CH1

609 73 4
                                    

Unicode

အင်ပါယာအနုပညာအသိုင်းဝိုင်းရဲ့ ထိပ်တန်းဖြစ်တစ်ခုဖြစ်တဲ့ “The XIN” အင်တာတိန်းမန့်က သက်တမ်းနှင့်အမျှဆိုသလို ထိပ်တန်းအနုပညာရှင်များစွာကိုပျိုးထောင်ရာနေရာတစ်ခုဖြစ်တဲ့အပြင် ဒီနှစ်အတော်အတွင်းရဲ့ ရုပ်ရှင်ဧကရာဇ်အသစ်တစ်ပါးကိုလည်းမွေးထုတ်ထားခဲ့ပြန်တယ်

ဒီရုပ်ရှင်ဧကရာဇ်ဆီကရလာတဲ့အကျိုးအမြတ်များစွာက အမြဲတမ်းအံဩစရာဖြစ်ခဲ့ပေမယ့် အခု‌ကိစ္စလောက်တော့အံ့ဩစရာမကောင်းပေ။

ရုံးခန်းထဲကပြန်ထွက်သွားပြီးဖြစ်တဲ့ သူတို့ကုမ္ပဏီရဲ့ရတနာလေးကိုကြည့်ရင်း ဥက္ကဌယွဲ့နဲ့ မန်နေဂျာလေးရှုကျားမှာ ဒီအခြေအနေကိုကိုင်တွယ်ဖို့တကယ်ကူကယ်ရာမဲ့နေမိတယ်

အသိုင်းဝိုင်းကြီးများကိုအမြဲစက်ဆုပ်တတ်တဲ့သူတို့ရဲ့ဧကရာဇ်လေးက ဘယ်အချိန်ကများ တစ်မိုးအောက်ကအဲ့ဒီဝမ်မျိုးရိုးနဲ့သွားပတ်သပ်ခဲ့တာတုန်း?

ကြည့်ပါအုံး! အခုတော့ ကိစ္စတွေကလူထုကြားမှာဆူညံနေပြီ။အဲ့ဒီဝမ်မျိုးရိုးပါဝင်နေတာက သူတို့ထိန်းချုပ်နိုင်တဲ့အတိုင်းအတာဟုတ်မနေတော့ဘူး

ရှောင်းကျန့်တစ်ယောက်ကုမ္ပဏီရဲ့ဝင်ပေါက်မှာပြန်ပေါ်လာတာနဲ့ နေ့တစ်ဝက်လောက်စောင့်နေခဲ့တဲ့ အပြင်ဘက်ကသတင်း‌ထောက်တစ်စုမှာတော့ ပျားများပမာအုံလိုက်ကျင်းလိုက်တိုးဝှေ့လာကြ‌သည်။

"ရှောင်းကျန့်! ရှောင်းကျန့်! တစ်ခုခုပြောပေးပါ!လူတွေပြောနေသလို မင်းနဲ့သခင်လေးဝမ်ကအရင်ကချစ်သူတွေဖြစ်ခဲ့တာလား?"

"အခုရောမင်းတို့ဆက်ဆံရေးကဘာလဲ?"

"အဲ့ဒီနေ့ပုံထဲကမင်းနဲ့အတူရှိနေတဲ့ ကလေးတွေကရော တကယ်ပဲ မင်းရဲ့
ကလေးတွေလား? ‌ကလေးတွေအမေ ကဘယ်သူပါလဲ?"

"ကလေးတွေအမေကြောင့် သခင်လေးဝမ်နဲ့ဝေးခဲ့တာလား ပြောပေးပါ!"

"အတိတ်မှာတုန်းက ဝမ်မိသားစုကမင်းတို့ကြားမှာပါဝင်သက်ရောက်ခဲ့တာမျိုးရောရှိလား?"

"ရှောင်းကျန့်!မင်းသူ့အပေါ်ခံစားချက်ရှိနေတုန်းလား?တစ်ခုခုဖြေပေးပါ!"

BEING A VAMPIRE's FAMILY OF THE ROYAL CLANWhere stories live. Discover now