Chapter 12

946 54 10
                                    

Unicode

အခန်းထဲက အခန်းပြင်မထွက်၊ တစ်နေကုန် အခန်းထဲမှာပဲ ခေါက်တုံ့ခေါက်ပြန်လျှောက်လိုက် အိပ်ရာပေါ် လှိမ့်လိုက် ပြတင်းပေါက်ကနေအိမ်အ၀ကိုချောင်းလိုက်ဖြင့်သာ လျှံတစ်ယောက် အပူမီးတောက်လောင်နေတော့သည်။ မဏ္ဏိ ပြန်လာလျင် သေချာရှင်းပြပြီး သူ့ကို နားချရမည်ဖြစ်တာကြောင့် မဏ္ဏိ ဒီနေ့ အိမ်ပြန်လာဖို့ကိုပဲ လျှံမျှော်လင့်မိပါသည်။

ဂျလောက်!

မကြာမီပင် လျှံမျှော်နေသည့်အတိုင်း တံခါးဖွင့်သံနှင့်အတူ အခန်းထဲ ၀င်လာသူ မဏ္ဏိကို တွေ့လိုက်ရတော့ လျှံ့မျက်၀န်းများမှာ မျှော်လင့်ချက်ရောင်ချည် ပြန်သမ်းလာရသည်။

"မဏ္ဏိ"

လျှံ့ခေါ်သံကို တုံပြန်သည့်မျက်၀န်းများက လျှံတစ်ဘ၀လုံး ယခုအချိန်အထိ တစ်ခါမှ မဏ္ဏိဆီက မရဖူးခဲ့သော အေးစက်မှုတို့ လွှမ်းခြုံလျက်၊ မျက်၀န်းအိမ်တို့မှာ တင်းမာခတ်ထန်မှု မရှိတော့သော်ငြား လျှံ့ကို အကြည့်လွှဲကာ ရေချိုးခန်းထဲ ၀င်သွားသည့်မဏ္ဏိအပြုအမူမှာ လျှံ့ကို လွန်စွာ နေရခက်စေသည်။ လျှံပြင်ဆင်ထားသော စကားတွေပြောခွင့်မရလိုက်။ ရေချိုးခန်းထဲ၀င်သွားသော မဏ္ဏိနောက်ကျောကိုသာ ငေးကြည့်နေလိုက်နိုင်တော့သည်။

<အတန်ငယ်ကြာသော်>

ရေချိုးခန်းထဲကပြန်ထွက်လာသောမဏ္ဏိတစ်ယောက် ကုတင်ခြေရင်းက လျှံထုတ်ပေးထားတဲ့ အ၀တ်ကို မြင်တော့ ခြေလှမ်းများရပ်တန့်သွားသည်။ ၃ စက္ကန့်မျှ ရပ်နေလိုက်ပြီး ဗီရိုထဲက တခြားအ၀တ်ကိုယူကာ ၀တ်ဆင်လိုက်သည်။

"မဏ္ဏိ၊ ငါတို့ စကားပြောဖို့လိုနေပြီနော်"

မဏ္ဏိဆီက စကားပြန်မလာ......

"မဏ္ဏိ"

အ၀တ်အစားကို မှန်ရှေ့မှာ သေချာပုံချပြီးနောက် ခုံပေါ်က ဖုန်းကိုယူပြီး လှည့်ထွက်သွားမည်အပြု

"မဏ္ဏိ၊ ငါပြောနေတယ်လေ"

ကံကောင်းထောက်မစွာဖြင့် မဏ္ဏိလက်ကို အချိန်မီ လှမ်းဆွဲထားနိုင်ခဲ့သည်။

ချစ်ခြင်းများစွာဖြင့်Where stories live. Discover now