BL Completed Package Promotion
>>14/3/2024 to 15/3/2024 ၂ရက်တိတိ ပရိုမိုးရှင်းလေး<<
1.AAML/ဘက်စုံတော်သောအလယ်လမ်းကစားသမားလေး
NP-5500
15% off PP-4675
ယဲ့ရှောင်းယန်က မူလကမ္ဘာမှာ ပရိုဂိမ်းသမားတစ်ဦး ဖြစ်တယ်။ သူက ကမ္ဘာ့ဖလားစင်မြင့်ကနေ အပြန် ရုတ်တရက် ABO လောကတစ်ခုထဲကို ကူးပြောင်းသွားပါတယ်။
အဲဒီကနေ သူက ABO လောကထဲမှာပဲ ပရိုဂိမ်းသမားတစ်ဦး ဖြစ်လာအောင် အဆင့်ဆင့် အကွက်ချ ကြိုးစားသွားတာကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။
ပရိုဂိမ်းသမားဘဝကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မှာ ဖြစ်ပြီးတော့ 5v5 ဂိမ်းတစ်ခုရဲ့ အကြောင်းအရင်း Combo အတွဲအဆက်၊ HP၊ Crit၊ Damage စသဖြင့် အလယ်လမ်းမှာ ကစားရလေ့ ရှိတဲ့ Mage ကို ဘယ်လို ကိုင်တွယ်ဆော့ကစားသွားမလဲ ဆိုတာနဲ့ အယ်ဖာ၊ ဘီတာ၊ အိုမီဂါ ဆိုတာကို နားမလည်တဲ့ အလွဲလေးတွေကို ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
2.AMEG/ နတ်ဆိုးမိစ္ဆာနှင့် လက်ထပ်ပြီးနောက်
NP-2500
15% off PP-2125
ချီပိုင်ချာက နှင်းနတ်ဘုရားတစ်ပါး ဖြစ်ပြီးတော့ လောကကို သူ့နည်းသူ့ဟန်နဲ့ စောင့်ရှောက်နေပါတယ်။ လူသားလောကကနေ လူသားတစ်ဦးနဲ့ ချစ်ကြိုက်မိပြီးတော့ လူသားဆန်ဆန် ဖြတ်သန်းဖို့ အကောင်းဆုံး ကြိုးစားနေခဲ့ပါတယ်။
ဒါပေမဲ့ သူ ကြိုက်နှစ်သက်နေတဲ့သူက နတ်ဆိုးမိစ္ဆာတစ်ပါး ဖြစ်နေခဲ့ပြီးတော့ လက်ရှိကမ္ဘာကို တခြားသော ကမ္ဘာလောကကနေ မလာသင့်တဲ့ နတ်ဆိုးတွေ နတ်ဘုရားတွေ ရောက်ရှိလာခဲ့တဲ့ အခါမှာတော့...
နတ်ဘုရားတွေ ကြားထဲက အဆက်အနွယ်တွေ၊ တိုက်ခိုက်မှုတွေ၊ လူသားဆန်ဖို့ ကြိုးစားတဲ့ နတ်ဘုရားတွေကို ကြုံတွေ့ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
3.CSY/ အမှိုက်ကောင်ပြန်ရှင်လာပြီ။
NP-2000
15% off – 1700
ချီရှောက်ရုန်က အလှအပဆိုင်ရာ ခွဲစိတ်ဆရာဝန်တစ်ယောက် ဖြစ်ပြီးတော့ ရုတ်တရက် ရှန်းရှလောကထဲကို ကူးပြောင်းသွားပါတယ်။ အဲဒီအချိန်မှာပဲ သူနဲ့ စေ့စပ်ထားတဲ့သူဆီကနေ ကန်ထုတ်ခံလိုက်ရပါတယ်။
နောက်တော့ သူက ရှန်းရှလောကမှာ စီးပွားရေးအင်ပါယာကြီး တည်ဆောက်ဖို့ ကြိုးစားပြီးတော့ သူ့ကျင့်ကြံဆင့်တွေ တစ်စတစ်စ တိုးတက်သွားအောင် ကြိုးစားပါတော့တယ်။
ချီရှောက်ရုန်နဲ့ အကွက်လှလှလေးတွေနဲ့ တခြားသူတွေကို လှလှပပ ရိုက်ချပစ်မှာတွေကို ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
4.DTS/ ဒီအပြစ်သားက ရှင်သန်လို
NP-2000
15% off 1700
ကျန်းလော်က စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားခဲ့ပြီးတော့ သူ ကူးပြောင်းသွားတဲ့ အချိန်မှာတင် နတ်ဆိုးဘုရင်ကြီး တစ်ဖြစ်လဲ ချီယုံကို သတ်နှင့်ပြီးသား ဖြစ်နေပါပြီ။ ချီယုံ့လက်က လွှတ်အောင်လို့ အထပ်ထပ် ကြိုးစားရင်းက ချီယုံကိုလည်း တစ်ပြန်တစ်စီး နှိမ်နှင်းဖို့ ကြိုးစားရင်း နှစ်ယောက်သား အပြန်အလှန် တိုက်ခိုက် ရန်သတ် ကြရင်းက Fall in love သွားတာကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။
5.GMC/ ရွှေအဆင့်နည်းပြ
NP-4500
15% off 3825
ကျန်းရှောင်ယွီက အိုမီဂါဖယ်ရိုမုန်းရောဂါကြောင့် ပရိုEsport လောကကို ကျောခိုင်းထားပြီးသား ပရိုဂိမ်းသမားတစ်ယောက် ဖြစ်တယ်။ မဖြစ်မနေ ပြန်လာဖို့အတွက် အကြောင်းဖန်လာပြီးနောက်မှာ လက်ရွေးစင်ကစားသမားတွေကို ထိန်းကျောင်းဖို့ ဖြစ်လာပါတယ်။ အိုမီဂါတစ်ယောက် ဖြစ်ပေမဲ့ အယ်ဖာအုပ်လိုက်ကြီးကို ဘယ်လိုတွေ ရိုက်ချပစ်လိုက်မလဲ ဆိုတာကို ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
လက်ရွေးစင်အသင်းရဲ့ ကြိုးစားမှုတွေ၊ နိုင်ငံဂုဏ်ဆောင်ကစားသမားတွေရဲ့ မီးကုန်ယမ်းကုန် ကြိုးစားမှုတွေ နည်းပြတစ်ယောက်ရဲ့ ဗျူဟာတွေကို စိတ်လှုပ်ရှားဖွယ် ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
6.LBRDI/ ကြယ်တာရာခေတ်မှာ Live လွှင့်ရင်း နဂါးပေါက်လေးတွေကို ပြုစုပျိုးထောင်မယ်
NP-2500
15% off 2125
ရှန်းမြန်က သစ်သားစွမ်းရည်ရှိတဲ့ အိုမီဂါတစ်ဦး။ သူက ကြယ်တာရာခေတ်ကို ကူးပြောင်း သွားပြီးနောက်မှာ ကလေးထိန်းကျောင်းလေးကို စောင့်ရှောက်ဖို့ ဖြစ်လာပါတယ်။ သူ ကယ်တင်ခဲ့တဲ့ နဂါးလေးတစ်ကောင်ကလည်း အိမ်ရှေ့မင်းသား ဖြစ်နေခဲ့ပြီးတော့ တခြားသော နဂါးလေးတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲလေးတွေ ကိုယ်စီ ဖြစ်နေကြပါတယ်။
ကလေးထိန်းကျောင်းလေးကို တရွေ့ရွေ့ တိုးတက်အောင် ကြိုးစားပြီး နဂါးပေါက်လေးတွေကို ဘယ်လိုမျိုး ကျားကန်ကန်ပြီး ထိန်းသိမ်းစောင့်ရှောက်သွားမလဲ ဆိုတာကို ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
7.Omega/ ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေး
NP-500
15% off 425
လီချန်က အထက်တန်းကျောင်းမှာ ရေကူးချန်ပီယံတစ်ဦး ဖြစ်ပါတယ်။ နိုင်ငံအဆင့် ရေကူးချန်ပီယံအဖြစ်ကို ဘယ်လို အဆင့်ဆင့် ကြိုးစားသွားမလဲ ဆိုတာကို အထက်တန်းကျောင်းသားဘဝကို ပီပီပြင်ပြင် ဖော်ညွှန်းမှုတွေနဲ့အတူ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
8.YMR / ကမ္ဘာပျက်ကပ်က စစ်သည်တော်
NP-10000
15% off 8500
ယွင်ချဲ့က အရင်ဘဝမှာ ချစ်ရသူကြောင့် နာနာကျင်ကျင်နဲ့ နှိပ်စက်ခံရပြီးတော့ မြေအောက်ဓာတ်ခွဲခန်းထဲမှာ သေဆုံးသွားခဲ့ရပါတယ်။ သူကပဲ သေဆုံးခဲ့တာ မဟုတ်ဘဲ သူ့တူလေးကလည်း မျက်စိရှေ့တင် စမ်းသပ်ခံရပြီး သေဆုံးခဲ့တာပါ။
ယွင်ချဲ့က ပြန်မွေးလာပြီးနောက်မှာ ကမ္ဘာပျက်ကပ်လာတော့မှာကို သိပြီးတော့ ကြိုတင်ပြင်ဆင်ပါတယ်။ သူ့အစ်မ၊ သူ့ညီ၊ သူ့တူ အားလုံးကို ကယ်တင်ပြီးနောက်မှာ ကိုယ်ပိုင်အဖွဲ့တစ်ခုကို ထူထောင်လိုက်ပြီးတော့ အခြေစိုက်စခန်းက ထိပ်ဆုံးအဖွဲ့ထဲမှာ ပါဝင်အောင် ကြိုးစားခဲ့ပါတယ်။
အရင်ဘဝနဲ့ မတူတော့ဘဲ ဒီဘဝမှာတော့ ယွင်ချဲ့ဘေးနားမှာ ရှင်းဖုန်းဆိုတဲ့ လက်တွဲဖော်က ရှိလာပြီး ဖြစ်ကာ ကမ္ဘာပျက်ကပ်က လူသားတွေရဲ့ သစ္စာဖောက်မှုတွေ ဆိုးရွားတဲ့ လူစားတွေ ကပ်ဘေးတွေကို နှစ်ယောက်အတူတူ ဘယ်လို ရင်ဆိုင် ဖြတ်သန်းကြမလဲ ဆိုတာကို ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
(((1 to 8 ဝင်မယ် ဆိုရင် စုစုပေါင်း ပမာဏ 25075 အစား 23500 ကျပ်ဖြင့် ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဒီလောက်တန်တဲ့ဈေးနဲ့ ဒီတစ်ခါတည်း ရမှာ ဖြစ်လို့ မဖတ်ရသေးတဲ့သူတွေကို ဆွဲသာခေါ်တော့နော်။ ဒါလေးကို လူဦးရေ ၁၀ဦးသာ ဝင်ခွင့်ပေးမှာ ဖြစ်ပြီးတော့ ကန့်သတ်ထားပါတယ်နော်)))