Unicode
"အောက်အီးအီးအွတ်"
ကြက်ဖတွန်သံနှင့်အတူ မနက်ခင်းအာရုံတက်အချိန်မယ် ထုံးစံအတိုင်း အိပ်ရာကထ၊ မျက်နှာသစ်သွားတိုက်ပြီးတာနဲ့ အာရုံတက်ဆွမ်းအတွက် အုန်းမောင်းခေါက်ရပေသည်။
ကပ္ပယကြီး ဦးသာ တစ်ယောက်အုန်းမောင်းခေါက်ပြီးသည်နှင့် ဘုရား၀တ်ပြုရန် ဘုရားကျောင်းဆောင်ဆီအသွားတွင်
"အဲ့!"
"ဟင်၊ ကလေးသံလေးလား၊ ဧကန္န...."
"အူဝဲ အဲ့ !!"
ဦးသာတွေးနေတုန်းမှာပဲ ကလေးအော်သံကို ပီပီပြင်ပြင်ကြားလိုက်ရတော့ ပျာယာခတ်ကာ အသံလာရာကိုရှာဖွေရတော့သည်။ အုန်းမောင်းအနီးက ကျောင်းဆောင်ရဲ့ အနောက်ဖက်တွေပါတ်ရှာသည်။ အသံမှာဝေးသထက်ဝေးလာတာကြောင့် ကျောင်းပေါက်၀နားဆီထွက်လိုက်သည်။
ကျောင်းပေါက်၀ အနားက အုတ်နံရံအဖြူကြီးခြေရင်းနားမယ် တွေ့လိုက်ရသည်က
"ဘုရားရေ!"
လသားအရွယ် ကလေးငယ်လေးတစ်ယောက်.......
~~~~~~~~~~~~~~~~~~
"အိမ်း လူတွေလည်း လူမဖြစ်သေးတဲ့ကလေးတွေကို တယ်အပူတွေပေးချင်ကြသကိုး"
"ဒါဆို ဒီကလေးနှစ်ယောက်ကို ဘယ်လိုလုပ်မှာပါလဲဘုရား"
ဦးဇင်းကို ကပ္ပယကြီးဦးသာက ပြန်လည်မေးခွန်းထုတ်ရသည်။ ဟုတ်၏၊ ကလေးမှာတစ်ယောက်တည်းမဟုတ်ပေ။ လွန်ခဲ့တဲ့တစ်ရက်ကမှ အလားတူ ကျောင်းနောက်ပေါက်မှာတွေ့ခဲ့သော ကလေးတစ်ယောက်ရှိသေး၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် တစ်ရက်အကြာမှာ နောက်ကလေးတစ်ယောက် ထပ်ရောက်လာခြင်းဖြစ်ပေရာ။
"ဒီကလေးနှစ်ယောက်က ကံစပ်ပုံရတယ်၊ ကြည့်ရတာအရွယ်ကလည်းမတိမ်းမယိမ်း၊ အစွန်ပစ်ခံခဲ့ရပုံချင်းတောင် တူနေတယ်"
ဦးဇင်းရဲ့စကားမှာ ကလေးနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်စွာနဲ့ လက်အုပ်ချီထားရင်းနှင့်ပင် ကပ္ပိိယကြီးဦးသာ ခေါင်းငုံ့လိုက်မိပါသည်။
"ကံပေါ့လေ၊ တကာကြီး ဒီကလေးနှစ်ယောက်ကို ကျောင်းမှာပဲ ကျွေးမွေးစောင့်လျှောက်ဖို့စီစဉ်ပေးပါ"
YOU ARE READING
ချစ်ခြင်းများစွာဖြင့်
Fanfictionငါ့ဘ၀က ၀တ္ထုတစ်ပုဒ်ဆိုရင် စာမျက်နှာတိုင်းမှာ မင်းရှိနေလိမ့်မယ်မဏ္ဏိ လျှံ