက္သည္။
"အစ္ကိုက ဘာမွာထားတာလဲရွင့္"
"မဟုတ္ဘူး၊ သူမွာထားတာ ဘယ္ေလာက္က်လဲလို႔ေမးတာ"
"ဗ်ာ"
ထိုလူက လၽွံ့ကို ညႊန္ျပၿပီး လၽွံမွာထာားတာ ဘယ္ေလာက္က်ေၾကာင္း ေမးလိုက္ေတာ့ လၽွံမွာ ပါးစပ္အေဟာင္းသားျဖစ္သြားရသည္။ လၽွံ့ရဲ့အသိမိတ္ေဆြတစ္ေယာက္ေယာက္မ်ားျဖစ္ေနမလားလို႔ ေသခ်ာၾကည့္ေတာ့လည္း တစ္ခါမွ မေတြ႕ဖူးခဲ့တာေသခ်ာေနသည္။
"၃ ေထာင္ပါရွင့္"
"ေရာ့ဒီမွာ၊ အစ္ကိုကို အုန္းနို႔ေခါက္ဆြဲတစ္ပြဲ၊ ေပါင္းရွင္းမယ္"
"ဟုတ္ကဲ့ စားပြဲမွာ ေစာင့္ေနေပးပါ၊ လာပို႔ေပးပါ့မယ္ေနာ္"
"ဒီ ဒီမွာ မင္းက ဘယ္သူလဲ"
"ငါ့နာမည္ ေဇယ်ာ"
"ေဇယ်ာ၊ မင္းက ငါ့ကိုသိလို႔လား"
"မသိဘူးေလ၊ မင္း ပိုက္ဆံအိတ္က်န္ခဲ့တာမလား၊ ငါသိလို႔ ဒီတိုင္း၀င္ကူညီတာ"
"ေက်းဇူး၊ မင္း ဒီမွာ အျမဲစားတာလား၊ ငါမနက္ျဖန္ျပန္လာၿပီး မင္းကို၀ယ္ေကၽြးမယ္"
"ရပါတယ္၊ ၃ ေထာင္တည္းပဲဟာ၊ ငါက ဒီအတိုင္းကူညီတာပါ"
"ဟိုေလ၊ အဲ့လိုဆိုရင္ ကူညီလက္စနဲ႔၊ အျပန္ Taxi ဖိုးပါ ေခ်းေပးလို႔ရမလားဟင္၊ ကၽြန္ေတာ္ျပန္ဆပ္မွာပါ၊ အိမ္ျပန္ေရာက္တာနဲ႔ မုန႔္ဖိုးေကာ Taxi ဖိုးေကာ Kpay နဲ႔ လႊဲေပးမယ္ေလ"
လၽွံ့စကားမွာ ေဇယ်ာ ခစ္ခနဲရယ္လိုက္မိသည္။
"မင္းၾကည့္ရတာလည္း စိတ္ညစ္ၿပီး အိမ္ကထြက္ေျပးလာသလိုပဲ ဒီအ၀တ္အစား ဒီဖိနပ္နဲ႔ ပိုက္ဆံလည္းမပါ၊ ဖုန္းေတာင္ပါရဲ့လား"
ေဇယ်ာေျပာမွ ကိုယ့္ကိုယ္ကိုျပန္ၾကည့္လိုက္ေတာ့ တီရွပ္ႏွင့္ ေဘာင္းဘီတိုကို၀တ္ထားၿပီး အိမ္စီးဖိနပ္စီးလာမိသည္ကိုပါ သတိထားမိလိုက္ေလသည္။ အိမ္ကထြက္လာကတည္းက စိတ္နဲ႔ကိုယ္နဲ႔မကပ္ပဲ သြားလာေနသည္မွာ ကိုယ့္ပုံကိုယ္ ေတာက္ေလၽွာက္ သတိမထားမိသည္အထိပင္ ျဖစ္ေလေတာ့သည္။
"ဒါနဲ႔ မင္းနာမည္က"
"လၽွံ"
"လၽွံ? တစ္လုံးတည္းပဲလား"
"အြန္း"
"ဒါနဲ႔ မင္းမွာ အစ္ကိုေတြ အစ္မေတြေကာ မရွိဘူးလား"
"မင္းကဘာလို႔ေမးတာလဲ"
မင္းနဲ႔ နာမည္တူတဲ့လူတစ္ေယာက္ကိုသိလို႔၊ ဒီလိုနာမည္မ်ိဳးက ရွားတယ္ေလ၊ အဲ့ဒါေၾကာင့္ေမးၾကည့္တာ၊ မင္းမေျဖခ်င္လည္းမေျဖပါနဲ႔"
"ငါ့မွာ အစ္ကိုတစ္ေယာက္ ညီမတစ္ေယာက္ရွိတယ္၊ မဏၰိနဲ႔ ႐ုပ္လႊာတဲ့၊ မဏၰိကေတာ့ အစ္ကိုဆိုေပမယ့္ ငါနဲ႔ အသက္အတူတူပဲ"
"မဏၰိနဲ႔ ႐ုပ္လႊာ ဟုတ္လား"
"ဘာျဖစ္လို႔လဲ၊ မင္းသိေနတာလား"
"ေအာ္ မ မသိပါဘူး၊ နာမည္ေတြက ထူးဆန္းလို႔၊ ဒါဆိုရင္ေတာ့ မင္းက ငါသိတဲ့တစ္ေယာက္မဟုတ္ေလာက္ပါဘူး"
"ေအာ္ အင္းပါ၊ ဒါနဲ႔ မင္းမွာဖုန္းပါလား"
"အင္း"
"၀၉........... ငါ့ဖုန္းကို missed call ေပးလိုက္ပါလား၊ ငါျပန္ေရာက္ရင္ မင္းဆီပိုက္ဆံလႊဲဖို႔ ဖုန္းနံပါတ္ သိေအာင္"
"အိုေခ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ေဇယ်ာ့ အကူအညီနဲ႔ ငွားလာခဲ့တဲ့ တက္စီေပၚကေန ဆင္းလိုက္ၿပီး ၿခံ၀န္းထဲ ေလးလံေသာ ေျခလွမ္းမ်ားျဖင့္ ေလၽွာက္ကာ ၀င္လာခဲ့သည္။ အိမ္တံခါးမႀကီးကို ေက်ာ္လိုက္ၿပီးေနာက္ လွမ္းျမင္ေနရေသာ ဧည့္ခန္းထဲမွာ ပုတီးေလးလက္မွာကိုင္လ်က္ ခုံေပၚေနာက္မီကာ မ်က္လုံးစုံမွိတ္ ပုတီးစိတ္ေနေသာ မာမီ့ကိုေတြ႕သျဖင့္ မာမီရွိရာသို႔ သြားလိုက္ၿပီး အနားကခုံမွာ၀င္ထိုင္လိုက္သည္။
လၽွံေရာက္လာေတာ့ မာမီက ပ်ာပ်ာသလဲ ပုတီးကိုသိမ္းလိုက္ၿပီး
"သား ဘယ္ေတြေလၽွာက္သြားၿပီးမွ ျပန္လာတာလဲကြယ္"
"သား ကန္ေဘာင္မွာ ခဏသြားထိုင္ေနတာပါ"
"သားက ဘာမွမပါပဲ ထြက္သြားေတာ့ မာမီက စိတ္ပူေနတာ"
"မာမီ့ကို စိတ္ပူေအာင္လုပ္မိလို႔သားေတာင္းပန္ပါတယ္ေနာ္"
"သား ဘာမွမျဖစ္ရင္ပဲရပါၿပီကြယ္"
"မာမီ့ကို သား ေျပာစရာရွိတယ္"
"ဟူး...... မဏၰိကို မာမီ ေသြးေအးသြားမွ ေသခ်ာေလး နားခ်ၾကည့္ပါဦးမယ္သားရယ္၊ ခုကေတာ့ သူထူပူေနတာနဲ႔ မာမီတို႔ေျပာလည္း လက္ခံမွာမဟုတ္ဘူး"
"ရပါတယ္၊ သူ႔ကို သားကိုယ္တိုင္ေျပာမွာပါ၊ မာမီ့ကိုေျပာခ်င္တယ္ဆိုတာက အဲ့ေကာ္ဖီက မေမသူအတြက္ဆိုတာ သားတကယ္မသိခဲ့ဘူး ဆိုတာေလးပါ"
"မာမီသားကို ယုံပါတယ္၊ ႐ုပ္လႊာကသိပ္ဆိုးတယ္၊ အလိုလိုက္မိတဲ့ မာမီတို႔ပဲ မွားတာပါ၊ သူ႔အစား မာမီကေတာင္းပန္ပါတယ္ကြယ္"
"မဟုတ္တာ၊ မာမီက သားတို႔ႏွစ္ေယာက္လုံးရဲ့ ေက်းဇူးရွင္ပါ၊ ႐ုပ္လႊာကိုလည္း သားသည္းခံနိုင္ပါတယ္"
"ေအးကြယ္၊ ကံေကာင္းတာတစ္ခုက မင္းတို႔ အေဖ ညက ခရီးထြက္ေနလို႔ အိမ္မွာမရွိတာပဲ၊ မင္းအေဖသာရွိရင္ ပိုႀကီးကုန္မွာ၊ ကဲပါ သား နားလိုက္ဦးေလ၊ ဘာမွအမ်ားႀကီးေတြးမေနနဲ႔ ဟုတ္ၿပီလား၊ ဒီေန႔ သားအႀကိဳက္ေတြပဲ မာမီခ်က္ထားတာ"
"ဟုတ္၊ ဒါဆို သားေရမိုးခ်ိဳးၿပီး နားလိုက္ဦးမယ္ေနာ္"
"ေအးကြယ္"
~~~~~~~~~~~~~~~~~~~~~~~~~~
Ringtone
"ဘာလဲ၊ ငါ့ကိုဖုန္းေတြ ေတာက္ေလၽွာက္မဆက္နဲ႔လို႔ေျပာထားတယ္ေလ"
"ဘာ လၽွံနဲ႔ေတြ႕ခဲ့တယ္၊ ဟုတ္လား"
"နင္သူနဲ႔ ရင္းႏွီးေအာင္ဆက္ေနလိုက္"
"႐ုပ္လႊာဆိုတဲ့ငါ့အေၾကာင္း နင္သိတာပဲဟာ"
"အိုေခ၊ အေၾကာင္းမထူးပဲ နင္ငါ့ကို ဖုန္းထပ္မဆက္နဲ႔၊ တြယ္ကပ္တတ္တဲ့ေယာက္်ားေတြကို ငါအမုန္းဆုံးပဲ"
~~~~~~~~~~~~~~~~~~~~~~~