CH8

213 41 5
                                    

Unicode

"ရှောင်ခေါ်အိုင့်!.. ရှောင်ခေါ်အိုင့်! ခခ်..ခခ်..ရှောင်ခေါ်အိုင့်ဒီပန်းသီးကိုစား!"

အလှလေးရှောင်ခေါ်အိုင့်ကိုကလေးလေးနှစ်ယောက်က သူတို့ရလာတဲ့ပန်းသီးတွေကျွေးရင်းပျော်ရွှင်နေကြသည်။

သာ့ဟေးနဲ့ ဟုန်အာငှားလာခဲ့တဲ့မြင်းကိုတော့ ဟုန်အာကပဲတစ်နေရာကိုဆွဲခေါ်ပြီး အစာကျွေးနေရတယ်၊

ဘာလို့ဆို ရှောင်ခေါ်အိုင့်က တခြားမြင်းတွေနဲ့အနီးမှာအစာစားရတာမကြိုက်လို့ပေါ့

ရေစပ်နားကျောက်တုံးတွင်ထိုင်ရင်း ရှောင်းကျန့်တွေးမိတယ်။
သခင်လေးရဲ့မြင်းပီသပါပေတဲ့ရှောင်ခေါ်အိုင့်ပါလေ။မြင်းဖြစ်တာတောင်ဘယ်လိုမာနကြီးရမလဲသိနေတယ်..

သူတို့တွေအခု ဗီလာရဲ့မြောက်အရပ်စွန်းစွန်းက စမ်းချောင်းဘေးမှာအနားယူနေကြတာပါ။

သူတို့ပြန်လာတဲ့လမ်းမှာ သခင်လေးကမည်သို့စိတ်ကူးပေါက်တယ်မသိ၊ ဒီအချိန်ပင်မဗီလာကစံအိမ်ကိုပြန်ရမှာသိပ်နှမြောစရာကောင်းတယ်လို့ ဆိုကာ၊ စံအိမ်ကိုမပြန်ပဲ ဒီနေရာကိုခေါ်လာခဲ့တာပါပဲ။

ဒီနေရာကတကယ်ကောင်းတာတော့ငြင်းစရာမရှိဘူး။
လူကြီး၄/၅ယောက်လက်ဆက်ဝိုင်းတာနဲ့ညီတဲ့ဧရာမပင်စည်ရှိသက်တမ်းရင့်အပင်ကြီးတွေရဲ့အရိပ်နဲ့ စမ်းချောင်းလေးနံဘေးကသစ်သီးပင်များကြောင့် အနားယူဖို့သက်တောင့်သက်သာရှိပြီး ကလေးတွေလည်းအရမ်းသဘောကျနေတယ်လေ။

"ကလေးတွေ ငါးဖမ်းရင်းရေကစားကြမလား?"

ကမ်းစပ်တစ်လျှာက်ဟိုဟိုဒီဒီကြည့်ပြန်လာတဲ့သခင်လေးမှာ ထူးထူးဆန်းဆန်း တက်ကြွစွာဖြင့်မေးလာသည်။

သူ့မျက်ဝန်းစူးရှရှများကလည်း တစ်နည်းတစ်ဖုံဖြင့်ရွှန်းလဲ့‌နေခဲ့တယ်၊ သူဒီလိုလုပ်ချင်နေမှန်းအသိသာကြီး။

သူတို့မာမီရဲ့စကားကိုသံယဝင်လေ့မရှိတဲ့ကလေးတွေကလည်းချက်ချင်းကိုသဘောတူလာကြတယ်၊

မာမီပြောတဲ့ကစားနည်းကစိတ်လှုပ်ရှားဖို့ကောင်းမယ်လို့သူတို့ထင်တယ်လေ..

BEING A VAMPIRE's FAMILY OF THE ROYAL CLANWhere stories live. Discover now