ဒုကျောင်းအုပ်က တုန်လှုပ်နေခဲ့သည်။ကျောင်းအုပ်ကြီး ဒေါသအရမ်းထွက်နေတာကိုသိပေမယ့် ဒုကျောင်းအုပ်ကမဝံ့မရဲလေးပြောလိုက်သည်။
"ကျွန်တော်လည်း Mrs.ရှန်းကို ပြောပြထားပါတယ် ပြီးတော့ စာကြည့်တိုက်သစ်ကလည်း စဆောက်နေပြီဆိုတော့ ..."
"ဒါဆိုလဲ အဲ့ဒါကို ဖျက်ခိုင်းလိုက်!"
ကျောင်းအုပ်ကြီးက ဒေါသအရမ်းထွက်လာတာကြောင့် နဖူးမှာ သွေးကြောများပင် ထွက်လာပြီး သူ့လက်က စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်လိုက်တဲ့အတွက် လက်ဖဝါးတွေ နီရဲလာခဲ့တယ်။
မတိုးသာမဆုတ်သာအခြေအနေ ဖြစ်လာတာကြောင့် ရှန်ယွဲ့က ရုတ်တရက်ပြောလိုက်တယ်။
"ကျောင်းအုပ်ကြီး၊ သမီးရဲ့ ဝမ်းကွဲ ရှန်ယန်က တကယ့်ကို သနားသရာကောင်းတဲ့ မိန်းကလေးပါ။ ယန်ယန်က တောမှာကြီးပြင်းခဲ့ရပြီး သူ့ကိုမွေးစားခဲ့တဲ့သူကလည်း စကားမပြောနိုင်ဘူးလေ သူမကတော်တော်ကို နာကျင်ခဲ့ရတာ"
သူမသည် သူမ၏ဝမ်းကွဲအတွက် တကယ်ကို ဝမ်းနည်းသလိုခံစားပြပြီး စကားပြောရင်း မျက်ရည်ကျပြလုမတတ်ပင်ဖြစ်လာသည်။
ဒါပေမယ့် ကျောင်းအုပ်ကြီးကတော့ မတုန်မလှုပ်ရှိနေဆဲပင်။ သူအတွက် အမုန်းဆုံးအရာက အနောက်တံခါးမှ ဝင်ချင်သောသူများဖြစ်သည်။
" အဲ့ဒါက ကျောင်းစည်းကမ်းနဲ့ မဆိုင်ဘူး။ ငါတို့ကအဲ့လို့ဆိုတိုင်းအားလုံးကို ဝင်ခွင့်ပြုရင် ငါတို့ကျောင်းကို ဘယ်လိုလုပ်ပြီးတော့ မြို့တော်ရဲ့ အကောင်းဆုံး အထက်တန်းကျောင်းလို့ ခေါ်လို့ရတော့မှာလဲ"
ကျောင်းအုပ်ကြီး၏ စကားကိုကြားတော့ ခန်းဝေကျန်းသည် မျှော်လင့်ချက်မရှိမှန်း သိလိုက်ရသည်။ကျောင်းအုပ်ကြီးက သူ့သမီးအား ဝေဖန်မည့်စကားများကို နားမထောင်ချင်သောကြောင့် ကျောင်းအုပ်ကို စည်းရုံးရန် မကြိုးစားခဲ့ပေ။
ယန်ယန်သာ ပျောက်မသွားဘူးဆိုရင် ဒီနေ့လို အဖြစ်မျိုး ဖြစ်မှာမဟုတ်တာ သေချာတယ်။ သူမဟာ အခုလိုမျိုး နှိမ့်ချခံရမှာ မဟုတ်ဘူး၊ ယန်ယန်ဟာ အကောင်းဆုံးမိန်းကလေးဖြစ်မှာ သေချာတယ်။
အခု သူ့မသမီးက ကျောင်းကောင်း တစ်ခုမှာတက်ချင်ရင် သူ့မအတွက် အကောင်းဆုံးကျောင်းကို ရှာပေးမည်ဖြစ်သည်။ ဒါဟာ သူမအတွက် ကြီးကြီးမားမား ကိစ္စ မဟုတ်ပေ။
ခန်းဝေကျန်း၏ မျက်လုံးများက ပြတ်သားလာသည်။သူမ အနောက်ကိုလှည့်လိုက်တော့ တံခါးဝမှာရပ်နေတဲ့ ရှန်ယန်ကို တွေ့လိုက်ရတယ်။ ဘယ်အချိန်တံခါးဖွင့်သွားလဲဆိုတာ သူမမသိခဲ့ပေမဲ့ ယန်ယန်က သူမကို ကြည်လင်လှပသော မျက်လုံးများဖြင့် ကြည့်နေသည်။ ယန်ယန်သည် စကားဝိုင်းကို ဘယ်လောက်အထိ ကြားခဲ့ရသည်ကို သူမမသိခဲ့ပေမဲ့ အပြစ်ရှိသလို ခံစားလိုက်ရသည်။
ခန်းဝေကျန်းသည် ရုတ်တရက် ဆို့နင့်လာပြီး ရှေ့သို့ လျှောက်သွားသည်။
"ယန်ယန် မားမားတို့ပြန်ကြမယ်"
ရှန်ယန်သည် သူမ၏လက်ကို ရှောင်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်နေသော ကျောင်းအုပ်ကြီးကို သူမ၏ ကြည်လင်သော မျက်လုံးများဖြင့် ကြည့်နေသေးသည်။
"ကျွန်မ ရှင်နဲ့ နှစ်ယောက်တည်း စကားပြောလို့ရမလား"
ကျောင်းအုပ်ကြီး အနည်းငယ် အံ့သြသွားသည်။ ရှန်ယွဲ့ ပြောတာ မှန်တယ်လို့ ထင်ရတယ်။ ဆွံ့အသော အဖွားတစ်ဦးမှ ပျိုးထောင်ခဲ့သူ ရှန်ယန်သည် ကမ္ဘာကြီးအကြောင်း အနည်းငယ်မျှပင် မသိခဲ့ပေ။
ဒါပေမယ့် ဒါကအရေးမကြီးဘူး။ဘယ်လိုပဲဖြစ်ဖြစ် သူစိတ်ပြောင်းမှာမဟုတ်ဘူး။
ခန်းဝေကျန်းက ရှန်ယန်ကို တားချင်ပေမယ့် သူမ၏ ခိုင်မာသောစိတ်ထားကြောင့် မတားရက်ခဲ့ပေ။ သူမထွက်သွားခင်မှာ ကျောင်းအုပ်ကို သတိပေးတဲ့အကြည့်နဲ့သာ သူ့မသမီးကို ထိခိုက်နာကျင်အောင် ဘာမှ မပြောဖို့ သတိပေးခဲ့ပါတယ်။
မဟုတ်ရင် စာကြည့်တိုက် အဆောက်အအုံသစ်သာမက စာသင်ခန်းကိုတောင် ဖျက်ဆီးပစ်မည်ဖြစ်သည်။
အမြဲတမ်း တည်ငြိမ်မှုရှိခဲ့တဲ့ ကျောင်းအုပ်ကြီးမှာတောင် သူမရဲ့အကြည့်အောက်တွင် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။
Mrs. ရှန်သည် နိုင်ငံတွင်း ကျော်ကြားသော အမျိုးသမီး လုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပါ။ သူ့မရဲ့အကြည့်တွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ...
ထိုသို့ ထူးချွန်သော အမျိုးသမီးရဲ့ တစ်ဦးတည်းသောသမီးသာ ကြီးပြင်းလာပါက သူမကဲ့သို့ အမျိုးသမီးပင် ဖြစ်လာနိုင်သည်။ အခုတော့ ဘယ်လောက်တောင်သနားစရာ ကောင်းလိုက်လဲ။
ကျောင်းအုပ်ကြီး ရှန်ယန်အတွက် သနားမိသော်လည်း စိတ်ပြောင်းမည်မဟုတ်သောကြောင့် ဘာအမူအရာမှမရှိဘဲ သူမကို ကြည့်နေခဲ့သည်။
ခန်းဝေကျန်းသည် တံခါးရှေ့တွင် ရပ်နေရင်း သူမအတွက် တစ်စက္ကန့်တိုင်းကတစ်နှစ်လောက်ကြာနေပုံရသည်။
ရှန်ယွဲ့သည်လည်း သူမနှင့်အတူ စောင့်ဆိုင်းခဲ့ပြီး သူမရဲ့စိတ်ထဲတွင် အနည်းငယ် ဂုဏ်ယူနေသော်လည်း သူမသည်ခန်းဝေကျန်းအား နှစ်သိမ့်နေဆဲဖြစ်သည်။
"အန်တီ စိတ်မပူပါနဲ့။ သမီးအမေက Stark အထက်တန်းကျောင်းမှာ အဖွဲ့ဝင်တစ်ယောက်ပါ။ ယန်ယန်ကို အဲ့ကျောင်းမှာ တက်လို့ရအောင် အမေက ကူညီပေးမှာပါ"
Stark အထက်တန်းကျောင်းသည် စာသင်ယူရန် စိတ်မဝင်စားသော ချမ်းသာသော ကလေးများနှင့် ပြည့်နေသည်။ သို့သော် ရှန်ယွဲ့၏အမြင်အရ၊ ဤကျောင်းသည် ရှန်ယန် အတွက် ကောင်းမွန်လွန်းနေပြီဖြစ်သည်။
"သမီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါပဲ၊ ဒါပေမယ့် မလိုအပ်ဘူး။"
"အန်တီမှာ တခြားအစီအစဉ်ရှိလို့လား"
"ဟုတ်တယ်"
ခန်းဝေကျန်း၏ မျက်လုံးများက တင်းမာနေပြီး
"ငါ ဒုတိယအဆင့်ကျောင်းကို ဝယ်ပြီး ယန်ယန်ကို အဲဒီမှာ တက်ခိုင်းမယ်"
"..." ဒုတိယအဆင့်ကျောင်းသည် ယန်မြို့တော်ရှိ အထက်တန်းကျောင်းများတွင် ဒုတိယအဆင့်ရှိသည်။
ရှန်ယွဲ့ရဲ့ နှလုံးသားက နာကျင်နေတယ်။ ခန်းဝေကျန်းသည် တန်ဖိုးမရှိသော ဤသမီးအတွက် အဘယ်ကြောင့် စွမ်းအင်များစွာ သုံးစွဲနေရသနည်း။နောက်ဆုံးတွင်၊ သူမ၏ ကြိုးစားအားထုတ်မှု အားလုံးသည် ပျက်သွားသည်ကို သူမကိုယ်တိုင် တွေ့နိုင်ပေလိမ့်မည်။ ခန်းဝေကျန်းကဲ့သို့ ဥာဏ်ရည်ထက်မြက်ပြီး အရည်အချင်းရှိသော အမျိုးသမီးတစ်ဦးသည် အဘယ်ကြောင့် ဤသို့ပြုမူသည်ကို သူမ နားမလည်နိုင်ခဲ့ပါ။
ထိုအချိန်တွင် တံခါးရုတ်တရက်ပွင့်သွားပြီးနောက် ရှန်ယန်သည် ပထမဆုံးထွက်လာခဲ့သည်။ ဒီနေ့ သူမဟာ အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး နေရောင်အောက်မှာ မတ်တပ်ရပ်နေတဲ့ သူမဟာ စူးရှလှပနေတယ်။
ခန်းဝေကျန်းသည် သူမထံ အလျင်အမြန်လျှောက်လာပြီး အလောတကြီး သူမကို နှစ်သိမ့်ပေးရင်း
"ယန်ယန် ဝမ်းမနည်းနဲ့နော် သမီးက တချို့အရာတွေမှာ အနိုင်ရပြီး အချို့အရာတွေမှာ ရှုံးနိမ့်နိုင်တယ်။သမီး ဒုတိယအဆင့်ကျောင်းမှာ တတ်နိုင်အောင် မားမား လုပ်ပေးမယ်နော်"
"သူမ ဘယ်မှသွားလို့မရဘူး။ သူမက ယန်မြို့တော် အထက်တန်းကျောင်းမှာပဲ စာသင်ရမယ်!"
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>