CH3

331 51 2
                                    

Unicode

နှစ်ယောက်ကြားကရုတ်တရက်တိတ်ဆိတ်သွားတဲ့လေထုမှာ ချီချီရဲ့စိုးရိမ်ပူပန်မှုနဲ့ဖြိုခွဲခံလိုက်ရသည်။

"ဒါဆိုချီချီ‌တို့ကိုပုံပြင်ပြီးအောင်မဖတ်ပြတော့ဘူးလားဟင်?"

ပန်းကလေးနှယ်မျက်နှာလေးကငြိုးငယ်ကာ သနားစဖွယ်ဟန်ပန်အပြည့်ပင်။

ချီချီက ရှောင်းကျန့်လက်ထဲကထွက်ပြီး အခြားတစ်ဖက်ကဝမ်ရိပေါ်ဆီကိုလျှောက်သွားတယ်..
သူမလေးကမဝံ့ရဲမှုတစ်စုံတစ်ရာမရှိပဲ သခင်လေးရင်ခွင်ထဲဇိမ်ကျကျဝင်ထိုင်လိုက်တာပေါ့။

ရှောင်းကျန့်လက်ထဲမှာကျန်ခဲ့တဲ့ဝမ်ဝမ်ကလည်း တပ်ကူပေးချင်သည့်နှယ် သူ့ညီမလေးနေရာကိုကြည့်ကာ ဟန်တပြင်ပြင်လုပ်တော့ ရှောင်းကျန့်မှာမနာလိုမဖြစ်ပဲမနေနိုင်တော့ကာဝမ်ဝမ်ကိုလွတ်မပေးပဲ စကားဖြတ်ပြောလိုက်တယ်

"အဲ့ဒီစာအုပ်ကရှေ့၂လကစာအုပ်မဟုတ်ဘူးလား? မင်းတို့ဖတ်တာဘယ်နှခါဖြစ်နေပြီတုန်း..ဒယ်ဒီဖတ်ပြတာကိုက၃ကြိမ်နော်..အလွတ်တောင်ရသင့်ပြီ"

"ဟင်.. မတူပါဘူးနော်! ဒယ်ဒီကဒယ်ဒီပဲ၊ ဒယ်ဒီဖတ်ပြတာက မာမီဖတ်ပြတာမှမဟုတ်တာကြီးကို!"

"ဟုတ်သား..ဒယ်ဒီ၊ ဝမ်ဝမ်တို့က မာမီဖတ်ပြတာလည်း လိုချင်သေးတာ.."

ရှောင်းကျန့်"......"

ညီမဖြစ်သူကဆင်ခြေရှာ၊ အစ်ကိုလုပ်သူကထောက်ခံ။

သားသမီးလေးတွေကအရမ်းကိုညီညာလွန်းနေလို့ ဒီအဖေမှာစကားတောင်မပြောနိုင်တော့ဘူးရယ်..။

ဆန့်ကျင်ဘက်ကဝမ်ရိပေါ်ကတော့
‌ကလေးနှစ်ယောက်စကားကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးရယ်လာတယ်။

အို...ဒီအဆိုးလေးတွေက သူ့ကိုလိုချင်ကြသေးတယ်ပေါ့လေ..

ဒီကလေးလေးတွေလိုချင်တာသာဆို သူကလည်းဘာမဆိုလုပ်ပေးမှာပဲ၊
အဓိက က သူတို့လေးတွေ သူနဲ့အတူနေချင်စိတ်ရှိနေဖို့လိုတာ။

"အတတ်လေးတွေ..ဘယ်သူကဖတ်မပြတော့ဘူးပြောလို့လဲ? ဘိုးဘိုးကြီးဝမ်ဆီ တို့တွေသွားလည်ရင်းဆက်ဖတ်ကြမယ်လေ.. အခုတော့ခဏအနားယူပြီးရင်နေ့လည်စာစားကြမယ်..နော် လိမ္မာတဲ့ကလေးလေးတွေ.."

BEING A VAMPIRE's FAMILY OF THE ROYAL CLANWhere stories live. Discover now