BEING A VAMPIRE's FAMILY OF T...

By ShweHtet1

4.7K 637 74

ဒါလေးက သူငယ်ချင်းရေးတာလေးပါ...သူ့accကပျက်သွားလို့ ကိုယ်ကအစားထိုးတင်ပေးတာပါ More

Intro
Author Note
CH1
CH2
CH3
CH4
CH5
CH7
CH8
CH9
New Story
CH10
CH11

CH6

207 46 3
By ShweHtet1

Unicode

သခင်လေးတစ်ယောက်တော့ သူ့ရဲ့ဈေးပေါတဲ့ အဘိုးဖြစ်သူကြောင့်သိက္ခာကျသလိုခံစားလိုက်ရသည်။

တစ်ဖက်လူကဘာတွေအဲ့လောက်ကောင်းနေလို့ မြေးဖြစ်တဲ့သူ့ကိုရောင်းထုတ်ပစ်ဖို့ နည်းနည်း‌လေးတောင်မှ မစောင့်နိုင်တော့ရတာလဲ?!!

ဟိုဘက်ကအခုလိုပြောလာတော့ သူဘာပြောရတော့မှာတဲ့လဲ?

တကယ်ပဲမျက်နှာပျက်ရတယ်!

ဒေါသကိုဖွင့်ထုတ်ရန်အလို့ငှာ တစ်ဖက်လူကိုသာအသုံးချမှာပေါ့။ ဘယ်သူကဒီသ‌ခင်လေးနဲ့လက်ဆက်ရမှာကိုနစ်နာတယ်ထင်နေရတာလဲ?

"ရှောင်းကျန့်!ခင်ဗျားစကားကိုအမျိုးမျိုးပြောနေရအောင် ဒါကစားနေတယ်များထင်လို့လား? ဟမ်! ဒါမှမဟုတ် ဒီသခင်လေးရဲ့ဘယ်အချက်ကများချို့ယွင်းနေလို့လဲ? ပြောစမ်းပါအုံး!"

"ငါပြောတာ အဲ့လိုမဟုတ်..."

"မဟုတ်ဘူးပေါ့! အဲ့ဒါဆိုဘာလဲ? ငါတို့ပတ်သက်စရာရှိမနေပဲနဲ့များ မင်းရဲ့သောက်အလုပ်ကိုလာရှုပ်ကြမယ့် အဲ့ဒီကပ်ပါးလိုမီဒီယာတွေကိုငါထိန်းချုပ်‌ပြီး အဲ့ဒီ‌အရေးမပါတဲ့ဟန်ဆောင်ရည်းစားအဖြစ်နဲ့ရော တခြားကိစ္စတွေပါ မင်းအတွက်လုပ်ပေးမယ်ထင်နေတာလဲ?
မင်းကဘာမို့လို့လဲ? မင်းသာငါ့လူဖြစ်မနေရင် ဒီရက်တွေမှာ မင်းဒီလောက်အေးအေးချမ်းချမ်းနေလို့ရမယ်များဖြစ်နေလား?! ဘယ်ဘုရားကပေးလိုက်တဲ့ယုံကြည်မှုတွေရှိနေရတာလဲ!!"

စကားပြောချိန်ပင်မရလိုက်သူရှောင်းကျန့်"......"
*အဲ့တော့..ဆိုလိုတာက သခင်လေးကငါနဲ့လက်ထပ်ဖို့တကယ်ကြီးတွေးထားခဲ့တာပေါ့!?*

မှန်တာပေါ့၊ အဲ့ဒါကလည်းအဘိုးဝမ်ရဲ့လှည့်ကွက်ထဲမှာ မျောသွားခဲ့လို့လေ။

ဒေါသကိုစူးရှသောမျက်ဝန်းများနှင့်ပါးစပ်ဆိုးလေးက ဖော်ပြလျှင် အရှက်သည်းမှုကိုတော့ နီနီရဲရဲနားရွက်လေးများ၌ဖော်ပြနေ၏။

အသက်တစ်ချက်ပင်မရှိုက်သာတဲ့ထိ ဆူပူပြောဆိုအပြီးတွင် သခင်လေးကြည့်ရတာ အဆူးတောင်များနဲ့ဖြူးကောင်လေးအလား ထင်ရပေမယ့် ကြောက်စရာမကောင်းတော့ပဲ အနည်းငယ်ပင်ရယ်စရာကောင်းလို့နေသည်။

ကလေးလေးနှစ်ယောက်တောင် ကြောက်မယ့်လန့်မယ့်အစား ငေးလို့သွား၏။

သခင်ကြီးဝမ်ဆီမှာအညာမိသွားတဲ့သခင်လေးအခြေအနေကိုရိပ်မိသွားတာတစ်ကြောင်း ၊ ကြွက်မနိုင်ကျီမီးရှို့ ဆိုသလို မိမိကိုပဲမဲကာရန်မူနေတဲ့ ကလေးဆန်တဲ့သ‌ခင်လေးပုံစံကြောင့်ရှောင်းကျန့်ရယ်ချင်စိတ်ကိုအတော်ထိန်းယူလိုက်ရသည်။

သူဒီသခင်လေးပါးစပ်နဲ့ရန်တွေ့ခံရတာအကြိမ်ပေါင်းမနည်းတော့ဘူး ၊ဒါပေမယ့် ဒီ‌တစ်ခါလောက်ရယ်စရာကောင်းတာမရှိဘူးရယ်။

"အဟွင်း..ငါပြောတာကကွာ၊လက်မခံဘူးလို့ဆိုလိုခဲ့တာလည်းမဟုတ်လို့..မင်းအဲ့လောက်ဒေါသမထွက်.."

"ဒါဆိုမင်းလက်ခံလိုက်တာပဲမဟုတ်ဘူးလား?! မင်းဘာလို့စကားပြောတာ မရိုးသားရတာလဲ!"

လူလိမ်လူညာလေးရှောင်းကျန့်"......."

*အေးပါ..မင်းကတော့ရိုးသားလွန်းလို့မင်းအဘိုးလိမ်တာခံလိုက်ရတယ်မလား?*

ဒါကိုတော့သူသေချာပေါက်ထုတ်မပြော‌ရဲပါဘူးလေ။သူထပ်ပြီးအမှုတွေမတိုးချင်တော့ပါဘူး။

အခုလောလောဆယ် သခင်လေးနဲ့ဘယ်လိုဖြေရှင်းမလဲသာအရေးကြီးတော့သည်။

"ဝမ်ရိပေါ်.. မင်းတကယ်အဘိုးသဘောအတိုင်းလက်ခံဖို့တွေးခဲ့တာလား?"

"......"
*အဘိုးကြောင့်အရှက်ရလွန်းလို့ပါးစပ်ကတောင်ထုတ်မပြောချင်တော့ဘူး*

ဒါပေမယ့်ရှောင်းကျန့်ကတစ်ဖက်လူရဲ့အမူအယာကိုနားလည်ပါသည်။

"ဘာလို့လဲ? ကလေးတွေကြောင့်ချည်းပဲလား?"

"မဟုတ်ရင်ဘာဖြစ်ရအုံးမှာလဲ?ငါမင်းနဲ့အဆင်မပြေရင်တောင် ငါကလေးတွေနဲ့နေချင်တုန်းပဲလေ၊ မင်းကတော့ ငါ့ကိုဒီတိုင်းဆို သူတို့နဲ့ပေးနေခွင့်မပြုဘူးဆိုတာ ငါသိသားပဲ"

ဒေါသဖြစ်သည့်နှယ်နှာတစ်ချက်မှုကာ သူ မတရားခံရပုံဖော်ပြနေသည်။

ရှောင်းကျန့်ကတော့အစမ်းသဘောသာမေးလိုက်တာရယ်။
ဒါပေမယ့်တစ်ဖက်လူကဒီအိမ်ထောင်ရေးကိုသူ့ကလေးတွေနဲ့အတူနေရဖို့အတွက် သူနဲ့လက်ထပ်လိုက်မယ်တဲ့လား။ သခင်လေးရဲ့ပုံမှန်မဟုတ်သောအတွေးအခေါ်များကဩချစရာပင်။

သာမန်လူဘယ်နှယောက်ကများ ထိုကဲ့သို့တွေးရဲမှာတဲ့လဲ?

"အိမ်ထောင်ရေးကအဲ့လောက်လွယ်တယ်ထင်လို့လားသခင်လေးရယ်၊ တကယ်လို့ငါတို့သာဒီလမ်းကိုရွေးပြီးမှ အဆိုးဆုံးထိအဆင်မပြေကြရင် ငါတို့ချစ်တဲ့ကလေးတွေပဲပိုစိတ်ထိခိုက်ရမှာမင်းသိရဲ့လား"

သခင်လေးကတစ်ခဏမျှတိတ်ဆိတ်သွားတော့သည်။တကယ်တော့သူဒီအကြောင်းတွေးဖူးပါတယ်၊ဒါပေမယ့် သူတွေးခဲ့တုန်းကို အခြားတစ်ဖက်လူကိုပဲ ကလေးတွေမသိလိုက်တဲ့အချိန်အတွင်း သူ့စိတ်တိုင်းကျပြောင်းလဲပစ်ပြီး အဆင်ပြေစေရမည်သာ။

လူတွေပြောကြတဲ့အိမ်ထောင်ရေးကိစ္စတွေကို သူစိတ်မဝင်စားဘူး၊ တစ်ဖက်လူကသူ့အမိန့်ကို နာခံမယ့်သူဖြစ်လာပြီးရင် ဘာမှစိုးရိမ်စရာမရှိတော့ဘူးလေ။ အဲ့ဒီအတွက်လည်းသူမှာနည်းလမ်းရှိတယ်။

ဒါပေမယ့်ဒါတွေကိုဘယ်လိုလုပ်ရှောင်းကျန့်ကိုထုတ်ပြောလို့ဖြစ်မှာတဲ့လဲ? မတော်လို့အဲ့ဒီလူကတစ်ခုခုကိုသံသယဝင်ပြီးထွက်ပြေးသွားရင် သူပဲအလုပ်ရှုပ်ရလိမ့်မယ်။

အဲ့ဒါကြောင့် အခုတော့သူအရူးကွက်ပြန်နင်းရတော့မှာပဲ။

"ငါပြောခဲ့တယ်လေ၊ မင်းသာငါ့ကိုအမြဲဆန့်ကျင်မနေရင်ဖြစ်တယ်လို့၊ငါကလေးတွေကိုကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်၊ ငါတို့မလုပ်ကြည့်ပဲနဲ့ဘာလို့ရလဒ်ရှုံးတွေကိုထိုင်တွက်နေမှာလဲ?"

သူ့အတွက်သူယုံကြည်မှုရှိရှိနဲ့ပြောလာတဲ့သခင်လေးဝမ်က တစ်ဖက်လူကိုလည်းတွန်းအားပေး‌နေခဲ့သည်။

သူ့မှာဒီထက်လည်းပိုမျက်နှာပျက်စရာမရှိမှတော့ တစ်ခြားလူကိုပါမရရအောင် လမ်းကြောင်းပေါ်ဆွဲခေါ်ရတော့မှာပဲ။

လူကြီးစကားတွေကိုအများအပြားနားလည်နေတဲ့ကလေးငယ်နှစ်ယောက်ကတော့ သူတို့မာမီစကားကြောင့် သူတို့ဒယ်ဒီကိုအပြည့်အဝမျှော်လင့်ဟန်‌မော့ကြည့်လာကြတော့သည်။

ဒယ်ဒီနဲ့မာမီ‌ဘာပြောနေလဲသူတို့သိတယ်၊ ‌အဲ့ဒါက သူတို့အတူတူအမြဲနေရဖို့အတွက်မလား?

ဒယ်ဒီ! မာမီ‌ပြောတာလက်ခံလိုက်!

.
.
.............

အချိန်၅နာရီရဲ့နောက်ပိုင်းမှာတော့ ကလေးတွေကိုကတိအတိုင်းဝမ်ရိပေါ်ကပုံပြင်ဖတ်ပြရင်း အတူကစားပေးရင်းနဲ့အချိန်ဖြုန်းခဲ့ကြတယ်။

ရှောင်းကျန့်ကတော့ သူ့မျက်စိရှေ့ကပုံရိပ်များကိုကြည့်ရင်း ရေရှည်အတွက်သူ့ဆုံးဖြတ်ချက်မှန်ကန်စေဖို့သာတွေးမိတယ်။

သူဆုံးဖြတ်ခဲ့ပြီးပြီ။ အဘိုးဝမ်နဲ့သူ့အမေတို့ရဲ့ဆန္ဒအတိုင်း သခင်လေးဝမ်နဲ့လက်ထပ်မယ်။ အဲ့ဒါကဘာကြောင့်လဲဆိုရင်.. သူ့ကလေးတွေမျှော်လင့်နေတဲ့အရာဖြစ်နေလို့ပဲ။

[A/N - အခုတော့ကလေးတွေကြောင့်ပါပဲပေါ့👀]

'!ဗလ်လင်းဂြိုလ်ပေါ်ဆင်းသက်နေပါပြီ!'

မောင်းနှင်ခန်းမှထုတ်လွှင့်လာတဲ့သတိပေးချက်ကြောင့် နောက်ဆုံးတော့ပျော်စရာအချိန်လေးတွေရတော့မယ်ဆိုတာ ကလေးတွေနားလည်သွားကြသည်။

သူတို့လေးတွေကပျော်ပျော်ရွှင်ရွှင်ပဲ သူတို့ကစားထားသမျှကိုအမြန်သိမ်းလိုက်ကြတယ်။

ဝမ်ရိပေါ်လည်းအပြင်ဘက်ကအနီရောင်အလင်းမြူများကို အရင်ကြိုသွားနှင့်ဖို့တိတ်တဆိတ်အမိန့်ပေးလိုက်တော့တယ်။

တကယ်တော့အဲ့ဒီမြူများက သူ့ရဲ့သက်တော်စောင့်ဟုန်အာရဲ့အသွင်ပြောင်းအနေအထားပါ။

ဟုန်အာရဲ့အမြုတေသန့်စင်မှုက အနီရောင်အဆင့်မှာရှိပြီး ကြံ့ခိုင်မှုက အဆင့်၇ထိခိုင်မာသည်။

ရှီးအာနဲ့ညီအစ်ကိုတွေဖြစ်ကြပေမယ့် ရှီးအာရဲ့အမြုတေ သန့်စင်မှုကခရမ်းဖျော့ရောင်သာရှိပြီး ကြံခိုင်မှုကတော့ အဆင့်၇အတူတူပင်။

ဒီထူးဆန်းတဲ့အရာတွေနဲ့လူတွေကိုဆုတ်ကိုင်ထားနိုင်တဲ့ ဝမ်မိသားစုရဲ့အဖိုးတန်သခင်လေးဝမ်ရိပေါ်ပါ။

အမှန်တော့ဒီသခင်လေးက လူသားတွေကြားတောင်မကြားဖူးသေးတဲ့ ဒါ့ခ်ဖောဂြိုလ်မှာမွေးဖွားလာခဲ့တဲ့ လူသွေးနှောဗန်ပိုင်းယားတစ်ကောင်ပဲ။

အခုဆို ဒါ့ခ်ဖောရဲ့တော်ဝင်မိသားစုမှာဆက်ခံသူလောင်းလျာပါဖြစ်နေခဲ့ပြီ။သူ့ရဲ့အမုန်းတရားကိုလက်ခံရရှိသူတိုင်းကတော့
ငရဲကျသလိုအဖြစ်မျိုးရစေလိမ့်မယ်။

သူ့ရဲ့ချစ်ခြင်းတရားကိုလက်ခံရရှိရင်တော့အဆုံးမရှိဘဝစက်ဝန်းမှာမင်းပျော်ပျော်မပျော်ပျော်အတူဖြတ်သန်းရမှာပဲ။ သူကမင်းကိုရွေးချယ်ခွင့်ပေးမှာတော့မဟုတ်ဘူး။

ဒီလိုသတ္တဝါတစ်မျိုးနဲ့ဘဝကိုအေးအေးလူလူကြိုးစားနေထိုင်ဖို့ဆုံးဖြတ်လိုက်မိတဲ့ တစ်စုံတစ်ယောက်အတွက်ကတော့ 'ကံကောင်းပါစေ' လို့ပဲဆုတောင်းပေးလိုက်ကြရအောင်ပါ။

သူ့ဆန္ဒတွေပြည့်ပါ့မလားလည်းစောင့်ကြည့်ရမယ်လေ။

2024年3月7日🍀
iceprincess8513🍀

[A/N-ရှင်တို့ကိုမေးလိုက်ရင် ကျွန်မသဘောဆိုတာချည်းများနေရော ခေါင်းစားရတာ ကျွန်မလည်းပျော်ဘူး>⁠.⁠<]

--------------------------------------------

Zawgyi

သခင္ေလးတစ္ေယာက္ေတာ့ သူ႕ရဲ႕ေဈးေပါတဲ့ အဘိုးျဖစ္သူေၾကာင့္သိကၡာက်သလိုခံစားလိုက္ရသည္။

တစ္ဖက္လူကဘာေတြအဲ့ေလာက္ေကာင္းေနလို႔ ေျမးျဖစ္တဲ့သူ႕ကိုေရာင္းထုတ္ပစ္ဖို႔ နည္းနည္းေလးေတာင္မွ မေစာင့္နိုင္ေတာ့ရတာလဲ?!!

ဟိုဘက္ကအခုလိုေျပာလာေတာ့ သူဘာေျပာရေတာ့မွာတဲ့လဲ?

တကယ္ပဲမ်က္ႏွာပ်က္ရတယ္!

ေဒါသကိုဖြင့္ထုတ္ရန္အလို႔ငွာ တစ္ဖက္လူကိုသာအသုံးခ်မွာေပါ့။ ဘယ္သူကဒီသခင္ေလးနဲ႕လက္ဆက္ရမွာကိုနစ္နာတယ္ထင္ေနရတာလဲ?

"ေရွာင္းက်န႔္!ခင္ဗ်ားစကားကိုအမ်ိဳးမ်ိဳးေျပာေနရေအာင္ ဒါကစားေနတယ္မ်ားထင္လို႔လား? ဟမ္! ဒါမွမဟုတ္ ဒီသခင္ေလးရဲ႕ဘယ္အခ်က္ကမ်ားခ်ိဳ႕ယြင္းေနလို႔လဲ? ေျပာစမ္းပါအုံး!"

"ငါေျပာတာ အဲ့လိုမဟုတ္..."

"မဟုတ္ဘူးေပါ့! အဲ့ဒါဆိုဘာလဲ? ငါတို႔ပတ္သက္စရာရွိမေနပဲနဲ႕မ်ား မင္းရဲ႕ေသာက္အလုပ္ကိုလာရႈပ္ၾကမယ့္ အဲ့ဒီကပ္ပါးလိုမီဒီယာေတြကိုငါထိန္းခ်ဳပ္ၿပီး အဲ့ဒီအေရးမပါတဲ့ဟန္ေဆာင္ရည္းစားအျဖစ္နဲ႕ေရာ တျခားကိစၥေတြပါ မင္းအတြက္လုပ္ေပးမယ္ထင္ေနတာလဲ?
မင္းကဘာမို႔လို႔လဲ? မင္းသာငါ့လူျဖစ္မေနရင္ ဒီရက္ေတြမွာ မင္းဒီေလာက္ေအးေအးခ်မ္းခ်မ္းေနလို႔ရမယ္မ်ားျဖစ္ေနလား?! ဘယ္ဘုရားကေပးလိုက္တဲ့ယုံၾကည္မႈေတြရွိေနရတာလဲ!!"

စကားေျပာခ်ိန္ပင္မရလိုက္သူေရွာင္းက်န႔္"......"
*အဲ့ေတာ့..ဆိုလိုတာက သခင္ေလးကငါနဲ႕လက္ထပ္ဖို႔တကယ္ႀကီးေတြးထားခဲ့တာေပါ့!?*

မွန္တာေပါ့၊ အဲ့ဒါကလည္းအဘိုးဝမ္ရဲ႕လွည့္ကြက္ထဲမွာ ေမ်ာသြားခဲ့လို႔ေလ။

ေဒါသကိုစူးရွေသာမ်က္ဝန္းမ်ားႏွင့္ပါးစပ္ဆိုးေလးက ေဖာ္ျပလွ်င္ အရွက္သည္းမႈကိုေတာ့ နီနီရဲရဲနား႐ြက္ေလးမ်ား၌ေဖာ္ျပေန၏။

အသက္တစ္ခ်က္ပင္မရွိုက္သာတဲ့ထိ ဆူပူေျပာဆိုအၿပီးတြင္ သခင္ေလးၾကည့္ရတာ အဆူးေတာင္မ်ားနဲ႕ျဖဴးေကာင္ေလးအလား ထင္ရေပမယ့္ ေၾကာက္စရာမေကာင္းေတာ့ပဲ အနည္းငယ္ပင္ရယ္စရာေကာင္းလို႔ေနသည္။

ကေလးေလးႏွစ္ေယာက္ေတာင္ ေၾကာက္မယ့္လန႔္မယ့္အစား ေငးလို႔သြား၏။

သခင္ႀကီးဝမ္ဆီမွာအညာမိသြားတဲ့သခင္ေလးအေျခအေနကိုရိပ္မိသြားတာတစ္ေၾကာင္း ၊ ႂကြက္မနိုင္က်ီမီးရွို႔ ဆိုသလို မိမိကိုပဲမဲကာရန္မူေနတဲ့ ကေလးဆန္တဲ့သခင္ေလးပုံစံေၾကာင့္ေရွာင္းက်န႔္ရယ္ခ်င္စိတ္ကိုအေတာ္ထိန္းယူလိုက္ရသည္။

သူဒီသခင္ေလးပါးစပ္နဲ႕ရန္ေတြ႕ခံရတာအႀကိမ္ေပါင္းမနည္းေတာ့ဘူး ၊ဒါေပမယ့္ ဒီတစ္ခါေလာက္ရယ္စရာေကာင္းတာမရွိဘူးရယ္။

"အဟြင္း..ငါေျပာတာကကြာ၊လက္မခံဘူးလို႔ဆိုလိုခဲ့တာလည္းမဟုတ္လို႔..မင္းအဲ့ေလာက္ေဒါသမထြက္.."

"ဒါဆိုမင္းလက္ခံလိုက္တာပဲမဟုတ္ဘူးလား?! မင္းဘာလို႔စကားေျပာတာ မရိုးသားရတာလဲ!"

လူလိမ္လူညာေလးေရွာင္းက်န႔္"......."

*ေအးပါ..မင္းကေတာ့ရိုးသားလြန္းလို႔မင္းအဘိုးလိမ္တာခံလိုက္ရတယ္မလား?*

ဒါကိုေတာ့သူေသခ်ာေပါက္ထုတ္မေျပာရဲပါဘူးေလ။သူထပ္ၿပီးအမႈေတြမတိုးခ်င္ေတာ့ပါဘူး။

အခုေလာေလာဆယ္ သခင္ေလးနဲ႕ဘယ္လိုေျဖရွင္းမလဲသာအေရးႀကီးေတာ့သည္။

"ဝမ္ရိေပၚ.. မင္းတကယ္အဘိုးသေဘာအတိုင္းလက္ခံဖို႔ေတြးခဲ့တာလား?"

"......"
*အဘိုးေၾကာင့္အရွက္ရလြန္းလို႔ပါးစပ္ကေတာင္ထုတ္မေျပာခ်င္ေတာ့ဘူး*

ဒါေပမယ့္ေရွာင္းက်န႔္ကတစ္ဖက္လူရဲ႕အမူအယာကိုနားလည္ပါသည္။

"ဘာလို႔လဲ? ကေလးေတြေၾကာင့္ခ်ည္းပဲလား?"

"မဟုတ္ရင္ဘာျဖစ္ရအုံးမွာလဲ?ငါမင္းနဲ႕အဆင္မေျပရင္ေတာင္ ငါကေလးေတြနဲ႕ေနခ်င္တုန္းပဲေလ၊ မင္းကေတာ့ ငါ့ကိုဒီတိုင္းဆို သူတို႔နဲ႕ေပးေနခြင့္မျပဳဘူးဆိုတာ ငါသိသားပဲ"

ေဒါသျဖစ္သည့္ႏွယ္ႏွာတစ္ခ်က္မႈကာ သူ မတရားခံရပုံေဖာ္ျပေနသည္။

ေရွာင္းက်န႔္ကေတာ့အစမ္းသေဘာသာေမးလိုက္တာရယ္။
ဒါေပမယ့္တစ္ဖက္လူကဒီအိမ္ေထာင္ေရးကိုသူ႕ကေလးေတြနဲ႕အတူေနရဖို႔အတြက္ သူနဲ႕လက္ထပ္လိုက္မယ္တဲ့လား။ သခင္ေလးရဲ႕ပုံမွန္မဟုတ္ေသာအေတြးအေခၚမ်ားကဩခ်စရာပင္။

သာမန္လူဘယ္ႏွေယာက္ကမ်ား ထိုကဲ့သို႔ေတြးရဲမွာတဲ့လဲ?

"အိမ္ေထာင္ေရးကအဲ့ေလာက္လြယ္တယ္ထင္လို႔လားသခင္ေလးရယ္၊ တကယ္လို႔ငါတို႔သာဒီလမ္းကိုေ႐ြးၿပီးမွ အဆိုးဆုံးထိအဆင္မေျပၾကရင္ ငါတို႔ခ်စ္တဲ့ကေလးေတြပဲပိုစိတ္ထိခိုက္ရမွာမင္းသိရဲ႕လား"

သခင္ေလးကတစ္ခဏမွ်တိတ္ဆိတ္သြားေတာ့သည္။တကယ္ေတာ့သူဒီအေၾကာင္းေတြးဖူးပါတယ္၊ဒါေပမယ့္ သူေတြးခဲ့တုန္းကို အျခားတစ္ဖက္လူကိုပဲ ကေလးေတြမသိလိုက္တဲ့အခ်ိန္အတြင္း သူ႕စိတ္တိုင္းက်ေျပာင္းလဲပစ္ၿပီး အဆင္ေျပေစရမည္သာ။

လူေတြေျပာၾကတဲ့အိမ္ေထာင္ေရးကိစၥေတြကို သူစိတ္မဝင္စားဘူး၊ တစ္ဖက္လူကသူ႕အမိန႔္ကို နာခံမယ့္သူျဖစ္လာၿပီးရင္ ဘာမွစိုးရိမ္စရာမရွိေတာ့ဘူးေလ။ အဲ့ဒီအတြက္လည္းသူမွာနည္းလမ္းရွိတယ္။

ဒါေပမယ့္ဒါေတြကိုဘယ္လိုလုပ္ေရွာင္းက်န႔္ကိုထုတ္ေျပာလို႔ျဖစ္မွာတဲ့လဲ? မေတာ္လို႔အဲ့ဒီလူကတစ္ခုခုကိုသံသယဝင္ၿပီးထြက္ေျပးသြားရင္ သူပဲအလုပ္ရႈပ္ရလိမ့္မယ္။

အဲ့ဒါေၾကာင့္ အခုေတာ့သူအ႐ူးကြက္ျပန္နင္းရေတာ့မွာပဲ။

"ငါေျပာခဲ့တယ္ေလ၊ မင္းသာငါ့ကိုအၿမဲဆန႔္က်င္မေနရင္ျဖစ္တယ္လို႔၊ငါကေလးေတြကိုေကာင္းေကာင္းေစာင့္ေရွာက္နိုင္ပါတယ္၊ ငါတို႔မလုပ္ၾကည့္ပဲနဲ႕ဘာလို႔ရလဒ္ရႈံးေတြကိုထိုင္တြက္ေနမွာလဲ?"

သူ႕အတြက္သူယုံၾကည္မႈရွိရွိနဲ႕ေျပာလာတဲ့သခင္ေလးဝမ္က တစ္ဖက္လူကိုလည္းတြန္းအားေပးေနခဲ့သည္။

သူ႕မွာဒီထက္လည္းပိုမ်က္ႏွာပ်က္စရာမရွိမွေတာ့ တစ္ျခားလူကိုပါမရရေအာင္ လမ္းေၾကာင္းေပၚဆြဲေခၚရေတာ့မွာပဲ။

လူႀကီးစကားေတြကိုအမ်ားအျပားနားလည္ေနတဲ့ကေလးငယ္ႏွစ္ေယာက္ကေတာ့ သူတို႔မာမီစကားေၾကာင့္ သူတို႔ဒယ္ဒီကိုအျပည့္အဝေမွ်ာ္လင့္ဟန္ေမာ့ၾကည့္လာၾကေတာ့သည္။

ဒယ္ဒီနဲ႕မာမီဘာေျပာေနလဲသူတို႔သိတယ္၊ အဲ့ဒါက သူတို႔အတူတူအၿမဲေနရဖို႔အတြက္မလား?

ဒယ္ဒီ! မာမီေျပာတာလက္ခံလိုက္!

.
.
.............

အခ်ိန္၅နာရီရဲ႕ေနာက္ပိုင္းမွာေတာ့ ကေလးေတြကိုကတိအတိုင္းဝမ္ရိေပၚကပုံျပင္ဖတ္ျပရင္း အတူကစားေပးရင္းနဲ႕အခ်ိန္ျဖဳန္းခဲ့ၾကတယ္။

ေရွာင္းက်န႔္ကေတာ့ သူ႕မ်က္စိေရွ႕ကပုံရိပ္မ်ားကိုၾကည့္ရင္း ေရရွည္အတြက္သူ႕ဆုံးျဖတ္ခ်က္မွန္ကန္ေစဖို႔သာေတြးမိတယ္။

သူဆုံးျဖတ္ခဲ့ၿပီးၿပီ။ အဘိုးဝမ္နဲ႕သူ႕အေမတို႔ရဲ႕ဆႏၵအတိုင္း သခင္ေလးဝမ္နဲ႕လက္ထပ္မယ္။ အဲ့ဒါကဘာေၾကာင့္လဲဆိုရင္.. သူ႕ကေလးေတြေမွ်ာ္လင့္ေနတဲ့အရာျဖစ္ေနလို႔ပဲ။

[A/N - အခုေတာ့ကေလးေတြေၾကာင့္ပါပဲေပါ့]

'!ဗလ္လင္းၿဂိဳလ္ေပၚဆင္းသက္ေနပါၿပီ!'

ေမာင္းႏွင္ခန္းမွထုတ္လႊင့္လာတဲ့သတိေပးခ်က္ေၾကာင့္ ေနာက္ဆုံးေတာ့ေပ်ာ္စရာအခ်ိန္ေလးေတြရေတာ့မယ္ဆိုတာ ကေလးေတြနားလည္သြားၾကသည္။

သူတို႔ေလးေတြကေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ သူတို႔ကစားထားသမွ်ကိုအျမန္သိမ္းလိုက္ၾကတယ္။

ဝမ္ရိေပၚလည္းအျပင္ဘက္ကအနီေရာင္အလင္းျမဴမ်ားကို အရင္ႀကိဳသြားႏွင့္ဖို႔တိတ္တဆိတ္အမိန႔္ေပးလိုက္ေတာ့တယ္။

တကယ္ေတာ့အဲ့ဒီျမဴမ်ားက သူ႕ရဲ႕သက္ေတာ္ေစာင့္ဟုန္အာရဲ႕အသြင္ေျပာင္းအေနအထားပါ။

ဟုန္အာရဲ႕အျမဳေတသန႔္စင္မႈက အနီေရာင္အဆင့္မွာရွိၿပီး ႀကံ့ခိုင္မႈက အဆင့္၇ထိခိုင္မာသည္။

ရွီးအာနဲ႕ညီအစ္ကိုေတြျဖစ္ၾကေပမယ့္ ရွီးအာရဲ႕အျမဳေတ သန႔္စင္မႈကခရမ္းေဖ်ာ့ေရာင္သာရွိၿပီး ႀကံခိုင္မႈကေတာ့ အဆင့္၇အတူတူပင္။

ဒီထူးဆန္းတဲ့အရာေတြနဲ႕လူေတြကိုဆုတ္ကိုင္ထားနိုင္တဲ့ ဝမ္မိသားစုရဲ႕အဖိုးတန္သခင္ေလးဝမ္ရိေပၚပါ။

အမွန္ေတာ့ဒီသခင္ေလးက လူသားေတြၾကားေတာင္မၾကားဖူးေသးတဲ့ ဒါ့ခ္ေဖာၿဂိဳလ္မွာေမြးဖြားလာခဲ့တဲ့ လူေသြးႏွောဗန္ပိုင္းယားတစ္ေကာင္ပဲ။

အခုဆို ဒါ့ခ္ေဖာရဲ႕ေတာ္ဝင္မိသားစုမွာဆက္ခံသူေလာင္းလ်ာပါျဖစ္ေနခဲ့ၿပီ။သူ႕ရဲ႕အမုန္းတရားကိုလက္ခံရရွိသူတိုင္းကေတာ့
ငရဲက်သလိုအျဖစ္မ်ိဳးရေစလိမ့္မယ္။

သူ႕ရဲ႕ခ်စ္ျခင္းတရားကိုလက္ခံရရွိရင္ေတာ့အဆုံးမရွိဘဝစက္ဝန္းမွာမင္းေပ်ာ္ေပ်ာ္မေပ်ာ္ေပ်ာ္အတူျဖတ္သန္းရမွာပဲ။ သူကမင္းကိုေ႐ြးခ်ယ္ခြင့္ေပးမွာေတာ့မဟုတ္ဘူး။

ဒီလိုသတၱဝါတစ္မ်ိဳးနဲ႕ဘဝကိုေအးေအးလူလူႀကိဳးစားေနထိုင္ဖို႔ဆုံးျဖတ္လိုက္မိတဲ့ တစ္စုံတစ္ေယာက္အတြက္ကေတာ့ 'ကံေကာင္းပါေစ' လို႔ပဲဆုေတာင္းေပးလိုက္ၾကရေအာင္ပါ။

သူ႕ဆႏၵေတြျပည့္ပါ့မလားလည္းေစာင့္ၾကည့္ရမယ္ေလ။

202437
iceprincess8513

[A/N-ရွင္တို႔ကိုေမးလိုက္ရင္ ကြၽန္မသေဘာဆိုတာခ်ည္းမ်ားေနေရာ ေခါင္းစားရတာ ကြၽန္မလည္းေပ်ာ္ဘူး>.<]

--------------------------------------------

Continue Reading

You'll Also Like

191K 6.8K 69
𝐒𝐔𝐏𝐄𝐑𝐍𝐀𝐓𝐔𝐑𝐀𝐋 | 𝐑𝐡𝐞𝐚, 𝐚 seventeen-year-old girl, her mom, and her fifteen-year-old brother 𝐑𝐚𝐟𝐞 moves to a new home 𝐭𝐨 𝐬𝐭𝐚𝐫...
4.9M 289K 101
In this life, a human without the money to pay for their own life is worth nothing. Take those humans in as property, breed them, and you'll end up l...
8.5K 656 17
အချစ်ကဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ ကိုယ်ကချစ်နေဉီးမှာပဲ ကိုယ့်အသက်ကိုပေးရလည်း ဖြစ်တာမို့ အချစ်က ကိုယ့်စကားနားထောင်ပေး ...