Chapter 2

862 65 20
                                    

Unicode

"ဦးသာ လျှံကဘာလို့ ကိုယ်တွေပူကျစ်နေတာလဲဟင်"

အိပ်ရာထဲလဲကာ စောင်ခြုံထဲ ချမ်းနေပုံပေါက်ပေမယ့် တစ်ကိုယ်လုံး ပူကျစ်နေသော ပိန်ပိန်သေးသေး လျှံကိုကြည့်ရင်း မဏ္ဏိက ကပ္ပိယကြီးကို မေးသည်။

"မင်းတို့တွေ ညနေက ချောင်းထဲ နောက်ကျအထိရေကူးကြတယ်မို့လား၊ အအေးပါတ်တာနေမှာပေါ့"

"ဘာလို့ကျွန်တော်မဖြစ်ပဲ လျှံက ဖြစ်တာလဲ"

"သူက ကိုယ်ခံအားနည်းနေလို့လေ"

"ကိုယ်ခံအားမနည်းအောင် ဘယ်လိုလုပ်ရလဲဟင်"

"အစားများများစားရမှာပေါ့"

ကပ္ပိယကြီးက မဏ္ဏိပါးစပ်က ဆက်တိုက်ထွက်ကျလာတဲ့အမေးတွေကို စိတ်ရှည်စွာဖြေကြားရင်း လျှံ့နဖူးကို လက်ဖဝါးနဲ့ စမ်းကြည့်တော့ မဏ္ဏိက သူပါလိုက်စမ်းသည်။

ပြီးနောက်ကပ္ပိယကြီးက အပူတိုင်းတံကို လျှံ့ချိုင်းကြားကဆွဲထုတ်လာပြီး စစ်ဆေးပြီးနောက် သူ့ဆေးအိတ်ထဲက ဗမာဆေးတစ်မျိုးကိုထုတ်ကာ လျှံ့ကိုတိုက်သည်။

"လျှံ မင်းအရမ်းနာနေလား"

လျှံက ဖြည်းဖြည်းခေါင်းခါပြတယ်။

"အိပ်ချင်တယ်"

"အိပ်ချင်ရင်ခဏအိပ်‌လိုက်၊ စောင်တော့ခြုံထား၊ ချွေးထွက်လာရင်သက်သာသွားမှာပါ၊ မဏ္ဏိ မင်းအစ်ကိုအနားမှာ စောင့်ပေး လိုက်ဦး၊ ဦးသာ မီးဖိုချောင်ထဲသွားကူလိုက်ဦးမယ်၊ မနက်ဖြန် မွေးနေ့အလှူတစ်ခုရှိလို့"

"ဟုတ်ကဲ့ပါဗျ"

ကပ္ပိယကြီးဦးသာက ကလေးနှစ်ယောက်ကိုထားခဲ့ပြီး မီးဖိုချောင်ဘက် ထွက်သွားလေသည်။

"လျှံ၊ မင်းအိပ်ချင်ရင်အိပ်နော်၊ ငါဒီမှာရှိတယ်"

လျှံ့အနားလေးမှာ ‌ဒူးလေးကိုပိုက်ပြီးထိုင်ရင်း လျှံ့ကို မျက်ခြေမပြတ်စောင့်ကြည့်နေတော့သည်။

~~~~~~~~~~~~~~~~~~~~

"မဏ္ဏိ"

"မဏ္ဏိ"

လျှံ့ကိုစောင့်ရင်းအိပ်ငိုက်နေသောမဏ္ဏိကို ကပ္ပိယကြီးက လာနှိုးပြီး

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now