အပိုင်း ၇၃ [ အိမ်မက် ] (19)
⟨⟨နိုးထခြင်း⟩⟩
ဒါပေမဲ့လင်ပန့်ရှရဲ့ကြောက်ရွံ့မှုနဲ့မတူပဲ ရှောင်ဟွားကအဲ့ဒီအရိပ်တွေကိုသဘောကျနေပုံနဲ့ကြည်လင်သည့်ရယ်သံထွက်လာသည်။
လင်ပန့်ရှမတုံ့ပြန်ရသေးခင်မှာပဲအရိပ်မည်းတွေကခန္ဓာကိုယ်ကိုချည်လိုက်ပြီးဒီအခန်းထဲကနေဆွဲထုတ်သွားသည်။သူ့ရဲ့ခန္ဓာကိုယ်ကအမြင့်ကနေမြေကြီးပေါ်ကျသွားသည်။ကြီးမားသည့်နာကျင်မှုကအသိကိုတိုက်ခိုက်သည်။ခဏလောက်ငြိမ်နေပြီးမှမြေကြီးပေါ်မှယိုင်တိယိုင်တိုင်ဖြင့်ထလိုက်သည်။ကျယ်ဝန်းပြီးဗလာဖြစ်နေတဲ့မြေရိုင်းပေါ်မှာသူရပ်နေတာ မြေရိုင်းရဲ့အလယ်မှာပျက်စီးဟောင်းနွမ်းနေတဲ့အိမ်အိုတစ်လုံးရှိနေတယ်
မော့ကြည့်လိုက်တော့ကောင်းကင်ပေါ်ကလကိုပြန်တွေ့လိုက်ရသည်။လကတောက်ပကြည်လင်နေပြီးအရင်ကတောင်ကုန်းလိုလိုအရိပ်ကိုမတွေ့ရတော့
ရှေ့ကိုနှစ်လှမ်းစမ်းတိုးကြည့်လိုက်တော့မြေကြီးကလှုပ်ရမ်းလာတာကိုခံစားမိလိုက်သည်။အကောင်ကြီးကြီးတစ်ကောင်ကအဝေးကနေဒီကိုဦးတည်လာတာထင်တယ် စိတ်ထဲသံသယနှင့်ဝေ့ကြည့်လိုက်တော့လှုပ်ခါမှုရဲ့အရင်းမြစ်ကိုတွေ့လိုက်ရသည်။သူ့ရှေ့ကအိမ်အိုလေးကပဲ အိမ်အိုလေးမှာ နံရံတစ်ချပ်ပြီးတစ်ချပ် ပြိုကျနေသည်။နောက်တော့တံစက်မြိတ် ပြီးတော့ ပြတင်းပေါက် တံခါး--ဒီအိမ်ကပြင်းထန်တဲ့လှုပ်ခါမှုကိုမခံနိုင်တော့ပဲဖြေးဖြေးချင်းပြိုကျနေသည်--
ဘာဖြစ်နေလဲဆိုတာနားမလည်ပေမဲ့ပြောင်းလဲမှုကရှောင်ဟွားနဲ့သက်ဆိုင်နေမယ်ဆိုတာကိုတော့သိတယ် ဒါပေမဲ့သူကပ်သွားဖို့လုပ်တုန်းအဲ့ဒီအိမ်ထဲကနေအနက်ရောင်အရည်တွေစီးထွက်လာတယ် တောင်ကိုဖြိုတော့မလိုအရှိန်နဲ့သူ့ဆီဦးတည်လာသည်။ဆူနာမီရေလှိုင်းလိုမျိုးအနက်ရောင်အရည်တွေကိုငေးကြည့်နေသည်။မြင့်တက်လာသည်မှာကောင်းကင်လွှမ်းတော့မတတ် နေရာမှာပဲရပ်နေတဲ့သူဟာသနားစရာပုရွက်ဆိတ်လေးသာ လှည့်ပြေးတာတောင်မလုပ် သူသိနေတယ်လေ ပြေးလို့မလွတ်ဘူးဆိုတာ
မလွဲမသွေ မျက်စိတစ်မှိတ်အတွင်းမှာပဲ အနက်ရောင်အရည်များကြားလင်ပန့်ရှရောက်သွားသည်။ရောဝင်သွားပြီးမှသိလိုက်ရတာကရေလုံးဝမဟုတ်ပဲ ထိတွေ့လို့မရတဲ့အရိပ်တွေဖြစ်နေတယ်သူကကြားထဲမှာအညှပ်ခံထားရပြီးပတ်ပတ်လည်မှာလည်းအသံပေါင်းစုံနဲ့ပုံရိပ်တွေရှိနေတယ် ဒီအိမ်မက်တည်ရှိနေတာဘယ်လောက်ကြာပြီနေလဲလင်ပန့်ရှမသိ ဘယ်နားကရောက်လာလဲဆိုတာပိုတောင်မသိသေး ဒါပေမဲ့နိုင်ငံပေါင်းစုံရဲ့ဘာသာစကားတွေကိုသူကြားနေရတယ် အိမ်မက်ကကမ္ဘာပတ်ဖူးတယ်ထင်တယ်........အပိုင်းပိုင်းဖြစ်နေတဲ့မြင်ကွင်းတွေကအမြင်အာရုံရဲ့နေရာတိုင်းမှာရှိနေသည်။ဒီထဲကနေထွက်သွားချင်တာကြောင့်လင်ပန့်ရှအားကုန်ရုန်းကန်မိသည်။ခန္ဓာကိုယ်ကအားသိပ်မရှိတာကြောင့်လက်လျှော့ရုံသာ မသိတဲ့တစ်နေရာကိုသာမျောနေသည်။
ဘယ်လောက်ကြာကြာမျောနေလဲမသိတော့ တစ်ရက်ဖြစ်မယ် တစ်လလည်းဖြစ်မယ် ပိုကြာတာလည်းဖြစ်နိုင်တယ် သူ့စိတ်လည်းပင်ပန်းနေပြီ အိပ်ချင်စိတ်ကသာစိတ်ထဲရောက်နေသည်။ထူးဆန်းသည့်အသံများနှင့်အတူ လင်ပန့်ရှမျက်လုံးမှိတ်ထားရင်းဘယ်တုန်းကမှမအိပ်ဖူးတဲ့အိပ်မောကျမှုမျိုးနဲ့အိပ်ပျော်သွားသည်။
ဒီတစ်ခေါက်တော့သူအိမ်မက်မမက်တော့ပဲအရူးအမူးအိပ်စက်ခြင်းသာရှိသည်။
လင်ပန့်ရှနိုးလာတော့ ဘေးကအရာအားလုံးပျောက်သွားသည်။အသံလည်းမရှိ မြင်ကွင်းလည်းမရှိ ခြေထောက်အောက်ကမြေကြီးလည်းမရှိ ကောင်းကင်ပေါ်ကလလည်းမရှိတော့ပဲဘာမှမရှိတဲ့အမှောင်ထုထဲမှာရပ်နေ၏။
ခုနကပြောင်းလဲမှုကဘာကိုဆိုလိုတာလဲ? ရှောင်ဟွားတစ်ခုခုဖြစ်သွားတာလား? ရှောင်ဟွားကအိမ်မက်ကိုဘာလုပ်လိုက်တာလဲ? လင်ပန့်ရှတွေးနေချိန်မှာပဲ အမှောင်ထဲကနေပျံ့လွင့်လာတဲ့ငိုသံကိုကြားလိုက်ရသည်။ဒီအသံကြောင့်လင်ပန့်ရှလန့်သွားသည်။ရှောင်ဟွားငိုနေတာလို့ထင်တာကြောင့်ငိုသံလာရာကိုအရူးအမူးပြေးသွားလိုက်သည်။ငိုသံနဲ့နီးလာတော့မှငိုနေတာကရှောင်ဟွားမဟုတ်ဘူးဆိုတာသိလိုက်တယ်........
လင်ပန့်ရှအသံနောက်ကိုလိုက်သွားတော့အလင်းတစ်ကြောင်းကိုမြင်လိုက်ရသည်။ပြတင်းပေါက်သေးသေးလေးတစ်ခု ဖျော့တော့တော့အလင်းတစ်ခုပဲရှိနေတယ် မှောင်မည်းနေတဲ့ပတ်ဝန်းကျင်ထဲမှာအလင်းတန်းလေးတစ်ကြောင်းကအမြင်အာရုံကိုဆွဲဆောင်ဖို့လုံလောက်တယ်
အဲ့ဒီထဲကိုလင်ပန့်ရှပြေးသွားလိုက်တော့ပြတင်းပေါက်တစ်ပေါက်ကိုတွေ့လိုက်ရသည်။ပြတင်းပေါက်ဘေးမှာရင်းနှီးနေတဲ့ တစ်ယောက်အိပ်ကုတင်လေးရှိနေတယ် အဲ့ဒီအခန်းလေးထဲမှာတွေ့ခဲ့တာနဲ့မတူတာကဒီကုတင်ပေါ်မှာအသွင်အပြင်ထူးဆန်းတဲ့လူထိုင်နေတာ သူ့ရဲ့နောက်ကျောကကွေးနေပြီးအင်္ဂါငါးရပ်လည်းမရှိပေ။အတူလှိမ့်ထားတဲ့အသားပုံနဲ့တောင်ထူနေသေးတယ် လူတွေနဲ့ယှဉ်ကြည့်ရင် သက်ရှိနဲ့လုံးဝမတူ သူ့ရဲ့ရင်ခွင်ထဲမှာတော့ပန်းရောင်ဝက်ဝံလေးကိုပိုက်ထားသည်။အကြည့်က ခေါင်းပေါ်ကတစ်ဝက်အုပ်ခံထားရတဲ့ပြတင်းပေါက်လေးမှာပဲရှိနေတယ်
ပြတင်းပေါက်အပြင်ဘက်မှာလတစ်စင်းကကောင်းကင်ပေါ်ချိတ်နေလျက်ငွေရောင်အလင်းဟာတိမ်းစောင်းစွာကျရောက်နေသည်။ပိတ်စပါးလေးလိုမျိုးနူးညံ့ပျော့ပျောင်းစွာနဲ့သူ့မျက်နှာပေါ်သို့ကျရောက်နေသည်။သူ့ရင်ခွင်ထဲကဝက်ဝံလေးဟာလည်းခေါင်းမော့ထားပြီးနာကျင်ကြေကွဲစွာဖြင့်ရှိုက်ငိုနေ၏။ပြီးတော့တစ်ယောက်ယောက်ကအခန်းထဲဝင်လာတယ်လူတွေစကားပြောနေတာကိုလင်ပန့်ရှကြားနေရတယ် နှမြောစရာကတရုတ်ဘာသာစကားမဟုတ်တာကြောင့်နားမလည် ဒါပေမဲ့လေသံအရတော့သိပ်ခင်မင်မှုမရှိတာကိုခွဲခြားနိုင်တယ် သူကတော့ခန္ဓာကိုယ်ကိုအမြန်ကျုံ့လိုက်ပြီးဝမ်းနည်းစွာရှိုက်ငိုနေသည်။
လင်ပန့်ရှရပ်လိုက်သည်။ရှေ့ဆက်တိုးဖို့တုံ့ဆိုင်းနေရင်းမဆုံးဖြတ်နိုင်ဖြစ်နေချိန်မှာသူတစ်လျှောက်လုံးကြည့်နေတဲ့ပြတင်းပေါက်လေးဟာအရာတစ်ခုခုနဲ့ပိတ်ခံလိုက်ရသည်။
တစ်ခုတည်းသောအလင်းတန်းလေးဟာလုံးဝပျောက်သွားပြီဖြစ်ကာကမ္ဘာတစ်ခုလုံးအမှောင်ထုထဲပြန်ရောက်သွားသည်။
သူကအမှောင်ထဲမှာပုန်းနေရင်းမျှော်လင့်ချက်မဲ့စွာဖြင့်ပိုပိုငိုလာသည်။နောက်ဆုံး လင်ပန့်ရှနားထဲမှာမကြာခဏလှည့်ပတ်နေတဲ့လေသံလိုမြည်တမ်းလာသည်။ဒီငိုသံကိုကြားမှလင်ပန့်ရှနားလည်သွားတယ် ရှေ့မှာသူမြင်နေရတဲ့ဟာကအိမ်မက်ရဲ့အရင်းအမြစ်ဖြစ်မယ်..........
မြည်တမ်းသံမှာပိုပိုကျယ်လာသည်။ခြေထောက်အောက်ကမြေကြီးကစတင်ပျော့ပျောင်းလာသည်ကိုလင်ပန့်ရှခံစားမိချိန်ဒီအိမ်မက်လွှာကနေထပ်ပြုတ်ကျဦးမယ်လို့ထင်ခဲ့ပေမဲ့ရုတ်တရက်အမှောင်ထဲကနေကြည်လင်တဲ့အသံလေးထွက်လာသည်။
"မငိုနဲ့တော့"ကလေးမလေးတစ်ယောက်ရဲ့အသံဖြစ်သည်။အသံကတော်ဖီလိုမျိုးချိုမြိန်နေပြီးငိုနေတဲ့သူ့ကိုနှစ်သိမ့်ပေးနေသည် : "မငိုနဲ့တော့လေ ငါနင့်ကိုအဖော်လုပ်ပေးနေတယ်"
ဒါကရှောင်ဟွားရဲ့အသံပဲ အမှောင်ထဲမှာဘာဖြစ်နေလဲဆိုတာသိချင်တာကြောင့်လင်ပန့်ရှမျက်လုံးပိုပြူးလိုက်သည်။
"နင်ကြည့်လိုက်ပြတင်းပေါက်ကပြန်ပွင့်သွားပြီမဟုတ်လား?"ရှောင်ဟွားပြောပြီးတာနဲ့အပိတ်ခံလိုက်ရတဲ့ပြတင်းပေါက်မှာပြန်ပွင့်လာကာကောင်းကင်ပေါ်ရှိလဟာလည်းမြင်ကွင်းထဲပြန်ရောက်လာသည်။လရောင်အောက်ကသူနဲ့........ရှောင်ဟွားကိုလင်ပန့်ရှတွေ့လိုက်ရတယ်
ရှောင်ဟွားကကုတင်ဘေးမှာထိုင်နေရင်းသူ့ကိုဖက်ထားတယ် အဲ့ဒီနှစ်တုန်းကကြောက်လန့်နေတဲ့လင်ပန့်ရှကိုဖက်ထားသလိုမျိုး သူ့ရဲ့မကောင်းဆိုးဝါးလိုပုံစံကိုရှောင်ဟွားကလုံးဝစိတ်ထဲမထားကြောင်ပေါက်စလေးလိုမျိုးကိုယ့်ရဲ့နူးညံ့တဲ့မျက်နှာနဲ့မညီမညာဖြစ်နေတဲ့သူ့ရဲ့အသားအရေပေါ်တွင်ပွတ်သပ်နှစ်သိမ့်ပေးနေသည်။
"မကြောက်နဲ့"ရှောင်ဟွားကဆက်ပြောတယ် "ရှောင်ဟွားရှိတယ်လေ"
ဒီစကားကိုသူမပြောပြီးတာနဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာအပြင်းအထန်တုန်လှုပ်လာကာအနက်ရောင်မြူခိုးများထွက်လာသည်။ရှောင်ဟွားကလည်းဂရုမစိုက်ပဲ ပိုအားထည့်ကာဖက်လိုက်သည်။
လင်ပန့်ရှစိုးရိမ်သွားတာကြောင့်မထိန်းချုပ်နိုင်စွာခေါ်လိုက်သည် : "ရှောင်ဟွား......."
သူ့ခေါ်သံကိုရှောင်ဟွားကြားတော့မျက်တောင်ခတ်လိုက်ပြီးလှည့်ကြည့်လာကာပြုံးရင်းအသံပြုသည် : "ကောကော"
လင်ပန့်ရှသွားဖို့လုပ်ပေမဲ့ရှောင်ဟွားကတားသည် : "ကောကော ကောမလာနဲ့ဦး ထပ်စောင့်ပေးနော်"သူမရဲ့နဖူးကိုသုံးပြီးအဲ့ဒီအရာကိုထိန်းလိုက်ကာနွေးထွေးသည့်အသံနှင့်ဆိုသည် : "ခဏထပ်စောင့်ရင်ရပါပြီ"
လင်ပန့်ရှခြေလှမ်းရပ်ရုံသာ
အဲ့ဒီအနက်ရောင်မြူတွေကရှောင်ဟွားနဲ့သူ့ကိုအတူချည်ထုပ်တော့မည်။ထို့နောက်သူ့ရဲ့ကြောက်စရာငိုသံဟာလည်းတဖြေးဖြေးတိုးလာသည်။ခန္ဓာကိုယ်ကလည်းတဖြေးဖြေးပျော်သွားပြီးရှောင်ဟွားရဲ့မြူတွေနဲ့ချည်နှောင်သွားသည်။အစမှာတော့အနက်ရောင်မြူများဟာရှောင်ဟွားကိုယ်ကိုတဖြေးဖြေးချည်နေသေးသည်။နောက်တော့မှတဖြေးဖြေးဖျော့သွားသည်။ရှောင်ဟွားကစုတ်ယူလိုက်သလိုမျိုး နောက်ဆုံးပါးလွှာတဲ့ကုတင်ပေါ်မှာရှောင်ဟွားတစ်ယောက်သာကျန်ခဲ့သည်။သူမကမော့လာပြီးပြတင်းပေါက်အသေးလေးကိုအကြာကြီးစိုက်ကြည့်နေသည်။အချိန်အေးခဲနေတာလားလို့လင်ပန့်ရှထင်တော့မှပြန်လှည့်လာကာလင်ပန့်ရှကိုခေါ်လာသည် : "ကောကော!"
သူမအဆင်ပြေတာကိုတွေ့မှလင်ပန့်ရှပျော်ရွှင်သွားကာအရူးအမူးပြေးသွားလိုက်သည်။ရှောင်ဟွားရှေ့ရောက်တော့မှဘာကိုမှဂရုမစိုက်နိုင်တော့ပဲရှောင်ဟွားကိုပွေ့ဖက်လိုက်သည်။ရှောင်ဟွားနဲ့ပတ်သတ်တဲ့မှတ်ဉာဏ်တွေကိုပြန်ရသွားပြီဖြစ်သည်။ခန္ဓာကိုယ်ထဲဝင်မတတ်မိန်းကလေးကိုအားဖြင့်ဖက်ထားရင်းပွတ်သပ်ပေးလိုက်သည် : "ရှောင်ဟွား--ကောလန့်အောင်လုပ်နေတာပဲ!!"
ရှောင်ဟွားကပွတ်သပ်မှုကြောင့်တဟင်းဟင်းညဉ်းနေရင်းမျက်နှာလေးကိုမော့ကာအသံချိုချိုဖြင့်ဆိုသည် : "ကောကောမကြောက်နဲ့ရှောင်ဟွားရှိတယ်" ပြောရင်းခုနကဟာကိုပွတ်သပ်သလိုမျိုးလင်ပန့်ရှရဲ့ရင်ဘတ်ကိုပွတ်သပ်နေသည်။
သူမရဲ့ပွတ်သပ်မှုကြောင့်လင်ပန့်ရှရဲ့နှလုံးသားလေးပျော့ပျောင်းသွားကယသူမကိုအပြစ်မတင်ရက်တော့ : "မိန်းသူ့ကိုဘာလုပ်လိုက်တာလဲ?"
ရှောင်ဟွား : "ဘာမှမဟုတ်ဘူးရယ် သူကအရမ်းကြောက်နေတာလေ အဲ့ဒီနှစ်ကကောကောလိုပဲ သူမကြောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာရှောင်ဟွားသိတယ်လေ........"
အဲ့ဒီနှစ်ကိုသတိရသွားတာကြောင့်လင်ပန့်ရှနှာခေါင်းထဲချဉ်လာကာရှောင်ဟွားရဲ့ခေါင်းကိုပွတ်ပေးလိုက်သည် : "ဒါဆိုအခုသူဘယ်သွားလဲ?"
ရှောင်ဟွားဆီမှာစိုးရိမ်နေသည့်အရိပ်အယောင်ပေါ်လာသည်။
လင်ပန့်ရှ : "ဘာလို့ဒီအမူအရာဖြစ်နေတာလဲ?"
ရှောင်ဟွား : "မိန်းမထင်ထားတာက........."
လင်ပန့်ရှ : "ဘာကိုမထင်ထားတာလဲ?"
ရှောင်ဟွား : "သူကြောက်ပဲကြောက်နေမယ်လို့မထင်ခဲ့တာ"သူမရဲ့ဝမ်းဗိုက်ကိုကိုင်လိုက်ကာ "အကုန်လုံးမရှိတော့ဘူး......."
ရှောင်ဟွားဆိုလိုတာကိုလင်ပန့်ရှသဘောပေါက်လိုက်သည်။ဒါပေမဲ့သဘောပေါက်တယ်ဆိုတာကသူလက်ခံတယ်လို့မပြောဘူးလေ ရှောင်ဟွားရဲ့ဝိုင်းစက်နေတဲ့ဗိုက်ကိုခဏလောက်စိုက်ကြည့်နေရင်းဘာပြောသင့်လဲမသိတော့
လင်ပန့်ရှရဲ့တိတ်ဆိတ်မှုကြောင့်ရှောင်ဟွားပျာယာခတ်သွားကာမျက်လုံးဝိုင်းဝိုင်းဖြင့်ဆိုသည် : "ကောကောကရှောင်ဟွားကိုစိတ်ဆိုးနေတာလားဟင်? ရှောင်ဟွားလည်းဒီလိုမထင်ဘူးလေ ဒါပေမဲ့သူရှိနေသေးရင် ကောကောထွက်လို့မရတော့ဘူး"
လင်ပန့်ရှသက်ပြင်းချလိုက်တယ် : "ကောကောဘယ်တော့မှရှောင်ဟွားကိုဒေါသထွက်မှာမဟုတ်ဘူး"ရှောင်ဟွားကိုပွေ့ထားရင်းစိတ်ဝိညာဉ်ကပြည့်စုံမှုကိုခံစားနေရသည်။ပျောက်နေတဲ့တစ်စိတ်တစ်ပိုင်းကအဖြည့်ခံထားရသလိုမျိုး
ရှောင်ဟွားကနားထောင်ပြီးနောက်ပျော်ရွှင်စွာဖြင့်ရယ်လာသည် : "ကောကောသဘောအကျဆုံးကရှောင်ဟွားဆိုတာသိနေတယ်"
လင်ပန့်ရှ : "ဒါနဲ့ ကောတို့ဘယ်လိုထွက်ကြမလဲ?"
"သူမရှိတော့ပေမဲ့ဒီကမ္ဘာရဲ့အားသာချက်ကရှိနေတယ် အားသာချက်ပျောက်သွားမှ ဒီအိမ်မက်ပြီးသွားမှာရယ်"
အားသာချက်ကချွေးကောင်းယွိ မှောင်မည်းနေတဲ့နေရာကိုလင်ပန့်ရှဝေ့ကြည့်လိုက်သည်ချွေးကောင်းယွိအိမ်မက်ဘယ်နှစ်လွှာမှာရှိနေလဲဆိုတာသိဖို့လင်ပန့်ရှစိုးရိမ်နေချိန်ခေါင်းပေါ်မှအသံကြားလိုက်ရသည်ကြောင့်လင်ပန့်ရှနှင့်ရှောင်ဟွားတို့အတူမော့ကြည့်လိုက်သည်။သူတို့ခေါင်းပေါ်ကမှောင်မည်းမည်းအမိုးကဖန်လိုမျိုးကွဲကြောင်းအက်လာသည်။အကွဲကြားတွင်ဖျော့တော့သည့်အလင်းရှိနေသည်
"ကွဲသွားပြီ"ရှောင်ဟွားကပြောလိုက်တယ်
ဒီစကားလုံးနှစ်လုံးကိုသူမပြောပြီးပြီးချင်းမှာပဲလင်ပန့်ရှခြေထောက်အောက်မှာဗလာဖြစ်သွားသည်။ပြင်းထန်သည့်လစ်ဟာမှုဟာသူ့တစ်ကိုယ်လုံးကိုလိပ်သွားသည်။ပြုတ်ကျတဲ့ခဏမှာ ရင်ခွင်ထဲကမိန်းကလေးကိုအသေဖက်ထားဖို့လည်းမမေ့မိန်းကလေးကလည်းမကြောက်ပဲလင်ပန့်ရှနဲ့ကစားနေသလိုမျိုးတခစ်ခစ်ဖြင့်ရယ်နေသေးသည်
ခဏကြာတော့ပျော့ပျောင်းနူးညံ့တဲ့အိပ်ရာနဲ့လင်ပန့်ရှရဲ့ကိုယ်နဲ့ထိတွေ့သွားသည်။ပတ်ဝန်းကျင်ကိုမကြည့်ရသေးခင်မှာပဲလစ်ဟာတဲ့ခံစားချက်ဟာလိုက်လာသည်--သူထပ်နိုးလာပြီ
မရပ်တမ်းကျတယ် အဆက်မပြတ်နိုးလာတယ် မရပ်တမ်းအမြင့်ကနေပြုတ်ကျတယ် မရေမတွက်နိုင်တဲ့အိမ်မက်များစွာနဲ့တိုးမိတယ် ဘယ်နှစ်ကြိမ်ကျနေပြီလဲမသိတော့ လင်ပန့်ရှထုံနေပြီဖြစ်သည်။ရင်ခွင်ထဲမှာအဖက်ခံထားရတဲ့ရှောင်ဟွားကတော့ပိုပိုပျော်နေလျက်ရယ်သံများထွက်နေသည်။ကလေးရဲ့ဖိအားခံနိုင်ရည်နဲ့မတူတာကြောင့်လင်ပန့်ရှသက်ပြင်းချနေတုန်းအင်္ကျီလက်ကိုလာဆွဲသည်ကြောင့်လင်ပန့်ရှငုံ့ကြည့်လိုက်မှရှောင်ဟွားကဆိုသည် : "ကောကောကောကောအဲ့ဒါကကောသဘောကျနေတဲ့စုန့်ကောကောမလား?"
အစကတော့လင်ပန့်ရှကြောင်သွားပြီးရှောင်ဟွားညွှန်ပြတဲ့နေရာကိုလိုက်ကြည့်လိုက်ကာချက်ချင်းအံ့ဩသွားသည်။မထင်မှတ်ထားပဲစုန့်ချင်းလော်ကိုတွေ့လိုက်ရသည်
အန္တရာယ်ကင်းတဲ့အခြေအနေနဲ့မတူတဲ့ပဲစုန့်ချင်းလော်ရဲ့ခန္ဓာကိုယ်ဟာအားမရှိစွာဖြင့်အိပ်စက်နေသည်။အသိပျောက်နေတာထင်တယ် လင်ပန့်ရှသူနဲ့ကြိုးစားကပ်လိုက်သည်။ကံကောင်းတာကနှစ်ယောက်ရဲ့အကွာအဝေးကသိပ်မဝေးပေ။နောက်တစ်ကြိမ်ထပ်နိုးမလာခင်မှာ စုန့်ချင်းလော်ရဲ့လက်ကိုလင်ပန့်ရှကိုင်လိုက်သည်
"ချင်းလော်ချင်းလော်--"သူ့ရဲ့နာမည်ကိုခေါ်နေရင်းရှောင်ဟွားကိုဖက်ထားသလိုမျိူးသူ့ကိုပါဖက်လိုက်တာကြောင့်ရှောင်ဟွားကအလယ်မှာညပ်သွားသည်။လင်ပန့်ရှရဲ့ပုံစံအတိုင်းလက်မြှောက်လိုက်ပြီးစုန့်ချင်းလော်ရဲ့အင်္ကျီစကိုလှမ်းဆွဲလိုက်သည် : "စုန့်ကောကောစုန့်ကောကော"
စုန့်ချင်းလော်ရဲ့မျက်လုံးတစ်စုံဟာတင်းကျပ်စွာပိတ်ထားလျက်မျက်နှာကလည်းဖြူစုတ်နေသည်။လင်ပန့်ရှခေါ်တာကိုလည်းမသိ လင်ပန့်ရှကြည့်နေရင်းနာကျင်လာသည်ကြောင့်သူ့ကိုရင်ခွင်ထဲထည့်တင်းတင်းဖက်လိုက်သည်။သနားစရာရှောင်ဟွားလေးကသာအဖိခံထားရသည်ကြောင့်ရှောင်ဟွားလေးဖြစ်သွားသည်။
ဒီလိုဖက်ထားရင်းစုန့်ချင်းလော်နဲ့အတူအိမ်မက်တစ်လွှာပြီးတစ်လွှာကျနေသည်။ပတ်ဝန်းကျင်ကမြင်ကွင်းတွေကလည်းပြာလိုလောင်ကျွမ်းပျက်စီးသွားတဲ့အထိ အသံလည်းတိတ်ဆိတ်သွားသည်။ရင်ခွင်ထဲမှာဗလာဖြစ်သွားတယ် အစကသူ့ရင်ခွင်ထဲမှာဖက်ထားတဲ့စုန့်ချင်းလော်ကိုမတွေ့တော့ သူ့ခြေထောက်ကိုပြင်းပြင်းထန်ထန်ဆန့်မိသွားကာမာတောင့်တောင့်တစ်ခုကိုကန်မိသွားသည်အားအရမ်းများနေတာကြောင့်ခြေချင်းဝတ်ကပြင်းပြင်းထန်ထန်နာလာသည်
"အား!!"လင်ပန့်ရှအော်ပြီးတာနဲ့တစ်ခေါင်းလုံးချွေးအပြည့်ဖြင့်နိုးလာသည်။တဂျုံးဂျုံးနဲ့အသံကြားနေရတယ် ရထားပေါ်မှာထိုင်နေတာကိုသိလိုက်ရတယ် ပြတင်းပေါက်အပြင်မှာလည်းမိုးရွာနေတုန်းပဲ သူ့ဘေးမှာလှဲနေတဲ့စုန့်ချင်းလော်ကမျက်လုံးမှိတ်ထားပြီးအေးအေးချမ်းချမ်းအိပ်နေတယ်
စုန့်ချင်းလော်ရဲ့အိပ်နေတဲ့မျက်နှာကိုမြင်တော့သူအိမ်မက်မက်နေတာလားလို့သံသယဖြစ်မိတယ် လင်ပန့်ရှတွေးကြည့်လိုက်ပြီးကိုယ့်လက်ကိုယ်ဆိတ်ကြည့်လိုက်သည်။ဒီခဏမှာတင်သူ့ခေါင်းပေါ်ကနေချက်ချင်းကိုချွေးအေးကျလာသည်။သူ့လက်ကလုံးဝကိုမနာဘူး!!
မနိုးလာသေးတာများလား? ရှောင်ဟွားကိုမြင်နေရတာကလည်းအိမ်မက်ရဲ့မြင်ကွင်းတစ်ခုပဲလား? ဒီအတွေးရူးသွပ်စေဖို့လုံလောက်သည်။လင်ပန့်ရှနဖူးကိုသုတ်လိုက်တော့ချွေးအေးတွေပါလာသည်။ဒီပြဿနာကိုတွေးတောနေတုန်း ဘေးရှိစုန့်ချင်းလော်၏မျက်တောင်ရှည်ရှည်များဟာလှုပ်လာသည်။နိုးလာပြီထင်တယ်
လင်ပန့်ရှကြည့်နေရင်းအမြန်ခေါ်လိုက်သည် : "ချင်းလော်!"
စုန့်ချင်းလော်မျက်လုံးဖွင့်ကြည့်တော့လင်ပန့်ရှကိုတွေ့လိုက်ရသည်။သူ့မျက်ဝန်းထဲမှာပျော်ရွှင်မှုတစ်မျှင်ရှိပေမဲ့ချက်ချင်းဖုံးအုပ်လိုက်သည်။သူလွယ်အိတ်ကိုစမ်းလိုက်ပြီးဘယ်နားကထုတ်လိုက်မှန်းမသိတဲ့ဓားမြှောင်နဲ့ကိုယ့်လက်ကိုယ်ထိုးဖို့လုပ်သည်။
လင်ပန့်ရှလန့်သွားတာကြောင့်စုန့်ချင်းလော်ရဲ့လက်ကိုအမြန်ဆွဲလိုက်သည် : "မလုပ်နဲ့မလုပ်နဲ့မလုပ်နဲ့--ငါတို့ထွက်လာပြီလေ!!"
စုန့်ချင်းလော်ကအသံမထွက်ပဲအမူအရာမဲ့နေတဲ့မျက်နှာနဲ့လင်ပန့်ရှကိုစိုက်ကြည့်နေသည်။
ဒီတော့မှလင်ပန့်ရှသိလိုက်ရတာက စုန့်ချင်းလော်ကကိုယ့်ကိုအတော်လေးမျက်နှာသာပေးတယ်ဆိုတာပဲ ဒီနေ့မတိုင်ခင်ဒီလိုအကြည့်နဲ့ကိုယ့်ကိုဘယ်တုန်းကမှမကြည့်ခဲ့ဖူး ဒီလိုအေးစက်စက်အကြည့်မျိုးကစုန့်ချင်းလော်ကအန္တရာယ်တွေနဲ့ပြည့်နေတယ်ဆိုတဲ့ခံစားချက်ကိုပေးတယ် လင်ပန့်ရှနောက်တစ်ကြောင်းထပ်ပြောလိုက်တာနဲ့သူ့လက်ထဲကဓားကလင်ပန့်ရှလည်ပင်းပေါ်ရောက်တော့မလို
လင်ပန့်ရှမစွန့်စားရဲတာကြောင့်နောက်ဆုတ်လိုက်သည် : "ချင်းလော် မင်းစိတ်ငြိမ်ငြိမ်ထား ငါတို့တကယ်နိုးလာတာနေမယ်!!"
စုန့်ချင်းလော်ကအရင်အတိုင်းအေးစက်နေပြီးတစ်ခွန်းမှမပြော
လင်ပန့်ရှ : "ငါကိုယ့်ကိုယ်ဆိတ်လိုက်တာကိုဘာလို့ဘာခံစားချက်မှမရှိလဲဆိုတာတော့မသိဘူး........နိုးလာပြီမလား?"သူပြောရင်းအားနဲ့ကိုယ့်ကိုယ်ဆိတ်လိုက်ပြန်သည်။ဒီတစ်ခေါက်သူအားသုံးထားတာကြောင့်အော်သံထွက်လာသည် "ငါလူး နာလိုက်တာ........"ခဏလောက်ငြိမ်နေပြီးမှခုနကဘာလို့မနာလဲဆိုတာသိလိုက်သည် "အော် ငါခုနကအိပ်နေတာအနေအထားမမှန်လို့လက်ထုံနေတာ"
လင်ပန့်ရှရဲ့ကြောင်တောင်တောင်ပုံစံကအိမ်မက်ထဲကလူနဲ့မတူလို့နေမယ် စုန့်ချင်းလော်ရဲ့အကြည့်ကအနည်းငယ်ပြေလျော့လာကာအင်္ကျီကြယ်သီးတွေကိုဖြုတ်လိုက်သည်။
ဒါကိုလင်ပန့်ရှတွေ့တော့ထိန့်လန့်သွားသည်။အခုသူ့မှာအိမ်မက်ထဲကမှတ်ဉာဏ်တွေရှိနေတယ်လေ ဆိုတော့သူနဲ့စုန့်ချင်းလော်ကြားမှာဘာဖြစ်ခဲ့လဲဆိုတာသိနေတယ် စုန့်ချင်းလော်ရဲ့လှုပ်ရှားမှုကြောင့်အတွေးစောင်းသွားကာမျက်နှာဂာလည်းနီရဲလာသည် "ချင်းလော် မင်းစိတ်အေးအေးထားပါဦး ဒါကအများနဲ့ဆိုတော့ ငါတို့အိမ်ပြန်ရောက်မှထပ်........"
ပြောလို့မပြီးသေးခင်မှာပဲအကြမ်းခံသည့်စုန့်ချင်းလော်၏ဗိုက်သားဟာပေါ်ထွက်လာသည်။သက်သာနေတဲ့ဒဏ်ရာပေါ်မှာဒဏ်ရာအသစ်ထပ်ဖြည့်ထားသည်။သွေးများရွှဲနေသည်ကြောင့်အခုလေးတင်ခြစ်ထားပုံရသည်။ဒဏ်ရာကိုလင်ပန့်ရှတွေ့တော့အေးစက်သွားသည်။ဒါပေမဲ့စုန့်ချင်းလော်ကတော့ခံစားချက်မရှိသလိုမျိုးနည်းနည်းလေးမှမတုံ့ဆိုင်းပဲဒဏ်ရာပေါ်သို့လက်ဖဝါးဖြင့်ပြင်းပြင်းဖိလိုက်သည်။
သွေးများစွာစီးထွက်လာပြီးသူ့အင်္ကျီကို ဆေးဆိုးသွားသည်။
လင်ပန့်ရှထိန့်လန့်သွားကာ : "မင်းဘာလုပ်တာလဲ--"
စုန့်ချင်းလော်ရဲ့အမူအရာကနူးညံ့လာပြီးအသံနိမ့်နိမ့်ဖြင့်ဆိုသည် : "ကိုယ်တို့ထွက်လာပြီလား?"
"ထွက်လာပြီထင်တယ်"လင်ပန့်ရှစဉ်းစားလိုက်သည် "ဒါမှမဟုတ်မင်းငါ့ကိုပါးနှစ်ချက်လောက်ရိုက်ပေးပါလား ငါနာမနာစမ်းကြည့်မယ်လေ?"
စုန့်ချင်းလော်ရဲ့မျက်ဝန်းထဲအပြုံးပေါ်လာကာလင်ပန့်ရှရဲ့စကားကြောင့်ရွှင်မြူးသွားသည်။
"ရှောင်ဟွားရော?ရှောင်ဟွားဘယ်မှာလဲ? သူမကြောင့်မဟုတ်ရင်ငါတို့ထွက်မလာနိုင်ဘူး"
စုန့်ချင်းလော် : "ဘာတွေဖြစ်ခဲ့တာလဲ?"သူအစအဆုံးချွေးကောင်းယွိနဲ့အတူရှိခဲ့တာ ချွေးကောင်းယွိကိုပိတ်သိမ်းပြီးတော့မှအိမ်မက်ကပြီးဆုံးမယ်လို့စုန့်ချင်းလော်လည်းမမျှော်လင့်ထား ဒါပေမဲ့သူမထင်ထားတာကချွေးကောင်းယွိပိတ်သိမ်းခံရပြီးတော့ ပတ်ဝန်းကျင်မှာထူးဆန်းတဲ့ပြောင်းလဲမှုတွေရှိလာတာပဲ စစချင်းအဆက်မပြတ်ကျရင်းအဆက်မပြတ်နိုးလာရင်းနာမည်မသိနိုင်တဲ့အကြောင်းပြချက်ကြောင့်ကမ္ဘာကြီးကစတင်ပြိုလဲလာသည်။သူသိပ်အားနည်းလွန်းနေတာကြောင့် ကျနေရင်းသတိလွတ်သွားတာ ဒါပေမဲ့တစ်ယောက်ယောက်ဖက်ထားတာကိုတော့ယောင်ဝါးဝါးခံစားမိတယ် အဲ့ဒီရင်ခွင်ကထူးထူးခြားခြားနွေးထွေးနေပြီးသူ့ခန္ဓာကိုယ်ကိုသက်သောင့်သက်သာဖြစ်စေတယ် နိုးလာတဲ့အထိ--မနားတမ်းကျနေတယ်
တကယ်တော့ဒီိခဏကိုလင်ပန့်ရှနားမလည် သေချာစဉ်းစားကြည့်တော့သူတို့ထွက်လာနိုင်တာနဲ့ရှောင်ဟွား ပတ်သက်မှုရှိနေတယ် ဒါကြောင့်ကိုယ်တွေ့ခဲ့သမျှ ကြားခဲ့သမျှကိုစုန့်ချင်းလော်ဆီတစ်ခေါက်ပြန်ပြောလိုက်တယ် စုန့်ချင်းလော်နားထောင်ပြီးနောက်ခဏတိတ်နေသည်။နောက်တော့ဘေးကရှောင်ဟွားရဲ့သေတ္တာကိုယူလိုက်တယ်
သူ့ရဲ့လှုပ်ရှားမှုကြောင့်လင်ပန့်ရှစိတ်လှုပ်ရှားလာသည် : "ရှောင်ဟွားကအထဲမှာရှိနေသေးတာလား?"
စုန့်ချင်းလော် : "သေတ္တာကအထူးလုပ်ထားတာ သာမန်ရိသွမ်းကျစ်းဝုဝင်သွားရင်ထွက်လို့မရတော့ဘူး"သူသက်ပြင်းချလိုက်ပြန်သည် "ဒါပေမဲ့ရိသွမ်းကျစ်းဝုဆိုတာအစကတည်းကသာမန်မဟုတ်ဘူးလေ မတော်တဆဖြစ်တာကလည်းပုံမှန်ပဲ"
ပြောနေရင်းလျှို့ဝှက်နံပါတ်ကိုရိုက်ပြီးသော့ဖွင့်လိုက်သည်။အသံတစ်ချက်မြည်သွားပြီးသေတ္တာထဲမှအရာလည်းပေါ်လာသည်။လင်ပန့်ရှတစ်ချိန်လုံးစိတ်လှုပ်ရှားနေ၏။သေတ္တာထဲမှာညပ်နေတဲ့ရှောင်ဟွားကိုတွေ့ပြီးမှစိတ်ထဲကဖိအားလည်းပြေလျော့သွားသည်။
"ကောကော"မိန်းကလေးရဲ့အသံကချိုမြနေသည်။ဒီလောက်သေးတဲ့သေတ္တာထဲညပ်နေတာများခေါင်းလေးကိုသာမြင်နေရသည်။တစ်ချက်ကြည့်လိုက်တာနဲ့ထိန့်လန့်စရာဖြစ်ပေမဲ့လင်ပန့်ရှကတော့ဘာမှမခံစားရပဲ သူမရဲ့မျက်နှာကိုသာစိုးရိမ်တကြီးညစ်လိုက်သည် : "ရှောင်ဟွား အထဲမှာကြပ်မနေဘူးလား?"
ရှောင်ဟွား : "မကြပ်ဘူးမကြပ်ဘူး အဆင်ပြေတယ်ရယ်"
လင်ပန့်ရှ : "ကောတို့ထွက်လာပြီလား?"
ရှောင်ဟွား : "ထွက်လာပြီ ထွက်လာပြီ"
ဒီတော့မှလင်ပန့်ရှစိတ်လျှော့လိုက်သည်။
ရှောင်ဟွားနဲ့စကားပြောချင်သေးပေမဲ့စုန့်ချင်းလော်ကသူ့လက်ကိုညင်သာစွာထိလိုက်ပြီးအသံတိုးတိုးဖြင့်ဆိုသည် : "မပြောနဲ့တော့ ဒီထဲမှာမသင့်လျော်ဘူး"
ဘာလို့မသင့်လျော်တာလည်းလို့မေးဖို့လုပ်ရင်းစုန့်ချင်းလော်ကြည့်တဲ့အတိုင်းလိုက်ကြည့်လိုက်သည်။ဘေးမှာထိုင်နေကြတဲ့သက်လတ်ပိုင်းလူများဟာထူးဆန်းသည့်အကြည့်များနှင့်သူတို့ကိုကြည့်နေသည်။ဒီတော့မှသူနဲ့စုန့်ချင်းလော်ရဲ့အပြုအမူတွေကသံသယဖြစ်စရာကောင်းနေတာကိုသိလိုက်အမြန်အကြည့်လွှဲလိုက်ပြီးသေတ္တာကိုပိတ်လိုက်သည်။
ဒါပေမဲ့သူတို့နှစ်ယောက်ကနားလည်မှုနောက်ကျနေသည်။မိနစ်အနည်းငယ်ကြာပြီးနောက်တစ်ယောက်ယောက်ကရထားစောင့်ကိုခေါ်လာသည်။
"သွေ့သွေ့သူတို့နှစ်ယောက်ပဲ"သတ္တိရှိတဲ့ဆံပင်ဖြူဖြူနဲ့အဖိုးအိုတစ်ယောက်ဟာပြောလာသည် "သူတို့နှစ်ယောက်ကလေးပြန်ပေးဆွဲနေတယ်လို့ငါထင်တယ်"
လင်ပန့်ရှနဲ့စုန့်ချင်းလော်တို့အချင်းချင်းကြည့်လိုက်ကြသည်။နှစ်ဖက်လုံးရဲ့မျက်ဝန်းထဲမှာတော့မတတ်နိုင်သည့်အမူအရာဖြစ်နေသည်။
"ရဲဘော် ဒါကအထင်လွဲတာပါ"လင်ပန့်ရှအမြန်ထရပ်လိုက်ပြီးရှင်းပြလိုက်သည် "ကျွန်တော်တို့ကလေးခေါ်မလာဘူး........"
"ဒါဆိုခုနကဘာလို့မင်းနဲ့ကလေးတစ်ယောက်စကားပြောတာကြားလိုက်တာလဲ?"အဖိုးကြီးကမိမိနားအရမ်းပါးသလိုပုံစံဖြင့် "သူမကြပ်မကြပ်မင်းမေးနေသေးတယ်လေ ကလေးကမကြပ်ဘူးလို့ပြောလိုက်တယ်!"
ကယ်ပေးပါဆိုတဲ့အကြည့်နဲ့စုန့်ချင်းလော်ဆီကြည့်လိုက်ပေမဲ့ကူညီချင်ပေမဲ့ကူညီလို့မရသည့်ပုံဖြင့်စုန့်ချင်းလော်ကလက်လွှတ်သွားသည်။
ရထားစောင့်ကလင်ပန့်ရှကိုကြည့်ပြီးစုန့်ချင်းလော်ကိုပြန်ကြည့်လိုက်သည်။ဒီနှစ်ယောက်ကလူဆိုးနဲ့ဘာမှမတူ ဒါပေမဲ့လုံခြုံရေးအရ သူတို့ယူလာတဲ့ပစ္စည်းတွေကိုတော့စစ်ရမယ်
အဖိုးအိုဟာသားကောင်းကိုစိုက်ကြည့်နေသည့်ကျားကဲ့သို့မျက်လုံးရှင်ရှင်ထားနေသည်။လင်ပန့်ရှရယ်ရမလိုငိုရမလို တကယ်မမျှော်လင့်ပဲကံဆိုးနေတာပဲ ဒါပေမဲ့အခြေအနေတစ်ခုကပြောမယ်ဆိုရင် နိုးနိုးကြားကြားရှိတဲ့လူတစ်စုကိုကျေးဇူးတင်ရမယ် တကယ်လည်းသူတို့ကိုယ်ပေါ်မှာကလေးလေးတစ်ယောက်ကိုသယ်ထားတယ်လေ
သေတ္တာရဲ့အရွယ်အစားကလူဝင်နိုင်တဲ့ပုံစံနဲ့မတူတာကြောင့်စစ်ဆေးမခံရ ခုံပေါ်မှာပြန်ထိုင်လိုက်ပြီးဆက်မပြောရဲတော့ ဘေးကလူတွေကတော့နားရွက်ထောင်ထားလျက် အချိန်မရွေးစောင့်ကြည့်နေတဲ့ပုံစံလုပ်ထားသည်။
စုန့်ချင်းလော်ကိုစိတ်ပူတာကြောင့်ရထားပေါ်ကဆင်းပြီးဆေးရုံကိုတန်းသွားမလားလို့မေးလိုက်သည်။
အရင်အတိုင်းကိစ္စမရှိကြောင်းပြနေသည်ကြောင့်ဆေးရုံသွားဖို့မရှိ
လင်ပန့်ရှမှာမတတ်နိုင်တဲ့အရိပ်အယောင်ပေါ်လာတာကိုစုန့်ချင်းလော်တွေ့တော့လင်ပန့်ရှရဲ့လက်ဖမိုးကနေလက်ချောင်းများကြားတိုးဝင်လာကာသူ့လက်နှင့်ထပ်ထားသည်။
အိမ်မက်ထဲမှာဆိုရင်နှစ်ယောက်လုံးလက်တွဲထားပြီးဖြစ်ပေမဲ့လက်တွေ့မှာတော့ပထမဆုံးအကြိမ်ဖြစ်သည်ကြောင့်လင်ပန့်ရှနားရင်းကတိုင်ပူတက်လာသည်။ဂရုမစိုက်တဲ့ပုံနဲ့လှည့်လိုက်ပြီးပြတင်းပေါက်ကိုကြည့်နေဟန်ဆောင်လိုက်သည်။တကယ်တော့ပျာယာခတ်နေတဲ့မိမိအကြည့်ကိုဖုံးထားချင်၍ဖြစ်သည်။
စုန့်ချင်းလော်ရဲ့လက်ချောင်းတွေကအေးစက်နေသည်။လင်ပန့်ရှကိုတင်းတင်းချည်ထားပြီးနောက်လင်ပန့်ရှရဲ့အနွေးဓာတ်ကသူ့လက်ပေါ်သို့ဖြေးဖြေးချင်းရောက်လာသည်ကိုခံစားမိသည်။ဒါကလူ့အရည်ပြားရဲ့အနွေးဓာတ်ဖြစ်သည်။ရိုးရိုးလေးကိုင်တွယ်ထိတွေ့လိုက်ရင်ကိုအလွန်သက်သောင့်သက်သာဖြစ်စေသည်။
လင်ပန့်ရှကိုစုန့်ချင်းလော်ကြည့်လိုက်သည်။ခေါင်းလှည့်ထားပြီးပြတင်းပေါက်အပြင်ဘက်ကိုတမင်ကြည့်နေတာ မှန်ပေါ်ရှိအလင်းရောင်မှာသူ့မျက်နှာပေါ်သို့ရောင်ပြန်ဟပ်နေသည်။ကျေနပ်တဲ့ခံစားချက် စိတ်လှုပ်ရှားနေတဲ့အမူအရာရယ် အနီဖျော့ဖျော့သန်းနေတဲ့နားရွက်ပါဝင်နေသည်။
စုန့်ချင်းလော်တွေးလိုက်တယ် သူတကယ်နိုးလာပြီလား နိုးလာပြီဆိုရင်မစစ်မှန်တဲ့အိမ်မက်လိုမျိုးဘာလို့အားလုံးကလှပနေတာလဲ
စာရေးသူမှာပြောစရာရှိပါတယ် :
စုန့်ချင်းလော် : ငါ့ရဲ့လက်ကလင်ပန့်ရှကိုကိုင်ထားတယ် ငါအရမ်းပျော်တယ်
လင်ပန့်ရှ : အော်အော်အော်အော် ငါ့ဘယ်လက်နဲ့စုန့်ချင်းလော်ကိုကိုင်ထားတယ် ညာလက်ကဘဏ်ကဒ်ကိုကိုင်ထားတယ် ငါကပိုပျော်နေတာ!!
စုန့်ချင်းလော်ကအံကြိတ်လိုက်ပြီး : ကိုယ့်ကိုဘဏ်ကဒ်ပေး!
မတရားခံရတဲ့ပုံနဲ့လင်ပန့်ရှလျှောက်သွားလိုက်သည်။ထို့နောက်လက်နှစ်ဖက်ဟာစုန့်ချင်းလော်၏ဆွဲယူခြင်းကိုခံလိုက်ရသည်။
_______________
ဖတ်တော့ဖတ်ပေမဲ့မန့်တွေမပြန်နိုင်တော့လို့အားနာပါတယ် ကိုယ့်အတွက်တော့ဘာသာပြန်ရတာထက်မန့်ပြန်ရတာပိုခက်လို့ပါအချိန်လည်းသိပ်မရတော့လို့ㅠㅠ
စကားမစပ် နောက်လကစပြီးအပ်ပဒိတ်ကျဲနိုင်ပါတယ်
Zawgyi
အပိုင္း ၇၃ [ အိမ္မက္ ] (19)
⟨⟨ႏိုးထျခင္း⟩⟩
ဒါေပမဲ့လင္ပန႔္ရွရဲ႕ေၾကာက္႐ြံ႕မႈနဲ႔မတူပဲ ေရွာင္ဟြားကအဲ့ဒီအရိပ္ေတြကိုသေဘာက်ေနပုံနဲ႔ၾကည္လင္သည့္ရယ္သံထြက္လာသည္။
လင္ပန႔္ရွမတုံ႔ျပန္ရေသးခင္မွာပဲအရိပ္မည္းေတြကခႏၶာကိုယ္ကိုခ်ည္လိုက္ၿပီးဒီအခန္းထဲကေနဆြဲထုတ္သြားသည္။သူ႔ရဲ႕ခႏၶာကိုယ္ကအျမင့္ကေနေျမႀကီးေပၚက်သြားသည္။ႀကီးမားသည့္နာက်င္မႈကအသိကိုတိုက္ခိုက္သည္။ခဏေလာက္ၿငိမ္ေနၿပီးမွေျမႀကီးေပၚမွယိုင္တိယိုင္တိုင္ျဖင့္ထလိုက္သည္။က်ယ္ဝန္းၿပီးဗလာျဖစ္ေနတဲ့ေျမ႐ိုင္းေပၚမွာသူရပ္ေနတာ ေျမ႐ိုင္းရဲ႕အလယ္မွာပ်က္စီးေဟာင္းႏြမ္းေနတဲ့အိမ္အိုတစ္လုံးရွိေနတယ္
ေမာ့ၾကည့္လိုက္ေတာ့ေကာင္းကင္ေပၚကလကိုျပန္ေတြ႕လိုက္ရသည္။လကေတာက္ပၾကည္လင္ေနၿပီးအရင္ကေတာင္ကုန္းလိုလိုအရိပ္ကိုမေတြ႕ရေတာ့
ေရွ႕ကိုႏွစ္လွမ္းစမ္းတိုးၾကည့္လိုက္ေတာ့ေျမႀကီးကလႈပ္ရမ္းလာတာကိုခံစားမိလိုက္သည္။အေကာင္ႀကီးႀကီးတစ္ေကာင္ကအေဝးကေနဒီကိုဦးတည္လာတာထင္တယ္ စိတ္ထဲသံသယႏွင့္ေဝ့ၾကည့္လိုက္ေတာ့လႈပ္ခါမႈရဲ႕အရင္းျမစ္ကိုေတြ႕လိုက္ရသည္။သူ႔ေရွ႕ကအိမ္အိုေလးကပဲ အိမ္အိုေလးမွာ နံရံတစ္ခ်ပ္ၿပီးတစ္ခ်ပ္ ၿပိဳက်ေနသည္။ေနာက္ေတာ့တံစက္ၿမိတ္ ၿပီးေတာ့ ျပတင္းေပါက္ တံခါး--ဒီအိမ္ကျပင္းထန္တဲ့လႈပ္ခါမႈကိုမခံႏိုင္ေတာ့ပဲေျဖးေျဖးခ်င္းၿပိဳက်ေနသည္--
ဘာျဖစ္ေနလဲဆိုတာနားမလည္ေပမဲ့ေျပာင္းလဲမႈကေရွာင္ဟြားနဲ႔သက္ဆိုင္ေနမယ္ဆိုတာကိုေတာ့သိတယ္ ဒါေပမဲ့သူကပ္သြားဖို႔လုပ္တုန္းအဲ့ဒီအိမ္ထဲကေနအနက္ေရာင္အရည္ေတြစီးထြက္လာတယ္ ေတာင္ကိုၿဖိဳေတာ့မလိုအရွိန္နဲ႔သူ႔ဆီဦးတည္လာသည္။ဆူနာမီေရလႈိင္းလိုမ်ိဳးအနက္ေရာင္အရည္ေတြကိုေငးၾကည့္ေနသည္။ျမင့္တက္လာသည္မွာေကာင္းကင္လႊမ္းေတာ့မတတ္ ေနရာမွာပဲရပ္ေနတဲ့သူဟာသနားစရာပု႐ြက္ဆိတ္ေလးသာ လွည့္ေျပးတာေတာင္မလုပ္ သူသိေနတယ္ေလ ေျပးလို႔မလြတ္ဘူးဆိုတာ
မလြဲမေသြ မ်က္စိတစ္မွိတ္အတြင္းမွာပဲ အနက္ေရာင္အရည္မ်ားၾကားလင္ပန႔္ရွေရာက္သြားသည္။ေရာဝင္သြားၿပီးမွသိလိုက္ရတာကေရလုံးဝမဟုတ္ပဲ ထိေတြ႕လို႔မရတဲ့အရိပ္ေတြျဖစ္ေနတယ္သူကၾကားထဲမွာအညႇပ္ခံထားရၿပီးပတ္ပတ္လည္မွာလည္းအသံေပါင္းစုံနဲ႔ပုံရိပ္ေတြရွိေနတယ္ ဒီအိမ္မက္တည္ရွိေနတာဘယ္ေလာက္ၾကာၿပီေနလဲလင္ပန႔္ရွမသိ ဘယ္နားကေရာက္လာလဲဆိုတာပိုေတာင္မသိေသး ဒါေပမဲ့ႏိုင္ငံေပါင္းစုံရဲ႕ဘာသာစကားေတြကိုသူၾကားေနရတယ္ အိမ္မက္ကကမာၻပတ္ဖူးတယ္ထင္တယ္........အပိုင္းပိုင္းျဖစ္ေနတဲ့ျမင္ကြင္းေတြကအျမင္အာ႐ုံရဲ႕ေနရာတိုင္းမွာရွိေနသည္။ဒီထဲကေနထြက္သြားခ်င္တာေၾကာင့္လင္ပန႔္ရွအားကုန္႐ုန္းကန္မိသည္။ခႏၶာကိုယ္ကအားသိပ္မရွိတာေၾကာင့္လက္ေလွ်ာ့႐ုံသာ မသိတဲ့တစ္ေနရာကိုသာေမ်ာေနသည္။
ဘယ္ေလာက္ၾကာၾကာေမ်ာေနလဲမသိေတာ့ တစ္ရက္ျဖစ္မယ္ တစ္လလည္းျဖစ္မယ္ ပိုၾကာတာလည္းျဖစ္ႏိုင္တယ္ သူ႔စိတ္လည္းပင္ပန္းေနၿပီ အိပ္ခ်င္စိတ္ကသာစိတ္ထဲေရာက္ေနသည္။ထူးဆန္းသည့္အသံမ်ားႏွင့္အတူ လင္ပန႔္ရွမ်က္လုံးမွိတ္ထားရင္းဘယ္တုန္းကမွမအိပ္ဖူးတဲ့အိပ္ေမာက်မႈမ်ိဳးနဲ႔အိပ္ေပ်ာ္သြားသည္။
ဒီတစ္ေခါက္ေတာ့သူအိမ္မက္မမက္ေတာ့ပဲအ႐ူးအမူးအိပ္စက္ျခင္းသာရွိသည္။
လင္ပန႔္ရွႏိုးလာေတာ့ ေဘးကအရာအားလုံးေပ်ာက္သြားသည္။အသံလည္းမရွိ ျမင္ကြင္းလည္းမရွိ ေျခေထာက္ေအာက္ကေျမႀကီးလည္းမရွိ ေကာင္းကင္ေပၚကလလည္းမရွိေတာ့ပဲဘာမွမရွိတဲ့အေမွာင္ထုထဲမွာရပ္ေန၏။
ခုနကေျပာင္းလဲမႈကဘာကိုဆိုလိုတာလဲ? ေရွာင္ဟြားတစ္ခုခုျဖစ္သြားတာလား? ေရွာင္ဟြားကအိမ္မက္ကိုဘာလုပ္လိုက္တာလဲ? လင္ပန႔္ရွေတြးေနခ်ိန္မွာပဲ အေမွာင္ထဲကေနပ်ံ႕လြင့္လာတဲ့ငိုသံကိုၾကားလိုက္ရသည္။ဒီအသံေၾကာင့္လင္ပန႔္ရွလန႔္သြားသည္။ေရွာင္ဟြားငိုေနတာလို႔ထင္တာေၾကာင့္ငိုသံလာရာကိုအ႐ူးအမူးေျပးသြားလိုက္သည္။ငိုသံနဲ႔နီးလာေတာ့မွငိုေနတာကေရွာင္ဟြားမဟုတ္ဘူးဆိုတာသိလိုက္တယ္........
လင္ပန႔္ရွအသံေနာက္ကိုလိုက္သြားေတာ့အလင္းတစ္ေၾကာင္းကိုျမင္လိုက္ရသည္။ျပတင္းေပါက္ေသးေသးေလးတစ္ခု ေဖ်ာ့ေတာ့ေတာ့အလင္းတစ္ခုပဲရွိေနတယ္ ေမွာင္မည္းေနတဲ့ပတ္ဝန္းက်င္ထဲမွာအလင္းတန္းေလးတစ္ေၾကာင္းကအျမင္အာ႐ုံကိုဆြဲေဆာင္ဖို႔လုံေလာက္တယ္
အဲ့ဒီထဲကိုလင္ပန႔္ရွေျပးသြားလိုက္ေတာ့ျပတင္းေပါက္တစ္ေပါက္ကိုေတြ႕လိုက္ရသည္။ျပတင္းေပါက္ေဘးမွာရင္းႏွီးေနတဲ့ တစ္ေယာက္အိပ္ကုတင္ေလးရွိေနတယ္ အဲ့ဒီအခန္းေလးထဲမွာေတြ႕ခဲ့တာနဲ႔မတူတာကဒီကုတင္ေပၚမွာအသြင္အျပင္ထူးဆန္းတဲ့လူထိုင္ေနတာ သူ႔ရဲ႕ေနာက္ေက်ာကေကြးေနၿပီးအဂၤါငါးရပ္လည္းမရွိေပ။အတူလွိမ့္ထားတဲ့အသားပုံနဲ႔ေတာင္ထူေနေသးတယ္ လူေတြနဲ႔ယွဥ္ၾကည့္ရင္ သက္ရွိနဲ႔လုံးဝမတူ သူ႔ရဲ႕ရင္ခြင္ထဲမွာေတာ့ပန္းေရာင္ဝက္ဝံေလးကိုပိုက္ထားသည္။အၾကည့္က ေခါင္းေပၚကတစ္ဝက္အုပ္ခံထားရတဲ့ျပတင္းေပါက္ေလးမွာပဲရွိေနတယ္
ျပတင္းေပါက္အျပင္ဘက္မွာလတစ္စင္းကေကာင္းကင္ေပၚခ်ိတ္ေနလ်က္ေငြေရာင္အလင္းဟာတိမ္းေစာင္းစြာက်ေရာက္ေနသည္။ပိတ္စပါးေလးလိုမ်ိဳးႏူးညံ့ေပ်ာ့ေပ်ာင္းစြာနဲ႔သူ႔မ်က္ႏွာေပၚသို႔က်ေရာက္ေနသည္။သူ႔ရင္ခြင္ထဲကဝက္ဝံေလးဟာလည္းေခါင္းေမာ့ထားၿပီးနာက်င္ေၾကကြဲစြာျဖင့္ရႈိက္ငိုေန၏။ၿပီးေတာ့တစ္ေယာက္ေယာက္ကအခန္းထဲဝင္လာတယ္လူေတြစကားေျပာေနတာကိုလင္ပန႔္ရွၾကားေနရတယ္ ႏွေျမာစရာကတ႐ုတ္ဘာသာစကားမဟုတ္တာေၾကာင့္နားမလည္ ဒါေပမဲ့ေလသံအရေတာ့သိပ္ခင္မင္မႈမရွိတာကိုခြဲျခားႏိုင္တယ္ သူကေတာ့ခႏၶာကိုယ္ကိုအျမန္က်ဳံ႔လိုက္ၿပီးဝမ္းနည္းစြာရႈိက္ငိုေနသည္။
လင္ပန႔္ရွရပ္လိုက္သည္။ေရွ႕ဆက္တိုးဖို႔တုံ႔ဆိုင္းေနရင္းမဆုံးျဖတ္ႏိုင္ျဖစ္ေနခ်ိန္မွာသူတစ္ေလွ်ာက္လုံးၾကည့္ေနတဲ့ျပတင္းေပါက္ေလးဟာအရာတစ္ခုခုနဲ႔ပိတ္ခံလိုက္ရသည္။
တစ္ခုတည္းေသာအလင္းတန္းေလးဟာလုံးဝေပ်ာက္သြားၿပီျဖစ္ကာကမာၻတစ္ခုလုံးအေမွာင္ထုထဲျပန္ေရာက္သြားသည္။
သူကအေမွာင္ထဲမွာပုန္းေနရင္းေမွ်ာ္လင့္ခ်က္မဲ့စြာျဖင့္ပိုပိုငိုလာသည္။ေနာက္ဆုံး လင္ပန႔္ရွနားထဲမွာမၾကာခဏလွည့္ပတ္ေနတဲ့ေလသံလိုျမည္တမ္းလာသည္။ဒီငိုသံကိုၾကားမွလင္ပန႔္ရွနားလည္သြားတယ္ ေရွ႕မွာသူျမင္ေနရတဲ့ဟာကအိမ္မက္ရဲ႕အရင္းအျမစ္ျဖစ္မယ္..........
ျမည္တမ္းသံမွာပိုပိုက်ယ္လာသည္။ေျခေထာက္ေအာက္ကေျမႀကီးကစတင္ေပ်ာ့ေပ်ာင္းလာသည္ကိုလင္ပန႔္ရွခံစားမိခ်ိန္ဒီအိမ္မက္လႊာကေနထပ္ျပဳတ္က်ဦးမယ္လို႔ထင္ခဲ့ေပမဲ့႐ုတ္တရက္အေမွာင္ထဲကေနၾကည္လင္တဲ့အသံေလးထြက္လာသည္။
"မငိုနဲ႔ေတာ့"ကေလးမေလးတစ္ေယာက္ရဲ႕အသံျဖစ္သည္။အသံကေတာ္ဖီလိုမ်ိဳးခ်ိဳၿမိန္ေနၿပီးငိုေနတဲ့သူ႔ကိုႏွစ္သိမ့္ေပးေနသည္ : "မငိုနဲ႔ေတာ့ေလ ငါနင့္ကိုအေဖာ္လုပ္ေပးေနတယ္"
ဒါကေရွာင္ဟြားရဲ႕အသံပဲ အေမွာင္ထဲမွာဘာျဖစ္ေနလဲဆိုတာသိခ်င္တာေၾကာင့္လင္ပန႔္ရွမ်က္လုံးပိုျပဴးလိုက္သည္။
"နင္ၾကည့္လိုက္ျပတင္းေပါက္ကျပန္ပြင့္သြားၿပီမဟုတ္လား?"ေရွာင္ဟြားေျပာၿပီးတာနဲ႔အပိတ္ခံလိုက္ရတဲ့ျပတင္းေပါက္မွာျပန္ပြင့္လာကာေကာင္းကင္ေပၚရွိလဟာလည္းျမင္ကြင္းထဲျပန္ေရာက္လာသည္။လေရာင္ေအာက္ကသူနဲ႔........ေရွာင္ဟြားကိုလင္ပန႔္ရွေတြ႕လိုက္ရတယ္
ေရွာင္ဟြားကကုတင္ေဘးမွာထိုင္ေနရင္းသူ႔ကိုဖက္ထားတယ္ အဲ့ဒီႏွစ္တုန္းကေၾကာက္လန႔္ေနတဲ့လင္ပန႔္ရွကိုဖက္ထားသလိုမ်ိဳး သူ႔ရဲ႕မေကာင္းဆိုးဝါးလိုပုံစံကိုေရွာင္ဟြားကလုံးဝစိတ္ထဲမထားေၾကာင္ေပါက္စေလးလိုမ်ိဳးကိုယ့္ရဲ႕ႏူးညံ့တဲ့မ်က္ႏွာနဲ႔မညီမညာျဖစ္ေနတဲ့သူ႔ရဲ႕အသားအေရေပၚတြင္ပြတ္သပ္ႏွစ္သိမ့္ေပးေနသည္။
"မေၾကာက္နဲ႔"ေရွာင္ဟြားကဆက္ေျပာတယ္ "ေရွာင္ဟြားရွိတယ္ေလ"
ဒီစကားကိုသူမေျပာၿပီးတာနဲ႔သူ႔ရဲ႕ခႏၶာကိုယ္ဟာအျပင္းအထန္တုန္လႈပ္လာကာအနက္ေရာင္ျမဴခိုးမ်ားထြက္လာသည္။ေရွာင္ဟြားကလည္းဂ႐ုမစိုက္ပဲ ပိုအားထည့္ကာဖက္လိုက္သည္။
လင္ပန႔္ရွစိုးရိမ္သြားတာေၾကာင့္မထိန္းခ်ဳပ္ႏိုင္စြာေခၚလိုက္သည္ : "ေရွာင္ဟြား......."
သူ႔ေခၚသံကိုေရွာင္ဟြားၾကားေတာ့မ်က္ေတာင္ခတ္လိုက္ၿပီးလွည့္ၾကည့္လာကာၿပဳံးရင္းအသံျပဳသည္ : "ေကာေကာ"
လင္ပန႔္ရွသြားဖို႔လုပ္ေပမဲ့ေရွာင္ဟြားကတားသည္ : "ေကာေကာ ေကာမလာနဲ႔ဦး ထပ္ေစာင့္ေပးေနာ္"သူမရဲ႕နဖူးကိုသုံးၿပီးအဲ့ဒီအရာကိုထိန္းလိုက္ကာေႏြးေထြးသည့္အသံႏွင့္ဆိုသည္ : "ခဏထပ္ေစာင့္ရင္ရပါၿပီ"
လင္ပန႔္ရွေျခလွမ္းရပ္႐ုံသာ
အဲ့ဒီအနက္ေရာင္ျမဴေတြကေရွာင္ဟြားနဲ႔သူ႔ကိုအတူခ်ည္ထုပ္ေတာ့မည္။ထို႔ေနာက္သူ႔ရဲ႕ေၾကာက္စရာငိုသံဟာလည္းတေျဖးေျဖးတိုးလာသည္။ခႏၶာကိုယ္ကလည္းတေျဖးေျဖးေပ်ာ္သြားၿပီးေရွာင္ဟြားရဲ႕ျမဴေတြနဲ႔ခ်ည္ေႏွာင္သြားသည္။အစမွာေတာ့အနက္ေရာင္ျမဴမ်ားဟာေရွာင္ဟြားကိုယ္ကိုတေျဖးေျဖးခ်ည္ေနေသးသည္။ေနာက္ေတာ့မွတေျဖးေျဖးေဖ်ာ့သြားသည္။ေရွာင္ဟြားကစုတ္ယူလိုက္သလိုမ်ိဳး ေနာက္ဆုံးပါးလႊာတဲ့ကုတင္ေပၚမွာေရွာင္ဟြားတစ္ေယာက္သာက်န္ခဲ့သည္။သူမကေမာ့လာၿပီးျပတင္းေပါက္အေသးေလးကိုအၾကာႀကီးစိုက္ၾကည့္ေနသည္။အခ်ိန္ေအးခဲေနတာလားလို႔လင္ပန႔္ရွထင္ေတာ့မွျပန္လွည့္လာကာလင္ပန႔္ရွကိုေခၚလာသည္ : "ေကာေကာ!"
သူမအဆင္ေျပတာကိုေတြ႕မွလင္ပန႔္ရွေပ်ာ္႐ႊင္သြားကာအ႐ူးအမူးေျပးသြားလိုက္သည္။ေရွာင္ဟြားေရွ႕ေရာက္ေတာ့မွဘာကိုမွဂ႐ုမစိုက္ႏိုင္ေတာ့ပဲေရွာင္ဟြားကိုေပြ႕ဖက္လိုက္သည္။ေရွာင္ဟြားနဲ႔ပတ္သတ္တဲ့မွတ္ဉာဏ္ေတြကိုျပန္ရသြားၿပီျဖစ္သည္။ခႏၶာကိုယ္ထဲဝင္မတတ္မိန္းကေလးကိုအားျဖင့္ဖက္ထားရင္းပြတ္သပ္ေပးလိုက္သည္ : "ေရွာင္ဟြား--ေကာလန႔္ေအာင္လုပ္ေနတာပဲ!!"
ေရွာင္ဟြားကပြတ္သပ္မႈေၾကာင့္တဟင္းဟင္းညဥ္းေနရင္းမ်က္ႏွာေလးကိုေမာ့ကာအသံခ်ိဳခ်ိဳျဖင့္ဆိုသည္ : "ေကာေကာမေၾကာက္နဲ႔ေရွာင္ဟြားရွိတယ္" ေျပာရင္းခုနကဟာကိုပြတ္သပ္သလိုမ်ိဳးလင္ပန႔္ရွရဲ႕ရင္ဘတ္ကိုပြတ္သပ္ေနသည္။
သူမရဲ႕ပြတ္သပ္မႈေၾကာင့္လင္ပန႔္ရွရဲ႕ႏွလုံးသားေလးေပ်ာ့ေပ်ာင္းသြားကယသူမကိုအျပစ္မတင္ရက္ေတာ့ : "မိန္းသူ႔ကိုဘာလုပ္လိုက္တာလဲ?"
ေရွာင္ဟြား : "ဘာမွမဟုတ္ဘူးရယ္ သူကအရမ္းေၾကာက္ေနတာေလ အဲ့ဒီႏွစ္ကေကာေကာလိုပဲ သူမေၾကာက္ေအာင္ဘယ္လိုလုပ္ရမလဲဆိုတာေရွာင္ဟြားသိတယ္ေလ........"
အဲ့ဒီႏွစ္ကိုသတိရသြားတာေၾကာင့္လင္ပန႔္ရွႏွာေခါင္းထဲခ်ဥ္လာကာေရွာင္ဟြားရဲ႕ေခါင္းကိုပြတ္ေပးလိုက္သည္ : "ဒါဆိုအခုသူဘယ္သြားလဲ?"
ေရွာင္ဟြားဆီမွာစိုးရိမ္ေနသည့္အရိပ္အေယာင္ေပၚလာသည္။
လင္ပန႔္ရွ : "ဘာလို႔ဒီအမူအရာျဖစ္ေနတာလဲ?"
ေရွာင္ဟြား : "မိန္းမထင္ထားတာက........."
လင္ပန႔္ရွ : "ဘာကိုမထင္ထားတာလဲ?"
ေရွာင္ဟြား : "သူေၾကာက္ပဲေၾကာက္ေနမယ္လို႔မထင္ခဲ့တာ"သူမရဲ႕ဝမ္းဗိုက္ကိုကိုင္လိုက္ကာ "အကုန္လုံးမရွိေတာ့ဘူး......."
ေရွာင္ဟြားဆိုလိုတာကိုလင္ပန႔္ရွသေဘာေပါက္လိုက္သည္။ဒါေပမဲ့သေဘာေပါက္တယ္ဆိုတာကသူလက္ခံတယ္လို႔မေျပာဘူးေလ ေရွာင္ဟြားရဲ႕ဝိုင္းစက္ေနတဲ့ဗိုက္ကိုခဏေလာက္စိုက္ၾကည့္ေနရင္းဘာေျပာသင့္လဲမသိေတာ့
လင္ပန႔္ရွရဲ႕တိတ္ဆိတ္မႈေၾကာင့္ေရွာင္ဟြားပ်ာယာခတ္သြားကာမ်က္လုံးဝိုင္းဝိုင္းျဖင့္ဆိုသည္ : "ေကာေကာကေရွာင္ဟြားကိုစိတ္ဆိုးေနတာလားဟင္? ေရွာင္ဟြားလည္းဒီလိုမထင္ဘူးေလ ဒါေပမဲ့သူရွိေနေသးရင္ ေကာေကာထြက္လို႔မရေတာ့ဘူး"
လင္ပန႔္ရွသက္ျပင္းခ်လိုက္တယ္ : "ေကာေကာဘယ္ေတာ့မွေရွာင္ဟြားကိုေဒါသထြက္မွာမဟုတ္ဘူး"ေရွာင္ဟြားကိုေပြ႕ထားရင္းစိတ္ဝိညာဥ္ကျပည့္စုံမႈကိုခံစားေနရသည္။ေပ်ာက္ေနတဲ့တစ္စိတ္တစ္ပိုင္းကအျဖည့္ခံထားရသလိုမ်ိဳး
ေရွာင္ဟြားကနားေထာင္ၿပီးေနာက္ေပ်ာ္႐ႊင္စြာျဖင့္ရယ္လာသည္ : "ေကာေကာသေဘာအက်ဆုံးကေရွာင္ဟြားဆိုတာသိေနတယ္"
လင္ပန႔္ရွ : "ဒါနဲ႔ ေကာတို႔ဘယ္လိုထြက္ၾကမလဲ?"
"သူမရွိေတာ့ေပမဲ့ဒီကမာၻရဲ႕အားသာခ်က္ကရွိေနတယ္ အားသာခ်က္ေပ်ာက္သြားမွ ဒီအိမ္မက္ၿပီးသြားမွာရယ္"
အားသာခ်က္ကေခြၽးေကာင္းယြိ ေမွာင္မည္းေနတဲ့ေနရာကိုလင္ပန႔္ရွေဝ့ၾကည့္လိုက္သည္ေခြၽးေကာင္းယြိအိမ္မက္ဘယ္ႏွစ္လႊာမွာရွိေနလဲဆိုတာသိဖို႔လင္ပန႔္ရွစိုးရိမ္ေနခ်ိန္ေခါင္းေပၚမွအသံၾကားလိုက္ရသည္ေၾကာင့္လင္ပန႔္ရွႏွင့္ေရွာင္ဟြားတို႔အတူေမာ့ၾကည့္လိုက္သည္။သူတို႔ေခါင္းေပၚကေမွာင္မည္းမည္းအမိုးကဖန္လိုမ်ိဳးကြဲေၾကာင္းအက္လာသည္။အကြဲၾကားတြင္ေဖ်ာ့ေတာ့သည့္အလင္းရွိေနသည္
"ကြဲသြားၿပီ"ေရွာင္ဟြားကေျပာလိုက္တယ္
ဒီစကားလုံးႏွစ္လုံးကိုသူမေျပာၿပီးၿပီးခ်င္းမွာပဲလင္ပန႔္ရွေျခေထာက္ေအာက္မွာဗလာျဖစ္သြားသည္။ျပင္းထန္သည့္လစ္ဟာမႈဟာသူ႔တစ္ကိုယ္လုံးကိုလိပ္သြားသည္။ျပဳတ္က်တဲ့ခဏမွာ ရင္ခြင္ထဲကမိန္းကေလးကိုအေသဖက္ထားဖို႔လည္းမေမ့မိန္းကေလးကလည္းမေၾကာက္ပဲလင္ပန္႔ရွနဲ႔ကစားေနသလိုမ်ိဳးတခစ္ခစ္ျဖင့္ရယ္ေနေသးသည္
ခဏၾကာေတာ့ေပ်ာ့ေပ်ာင္းႏူးညံ့တဲ့အိပ္ရာနဲ႔လင္ပန႔္ရွရဲ႕ကိုယ္နဲ႔ထိေတြ႕သြားသည္။ပတ္ဝန္းက်င္ကိုမၾကည့္ရေသးခင္မွာပဲလစ္ဟာတဲ့ခံစားခ်က္ဟာလိုက္လာသည္--သူထပ္ႏိုးလာၿပီ
မရပ္တမ္းက်တယ္ အဆက္မျပတ္ႏိုးလာတယ္ မရပ္တမ္းအျမင့္ကေနျပဳတ္က်တယ္ မေရမတြက္ႏိုင္တဲ့အိမ္မက္မ်ားစြာနဲ႔တိုးမိတယ္ ဘယ္ႏွစ္ႀကိမ္က်ေနၿပီလဲမသိေတာ့ လင္ပန႔္ရွထုံေနၿပီျဖစ္သည္။ရင္ခြင္ထဲမွာအဖက္ခံထားရတဲ့ေရွာင္ဟြားကေတာ့ပိုပိုေပ်ာ္ေနလ်က္ရယ္သံမ်ားထြက္ေနသည္။ကေလးရဲ႕ဖိအားခံႏိုင္ရည္နဲ႔မတူတာေၾကာင့္လင္ပန႔္ရွသက္ျပင္းခ်ေနတုန္းအက်ႌလက္ကိုလာဆြဲသည္ေၾကာင့္လင္ပန႔္ရွငုံ႔ၾကည့္လိုက္မွေရွာင္ဟြားကဆိုသည္ : "ေကာေကာေကာေကာအဲ့ဒါကေကာသေဘာက်ေနတဲ့စုန႔္ေကာေကာမလား?"
အစကေတာ့လင္ပန႔္ရွေၾကာင္သြားၿပီးေရွာင္ဟြားၫႊန္ျပတဲ့ေနရာကိုလိုက္ၾကည့္လိုက္ကာခ်က္ခ်င္းအံ့ဩသြားသည္။မထင္မွတ္ထားပဲစုန႔္ခ်င္းေလာ္ကိုေတြ႕လိုက္ရသည္
အႏၲရာယ္ကင္းတဲ့အေျခအေနနဲ႔မတူတဲ့ပဲစုန႔္ခ်င္းေလာ္ရဲ႕ခႏၶာကိုယ္ဟာအားမရွိစြာျဖင့္အိပ္စက္ေနသည္။အသိေပ်ာက္ေနတာထင္တယ္ လင္ပန႔္ရွသူနဲ႔ႀကိဳးစားကပ္လိုက္သည္။ကံေကာင္းတာကႏွစ္ေယာက္ရဲ႕အကြာအေဝးကသိပ္မေဝးေပ။ေနာက္တစ္ႀကိမ္ထပ္ႏိုးမလာခင္မွာ စုန႔္ခ်င္းေလာ္ရဲ႕လက္ကိုလင္ပန႔္ရွကိုင္လိုက္သည္
"ခ်င္းေလာ္ခ်င္းေလာ္--"သူ႔ရဲ႕နာမည္ကိုေခၚေနရင္းေရွာင္ဟြားကိုဖက္ထားသလိုမ်ိဴးသူ႔ကိုပါဖက္လိုက္တာေၾကာင့္ေရွာင္ဟြားကအလယ္မွာညပ္သြားသည္။လင္ပန႔္ရွရဲ႕ပုံစံအတိုင္းလက္ေျမႇာက္လိုက္ၿပီးစုန႔္ခ်င္းေလာ္ရဲ႕အက်ႌစကိုလွမ္းဆြဲလိုက္သည္ : "စုန႔္ေကာေကာစုန႔္ေကာေကာ"
စုန႔္ခ်င္းေလာ္ရဲ႕မ်က္လုံးတစ္စုံဟာတင္းက်ပ္စြာပိတ္ထားလ်က္မ်က္ႏွာကလည္းျဖဴစုတ္ေနသည္။လင္ပန႔္ရွေခၚတာကိုလည္းမသိ လင္ပန႔္ရွၾကည့္ေနရင္းနာက်င္လာသည္ေၾကာင့္သူ႔ကိုရင္ခြင္ထဲထည့္တင္းတင္းဖက္လိုက္သည္။သနားစရာေရွာင္ဟြားေလးကသာအဖိခံထားရသည္ေၾကာင့္ေရွာင္ဟြားေလးျဖစ္သြားသည္။
ဒီလိုဖက္ထားရင္းစုန႔္ခ်င္းေလာ္နဲ႔အတူအိမ္မက္တစ္လႊာၿပီးတစ္လႊာက်ေနသည္။ပတ္ဝန္းက်င္ကျမင္ကြင္းေတြကလည္းျပာလိုေလာင္ကြၽမ္းပ်က္စီးသြားတဲ့အထိ အသံလည္းတိတ္ဆိတ္သြားသည္။ရင္ခြင္ထဲမွာဗလာျဖစ္သြားတယ္ အစကသူ႔ရင္ခြင္ထဲမွာဖက္ထားတဲ့စုန႔္ခ်င္းေလာ္ကိုမေတြ႕ေတာ့ သူ႔ေျခေထာက္ကိုျပင္းျပင္းထန္ထန္ဆန႔္မိသြားကာမာေတာင့္ေတာင့္တစ္ခုကိုကန္မိသြားသည္အားအရမ္းမ်ားေနတာေၾကာင့္ေျခခ်င္းဝတ္ကျပင္းျပင္းထန္ထန္နာလာသည္
"အား!!"လင္ပန႔္ရွေအာ္ၿပီးတာနဲ႔တစ္ေခါင္းလုံးေခြၽးအျပည့္ျဖင့္ႏိုးလာသည္။တဂ်ဳံးဂ်ဳံးနဲ႔အသံၾကားေနရတယ္ ရထားေပၚမွာထိုင္ေနတာကိုသိလိုက္ရတယ္ ျပတင္းေပါက္အျပင္မွာလည္းမိုး႐ြာေနတုန္းပဲ သူ႔ေဘးမွာလွဲေနတဲ့စုန႔္ခ်င္းေလာ္ကမ်က္လုံးမွိတ္ထားၿပီးေအးေအးခ်မ္းခ်မ္းအိပ္ေနတယ္
စုန႔္ခ်င္းေလာ္ရဲ႕အိပ္ေနတဲ့မ်က္ႏွာကိုျမင္ေတာ့သူအိမ္မက္မက္ေနတာလားလို႔သံသယျဖစ္မိတယ္ လင္ပန႔္ရွေတြးၾကည့္လိုက္ၿပီးကိုယ့္လက္ကိုယ္ဆိတ္ၾကည့္လိုက္သည္။ဒီခဏမွာတင္သူ႔ေခါင္းေပၚကေနခ်က္ခ်င္းကိုေခြၽးေအးက်လာသည္။သူ႔လက္ကလုံးဝကိုမနာဘူး!!
မႏိုးလာေသးတာမ်ားလား? ေရွာင္ဟြားကိုျမင္ေနရတာကလည္းအိမ္မက္ရဲ႕ျမင္ကြင္းတစ္ခုပဲလား? ဒီအေတြး႐ူးသြပ္ေစဖို႔လုံေလာက္သည္။လင္ပန႔္ရွနဖူးကိုသုတ္လိုက္ေတာ့ေခြၽးေအးေတြပါလာသည္။ဒီျပႆနာကိုေတြးေတာေနတုန္း ေဘးရွိစုန႔္ခ်င္းေလာ္၏မ်က္ေတာင္ရွည္ရွည္မ်ားဟာလႈပ္လာသည္။ႏိုးလာၿပီထင္တယ္
လင္ပန႔္ရွၾကည့္ေနရင္းအျမန္ေခၚလိုက္သည္ : "ခ်င္းေလာ္!"
စုန႔္ခ်င္းေလာ္မ်က္လုံးဖြင့္ၾကည့္ေတာ့လင္ပန႔္ရွကိုေတြ႕လိုက္ရသည္။သူ႔မ်က္ဝန္းထဲမွာေပ်ာ္႐ႊင္မႈတစ္မွ်င္ရွိေပမဲ့ခ်က္ခ်င္းဖုံးအုပ္လိုက္သည္။သူလြယ္အိတ္ကိုစမ္းလိုက္ၿပီးဘယ္နားကထုတ္လိုက္မွန္းမသိတဲ့ဓားေျမႇာင္နဲ႔ကိုယ့္လက္ကိုယ္ထိုးဖို႔လုပ္သည္။
လင္ပန႔္ရွလန႔္သြားတာေၾကာင့္စုန႔္ခ်င္းေလာ္ရဲ႕လက္ကိုအျမန္ဆြဲလိုက္သည္ : "မလုပ္နဲ႔မလုပ္နဲ႔မလုပ္နဲ႔--ငါတို႔ထြက္လာၿပီေလ!!"
စုန႔္ခ်င္းေလာ္ကအသံမထြက္ပဲအမူအရာမဲ့ေနတဲ့မ်က္ႏွာနဲ႔လင္ပန႔္ရွကိုစိုက္ၾကည့္ေနသည္။
ဒီေတာ့မွလင္ပန႔္ရွသိလိုက္ရတာက စုန႔္ခ်င္းေလာ္ကကိုယ့္ကိုအေတာ္ေလးမ်က္ႏွာသာေပးတယ္ဆိုတာပဲ ဒီေန႔မတိုင္ခင္ဒီလိုအၾကည့္နဲ႔ကိုယ့္ကိုဘယ္တုန္းကမွမၾကည့္ခဲ့ဖူး ဒီလိုေအးစက္စက္အၾကည့္မ်ိဳးကစုန႔္ခ်င္းေလာ္ကအႏၲရာယ္ေတြနဲ႔ျပည့္ေနတယ္ဆိုတဲ့ခံစားခ်က္ကိုေပးတယ္ လင္ပန႔္ရွေနာက္တစ္ေၾကာင္းထပ္ေျပာလိုက္တာနဲ႔သူ႔လက္ထဲကဓားကလင္ပန႔္ရွလည္ပင္းေပၚေရာက္ေတာ့မလို
လင္ပန႔္ရွမစြန႔္စားရဲတာေၾကာင့္ေနာက္ဆုတ္လိုက္သည္ : "ခ်င္းေလာ္ မင္းစိတ္ၿငိမ္ၿငိမ္ထား ငါတို႔တကယ္ႏိုးလာတာေနမယ္!!"
စုန႔္ခ်င္းေလာ္ကအရင္အတိုင္းေအးစက္ေနၿပီးတစ္ခြန္းမွမေျပာ
လင္ပန႔္ရွ : "ငါကိုယ့္ကိုယ္ဆိတ္လိုက္တာကိုဘာလို႔ဘာခံစားခ်က္မွမရွိလဲဆိုတာေတာ့မသိဘူး........ႏိုးလာၿပီမလား?"သူေျပာရင္းအားနဲ႔ကိုယ့္ကိုယ္ဆိတ္လိုက္ျပန္သည္။ဒီတစ္ေခါက္သူအားသုံးထားတာေၾကာင့္ေအာ္သံထြက္လာသည္ "ငါလူး နာလိုက္တာ........"ခဏေလာက္ၿငိမ္ေနၿပီးမွခုနကဘာလို႔မနာလဲဆိုတာသိလိုက္သည္ "ေအာ္ ငါခုနကအိပ္ေနတာအေနအထားမမွန္လို႔လက္ထုံေနတာ"
လင္ပန႔္ရွရဲ႕ေၾကာင္ေတာင္ေတာင္ပုံစံကအိမ္မက္ထဲကလူနဲ႔မတူလို႔ေနမယ္ စုန႔္ခ်င္းေလာ္ရဲ႕အၾကည့္ကအနည္းငယ္ေျပေလ်ာ့လာကာအက်ႌၾကယ္သီးေတြကိုျဖဳတ္လိုက္သည္။
ဒါကိုလင္ပန႔္ရွေတြ႕ေတာ့ထိန႔္လန႔္သြားသည္။အခုသူ႔မွာအိမ္မက္ထဲကမွတ္ဉာဏ္ေတြရွိေနတယ္ေလ ဆိုေတာ့သူနဲ႔စုန႔္ခ်င္းေလာ္ၾကားမွာဘာျဖစ္ခဲ့လဲဆိုတာသိေနတယ္ စုန႔္ခ်င္းေလာ္ရဲ႕လႈပ္ရွားမႈေၾကာင့္အေတြးေစာင္းသြားကာမ်က္ႏွာဂာလည္းနီရဲလာသည္ "ခ်င္းေလာ္ မင္းစိတ္ေအးေအးထားပါဦး ဒါကအမ်ားနဲ႔ဆိုေတာ့ ငါတို႔အိမ္ျပန္ေရာက္မွထပ္........"
ေျပာလို႔မၿပီးေသးခင္မွာပဲအၾကမ္းခံသည့္စုန႔္ခ်င္းေလာ္၏ဗိုက္သားဟာေပၚထြက္လာသည္။သက္သာေနတဲ့ဒဏ္ရာေပၚမွာဒဏ္ရာအသစ္ထပ္ျဖည့္ထားသည္။ေသြးမ်ား႐ႊဲေနသည္ေၾကာင့္အခုေလးတင္ျခစ္ထားပုံရသည္။ဒဏ္ရာကိုလင္ပန႔္ရွေတြ႕ေတာ့ေအးစက္သြားသည္။ဒါေပမဲ့စုန႔္ခ်င္းေလာ္ကေတာ့ခံစားခ်က္မရွိသလိုမ်ိဳးနည္းနည္းေလးမွမတုံ႔ဆိုင္းပဲဒဏ္ရာေပၚသို႔လက္ဖဝါးျဖင့္ျပင္းျပင္းဖိလိုက္သည္။
ေသြးမ်ားစြာစီးထြက္လာၿပီးသူ႔အက်ႌကို ေဆးဆိုးသြားသည္။
လင္ပန႔္ရွထိန႔္လန႔္သြားကာ : "မင္းဘာလုပ္တာလဲ--"
စုန႔္ခ်င္းေလာ္ရဲ႕အမူအရာကႏူးညံ့လာၿပီးအသံနိမ့္နိမ့္ျဖင့္ဆိုသည္ : "ကိုယ္တို႔ထြက္လာၿပီလား?"
"ထြက္လာၿပီထင္တယ္"လင္ပန႔္ရွစဥ္းစားလိုက္သည္ "ဒါမွမဟုတ္မင္းငါ့ကိုပါးႏွစ္ခ်က္ေလာက္႐ိုက္ေပးပါလား ငါနာမနာစမ္းၾကည့္မယ္ေလ?"
စုန႔္ခ်င္းေလာ္ရဲ႕မ်က္ဝန္းထဲအၿပဳံးေပၚလာကာလင္ပန႔္ရွရဲ႕စကားေၾကာင့္႐ႊင္ျမဴးသြားသည္။
"ေရွာင္ဟြားေရာ?ေရွာင္ဟြားဘယ္မွာလဲ? သူမေၾကာင့္မဟုတ္ရင္ငါတို႔ထြက္မလာႏိုင္ဘူး"
စုန႔္ခ်င္းေလာ္ : "ဘာေတြျဖစ္ခဲ့တာလဲ?"သူအစအဆုံးေခြၽးေကာင္းယြိနဲ႔အတူရွိခဲ့တာ ေခြၽးေကာင္းယြိကိုပိတ္သိမ္းၿပီးေတာ့မွအိမ္မက္ကၿပီးဆုံးမယ္လို႔စုန႔္ခ်င္းေလာ္လည္းမေမွ်ာ္လင့္ထား ဒါေပမဲ့သူမထင္ထားတာကေခြၽးေကာင္းယြိပိတ္သိမ္းခံရၿပီးေတာ့ ပတ္ဝန္းက်င္မွာထူးဆန္းတဲ့ေျပာင္းလဲမႈေတြရွိလာတာပဲ စစခ်င္းအဆက္မျပတ္က်ရင္းအဆက္မျပတ္ႏိုးလာရင္းနာမည္မသိႏိုင္တဲ့အေၾကာင္းျပခ်က္ေၾကာင့္ကမာၻႀကီးကစတင္ၿပိဳလဲလာသည္။သူသိပ္အားနည္းလြန္းေနတာေၾကာင့္ က်ေနရင္းသတိလြတ္သြားတာ ဒါေပမဲ့တစ္ေယာက္ေယာက္ဖက္ထားတာကိုေတာ့ေယာင္ဝါးဝါးခံစားမိတယ္ အဲ့ဒီရင္ခြင္ကထူးထူးျခားျခားေႏြးေထြးေနၿပီးသူ႔ခႏၶာကိုယ္ကိုသက္ေသာင့္သက္သာျဖစ္ေစတယ္ ႏိုးလာတဲ့အထိ--မနားတမ္းက်ေနတယ္
တကယ္ေတာ့ဒီိခဏကိုလင္ပန႔္ရွနားမလည္ ေသခ်ာစဥ္းစားၾကည့္ေတာ့သူတို႔ထြက္လာႏိုင္တာနဲ႔ေရွာင္ဟြား ပတ္သက္မႈရွိေနတယ္ ဒါေၾကာင့္ကိုယ္ေတြ႕ခဲ့သမွ် ၾကားခဲ့သမွ်ကိုစုန႔္ခ်င္းေလာ္ဆီတစ္ေခါက္ျပန္ေျပာလိုက္တယ္ စုန႔္ခ်င္းေလာ္နားေထာင္ၿပီးေနာက္ခဏတိတ္ေနသည္။ေနာက္ေတာ့ေဘးကေရွာင္ဟြားရဲ႕ေသတၱာကိုယူလိုက္တယ္
သူ႔ရဲ႕လႈပ္ရွားမႈေၾကာင့္လင္ပန႔္ရွစိတ္လႈပ္ရွားလာသည္ : "ေရွာင္ဟြားကအထဲမွာရွိေနေသးတာလား?"
စုန႔္ခ်င္းေလာ္ : "ေသတၱာကအထူးလုပ္ထားတာ သာမန္ရိသြမ္းက်စ္းဝုဝင္သြားရင္ထြက္လို႔မရေတာ့ဘူး"သူသက္ျပင္းခ်လိုက္ျပန္သည္ "ဒါေပမဲ့ရိသြမ္းက်စ္းဝုဆိုတာအစကတည္းကသာမန္မဟုတ္ဘူးေလ မေတာ္တဆျဖစ္တာကလည္းပုံမွန္ပဲ"
ေျပာေနရင္းလွ်ိဳ႕ဝွက္နံပါတ္ကို႐ိုက္ၿပီးေသာ့ဖြင့္လိုက္သည္။အသံတစ္ခ်က္ျမည္သြားၿပီးေသတၱာထဲမွအရာလည္းေပၚလာသည္။လင္ပန႔္ရွတစ္ခ်ိန္လုံးစိတ္လႈပ္ရွားေန၏။ေသတၱာထဲမွာညပ္ေနတဲ့ေရွာင္ဟြားကိုေတြ႕ၿပီးမွစိတ္ထဲကဖိအားလည္းေျပေလ်ာ့သြားသည္။
"ေကာေကာ"မိန္းကေလးရဲ႕အသံကခ်ိဳျမေနသည္။ဒီေလာက္ေသးတဲ့ေသတၱာထဲညပ္ေနတာမ်ားေခါင္းေလးကိုသာျမင္ေနရသည္။တစ္ခ်က္ၾကည့္လိုက္တာနဲ႔ထိန႔္လန႔္စရာျဖစ္ေပမဲ့လင္ပန႔္ရွကေတာ့ဘာမွမခံစားရပဲ သူမရဲ႕မ်က္ႏွာကိုသာစိုးရိမ္တႀကီးညစ္လိုက္သည္ : "ေရွာင္ဟြား အထဲမွာၾကပ္မေနဘူးလား?"
ေရွာင္ဟြား : "မၾကပ္ဘူးမၾကပ္ဘူး အဆင္ေျပတယ္ရယ္"
လင္ပန႔္ရွ : "ေကာတို႔ထြက္လာၿပီလား?"
ေရွာင္ဟြား : "ထြက္လာၿပီ ထြက္လာၿပီ"
ဒီေတာ့မွလင္ပန႔္ရွစိတ္ေလွ်ာ့လိုက္သည္။
ေရွာင္ဟြားနဲ႔စကားေျပာခ်င္ေသးေပမဲ့စုန႔္ခ်င္းေလာ္ကသူ႔လက္ကိုညင္သာစြာထိလိုက္ၿပီးအသံတိုးတိုးျဖင့္ဆိုသည္ : "မေျပာနဲ႔ေတာ့ ဒီထဲမွာမသင့္ေလ်ာ္ဘူး"
ဘာလို႔မသင့္ေလ်ာ္တာလည္းလို႔ေမးဖို႔လုပ္ရင္းစုန႔္ခ်င္းေလာ္ၾကည့္တဲ့အတိုင္းလိုက္ၾကည့္လိုက္သည္။ေဘးမွာထိုင္ေနၾကတဲ့သက္လတ္ပိုင္းလူမ်ားဟာထူးဆန္းသည့္အၾကည့္မ်ားႏွင့္သူတို႔ကိုၾကည့္ေနသည္။ဒီေတာ့မွသူနဲ႔စုန႔္ခ်င္းေလာ္ရဲ႕အျပဳအမူေတြကသံသယျဖစ္စရာေကာင္းေနတာကိုသိလိုက္အျမန္အၾကည့္လႊဲလိုက္ၿပီးေသတၱာကိုပိတ္လိုက္သည္။
ဒါေပမဲ့သူတို႔ႏွစ္ေယာက္ကနားလည္မႈေနာက္က်ေနသည္။မိနစ္အနည္းငယ္ၾကာၿပီးေနာက္တစ္ေယာက္ေယာက္ကရထားေစာင့္ကိုေခၚလာသည္။
"ေသြ႕ေသြ႕သူတို႔ႏွစ္ေယာက္ပဲ"သတၱိရွိတဲ့ဆံပင္ျဖဴျဖဴနဲ႔အဖိုးအိုတစ္ေယာက္ဟာေျပာလာသည္ "သူတို႔ႏွစ္ေယာက္ကေလးျပန္ေပးဆြဲေနတယ္လို႔ငါထင္တယ္"
လင္ပန႔္ရွနဲ႔စုန႔္ခ်င္းေလာ္တို႔အခ်င္းခ်င္းၾကည့္လိုက္ၾကသည္။ႏွစ္ဖက္လုံးရဲ႕မ်က္ဝန္းထဲမွာေတာ့မတတ္ႏိုင္သည့္အမူအရာျဖစ္ေနသည္။
"ရဲေဘာ္ ဒါကအထင္လြဲတာပါ"လင္ပန႔္ရွအျမန္ထရပ္လိုက္ၿပီးရွင္းျပလိုက္သည္ "ကြၽန္ေတာ္တို႔ကေလးေခၚမလာဘူး........"
"ဒါဆိုခုနကဘာလို႔မင္းနဲ႔ကေလးတစ္ေယာက္စကားေျပာတာၾကားလိုက္တာလဲ?"အဖိုးႀကီးကမိမိနားအရမ္းပါးသလိုပုံစံျဖင့္ "သူမၾကပ္မၾကပ္မင္းေမးေနေသးတယ္ေလ ကေလးကမၾကပ္ဘူးလို႔ေျပာလိုက္တယ္!"
ကယ္ေပးပါဆိုတဲ့အၾကည့္နဲ႔စုန႔္ခ်င္းေလာ္ဆီၾကည့္လိုက္ေပမဲ့ကူညီခ်င္ေပမဲ့ကူညီလို႔မရသည့္ပုံျဖင့္စုန႔္ခ်င္းေလာ္ကလက္လႊတ္သြားသည္။
ရထားေစာင့္ကလင္ပန႔္ရွကိုၾကည့္ၿပီးစုန႔္ခ်င္းေလာ္ကိုျပန္ၾကည့္လိုက္သည္။ဒီႏွစ္ေယာက္ကလူဆိုးနဲ႔ဘာမွမတူ ဒါေပမဲ့လုံၿခဳံေရးအရ သူတို႔ယူလာတဲ့ပစၥည္းေတြကိုေတာ့စစ္ရမယ္
အဖိုးအိုဟာသားေကာင္းကိုစိုက္ၾကည့္ေနသည့္က်ားကဲ့သို႔မ်က္လုံးရွင္ရွင္ထားေနသည္။လင္ပန႔္ရွရယ္ရမလိုငိုရမလို တကယ္မေမွ်ာ္လင့္ပဲကံဆိုးေနတာပဲ ဒါေပမဲ့အေျခအေနတစ္ခုကေျပာမယ္ဆိုရင္ ႏိုးႏိုးၾကားၾကားရွိတဲ့လူတစ္စုကိုေက်းဇူးတင္ရမယ္ တကယ္လည္းသူတို႔ကိုယ္ေပၚမွာကေလးေလးတစ္ေယာက္ကိုသယ္ထားတယ္ေလ
ေသတၱာရဲ႕အ႐ြယ္အစားကလူဝင္ႏိုင္တဲ့ပုံစံနဲ႔မတူတာေၾကာင့္စစ္ေဆးမခံရ ခုံေပၚမွာျပန္ထိုင္လိုက္ၿပီးဆက္မေျပာရဲေတာ့ ေဘးကလူေတြကေတာ့နား႐ြက္ေထာင္ထားလ်က္ အခ်ိန္မေ႐ြးေစာင့္ၾကည့္ေနတဲ့ပုံစံလုပ္ထားသည္။
စုန႔္ခ်င္းေလာ္ကိုစိတ္ပူတာေၾကာင့္ရထားေပၚကဆင္းၿပီးေဆး႐ုံကိုတန္းသြားမလားလို႔ေမးလိုက္သည္။
အရင္အတိုင္းကိစၥမရွိေၾကာင္းျပေနသည္ေၾကာင့္ေဆး႐ုံသြားဖို႔မရွိ
လင္ပန႔္ရွမွာမတတ္ႏိုင္တဲ့အရိပ္အေယာင္ေပၚလာတာကိုစုန႔္ခ်င္းေလာ္ေတြ႕ေတာ့လင္ပန႔္ရွရဲ႕လက္ဖမိုးကေနလက္ေခ်ာင္းမ်ားၾကားတိုးဝင္လာကာသူ႔လက္ႏွင့္ထပ္ထားသည္။
အိမ္မက္ထဲမွာဆိုရင္ႏွစ္ေယာက္လုံးလက္တြဲထားၿပီးျဖစ္ေပမဲ့လက္ေတြ႕မွာေတာ့ပထမဆုံးအႀကိမ္ျဖစ္သည္ေၾကာင့္လင္ပန႔္ရွနားရင္းကတိုင္ပူတက္လာသည္။ဂ႐ုမစိုက္တဲ့ပုံနဲ႔လွည့္လိုက္ၿပီးျပတင္းေပါက္ကိုၾကည့္ေနဟန္ေဆာင္လိုက္သည္။တကယ္ေတာ့ပ်ာယာခတ္ေနတဲ့မိမိအၾကည့္ကိုဖုံးထားခ်င္၍ျဖစ္သည္။
စုန႔္ခ်င္းေလာ္ရဲ႕လက္ေခ်ာင္းေတြကေအးစက္ေနသည္။လင္ပန႔္ရွကိုတင္းတင္းခ်ည္ထားၿပီးေနာက္လင္ပန႔္ရွရဲ႕အေႏြးဓာတ္ကသူ႔လက္ေပၚသို႔ေျဖးေျဖးခ်င္းေရာက္လာသည္ကိုခံစားမိသည္။ဒါကလူ႔အရည္ျပားရဲ႕အေႏြးဓာတ္ျဖစ္သည္။႐ိုး႐ိုးေလးကိုင္တြယ္ထိေတြ႕လိုက္ရင္ကိုအလြန္သက္ေသာင့္သက္သာျဖစ္ေစသည္။
လင္ပန႔္ရွကိုစုန႔္ခ်င္းေလာ္ၾကည့္လိုက္သည္။ေခါင္းလွည့္ထားၿပီးျပတင္းေပါက္အျပင္ဘက္ကိုတမင္ၾကည့္ေနတာ မွန္ေပၚရွိအလင္းေရာင္မွာသူ႔မ်က္ႏွာေပၚသို႔ေရာင္ျပန္ဟပ္ေနသည္။ေက်နပ္တဲ့ခံစားခ်က္ စိတ္လႈပ္ရွားေနတဲ့အမူအရာရယ္ အနီေဖ်ာ့ေဖ်ာ့သန္းေနတဲ့နား႐ြက္ပါဝင္ေနသည္။
စုန႔္ခ်င္းေလာ္ေတြးလိုက္တယ္ သူတကယ္ႏိုးလာၿပီလား ႏိုးလာၿပီဆိုရင္မစစ္မွန္တဲ့အိမ္မက္လိုမ်ိဳးဘာလို႔အားလုံးကလွပေနတာလဲ
စာေရးသူမွာေျပာစရာရွိပါတယ္ :
စုန႔္ခ်င္းေလာ္ : ငါ့ရဲ႕လက္ကလင္ပန႔္ရွကိုကိုင္ထားတယ္ ငါအရမ္းေပ်ာ္တယ္
လင္ပန႔္ရွ : ေအာ္ေအာ္ေအာ္ေအာ္ ငါ့ဘယ္လက္နဲ႔စုန႔္ခ်င္းေလာ္ကိုကိုင္ထားတယ္ ညာလက္ကဘဏ္ကဒ္ကိုကိုင္ထားတယ္ ငါကပိုေပ်ာ္ေနတာ!!
စုန႔္ခ်င္းေလာ္ကအံႀကိတ္လိုက္ၿပီး : ကိုယ့္ကိုဘဏ္ကဒ္ေပး!
မတရားခံရတဲ့ပုံနဲ႔လင္ပန႔္ရွေလွ်ာက္သြားလိုက္သည္။ထို႔ေနာက္လက္ႏွစ္ဖက္ဟာစုန႔္ခ်င္းေလာ္၏ဆြဲယူျခင္းကိုခံလိုက္ရသည္။
_______________
ဖတ္ေတာ့ဖတ္ေပမဲ့မန႔္ေတြမျပန္ႏိုင္ေတာ့လို႔အားနာပါတယ္ ကိုယ့္အတြက္ေတာ့ဘာသာျပန္ရတာထက္မန႔္ျပန္ရတာပိုခက္လို႔ပါအခ်ိန္လည္းသိပ္မရေတာ့လို႔ㅠㅠ
စကားမစပ္ ေနာက္လကစၿပီးအပ္ပဒိတ္က်ဲႏိုင္ပါတယ္