Unicode
Chapter 58 အဆက်
...
[58 က တစ်ဝက်ပဲ ပါတယ်လို့ ညီမလေးတစ်ယောက်က လာပြောလို့ပါ ပြန်ဖြည့်ပေးလိုက်ပါတယ်နော် နောက်ပိုင်း စာကျန်နေရင်လဲ လာပြောပေးပါဦးနော် ကျွန်တော့်ဘက်မှာ အဲ့အထိပဲ ပါလို့ပါ]
" အဲ့လိုပြောလို့ရပါတယ်"
ရှဲ့လင်က စိတ်ထဲမှ ဆက်ပြောလိုက်သည်။
.... သာမန်လူသတ်သမားတွေက သူတို့လောက်မှ ကြောက်ဖို့မကောင်းတာလေ...
ဆယ်မိနစ်အကြာ ကားထဲတွင်
ထိုသူက ကားနောက်ခုံတွင် ထိုင်သည်။ ထို့နောက် ဟိုကြည့်သည်ကြည့် လိုက်ကြည့်ရင်းမှ ကားရှေ့ခုံတွင် ထိုင်နေသော ချီချင်းကို တစ်ချက်ကြည့်သည်။ ဆံပင်ရှည်ရှည် နီရဲနေသော နှုတ်ခမ်းနှင့် အေးစက်နေသော မျက်နှာပေါ်တွင် အပြုံးအရယ်လုံးဝမရှိ။ စောစောက ကြောက်နေ၍ သတိမထားမိသော်လဲ အခု ပြန်ကြည့်တော့မှ နည်းနည်း ရင်းနှီးနေပုံပေါ်၏။ သို့သော် အမှန်အတိုင်းပြောရပါက ဒီလောက်ချောသော မျက်နှာမျိုးမှာ အနုပညာလောကထဲတွင် လူမသိသူမသိ ဖြစ်နေသည်ကိုက ထူးဆန်းလွန်း၏။
ရှဲ့လင်က မီးပွိုင့်မီးစိမ်းသည်ကို စောင့်ရင်း စကားစသည်။
" ခင်ဗျား နာမည်ကိုတောင် မေးဖို့ မေ့နေတယ်"
ထိုသူက ချီချင်းကို စိုက်ကြည့်ရင်း ပြန်ဖြေသည်။
" မျိုးရိုးက ဝမ်ပါ"
" လူကြီးမင်း ဝမ်"
မီးစိမ်းသည်နှင့် ရှဲ့လင်က လီဗာကို အရှိန်မြှင့်လိုက်သည်။
" ကျွန်တော့်လက်ထောက်က အရမ်း ရှက်တတ်လို့ တစ်ချိန်လုံး စိုက်မကြည့်ဖို့ အကြံပေးချင်ပါတယ်ဗျ"
ထိုသူ : " ဆောရီးပါ.. ကျုပ်က ဒီအတိုင်း.. သူ့မျက်နှာက ရင်းနှီးနေသလို ခံစားရလို့ပါ"
ထိုသူက မနေနိုင်ပဲ ထပ်မေးလိုက်သည်။
" စိတ်မရှိရင် တစ်ခုလောက်မေးချင်လို့.. ခင်ဗျား ရုပ်ရှင်ရိုက်ဖူးလား"
ချီချင်း : "ရိုက်ဖူးတယ်"
ထို့နောက် ထိုသူ သက်ပြင်းချလိုက်သည်။
" ကျုပ် ထင်သားပဲ.. မမှားနိုင်ပါဘူးလို့... ကျုပ် ခင်ဗျားကို တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ထင်နေတာ... ဒါပေမဲ့ စောစောက အရာရှိကျိ ပြောတာကတော့ ခင်ဗျားတို့က ရဲစခန်းရဲ့ အကြံပေးတွေဆို"
ချီချင်းက တည်ငြိမ်စွာ ပြန်ဖြေသည်။
" အလုပ်ပြောင်းလိုက်တာ"
"...."
သူ့လောကက အကျယ်ကြီးပဲကို...
ချီချင်း : " ခင်ဗျားမှာ အရေးတကြီး မေးစရာမရှိရင် ကျေးဇူးပြုပြီး တိတ်တိတ်နေပေးပါ"
သူတို့နှစ်ယောက် ဖော်ရွေစွာ စကားအပြန်အလှန်ပြောနေကြချိန် လမ်းအခြေအနေက ရုတ်တရက် ပြောင်းလာသည်။ ရှဲ့လင်မှာ GPS လမ်းကြောင်းအတိုင်း သွားနေသော်လဲ လမ်းအကွေ့တစ်နေရာရောက်တော့ လမ်းတစ်ဖက်တွင် ဆိုင်အပြည့်ရှိနေသော်လဲ ကျန်တစ်ဖက်တွင် ရေကန်တစ်ကန်သာ ရှိသည်။ သို့သော် လမ်းကွေ့ကွေ့ချင်း နောက်ကြည့်မှန်မှ အရာတစ်ခုကို သတိထားမိသွားသည်။ လမ်းဆုံမှ ကမူးရှုးထိုး ထွက်လာသော အနက်ရောက်ဗန်ကားတစ်စီးကို တွေ့လိုက်ရ၏။ အဆိုပါ ဗန်ကားမှာ ထွက်လာသည်နှင့် အရှိန်ပြင်းစွာနှင့် သူတို့ကားနားရောက်လာခဲ့သည်။
" နှစ်ယောက်လုံး ခါးပတ်သေချာပတ်ထားလား"
ပုံမှန်အတိုင်းဆို အဆိုပါအခြေအနေမျိုးတွင် ကြောက်လန့်ကြမည်ဆိုသော်လဲ ရှဲ့လင်က တည်ငြိမ်စွာနှင့် အရှိန်မြှင့်လိုက်သည်။
ထိုသူ : " သေချာပတ်ထား..."
လမ်းတစ်ဖက်တွင် ရေကန်သာရှိနေသောကြောင့် ပြန်ဆုတ်ရန် မဖြစ်နိုင်။ အနက်ရောင်ဗန်က အသေအချာ ပြင်ဆင်ထားပုံရသည်။ ရှေ့တည့်တည့်တွင်လဲ ကားတစ်စီးရှိနေ၍ ထွက်ပေါက် ပိတ်နေကာ ရေကန်သို့သာ သွားစရာလမ်းရှိနေသည်။ သို့သော် ရှဲ့လင်က ချက်ချင်း ကားကို ဘရိတ်နင်းကာ ဆွဲကွေ့လိုက်သည့်အတွက် ကားလမ်းပေါ် ကားဘီးရာ အထင်းသားကျန်ခဲ့သည်။ သူ ကားလမ်းကြောင်းပြောင်းလိုက်သည့်အတွက် အရှေ့မှ ကားရော သူ့နောက်မှ ကားပါ အချင်းချင်း တိုက်မိမလို ဖြစ်သွား၏။
ထို့နောက် ချက်ချင်းပင် ရှဲ့လင်က လီဗာ ဆက်နင်း၏။
" မြဲမြဲကိုင်ထား"
ထိုသူမှာ အသံတုန်တုန်နှင့် "ကိုင်ထားတယ်" ဟု ပြန်ဖြေချင်သော်လဲ ကားအရှိန်ကြောင့် ပါးစပ်မှ "အား!!!" ဟုသာ ထွက်သွားနိုင်ခဲ့သည်။
သို့သော် ကားထဲတွင် လူသုံးယောက်ရှိသည့်အနက် သူတစ်ယောက်ထဲသာ တအားအားနှင့် အော်နေခြင်းဖြစ်၏။
ကားရှေ့ခန်းတွင် ထိုင်နေသော အနုပညာရှင်ဟောင်းမှာ မျက်တောင်တစ်ချက်ပင် မခတ်။ အေးဆေးတည်ငြိမ်စွာ ပြန်ပြောသည်။
" ခင်ဗျား ကျေးဇူးပြုပြီး မအော်လို့မရဘူးလား.. အရမ်း နားဆူလို့"
ထိုသူ : "???"
~~~ ဘယ်လိုလုပ် မအော်ပဲ နေလို့ရမှာလဲ.. ကားက ဝင်တိုက်တော့မဲ့ဟာကို ~~~
ရှဲ့လင်က တကယ် ဝင်တိုက်တော့မည့်အလား မောင်းနေသည်။
ထိုသူက ကျယ်ကျယ်လောင်လောင် ထပ်အော်ပြန်သည်။ ချီချင်းက ထိုအခြေအနေတွင် ရှဲ့လင်လက်ကို မကိုင်နိုင်သောကြောင့် နားစည်ကွဲမတတ် ဆူညံနေ၏။ ထို့ကြောင့် ထိုသူကို ရှင်းပြရသည်။
" ပုံမှန်လူဆိုရင် ဒီလိုအခြေအနေမျိုးမှာ ကြောက်ကြောက်လန့်လန့်နဲ့ ဘရိတ်အုပ်ကြတာပဲ... အဲ့ဒါမှ တစ်ဖက်လူက ဒီကားကြောက်နေတယ်လို့ တွေးကြမှာ"
ရှင်းရှင်းပြောရလျှင်တော့ တန်ပြန်စိတ်ဓာတ်စစ်ဆင်ရေးပင်။
~~~ သာမန်လူတွေ ဘရိတ်နင်းတာတော့ ငါလဲ သိတာပေါ့.. ဒါပေမဲ့ သူမောင်းတာက ဝင်တိုက်တော့မလိုပဲကို ~~~
အဆိုပါလူမှာ အနုပညာရှင်များကားနောက်ကို လိုက်ဖူးသော်လဲ သေရေးရှင်ရေးအခြေအနေမျိုး ကြုံခဲ့ဖူးပုံမပေါ်။ ကားတစ်ချက်အကွေ့တွင် ကားတံခါးနှင့် ပြေးဆောင့်မိလိုက်သေးသည်။
" ခင်ဗျားတို့ပဲ ဖြစ်နိုင်တယ်ဆို.. အား!!"
ချီချင်းက ကားလက်ကိုင်ကို မြဲမြဲဆုပ်ရင်း ပြန်ဖြေသည်။
" အတိအကျပြောရရင် ငါးဆယ်ရာခိုင်နှုန်း ဖြစ်နိုင်တယ်လေ"
"အား!!!"
~~~ ကားထဲမှာ အော်နေတဲ့သူက ဘာလို့ ငါတစ်ယောက်ထဲလဲ.. သူတို့ရော မကြောက်ကြဘူးလား~~'
~~~အင်းလေ သူတို့ပုံစံက ပုံမှန်မှ မဟုတ်တာ~~~
~~~ ဒီလိုမှန်းသိရင် ရဲစခန်းကို မသွားပါဘူး... ရဲစခန်းသွားမှ ဒီလောက်ထိ အန္တရာယ်ရှိနိုင်မယ်လို့ ဘယ်သူသိမှာလဲ.... သေရတော့မလား မသိဘူး~~~
ကြောက်စိတ်လုံးဝမရှိသော ချီချင်းမှာ ထိုသူ့ကို လုံးဝနားမလည်နိုင်။
အနက်ရောက်ဗန်ကားထဲတွင် လူတစ်ယောက်သာ ပါသည်။ ထိုသူမှာ သူ့ပုံစံအမှန်ပေါ်မည်စိုး၍ ခေါင်းစွပ်အင်္ကျီကို ဝတ်ကာ mask အနက်ရောင် တပ်ထားသည်။
တစ်ဖက်ကားထဲမှ လူမှာ ရှဲ့လင်ကိုတော့ ကောင်းစွာမြင်ရသည်။ ရှဲ့လင်က ကားစတီယာရင်ကို လက်တင်၍ ထိုသူကို တစ်ချက်ကြည့်ကာ " တိုက်ရဲရင် ဝင်တိုက်လေ"ဟူသော သဘောနှင့် မျက်ခုံးတစ်ချက်ပင့်ပြသည်။
အနက်ရောင် ဗန်ကားထဲမှ ကားသမားမှာ သူ့ရှေ့တည့်တည့် ရောက်လာမည်ဟု မထင်ထား။ ထို့ကြောင့် ကားအရှိန် ချက်ချင်းလျော့သွားသည်။ သူ့ရှေ့မှကားကို ဝင်တိုက်ရမည့်သူက သူကိုယ်တိုင်ဖြစ်သည်ကိုပင် မေ့သွားပုံရ၏။ ထို့နောက် အရှိန်လျော့ရုံတင်မကပဲ တစ်ဖက်ကို ကွေ့သွားသောကြောင့် အချင်းချင်း ပွတ်ဆွဲလုမတတ်သာ ဖြစ်သွားသည်။ ရှဲ့လင်၏ကားကြောင့် အနက်ရောင်ကား အရှေ့ပိုင်းတစ်ခုလုံး အစင်းရာအကြီးကြီး ခြစ်မိခဲ့သည်။
ချီချင်းမှာ ပါပါရာဇီဝမ်နှင့် မတူသည့်အသံတစ်သံကို ကြားလိုက်ရသည်။ ခေါင်းစွပ်နှင့်လူက ရှဲ့လင်ကို တစ်ချက်စူးစိုက်ကြည့်ရင်း စိတ်ထဲမှ ရေရွတ်သည်။
~~~သေစမ်း.. ငါတို့ အရူးနဲ့မှ လာတွေ့နေတယ်~~~
သို့သော် ရှဲ့လင်၏ ရည်ရွယ်ချက်မှာ တစ်ဖက်ကားကို ရပ်သွားနိုင်ရုံသာ မဟုတ်။ တစ်ဖက်ကားကို ထိုနေရာထဲမှ မထွက်သွားစေနိုင်ရန် ပိတ်လှောင်ထားရန် ဖြစ်သည်။
တစ်ဖက်မှ ကားသမားမှာ အိမ်စာ သေချာလုပ်ထားခဲ့ပုံရကာ လမ်းတိုင်းကို ကျွမ်းကျင်စွာ သွားလာနိုင်သည့်အတွက် ချက်ချင်း တုံ့ပြန်သည်။ ဟန်းဘရိတ်ကို ရှဲ့လင် ဆွဲလိုက်သည့်အချိန်တွင်မှာပင် တစ်ဖက်ကားက ချက်ချင်း နောက်ဆုတ်ကာ မောင်းပြေးသွားလေတော့သည်။ ထို့နောက် လမ်းမကြီးပေါ်ရောက်ကာ တခြားကားများနှင့် ရောနှောသွားတော့၏။
" လိုင်စင်နံပါတ် မှတ်ထား"
ရှဲ့လင်မှာ လက်မြှောက်၍ အင်္ကျီကြယ်သီးတစ်လုံးဖြုတ်နေသည်။ သူ့လေသံရော အပြုအမူကပါ စောစောလေးကမှ အန္တရာယ်တောထဲမှ လွတ်မြောက်လာသည့်ပုံမပေါ်။ ထို့နောက် ကားကြပ်နေသော လမ်းမကြီးကို ကြည့်၍ ပြောလိုက်သည်။
" ထားလိုက်တော့.. လိုင်စင်နံပါတ်သိလဲ အသုံးမဝင်ဘူး... အဲ့ဒီ့နံပါတ်က ရှာလို့မရတဲ့ နံပါတ်အတု ဖြစ်ချင်ဖြစ်နေမှာ... မင်း ဘာဖြစ်သွားသေးလဲ"
နောက်ဆုံးစကားကတော့ ချီချင်းကိုသာ တိုက်ရိုက်ရည်ရွယ်သည်။ စောစောက အကွေ့တစ်ချက်ကြမ်းသွားသောကြောင့် ဒဏ်ရာရသွားလား မေးနေခြင်းပင်။
ချီချင် : " ဘာမှမဖြစ်ဘူး"
နားပဲ နည်းနည်းဆူသွားတာ...
ထို့နောက်မှ ရှဲ့လင်က ကြောက်လန့်တကြားဖြစ်နေသေးသော ထိုသူကို လှည့်ကြည့်သည်။
" လူကြီးမင်း ဝမ်... ခင်ဗျား နောက်တစ်ခါ ရဲတိုင်ရင် 'ထင်တယ်' ဆိုတဲ့စကားကို ဖြုတ်ထားလိုက်တော့.. တစ်ယောက်ယောက်က ခင်ဗျားကို တကယ်လိုက်သတ်နေတာ... ပြီးတော့ ကျန်းဖုန်း သေရတာလဲ ခင်ဗျားနဲ့ သက်ဆိုင်နိုင်တယ်... သူ့သေဆုံးမှုက ဒီလောက်မရိုးရှင်းနိုင်ဘူး"
သို့သော် ထိုသူမှာ ရှဲ့လင်စကားတစ်ခွန်းကိုမှ မကြားရ။ စောစောက အဖြစ်အပျက်ကို ကြောက်စိတ်မပြေသေးပဲ တုန်လှုပ်နေ၏။
..........
Chapter 59
ထိုသူက မြို့အစွန်အဖျားရှိ မလုံခြုံသော ရပ်ကွက်တစ်ခုတွင် နေထိုင်သည်။ ရှဲ့လင်မှာ ကားရပ်ရန် နေရာကိုပင် မနည်းရှာလိုက်ရပြီး ထိုသူကို အိမ်အထိ လိုက်ပို့ပေးရသည်။
အဆောက်အဦးက အိုမင်းနေသလို ခြံစည်းရိုးများကို ဆေးပြန်သုတ်ထားသော်လဲ လှေကားများက ကြမ်းတမ်းနေသည်။ မနေ့ညက မိုးရွာထားသည့်အတွက် တိုက်ခန်းရှေ့များတွင် ထီးများလှန်းထားကြသည်က ထိုးထိုးထောင်ထောင်။ ထီးများအောက်တွင် ရေကွက်များက စိုရွှဲလျက်ရှိသည်။
ရှဲ့လင်က ထိုသူ၏ အိမ်ရှေ့တွင် ရပ်သည်။
" အခု ခင်ဗျားကို ပြန်ပို့ပြီးပြီဆိုတော့ အရင်ပြန်လိုက်ပါဦးမယ်... ကျွန်တော့်ပါတနာက အသန့်အရမ်းကြိုက်တာ..ဒီနေရာမှာ နောက်ထပ်တစ်မိနစ်လောက် ဆက်ရှိနေရင်တောင် သူ ဒေါသထွက်ပြီး စိတ်လွတ်သွားမှာ စိုးရတယ်"
ထိုစကားကြောင့် ထိုသူလဲ ရှဲ့လင်ဘေးမှ လမ်းကြောင်းပြောင်းထားသော အနုပညာရှင်ကို တစ်ချက်ကြည့်သည်။ အဆိုပါ အနုပညာရှင်က လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ခဏရပ်ရန်နေရာကိုပင် အသေအချာရွေးနေရသည်။ ထို့နောက် ဘောင်းဘီအိတ်ထဲမှ mask တစ်ခုထုတ်ကာ အေးစက်စက် မျက်နှာပေါ် ကပ်သည်။
~~~ အသန့်ကြိုက်ရောဂါက တကယ်ဆိုးတာပဲ~~~
ချီချင်းမှာ mask တပ်ပြီးတော့မှ ပို၍ စိတ်ရှုပ်သွားသလိုပင်။ နှုတ်ခမ်းရဲရဲလေးများကို မမြင်ရတော့ပဲ နဖူးပြင်ကို ဆံပင်ရှည်များနှင့် ဖုံးလွှမ်းထားသည့်အတွက် နက်မှောင်နေသော မျက်ဝန်းများကိုပင် သိပ်မတွေ့နိုင်။
" ကျုပ်..."
ထိုသူမှာ သူတို့နှစ်ယောက်ကို အရင်ပဲ ပြန်ခိုင်းလိုက်ရမလား သူနဲ့အတူ အထဲဝင်ဖို့ ခေါ်ရကောင်းမလား တွေးရကြပ်နေသည်။
တစ်ဖက်တွင် သူ ကြောက်နေသည်။
အချိန်တိုအတွင်း အသတ်ခံရရန် အကြိမ်ကြိမ် ခြိမ်းခြောက်ခံထားရသည့် အိမ်ထဲတွင် ဘယ်သူကမှ နေရဲမည်မဟုတ်။
ထိုသူနှစ်ယောက်၏ အန္တရာယ်ရှိနိုင်စွမ်းကလဲ လူသတ်သမားနှင့် သိပ်တော့မကွာ။
ထိုသူက အတန်ကြာသည်အထိ တိတ်ဆိတ်နေရာမှ နောက်ဆုံး ဆက်ပြောလိုက်သည်။
" လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးပါ... ဒါနဲ့ အထဲဝင်ပြီး လက်ဖက်ရည်လေး ဘာလေး သောက်ပါဦးလား"
ရှဲ့လင်က အထဲလိုက်ဝင်ကာ ချီချင်းဘက်ကို လက်ကမ်းသည်။
ချီချင်းမှာ ရှဲ့လင်လဲ mask လိုချင်၍ တောင်းသည်ဟု ထင်သွားသည်။
" Mask အပို မပါဘူး"
" ဘယ်သူက mask တောင်းနေလို့လဲ"
ရှဲ့လင်က ဆက်ပြောသည်။
" လက်"
ချီချင်း ကြောင်အသွားသည်။
သူတို့နှစ်ယောက် အရင်တစ်ခါ ကားထဲတွင် စကားပြောပြီးသည့်အချိန်မှစ၍ ဘယ်နေရာသွားသွား ဘယ်သူနှင့်တွေ့တွေ့ ရှဲ့လင် သူ့လက်ကိုင်ရန် ကြိုးစားနေသည်ကို ချီချင်း သတိထားမိသည်။
ထိုလူ ငှားနေသောအိမ်မှာ အိပ်ခန်းတစ်ခန်း ဧည့်ခန်းတစ်ခန်းသာ ပါသည်။ သူ့အလုပ်ကြောင့် ညဘက်တွင် အပြင်မှာနေရသည်က ပိုများသောကြောင့်တစ်အိမ်လုံးက သန့်ရှင်းသပ်ရပ်ကာ ဧည့်ခန်းနံရံများတွင် ဓာတ်ပုံများနှင့် ပြည့်နေ၏။ ဓာတ်ပုံရိုက်ထားသည့် ရှုထောင့်များက လျှို့ဝှက်စွာ ရိုက်ထားရသည်ကို သိသာစေသည်။
ဓာတ်ပုံများထဲမှ ပုံရိပ်တို့မှာ ဝေဝါးနေသည်။ တချို့က လိုက်ကာစကြားမှ မျက်နှာတစ်ဝက်သာ ပေါ်နေသလို ကျန်ပုံတို့က မြေအောက်ကားပါကင်ထဲ ခပ်သွက်သွက် သွားနေပုံပေါ်သည်။ တချို့ကျတော့လဲ ကျောပြင်ကိုသာ မြင်ရပြီး လူနှစ်ယောက် လက်တွဲထားပုံများဖြစ်သည်။
" အလုပ်ကပုံတွေပါ"
ထိုလူက ရှင်းပြသည်။
" အကြာကြီး ပုန်းကွယ်ပြီးမှ ရိုက်ထားရတာ"
ရှဲ့လင်က ဧည့်ခန်းထဲကို လှည့်ပတ်ကြည့်နေသည်။ ထိုလူက မနေနိုင်ပဲ ရှင်းပြသည်။
" ခင်ဗျားတို့နှစ်ယောက်က... ဘာလို့ လက်ကိုင်ထားကြတာလဲ"
ရဲစခန်းထဲတွင် ရှိနေကတည်းက လက်ကိုင်ထားပုံပေါ်သည်။
" သူက တခြားသူတွေနဲ့ ဓာတ်မတည့်လို့ပါ"
ရှဲ့လင်က ဆက်ပြောသည်။
" ကျွန်တော် သူ့လက်ကို မကိုင်ထားရင် တခြားသူတွေနဲ့ ထိမိမှာစိုးလို့ပါ"
ချီချင်း : "..."
ထိုသူ : "..."
ထိုသူ၏ ဧည့်ခန်းထဲတွင် ဓာတ်ပုံနံရံအပြင် ဓာတ်ပုံအယ်ဘမ်များတင်ထားသော စင်တစ်ခုလဲ ရှိနေသေးသည်။ ထို့အပြင် ဓာတ်ပုံနှင့် ပတ်သက်သော စာအုပ်များလဲ ရှိ၏။
ရှဲ့လင် : " ခင်ဗျားက တော်တော် လေ့လာထားတာပဲ"
ထိုသူ : "ကျုပ်တို့လောကက အပြိုင်အဆိုင်များတယ်.. လူတိုင်းက သတင်းအသစ်ကိုပဲ တူးဆွချင်ကြတာ.. အနုပညာရှင်တွေ အများကြီးရှိတယ်ဆိုပေမဲ့ တစ်ယောက်ယောက်က အရင်သတင်းရသွားရင် ကိုယ့်အတွက် သတင်းမကျန်တော့ဘူးလေ"
ရှဲ့လင်က စာအုပ်စင်ရှေ့ရပ်၍ ထောက်ခံသည်။
" အဲ့ဒီ့တော့ ပထမဆုံး သတင်းရဖို့က ခင်ဗျားတို့အတွက် အရမ်းအရေးကြီးတာပေါ့"
ထိုသူ : " အမှန်ပဲ"
ရှဲ့လင်က ရုတ်တရက်ကြီး သေဆုံးသွားသော ပါပါရာဇီအကြောင်း စပြောလိုက်သည်။
" ကျန်းဖုန်းနဲ့ ခင်ဗျား အသိအကျွမ်းတွေလား"
ထိုသူက သူတို့အတွက် ရေငှဲ့ပေးနေရာမှ mသတိမေ့ကာ ပြန်လွှတ်ရန်ပင် မေ့သွား၏။
" ခင်ဗျား ဘာလို့မေးတာလဲ"
" အချင်းချင်း သိရုံတင် ဘယ်ကမလဲ... ကျုပ် ပထမဆုံး အလုပ်ဝင်တော့ သူက သေချာသင်ပြပေးခဲ့တာ.. နောက်ပိုင်း ကိုယ့်အလုပ်ကိုယ် လုပ်ရင်း အဆက်အသွယ်သိပ်မရှိတော့တာ"
" လူကြီးမင်းဝမ်.. ခင်ဗျား ကျွန်တော့်မေးခွန်းကို ပြန်မဖြေရသေးဘူး... ခင်ဗျားတို့နှစ်ယောက် လတ်တလော တွေ့မိကြသေးတယ်ဆို"
"...."
ရှဲ့လင်က ဖြည်းဖြည်းချင်း ထိုသူနားကပ်လာသည်။ ထိုသူမှာ ရှဲ့လင်၏ မျက်ဝန်းညိုလေးများကို အနားရောက်မှ သေသေချာချာတွေ့ရသည်။ အဆိုပါ မျက်ဝန်းညိုလေးများထဲမှ တည်ငြိမ်နေသော ရေပြင်ညီကို တွေ့လိုက်ရသလိုပင်။
" ပြီးတော့ ခင်ဗျားတို့နှစ်ယောက် သတင်းတစ်ခုထဲ အတူလိုက်တာမဟုတ်ဘူးဆို... ဘာလို့ ကျန်းဖုန်းသေပြီးပြီးချင်း ခင်ဗျားကို ပစ်မှတ်ထားရတာလဲ"
ရှဲ့လင် ပြောချင်သည့်အကြောင်းအရာကို ချီချင်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ရှဲ့လင်၏ ကောက်ချက်အရ ပြစ်မှုကျူးလွန်သူမှာ လူတစ်ယောက်ထဲကို သတ်ရန် ကြိုးစားခဲ့သည်မဟုတ်။ ကျန်းဖုန်းနှင့် ထိုသူ့တွင် တူညီသည့်အချက်များ များစွာ ရှိသည်ကို သူတို့သည်ပင် မြင်နိုင်လေသည်။ လူတစ်ယောက်ထဲ သီးသန့်ကို တိုက်ခိုက်လိုခြင်းမဟုတ်သည့်အတွက် အရာဝတ္ထုတစ်ခုခုကို ပစ်မှတ်ထားခြင်းပင် ဖြစ်နိုင်သည်။
တစ်ဖက်လူမှာ ပစ္စည်းတစ်ခုခုကို လိုက်ရှာနေခြင်း ဖြစ်ရမည်။
ဘယ်သူ့လက်ထဲတွင် ရှိနေသည်က အရေးမကြီး။
ထိုသူမှာ ရေနွေးငှဲ့နေရာမှ အရှိန်လွန်နေသော်လဲ အပူဒဏ်ကို ခံစားမိပုံမပေါ်။ ကြောင်အစွာနှင့် ငြင်းဆန်နေသည်။
" ကျုပ်.. မတွေ့..."
ထို့နောက် သူတို့နှစ်ယောက်ကို ပြောနေသည်လား သူ့ကိုယ်သူ လှည့်စားနေသည်လား မသိနိုင်သည့်စကားများကို ပြောလိုက်သည်။
" ကျုပ်.. သူ့ကို အခုတလော မတွေ့မိပါဘူး"
ချီချင်းက ရှဲ့လင်ဘေးတွင် ရပ်နေရာမှ ရှဲ့လင်ဆွဲထားသော လက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။ ချက်ချင်းပင် လူတို့၏ အတွေးများ သူ့နားထဲ တိုးဝင်လာသည်။
~~~အစောကြီး ထွက်သွားတာပဲ~~~
အသံတစ်သံ က ပြောနေသည်။
~~~ မင်းကို နှစ်ပေါင်းများစွာ သတိရနေမှာပါ~~~
နောက်ထပ် မိန်းမတစ်ယောက် အော်သံကြားလိုက်ရပြန်သည်။
~~~ အကုန်လုံး အမှတ်ပြည့်ရတာကို.. နင်က ဘာလို့ ၉၀ ပဲ ရတာလဲ ~~~
ချီချင်းလဲ ဆူညံသံများကြားထဲမှ သူ့ရှေ့မှလူ၏ အသံကို အာရုံစိုက်၍ လိုက်ရှာသည်။
ခဏကြာတော့ သူ အာရုံစိုက်၍ ရသွားခဲ့သည်။ ပျောက်ဆုံးနေသော ထိုသူ၏ အသံမှာ တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာခဲ့၏။
~~~ ဘာပဲဖြစ်ဖြစ် သူလဲ သေပြီဆိုတော့ ဒီပစ္စည်း ငါ့လက်ထဲ ရှိနေတာ ဘယ်သူမှ မသိနိုင်တော့ဘူး.. ဝှက်ဖဲတစ်ချပ်လုံး ငါ့လက်ထဲ ရှိနေပြီပဲ.. အခုတလော ဘာသတင်းမှ ထွက်နိုင်တာမဟုတ်ဘူး.. ဒီအတိုင်းသာ ဆက်သွားနေရင် ငါ အလုပ်ပြုတ်သွားနိုင်တယ်~~~
ချီချင်းလဲ ထိုစကားကြောင့် တိုးတိုးလေး ရေရွတ်သည်။
" တစ်ခုခု ရှိနေတာ အမှန်ပဲကိုး"
ချီချင်းမှာ ရှဲ့လင်ကို စိတ်ဖတ်စွမ်းရည်ရှိနေသူဟုပင် တစ်ခါတစ်လေ ထင်မိသည်။
ချီချင်းအဖို့ မျက်နှာအမူအရာ အသံနေအသံထားကို ကြည့်ရုံနှင့် လူတစ်ယောက်၏ စိတ်ထားကို ဆုံးဖြတ်ရ ခက်သော်လဲ ရှဲ့လင်ကတော့ အေးဆေးစွာ လုပ်နိုင်သည်။
" ကျွန်တော့်ကို အမှန်အတိုင်းပြောပါ... ခင်ဗျား ကျန်းဖုန်းဆီက ပစ္စည်းတစ်ခုခု ယူထားတာ ရှိလား... ဥပမာ SD ကတ်လိုမျိုး.."
ရှဲ့လင်က ဆက်ပြောသည်။
" အသက်ဆက်ရှင်ချင်သေးတယ်ဆိုရင် မလိမ်တာ ပိုကောင်းမယ်ဗျ... အဲ့ဒီ့ပစ္စည်း လက်ဝယ်ရှိတဲ့ ဘယ်သူမဆို ပစ်မှတ်ဖြစ်နေမှာပဲ... ဒီပစ္စည်းကို ကျွန်တော့်လက်အပ်ပြီး ဖြစ်ခဲ့တဲ့ ကိစ္စအားလုံးကို တိုက်ဆိုင်မှုလို့ သတ်မှတ်လိုက်လို့ရတယ်.... ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းမှာ အသက်တစ်ချောင်းပဲ ပါတာလေ"
အချိန်အတော်ကြာမှ ထိုလူလဲ ရေနွေးခွက်ချ၍ ပြန်ဖြေသည်။
" ကျုပ် သူနဲ့ လွန်ခဲ့တဲ့နှစ်ရက်က ကော်ဖီဆိုင်မှာ တွေ့ခဲ့သေးတယ်"
" သူ အခုတလော ဘာလုပ်နေမှန်းတော့ ကျုပ်လဲ မသိဘူး... အနုပညာရှင်တစ်ယောက်ရဲ့ သတင်းတစ်ခု ရထားတဲ့ပုံပဲ.. ကြည့်ရတာ တော်တော်အရေးကြီးတဲ့ အနုပညာရှင်ဖြစ်မယ်... ကျုပ်ကို အဲ့နေ့က ဝမ်းသာအားရ လှမ်းခေါ်တာဗျ... သတင်း ထွက်လာတာနဲ့ အနုပညာလောကတစ်ခုလုံးကို ဗြောင်းဆန်သွားစေနိုင်တယ်တဲ့... "
.........
လွန်ခဲ့သော နှစ်ရက်က
ကော်ဖီဆိုင်တစ်ဆိုင်တွင် ထိုသတင်းကို ကျန်းဖုန်းက ဝမ်းသာအားရ ပြောပြခဲ့သည်။
ထူးခြားသော သတင်းတစ်ခုမှ မရထားသေးသော ထိုလူမှာ ကျန်းဖုန်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ ရယ်မောနေသည်။ သို့သော် စိတ်ထဲကတော့ မကျေနပ်။ သူ့ကို အရင်က သင်ပြပေးခဲ့သည်ကိုတောင် မထောက်ထားနိုင်တော့ပဲ ကျန်းဖုန်းအပေါ် မနာလိုဖြစ်နေမိသည်။
" မနက်ဖြန် တနေကုန် လိုက်ကြည့်ရမယ်... အသုံးဝင်မဲ့ ဓာတ်ပုံလေး ရလိုရငြားပေါ့"
ကျန်းဖုန်းက ပြုံးရွှင်စွာ ပြောနေရာမှ လည်ပင်းတွင် ဆွဲထားသော ကင်မရာကို စားပွဲပေါ် တင်လိုက်သည်။
" ခနလေး... ငါ အိမ်သာသွားလိုက်ဦးမယ်"
" အင်း သွားလေ"
ထိုသူက ဝတ်ကျေတန်းကျေ ပြန်ဖြေ၍ စားပွဲပေါ်မှ ကင်မရာကို မျက်တောင်ပင် မခတ်နိုင်ပဲ စိုက်ကြည့်နေသည်။
သူ့စိတ်ထဲမှ မကောင်းဆိုးဝါးက " ယူလိုက်... ယူလိုက်ရင် ဒီသတင်းက မင်းဟာဖြစ်ပြီ" ဟု ပြောနေသည်။
ထိုသူလဲ သူ့စိတ်သူ မလွန်ဆန်နိုင်တော့သောကြောင့် ကင်မရာထဲမှ SD ကတ်ကို ကျွမ်းကျင်စွာ ဖြုတ်ယူကာ သူ့ကင်မရာထဲမှ SD ကတ်အလွတ်နှင့် လဲလိုက်လေသည်။
" အဲ့ဒီ့တော့ သူ့SDကတ်ကို ပြန်ဖွင့်ကြည့်လို့ အထဲမှာ ဘာမှမရှိတော့ရင်တောင် ကျုပ်ကို အပြစ်ပြောလို့မရတော့ဘူးလေ"
ထိုသူက ပြန်ဖြေသည်။
" ကျုပ် လဲလိုက်တယ်ဆိုတာ ဘယ်သူမှ သက်သေမပြနိုင်ဘူးလေ"
ထိုသူမှာ တကယ်ကံကောင်းခဲ့၏။ SD ကတ် အလဲခံလိုက်ရမှန်း ကျန်းဖုန်း လုံးဝ မရိပ်မိခဲ့။ အဆိုပါ သတင်းနောက် လိုက်နေရ၍ ရက်အတန်ကြာ မအိပ်ခဲ့ရသလို မိုးလင်းသည်နှင့် ကင်မရာတစ်လုံးကိုင်ကာ လျှောက်သွားနေခဲ့ရသည်။ တိုက်ပေါ်မှ ပြုတ်ကျသည့် အချိန်မှသာ မျက်လုံးမှိတ်နိုင်ခဲ့ပြီး SD ကတ်အလဲခံရခြင်းကိုတော့ သေသည်အထိ မသိသွားရှာ။
သို့သော် တစ်ယောက်ယောက်က သေချာပေါက် သိနေခဲ့သည်။
တိုက်ပေါ်မှ ပြုတ်ကျသည့်နေ့က ကျန်းဖုန်း၏ အလောင်းမှာ မိုးရေစက်များအောက် သွေးချင်းချင်းရဲကာ လဲလျောင်းနေခဲ့သည်။ အော်ဟစ်ပြေးလွှားနေသော လူအုပ်ကြီးနှင့် မနီးမဝေးတွင် သားရေဘွတ်ဖိနပ်ရှည် ဝတ်ထားသော လူတစ်ယောက် ရပ်နေခဲ့၏။
အဆိုပါ ဘွတ်ဖိနပ်ပိုင်ရှင်မှာ လူအုပ်ထဲ ခေတ္တ ရပ်နေကာ ကင်မရာအကြွင်းအကျန်ကြားထဲမှ အနက်ရောင် ကတ်လေးတစ်ခုကို ကောက်ယူလိုက်သည်။ ထို့နောက် လူအုပ်ထဲ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်မှ သေချာသွားတော့သည်။ ကျန်းဖုန်းပြောသည့် တကယ့်သတင်းကြီးမှာ တကယ်ရှိသလို တခြားသူ၏ SD ကတ်ကို ခိုးလိုက်မိသည့်အတွက် ဝမ်မျိုးရိုးလဲ ပြဿနာတက်ရခြင်း ဖြစ်လေသည်။
.....
တစ်ချိန်ထဲတွင်
အနက်ရောင်ကားက CCTV များအားလုံးကို ရှောင်တိမ်းကာ အနီးအနားမှ စက်ရုံတစ်ခုထဲဝင်၍ အမှိုက်ပုံနား ရပ်လိုက်သည်။
ကားမောင်းသူနေရာတွင် ထိုင်နေသော လူက ခေါင်းစွပ်ကို ဆွဲချသည်။ စောစောက အဖြစ်အပျက်ကြောင့် ချွေးများပြန်နေကာ အင်္ကျီကိုပင် ဆွဲချွတ်လိုက်ရသည်။ ထို့နောက် ကားထဲမှထွက်၍ ဖုန်းပြောသည်။
တစ်ဖက်မှ လူ၏အသံ ထွက်ပေါ်လာသည်။
" လက်စသတ်ပြီးသွားပြီလား"
အဆိုပါအသံက စူးရှပြတ်သားနေသည်။
ကားသမား : " မပြီးသေးဘူး... အဲ့လူ လွတ်သွားပါတယ်"
" လွတ်သွားတယ်??"
တစ်ဖက်မှ အော်သံတစ်သံ ထွက်ပေါ်လာသည်။
" ပြဿနာတစ်ခု ဖြစ်ခဲ့ပါတယ်"
ထိုသူက ချွေးများပြန်နေသည်။ ထိုသူ၏ မျက်လုံးထောင့်တွင် မြွေပုံစံအမာရွတ်တစ်ခု ရှိနေသည်။
" ဒီနေ့ အရူးနှစ်ယောက်နဲ့ တွေ့ခဲ့တယ်"
တစ်ဖက်လူမှာ ကျေနပ်ပုံမရ။
" ပစ္စည်း သူ့လက်ထဲမှာ ရှိတယ်ဆိုတာ သေချာလား"
ထိုသူက ဆက်ပြောသည်။
" ကျန်းမျိုးရိုးနဲ့လူမှာရော သူ့အိမ်မှာရော မရှိဘူး.. ဒီလူနဲ့ပဲ ရှိနေတာ ဖြစ်နိုင်တယ်.. ကျွန်တော် သေချာစစ်ပြီးပြီ .. ကျန်းမျိုးရိုးနဲ့ တွေ့တဲ့သူက ဒီလူတစ်ယောက်ထဲ ရှိတာ"
" လူ ဘာဖြစ်ဖြစ် ငါ မသိချင်ဘူး.. ငါလိုချင်တဲ့ ပစ္စည်းကို ရအောင်ယူခဲ့"
တစ်ဖက်လူက ဆက်ပြောသည်။
" စိတ်မပူပါနဲ့"
ထိုသူက ကားနောက်ခုံတွင် ဝင်ထိုင်ကာ ကွန်ပျူတာဖွင့်သည်။
" သေချာပေါက် ပြန်ရစေရမှာပါ"
ကွန်ပျူတာပေါ်တွင် အဖြူအမည်း CCTV မှတ်တမ်းတစ်ခု ရှိနေသည်။ မနေ့ညက ပါပါရာဇီကို စောင့်နေစဉ် ထိုသူ့အိမ်ရှေ့တွင် လျှို့ဝှက်ကင်မရာတစ်လုံး တပ်ဆင်ခဲ့သည်။ တပ်ဆင်ခဲ့သော နေရာမှာ တံခါးနှင့် အတန်ငယ်ဝေးသောကြောင့် သေသေချာချာတော့ မမြင်ရ။ ဖုန်တက်နေသော လျှောက်လမ်း.. စုပုံထားသော ကတ်ထူစက္ကူများနှင့် အိမ်နံပါတ်လောက်ကိုသာ ရေးတေးတေး မြင်ရသည်။
သူ စောင့်ကြည့်နေသော်လဲ အိမ်နီးချင်းတစ်ယောက်ထွက်လာကာ အောက်ဆင်းသွားသည်အထိ မှတ်တမ်းက အေးဆေးနေသည်။
ထိုသူက CCTV ကို မမှိတ်မသုန် စောင့်ကြည့်ရင်း အံကြိတ်၍ ဆဲဆိုနေ၏။
" မင်းတို့ကို ဒီနေ့ သတ်ပစ်ခဲ့ရမှာ"
သို့သော် ဆယ်မိနစ်အကြာတွင်တော့ CCTV မှတ်တမ်း လှုပ်ရှားလာခဲ့သည်။
အတွင်းမှ တွန်းဖွင့်လာသော တံခါးနောက်တွင် ကုတ်အင်္ကျီအရှည်အနက်ဝတ်ထားသော လူတစ်ယောက် ထွက်လာသည်။
... စောစောက တွေ့ခဲ့သည့် အရူးပင်...
ထိုအရူး၏ အဝတ်အစားမှာ အဆိုပါတိုက်ခန်းနှင့် နည်းနည်းလေးပင် မလိုက်ဖက်။ ထိုသူနောက်မှ လိုက်လာသူကတော့ mask တပ်ထားသည်။ ကားသမားလဲ စောစောက ကားရှေ့ခန်းတွင် ထိုင်နေခဲ့သော နောက်ထပ်အရူးမှန်း တန်းသိသွားသည်။
"..."
အရေးကြီးသည်က ဒါတွေမဟုတ်။ ထိုအရူး၏ လက်ထဲတွင် တစ်စုံတစ်ခု ကိုင်ထား၏။
ကားသမား ရုတ်တရက် ထထိုင်လိုက်သည်။
အကျယ်ချဲ့ကြည့်လိုက်တော့ ထိုသူ၏ လက်ထဲတွင် ကိုင်ထားသည်က SD ကတ်တစ်ခုပင်။
ထိုသူမှ သိသိသာသာကြီးကို ကိုင်ထား၏။
ထို့နောက် ရှဲ့လင် ကင်မရာရှိရာဘက် လှည့်လာသည်။ ရည်ရွယ်ချက်ရှိရှိ ပြုမူခြင်း ဟုတ်မဟုတ်တော့မသိ။ ကင်မရာနှင့် စက္ကန့်ပိုင်းကြာသည်အထိ အကြည့်ချင်းဆုံနေသည့်အတွက် တမင်လုပ်သည်ဟုပင် ထင်ရလေသည်။
.......
End of part 59
Thank you all
Zawgyi
Chapter 58 အဆက္
...
[58 က တစ္ဝက္ပဲ ပါတယ္လို႔ ညီမေလးတစ္ေယာက္က လာေျပာလို႔ပါ ျပန္ျဖည့္ေပးလိုက္ပါတယ္ေနာ္ ေနာက္ပိုင္း စာက်န္ေနရင္လဲ လာေျပာေပးပါဦးေနာ္ ကြၽန္ေတာ့္ဘက္မွာ အဲ့အထိပဲ ပါလို႔ပါ]
" အဲ့လိုေျပာလို႔ရပါတယ္"
ရွဲ႕လင္က စိတ္ထဲမွ ဆက္ေျပာလိုက္သည္။
.... သာမန္လူသတ္သမားေတြက သူတို႔ေလာက္မွ ေၾကာက္ဖို႔မေကာင္းတာေလ...
ဆယ္မိနစ္အၾကာ ကားထဲတြင္
ထိုသူက ကားေနာက္ခုံတြင္ ထိုင္သည္။ ထို႔ေနာက္ ဟိုၾကည့္သည္ၾကည့္ လိုက္ၾကည့္ရင္းမွ ကားေရွ႕ခုံတြင္ ထိုင္ေနေသာ ခ်ီခ်င္းကို တစ္ခ်က္ၾကည့္သည္။ ဆံပင္ရွည္ရွည္ နီရဲေနေသာ ႏႈတ္ခမ္းႏွင့္ ေအးစက္ေနေသာ မ်က္ႏွာေပၚတြင္ အၿပဳံးအရယ္လုံးဝမရွိ။ ေစာေစာက ေၾကာက္ေန၍ သတိမထားမိေသာ္လဲ အခု ျပန္ၾကည့္ေတာ့မွ နည္းနည္း ရင္းႏွီးေနပုံေပၚ၏။ သို႔ေသာ္ အမွန္အတိုင္းေျပာရပါက ဒီေလာက္ေခ်ာေသာ မ်က္ႏွာမ်ိဳးမွာ အႏုပညာေလာကထဲတြင္ လူမသိသူမသိ ျဖစ္ေနသည္ကိုက ထူးဆန္းလြန္း၏။
ရွဲ႕လင္က မီးပြိုင့္မီးစိမ္းသည္ကို ေစာင့္ရင္း စကားစသည္။
" ခင္ဗ်ား နာမည္ကိုေတာင္ ေမးဖို႔ ေမ့ေနတယ္"
ထိုသူက ခ်ီခ်င္းကို စိုက္ၾကည့္ရင္း ျပန္ေျဖသည္။
" မ်ိဳးရိုးက ဝမ္ပါ"
" လူႀကီးမင္း ဝမ္"
မီးစိမ္းသည္ႏွင့္ ရွဲ႕လင္က လီဗာကို အရွိန္ျမႇင့္လိုက္သည္။
" ကြၽန္ေတာ့္လက္ေထာက္က အရမ္း ရွက္တတ္လို႔ တစ္ခ်ိန္လုံး စိုက္မၾကည့္ဖို႔ အႀကံေပးခ်င္ပါတယ္ဗ်"
ထိုသူ : " ေဆာရီးပါ.. က်ဳပ္က ဒီအတိုင္း.. သူ႕မ်က္ႏွာက ရင္းႏွီးေနသလို ခံစားရလို႔ပါ"
ထိုသူက မေနနိုင္ပဲ ထပ္ေမးလိုက္သည္။
" စိတ္မရွိရင္ တစ္ခုေလာက္ေမးခ်င္လို႔.. ခင္ဗ်ား ႐ုပ္ရွင္ရိုက္ဖူးလား"
ခ်ီခ်င္း : "ရိုက္ဖူးတယ္"
ထို႔ေနာက္ ထိုသူ သက္ျပင္းခ်လိဳက္သည္။
" က်ဳပ္ ထင္သားပဲ.. မမွားနိုင္ပါဘူးလို႔... က်ဳပ္ ခင္ဗ်ားကို တစ္ေနရာရာမွာ ျမင္ဖူးတယ္လို႔ ထင္ေနတာ... ဒါေပမဲ့ ေစာေစာက အရာရွိက်ိ ေျပာတာကေတာ့ ခင္ဗ်ားတို႔က ရဲစခန္းရဲ႕ အႀကံေပးေတြဆို"
ခ်ီခ်င္းက တည္ၿငိမ္စြာ ျပန္ေျဖသည္။
" အလုပ္ေျပာင္းလိုက္တာ"
"...."
သူ႕ေလာကက အက်ယ္ႀကီးပဲကို...
ခ်ီခ်င္း : " ခင္ဗ်ားမွာ အေရးတႀကီး ေမးစရာမရွိရင္ ေက်းဇူးျပဳၿပီး တိတ္တိတ္ေနေပးပါ"
သူတို႔ႏွစ္ေယာက္ ေဖာ္ေ႐ြစြာ စကားအျပန္အလွန္ေျပာေနၾကခ်ိန္ လမ္းအေျခအေနက ႐ုတ္တရက္ ေျပာင္းလာသည္။ ရွဲ႕လင္မွာ GPS လမ္းေၾကာင္းအတိုင္း သြားေနေသာ္လဲ လမ္းအေကြ႕တစ္ေနရာေရာက္ေတာ့ လမ္းတစ္ဖက္တြင္ ဆိုင္အျပည့္ရွိေနေသာ္လဲ က်န္တစ္ဖက္တြင္ ေရကန္တစ္ကန္သာ ရွိသည္။ သို႔ေသာ္ လမ္းေကြ႕ေကြ႕ခ်င္း ေနာက္ၾကည့္မွန္မွ အရာတစ္ခုကို သတိထားမိသြားသည္။ လမ္းဆုံမွ ကမူးရႈးထိုး ထြက္လာေသာ အနက္ေရာက္ဗန္ကားတစ္စီးကို ေတြ႕လိုက္ရ၏။ အဆိုပါ ဗန္ကားမွာ ထြက္လာသည္ႏွင့္ အရွိန္ျပင္းစြာႏွင့္ သူတို႔ကားနားေရာက္လာခဲ့သည္။
" ႏွစ္ေယာက္လုံး ခါးပတ္ေသခ်ာပတ္ထားလား"
ပုံမွန္အတိုင္းဆို အဆိုပါအေျခအေနမ်ိဳးတြင္ ေၾကာက္လန႔္ၾကမည္ဆိုေသာ္လဲ ရွဲ႕လင္က တည္ၿငိမ္စြာႏွင့္ အရွိန္ျမႇင့္လိုက္သည္။
ထိုသူ : " ေသခ်ာပတ္ထား..."
လမ္းတစ္ဖက္တြင္ ေရကန္သာရွိေနေသာေၾကာင့္ ျပန္ဆုတ္ရန္ မျဖစ္နိုင္။ အနက္ေရာင္ဗန္က အေသအခ်ာ ျပင္ဆင္ထားပုံရသည္။ ေရွ႕တည့္တည့္တြင္လဲ ကားတစ္စီးရွိေန၍ ထြက္ေပါက္ ပိတ္ေနကာ ေရကန္သို႔သာ သြားစရာလမ္းရွိေနသည္။ သို႔ေသာ္ ရွဲ႕လင္က ခ်က္ခ်င္း ကားကို ဘရိတ္နင္းကာ ဆြဲေကြ႕လိုက္သည့္အတြက္ ကားလမ္းေပၚ ကားဘီးရာ အထင္းသားက်န္ခဲ့သည္။ သူ ကားလမ္းေၾကာင္းေျပာင္းလိုက္သည့္အတြက္ အေရွ႕မွ ကားေရာ သူ႕ေနာက္မွ ကားပါ အခ်င္းခ်င္း တိုက္မိမလို ျဖစ္သြား၏။
ထို႔ေနာက္ ခ်က္ခ်င္းပင္ ရွဲ႕လင္က လီဗာ ဆက္နင္း၏။
" ၿမဲၿမဲကိုင္ထား"
ထိုသူမွာ အသံတုန္တုန္ႏွင့္ "ကိုင္ထားတယ္" ဟု ျပန္ေျဖခ်င္ေသာ္လဲ ကားအရွိန္ေၾကာင့္ ပါးစပ္မွ "အား!!!" ဟုသာ ထြက္သြားနိုင္ခဲ့သည္။
သို႔ေသာ္ ကားထဲတြင္ လူသုံးေယာက္ရွိသည့္အနက္ သူတစ္ေယာက္ထဲသာ တအားအားႏွင့္ ေအာ္ေနျခင္းျဖစ္၏။
ကားေရွ႕ခန္းတြင္ ထိုင္ေနေသာ အႏုပညာရွင္ေဟာင္းမွာ မ်က္ေတာင္တစ္ခ်က္ပင္ မခတ္။ ေအးေဆးတည္ၿငိမ္စြာ ျပန္ေျပာသည္။
" ခင္ဗ်ား ေက်းဇူးျပဳၿပီး မေအာ္လို႔မရဘူးလား.. အရမ္း နားဆူလို႔"
ထိုသူ : "???"
~~~ ဘယ္လိုလုပ္ မေအာ္ပဲ ေနလို႔ရမွာလဲ.. ကားက ဝင္တိုက္ေတာ့မဲ့ဟာကို ~~~
ရွဲ႕လင္က တကယ္ ဝင္တိုက္ေတာ့မည့္အလား ေမာင္းေနသည္။
ထိုသူက က်ယ္က်ယ္ေလာင္ေလာင္ ထပ္ေအာ္ျပန္သည္။ ခ်ီခ်င္းက ထိုအေျခအေနတြင္ ရွဲ႕လင္လက္ကို မကိုင္နိုင္ေသာေၾကာင့္ နားစည္ကြဲမတတ္ ဆူညံေန၏။ ထို႔ေၾကာင့္ ထိုသူကို ရွင္းျပရသည္။
" ပုံမွန္လူဆိုရင္ ဒီလိုအေျခအေနမ်ိဳးမွာ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႕ ဘရိတ္အုပ္ၾကတာပဲ... အဲ့ဒါမွ တစ္ဖက္လူက ဒီကားေၾကာက္ေနတယ္လို႔ ေတြးၾကမွာ"
ရွင္းရွင္းေျပာရလွ်င္ေတာ့ တန္ျပန္စိတ္ဓာတ္စစ္ဆင္ေရးပင္။
~~~ သာမန္လူေတြ ဘရိတ္နင္းတာေတာ့ ငါလဲ သိတာေပါ့.. ဒါေပမဲ့ သူေမာင္းတာက ဝင္တိုက္ေတာ့မလိုပဲကို ~~~
အဆိုပါလူမွာ အႏုပညာရွင္မ်ားကားေနာက္ကို လိုက္ဖူးေသာ္လဲ ေသေရးရွင္ေရးအေျခအေနမ်ိဳး ႀကဳံခဲ့ဖူးပုံမေပၚ။ ကားတစ္ခ်က္အေကြ႕တြင္ ကားတံခါးႏွင့္ ေျပးေဆာင့္မိလိုက္ေသးသည္။
" ခင္ဗ်ားတို႔ပဲ ျဖစ္နိုင္တယ္ဆို.. အား!!"
ခ်ီခ်င္းက ကားလက္ကိုင္ကို ၿမဲၿမဲဆုပ္ရင္း ျပန္ေျဖသည္။
" အတိအက်ေျပာရရင္ ငါးဆယ္ရာခိုင္ႏႈန္း ျဖစ္နိုင္တယ္ေလ"
"အား!!!"
~~~ ကားထဲမွာ ေအာ္ေနတဲ့သူက ဘာလို႔ ငါတစ္ေယာက္ထဲလဲ.. သူတို႔ေရာ မေၾကာက္ၾကဘူးလား~~'
~~~အင္းေလ သူတို႔ပုံစံက ပုံမွန္မွ မဟုတ္တာ~~~
~~~ ဒီလိုမွန္းသိရင္ ရဲစခန္းကို မသြားပါဘူး... ရဲစခန္းသြားမွ ဒီေလာက္ထိ အႏၲရာယ္ရွိနိုင္မယ္လို႔ ဘယ္သူသိမွာလဲ.... ေသရေတာ့မလား မသိဘူး~~~
ေၾကာက္စိတ္လုံးဝမရွိေသာ ခ်ီခ်င္းမွာ ထိုသူ႕ကို လုံးဝနားမလည္နိုင္။
အနက္ေရာက္ဗန္ကားထဲတြင္ လူတစ္ေယာက္သာ ပါသည္။ ထိုသူမွာ သူ႕ပုံစံအမွန္ေပၚမည္စိုး၍ ေခါင္းစြပ္အကၤ်ီကို ဝတ္ကာ mask အနက္ေရာင္ တပ္ထားသည္။
တစ္ဖက္ကားထဲမွ လူမွာ ရွဲ႕လင္ကိုေတာ့ ေကာင္းစြာျမင္ရသည္။ ရွဲ႕လင္က ကားစတီယာရင္ကို လက္တင္၍ ထိုသူကို တစ္ခ်က္ၾကည့္ကာ " တိုက္ရဲရင္ ဝင္တိုက္ေလ"ဟူေသာ သေဘာႏွင့္ မ်က္ခုံးတစ္ခ်က္ပင့္ျပသည္။
အနက္ေရာင္ ဗန္ကားထဲမွ ကားသမားမွာ သူ႕ေရွ႕တည့္တည့္ ေရာက္လာမည္ဟု မထင္ထား။ ထို႔ေၾကာင့္ ကားအရွိန္ ခ်က္ခ်င္းေလ်ာ့သြားသည္။ သူ႕ေရွ႕မွကားကို ဝင္တိုက္ရမည့္သူက သူကိုယ္တိုင္ျဖစ္သည္ကိုပင္ ေမ့သြားပုံရ၏။ ထို႔ေနာက္ အရွိန္ေလ်ာ့႐ုံတင္မကပဲ တစ္ဖက္ကို ေကြ႕သြားေသာေၾကာင့္ အခ်င္းခ်င္း ပြတ္ဆြဲလုမတတ္သာ ျဖစ္သြားသည္။ ရွဲ႕လင္၏ကားေၾကာင့္ အနက္ေရာင္ကား အေရွ႕ပိုင္းတစ္ခုလုံး အစင္းရာအႀကီးႀကီး ျခစ္မိခဲ့သည္။
ခ်ီခ်င္းမွာ ပါပါရာဇီဝမ္ႏွင့္ မတူသည့္အသံတစ္သံကို ၾကားလိုက္ရသည္။ ေခါင္းစြပ္ႏွင့္လူက ရွဲ႕လင္ကို တစ္ခ်က္စူးစိုက္ၾကည့္ရင္း စိတ္ထဲမွ ေရ႐ြတ္သည္။
~~~ေသစမ္း.. ငါတို႔ အ႐ူးနဲ႕မွ လာေတြ႕ေနတယ္~~~
သို႔ေသာ္ ရွဲ႕လင္၏ ရည္႐ြယ္ခ်က္မွာ တစ္ဖက္ကားကို ရပ္သြားနိုင္႐ုံသာ မဟုတ္။ တစ္ဖက္ကားကို ထိုေနရာထဲမွ မထြက္သြားေစနိုင္ရန္ ပိတ္ေလွာင္ထားရန္ ျဖစ္သည္။
တစ္ဖက္မွ ကားသမားမွာ အိမ္စာ ေသခ်ာလုပ္ထားခဲ့ပုံရကာ လမ္းတိုင္းကို ကြၽမ္းက်င္စြာ သြားလာနိုင္သည့္အတြက္ ခ်က္ခ်င္း တုံ႕ျပန္သည္။ ဟန္းဘရိတ္ကို ရွဲ႕လင္ ဆြဲလိုက္သည့္အခ်ိန္တြင္မွာပင္ တစ္ဖက္ကားက ခ်က္ခ်င္း ေနာက္ဆုတ္ကာ ေမာင္းေျပးသြားေလေတာ့သည္။ ထို႔ေနာက္ လမ္းမႀကီးေပၚေရာက္ကာ တျခားကားမ်ားႏွင့္ ေရာေႏွာသြားေတာ့၏။
" လိုင္စင္နံပါတ္ မွတ္ထား"
ရွဲ႕လင္မွာ လက္ျမႇောက္၍ အကၤ်ီၾကယ္သီးတစ္လုံးျဖဳတ္ေနသည္။ သူ႕ေလသံေရာ အျပဳအမူကပါ ေစာေစာေလးကမွ အႏၲရာယ္ေတာထဲမွ လြတ္ေျမာက္လာသည့္ပုံမေပၚ။ ထို႔ေနာက္ ကားၾကပ္ေနေသာ လမ္းမႀကီးကို ၾကည့္၍ ေျပာလိုက္သည္။
" ထားလိုက္ေတာ့.. လိုင္စင္နံပါတ္သိလဲ အသုံးမဝင္ဘူး... အဲ့ဒီ့နံပါတ္က ရွာလို႔မရတဲ့ နံပါတ္အတု ျဖစ္ခ်င္ျဖစ္ေနမွာ... မင္း ဘာျဖစ္သြားေသးလဲ"
ေနာက္ဆုံးစကားကေတာ့ ခ်ီခ်င္းကိုသာ တိုက္ရိုက္ရည္႐ြယ္သည္။ ေစာေစာက အေကြ႕တစ္ခ်က္ၾကမ္းသြားေသာေၾကာင့္ ဒဏ္ရာရသြားလား ေမးေနျခင္းပင္။
ခ်ီခ်င္ : " ဘာမွမျဖစ္ဘူး"
နားပဲ နည္းနည္းဆူသြားတာ...
ထို႔ေနာက္မွ ရွဲ႕လင္က ေၾကာက္လန႔္တၾကားျဖစ္ေနေသးေသာ ထိုသူကို လွည့္ၾကည့္သည္။
" လူႀကီးမင္း ဝမ္... ခင္ဗ်ား ေနာက္တစ္ခါ ရဲတိုင္ရင္ 'ထင္တယ္' ဆိုတဲ့စကားကို ျဖဳတ္ထားလိုက္ေတာ့.. တစ္ေယာက္ေယာက္က ခင္ဗ်ားကို တကယ္လိုက္သတ္ေနတာ... ၿပီးေတာ့ က်န္းဖုန္း ေသရတာလဲ ခင္ဗ်ားနဲ႕ သက္ဆိုင္နိုင္တယ္... သူ႕ေသဆုံးမႈက ဒီေလာက္မရိုးရွင္းနိုင္ဘူး"
သို႔ေသာ္ ထိုသူမွာ ရွဲ႕လင္စကားတစ္ခြန္းကိုမွ မၾကားရ။ ေစာေစာက အျဖစ္အပ်က္ကို ေၾကာက္စိတ္မေျပေသးပဲ တုန္လႈပ္ေန၏။
..........
Chapter 59
ထိုသူက ၿမိဳ႕အစြန္အဖ်ားရွိ မလုံၿခဳံေသာ ရပ္ကြက္တစ္ခုတြင္ ေနထိုင္သည္။ ရွဲ႕လင္မွာ ကားရပ္ရန္ ေနရာကိုပင္ မနည္းရွာလိုက္ရၿပီး ထိုသူကို အိမ္အထိ လိုက္ပို႔ေပးရသည္။
အေဆာက္အဦးက အိုမင္းေနသလို ၿခံစည္းရိုးမ်ားကို ေဆးျပန္သုတ္ထားေသာ္လဲ ေလွကားမ်ားက ၾကမ္းတမ္းေနသည္။ မေန႕ညက မိုး႐ြာထားသည့္အတြက္ တိုက္ခန္းေရွ႕မ်ားတြင္ ထီးမ်ားလွန္းထားၾကသည္က ထိုးထိုးေထာင္ေထာင္။ ထီးမ်ားေအာက္တြင္ ေရကြက္မ်ားက စို႐ႊဲလ်က္ရွိသည္။
ရွဲ႕လင္က ထိုသူ၏ အိမ္ေရွ႕တြင္ ရပ္သည္။
" အခု ခင္ဗ်ားကို ျပန္ပို႔ၿပီးၿပီဆိုေတာ့ အရင္ျပန္လိုက္ပါဦးမယ္... ကြၽန္ေတာ့္ပါတနာက အသန႔္အရမ္းႀကိဳက္တာ..ဒီေနရာမွာ ေနာက္ထပ္တစ္မိနစ္ေလာက္ ဆက္ရွိေနရင္ေတာင္ သူ ေဒါသထြက္ၿပီး စိတ္လြတ္သြားမွာ စိုးရတယ္"
ထိုစကားေၾကာင့္ ထိုသူလဲ ရွဲ႕လင္ေဘးမွ လမ္းေၾကာင္းေျပာင္းထားေသာ အႏုပညာရွင္ကို တစ္ခ်က္ၾကည့္သည္။ အဆိုပါ အႏုပညာရွင္က လက္ႏွစ္ဖက္ကို ေဘာင္းဘီအိတ္ကပ္ထဲထည့္ကာ ခဏရပ္ရန္ေနရာကိုပင္ အေသအခ်ာေ႐ြးေနရသည္။ ထို႔ေနာက္ ေဘာင္းဘီအိတ္ထဲမွ mask တစ္ခုထုတ္ကာ ေအးစက္စက္ မ်က္ႏွာေပၚ ကပ္သည္။
~~~ အသန႔္ႀကိဳက္ေရာဂါက တကယ္ဆိုးတာပဲ~~~
ခ်ီခ်င္းမွာ mask တပ္ၿပီးေတာ့မွ ပို၍ စိတ္ရႈပ္သြားသလိုပင္။ ႏႈတ္ခမ္းရဲရဲေလးမ်ားကို မျမင္ရေတာ့ပဲ နဖူးျပင္ကို ဆံပင္ရွည္မ်ားႏွင့္ ဖုံးလႊမ္းထားသည့္အတြက္ နက္ေမွာင္ေနေသာ မ်က္ဝန္းမ်ားကိုပင္ သိပ္မေတြ႕နိုင္။
" က်ဳပ္..."
ထိုသူမွာ သူတို႔ႏွစ္ေယာက္ကို အရင္ပဲ ျပန္ခိုင္းလိုက္ရမလား သူနဲ႕အတူ အထဲဝင္ဖို႔ ေခၚရေကာင္းမလား ေတြးရၾကပ္ေနသည္။
တစ္ဖက္တြင္ သူ ေၾကာက္ေနသည္။
အခ်ိန္တိုအတြင္း အသတ္ခံရရန္ အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ခံထားရသည့္ အိမ္ထဲတြင္ ဘယ္သူကမွ ေနရဲမည္မဟုတ္။
ထိုသူႏွစ္ေယာက္၏ အႏၲရာယ္ရွိနိုင္စြမ္းကလဲ လူသတ္သမားႏွင့္ သိပ္ေတာ့မကြာ။
ထိုသူက အတန္ၾကာသည္အထိ တိတ္ဆိတ္ေနရာမွ ေနာက္ဆုံး ဆက္ေျပာလိုက္သည္။
" လိုက္ပို႔ေပးတဲ့အတြက္ ေက်းဇူးပါ... ဒါနဲ႕ အထဲဝင္ၿပီး လက္ဖက္ရည္ေလး ဘာေလး ေသာက္ပါဦးလား"
ရွဲ႕လင္က အထဲလိုက္ဝင္ကာ ခ်ီခ်င္းဘက္ကို လက္ကမ္းသည္။
ခ်ီခ်င္းမွာ ရွဲ႕လင္လဲ mask လိုခ်င္၍ ေတာင္းသည္ဟု ထင္သြားသည္။
" Mask အပို မပါဘူး"
" ဘယ္သူက mask ေတာင္းေနလို႔လဲ"
ရွဲ႕လင္က ဆက္ေျပာသည္။
" လက္"
ခ်ီခ်င္း ေၾကာင္အသြားသည္။
သူတို႔ႏွစ္ေယာက္ အရင္တစ္ခါ ကားထဲတြင္ စကားေျပာၿပီးသည့္အခ်ိန္မွစ၍ ဘယ္ေနရာသြားသြား ဘယ္သူႏွင့္ေတြ႕ေတြ႕ ရွဲ႕လင္ သူ႕လက္ကိုင္ရန္ ႀကိဳးစားေနသည္ကို ခ်ီခ်င္း သတိထားမိသည္။
ထိုလူ ငွားေနေသာအိမ္မွာ အိပ္ခန္းတစ္ခန္း ဧည့္ခန္းတစ္ခန္းသာ ပါသည္။ သူ႕အလုပ္ေၾကာင့္ ညဘက္တြင္ အျပင္မွာေနရသည္က ပိုမ်ားေသာေၾကာင့္တစ္အိမ္လုံးက သန႔္ရွင္းသပ္ရပ္ကာ ဧည့္ခန္းနံရံမ်ားတြင္ ဓာတ္ပုံမ်ားႏွင့္ ျပည့္ေန၏။ ဓာတ္ပုံရိုက္ထားသည့္ ရႈေထာင့္မ်ားက လွ်ို႔ဝွက္စြာ ရိုက္ထားရသည္ကို သိသာေစသည္။
ဓာတ္ပုံမ်ားထဲမွ ပုံရိပ္တို႔မွာ ေဝဝါးေနသည္။ တခ်ိဳ႕က လိုက္ကာစၾကားမွ မ်က္ႏွာတစ္ဝက္သာ ေပၚေနသလို က်န္ပုံတို႔က ေျမေအာက္ကားပါကင္ထဲ ခပ္သြက္သြက္ သြားေနပုံေပၚသည္။ တခ်ိဳ႕က်ေတာ့လဲ ေက်ာျပင္ကိုသာ ျမင္ရၿပီး လူႏွစ္ေယာက္ လက္တြဲထားပုံမ်ားျဖစ္သည္။
" အလုပ္ကပုံေတြပါ"
ထိုလူက ရွင္းျပသည္။
" အၾကာႀကီး ပုန္းကြယ္ၿပီးမွ ရိုက္ထားရတာ"
ရွဲ႕လင္က ဧည့္ခန္းထဲကို လွည့္ပတ္ၾကည့္ေနသည္။ ထိုလူက မေနနိုင္ပဲ ရွင္းျပသည္။
" ခင္ဗ်ားတို႔ႏွစ္ေယာက္က... ဘာလို႔ လက္ကိုင္ထားၾကတာလဲ"
ရဲစခန္းထဲတြင္ ရွိေနကတည္းက လက္ကိုင္ထားပုံေပၚသည္။
" သူက တျခားသူေတြနဲ႕ ဓာတ္မတည့္လို႔ပါ"
ရွဲ႕လင္က ဆက္ေျပာသည္။
" ကြၽန္ေတာ္ သူ႕လက္ကို မကိုင္ထားရင္ တျခားသူေတြနဲ႕ ထိမိမွာစိုးလို႔ပါ"
ခ်ီခ်င္း : "..."
ထိုသူ : "..."
ထိုသူ၏ ဧည့္ခန္းထဲတြင္ ဓာတ္ပုံနံရံအျပင္ ဓာတ္ပုံအယ္ဘမ္မ်ားတင္ထားေသာ စင္တစ္ခုလဲ ရွိေနေသးသည္။ ထို႔အျပင္ ဓာတ္ပုံႏွင့္ ပတ္သက္ေသာ စာအုပ္မ်ားလဲ ရွိ၏။
ရွဲ႕လင္ : " ခင္ဗ်ားက ေတာ္ေတာ္ ေလ့လာထားတာပဲ"
ထိုသူ : "က်ဳပ္တို႔ေလာကက အၿပိဳင္အဆိုင္မ်ားတယ္.. လူတိုင္းက သတင္းအသစ္ကိုပဲ တူးဆြခ်င္ၾကတာ.. အႏုပညာရွင္ေတြ အမ်ားႀကီးရွိတယ္ဆိုေပမဲ့ တစ္ေယာက္ေယာက္က အရင္သတင္းရသြားရင္ ကိုယ့္အတြက္ သတင္းမက်န္ေတာ့ဘူးေလ"
ရွဲ႕လင္က စာအုပ္စင္ေရွ႕ရပ္၍ ေထာက္ခံသည္။
" အဲ့ဒီ့ေတာ့ ပထမဆုံး သတင္းရဖို႔က ခင္ဗ်ားတို႔အတြက္ အရမ္းအေရးႀကီးတာေပါ့"
ထိုသူ : " အမွန္ပဲ"
ရွဲ႕လင္က ႐ုတ္တရက္ႀကီး ေသဆုံးသြားေသာ ပါပါရာဇီအေၾကာင္း စေျပာလိုက္သည္။
" က်န္းဖုန္းနဲ႕ ခင္ဗ်ား အသိအကြၽမ္းေတြလား"
ထိုသူက သူတို႔အတြက္ ေရငွဲ႕ေပးေနရာမွ mသတိေမ့ကာ ျပန္လႊတ္ရန္ပင္ ေမ့သြား၏။
" ခင္ဗ်ား ဘာလို႔ေမးတာလဲ"
" အခ်င္းခ်င္း သိ႐ုံတင္ ဘယ္ကမလဲ... က်ဳပ္ ပထမဆုံး အလုပ္ဝင္ေတာ့ သူက ေသခ်ာသင္ျပေပးခဲ့တာ.. ေနာက္ပိုင္း ကိုယ့္အလုပ္ကိုယ္ လုပ္ရင္း အဆက္အသြယ္သိပ္မရွိေတာ့တာ"
" လူႀကီးမင္းဝမ္.. ခင္ဗ်ား ကြၽန္ေတာ့္ေမးခြန္းကို ျပန္မေျဖရေသးဘူး... ခင္ဗ်ားတို႔ႏွစ္ေယာက္ လတ္တေလာ ေတြ႕မိၾကေသးတယ္ဆို"
"...."
ရွဲ႕လင္က ျဖည္းျဖည္းခ်င္း ထိုသူနားကပ္လာသည္။ ထိုသူမွာ ရွဲ႕လင္၏ မ်က္ဝန္းညိုေလးမ်ားကို အနားေရာက္မွ ေသေသခ်ာခ်ာေတြ႕ရသည္။ အဆိုပါ မ်က္ဝန္းညိုေလးမ်ားထဲမွ တည္ၿငိမ္ေနေသာ ေရျပင္ညီကို ေတြ႕လိုက္ရသလိုပင္။
" ၿပီးေတာ့ ခင္ဗ်ားတို႔ႏွစ္ေယာက္ သတင္းတစ္ခုထဲ အတူလိုက္တာမဟုတ္ဘူးဆို... ဘာလို႔ က်န္းဖုန္းေသၿပီးၿပီးခ်င္း ခင္ဗ်ားကို ပစ္မွတ္ထားရတာလဲ"
ရွဲ႕လင္ ေျပာခ်င္သည့္အေၾကာင္းအရာကို ခ်ီခ်င္း ခ်က္ခ်င္း သေဘာေပါက္သြားခဲ့သည္။
ရွဲ႕လင္၏ ေကာက္ခ်က္အရ ျပစ္မႈက်ဴးလြန္သူမွာ လူတစ္ေယာက္ထဲကို သတ္ရန္ ႀကိဳးစားခဲ့သည္မဟုတ္။ က်န္းဖုန္းႏွင့္ ထိုသူ႕တြင္ တူညီသည့္အခ်က္မ်ား မ်ားစြာ ရွိသည္ကို သူတို႔သည္ပင္ ျမင္နိုင္ေလသည္။ လူတစ္ေယာက္ထဲ သီးသန႔္ကို တိုက္ခိုက္လိုျခင္းမဟုတ္သည့္အတြက္ အရာဝတၳဳတစ္ခုခုကို ပစ္မွတ္ထားျခင္းပင္ ျဖစ္နိုင္သည္။
တစ္ဖက္လူမွာ ပစၥည္းတစ္ခုခုကို လိုက္ရွာေနျခင္း ျဖစ္ရမည္။
ဘယ္သူ႕လက္ထဲတြင္ ရွိေနသည္က အေရးမႀကီး။
ထိုသူမွာ ေရေႏြးငွဲ႕ေနရာမွ အရွိန္လြန္ေနေသာ္လဲ အပူဒဏ္ကို ခံစားမိပုံမေပၚ။ ေၾကာင္အစြာႏွင့္ ျငင္းဆန္ေနသည္။
" က်ဳပ္.. မေတြ႕..."
ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ကို ေျပာေနသည္လား သူ႕ကိုယ္သူ လွည့္စားေနသည္လား မသိနိုင္သည့္စကားမ်ားကို ေျပာလိုက္သည္။
" က်ဳပ္.. သူ႕ကို အခုတေလာ မေတြ႕မိပါဘူး"
ခ်ီခ်င္းက ရွဲ႕လင္ေဘးတြင္ ရပ္ေနရာမွ ရွဲ႕လင္ဆြဲထားေသာ လက္ကို ျဖည္းျဖည္းခ်င္း လႊတ္လိုက္သည္။ ခ်က္ခ်င္းပင္ လူတို႔၏ အေတြးမ်ား သူ႕နားထဲ တိုးဝင္လာသည္။
~~~အေစာႀကီး ထြက္သြားတာပဲ~~~
အသံတစ္သံ က ေျပာေနသည္။
~~~ မင္းကို ႏွစ္ေပါင္းမ်ားစြာ သတိရေနမွာပါ~~~
ေနာက္ထပ္ မိန္းမတစ္ေယာက္ ေအာ္သံၾကားလိုက္ရျပန္သည္။
~~~ အကုန္လုံး အမွတ္ျပည့္ရတာကို.. နင္က ဘာလို႔ ၉၀ ပဲ ရတာလဲ ~~~
ခ်ီခ်င္းလဲ ဆူညံသံမ်ားၾကားထဲမွ သူ႕ေရွ႕မွလူ၏ အသံကို အာ႐ုံစိုက္၍ လိုက္ရွာသည္။
ခဏၾကာေတာ့ သူ အာ႐ုံစိုက္၍ ရသြားခဲ့သည္။ ေပ်ာက္ဆုံးေနေသာ ထိုသူ၏ အသံမွာ တျဖည္းျဖည္းႏွင့္ ၾကည္လင္ျပတ္သားလာခဲ့၏။
~~~ ဘာပဲျဖစ္ျဖစ္ သူလဲ ေသၿပီဆိုေတာ့ ဒီပစၥည္း ငါ့လက္ထဲ ရွိေနတာ ဘယ္သူမွ မသိနိုင္ေတာ့ဘူး.. ဝွက္ဖဲတစ္ခ်ပ္လုံး ငါ့လက္ထဲ ရွိေနၿပီပဲ.. အခုတေလာ ဘာသတင္းမွ ထြက္နိုင္တာမဟုတ္ဘူး.. ဒီအတိုင္းသာ ဆက္သြားေနရင္ ငါ အလုပ္ျပဳတ္သြားနိုင္တယ္~~~
ခ်ီခ်င္းလဲ ထိုစကားေၾကာင့္ တိုးတိုးေလး ေရ႐ြတ္သည္။
" တစ္ခုခု ရွိေနတာ အမွန္ပဲကိုး"
ခ်ီခ်င္းမွာ ရွဲ႕လင္ကို စိတ္ဖတ္စြမ္းရည္ရွိေနသူဟုပင္ တစ္ခါတစ္ေလ ထင္မိသည္။
ခ်ီခ်င္းအဖို႔ မ်က္ႏွာအမူအရာ အသံေနအသံထားကို ၾကည့္႐ုံႏွင့္ လူတစ္ေယာက္၏ စိတ္ထားကို ဆုံးျဖတ္ရ ခက္ေသာ္လဲ ရွဲ႕လင္ကေတာ့ ေအးေဆးစြာ လုပ္နိုင္သည္။
" ကြၽန္ေတာ့္ကို အမွန္အတိုင္းေျပာပါ... ခင္ဗ်ား က်န္းဖုန္းဆီက ပစၥည္းတစ္ခုခု ယူထားတာ ရွိလား... ဥပမာ SD ကတ္လိုမ်ိဳး.."
ရွဲ႕လင္က ဆက္ေျပာသည္။
" အသက္ဆက္ရွင္ခ်င္ေသးတယ္ဆိုရင္ မလိမ္တာ ပိုေကာင္းမယ္ဗ်... အဲ့ဒီ့ပစၥည္း လက္ဝယ္ရွိတဲ့ ဘယ္သူမဆို ပစ္မွတ္ျဖစ္ေနမွာပဲ... ဒီပစၥည္းကို ကြၽန္ေတာ့္လက္အပ္ၿပီး ျဖစ္ခဲ့တဲ့ ကိစၥအားလုံးကို တိုက္ဆိုင္မႈလို႔ သတ္မွတ္လိုက္လို႔ရတယ္.... ဘယ္လိုပဲျဖစ္ျဖစ္ လူတိုင္းမွာ အသက္တစ္ေခ်ာင္းပဲ ပါတာေလ"
အခ်ိန္အေတာ္ၾကာမွ ထိုလူလဲ ေရေႏြးခြက္ခ်၍ ျပန္ေျဖသည္။
" က်ဳပ္ သူနဲ႕ လြန္ခဲ့တဲ့ႏွစ္ရက္က ေကာ္ဖီဆိုင္မွာ ေတြ႕ခဲ့ေသးတယ္"
" သူ အခုတေလာ ဘာလုပ္ေနမွန္းေတာ့ က်ဳပ္လဲ မသိဘူး... အႏုပညာရွင္တစ္ေယာက္ရဲ႕ သတင္းတစ္ခု ရထားတဲ့ပုံပဲ.. ၾကည့္ရတာ ေတာ္ေတာ္အေရးႀကီးတဲ့ အႏုပညာရွင္ျဖစ္မယ္... က်ဳပ္ကို အဲ့ေန႕က ဝမ္းသာအားရ လွမ္းေခၚတာဗ်... သတင္း ထြက္လာတာနဲ႕ အႏုပညာေလာကတစ္ခုလုံးကို ေျဗာင္းဆန္သြားေစနိုင္တယ္တဲ့... "
.........
လြန္ခဲ့ေသာ ႏွစ္ရက္က
ေကာ္ဖီဆိုင္တစ္ဆိုင္တြင္ ထိုသတင္းကို က်န္းဖုန္းက ဝမ္းသာအားရ ေျပာျပခဲ့သည္။
ထူးျခားေသာ သတင္းတစ္ခုမွ မရထားေသးေသာ ထိုလူမွာ က်န္းဖုန္းႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနကာ ရယ္ေမာေနသည္။ သို႔ေသာ္ စိတ္ထဲကေတာ့ မေက်နပ္။ သူ႕ကို အရင္က သင္ျပေပးခဲ့သည္ကိုေတာင္ မေထာက္ထားနိုင္ေတာ့ပဲ က်န္းဖုန္းအေပၚ မနာလိုျဖစ္ေနမိသည္။
" မနက္ျဖန္ တေနကုန္ လိုက္ၾကည့္ရမယ္... အသုံးဝင္မဲ့ ဓာတ္ပုံေလး ရလိုရျငားေပါ့"
က်န္းဖုန္းက ၿပဳံး႐ႊင္စြာ ေျပာေနရာမွ လည္ပင္းတြင္ ဆြဲထားေသာ ကင္မရာကို စားပြဲေပၚ တင္လိုက္သည္။
" ခနေလး... ငါ အိမ္သာသြားလိုက္ဦးမယ္"
" အင္း သြားေလ"
ထိုသူက ဝတ္ေက်တန္းေက် ျပန္ေျဖ၍ စားပြဲေပၚမွ ကင္မရာကို မ်က္ေတာင္ပင္ မခတ္နိုင္ပဲ စိုက္ၾကည့္ေနသည္။
သူ႕စိတ္ထဲမွ မေကာင္းဆိုးဝါးက " ယူလိုက္... ယူလိုက္ရင္ ဒီသတင္းက မင္းဟာျဖစ္ၿပီ" ဟု ေျပာေနသည္။
ထိုသူလဲ သူ႕စိတ္သူ မလြန္ဆန္နိုင္ေတာ့ေသာေၾကာင့္ ကင္မရာထဲမွ SD ကတ္ကို ကြၽမ္းက်င္စြာ ျဖဳတ္ယူကာ သူ႕ကင္မရာထဲမွ SD ကတ္အလြတ္ႏွင့္ လဲလိုက္ေလသည္။
" အဲ့ဒီ့ေတာ့ သူ႕SDကတ္ကို ျပန္ဖြင့္ၾကည့္လို႔ အထဲမွာ ဘာမွမရွိေတာ့ရင္ေတာင္ က်ဳပ္ကို အျပစ္ေျပာလို႔မရေတာ့ဘူးေလ"
ထိုသူက ျပန္ေျဖသည္။
" က်ဳပ္ လဲလိုက္တယ္ဆိုတာ ဘယ္သူမွ သက္ေသမျပနိုင္ဘူးေလ"
ထိုသူမွာ တကယ္ကံေကာင္းခဲ့၏။ SD ကတ္ အလဲခံလိုက္ရမွန္း က်န္းဖုန္း လုံးဝ မရိပ္မိခဲ့။ အဆိုပါ သတင္းေနာက္ လိုက္ေနရ၍ ရက္အတန္ၾကာ မအိပ္ခဲ့ရသလို မိုးလင္းသည္ႏွင့္ ကင္မရာတစ္လုံးကိုင္ကာ ေလွ်ာက္သြားေနခဲ့ရသည္။ တိုက္ေပၚမွ ျပဳတ္က်သည့္ အခ်ိန္မွသာ မ်က္လုံးမွိတ္နိုင္ခဲ့ၿပီး SD ကတ္အလဲခံရျခင္းကိုေတာ့ ေသသည္အထိ မသိသြားရွာ။
သို႔ေသာ္ တစ္ေယာက္ေယာက္က ေသခ်ာေပါက္ သိေနခဲ့သည္။
တိုက္ေပၚမွ ျပဳတ္က်သည့္ေန႕က က်န္းဖုန္း၏ အေလာင္းမွာ မိုးေရစက္မ်ားေအာက္ ေသြးခ်င္းခ်င္းရဲကာ လဲေလ်ာင္းေနခဲ့သည္။ ေအာ္ဟစ္ေျပးလႊားေနေသာ လူအုပ္ႀကီးႏွင့္ မနီးမေဝးတြင္ သားေရဘြတ္ဖိနပ္ရွည္ ဝတ္ထားေသာ လူတစ္ေယာက္ ရပ္ေနခဲ့၏။
အဆိုပါ ဘြတ္ဖိနပ္ပိုင္ရွင္မွာ လူအုပ္ထဲ ေခတၱ ရပ္ေနကာ ကင္မရာအႂကြင္းအက်န္ၾကားထဲမွ အနက္ေရာင္ ကတ္ေလးတစ္ခုကို ေကာက္ယူလိုက္သည္။ ထို႔ေနာက္ လူအုပ္ထဲ တိုးဝင္ကာ ေပ်ာက္ကြယ္သြားေတာ့သည္။
ထိုအခ်ိန္မွ ေသခ်ာသြားေတာ့သည္။ က်န္းဖုန္းေျပာသည့္ တကယ့္သတင္းႀကီးမွာ တကယ္ရွိသလို တျခားသူ၏ SD ကတ္ကို ခိုးလိုက္မိသည့္အတြက္ ဝမ္မ်ိဳးရိုးလဲ ျပႆနာတက္ရျခင္း ျဖစ္ေလသည္။
.....
တစ္ခ်ိန္ထဲတြင္
အနက္ေရာင္ကားက CCTV မ်ားအားလုံးကို ေရွာင္တိမ္းကာ အနီးအနားမွ စက္႐ုံတစ္ခုထဲဝင္၍ အမွိုက္ပုံနား ရပ္လိုက္သည္။
ကားေမာင္းသူေနရာတြင္ ထိုင္ေနေသာ လူက ေခါင္းစြပ္ကို ဆြဲခ်သည္။ ေစာေစာက အျဖစ္အပ်က္ေၾကာင့္ ေခြၽးမ်ားျပန္ေနကာ အကၤ်ီကိုပင္ ဆြဲခြၽတ္လိုက္ရသည္။ ထို႔ေနာက္ ကားထဲမွထြက္၍ ဖုန္းေျပာသည္။
တစ္ဖက္မွ လူ၏အသံ ထြက္ေပၚလာသည္။
" လက္စသတ္ၿပီးသြားၿပီလား"
အဆိုပါအသံက စူးရွျပတ္သားေနသည္။
ကားသမား : " မၿပီးေသးဘူး... အဲ့လူ လြတ္သြားပါတယ္"
" လြတ္သြားတယ္??"
တစ္ဖက္မွ ေအာ္သံတစ္သံ ထြက္ေပၚလာသည္။
" ျပႆနာတစ္ခု ျဖစ္ခဲ့ပါတယ္"
ထိုသူက ေခြၽးမ်ားျပန္ေနသည္။ ထိုသူ၏ မ်က္လုံးေထာင့္တြင္ ေႁမြပုံစံအမာ႐ြတ္တစ္ခု ရွိေနသည္။
" ဒီေန႕ အ႐ူးႏွစ္ေယာက္နဲ႕ ေတြ႕ခဲ့တယ္"
တစ္ဖက္လူမွာ ေက်နပ္ပုံမရ။
" ပစၥည္း သူ႕လက္ထဲမွာ ရွိတယ္ဆိုတာ ေသခ်ာလား"
ထိုသူက ဆက္ေျပာသည္။
" က်န္းမ်ိဳးရိုးနဲ႕လူမွာေရာ သူ႕အိမ္မွာေရာ မရွိဘူး.. ဒီလူနဲ႕ပဲ ရွိေနတာ ျဖစ္နိုင္တယ္.. ကြၽန္ေတာ္ ေသခ်ာစစ္ၿပီးၿပီ .. က်န္းမ်ိဳးရိုးနဲ႕ ေတြ႕တဲ့သူက ဒီလူတစ္ေယာက္ထဲ ရွိတာ"
" လူ ဘာျဖစ္ျဖစ္ ငါ မသိခ်င္ဘူး.. ငါလိုခ်င္တဲ့ ပစၥည္းကို ရေအာင္ယူခဲ့"
တစ္ဖက္လူက ဆက္ေျပာသည္။
" စိတ္မပူပါနဲ႕"
ထိုသူက ကားေနာက္ခုံတြင္ ဝင္ထိုင္ကာ ကြန္ပ်ဴတာဖြင့္သည္။
" ေသခ်ာေပါက္ ျပန္ရေစရမွာပါ"
ကြန္ပ်ဴတာေပၚတြင္ အျဖဴအမည္း CCTV မွတ္တမ္းတစ္ခု ရွိေနသည္။ မေန႕ညက ပါပါရာဇီကို ေစာင့္ေနစဥ္ ထိုသူ႕အိမ္ေရွ႕တြင္ လွ်ို႔ဝွက္ကင္မရာတစ္လုံး တပ္ဆင္ခဲ့သည္။ တပ္ဆင္ခဲ့ေသာ ေနရာမွာ တံခါးႏွင့္ အတန္ငယ္ေဝးေသာေၾကာင့္ ေသေသခ်ာခ်ာေတာ့ မျမင္ရ။ ဖုန္တက္ေနေသာ ေလွ်ာက္လမ္း.. စုပုံထားေသာ ကတ္ထူစကၠဴမ်ားႏွင့္ အိမ္နံပါတ္ေလာက္ကိုသာ ေရးေတးေတး ျမင္ရသည္။
သူ ေစာင့္ၾကည့္ေနေသာ္လဲ အိမ္နီးခ်င္းတစ္ေယာက္ထြက္လာကာ ေအာက္ဆင္းသြားသည္အထိ မွတ္တမ္းက ေအးေဆးေနသည္။
ထိုသူက CCTV ကို မမွိတ္မသုန္ ေစာင့္ၾကည့္ရင္း အံႀကိတ္၍ ဆဲဆိုေန၏။
" မင္းတို႔ကို ဒီေန႕ သတ္ပစ္ခဲ့ရမွာ"
သို႔ေသာ္ ဆယ္မိနစ္အၾကာတြင္ေတာ့ CCTV မွတ္တမ္း လႈပ္ရွားလာခဲ့သည္။
အတြင္းမွ တြန္းဖြင့္လာေသာ တံခါးေနာက္တြင္ ကုတ္အကၤ်ီအရွည္အနက္ဝတ္ထားေသာ လူတစ္ေယာက္ ထြက္လာသည္။
... ေစာေစာက ေတြ႕ခဲ့သည့္ အ႐ူးပင္...
ထိုအ႐ူး၏ အဝတ္အစားမွာ အဆိုပါတိုက္ခန္းႏွင့္ နည္းနည္းေလးပင္ မလိုက္ဖက္။ ထိုသူေနာက္မွ လိုက္လာသူကေတာ့ mask တပ္ထားသည္။ ကားသမားလဲ ေစာေစာက ကားေရွ႕ခန္းတြင္ ထိုင္ေနခဲ့ေသာ ေနာက္ထပ္အ႐ူးမွန္း တန္းသိသြားသည္။
"..."
အေရးႀကီးသည္က ဒါေတြမဟုတ္။ ထိုအ႐ူး၏ လက္ထဲတြင္ တစ္စုံတစ္ခု ကိုင္ထား၏။
ကားသမား ႐ုတ္တရက္ ထထိုင္လိုက္သည္။
အက်ယ္ခ်ဲ့ၾကည့္လိုက္ေတာ့ ထိုသူ၏ လက္ထဲတြင္ ကိုင္ထားသည္က SD ကတ္တစ္ခုပင္။
ထိုသူမွ သိသိသာသာႀကီးကို ကိုင္ထား၏။
ထို႔ေနာက္ ရွဲ႕လင္ ကင္မရာရွိရာဘက္ လွည့္လာသည္။ ရည္႐ြယ္ခ်က္ရွိရွိ ျပဳမူျခင္း ဟုတ္မဟုတ္ေတာ့မသိ။ ကင္မရာႏွင့္ စကၠန႔္ပိုင္းၾကာသည္အထိ အၾကည့္ခ်င္းဆုံေနသည့္အတြက္ တမင္လုပ္သည္ဟုပင္ ထင္ရေလသည္။
.......
End of part 59
Thank you all