CH7

225 34 2
                                    

Unicode

အင်ပါယာပိုင်နက်အတွင်း၌သတ်မှတ်ထားသောယာဉ်ပျံဆင်းသက်ရာနေရာမှာ သူတို့ရဲ့ယာဉ်ပျံဆင်းသက်မှုကိုသတင်းပို့ပြီးနောက် ခွင့်ပြုပေးလာတဲ့လမ်းကြောင်းအတိုင်း ဆင်းသက်လိုက်တော့သည်။

ဒီအရွယ်အစားသေးငယ်တဲ့‌ဗဲလ်လင်းဂြိုလ်မှာပိုင်နက်ရယူဖို့ အင်ပါယာကတခြားပြည်ထောင်များနှင့် 4နှစ်ကြာစစ်ခင်းခဲ့ရသောမှတ်တမ်းများရှိခဲ့တယ်။

ယခုလက်ရှိမှာတော့ ဗဲလ်လင်းဂြိုလ်ကို အင်ပါယာအပါအဝင် ပြည်ထောင်စုကြီး5ခုကမျှဝေပိုင်ဆိုင်ထားကြသည်။ ဒါကြောင့်ဂြိုလ်ပေါ်သက်ဆင်းတဲ့ကိစ္စရပ်က နယ်နမိတ်စည်းများနဲ့ကင်းလွတ်ရာသာဖြစ်သင့်သည့်အတွက် ဘယ်သူဘယ်ဝါရဲ့ယာဉ်ပျံပင်ဖြစ်ပါစေ ခွင့်ပြုမိန့်ယူပြီးမှဆင်းသက်နိုင်တယ်။

မဟုတ်ရင် ဒီအဖိုးတန်တဲ့ဂြိုလ်ငယ်လေးမှာ တစ်ဖန်စစ်မက်ဖြစ်ပွားကြလိမ့်မယ်။

ယာဉ်ပျံပေါ်မှာ သူတို့5နာရီကျော်ကြာ စီးနင်းခဲ့ပေမယ့် ဗဲလ်လင်းဂြိုလ်ကိုရောက်တဲ့အချိန်မှာ ဒီနေရာ၌မွန်းလွဲ1နာရီမျှသာရှိသေးသည်။

ကမ္ဘာရဲ့မွန်းလွဲပိုင်းရာသီဥတုကဲ့သို့ပြင်းပြတဲ့အပူရှိန်ကိုဗဲလ်လင်းမှာမခံစားရပဲ ကြည်လင်ပြီးခပ်နွေးနွေးမျှသောနေရောင်ခြည်ကိုသာခံစားရလိမ့်မည်။
ပြီးတော့ အဲ့ဒီအရသာက နေစထွက်လာကတည်းကနေ နေဝင်ချိန်အထိမပြောင်းမလဲသော အေးချမ်းတဲ့ရာသီဥတုပုံစံပင်။ ရံဖန်ရံခါမိုးရွာသွန်းမှုရှိပေမယ့် နှင်းလုံးဝမကျသောနေရာလည်းဖြစ်သည်။

အေးမြသောစမ်းချောင်းများနှင့်သဘာဝဆေးဖက်ဝင်အပင်များကနေရာအနှံ့မှာကောင်းကောင်းမွန်မွန်ပေါက်ရောက်နေပြီး လမ်းပေါ်မှာတွေ့တဲ့အပင်တစ်ခုခုရဲ့အသီးကတောင် ဒီတိုင်းယူစားလိုက်လို့ရတဲ့အထိ အဆိပ်အ‌တောက်ကင်းမဲ့ခြင်းပေ။

ဒါကြောင့်လည်း ‌ဗဲလ်လင်းဂြိုလ်က အရမ်းနာမည်ကြီးတဲ့ သဘာဝကိုခံစားနိုင်သည့်ဇိမ်ခံနေရာတစ်ခုဖြစ်လာခဲ့တာလေ။ သက်ကြီးလူအိုများနဲ့ ကျန်းမာရေးဂရုစိုက်သင့်သောလူတိုင်းက ဒီနေရာရဲ့ရာသီဥတုနဲ့ကမ္ဘာမှာပျောက်ဆုံးသွားတဲ့သဘာဝတရားကိုအကူအညီယူသင့်တယ်။

BEING A VAMPIRE's FAMILY OF THE ROYAL CLANOnde as histórias ganham vida. Descobre agora