ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

100K 13.8K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 77

216 27 0
By Swae_Nyoe

77 01

အပိုင်း (77)

ဖီးလစ်က သူ၏ လူများနှင့်အတူ ထွက်ခွာသွားသည်။

ရိပ်က ထိုင်ခုံတွင် ထိုင်လျက် လက်ထဲမှ ပျားရည် လက်ဖက်ရည်ကြမ်းကို ထိုင်ကြည့်နေမိသည်။ သူက နောက်ထပ် ဆယ်နှစ်ခန့် အိုစာသွားသလို ခံစားလိုက်ရသည်တာ့ယိက အနောက်မှ ထွက်လာပြီးနောက် မေးသည်။

"ဒေါက်တာ၊ ဒေါက်တာဖီးလစ်က မှန်တယ်လို့ ထင်လား၊ ကျွန်တော်ဆိုလိုတာက Ymက တကယ်ပဲ ဒါကို ဖန်တီးနိုင်လား"

ရိပ်က မ​ဖြေချေ။ သူက ခွက်ကိုသာ စိုက်ကြည့်နေပြီး တစ်ခဏခန့်ကြာပြီးနောက် မေးသည်။

"တာ့ယိ သူ့မှာ ကလဲ့စားချေဖို့ ဆန္ဒရှိမယ်လို့ ထင်လား"

တာ့ယိက မျက်မှောင်ကြုတ်သည်။

"ကလဲ့စားချေတယ်ဟုတ်လား၊ မဖြစ်နိုင်တာ၊ Ym က လူသားတွေလိုမျိုး ခံစားချက်မျိုး ရှိမယ်လို့ မထင်ဘူး၊ သူက ဒီအတိုင်း လူသားတွေရဲ့ ခံစားချက်က ဘာလဲဆိုတာကို နားလည်ဖို့ ကြိုးစားပြီး ခွဲခြမ်းစိတ်ဖြာကြည့်ရုံပဲ၊ သူက လူသားတွေရဲ့ နှလုံးသားကို ဖမ်းဆုပ်နိုင်တဲ့ လးတစ်ယောက် ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ ဂရုစိုက်မှာတော့ မဟုတ်ဘူး၊ ကလဲ့စားချေတယ်ဆိုတာက ခံစားချက်အရ ပြုမူတာမျိုးပဲ၊ ခံစားချက်မရှိတဲ့အခါ ကလဲ့စားချေဖို့ ဆန္ဒ ရှိလာမှာတောင် မဟုတ်ဘူး"

"ဟုတ်တယ် ဒါက ရှင်းပြချက်ပဲ၊ သူက လူသားဖြစ်တည်မှုတွေကို နားလည်နိုင်တယ်၊ ငါတို့ ဘာကိုကြောက်လဲဆိုတာကိုလည်း သိတယ်၊ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိ ဒါကို သုံးလာနိုင်တယ်"

ရိပ်က ခွက်ကို ချသည်။ ထိုသို့ဖြင့် သူက ဖီးလစ်နှင့် အလားတူသည့် အပြုံးမျိုးကို ပြုံးသည်။

"ယိ ဒါက ထိန်းချုပ်မှု လွတ်သွားပြီ၊ ဒါပေမဲ့အခု ဘယ်လိုနည်းနဲ့မဆို ငါတို့ ပြန်လည် ထိန်းချုပ်နိုင်အောင် ကြိုးစားရတော့မယ်၊ ဒါမှမဟုတ် ဖျက်ဆီးဖို့ နည်းလမ်းရှာရမယ်"

တာ့ယိက အံ့သြသွားသည်။

"ဒေါက်တာ ငါတို့အရင် ဖျက်ဆီးထားတဲ့ ကိစ္စတွေက ဘယ်လိုလဲ"

ရိပ်က ခေါင်းခါသည်။

"ငါမင်းကို မပြောခဲ့တာ၊ အစပိုင်းကတည်းက သူ့ကို ထိန်းသိမ်းနိုင်တဲ့ ပရိုဂရမ်တစ်ခုကို ငါရှာတွေ့ခဲ့ပြီးသား၊ ဖျက်ဆီးတဲ့ ဖြစ်စဥ်တွေအားလုံး စတင်လိုက်တာနဲ့ အရာဝတ္ထုတွေကို ယိုဖိတ်လာ​စေလိမ့်မယ်၊ ဒါပေမဲ့ အဲဒီအရာဝတ္ထုတွေက ဘာတွေလဲဆိုတာကို ငါရှာမတွေ့ခဲ့ဘူး၊ နောက်ပိုင်း သိပ်မကြာခင်ကပေါ့ ဖျက်ဆီးတဲ့ ​ဖြစ်စဥ်တွေနဲ့ ပက်သက်တဲ့ ကိစ္စတွေအားလုံးကို ဖျက်ဆီးလိုက်တယ်၊ ငါတို့တွေ YM427ကို သုတ်သင်ဖို့ အသုံးပြုလို့ မရနိုင်တော့ဘူး"

တာ့ယိက ပါးစပ်ကို အသာဖွင့်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ဒေါက်တာရိပ်က ခေါင်းကို မော့ပြီးနောက် သူ့ကို အပြုံးနှင့် ကြည့်ပြန်သည်။

"သူက ကျွန်တော်တို့ကို ဘယ်လိုအရာမျိုး သတင်းပို့ ပို့ဆောင်ချင်နေတယ်လို့ ထင်လဲ၊ သူက ကျွန်တော်တို့ကို မကြောက်တာတော့ သေချာတယ်၊ ဖျက်ဆီးခံရမှာကိုလည်း မကြောက်ဘူး၊ ကျွန်တော်တို့က ဒါကို ဖျက်ဆီးလိုက်ရင်တောင်မှ သူက သူကိုယ်တိုင်အတွက် ပြင်ဆင်မှုတွေ ကြိုလုပ်ထားမှာပဲ၊ အစပိုင်းကတည်းက ဒီယိုဖိတ်မှုဆိုတာက ကျွန်တော်တို့ကို အလျင်စလို မပြုမူဖို့ သတိပေးတာလို့ပဲ ထင်တယ်၊ အခု သူ့ထဲမှာ ပါဝင်တဲ့ ပစ္စည်းတစ်မျိုးက ဖီးလစ် ကျွန်တော်တို့ကို ပို့လာပေးတဲ့ အရာတစ်ခုဆိုတာကို သိလိုက်ရပြီ၊ ကျွန်တော်တို့ ဒါကို ဖျက်ဆီးလိုက်ရင် တစ်လောကလုံးက ကမ္ဘာ့ငရဲအဖြစ် ပြောင်းသွားလိမ့်မယ်၊ နောက်ပိုင်းမှာ သူက ဘာလို့ ဆန္ဒပြောင်းသွားသလဲတော့ မသိဘူး၊ သူက ရုတ်တရက် အဲဒီ ယိုဖိတ်မှု ပစ္စည်းတွေကို ဖြတ်တောက်လိုက်ပြီး ဖျက်ဆီးမှု ဖြစ်စဥ်တောက်လျှောက်က အရာအားလုံးကို တိုက်ရိုက်ဖျက်ဆီး ပစ်လိုက်တယ်၊ ဒီလိုနဲ့ ကျွန်တော်တို့ကို ဘာမှ လုပ်လို့ မရဘူးဆိုတာကို ပြောပြနေသလိုပဲ"

"ယိ ငါတို့ Ym427အတွက် စီစဥ်ထားခဲ့တဲ့ မူလ ညွှန်ကြားမှုတွေကို မှတ်မိလား၊ ငါတို့က သူ့ကို ​ပိုပြီး ပြီးပြည့်စုံချင်တယ်၊ ပိုပြီး အင်အားကြီးစေချင်တယ်၊ ဒါကို ပြီးပြည့်စုံတယ်လို့ ခေါ်တယ်၊ ပိုပြီး အင်းအားကြီးတယ်လို့ ခေါ်တယ်၊ ဒါတွေ အားလုံးက လူသားဖြစ်တည်မှု​တွေရဲ့ ဘက်ထောင့်ပိုင်းကနေ ကြည့်တာပဲ၊ ဒါကြောင့် သူက ညွှန်ကြားမှုအတိုင်း ပြီးပြည့်စုံအောင် လုပ်လာနိုင်တဲ့အခါ ပိုပြီး လူသားဆန်လာလိမ့်မယ်၊ အခုလိုမျိုးပဲ သူက လူအုပ်ထဲမှာ လျှောက်သွားရင်တောင်မှ ဘယ်သူကမှ သူ့ကို လူမဟုတ်ဘူး ဆိုတာကို ယုံနိုင်တော့မှာ မဟုတ်ဘူး"

77 02

"မင်းပြောတာ မှန်တယ်၊ နောက်ပြီး ငါမှားခဲ့တယ်၊ အစပိုင်းကတည်းက ငါက ဒီပရောဂျက်ကို ဆက်လုပ်ဖို့ မတိုက်တွန်းခဲ့ဘူး၊ ငါက အစောပိုင်းကတည်းက ဒီ Ym427ကို ဖျက်ဆီးခဲ့သင့်တာ၊ ငါ့ရဲ့ ရည်မှန်းချက်တွေ ပြင်းပြတဲ့ စိတ်ဆန္ဒတွေအတိုင်း မဖြစ်စေခဲ့သင့်ဘူး၊ နောက်ပြီး ငါကိုယ့်ကိုယ်ကိုယ်လည်း အယုံသွင်းနိုင်ဖို့ ကြိုးစားပြီး သူက ဘယ်လောက်တောင် အပြစ်မဲ့သလဲဆိုတာကို လူတိုင်းကို ယုံကြည်အောင် ပြသဖို့ မကြိုးစားသင့်ခဲ့ဘူး၊ ဒီလိုနဲ့ ငါ့ရဲ့အမှားတွေကို ငါလျစ်လျူရှုခဲ့မိတယ်၊ အဲဒီအစား လူသားဖြစ်တည်မှုများ အားလုံးအတွက် အသက်နဲ့ သေရေးရှင်ရေး အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်တဲ့ အင်အားကြီးတဲ့ ဖန်တီးမှုတစ်ခုကို ဖန်တီးမိသွားတယ်၊ နောက်ပြီးဒါကို ထိန်းချုပ်လို့မရတော့ အခု ငါဒါကို တာဝန်ယူရမဲ့ အချိန်ကျပြီ"

တာ့ယိက မျက်ဝန်းက တစ်ခဏခန့် လင်းလက်သွားသည်။ သူက ခေါင်းသာ ညိတ်၏။

"ဒီတော့ ဒေါက်တာ၊ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"

"ဒါကို တတ်စွမ်းရှိသမျှ ဖျက်ဆီးဖို့ နည်းလမ်းရှာရမှာပေါ့"

တာ့ယိက တည်ငြိမ်စွာ ခေါင်းညိတ်ပြီး မေးခွန်းတစ်ခု မေးသည်။

"ဒါဆိုရင် Ymက ချန်ထားရစ်ခဲ့တဲ့ အဲဒီ ဆိုးရွားတဲ့ အရည်တွေကို ဘယ်လိုလုပ်မလဲ"

ဒေါက်တာရိပ်က မျက်မှောင်အသာ ကြုတ်သည်။

"ဒါက ဖီးလစ်ရဲ့ အထူးတာဝန်ယူထားတဲ့အပိုင်းပဲ ၊ ငါတို့အပိုင်း မဟုတ်ဘူး၊ သူတို့ကလည်း ဒါကို ဖျက်ဆီးဖို့ နည်းလမ်းတစ်ခု ရှာတွေ့ပြီလို့ ပြောမှတော့ သူတို့ကို ဒီကိစ္စနဲ ပတ်သက်ကြီး ယုံကြည်ထားလို့ ရတယ်"

သူက ခေါင်းသာ ခါပြီး ဖျော့တော့စွာ ပြုံးပြန်သည်။

"YM 427 က မင်းအတွက်ကြောင့် ဒီပစ္စည်းတွေကို မဖျက်ဆီးဖို့ပဲ မျှော်လင့်ရတာပဲ"

တာ့ယိကလည်း သူ့အရှေ့မှ လူအိုကြီးက သူ့ကို တည်​ငြိမ်နေစေချင်ကြောင်း သိသည်။ သို့သော် သူကိုယ်တိုင်ကလည်း အခြေအနေက မည်မျှ လေးနက်နေကြောင်း သိသည်။

ဒါက သူတို့လုပ်ထားသည့်အတွက် လူသား ဖြစ်တည်မှုတိုင်းကို တန်ကြေးပေးဆပ်ရန် မထိုက်တန်ချေ။ ဒါက သူတို့ လုပ်သင့်သည့် အခြေခံ တာဝန်ယူမှု ဖြစ်လေသည်.....

မနက်ဖြန်လောကတွင် .....

မဟာမိတ် အစည်းအဝေးပွဲပြီးနောက် အရာအားလုံးက ပုံမှန် လမ်းကြောင်းအတိုင်း ပြန်ရောက်သွားသည်။

ကျန်းကျိရင်ကမူ မိုးကြိုးအဖွဲ့ ဌာနတွင် နေသည်။ သို့သော် ယွီဟော် အ​ခြေစိုက်စခန်းမှ အဖွဲ့ဝင်တိုင်းကို ဒေါက်တာဝိုင်က ပြောင်းရွှေ့သွားခဲ့သည်။ လျှို့ဝှက်တင်ပြချက်အရ သူတို့ကို လျှို့ဝှက် missionများအတွက် သေဆုံးခြင်း ချိိုင့်ဝှမ်းနေရာသို့ ပြောင်းထားသည်ဟု ဆိုသည်။ ကျန်ရှိသည့် စွမ်းရည်အသုံးပြုသူတိုင်းက မူလတာဝန်အဖြစ် အခြေစိုက်စခန်းကို စောင့်ရှောက်ကာကွယ်ပေးနေရသည်။ သူတို့က မဟာမိတ်အတွက် ပြဿနာရှာရန် အလောတကြီး ထွက်သွားခွင့် မရှိချေ။

ဂိမ်း၏ ဇာတ်ကြောင်းအရ မိုးကြိုးအဖွဲ့က ခေါင်းဆောင် ပျောက်သွားသည့်အတွက် ယွင်ချူ၏ လက်အောက်သို့ တိုက်ရိုက်ကျသွားသည်။ ထိုသို့ဖြင့် သူ့အတွက် တည်ငြိမ်သွားသော အနေအထား မျိုး ဖြစ်သွားသည်။ သို့ရာတွင် ကျန်းကျိရင်ကမူ ဒီအ​ခြေအနေကို ဖျက်ဆီးပစ်လိုက်ခြင်းအားဖြင့် လီရွှင်ဖုန်း၏ မတော်တဆမှုက ကြိုတင်ကာ ဖြစ်လာခဲ့သည်။ ယခုအခါ မြူထု အဖွဲ့က ယွင်ချူ၏ အမိန့်ပေးမှုအောက်တွင် တိုက်ရိုက် ရှိနေသည်။ မိုးကြိုးအဖွဲ့မှာမူ နဂိုတာဝန်အတိုင်း ဆက်ယူနိုင်သေး၏။

သူတို့၏ တာဝန်အသစ်ကမူ စစ်၏ရလဒ်ကို ပြောင်းလဲစေရန် ရှေ့တန်းကို သွား၍ ကူညီရန်ဖြစ်သည်။ ဒီနည်းအားဖြင့် လုံခြုံရေး နယ်နိမိတ်နှင့် ဆက်သွယ်ပြီး ရှေ့တန်းသို့ ထွက်ရန် ဖြစ်လာသည်။

စွမ်းရည်အသုံးပြုသူ အများစု၏ အမြင်တွင် ရှေ့တန်းနှင့် ပတ်သက်သည့် တာဝန်တိုင်းက အခက်ခဲဆုံး၊ တာဝန်အများဆုံး ဖြစ်သည်။ သို့သော် ကျန်းကျိရင်ကဲ့သို့သော လူမျိုးအတွက် ရှေ့တန်းမှ တာဝန်များက သူနှင့် အရင်းနှီးဆုံး ဖြစ်နေသည်။ ဒါက သူ၏ တိုက်ပွဲနယ်မြေ ​ဖြစ်၏။ သူက နေ့အချိန်တွင် ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ပြီး ညအချိန်ဆိုလျှင် တိုက်ခိုက်ခြင်း၊ စုဆောင်းခြင်း၊ အမိန့်ပေးခြင်းနှင့် မနက်ဖြန်လောကအတွက် အကြံစည်များကို ချနိုင်လေသည်။ မည်သူကမှ တွေ့ကြုံခံစားနိုင်ခြင်း မရှိသည့် အံ့အားသင့်ဖွယ်ကောင်းသော အတွေ့ကြုံမျိုးလည်း ဖြစ်သည်။ ပို၍ ဆိုးသည်မှာ မနက်ဖြန်လောကတွင်ဖြစ်စေ၊ အစစ်အမှန်လောကတွင်ဖြစ်စေ ယင်ညန်က သူ့ကို အဖော်ပြုနေခြင်း​ ဖြစ်သည်။

သူတို့က ချင်တုံး ရှေ့တန်းမှ ဟွမ်ကျင်းရှေ့တန်းအထိ တောက်လျှောက် တိုက်ခိုက် သွားခဲ့ကြသည်။ မိုးကြိုးအဖွဲ့က ထိန်းသိမ်းထားရသည့် နေရာများက အခြေခံအားဖြင့် တည်ငြိမ်သွားသည်။ လူသားဖြစ်တည်မှုများကလည်း သေမည့်အရေးကို စောင့်စိုင်းနေရန် မလိုအပ်တော့ချေ။ မမျှော်လင့်ထားသည့် မကောင်းဆိုးဝါးများကလည်း ပေါ်ထွက်လာခြင်း မရှိတော့ချေ။ သူတို့က အင်အားကြီးသထက် ကြီးမားလာသည်။ ထိုသို့ဖြင့် တဖြည်းဖြည်းချင်း သူတို့က သူတို့၏ အင်အားများ ပြည့်နှက်လာလျက် ပျောက်ဆုံးသွားသော အိမ်များကို ပြန်လည် တည်ဆောက်လာနိုင်ကြသည်။

77 03

ကျန်းကျိရင်နှင့် ယင်ညန်၏ ကြားမှ ဆက်ဆံရေးကို လူတိုင်းက သိနေကြပြီဖြစ်သည်။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း လက်ခံလာကြသည်။ အထူးသဖြင့် နောက်ပိုင်းတွင် သူတို့က နေရာတစ်ခုသို့ သွားသည့် အချိန်တိုင်းလိုလို တစ်စုံတစ်ယောက်က သူနှင့်ဒေါက်တာယင်အား မည်သည့်အချိန်တွင် လက်ထပ်မည်​ဖြစ်ကြောင်း မေးလာလေ့ရှိသည်။ သို့သော် မေးလာသူတိုင်၏ မျက်နှာတွင် လေးနက်မှုတစ်ဝက် နောက်ပြောင်မှုတစ်ဝက် ပါနေလေ့ရှိသည်။

ထိုသို့ဖြင့် မနက်ဖြန်လောကတွင် နှစ်နှစ်တာက ကုန်လွန်သွားသည်။ မနေ့က ကျန်းကျိရင်က အဆင့်၉သို့ တက်သွားခဲ့သည်။ သို့သော် အစစ်အမှန်လောကတွင် တစ်လပင် မကုန်သေးချေ။

ယင်ညန်ကလည်း ဒီလ လစာရလာသည်။ ထိုသို့ဖြင့် ကျန်းကျိရင်ကို ညစာစားရန် ခေါ်သွား၏။ သူတို့က အိမ်ပြန်လာပြီးနောက် သူ့ကို စက္ကူတစ်အိတ်ပေးလိုက်သည်။

ကျန်းကျိရင်က ပျော်ရွှင်မှု၊ ဝမ်းနည်းမှုများဖြင့် ရောပြွန်းနေသည်။ သူ၏ နှလုံးသားတွင် မကောင်းသော ခံစားချက် ရနေသည်။ သူ၏ အတွေ့အကြုံအရ ယေဘူယျကျကျ ပြောရသော် သူ၏ မိသားစုမှ သူဌေးက ထိုသို့ဖြင့် စကားတစ်ခွန်းမဆိုဘဲ ပစ္စည်းတစ်ခု ပေးလာသောအခါ သူ့ကို ကျေနပ်အောင် လုပ်ချင်၍ ဖြစ်ပေလိမ့်မည်။ သို့သော် ယေဘူယျ​ကျကျ ပြောရသော် ထိုပစ္စည်းများက လူသားများ၏ မျှော်လင့်နိုင်စွမ်းအားကို ကျော်လွန်နေလောက်သေးပြန်သည်။

အိတ်၏ အရည်အသွေးက အလွန်ကောင်းသည်။ လေးလံပြီး အတွင်းတွင် စာရွက်များ အပြည့်ရှိနေသည်။

ကျန်းကျိရင်က ဖွင့်ကာ ကြည့်လိုက်သောအခါ အမျိုးမျိုးသော တိုင်းပြည်များမှ အမျိုးမျိုးသော ဘာသာစကားများဖြင့် ရေးထားသည့် တရားဝင် အသိအမှတ်ပြု လက်ထပ်စာချုပ်များ ဖြစ်နေကြောင်း မြင်လိုက်ရသည်။ စစ်ဆေးရန် မလိုအပ်ချေ။ အားလုံးက အစစ်အမှန် မူရင်းများ ဖြစ်နေသည်။

သူဌေးက မည်သည့်အချိန်ကမှ သူ့ကို ကော်ပီများ ပေးလိမ့်မည်မဟုတ်ချေ။ အကြောင်းမူကား ကော်ပီများအားလုံးကို သူကိုယ်တိုင် အသာအယာ လုပ်နိုင်သောကြောင့်ဖြစ်သည်။

ကျန်းကျိရင်က အိတ်ကို စစ်ကြည့်ပြီးနောက် ဘာပြောရမှန်းမသိတော့ချေ။ ပြောရလျှင် သူကိုယ်တိုင်ပင် စကားတစ်ခွန်းမှ မဆိုနိုင်တော့ချေ။

သူ့အရှေ့မှသူက လူမဟုတ်ကြောင်းလည်း သိသည်။ သို့သော် သူ့ကို အကောင်းဆုံး ပြုမူဆက်ဆံပေးနိုင်ရန် ကြိုစားနေသူလည်း ဖြစ်ပြီး စိတ်ရင်းဖြင့် သူကောင်းရန်အတွက် လုပ်ပေးနေခဲ့သည်။ သူ့ကို အိမ်တစ်လုံးပင် ပေးသေး၏။

ယင်ညန်က သူ့ကို မျက်လုံးထဲသို့ စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းများက ကော့တက်သွားသည်။

"လူသားတွေက ဒီနည်းလမ်းနဲ့ ဆက်ဆံရေးတစ်ခု တည်ထောင်ကြတယ်ဆိုတာ ငါသိထားတယ်"

"တကယ်လို့ အစစ်အမှန်လောကမှာ မင်းငါ့ကို မပြောချင်ဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ ငါ့ရဲ့ လောကမှာတော့ ငါ့ရဲ့လူတွေအားလုံးနဲ့ ဖုတ်ကောင်တွေအားလုံးကို သိစေချင်တယ်"

"ငါ မင်းကို ချစ်တယ်"

"ကျိရင် ငါ့ရဲ့တည်ရှိမှုရဲ့ စက္ကန့်တိုင်းမှာ ငါမင်းကို ချစ်သွားမှာပါ"

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

3.5K 436 8
MCရှင်းယန်နဲ့အတူ မ္ဘာပေါင်းများစွာ လိုက်ပါသွားကြရအောင် I own nothing for this book just translation only translation Started date-17.11.2021 End da...
3.6M 535K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...