( Uni )
" မင်း ဘာလို့ ငါ့ကို မနမ်းတာလဲ ၊ ငါတို့နှစ်ယောက်ကြားမှာ တစ်ခုခုခြားနေသလို ခံစားရတယ် ၊ ဒီတစ်နေ့လုံး မင်း ငါ့ဘေးမှာ ရှိနေပေမဲ့ ငါ မင်းကို လွမ်းနေရတုန်းပဲ ၊ မင်းက ငါ့အပေါ် နည်းနည်း စိမ်းနေသလိုပဲ ၊ ငါ ...ငါ မပြောတတ်တော့ဘူး ဘုဏ်းဇေ ၊ အရင်ကမင်းကိုပဲ ပြန်လိုချင်တယ် "
မျက်ရည်တွေကို မြင်မြင်ချင်း လန့်သွားပေမဲ့ ငိုရသည့်အကြောင်းပြချက်ကို သိရချိန်မှာတော့ ဘုဏ်းဇေ မပြုံးဘဲမနေနိုင် ။ သူက မနမ်းလို့တဲ့ ၊ သူက စိမ်းနေလို့တဲ့လေ ။ မျိုသိပ်မထားဘဲ ခံစားချက်ကို အရှိအတိုင်း ထုတ်ပြောလာသည့် ကိုကိုရှင်းရှင်းလေးကြောင့် ကြည်နူးရသည်။
တကယ်တော့ သူလည်း စဉ်းစားနေရလို့ပါ ။ ရှင်းသန့်နှင့်သူ နောက်ထပ် မခွဲနိုင်တော့ ။ သူတို့အကြောင်းကို အားလုံးသိအောင် အသိပေးမှဖြစ်တော့မည် ။ ခမည်းတော်ဆီက အဆုံးအဖြတ်ကို ခံယူရတော့မည်။ ထိုအရာက သူ့ဘဝအတွက် အကြီးမားဆုံး အပြောင်းအလဲလည်း ဖြစ်သွားနိုင်သည် ။ သူ့ခေါင်းပေါ်က သရဖူကို တခြားတစ်ယောက်ကို လွှဲပေးလိုက်ရမှာထက် မိသားစုဆိုသည့် သွေးသားသံယောဇဉ်တွေနှင့် ပြတ်တောက်ဝေးကွာသွားမှာကို စိုးရွံ့သည် ။
နောက်ပြီး ရှင်းသန့်ကရော ဖွင့်ပြောမည့် သူ့ စိတ်ကူးကို လက်ခံပါ့မလား ။ ဒီက သာမန်လွတ်လပ်ပေါ့ပါးသည့် ဘဝကို ထားခဲ့ပြီး သူနှင့်အတူ ပြန်လိုက်ချင်ရဲ့လား ။ အကယ်၍ သူတို့အတွက် ပြဿနာတွေ ဖိအားတွေသာ ခေါင်းပေါ်ရောက်လာခဲ့လျှင် စိတ်ဆင်းရဲနေမှာလား ။ ဒါမှမဟုတ် ခမည်းတော်တို့က လက်ခံလို့ အဆင်ပြေခဲ့လျှင်ရော လူအများ၏ အာရုံစိုက်ခြင်းခံရသည့် ကြင်ယာတော်ဆိုသည့်ဘဝမျိုးနှင့် နန်းတော်ထဲမှာ နေနိုင်ပါ့မလား ။
အဘက်ဘက်ကတွေးပြီး ပူပန်နေရ၍ ရှင်းသန့်ကို သူ စကား ကောင်းကောင်းမပြောနိုင် ဖြစ်နေခြင်းပါ ။ ဒါကို သူက စိမ်းတယ်ထင်ပြီး ဝမ်းနည်းနေသတဲ့ ။ မျက်ရည်စတွေ သုတ်ပေးရင်း နဖူးကိုဖွဖွနမ်းတော့ ပါးလေးတွေ ရဲသွားပုံက မြတ်နိုးဖွယ်အတိ ။
" ငါ စိမ်းနေတာ မဟုတ်ပါဘူး ရှင်းရဲ့ ... တကယ်တော့ ငါက .... "
" ကြည့်ပါလား ...မင်းက ငါ ငါ နဲ့ ပြောနေတာ "
" ဟမ် .... ဪ... ဟားဟားဟား "
ရှင်းသန့် ဖြတ်ပြောလိုက်သည့်စကားကို ရုတ်တရက် ကြောင်သွားပြီးမှ အတွေးပေါက်ပြီး သူရယ်တော့ မျက်နှာကို လက်နှင့်လာအုပ်၏ ။ ပြောတုန်းကပြောပြီး ပြန်ရှက်နေခြင်းပင်။
" ငါလို့ မပြောလို့ ကိုကိုရှင်းရှင်းလေးက ဘယ်လို ပြောစေချင်တာလဲခင်ဗျ ၊ တစ်ခါလောက် အရင်ခေါ်ကြည့်ပါလား "
" မသိဘူးကွာ "
" မသိရင် ငါလဲ မပြောဘူးကွာ "
သူ ပြန်ဈေးကိုင်တော့ နှာခေါင်းရှုံ့ပြီး ရယ်သည်။ ဝမ်းနည်းရိပ် ကင်းသွားသည့် မျက်ဝန်းလဲ့လဲ့များက ရယ်လိုက်တော့ ပိုလှ၏ ။ နောက်ပြီး မျက်နှာချင်းနီးကပ်သည်အထိ သူ့အနားတိုးလာကာ နူးညံ့အိထွေးသည့် နှုတ်ခမ်းပါးတစ်စုံက သူ့နှုတ်ခမ်းကို ဖိကပ်နမ်းသည်။ စက္ကန့်ပိုင်းမျှ အထိအတွေ့လေးဆိုပေမဲ့ ရင်ဘတ်ထဲမှာတော့ လိပ်ပြာပေါင်းထောင်ချီ ဝဲပျံသွားသလိုပင် ။ ဒါတင်မဟုတ်။
" မောင် "
ပြုံးရိပ်သန်းနေသော ပန်းနုရောင်နှုတ်ခမ်းပါးလေးထံမှ ထွက်ကျလာသော ခေါ်သံတိုးတိုးကြောင့် လူက လေပေါ်လွင့်သွားသည့်အတိုင်း ။ နှစ်သက်ရသည်။ မြတ်နိုးရသည် ။ စောစောက သူ့ဆီမှာ ရှိနေသည့် စိုးရိမ်ပူပန်မှုအားလုံး လွင့်စင်သွားသလို ချစ်ခြင်းမေတ္တာ၏ စွမ်းပကားကြီးမားမှုကို ခံစားရသည် ။
" မောင် "
ဒုတိယအကြိမ်ခေါ်သံ နောက်မှာတော့ ထိုနှုတ်ခမ်းပါးတွေထံ သူ့နှုတ်ခမ်းတို့က ဝပ်ဆင်းခစားရသည် ။
ချစ်ရသူကို ပြန်လည်နမ်းရှိုက်ရခြင်းက အချိန်အကြာကြီးနေမှ ကိုယ့်အိမ် ကိုယ်ပြန်ရောက်လာခြင်းနှင့် မခြား။ နွေးထွေးသည် ။ သက်သောင့်သက်သာရှိသည် ။ ဘယ်အချိန်မဆို ကိုယ့်ကို တံခါးဖွင့်ကြိုဆိုနေလိမ့်မည်ဆိုသည့် အသိနှင့် ပျော်ရွှင်ရသည်။
အခုကစပြီး ရှင်းသန့်တည်သည်သာ ဘုဏ်းဇေ အခြေချနေထိုင်မည့် အိမ်ကလေးတစ်လုံးဖြစ်၏ ။ ရှင်းသန့်က သီချင်းစာသားဆိုလျှင် ဘုဏ်းဇေက သီချင်းသံစဉ်ဖြစ်လိမ့်မည် ။ ရှင်းသန့်က ကဗျာတစ်ပုဒ်ဆိုလျှင် ဘုဏ်းဇေက ကာရံတစ်ပိုင်းဖြစ်လိမ့်မည် ။ ရှင်းသန့်က ပန်းချီကားတစ်ချပ်ဆိုလျှင် ဘုဏ်းဇေက ထိုကားချပ် ဖြစ်တည်လာအောင် ပုံဖော်ပေးမည့် ဆေးသားဖြစ်လိမ့်မည်။
တစ်ယောက်ဖြစ်တည်မှုသည် တစ်ယောက်အတွက် ရေလို ၊ သွေးလို ၊ အောက်စီဂျင်လို ၊ လိုအပ်တိုင်း မှီဝဲရမည့် ဆေးဝါးဓာတ်စာလို ။
" ရှင်း ...မောင့်ဘဝကလေ မင်းရှိမှ ပြည့်စုံမှာ "
" ငါရောပဲ ... ငါ့ဘဝကလဲ မင်းမပါရင် အဓိပ္ပာယ် မရှိဘူး မင်းသားလေး "
" တကယ်တော့ မောင် ဒီနေ့ မင်းကို ကြည့်ပြီး စိုးရိမ်နေခဲ့တာ ၊ မင်းက ဒီမှာ နေသားကျပြီး မင်း နေချင်သလို လွတ်လွတ်လပ်လပ် နေနေတာ မြင်ရတော့ မောင်နဲ့အတူ ပြန်လိုက်ချင်ပါ့မလားလို့ "
ဘုဏ်းဇေအပြောကြောင့် ရှင်းသန့်က ပြုံးသည်။ ထို့နောက် ဘုဏ်းဇေရဲ့ လက်မောင်းတစ်ဖက်ကို ဆွဲယူကာ ရင်ဘတ်ကိုတစ်လှည့် လက်မောင်းကိုတစ်လှည့် လက်ညှိုးလေးနှင့် ထောက်ပြီး
" ကမ္ဘာပေါ်မှာ ငါအနေချင်ဆုံးက ဒီနေရာနဲ့ ဒီနေရာပဲ "
သည်လိုပြောပြီး လက်မောင်းပေါ် ခေါင်းအုံးကာ ရင်ခွင်ထဲ ဝင်လာသူကို ဘုဏ်းဇေ ကျစ်နေအောင် ဖက်တွယ်ထားမိသည် ။ နောက် ဘယ်တော့မှ သူ့ရင်ခွင်ထဲက ထွက်မသွားစေရ ။
" မင်းလိုတော့ ငါ့ဆီမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးဆိုတဲ့ မျိုးချစ်စိတ်တွေ မကြီးမားပါဘူး ၊ ဘယ်မှာနေရနေရ ငါက ရတယ် ၊ ငါ့အတွက် နိုင်ငံတွေ ဒေသတွေက အရေးမကြီးဘူး ၊ မင်းရှိရင် ဘယ်မှာဖြစ်ဖြစ် ငါ နေနိုင်ပါတယ် "
" ဒါဆို မောင့်ကို လက်ထပ်မှာလား ရှင်း "
လိုချင်သည့် အဖြေ ရမည်ဆိုတာ ကြိုသိပေမဲ့ သေချာအောင် မေးတော့ ရှင်းသန့်က သူဖက်ထားရာကနေ ခေါင်းထောင်ကြည့်ကာ
" ဒါပေါ့ ၊ ငါ မင်းကို လက်ထပ်မှာ ၊ ငါ မင်းနဲ့ လက်ထပ်ချင်တာ ၊ တကယ် လက်ထပ်ချင်တာ ၊ အရင်ကတည်းက လက်ထပ်ချင်တာ "
ခေါင်းညိတ်ပြီး ထပ်ခါတလဲလဲ ဆိုလာသူကို ရင်ခွင်ထဲ ပြန်ဆွဲယူပြီး လှိုင်းတွန့်ဆံပင်လေးတွေကနေ မျက်နှာတစ်ပြင်လုံး နေရာလပ်မကျန်အောင် နမ်းရှိုက်မိသည်။
သည်လောက်ဆို စိတ်ချမ်းမြေ့ရပါပြီ ။ သည်လောက်ဆို ဘာတွေပဲလာလာ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။
" လက်စွပ်ကရော "
" သိမ်းထားတာ ၊ အခု ပြန်ဝတ်လိုက်မယ် "
ပြောပြောဆိုဆိုနှင့် သုတ်ခနဲ ထပြီး ကုတင်ဘေးရှိ စားပွဲအံဆွဲထဲက ဘူးအနီလေးကို ယူလာသည်။
" မောင် ပြန်ဝတ်ပေးမယ် "
မြတ်နိုးတန်ဖိုးထားရသည့် လက်ချောင်းသွယ်သွယ်လေးထက် သူကိုယ်တိုင် ဖန်တီးထားသည့် ကြင်ယာတော်လက်စွပ်ကို ဝတ်ပေးပြီး ထိုလက်ကလေးပေါ် ဖိကပ်နမ်းသည့်အခါ ချစ်ရသူဆီမှာလည်း ထိုအပြုအမူအပေါ် သဘောကျသည့် အမူအရာတို့က ထင်ထင်ရှားရှား ။
" ဒါပေမဲ့ ဘုဏ်းဇေ ...ငါ မင်းကိုလေ မင်းမိသားစုနဲ့ မခွဲရစေချင်ဘူး ၊ ငါ လူမှန်းသိတတ်စ အရွယ်ကတည်းက မင်းကို ငါတို့နိုင်ငံရဲ့ အိမ်ရှေ့မင်းသားလေးအဖြစ် သိခဲ့တာ ၊ မင်းက တစ်ချိန်မှာ ငါတို့နိုင်ငံရဲ့ ဘုရင်ဖြစ်လာမဲ့သူလို့ မှတ်ထားခဲ့ရတာ ၊ မင်းကို ငါ့ကြောင့် အဲဒီနေရာကနေ ... "
" မင်းကြောင့် မဟုတ်ပါဘူး "
" ------ "
" ဆက်ခံသူနေရာက မောင် ဖယ်ပေးခဲ့ရရင်လဲ မင်းကြောင့် မဟုတ်ပါဘူး ၊ အဲဒါ မောင့်ရွေးချယ်မှုပါပဲ "
သို့သော်လည်း သည်ရွေးချယ်မှုဟာ သူဖြစ်နေသည့်အတွက် ဘုဏ်းဇေသာ ထီးနန်းဆက်ခံခွင့် မရှိတော့လျှင် ရှင်းသန့် ဝမ်းနည်းရမည်မှာ အမှန်ပင် ။ နောက်ထပ် သူ့ဆီမှာ ဘုဏ်းဇေကို စွန့်လွှတ်ဖို့ စိတ်ကူး မရှိတော့ပေမဲ့ ချစ်ရသည့် မင်းသားလေးကို တစ်သက်လုံး ထိုနေရာမှာသာ မြင်ချင်သည် ။ သူ လောဘကြီးရာများ ရောက်သွားလား မသိပါ ။
" မင်းတစ်ယောက်ပဲ မောင့်အတွက် အရေးကြီးတယ်လို့တော့ မောင်မပြောပါဘူး ၊ မောင့်မိဘ ၊ ဆွေမျိုး အသိုင်းအဝိုင်း ၊ နိုင်ငံနဲ့ ပြည်သူတွေ ၊ ပြီးတော့ တာဝန်ဝတ္တရားတွေ အားလုံးက မောင့်အတွက် သူ့နေရာနဲ့သူ အရေးကြီးပါတယ် ၊ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေလိုပဲ ၊ မောင့်အတွက် မျက်လုံးကလဲ အရေးပါသလို ၊ နားကလဲ လိုအပ်သလို ၊ မင်းကတော့ မောင့်အသည်းနှလုံးပေါ့ "
သူ့မေးဖျားကို ဆွဲမော့ပြီး ကြည်လင်စွာ ပြုံးရင်း ပြောတော့ ရင်ထဲလှိုက်ဖိုရပြန်သည်။ သည်ချစ်ခြင်းမေတ္တာကို အကြွင်းမရှိ ယုံကြည်တာတော့ ဟိုအရင်ကတည်းက ။
" အဲဒီလို အရေးကြီးတာတွေထဲကမှ တစ်ခုကိုပဲ မဖြစ်မနေ ရွေးရမယ်ဆိုရင် ၊ ရှင်း .... မောင့်ဘဝရဲ့ ခရီးဆုံးပန်းတိုင်က မင်းပါ ၊ မောင့်စိတ်နဲ့မောင် မင်းကိုပဲ ရွေးချယ်ပြီး မင်းဆီကိုပဲ ဦးတည်လာချင်တာပါ ၊ အဲဒါမို့ မင်းက ဘာအပြစ်ရှိစိတ်မှ မခံစားရဘဲ စိတ်သန့်သန့်နဲ့ မောင့်ကို လက်ခံကြိုဆိုပေးလို့ ရမလား "
သည်မေးခွန်းကို ရှင်းသန့် ပါးစပ်က မဖြေနိုင်ပါ ။ ထိုအစား ဘုဏ်းဇေကိုသာ အကြားအလပ်မရှိ ဖက်ထားဖြစ်သည် ။ စိတ်ထဲမှာတော့ လက်ခံရရှိသည့် မေတ္တာအပေါ် ကျေးဇူးတင်ရခြင်း ၊ ပျော်ရွှင်ရခြင်း ၊ကြည်နူးမဆုံးဖြစ်ရခြင်းတို့နှင့် ပြည့်သိပ်နေ၏ ။ သူက ဘုဏ်းဇေအတွက် ခရီးဆုံးပန်းတိုင်ဆိုလျှင် သူ့အတွက် ခရီးဆုံးပန်းတိုင်ကလည်း ဘုဏ်းဇေပင် ။
ချစ်ခြင်းမေတ္တာ ရေအလျဉ်သည် သည်လူသားထံမှ စတင်မြစ်ဖျားခံခဲ့ပြီး သည်လူသားဆီကိုသာ အဖိတ်အစဉ်မရှိ စီးဆင်းခဲ့ပါသည် ။
" ရှင်း ...မောင်လေ မင်းကို ဒီလိုဖက်ထားရရင် ခုနစ်ရက်လောက် ဘာမှမစားရလဲ နေနိုင်တယ်သိလား "
" အဟင်း ... "
" ဘာရယ်တာလဲ "
" ဘာမှမဟုတ်ဘူး "
" ဘာရယ်တာလဲလို့ ပြော ... မပြောဘူးလား "
" ဘာမှမဟုတ်ပါဘူးဆို ...အဟားဟား "
ရှင်းသန့်ရယ်လေ ဘုဏ်းဇေက သူ့မျက်နှာနှင့် ရင်ဘတ်ကို အတင်းတိုးဝှေ့နမ်းပြီး မေးလေပါ ။ နောက်ဆုံးတော့ ရှင်းသန့်ခွေးပေါက်လေးကို ရှင်းသန့် ပြန်ရခဲ့ပါပြီ ။
*****
နေသာသည့်မနက်ခင်းတစ်ခု ၊ ကြည်လင်နေသော ကောင်းကင် ၊ ခပ်သော့သော့လေးတိုက်ခတ်နေသည့် လေညင်း ၊ အုတ်ဂူဖြူဖြူပေါ်က မှန်ဘောင်လေးထဲမှာ ပြုံးရယ်နေသော ကောင်လေးတစ်ယောက် ။
" ကိုကို "
ပါလာသည့် နှင်းဆီဝါတွေကို ကိုကို့ရှေ့မှာချပြီး ဓာတ်ပုံပေါ် ကပ်ငြိနေသည့် ဖုန်မှုန့်လေးများကို သီဟ လက်နှင့် ဖယ်ရှားပေးတော့ ကိုကို့အပြုံးက ပိုပြီး ပီပြင်လာသည် ။ အရင်က ကိုကို့ဆီလာသည့် အခါတိုင်း သူ့စိတ်ထဲမှာ အမုန်းတွေ ၊ မနာလိုဝန်တိုမှုတွေနှင့် ပြည့်နေ၍ ကိုကို့ကိုပါ အပူတွေ ပေးခဲ့မိသည် ။ ကိုကို့ကို သူ တစ်ခါမှ ပြုံးမပြမိခဲ့ ။ မျက်ရည်တွေသာ ကိုကို့ဆီ ယူလာခဲ့ဖူးသည် ။
အခုတော့ ထိုပူလောင်မှုတွေအားလုံးကို လွှတ်ချခဲ့ပါပြီ ။ ကိုကို့ကိုလည်း သူ ပြုံးပြနိုင်ပြီ ။ ကိုကိုလည်း သူ့ကိုကြည့်ပြီး ဝမ်းသာနေလိမ့်မည်ဟုထင်သည် ။ လူရော စိတ်ထားရော နူးညံ့သည့်ကိုကိုက အခု သူ့ပုံစံကို ပိုပြီးတော့တောင် နှစ်သက်ပါလိမ့်မည်။
" ကျနော်က အသက်ကြီးလာပြီး ကိုကိုကတော့ ဒီအရွယ်လေးပဲ ၊ နောက်ဆို ကျနော် ကိုကို့ကို ညီလေးလို့ ပြောင်းခေါ်ရတော့မလား မသိဘူး "
စိတ်ကူးယဉ်ဆန်တယ်ပဲပြောပြော ၊ ရူးနေသည်ပဲဆိုဆို သူ ကိုကို့ကို တိုင်တည်ပြီးပြောတိုင်း ကိုကိုက သူ့ဘေးမှာ ရှိပြီး သူ့စကားတွေကို နားထောင်နေမည်ဟု မှတ်ယူသည်။ ထို့ကြောင့်လည်း အိမ်ကမိဘတွေ ဘယ်လောက်တားတား သူကတော့ ကိုကို့ဆီကို လာမြဲပင် ။
" ကျနော် မနေ့က ကိုကို့အဖေဆီကို ရောက်ခဲ့တယ် ၊ စကားတော့ အများကြီး မပြောခဲ့ဘူး ၊ ဒီတိုင်းပဲ ဦးဦးအနေနဲ့ သူ့ကို ဂရုစိုက်တဲ့လူတစ်ယောက် ကမ္ဘာပေါ်မှာ ရှိသေးတယ်လို့ သိစေချင်လို့ပါ ၊ ဦးဦးက လူကောင်းတစ်ယောက် မဟုတ်ခဲ့ပေမဲ့ ကိုကို့အပေါ်မှာတော့ ဖခင်ကောင်းတစ်ယောက်ပဲ မဟုတ်လား ၊ ပြီးတော့ ကျနော့်ကိုလဲ သူချစ်တယ်လေ ၊ ဦးဦးလဲ အသက်ကြီးလာတာရော၊ စိတ်ရောနဲ့ ကျန်းမာရေးတော့ ချို့ယွင်းလာပြီ ကိုကို ၊ ထောင်ထဲမှာ ဆေးဝါးစောင့်ရှောက်မှုတွေတော့ အပြည့်အဝရပါတယ် "
" ဦးဦးက ကျနော့်ကို အိမ်ထောင်မပြုသေးဘူးလားလို့ မေးတယ် ၊ ကျနော့်မှာ ငိုရမလို ရယ်ရမလိုပါပဲ "
" ဒါနဲ့ ကိုကို ... ကျနော် အာဖရိကဘက်တွေ ခရီးထွက်မလားလို့ စိတ်ကူးနေတာ သိလား ၊ စိတ်ပြေလက်ပျောက်ပေါ့ ၊ ပြီးရင် တစ်လက်စတည်း ခရီးသွားဘလော့ဂါပါ လုပ်လိုက်ရမလားလို့ ၊ ပြောမရဘူးနော် ... ခရီးတွေသွားရင်းနဲ့ အချစ်ဦးကိုမေ့ပြီး အချစ်သစ်ပါ ရှာတွေ့ချင်တွေ့နိုင်တယ်မလား ...ဟားဟား "
" ကျနော်ဘယ်သွားသွား ငယ်ငယ်က ကိုကိုနဲ့ကျနော် ပွဲဈေးတန်းလျှောက်သွားရင်း ရိုက်ထားတဲ့ ဓာတ်ပုံလေးကို အမြဲထည့်သွားမယ်သိလား ၊ အဲ့လိုဆို ကိုကိုပါ ကျနော်နဲ့အတူ ရှိတယ်လို့ ခံစားရလို့လေ "
" ကျနော် သွားဦးမယ် ကိုကို ၊ နောက်မှ ထပ်လာခဲ့မယ် ၊ ကိုကို့ကို ကျနော် အမြဲ သတိရတယ်နော် "
ကိုကို့ကိုနှုတ်ဆက်ပြီး ကားထားသည့်နေရာ ပြန်လာတော့ သူကားဘေးမှာ နောက်ထပ် အနက်ရောင် ကားတစ်စီးကပ်ရပ်ထားတာ တွေ့ရသည် ။ ပြီးတော့ သူ့ကို လက်လှမ်းပြနေသည့် ရောင်ရှိန်နှင့် ကောင်းယံတို့ နှစ်ယောက် ။
" မင်းတို့သားအဖက ဘယ်ကနေ ဘယ်လို "
" မင်းကို ဖုန်းဆက်တာ မကိုင်လို့လေ "
ဖုန်းထုတ်ကြည့်တော့မှ missed call တွေ ဝင်နေမှန်း သိသည်။ အင်တာနက်သုံးရင်း silent လုပ်ထားမိတာကို မဖြုတ်မိ ။
" မင်းဖုန်းက Location ပွင့်နေတာနဲ့ ကြည့်ပြီး လိုက်လာတာ "
" ဘာကိစ္စရှိလို့လဲ "
" ကိစ္စရှိမှ ဆက်သွယ်ရမှာလားဟ "
ရောင်ရှိန်နှင့်ကောင်းယံ တပြိုင်တည်း အော်တာကို ကြားရတော့ သူ့စိတ်တွေ ပိုပြီးပေါ့ပါးသွားသလိုပင် ။ ဖြစ်ခဲ့သည့်ကိစ္စတွေအပေါ်မှာ သူ့ကို မစွန့်ပစ်ခဲ့သည့်အတွက် သူငယ်ချင်းတွေကို ကျေးဇူးတင်ရသည် ။
" သားလေးက Golf သွားရိုက်ချင်လို့တဲ့ ဖအေကိုလာပြီး နားပူနားဆာ လုပ်နေတာလေ "
" ကျသမျှပိုက်ဆံလဲ အဖေပဲ ရှင်းနော် "
" မင်းဖေကို ရှင်းခိုင်း "
" ငါ့အဖေက မင်းလေ "
သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး သူကတော့ ရယ်ရုံသာ ။ တစ်ချိန်တည်းမှာပဲ လင်းရောင်ရှိန်ကိုလည်း ချီးကျူးမိသည် ။ ဘယ်သူငယ်ချင်းက ဘာလေးလုပ်ချင်ချင် မငြင်းဆန်ပဲ လိုက်လုပ်ပေးတတ်တာ ငယ်ငယ်ကတည်းက ရောင်ရှိန့်အကျင့် ။
" ဒီကရှေ့ ငါတို့ FA သုံးယောက်က တစ်စု ဖြစ်တော့မှာပေါ့ "
" မင်းတို့ပဲ FA ၊ ငါက ရည်းစားရှိတယ် "
" မင်းကလေ ... "
သူ မယုံနိုင်စွာ ပြောတော့ ရောင်ရှိန်က လက်ပိုက်ပြီး မျက်စပစ်ပြသည် ။
" ဘယ်သူလဲ မင်းရည်းစားက "
" ဒါတော့ ပြောလို့မရသေးဘူး ၊ လျှို့ဝှက်ချက် "
" ဟ "
လင်းရောင်ရှိန်တို့က သူတို့ကိုကျ ဘာမဆို မျှဝေ တိုင်ပင်လို့ ရသည်ဟု ပြောပြီး ။ သည်ကိစ္စကျတော့ သူတို့ကို လျှိုထားသည် ။
" မင်းသိလား ကောင်းယံ ၊ မင်းဖေ ဘယ်သူနဲ့ တွဲနေတာလဲ "
" မသိဘူး ၊ သူပြောလို့သာ ရည်းစားရှိတယ်လို့ ယုံရတာ ၊ သူတွဲနေတာ အထီးလား အမလားတောင် မသိဘူး "
" ယောက်ျားလား မိန်းမလား လုပ်ပါဟ "
" ဘာထူးလို့လဲ အတူတူပဲကို "
" ဟားဟားဟား "
သူ့ရယ်နေတာကို ကိုကို ကြည့်နေလိမ့်မည် ထင်သည် ။ နောက်ပြီး သူ့ကိုလည်း စိတ်ချသွားလောက်တော့မည်။
*****
♪ မျှော်လင့်ခြင်းတွေ ရင်မှာ ပြန်ရှင်သန်လာ...
မာန်မာနတွေ ရင်မှာ ပြန်ခိုင်မာလာ...
ဒီဘဝကို အရှုံးမပေးတော့ဘူးလို့
ငါ့နှလုံးသား တစ်ချက်ခုန်လိုက်တိုင်းသည်
မနေ့ကနဲ့ကွာ မနေ့ကလို မနာတော့ပြီ
သူမျက်နှာ ခဏမြင်လိုက်ကတည်းကစပြီး ငါသည်
အချစ်အတွက် တစ်ဖန် မွေးဖွားခဲ့ပြီ ♪
အိပ်ရာက နိုးနိုးချင်း နားထဲ ဝင်လာသည့် သီချင်းသံသဲ့သဲ့ကြောင့် အရင်နှင့်မတူသည့် အားအင်တွေ ရှင်းသန့်ကိုယ်ထဲ ရောက်လာသလို ခံစားရသည်။ သီဆိုနေသူကတော့ သူ့ဘေးမှာ မရှိ ။ သို့သော်လည်း သူ့အခန်းထဲမှာ တွေ့ရသည့် ခရီးဆောင်အိတ်တစ်လုံး ။ သူ့အင်္ကျီနှင့်အတူ ယှဉ်ပြီး ဘီရိုမှာ ချိတ်ထားသည့် အင်္ကျီတစ်ထည် ။ ရေချိုးခန်းထဲမှာလည်း သူ့သွားတိုက်တံအပြင် နောက်ထပ် တွေ့ရသည့် သွားတိုက်တံတစ်ချောင်း ။
အမြဲလိုလို အေးစက်နေသည့် သူ့တိုက်ခန်းက အခုတော့ တစ်စုံတစ်ယောက်ကြောင့် နွေးရပြီ ။ ဝရံတာဘက်မှာ ကျနေသည့် နေရောင်ကပင် အရင်ထက်ပိုပြီး လင်းနေသယောင် ။
မျက်နှာ အမြန်သစ်ပြီး သီချင်းသံလာရာဆီ လှမ်းခဲ့တော့ မီးဖိုရှေ့မှာ ရပ်နေသည့် ကျောပြင်ကျယ်ကျယ်က သူ့မနက်ခင်းကို ပိုပြီး လှပသွားစေသည်။ သည်မြင်ကွင်း ၊ ချစ်ရသူက သူ့အတွက် မနက်စာ ပြင်ဆင်ပေးနေသည့် မြင်ကွင်း ။ ဘယ်လောက်တောင် လွမ်းခဲ့ရသည့် ပုံရိပ်လဲ ။
" ဘာတွေလုပ်နေတာလဲ "
ဘုဏ်းဇေကျောကို နောက်ကနေ သူဖက်လိုက််သည့်အခါ သူ့လက်ပေါ် အုပ်ကိုင်လာသည့် လက်ဖဝါးဆီမှ အနွေးဓာတ်က ခန္ဓာကိုယ်အနှံ့ကို လွှမ်းခြုံသွားသလိုပင် ။
" ရေနွေးအိုးပဲတည်ရတာပေါ့ ၊ ခေါက်ဆွဲထုပ်တွေ့လို့ ၊ ခင်ဗျားလေးက တခြား ဘာများဝယ်ထားတာ ရှိလို့လဲ "
" ငါမှ ချက်မစားတာ "
" ဘာလို့ ချက်မစားတာလဲ "
" မင်းကို လွမ်းလို့ ၊ ငါတစ်ယောက်တည်း တစ်ခုခု ချက်ဖို့ပြင်တိုင်း မင်းကိုပဲ သတိရလာတာနဲ့ မချက်ဖြစ်တော့ဘူး "
ဘုဏ်းဇေက သူဖက်ထားသည့်လက်ကို ခွာပြီး နောက်လှည့်လာသည် ။ ထို့နောက် သူ့ကို စွေ့ခနဲ ကောက်ချီလိုက်၍ လက်နှစ်ဖက်ဖြင့် လည်ပင်းကို တွယ်ထားရသလို ခြေထောက်ကလည်း ခါးကို ချိတ်ထားရသည် ။
" အရင်ထက် အများကြီး ပေါ့သွားတာပဲ "
" အခုကစပြီး ပြန်လေးလာတော့မှာပါ ၊ မင်းချက်တာတွေ အားရပါးရ စားတော့မှာမို့ "
" ဟုတ်လား ၊ ဒါဆို ပေါ့တုန်း တစ်နေကုန် ချီထားရမလား "
" သဘောလေ ၊ မင်း ချီနိုင်ရင် ချီပေါ့ "
သူ့အပြောကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသည့် မျက်နှာကို လက်နှစ်ဖက်ဖြင့် ညှပ်ကိုင်ပြီး နှုတ်ခမ်းချင်း ထိတွေ့မိတ်ဆက်တော့ တုံ့ပြန်လာသည့် အနမ်းတို့မှာ ထပ်တူညီသည့် ချစ်ခြင်းတို့ဖြင့် ။
သို့သော်လည်း သူတို့ရဲ့ morning kissကို ဖုန်းကော်လ်တစ်ခုက ကြားဝင်ဖြတ်တောက်လာသည်။
" ဘုဏ်းဇေယျာကျော် မင်း အသက်ရှိသေးလား "
ဖုန်းကိုင်ကိုင်ချင်း ရောင်ရှိန်က တန်းအော်သဖြင့် နှစ်ယောက်သား ကျိတ်ရယ်ရသည် ။
" ရောက်ကတည်းက ငါ့ကို ဖုန်းတစ်ချက် မဆက်ဘူး "
" ဘာလို့ ဆက်ရမှာလဲ "
" ကျေးဇူးကန်းပြီ ၊ မြေမျိုမဲ့ကောင် ၊ ဖုန်းထဲကနေ လှမ်းကန်တော့စမ်း နှစ်ကောင်စလုံး "
" ဆုတောင်းလေ ၊ မင်းကြောင့် ငါတို့ရဲ့ လှပတဲ့ မနက်ခင်းလေး ပျက်စီးသွားပြီ ၊ ပြန်လာရင် မင်းတော့ သေပြီပဲ "
" အောင်မယ် ... Unity တစ်ခုလုံး ဒေဝါလီခံချင်နေပြီလား "
" ဂရုမစိုက်ဘူး ဟေ့ရောင် ...လုပ်ချင်သလိုလုပ် "
ရောင်ရှိန်က ဘုဏ်းဇေကို အားရပါးရဆဲသည့်အပြင် ရှင်းသန့်ကိုပါ ပြန်လာရင် နာမည်ဟု ကြိမ်းပြီး ဖုန်းချသွား၏ ။
သူတို့လည်း ခေါက်ဆွဲစားမည့် အစီအစဉ်ကို ဖျက်ပြီး ချာလီတို့ဆီမှာပဲ မနက်စာ သွားစားဖြစ်ကြသည် ။ မနေ့ညက သူတို့ ပြောပြလိုက်၍ ချာလီတို့က သူတို့ ဘယ်သူလဲဆိုတာ သိသွားကြပြီ ။ ဖုံးကွယ်ထားမိသည့်အတွက် ရှင်းသန့် တောင်းပန်စကားဆိုတာကိုလည်း နားလည်ပေးကြပါသည်။
" ကောင်လေးတွေ ...ညကျ Halfway To Heaven သွားရအောင်လေ ၊ လိုက်မလား "
" မလိုက်ဘူး "
" ဘာလို့လဲ "
ချာလီနှင့်လီယိုရှေ့မှာ ရှင်းသန့် ဘုဏ်းဇေလက်ကိုဆွဲချိတ်ပြီး ပုခုံးပေါ်မှီကာ
" အချစ်နဲ့ပဲ နှစ်ယောက်တည်း အချိန်ဖြုန်းချင်လို့ "
သက်သက် အမူပိုပြသည့် သူ့ကို ချာလီက လက်သီးနှင့် ထုသည် ။
" အမြင်ကတ်စရာ ကောင်းနေပါလား "
" နေ့တိုင်း ကျနော့်ရှေ့မှာ ခင်ဗျားတို့ အချစ် အချစ်နဲ့ လုပ်နေတာရော ကြည့်ကောင်းနေတယ်ထင်လား "
" ဟားဟား .... လက်စားပြန်ချေတာပေါ့လေ "
လန်ဒန်မှာ တွယ်တာစရာ များများ မရှိပေမဲ့ ပြန်လျှင်တော့ ချာလီတို့ကို သူ လွမ်းရပါဦးမည် ။ အဆင်မပြေသည့်အချိန်တွေမှာ ကူညီဖေးမပြီး သူ့အပေါ် ချစ်ခင််နွေးထွေးပေးခဲ့ကြသူတွေ မဟုတ်လား ။
*****
နှစ်ယောက်အတူ ရေးဆွဲရတဲ့ညနေခင်းတွေလောက်
ဘယ်ပုံကားချပ်က လှမှာတဲ့လဲ
နှစ်ယောက်အတူ လျှောက်ခဲ့ရတဲ့လမ်းတွေလောက်
ဘယ်ခရီးက သာယာဖွယ်ရှိမှာတဲ့လဲ
မင်းသာ ကိုယ်နေချင်တဲ့ အင်ပါယာ
မင်းသာ ကိုယ်လိုအပ်တဲ့ ချပ်ဝတ်တန်ဆာ
မင်းသာ ကိုယ့်ဘဝအတွက် မရှိမဖြစ်တဲ့ပါဝါ
ချစ်ခြင်းတရားမှာ
ကိုယ်တို့ဟာ အလုံးစုံ ကံကောင်းစေခဲ့ပြီ ...
ရှင်းသန့် သည်နေ့ပဲ စာကြည့်တိုက်မှာ အလုပ်ထွက်စာ တင်ခဲ့သည် ။ အချိန်ပိုင်းအလုပ်ဖြစ်သည့်အပြင် သူ့နေရာက သိပ်အရေးမကြီးသည့်တာဝန်မို့ ချက်ချင်း ထွက်၍ရသည်။ အရင်ကလည်း နာရီပေါ်မူတည်ပြီး လစာပေးသည့်အလုပ်မို့ ခွင့်ရက်ရှည်ယူလို့လည်းရ၏ ။ အခုတော့ တစ်ခါတည်း ထွက်ခဲ့ပြီ ။ သူ အိမ်ကို အပြီးပြန်ရတော့မည် ။
စာကြည့်တိုက်ကအပြန် ဈေးဝင်ဝယ်ပြီး ညနေစာကို ကိုယ်တိုင်ချက်ပြုတ်စားကြသည် ။ ထို့နောက် နှစ်ယောက်သား သိမ်းမြစ်ဘေးသွားပြီး လက်ချင်းတွဲကာ လမ်းလျှောက်ကြ၏ ။ မှုတ်ဆေးပန်းချီတွေ ဆွဲထားသည့် Graffiti Tunnel ဘက်ရောက်တော့ တစ်ယောက်တစ်လှည့် ဓာတ်ပုံရိုက်ပေးဖြစ်သည် ။
" ဘေဘီ ... နည်းနည်းပိုပြုံးဦး "
" ဘာဘေဘီလဲ ... ရှင်းသန့်တည်ကြည်လို့ ခေါ်ဦးလေ "
" အမ် ... အဟားဟား "
စိတ်ဆိုးနေတုန်းက ဘုဏ်းဇေ နာမည်အပြည့်အစုံခေါ်တာကို ရှင်းသန့်က အခုမှထပြီး စကားနာထိုးလာခြင်းပင် ။
" မခေါ်တော့ပါဘူးကွာ ၊ တော်ကြာ မုန်တိုင်းတိုက်တဲ့အထဲ မောင်ပါ ပါနေမှာစိုးလို့ "
" ဟားဟား "
သူတို့ချစ်သူနှစ်ဦး၏ ရယ်သံတို့ဖြင့် စီခြယ်ထား၍လားမသိ ။ လန်ဒန်မြို့ကြီးက သည်ညမှ ပိုပြီး လှနေသလိုလိုပါ ။
" ရှင်း "
" အွန်း "
" ရှင်း "
" ဘာလဲ "
" ရှင်း "
ဘာမှမပြောဘဲ ထပ်ခါတလဲလဲ ခေါ်နေသူကို ရှင်းသန့် မျက်မှောင်ကုပ်ကြည့်တော့ ပြုံးစိစိလုပ်ပြီး သူ့ပါးကို ခပ်ဖွဖွ ဆွဲဖဲ့သည် ။
" ဒီတိုင်း ခေါ်လို့ ကောင်းလို့ ၊ မောင်တစ်ယောက်ပဲ မင်းကို အဲလို ခေါ်ခွင့်ရှိတာနော် "
ရှင်းသန့် ခြေလှမ်းတို့ တုံ့သွားရသည် ။ ခွဲခွာခဲ့ရသမျှ ရက်တွေအတွက် အတိုးချပြီး အလွမ်းသယ်နေခဲ့ရတာနှင့် အရေးကြီးသည့်ကိစ္စတစ်ခုကို သူ မေ့နေခဲ့တာ ။ အခုမှ သူသတိရသွားသည် ။ သူ့ကို ရှင်းလို့ ခေါ်၍ ထိုသို့မခေါ်ဖို့ သူ တားမြစ်ခဲ့ရသည့် ကောင်မလေး ။
" ဘုဏ်းဇေ ငါ မင်းကို သေချာပေါက် ခေါ်သွားရမဲ့နေရာရှိတယ် ၊ တွေ့ပေးရမဲ့လူတွေ ရှိတယ် "
#PoPoPhoenix
{ အခြေအနေငြိမ်ရင် 15 ရက်နေ့မှာ ပြန်တွေ့မယ်နော် }
*
*
*
*
*
( Zgi )
( Uni )
" မင္း ဘာလို႔ ငါ့ကို မနမ္းတာလဲ ၊ ငါတို႔ႏွစ္ေယာက္ၾကားမွာ တစ္ခုခုျခားေနသလို ခံစားရတယ္ ၊ ဒီတစ္ေန႔လုံး မင္း ငါ့ေဘးမွာ ရွိေနေပမဲ့ ငါ မင္းကို လြမ္းေနရတုန္းပဲ ၊ မင္းက ငါ့အေပၚ နည္းနည္း စိမ္းေနသလိုပဲ ၊ ငါ ...ငါ မေျပာတတ္ေတာ့ဘူး ဘုဏ္းေဇ ၊ အရင္ကမင္းကိုပဲ ျပန္လိုခ်င္တယ္ "
မ်က္ရည္ေတြကို ျမင္ျမင္ခ်င္း လန႔္သြားေပမဲ့ ငိုရသည့္အေၾကာင္းျပခ်က္ကို သိရခ်ိန္မွာေတာ့ ဘုဏ္းေဇ မၿပဳံးဘဲမေနႏိုင္ ။ သူက မနမ္းလို႔တဲ့ ၊ သူက စိမ္းေနလို႔တဲ့ေလ ။ မ်ိဳသိပ္မထားဘဲ ခံစားခ်က္ကို အရွိအတိုင္း ထုတ္ေျပာလာသည့္ ကိုကိုရွင္းရွင္းေလးေၾကာင့္ ၾကည္ႏူးရသည္။
တကယ္ေတာ့ သူလည္း စဥ္းစားေနရလို႔ပါ ။ ရွင္းသန႔္ႏွင့္သူ ေနာက္ထပ္ မခြဲႏိုင္ေတာ့ ။ သူတို႔အေၾကာင္းကို အားလုံးသိေအာင္ အသိေပးမွျဖစ္ေတာ့မည္ ။ ခမည္းေတာ္ဆီက အဆုံးအျဖတ္ကို ခံယူရေတာ့မည္။ ထိုအရာက သူ႔ဘဝအတြက္ အႀကီးမားဆုံး အေျပာင္းအလဲလည္း ျဖစ္သြားႏိုင္သည္ ။ သူ႔ေခါင္းေပၚက သရဖူကို တျခားတစ္ေယာက္ကို လႊဲေပးလိုက္ရမွာထက္ မိသားစုဆိုသည့္ ေသြးသားသံေယာဇဥ္ေတြႏွင့္ ျပတ္ေတာက္ေဝးကြာသြားမွာကို စိုး႐ြံ႕သည္ ။
ေနာက္ၿပီး ရွင္းသန႔္ကေရာ ဖြင့္ေျပာမည့္ သူ႔ စိတ္ကူးကို လက္ခံပါ့မလား ။ ဒီက သာမန္လြတ္လပ္ေပါ့ပါးသည့္ ဘဝကို ထားခဲ့ၿပီး သူႏွင့္အတူ ျပန္လိုက္ခ်င္ရဲ႕လား ။ အကယ္၍ သူတို႔အတြက္ ျပႆနာေတြ ဖိအားေတြသာ ေခါင္းေပၚေရာက္လာခဲ့လွ်င္ စိတ္ဆင္းရဲေနမွာလား ။ ဒါမွမဟုတ္ ခမည္းေတာ္တို႔က လက္ခံလို႔ အဆင္ေျပခဲ့လွ်င္ေရာ လူအမ်ား၏ အာ႐ုံစိုက္ျခင္းခံရသည့္ ၾကင္ယာေတာ္ဆိုသည့္ဘဝမ်ိဳးႏွင့္ နန္းေတာ္ထဲမွာ ေနႏိုင္ပါ့မလား ။
အဘက္ဘက္ကေတြးၿပီး ပူပန္ေနရ၍ ရွင္းသန႔္ကို သူ စကား ေကာင္းေကာင္းမေျပာႏိုင္ ျဖစ္ေနျခင္းပါ ။ ဒါကို သူက စိမ္းတယ္ထင္ၿပီး ဝမ္းနည္းေနသတဲ့ ။ မ်က္ရည္စေတြ သုတ္ေပးရင္း နဖူးကိုဖြဖြနမ္းေတာ့ ပါးေလးေတြ ရဲသြားပုံက ျမတ္ႏိုးဖြယ္အတိ ။
" ငါ စိမ္းေနတာ မဟုတ္ပါဘူး ရွင္းရဲ႕ ... တကယ္ေတာ့ ငါက .... "
" ၾကည့္ပါလား ...မင္းက ငါ ငါ နဲ႔ ေျပာေနတာ "
" ဟမ္ .... ဪ... ဟားဟားဟား "
ရွင္းသန႔္ ျဖတ္ေျပာလိုက္သည့္စကားကို ႐ုတ္တရက္ ေၾကာင္သြားၿပီးမွ အေတြးေပါက္ၿပီး သူရယ္ေတာ့ မ်က္ႏွာကို လက္ႏွင့္လာအုပ္၏ ။ ေျပာတုန္းကေျပာၿပီး ျပန္ရွက္ေနျခင္းပင္။
" ငါလို႔ မေျပာလို႔ ကိုကိုရွင္းရွင္းေလးက ဘယ္လို ေျပာေစခ်င္တာလဲခင္ဗ် ၊ တစ္ခါေလာက္ အရင္ေခၚၾကည့္ပါလား "
" မသိဘူးကြာ "
" မသိရင္ ငါလဲ မေျပာဘူးကြာ "
သူ ျပန္ေဈးကိုင္ေတာ့ ႏွာေခါင္းရႈံ႕ၿပီး ရယ္သည္။ ဝမ္းနည္းရိပ္ ကင္းသြားသည့္ မ်က္ဝန္းလဲ့လဲ့မ်ားက ရယ္လိုက္ေတာ့ ပိုလွ၏ ။ ေနာက္ၿပီး မ်က္ႏွာခ်င္းနီးကပ္သည္အထိ သူ႔အနားတိုးလာကာ ႏူးညံ့အိေထြးသည့္ ႏႈတ္ခမ္းပါးတစ္စုံက သူ႔ႏႈတ္ခမ္းကို ဖိကပ္နမ္းသည္။ စကၠန႔္ပိုင္းမွ် အထိအေတြ႕ေလးဆိုေပမဲ့ ရင္ဘတ္ထဲမွာေတာ့ လိပ္ျပာေပါင္းေထာင္ခ်ီ ဝဲပ်ံသြားသလိုပင္ ။ ဒါတင္မဟုတ္။
" ေမာင္ "
ၿပဳံးရိပ္သန္းေနေသာ ပန္းႏုေရာင္ႏႈတ္ခမ္းပါးေလးထံမွ ထြက္က်လာေသာ ေခၚသံတိုးတိုးေၾကာင့္ လူက ေလေပၚလြင့္သြားသည့္အတိုင္း ။ ႏွစ္သက္ရသည္။ ျမတ္ႏိုးရသည္ ။ ေစာေစာက သူ႔ဆီမွာ ရွိေနသည့္ စိုးရိမ္ပူပန္မႈအားလုံး လြင့္စင္သြားသလို ခ်စ္ျခင္းေမတၱာ၏ စြမ္းပကားႀကီးမားမႈကို ခံစားရသည္ ။
" ေမာင္ "
ဒုတိယအႀကိမ္ေခၚသံ ေနာက္မွာေတာ့ ထိုႏႈတ္ခမ္းပါးေတြထံ သူ႔ႏႈတ္ခမ္းတို႔က ဝပ္ဆင္းခစားရသည္ ။
ခ်စ္ရသူကို ျပန္လည္နမ္းရႈိက္ရျခင္းက အခ်ိန္အၾကာႀကီးေနမွ ကိုယ့္အိမ္ ကိုယ္ျပန္ေရာက္လာျခင္းႏွင့္ မျခား။ ေႏြးေထြးသည္ ။ သက္ေသာင့္သက္သာရွိသည္ ။ ဘယ္အခ်ိန္မဆို ကိုယ့္ကို တံခါးဖြင့္ႀကိဳဆိုေနလိမ့္မည္ဆိုသည့္ အသိႏွင့္ ေပ်ာ္႐ႊင္ရသည္။
အခုကစၿပီး ရွင္းသန႔္တည္သည္သာ ဘုဏ္းေဇ အေျခခ်ေနထိုင္မည့္ အိမ္ကေလးတစ္လုံးျဖစ္၏ ။ ရွင္းသန႔္က သီခ်င္းစာသားဆိုလွ်င္ ဘုဏ္းေဇက သီခ်င္းသံစဥ္ျဖစ္လိမ့္မည္ ။ ရွင္းသန႔္က ကဗ်ာတစ္ပုဒ္ဆိုလွ်င္ ဘုဏ္းေဇက ကာရံတစ္ပိုင္းျဖစ္လိမ့္မည္ ။ ရွင္းသန႔္က ပန္းခ်ီကားတစ္ခ်ပ္ဆိုလွ်င္ ဘုဏ္းေဇက ထိုကားခ်ပ္ ျဖစ္တည္လာေအာင္ ပုံေဖာ္ေပးမည့္ ေဆးသားျဖစ္လိမ့္မည္။
တစ္ေယာက္ျဖစ္တည္မႈသည္ တစ္ေယာက္အတြက္ ေရလို ၊ ေသြးလို ၊ ေအာက္စီဂ်င္လို ၊ လိုအပ္တိုင္း မွီဝဲရမည့္ ေဆးဝါးဓာတ္စာလို ။
" ရွင္း ...ေမာင့္ဘဝကေလ မင္းရွိမွ ျပည့္စုံမွာ "
" ငါေရာပဲ ... ငါ့ဘဝကလဲ မင္းမပါရင္ အဓိပၸာယ္ မရွိဘူး မင္းသားေလး "
" တကယ္ေတာ့ ေမာင္ ဒီေန႔ မင္းကို ၾကည့္ၿပီး စိုးရိမ္ေနခဲ့တာ ၊ မင္းက ဒီမွာ ေနသားက်ၿပီး မင္း ေနခ်င္သလို လြတ္လြတ္လပ္လပ္ ေနေနတာ ျမင္ရေတာ့ ေမာင္နဲ႔အတူ ျပန္လိုက္ခ်င္ပါ့မလားလို႔ "
ဘုဏ္းေဇအေျပာေၾကာင့္ ရွင္းသန႔္က ၿပဳံးသည္။ ထို႔ေနာက္ ဘုဏ္းေဇရဲ႕ လက္ေမာင္းတစ္ဖက္ကို ဆြဲယူကာ ရင္ဘတ္ကိုတစ္လွည့္ လက္ေမာင္းကိုတစ္လွည့္ လက္ညႇိဳးေလးႏွင့္ ေထာက္ၿပီး
" ကမာၻေပၚမွာ ငါအေနခ်င္ဆုံးက ဒီေနရာနဲ႔ ဒီေနရာပဲ "
သည္လိုေျပာၿပီး လက္ေမာင္းေပၚ ေခါင္းအုံးကာ ရင္ခြင္ထဲ ဝင္လာသူကို ဘုဏ္းေဇ က်စ္ေနေအာင္ ဖက္တြယ္ထားမိသည္ ။ ေနာက္ ဘယ္ေတာ့မွ သူ႔ရင္ခြင္ထဲက ထြက္မသြားေစရ ။
" မင္းလိုေတာ့ ငါ့ဆီမွာ ကိုယ့္ႏိုင္ငံ ကိုယ့္လူမ်ိဳးဆိုတဲ့ မ်ိဳးခ်စ္စိတ္ေတြ မႀကီးမားပါဘူး ၊ ဘယ္မွာေနရေနရ ငါက ရတယ္ ၊ ငါ့အတြက္ ႏိုင္ငံေတြ ေဒသေတြက အေရးမႀကီးဘူး ၊ မင္းရွိရင္ ဘယ္မွာျဖစ္ျဖစ္ ငါ ေနႏိုင္ပါတယ္ "
" ဒါဆို ေမာင့္ကို လက္ထပ္မွာလား ရွင္း "
လိုခ်င္သည့္ အေျဖ ရမည္ဆိုတာ ႀကိဳသိေပမဲ့ ေသခ်ာေအာင္ ေမးေတာ့ ရွင္းသန႔္က သူဖက္ထားရာကေန ေခါင္းေထာင္ၾကည့္ကာ
" ဒါေပါ့ ၊ ငါ မင္းကို လက္ထပ္မွာ ၊ ငါ မင္းနဲ႔ လက္ထပ္ခ်င္တာ ၊ တကယ္ လက္ထပ္ခ်င္တာ ၊ အရင္ကတည္းက လက္ထပ္ခ်င္တာ "
ေခါင္းညိတ္ၿပီး ထပ္ခါတလဲလဲ ဆိုလာသူကို ရင္ခြင္ထဲ ျပန္ဆြဲယူၿပီး လႈိင္းတြန႔္ဆံပင္ေလးေတြကေန မ်က္ႏွာတစ္ျပင္လုံး ေနရာလပ္မက်န္ေအာင္ နမ္းရႈိက္မိသည္။
သည္ေလာက္ဆို စိတ္ခ်မ္းေျမ့ရပါၿပီ ။ သည္ေလာက္ဆို ဘာေတြပဲလာလာ ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ပါၿပီ။
" လက္စြပ္ကေရာ "
" သိမ္းထားတာ ၊ အခု ျပန္ဝတ္လိုက္မယ္ "
ေျပာေျပာဆိုဆိုႏွင့္ သုတ္ခနဲ ထၿပီး ကုတင္ေဘးရွိ စားပြဲအံဆြဲထဲက ဘူးအနီေလးကို ယူလာသည္။
" ေမာင္ ျပန္ဝတ္ေပးမယ္ "
ျမတ္ႏိုးတန္ဖိုးထားရသည့္ လက္ေခ်ာင္းသြယ္သြယ္ေလးထက္ သူကိုယ္တိုင္ ဖန္တီးထားသည့္ ၾကင္ယာေတာ္လက္စြပ္ကို ဝတ္ေပးၿပီး ထိုလက္ကေလးေပၚ ဖိကပ္နမ္းသည့္အခါ ခ်စ္ရသူဆီမွာလည္း ထိုအျပဳအမူအေပၚ သေဘာက်သည့္ အမူအရာတို႔က ထင္ထင္ရွားရွား ။
" ဒါေပမဲ့ ဘုဏ္းေဇ ...ငါ မင္းကိုေလ မင္းမိသားစုနဲ႔ မခြဲရေစခ်င္ဘူး ၊ ငါ လူမွန္းသိတတ္စ အ႐ြယ္ကတည္းက မင္းကို ငါတို႔ႏိုင္ငံရဲ႕ အိမ္ေရွ႕မင္းသားေလးအျဖစ္ သိခဲ့တာ ၊ မင္းက တစ္ခ်ိန္မွာ ငါတို႔ႏိုင္ငံရဲ႕ ဘုရင္ျဖစ္လာမဲ့သူလို႔ မွတ္ထားခဲ့ရတာ ၊ မင္းကို ငါ့ေၾကာင့္ အဲဒီေနရာကေန ... "
" မင္းေၾကာင့္ မဟုတ္ပါဘူး "
" ------ "
" ဆက္ခံသူေနရာက ေမာင္ ဖယ္ေပးခဲ့ရရင္လဲ မင္းေၾကာင့္ မဟုတ္ပါဘူး ၊ အဲဒါ ေမာင့္ေ႐ြးခ်ယ္မႈပါပဲ "
သို႔ေသာ္လည္း သည္ေ႐ြးခ်ယ္မႈဟာ သူျဖစ္ေနသည့္အတြက္ ဘုဏ္းေဇသာ ထီးနန္းဆက္ခံခြင့္ မရွိေတာ့လွ်င္ ရွင္းသန႔္ ဝမ္းနည္းရမည္မွာ အမွန္ပင္ ။ ေနာက္ထပ္ သူ႔ဆီမွာ ဘုဏ္းေဇကို စြန႔္လႊတ္ဖို႔ စိတ္ကူး မရွိေတာ့ေပမဲ့ ခ်စ္ရသည့္ မင္းသားေလးကို တစ္သက္လုံး ထိုေနရာမွာသာ ျမင္ခ်င္သည္ ။ သူ ေလာဘႀကီးရာမ်ား ေရာက္သြားလား မသိပါ ။
" မင္းတစ္ေယာက္ပဲ ေမာင့္အတြက္ အေရးႀကီးတယ္လို႔ေတာ့ ေမာင္မေျပာပါဘူး ၊ ေမာင့္မိဘ ၊ ေဆြမ်ိဳး အသိုင္းအဝိုင္း ၊ ႏိုင္ငံနဲ႔ ျပည္သူေတြ ၊ ၿပီးေတာ့ တာဝန္ဝတၱရားေတြ အားလုံးက ေမာင့္အတြက္ သူ႔ေနရာနဲ႔သူ အေရးႀကီးပါတယ္ ၊ ခႏၶာကိုယ္ရဲ႕ အစိတ္အပိုင္းေတြလိုပဲ ၊ ေမာင့္အတြက္ မ်က္လုံးကလဲ အေရးပါသလို ၊ နားကလဲ လိုအပ္သလို ၊ မင္းကေတာ့ ေမာင့္အသည္းႏွလုံးေပါ့ "
သူ႔ေမးဖ်ားကို ဆြဲေမာ့ၿပီး ၾကည္လင္စြာ ၿပဳံးရင္း ေျပာေတာ့ ရင္ထဲလႈိက္ဖိုရျပန္သည္။ သည္ခ်စ္ျခင္းေမတၱာကို အႂကြင္းမရွိ ယုံၾကည္တာေတာ့ ဟိုအရင္ကတည္းက ။
" အဲဒီလို အေရးႀကီးတာေတြထဲကမွ တစ္ခုကိုပဲ မျဖစ္မေန ေ႐ြးရမယ္ဆိုရင္ ၊ ရွင္း .... ေမာင့္ဘဝရဲ႕ ခရီးဆုံးပန္းတိုင္က မင္းပါ ၊ ေမာင့္စိတ္နဲ႔ေမာင္ မင္းကိုပဲ ေ႐ြးခ်ယ္ၿပီး မင္းဆီကိုပဲ ဦးတည္လာခ်င္တာပါ ၊ အဲဒါမို႔ မင္းက ဘာအျပစ္ရွိစိတ္မွ မခံစားရဘဲ စိတ္သန႔္သန႔္နဲ႔ ေမာင့္ကို လက္ခံႀကိဳဆိုေပးလို႔ ရမလား "
သည္ေမးခြန္းကို ရွင္းသန႔္ ပါးစပ္က မေျဖႏိုင္ပါ ။ ထိုအစား ဘုဏ္းေဇကိုသာ အၾကားအလပ္မရွိ ဖက္ထားျဖစ္သည္ ။ စိတ္ထဲမွာေတာ့ လက္ခံရရွိသည့္ ေမတၱာအေပၚ ေက်းဇူးတင္ရျခင္း ၊ ေပ်ာ္႐ႊင္ရျခင္း ၊ၾကည္ႏူးမဆုံးျဖစ္ရျခင္းတို႔ႏွင့္ ျပည့္သိပ္ေန၏ ။ သူက ဘုဏ္းေဇအတြက္ ခရီးဆုံးပန္းတိုင္ဆိုလွ်င္ သူ႔အတြက္ ခရီးဆုံးပန္းတိုင္ကလည္း ဘုဏ္းေဇပင္ ။
ခ်စ္ျခင္းေမတၱာ ေရအလ်ဥ္သည္ သည္လူသားထံမွ စတင္ျမစ္ဖ်ားခံခဲ့ၿပီး သည္လူသားဆီကိုသာ အဖိတ္အစဥ္မရွိ စီးဆင္းခဲ့ပါသည္ ။
" ရွင္း ...ေမာင္ေလ မင္းကို ဒီလိုဖက္ထားရရင္ ခုနစ္ရက္ေလာက္ ဘာမွမစားရလဲ ေနႏိုင္တယ္သိလား "
" အဟင္း ... "
" ဘာရယ္တာလဲ "
" ဘာမွမဟုတ္ဘူး "
" ဘာရယ္တာလဲလို႔ ေျပာ ... မေျပာဘူးလား "
" ဘာမွမဟုတ္ပါဘူးဆို ...အဟားဟား "
ရွင္းသန႔္ရယ္ေလ ဘုဏ္းေဇက သူ႔မ်က္ႏွာႏွင့္ ရင္ဘတ္ကို အတင္းတိုးေဝွ႔နမ္းၿပီး ေမးေလပါ ။ ေနာက္ဆုံးေတာ့ ရွင္းသန႔္ေခြးေပါက္ေလးကို ရွင္းသန႔္ ျပန္ရခဲ့ပါၿပီ ။
*****
ေနသာသည့္မနက္ခင္းတစ္ခု ၊ ၾကည္လင္ေနေသာ ေကာင္းကင္ ၊ ခပ္ေသာ့ေသာ့ေလးတိုက္ခတ္ေနသည့္ ေလညင္း ၊ အုတ္ဂူျဖဴျဖဴေပၚက မွန္ေဘာင္ေလးထဲမွာ ၿပဳံးရယ္ေနေသာ ေကာင္ေလးတစ္ေယာက္ ။
" ကိုကို "
ပါလာသည့္ ႏွင္းဆီဝါေတြကို ကိုကို႔ေရွ႕မွာခ်ၿပီး ဓာတ္ပုံေပၚ ကပ္ၿငိေနသည့္ ဖုန္မႈန႔္ေလးမ်ားကို သီဟ လက္ႏွင့္ ဖယ္ရွားေပးေတာ့ ကိုကို႔အၿပဳံးက ပိုၿပီး ပီျပင္လာသည္ ။ အရင္က ကိုကို႔ဆီလာသည့္ အခါတိုင္း သူ႔စိတ္ထဲမွာ အမုန္းေတြ ၊ မနာလိုဝန္တိုမႈေတြႏွင့္ ျပည့္ေန၍ ကိုကို႔ကိုပါ အပူေတြ ေပးခဲ့မိသည္ ။ ကိုကို႔ကို သူ တစ္ခါမွ ၿပဳံးမျပမိခဲ့ ။ မ်က္ရည္ေတြသာ ကိုကို႔ဆီ ယူလာခဲ့ဖူးသည္ ။
အခုေတာ့ ထိုပူေလာင္မႈေတြအားလုံးကို လႊတ္ခ်ခဲ့ပါၿပီ ။ ကိုကို႔ကိုလည္း သူ ၿပဳံးျပႏိုင္ၿပီ ။ ကိုကိုလည္း သူ႔ကိုၾကည့္ၿပီး ဝမ္းသာေနလိမ့္မည္ဟုထင္သည္ ။ လူေရာ စိတ္ထားေရာ ႏူးညံ့သည့္ကိုကိုက အခု သူ႔ပုံစံကို ပိုၿပီးေတာ့ေတာင္ ႏွစ္သက္ပါလိမ့္မည္။
" က်ေနာ္က အသက္ႀကီးလာၿပီး ကိုကိုကေတာ့ ဒီအ႐ြယ္ေလးပဲ ၊ ေနာက္ဆို က်ေနာ္ ကိုကို႔ကို ညီေလးလို႔ ေျပာင္းေခၚရေတာ့မလား မသိဘူး "
စိတ္ကူးယဥ္ဆန္တယ္ပဲေျပာေျပာ ၊ ႐ူးေနသည္ပဲဆိုဆို သူ ကိုကို႔ကို တိုင္တည္ၿပီးေျပာတိုင္း ကိုကိုက သူ႔ေဘးမွာ ရွိၿပီး သူ႔စကားေတြကို နားေထာင္ေနမည္ဟု မွတ္ယူသည္။ ထို႔ေၾကာင့္လည္း အိမ္ကမိဘေတြ ဘယ္ေလာက္တားတား သူကေတာ့ ကိုကို႔ဆီကို လာၿမဲပင္ ။
" က်ေနာ္ မေန႔က ကိုကို႔အေဖဆီကို ေရာက္ခဲ့တယ္ ၊ စကားေတာ့ အမ်ားႀကီး မေျပာခဲ့ဘူး ၊ ဒီတိုင္းပဲ ဦးဦးအေနနဲ႔ သူ႔ကို ဂ႐ုစိုက္တဲ့လူတစ္ေယာက္ ကမာၻေပၚမွာ ရွိေသးတယ္လို႔ သိေစခ်င္လို႔ပါ ၊ ဦးဦးက လူေကာင္းတစ္ေယာက္ မဟုတ္ခဲ့ေပမဲ့ ကိုကို႔အေပၚမွာေတာ့ ဖခင္ေကာင္းတစ္ေယာက္ပဲ မဟုတ္လား ၊ ၿပီးေတာ့ က်ေနာ့္ကိုလဲ သူခ်စ္တယ္ေလ ၊ ဦးဦးလဲ အသက္ႀကီးလာတာေရာ၊ စိတ္ေရာနဲ႔ က်န္းမာေရးေတာ့ ခ်ိဳ႕ယြင္းလာၿပီ ကိုကို ၊ ေထာင္ထဲမွာ ေဆးဝါးေစာင့္ေရွာက္မႈေတြေတာ့ အျပည့္အဝရပါတယ္ "
" ဦးဦးက က်ေနာ့္ကို အိမ္ေထာင္မျပဳေသးဘူးလားလို႔ ေမးတယ္ ၊ က်ေနာ့္မွာ ငိုရမလို ရယ္ရမလိုပါပဲ "
" ဒါနဲ႔ ကိုကို ... က်ေနာ္ အာဖရိကဘက္ေတြ ခရီးထြက္မလားလို႔ စိတ္ကူးေနတာ သိလား ၊ စိတ္ေျပလက္ေပ်ာက္ေပါ့ ၊ ၿပီးရင္ တစ္လက္စတည္း ခရီးသြားဘေလာ့ဂါပါ လုပ္လိုက္ရမလားလို႔ ၊ ေျပာမရဘူးေနာ္ ... ခရီးေတြသြားရင္းနဲ႔ အခ်စ္ဦးကိုေမ့ၿပီး အခ်စ္သစ္ပါ ရွာေတြ႕ခ်င္ေတြ႕ႏိုင္တယ္မလား ...ဟားဟား "
" က်ေနာ္ဘယ္သြားသြား ငယ္ငယ္က ကိုကိုနဲ႔က်ေနာ္ ပြဲေဈးတန္းေလွ်ာက္သြားရင္း ႐ိုက္ထားတဲ့ ဓာတ္ပုံေလးကို အၿမဲထည့္သြားမယ္သိလား ၊ အဲ့လိုဆို ကိုကိုပါ က်ေနာ္နဲ႔အတူ ရွိတယ္လို႔ ခံစားရလို႔ေလ "
" က်ေနာ္ သြားဦးမယ္ ကိုကို ၊ ေနာက္မွ ထပ္လာခဲ့မယ္ ၊ ကိုကို႔ကို က်ေနာ္ အၿမဲ သတိရတယ္ေနာ္ "
ကိုကို႔ကိုႏႈတ္ဆက္ၿပီး ကားထားသည့္ေနရာ ျပန္လာေတာ့ သူကားေဘးမွာ ေနာက္ထပ္ အနက္ေရာင္ ကားတစ္စီးကပ္ရပ္ထားတာ ေတြ႕ရသည္ ။ ၿပီးေတာ့ သူ႔ကို လက္လွမ္းျပေနသည့္ ေရာင္ရွိန္ႏွင့္ ေကာင္းယံတို႔ ႏွစ္ေယာက္ ။
" မင္းတို႔သားအဖက ဘယ္ကေန ဘယ္လို "
" မင္းကို ဖုန္းဆက္တာ မကိုင္လို႔ေလ "
ဖုန္းထုတ္ၾကည့္ေတာ့မွ missed call ေတြ ဝင္ေနမွန္း သိသည္။ အင္တာနက္သုံးရင္း silent လုပ္ထားမိတာကို မျဖဳတ္မိ ။
" မင္းဖုန္းက Location ပြင့္ေနတာနဲ႔ ၾကည့္ၿပီး လိုက္လာတာ "
" ဘာကိစၥရွိလို႔လဲ "
" ကိစၥရွိမွ ဆက္သြယ္ရမွာလားဟ "
ေရာင္ရွိန္ႏွင့္ေကာင္းယံ တၿပိဳင္တည္း ေအာ္တာကို ၾကားရေတာ့ သူ႔စိတ္ေတြ ပိုၿပီးေပါ့ပါးသြားသလိုပင္ ။ ျဖစ္ခဲ့သည့္ကိစၥေတြအေပၚမွာ သူ႔ကို မစြန႔္ပစ္ခဲ့သည့္အတြက္ သူငယ္ခ်င္းေတြကို ေက်းဇူးတင္ရသည္ ။
" သားေလးက Golf သြား႐ိုက္ခ်င္လို႔တဲ့ ဖေအကိုလာၿပီး နားပူနားဆာ လုပ္ေနတာေလ "
" က်သမွ်ပိုက္ဆံလဲ အေဖပဲ ရွင္းေနာ္ "
" မင္းေဖကို ရွင္းခိုင္း "
" ငါ့အေဖက မင္းေလ "
သူငယ္ခ်င္းႏွစ္ေယာက္ကိုၾကည့္ၿပီး သူကေတာ့ ရယ္႐ုံသာ ။ တစ္ခ်ိန္တည္းမွာပဲ လင္းေရာင္ရွိန္ကိုလည္း ခ်ီးက်ဴးမိသည္ ။ ဘယ္သူငယ္ခ်င္းက ဘာေလးလုပ္ခ်င္ခ်င္ မျငင္းဆန္ပဲ လိုက္လုပ္ေပးတတ္တာ ငယ္ငယ္ကတည္းက ေရာင္ရွိန႔္အက်င့္ ။
" ဒီကေရွ႕ ငါတို႔ FA သုံးေယာက္က တစ္စု ျဖစ္ေတာ့မွာေပါ့ "
" မင္းတို႔ပဲ FA ၊ ငါက ရည္းစားရွိတယ္ "
" မင္းကေလ ... "
သူ မယုံႏိုင္စြာ ေျပာေတာ့ ေရာင္ရွိန္က လက္ပိုက္ၿပီး မ်က္စပစ္ျပသည္ ။
" ဘယ္သူလဲ မင္းရည္းစားက "
" ဒါေတာ့ ေျပာလို႔မရေသးဘူး ၊ လွ်ိဳ႕ဝွက္ခ်က္ "
" ဟ "
လင္းေရာင္ရွိန္တို႔က သူတို႔ကိုက် ဘာမဆို မွ်ေဝ တိုင္ပင္လို႔ ရသည္ဟု ေျပာၿပီး ။ သည္ကိစၥက်ေတာ့ သူတို႔ကို လွ်ိဳထားသည္ ။
" မင္းသိလား ေကာင္းယံ ၊ မင္းေဖ ဘယ္သူနဲ႔ တြဲေနတာလဲ "
" မသိဘူး ၊ သူေျပာလို႔သာ ရည္းစားရွိတယ္လို႔ ယုံရတာ ၊ သူတြဲေနတာ အထီးလား အမလားေတာင္ မသိဘူး "
" ေယာက္်ားလား မိန္းမလား လုပ္ပါဟ "
" ဘာထူးလို႔လဲ အတူတူပဲကို "
" ဟားဟားဟား "
သူ႔ရယ္ေနတာကို ကိုကို ၾကည့္ေနလိမ့္မည္ ထင္သည္ ။ ေနာက္ၿပီး သူ႔ကိုလည္း စိတ္ခ်သြားေလာက္ေတာ့မည္။
*****
♪ ေမွ်ာ္လင့္ျခင္းေတြ ရင္မွာ ျပန္ရွင္သန္လာ...
မာန္မာနေတြ ရင္မွာ ျပန္ခိုင္မာလာ...
ဒီဘဝကို အရႈံးမေပးေတာ့ဘူးလို႔
ငါ့ႏွလုံးသား တစ္ခ်က္ခုန္လိုက္တိုင္းသည္
မေန႔ကနဲ႔ကြာ မေန႔ကလို မနာေတာ့ၿပီ
သူမ်က္ႏွာ ခဏျမင္လိုက္ကတည္းကစၿပီး ငါသည္
အခ်စ္အတြက္ တစ္ဖန္ ေမြးဖြားခဲ့ၿပီ ♪
အိပ္ရာက ႏိုးႏိုးခ်င္း နားထဲ ဝင္လာသည့္ သီခ်င္းသံသဲ့သဲ့ေၾကာင့္ အရင္ႏွင့္မတူသည့္ အားအင္ေတြ ရွင္းသန႔္ကိုယ္ထဲ ေရာက္လာသလို ခံစားရသည္။ သီဆိုေနသူကေတာ့ သူ႔ေဘးမွာ မရွိ ။ သို႔ေသာ္လည္း သူ႔အခန္းထဲမွာ ေတြ႕ရသည့္ ခရီးေဆာင္အိတ္တစ္လုံး ။ သူ႔အက်ႌႏွင့္အတူ ယွဥ္ၿပီး ဘီ႐ိုမွာ ခ်ိတ္ထားသည့္ အက်ႌတစ္ထည္ ။ ေရခ်ိဳးခန္းထဲမွာလည္း သူ႔သြားတိုက္တံအျပင္ ေနာက္ထပ္ ေတြ႕ရသည့္ သြားတိုက္တံတစ္ေခ်ာင္း ။
အၿမဲလိုလို ေအးစက္ေနသည့္ သူ႔တိုက္ခန္းက အခုေတာ့ တစ္စုံတစ္ေယာက္ေၾကာင့္ ေႏြးရၿပီ ။ ဝရံတာဘက္မွာ က်ေနသည့္ ေနေရာင္ကပင္ အရင္ထက္ပိုၿပီး လင္းေနသေယာင္ ။
မ်က္ႏွာ အျမန္သစ္ၿပီး သီခ်င္းသံလာရာဆီ လွမ္းခဲ့ေတာ့ မီးဖိုေရွ႕မွာ ရပ္ေနသည့္ ေက်ာျပင္က်ယ္က်ယ္က သူ႔မနက္ခင္းကို ပိုၿပီး လွပသြားေစသည္။ သည္ျမင္ကြင္း ၊ ခ်စ္ရသူက သူ႔အတြက္ မနက္စာ ျပင္ဆင္ေပးေနသည့္ ျမင္ကြင္း ။ ဘယ္ေလာက္ေတာင္ လြမ္းခဲ့ရသည့္ ပုံရိပ္လဲ ။
" ဘာေတြလုပ္ေနတာလဲ "
ဘုဏ္းေဇေက်ာကို ေနာက္ကေန သူဖက္လိုက္္သည့္အခါ သူ႔လက္ေပၚ အုပ္ကိုင္လာသည့္ လက္ဖဝါးဆီမွ အေႏြးဓာတ္က ခႏၶာကိုယ္အႏွံ႔ကို လႊမ္းၿခဳံသြားသလိုပင္ ။
" ေရေႏြးအိုးပဲတည္ရတာေပါ့ ၊ ေခါက္ဆြဲထုပ္ေတြ႕လို႔ ၊ ခင္ဗ်ားေလးက တျခား ဘာမ်ားဝယ္ထားတာ ရွိလို႔လဲ "
" ငါမွ ခ်က္မစားတာ "
" ဘာလို႔ ခ်က္မစားတာလဲ "
" မင္းကို လြမ္းလို႔ ၊ ငါတစ္ေယာက္တည္း တစ္ခုခု ခ်က္ဖို႔ျပင္တိုင္း မင္းကိုပဲ သတိရလာတာနဲ႔ မခ်က္ျဖစ္ေတာ့ဘူး "
ဘုဏ္းေဇက သူဖက္ထားသည့္လက္ကို ခြာၿပီး ေနာက္လွည့္လာသည္ ။ ထို႔ေနာက္ သူ႔ကို ေစြ႕ခနဲ ေကာက္ခ်ီလိုက္၍ လက္ႏွစ္ဖက္ျဖင့္ လည္ပင္းကို တြယ္ထားရသလို ေျခေထာက္ကလည္း ခါးကို ခ်ိတ္ထားရသည္ ။
" အရင္ထက္ အမ်ားႀကီး ေပါ့သြားတာပဲ "
" အခုကစၿပီး ျပန္ေလးလာေတာ့မွာပါ ၊ မင္းခ်က္တာေတြ အားရပါးရ စားေတာ့မွာမို႔ "
" ဟုတ္လား ၊ ဒါဆို ေပါ့တုန္း တစ္ေနကုန္ ခ်ီထားရမလား "
" သေဘာေလ ၊ မင္း ခ်ီႏိုင္ရင္ ခ်ီေပါ့ "
သူ႔အေျပာေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးေနသည့္ မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ညႇပ္ကိုင္ၿပီး ႏႈတ္ခမ္းခ်င္း ထိေတြ႕မိတ္ဆက္ေတာ့ တုံ႔ျပန္လာသည့္ အနမ္းတို႔မွာ ထပ္တူညီသည့္ ခ်စ္ျခင္းတို႔ျဖင့္ ။
သို႔ေသာ္လည္း သူတို႔ရဲ႕ morning kissကို ဖုန္းေကာ္လ္တစ္ခုက ၾကားဝင္ျဖတ္ေတာက္လာသည္။
" ဘုဏ္းေဇယ်ာေက်ာ္ မင္း အသက္ရွိေသးလား "
ဖုန္းကိုင္ကိုင္ခ်င္း ေရာင္ရွိန္က တန္းေအာ္သျဖင့္ ႏွစ္ေယာက္သား က်ိတ္ရယ္ရသည္ ။
" ေရာက္ကတည္းက ငါ့ကို ဖုန္းတစ္ခ်က္ မဆက္ဘူး "
" ဘာလို႔ ဆက္ရမွာလဲ "
" ေက်းဇူးကန္းၿပီ ၊ ေျမမ်ိဳမဲ့ေကာင္ ၊ ဖုန္းထဲကေန လွမ္းကန္ေတာ့စမ္း ႏွစ္ေကာင္စလုံး "
" ဆုေတာင္းေလ ၊ မင္းေၾကာင့္ ငါတို႔ရဲ႕ လွပတဲ့ မနက္ခင္းေလး ပ်က္စီးသြားၿပီ ၊ ျပန္လာရင္ မင္းေတာ့ ေသၿပီပဲ "
" ေအာင္မယ္ ... Unity တစ္ခုလုံး ေဒဝါလီခံခ်င္ေနၿပီလား "
" ဂ႐ုမစိုက္ဘူး ေဟ့ေရာင္ ...လုပ္ခ်င္သလိုလုပ္ "
ေရာင္ရွိန္က ဘုဏ္းေဇကို အားရပါးရဆဲသည့္အျပင္ ရွင္းသန႔္ကိုပါ ျပန္လာရင္ နာမည္ဟု ႀကိမ္းၿပီး ဖုန္းခ်သြား၏ ။
သူတို႔လည္း ေခါက္ဆြဲစားမည့္ အစီအစဥ္ကို ဖ်က္ၿပီး ခ်ာလီတို႔ဆီမွာပဲ မနက္စာ သြားစားျဖစ္ၾကသည္ ။ မေန႔ညက သူတို႔ ေျပာျပလိုက္၍ ခ်ာလီတို႔က သူတို႔ ဘယ္သူလဲဆိုတာ သိသြားၾကၿပီ ။ ဖုံးကြယ္ထားမိသည့္အတြက္ ရွင္းသန႔္ ေတာင္းပန္စကားဆိုတာကိုလည္း နားလည္ေပးၾကပါသည္။
" ေကာင္ေလးေတြ ...ညက် Halfway To Heaven သြားရေအာင္ေလ ၊ လိုက္မလား "
" မလိုက္ဘူး "
" ဘာလို႔လဲ "
ခ်ာလီႏွင့္လီယိုေရွ႕မွာ ရွင္းသန႔္ ဘုဏ္းေဇလက္ကိုဆြဲခ်ိတ္ၿပီး ပုခုံးေပၚမွီကာ
" အခ်စ္နဲ႔ပဲ ႏွစ္ေယာက္တည္း အခ်ိန္ျဖဳန္းခ်င္လို႔ "
သက္သက္ အမူပိုျပသည့္ သူ႔ကို ခ်ာလီက လက္သီးႏွင့္ ထုသည္ ။
" အျမင္ကတ္စရာ ေကာင္းေနပါလား "
" ေန႔တိုင္း က်ေနာ့္ေရွ႕မွာ ခင္ဗ်ားတို႔ အခ်စ္ အခ်စ္နဲ႔ လုပ္ေနတာေရာ ၾကည့္ေကာင္းေနတယ္ထင္လား "
" ဟားဟား .... လက္စားျပန္ေခ်တာေပါ့ေလ "
လန္ဒန္မွာ တြယ္တာစရာ မ်ားမ်ား မရွိေပမဲ့ ျပန္လွ်င္ေတာ့ ခ်ာလီတို႔ကို သူ လြမ္းရပါဦးမည္ ။ အဆင္မေျပသည့္အခ်ိန္ေတြမွာ ကူညီေဖးမၿပီး သူ႔အေပၚ ခ်စ္ခင္္ေႏြးေထြးေပးခဲ့ၾကသူေတြ မဟုတ္လား ။
*****
ႏွစ္ေယာက္အတူ ေရးဆြဲရတဲ့ညေနခင္းေတြေလာက္
ဘယ္ပုံကားခ်ပ္က လွမွာတဲ့လဲ
ႏွစ္ေယာက္အတူ ေလွ်ာက္ခဲ့ရတဲ့လမ္းေတြေလာက္
ဘယ္ခရီးက သာယာဖြယ္ရွိမွာတဲ့လဲ
မင္းသာ ကိုယ္ေနခ်င္တဲ့ အင္ပါယာ
မင္းသာ ကိုယ္လိုအပ္တဲ့ ခ်ပ္ဝတ္တန္ဆာ
မင္းသာ ကိုယ့္ဘဝအတြက္ မရွိမျဖစ္တဲ့ပါဝါ
ခ်စ္ျခင္းတရားမွာ
ကိုယ္တို႔ဟာ အလုံးစုံ ကံေကာင္းေစခဲ့ၿပီ ...
ရွင္းသန႔္ သည္ေန႔ပဲ စာၾကည့္တိုက္မွာ အလုပ္ထြက္စာ တင္ခဲ့သည္ ။ အခ်ိန္ပိုင္းအလုပ္ျဖစ္သည့္အျပင္ သူ႔ေနရာက သိပ္အေရးမႀကီးသည့္တာဝန္မို႔ ခ်က္ခ်င္း ထြက္၍ရသည္။ အရင္ကလည္း နာရီေပၚမူတည္ၿပီး လစာေပးသည့္အလုပ္မို႔ ခြင့္ရက္ရွည္ယူလို႔လည္းရ၏ ။ အခုေတာ့ တစ္ခါတည္း ထြက္ခဲ့ၿပီ ။ သူ အိမ္ကို အၿပီးျပန္ရေတာ့မည္ ။
စာၾကည့္တိုက္ကအျပန္ ေဈးဝင္ဝယ္ၿပီး ညေနစာကို ကိုယ္တိုင္ခ်က္ျပဳတ္စားၾကသည္ ။ ထို႔ေနာက္ ႏွစ္ေယာက္သား သိမ္းျမစ္ေဘးသြားၿပီး လက္ခ်င္းတြဲကာ လမ္းေလွ်ာက္ၾက၏ ။ မႈတ္ေဆးပန္းခ်ီေတြ ဆြဲထားသည့္ Graffiti Tunnel ဘက္ေရာက္ေတာ့ တစ္ေယာက္တစ္လွည့္ ဓာတ္ပုံ႐ိုက္ေပးျဖစ္သည္ ။
" ေဘဘီ ... နည္းနည္းပိုၿပဳံးဦး "
" ဘာေဘဘီလဲ ... ရွင္းသန႔္တည္ၾကည္လို႔ ေခၚဦးေလ "
" အမ္ ... အဟားဟား "
စိတ္ဆိုးေနတုန္းက ဘုဏ္းေဇ နာမည္အျပည့္အစုံေခၚတာကို ရွင္းသန႔္က အခုမွထၿပီး စကားနာထိုးလာျခင္းပင္ ။
" မေခၚေတာ့ပါဘူးကြာ ၊ ေတာ္ၾကာ မုန္တိုင္းတိုက္တဲ့အထဲ ေမာင္ပါ ပါေနမွာစိုးလို႔ "
" ဟားဟား "
သူတို႔ခ်စ္သူႏွစ္ဦး၏ ရယ္သံတို႔ျဖင့္ စီျခယ္ထား၍လားမသိ ။ လန္ဒန္ၿမိဳ႕ႀကီးက သည္ညမွ ပိုၿပီး လွေနသလိုလိုပါ ။
" ရွင္း "
" အြန္း "
" ရွင္း "
" ဘာလဲ "
" ရွင္း "
ဘာမွမေျပာဘဲ ထပ္ခါတလဲလဲ ေခၚေနသူကို ရွင္းသန႔္ မ်က္ေမွာင္ကုပ္ၾကည့္ေတာ့ ၿပဳံးစိစိလုပ္ၿပီး သူ႔ပါးကို ခပ္ဖြဖြ ဆြဲဖဲ့သည္ ။
" ဒီတိုင္း ေခၚလို႔ ေကာင္းလို႔ ၊ ေမာင္တစ္ေယာက္ပဲ မင္းကို အဲလို ေခၚခြင့္ရွိတာေနာ္ "
ရွင္းသန႔္ ေျခလွမ္းတို႔ တုံ႔သြားရသည္ ။ ခြဲခြာခဲ့ရသမွ် ရက္ေတြအတြက္ အတိုးခ်ၿပီး အလြမ္းသယ္ေနခဲ့ရတာႏွင့္ အေရးႀကီးသည့္ကိစၥတစ္ခုကို သူ ေမ့ေနခဲ့တာ ။ အခုမွ သူသတိရသြားသည္ ။ သူ႔ကို ရွင္းလို႔ ေခၚ၍ ထိုသို႔မေခၚဖို႔ သူ တားျမစ္ခဲ့ရသည့္ ေကာင္မေလး ။
" ဘုဏ္းေဇ ငါ မင္းကို ေသခ်ာေပါက္ ေခၚသြားရမဲ့ေနရာရွိတယ္ ၊ ေတြ႕ေပးရမဲ့လူေတြ ရွိတယ္ "
#PoPoPhoenix
{ အေျခအေနၿငိမ္ရင္ 15 ရက္ေန႔မွာ ျပန္ေတြ႕မယ္ေနာ္ }