CH10

189 34 7
                                    

Unicode

မနက်စောစောရဲ့မြူမကွဲသေးတဲ့အချိန်မှာပဲ ဝမ်ရိပေါ်ဗဲလ်လင်းကိုပြန်ဝင်ရောက်လာခဲ့သည်။

သူ့ကိုယ်သူသန့်ရှင်းထားပြီးသားဆိုပေမယ့် စံအိမ်ထဲမဝင်ခင် ဘာမှသံသယဖြစ်စရာမရှိတာ‌သေချာအောင်လည်း အထပ်ထပ်စစ်ဆေးလိုက်သေးတယ်

အခုချိန်ကလေးတွေအိပ်နေတုန်းဖြစ်မလား..?
---

နေရာဒေသအပြောင်းအလဲအောက်မှာ အချိန်စက်ဝန်းလည်ပတ်မှုလည်းကွဲပြားသွားတာကြောင့် အခုမှဗဲလ်လင်းကိုရောက်တဲ့ ရှောင်းကျန့်နဲ့ကလေးတွေအတွက်တော့ အချိန်စက်ဝန်းကတိုင်ပင်လွဲနေခဲ့သည်။

သခင်လေးပြန်ရောက်လာတဲ့အချိန်မှာ သူတို့သားဖတွေက မနက်စာအတွက်စစ်ခင်းနေကြရတာလေ..

တကယ့်အချိန်ကောင်းမှရောက်လာတာပဲ..။

"မာမီ!..ပြန်လာပြီ! မာမီဘယ်သွားနေတာလဲဟင်"

"မာမီ..မာမီ.. ဒယ်ဒီကလေ.. ချီချီတို့ကိုသကြားလုံးမပေးပဲ အဲ့ဒီစားမကောင်းတာကြီးကိုအတင်းကျွေးနေတယ်..မာမီပြောပါအုံး.."

ကလေးလေးတွေမှာသူတို့မာမီရောက်လာတာမြင်တာနဲ့ ချက်ချင်းပြေးပြီးကို တိုင်တန်းကြတော့တာပဲ..

ရှောင်းကျန့်မှာသားသမီးလေးများထံမှ  ဤသို့ဖြင့်မဟုတ်မမှန်စွပ်စွဲခံလိုက်ရသည်..

"နေပါအုံး.. ဘယ်လိုဖြစ်လို့.. ဒီလောက်အစောကြီးနိုးပြီး အစားပါစားနေကြတာလဲ"

အပြင်မှာတောင်လင်းလင်းချင်းချင်းမဖြစ်သေးဘူးလေ။ဒီသားဖတွေကဘယ်လိုဖြစ်ရတာလဲ?

"သူတို့မနေ့ကဘာမှထပ်မစားပဲအိပ်သွားတာလေ..၊ အချိန်အပြောင်းအလဲကလည်းနေသားမကျသေးတော့ ‌အ‌စောကြီးနိုးလာပြီးဗိုက်ဆာတယ်ဆိုလို့..၊ ကျွေးမယ့်ဟာကို ကဂျီကဂျောင်များနေတယ်..၊သကြားလုံးတွေငါ့ဆီမှာမရှိဘူးပြောတာကို လက်မခံဘူးလေ.."

ရှောင်းကျန့်လည်းအမှန်တရားကိုဖော်ထုတ်လိုက်တယ်။ ဒီကလေးလေးတွေပါးစပ်ကဘယ်တုန်းကဒီလောက်အဆိပ်ပြင်းသွားမှန်းကိုမသိဘူး..

နိုးလာတဲ့တစ်မနက်လုံး 'မာမီဘယ်သွားလဲ'နဲ့ သူတို့လုပ်ချင်တာလိုက်မလုပ်ပေးရင်..တအီအီနဲ့'မာမီ့ကိုခေါ်ပေး'ဆိုပြီး ဂျီကျတာကပါသေးတယ်။

BEING A VAMPIRE's FAMILY OF THE ROYAL CLANWhere stories live. Discover now