Chapter 13

1K 64 19
                                    

Unicode

"မာမီ၊ လျှံ လျှံ ဘယ်ရောက်သွားတာလဲ၊ ဘာသတင်းကြားလဲ"

အိမ်ထဲ ဒုန်းဆိုင်းဝင်လာပြီး ဧည့်ခန်းထဲမှာ စုဝေးထိုင်နေကြသော ရုပ်လွှာနှင့် မိခင်ဖြစ်သူတို့ကို စိုးရိမ်တကြီး မေးသောအသံမှာ အလောတကြီးရှိလှသည်။ လေးလံစွာ ကမ်းပေးသော စာတစ်စောင်ကို မာမီ့လက်ထဲက ယူလိုက်ပြီး အမြန်ဖွင့်ဖတ်လိုက်သည်။

"မဏ္ဏိ၊ ငါတို့ငယ်ငယ်က ပေးခဲ့တဲ့ကတိမင်းမှတ်မိလား၊ အဲ့ကတိအတိုင်း မင်းနဲ့မင်းမမကို စိတ်ရင်းနဲ့ငါဂုဏ်ပြုခဲ့တာပါ။ မမေသူအပေါ်မှာ မင်းထင်သလို မရိုးသားတဲ့စိတ်လည်း မရှိခဲ့သလို မုန်းတီးတဲ့စိတ်လည်း မရှိဘူးဆိုတာ မင်းကိုသိစေချင်တယ်။ ဘာလို့လဲဆိုတော့ ငယ်ငယ်လေးတည်းက အခုချိန်အထိ ငါဂရုစိုက်တာမင်းတစ်ယောက်တည်းပါ။ ငါ့ဘဝရဲ့စာမျက်နှာတိုင်းမှာ မင်းရှိခဲ့တယ်၊ ဒါပေမယ့် မင်းမပါတဲ့စာမျက်နှာတွေအတွက် အချိန်ကျပြီထင်တယ်။ ငါ့ကိုလိုက်မရှာပါနဲ့။ မင်းဘဝလှပဖို့ငါဆုတောင်းပေးပါတယ်။ ဒီကမ္ဘာမှာ မင်းပျော်တာကိုအမြင်ချင်ဆုံးက ငါဆိုတာ သိထားစေချင်တယ်။

ချစ်ခြင်းများစွာဖြင့်
လျှံ"

ထိုင်ခုံပေါ်ကိုအရုပ်ကြိုးပျက်ထိုင်ချလိုက်ပြီးနောက် မဏ္ဏိခေါင်းထဲမှာ မှောင်မဲနေတဲ့အခန်းတစ်ခုက လွှမ်းမိုးသွား၏။ စိတ်ဝိဉာဉ်လွတ်ထွက်သွားသည့် ခန္ဓာတစ်ခုသဖွယ် တွေးခေါ်နိုင်စွမ်း အားလုံးက ထိုအမှောင်ခန်းဆီသို့သာ ဦးတည်သွားသည်။

လျှံနဲ့သေချာပေါက်စကားပြောပြီး မိမိရဲ့ဒေါသအတွက် ပြန်တောင်းပန်ဖို့ စဉ်းစားခဲ့သော်ငြား အရာအားလုံး နောက်ကျသွားခဲ့ချေပြီ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ လက်တွေက စိတ်ရှုပ်ထွေးခြင်းတို့ ပယ်ပျောက်လိုပယ်ပျောက်ငြား မျက်နှာနှင့်ဆံပင်တို့ကို အပြန်အလှန်ပွတ်သပ်နေရင်းကပင် သူ့အလိုလိုကျလာသောမျက်ရည်နွေးနွေးတို့က မဏ္ဏိရင်ကိုတင်းကျပ်စွာချည်နှောင်လိုက်တော့သည်။

တသိမ့်သိမ့်တုန်အောင် ရှိုက်နေတဲ့ခန္ဓာကိုယ်မှာ သဘောအကျဆုံး အရုပ်လေး ရေထဲပြုတ်ကျသွားသည့်ကလေးငယ်သဖွယ် ဝမ်းနည်းပက်လက် ကူကယ်ရာမဲ့နေသည်။ ပက်လက်လန်သွားသော လိပ်တစ်ကောင်သဖွယ် မြင်ကွင်းတွေအားလုံး ပြောင်းပြန်ဇောက်ထိုးဖြစ်သွားရုံမက ရှေ့လည်းမတိုး နောက်လည်းမဆုတ်နိုင်ပဲ လမ်းပျောက်သွားရသော ခံစားချက်........

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now