Chapter 17

793 54 10
                                    

Unicode

"Video file ကပြန့်ကုန်ပြီ"

"ကျွန်တော်တောင်းပန်ပါတယ်အမ၊ ကျွန်တော့်ညီမကိုလာထိတာနဲ့ ကျွန်တော်လည်း စိတ်မထိန်းနိုင်လို့ပါ"

"ဟူး၊ မင်းက အောင်မြင်မှုလမ်းကြောင်းပေါ်ကို အခုမှရောက်ခါစပဲရှိသေးတာ၊ ဒီလောကမှာ ရှင်သန်ဖို့ဆိုရင် မင်းအများကြီးပိုရင့်ကျက်ရမယ် မဏ္ဏိ"

"ကျွန်တော့်ကြောင့်အမအလုပ်ပိုသွားပြီ"

"အမကမင်းအတွက်ပြောတာပါမဏ္ဏိရယ်၊ ခံစားချက်နဲ့အလုပ်လုပ်ရတာဆိုပေမယ့် ခံစားချက်ကိုဦးစားပေးခဲ့လို့ ဒုက္ခရောက်သွားတဲ့လူတွေ ဒီလောကမှာ အမအျားကြီးတွေ့ဖူးပြီးပြီ၊ မင်းကိုကိုယ့်မောင်လေးလိုသဘောထားလို့ပြောတာပါ"

"ဟုတ်"

"ကဲ အခုမှ သနားစရာမျက်နှာလေးလာလုပ်မနေနဲ့၊ gym မသွားတာဘယ်နှရက်ရှိနေပြီလဲ၊ gym ပြန်ဆော့ဖို့လုပ်ဦး"

"ဟီးဟီး ဆော့မှာပါဗျာ၊ ခုရက်ပိုင်းအလုပ်များနေလို့"

"အွန်း အွန်း ဆင်ခြေနဲ့ ဆင်လက်ချည်းပဲ"
~~~~~~~~~~~~~~~~~~~~~

<မဏ္ဏိက ကလပ်မှာရန်ဖြစ်လို့တဲ့၊ ကောင်မလေးကြောင့်ဖြစ်ကြတာလားမသိဘူး>

<မဏ္ဏိမှာကောင်မလေးရှိတာလား>

<မအောင်မြင်သေးဘူး စရိုက်တွေပေါ်လာပြီ>

<ဘယ်ကောင်နဲ့ရန်ဖြစ်တာလဲ ငါ့ကိုကိုကို ထိတဲ့ကောင် ဘယ်သူလဲ>

<ရည်းစားရှိတာလား အသည်းတွေတော့ကွဲပါပြီ>

အချိန်တိုအတွင်း Facebook မှာပြန့်နှံသွားတဲ့ ဇေယျာ့ကို မဏ္ဏိထိုးနှက်နေတဲ့ video အောက်မှာ အမျိုးမျိုးသော comment တွေကိုဖတ်ရင်း ဂူဂူးတစ်ယောက် စိတ်ရှုပ်ထွေးလျက်ရှိသည်။

"Shit နင်တို့က အကိုမဏ္ဏိအကြောင်းဘာသိလို့ အဲ့လိုတွေပြောနေရတာလဲ၊ တောက်!"

ဒေါသတွေပေါက်ထွက်လာသော တောက်ခေါက်သံမှာကျယ်လောင်စွာထွက်လာသည်။

video clip ကို ဒုတိယအကြိမ်ပြန်ကြည့်လိုက်ချိန်မှာတော့ ဂူဂူးတစ်ယောက်အံ့အားသင့်သွားရလေသည်။

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now