အပိုင်း ၆၈ [ အိမ်မက် ] (14)
⟨⟨နယ်နိမိတ်⟩⟩
စုန့်ချင်းလော်ဒေါသထွက်သွားသည်။လင်ပန့်ရှလက်ထဲကဘောပင်ကိုယူလိုက်ပြီးဒေါသတကြီးဆိုသည် : "မင်းဘာလုပ်တာလဲ??"နီရဲရဲသွေးများဟာလင်ပန့်ရှလက်ကနေအဆက်မပြတ်စီးကျနေလျက်စုန့်ချင်းလော်ရဲ့လက်ဖဝါးထဲတွင်အပြည့်ဖြစ်သွားသည်။
လင်ပန့်ရှမှာအသိစိတ်မရှိသလိုမျိုးရှုပ်ထွေးတဲ့အကြည့်နဲ့စုန့်ချင်းလော်ကိုကြည့်နေသည်။နာကျင်နေတဲ့လက်ကိုမြှောက်လိုက်ပြီးစုန့်ချင်းလော်၏မျက်နှာကိုနူးညံ့စွာထိကိုင်လာသည်။လက်ကခံစားချက်ကစစ်မှန်နေပြီးနူးညံ့နွေးထွေးနေလျက်အရေပြားမှထိတွေ့ခံစားချက်ကိုခံစားရသည်။ဒါကတကယ်ပဲအိမ်မက်တစ်ခုလား?ဒါမှမဟုတ် ခုနကတင်တွေ့ကြုံခဲ့တာတွေအကုန်လုံးကထင်ယောင်ထင်မှားတွေလား?
ဒီအတွေးကလင်ပန့်ရှခေါင်းထဲပေါ်လာသည်။ဒီအတွေးကိုအမြန်ထိန်းချုပ်လိုက်ပြီးတိတ်တဆိတ်နဲ့အပြင်ထွက်ဖို့လုပ်သည်။
စုန့်ချင်းလော်ကတားဖို့လုပ်ပေမဲ့လင်ပန့်ရှကတိုးတိုးသာပြောသည် : "ထွက်သွားပေး"
စုန့်ချင်းလော်ရဲ့အမူအရာကနှေးသွားသည် : "မင်းရဲ့လက်က သွေးထွက်နေတုန်းပဲ"
"ဒါဆိုလည်းထွက်ခိုင်းလိုက်ပေ့ါ ဒဏ်ရာလေးပဲဟာ မသေနိုင်ပါဘူး"
စုန့်ချင်းလော် : "........"
လင်ပန့်ရှမျက်ဝန်းထဲကအေးစက်မှုကြောင့်စုန့်ချင်းလော်လည်းထပ်မတားတော့ပဲထွက်ခွင့်ပြုလိုက်သည်။လင်ပန့်ရှလည်းစာသင်ခန်းထဲမသွားတော့ပဲအဆောင်ဆီပြန်လိုက်သည်။ပထမအိမ်မက်တုန်းကသူအဆောင်မှာအိပ်နေတာကိုမှတ်မိတယ် အဲ့ဒီကအခြေအနေကပတ်ဝန်းကျင်နဲ့ဘာမတူလဲဆိုတာမသိ
အဆောင်ပြန်ရောက်တော့ ထောင့်တစ်ခုစီတိုင်းကိုလင်ပန့်ရှစစ်ကြည့်လိုက်သည်။ရှိနေတဲ့အရာအားလုံးကကိုယ့်မှတ်ဉာဏ်ထဲကနဲ့တစ်ပုံစံထဲရှိနေသည်။ဒါပေမဲ့တွေးကြည့်မယ်ဆိုရင်ပုံမှန်ပါပဲ ဘာလို့လဲဆိုတော့သူရှိနေတဲ့နေရာကကိုယ့်အိမ်မက်ထဲမှာလေ အိမ်မက်ဆိုတာမှတ်ဉာဏ်ကနေဖွဲ့စည်းထားတာဆိုတော့အထဲကအရာအားလုံးကသူ့မှတ်ဉာဏ်နဲ့တူနေမှာပဲ
အဆောင်ထဲမှာထိုင်စဉ်းစားနေပြီးစားပွဲပေါ်တွင်ရှာကြည့်လိုက်သည်။မိမိလိုချင်တဲ့ပစ္စည်းကိုချက်ချင်းရှာတွေ့သွားသည်——ခဲတံချွန်ဓား
တစ်ချက်,နှစ်ချက်.......လင်ပန့်ရှရဲ့လက်ပေါ်မှာ ဒဏ်ရာထပ်များလာသည်။နာကျင်မှုအစစ်အမှန်ဟာတကယ်လန့်စရာပင်။နာကျင်လွန်း၍လင်ပန့်ရှရဲ့ခေါင်းတစ်ခုလုံးချွေးအပြည့်ဖြစ်သည်။
ဒါပေမဲ့မလောက်ဘူး,လုံးဝမလောက်ဘူး——ပိုနာရမယ် သူ့ခေါင်းထဲပိုပိုရှင်းလာသည်။မရေမတွက်နိုင်တဲ့အတွေးများစွာဟာပဲ့တင်ထပ်နေသည်။ဒီကနေဘယ်လိုထွက်ရမလဲ စုန့်ချင်းလော်တစ်ခါပြောဖူးတယ် မှတ်ဉာဏ်ရဲ့အနက်ဆုံးနေရာမှာသူရှိနေတယ် အစကတိုင်မရှိသင့်တဲ့လူကိုတွေ့ရတယ် သူနဲ့တောင်စကားပြောဖူးတယ် ဒါကအိမ်မက်မှာ အားနည်းချက်ရှိနေတယ်လို့ဆိုလိုတာမလား
လင်ပန့်ရှရပ်လိုက်ချိန်မှာသူ့လက်ကဆိုးဆိုးရွားရွားဖျက်ဆီးခံထားရပြီဖြစ်သည်။ဒါကိုလည်းဂရုမစိုက်ပဲတစ်ရှူးယူလိုက်ပြီးစားပွဲပေါ်ကသွေးတွေကိုသုတ်လိုက်သည်။ပဝါကိုဆွဲယူလိုက်ပြီးကိုယ့်လက်ကိုယ်ဖြစ်သလိုစည်းလိုက်သည်။သူထရပ်လိုက်ပြီးအပြင်ထွက်ဖို့လုပ်ပေမဲ့ဗီရိုထဲနေအသံကြားလိုက်ရသည်။ဒီအသံကအရမ်းတိုးနေပေမဲ့တိတ်ဆိတ်နေတဲ့အဆောင်ထဲမှာတော့ကြားရသည်။လင်ပန့်ရှခြေလှမ်းရပ်လိုက်ပြီးလှည့်ကြည့်လိုက်သည်။
ဗီရိုတံခါးမှာပိတ်လျက်သား အထဲကနေရာမှာကျဉ်းမြောင်း၏။ဘာကနေအသံထွက်လာလဲမသိ ခဏတုံ့ဆိုင်းနေပြီးနောက်ပြန်လှည့်ဖို့ရွေးလိုက်သည်။ဗီရိုရှေ့လျှောက်သွားပြီးဗီရိုတံခါးကိုဖြေးဖြေးချင်းဆွဲဖွင့်လိုက်သည်။
ဖွင့်လိုက်တာနဲ့ရင်းနှီးတဲ့ချစ်စရာမျက်နှာနဲ့ကလေးမကိုတွေ့လိုက်ရသည်။လိမ်ရစ်နေတဲ့အနေအထားနဲ့ဖြစ်ပေမဲ့ကြောက်စရာခံစားချက်လုံးဝမပေးပဲရင်းနှီးမှုကိုတောင်ခံစားနေရသည်။
"ကောကော......."ကလေးမလေးက ကလေးသံလေးနှင့်ခေါ်လာသည်မှာနူးညံ့ချိုမြိန်သည့်တော်ဖီလေးကိုသတိရစေသည်။သူ သူမကိုသိလိမ့်မယ်လို့ခံစားရတယ် သူမရဲ့နာမည်ကိုတောင်ခေါ်သင့်တယ် ဒါပေမဲ့ပါးစပ်ထဲရောက်လာပေမဲ့ဘယ်လိုကြိုးစားကြိုးစားခေါ်လို့မရပေ။
"ကောကော"ကလေးမလေးကထပ်ခေါ်ပြန်သည်။
လင်ပန့်ရှ : "ညီမအသိမှားနေတာလား? ကောညီမကိုမသိဘူးလားလို့?"
"ကောကောရှောင်ဟွားကိုသိတယ်"ကလေးမကအသံကိုနှိမ့်လိုက်သည် "ကောကောသတိထားနော် သူအနားမှာရှိနေတယ်"
လင်ပန့်ရှ : "ဘာကြီး?"ကလေးမလေးရဲ့နာမည်ကရှောင်ဟွားကိုး
ကလေးမကဆိုတယ် : "အဲ့ဒီဟာကြီးလေ"သူမကအသံတိုးတိုးနဲ့ဆိုနေသည် "အဲ့ဒီဟာကရှောင်ဟွားကိုမေ့အောင်လုပ်လိုက်တာ"
လင်ပန့်ရှတစ်ခုခုကိုသိလိုက်သည် : "ကောဒီထဲကနေဘယ်လိုထွက်ရမလဲ?"
"သူ့ကိုသတ်ရင်သတ်,ကိုယ့်ကိုယ်သတ်ရင်သတ်"သူမဒါကိုပြောပြီးတာနဲ့ခန္ဓာကိုယ်မှာစတင်ပြောင်းလဲလာသည်။လင်ပန့်ရှရှေ့မှာပဲပျော်ကျသွားပြီးဘာမှမရှိတော့
ဒဏ်ရာအပြည့်ဖြစ်နေသည့်မိမိလက်ကိုငုံ့ကြည့်လိုက်သည်။ကလေးမပြောတဲ့အတိုင်းဆိုရင်သူတို့ကိုအိမ်မက်ထဲဆွဲသွင်းတဲ့အရာကလူပုံစံနဲ့ရှိနေဖို့များတယ် သူကကိုယ့်ပတ်ဝန်းကျင်မှာပဲရှိလောက်မယ် တွေးနေတုန်းမှာပဲတံခါးအပြင်ဘက်မှအသံကြားလိုက်ရသည်။အခန်းဖော်တွေပြန်လာပြီ ဒါပေမဲ့သူတို့ကိုတွေ့လိုက်ချိန်မှာလင်ပန့်ရှကြောင်အသွားသည်။ဘာလို့လဲဆိုတော့လူစုထဲမှာကျန်းရှင့်ကိုတွေ့လိုက်ရလို့——အစောကတည်းကသေသွားပြီဖြစ်တဲ့အခန်းဖော်
မိမိမှာဘာပြဿနာရှိနေလဲဆိုတာကျန်းရှင့်ကတစ်စက်မှမသိ သူ့ကိုကြည့်တဲ့လင်ပန့်ရှအကြည့်ကမမှန်ဘူးဆိုတာလည်းမတွေ့ ပြုံးပြရင်းလင်ပန့်ရှကိုနှုတ်ဆက်လာကာကိုယ့်ကုတင်ပေါ်ထိုင်လိုက်သည်။သူ့ကိုစိုက်ကြည့်နေရင်းအတွေးနစ်သွားသည်.........ကိုယ့်ကိုယ်သတ်သေတဲ့ကိစ္စကလင်ပန့်ရှအစောကတည်းကလုပ်ပြီးနေပြီ ရှောင်ဟွားလို့ခေါ်တဲ့ကလေးမကအလင်းပေးခဲ့တာပဲ
လင်ပန့်ရှရဲ့အကြည့်ကအတန်းဖော်များရဲ့မျက်နှာပေါ်ကျသွားသည်။သူအိမ်မက်မက်နေတာဆိုတာသေချာသိတယ်ဒါပေမဲ့သူတို့ရဲ့အသက်ဝင်တဲ့အမူအရာနဲ့အပြောအဆိုတွေကိုကြည့်ရင်းချိတုန်ချတုံဖြစ်နေသည်။လင်ပန့်ရှတုံ့ဆိုင်းနေတုန်းတစ်ခုခုကိုတွေးမိလိုက်သည်။လှုပ်ရမ်းနေသည့်စိတ်မှာမျက်စိတစ်မှိတ်အတွင်းခိုင်မြဲလာသည်။မိမိစားပွဲရှေ့ပြန်သွားလိုက်ပြီးဓားကိုယူလိုက်ကာကျန်းရှင့်ဆီဦးတည်လိုက်သည်။
ကိုယ့်မှာဖြုန်းဖို့အချိန်အများကြီးမရှိ လင်ပန့်ရှအရမ်းကိုသေချာနေတယ် တကယ်လို့ချင်းလော်ပြောတာအမှန်ဆိုရင်အချိန်တစ်ခုဖြတ်ပြီးသွားရင်လည်းလူသုံးဆယ်ကျော်ပဲရှိရမယ် အဲ့ဒီလူသုံးဆယ်ကျော်ကပဲအသတ်ခံရလိမ့်မယ် အဲ့ဒီအချိန်ရောက်ရင်တော့ပြန်လှည့်လို့မရတော့ဘူး သူသိတဲ့စုန့်ချင်းလော်ရဲ့ကိုယ်ပေါ်မှာဒဏ်ရာတွေထပ်ပေါ်လာမှာကိုသူသည်းမခံနိုင်တော့ဘူး တခြားဒုက္ခရောက်သူတွေလိုမျိုးသတ်သေမှုကိုရွေးသွားရတယ်
လက်တွေ့နဲ့တစ်ပုံစံထဲတူနေတဲ့တကယ့်လူနဲ့ရင်ဆိုင်နေရသည်။သူသေပြီးပြီဆိုတာသေချာသိပေမဲ့လင်ပန့်ရှစိတ်ထဲရုန်းကန်မှုအနည်းငယ်ရှိနေသည်။မသက်မသာဖြစ်ရတဲ့ခံစားချက်ကိုဖိနှိပ်လိုက်ပြီးအသက်ပြင်းပြင်းရှူလိုက်သည်။ထို့နောက်လက်ထဲကဓားနဲ့ရမ်းချလိုက်သည်——
ကျန်းရှင့်ရဲ့လည်ပင်းပေါ်မှာဒဏ်ရာတစ်ခုများလာသည်။ဒဏ်ရာရတဲ့နေရာမှာလူတွေလိုမျိုးသွေးလုံးဝစီးမလာပဲအရိပ်သာပေါ်လာသည်။အဲ့ဒီအရိပ်ကဒီရေလိုမျိုး အဆက်မပြတ်စီးကျလာပြီးအဆောင်တစ်ခုလုံးကိုလွှမ်းသွားသည်။
လင်ပန့်ရှရပ်နေတုန်းအရိပ်ကဖုံးသွားသည်။ပတ်ဝန်းကျင်ကအရာအားလုံးဟာစတင်ပြောင်းလဲလာသည်။လင်ပန့်ရှ၏ခြေထောက်အောက်တွင်အမြင့်တစ်နေရာမှပြုတ်ကျလာသကဲ့သို့အလွတ်ကြီးဖြစ်သွားသည်။သူပြုတ်မကျခင်မှာတောင်လိုမျိုးအကောင်အကြီးကြီးရဲ့အရိပ်တစ်ခုကိုတွေ့လိုက်ရသည်။အဲ့ဒီဟာကြီးကဘယ်လိုပုံစံရှိလဲရှင်းအောင်မကြည့်ရသေးခင်မှာပဲသန်မာတဲ့ပြင်းထန်မှုနဲ့ထူထပ်ထပ်အမှောင်ထုဟာလင်ပန့်ရှရဲ့အသိကိုဖျက်သွားသည်။
လင်ပန့်ရှရဲ့ကိုယ့်ကပြင်းပြင်းထန်ထန်တုန်နေသည်။ရေအကြာကြီးငုပ်ထားတဲ့လူတစ်ယောက်လိုမျိုးအသက်ပြင်းပြင်းရှူလိုက်သည်။ပထမဆုံးအောက်ဆီဂျင်ကိုရှူပြီးနောက်ပြင်းထန်စွာချောင်းဆိုးလာသည်။ပိန်ပါးပါးခန္ဓာကိုယ်ဟာလည်းလေထဲကသစ်ရွက်လိုမျိုးအဆုတ်နဲ့အတူဖြစ်နေသည်။
လင်ပန့်ရှရဲ့ချောင်းဆိုးသံကြောင့်အခန်းဖော်ဟာနိုးလာသည်။အိပ်ချင်မူးတူးနဲ့ဘာဖြစ်လို့လဲနေမကောင်းလို့လားလို့မေးလာသည်။
သူမသဲမကွဲပြန်ပြောလိုက်သည် : "အဆင်ပြေတယ်,ဒီတိုင်းအိမ်မက်ဆိုးမက်ရုံပဲ"
"အော်"အခန်းဖော်ကဆိုတယ် "မင်းလည်ချောင်းမထိခိုက်အောင်သတိထားဦး"
"ကောင်းပြီ"
ပြောပြီးတာနဲ့ဘေးကိုတစ်ချက်ကြည့်လိုက်သည်။ကျန်းရှင့်ရဲ့အရင်ကုတင်နေရာက သူ့ညာဘက်မှာရှိနေသည်။ဒီအချိန်မှာတော့လွတ်နေပြီးဘာမှမရှိ
အင်္ကျီလက်ကိုဆွဲတင်လိုက်သည်။တကယ်ပဲဒဏ်ရာကိုမတွေ့တော့ ကုတင်ပေါ်လှဲနေရင်း မျက်နှာကျက်ကိုစိုက်ကြည့်နေ၏။ရုတ်တရက်အောက်ဆင်းလိုက်ပြီးမီးအိမ်ဖွင့်ကာစားပွဲပေါ်ရှိသဲလွန်စကိုရှာလိုက်သည်။မိမိရှာချင်သည့်အရာကိုချက်ချင်းရှာတွေ့လိုက်သည်——အဲ့ဒီချွန်ထက်ထက်ဓား
ဓားကိုစိုက်ကြည့်ရင်းနှိုင်းယှဉ်မရအောင်မှတ်မိသွားသည်။ဘာလို့အဲ့လောက်လူအများကြီးကသတ်သေရတာလဲ ဘာလို့လဲဆိုတော့ နာကျင်မှုကလက်တွေ့မှာရှိနေလား ထင်ယောင်ထင်မှားနယ်နိမိတ်မှာရှိနေလားမပိုင်းခြားနိုင် မရဏတစ်ခုတည်းကသာကိုယ့်ရဲ့ခန့်မှန်းချက်ကိုအတည်ပြုနိုင်မည်ဖြစ်သည်.......ကိုယ်ပဲဖြစ်ဖြစ် တခြားလူပဲဖြစ်ဖြစ်
ခဏလောက်တုံ့ဆိုင်းနေပြီးနောက်လင်ပန့်ရှဓားချလိုက်သည်။နာကျင်မှုကိုသုံးပြီးမဆုံးဖြတ်နိုင်ဘူးဆိုတာသူသိတယ် ဒါဆို ကိုယ်ဘယ်မှာရှိနေလဲဆိုတာဘယ်လိုသိနိုင်မှာလဲ? လင်ပန့်ရှစိုးရိမ်လာသည်။သူဝေ့ကြည့်လိုက်ပြီးနောက် အဆောင်ရဲ့ဗီရိုပေါ်မှာအကြည့်ရပ်သွားသည်။
သရဲလိုမျိုး ဗီရိုရှေ့ကိုဖြေးဖြေးချင်းလျှောက်သွားလိုက်ပြီးဗီရိုတံခါးကိုဆွဲဖွင့်လိုက်သည်။
သူဆွဲဖွင့်လိုက်တဲ့ခဏမှာပဲဗီရိုထဲမှာကျုံ့ကျုံ့လေးနေနေတဲ့ကလေးမကိုတွေ့လိုက်ရပြန်သည်။ကလေးမရဲ့ခန္ဓာကိုယ်ကလိမ်ကောက်နေပေမဲ့မျက်နှာကတော့ချစ်စရာကောင်းနေ၏။လင်ပန့်ရှနှင့်မျက်လုံးချင်းစုံပြီးနောက်ပြောလာသည် : "ညီမအထဲမှာရှိနေမယ်ဆိုတာကောကောဘယ်လိုသိတာလဲ?"
သူမအထဲမှာရှိနေတယ်ဆိုတာလင်ပန့်ရှမသိ သူဒီအတိုင်းစမ်းကြည့်လိုက်ခြင်းဖြစ်သည်။တကယ်ရှိနေမယ်လို့တော့မထင်ထား ကလေးမကိုတွေ့လိုက်တဲ့ခဏမှာ သူ့စိတ်ထဲကစိုးရိမ်မှုဟာငြိမ်သက်သွားသည်။တကယ်လို့ဖော်ပြရမယ်ဆိုရင် ချို့ယွင်းနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကအဖြည့်ခံလိုက်ရသလိုပဲ
လင်ပန့်ရှ : "ကောတို့အိမ်မက်မက်နေသေးတာလား?"
"သေချာပေါက်ပေါ့"ရှောင်ဟွားကပြောတယ် "ကောအိမ်မက်မက်နေတာ"
အိမ်မက်ထဲကစုန့်ချင်းလော်ဟာတကယ်မလိမ်ခဲ့ လင်ပန့်ရှရေရွတ်လိုက်သည် : "ဒါကငါတို့ရှိနေတဲ့ပထမအိမ်မက်လား?"
ရှောင်ဟွား : "ဒါတော့ရှောင်ဟွားလည်းမသိဘူး" သူမကတစ်ခုခုကိုအနံ့ရလိုက်သလိုမျိုးရှူလိုက်သည် "ဒါပေမဲ့အခုတော့သူနဲ့ကောနဲ့အရမ်းဝေးနေသေးတယ် အဲ့ဒါကြောင့်ရှောင်ဟွားကကောကိုထွက်ရှာရဲတာ"
"သူ? သူကတကယ်ပဲဘာလဲ?"
"အိမ်မက်ကဖန်တီးသူလေ"ရှောင်ဟွားကပြောတယ် "ဒီကမ္ဘာတစ်ခုလုံးရဲ့အားသာချက်လည်းဟုတ်တယ်"
လင်ပန့်ရှထပ်မေးချင်ပေမဲ့အနောက်ကနေအိပ်ချင်မူးတူးအသံထွက်လာသည် : "လင်ပန့်ရှ,မင်းအဆင်ပြေရဲ့လား? မင်းဘယ်သူနဲ့စကားပြောနေတာလဲ?"
လင်ပန့်ရှလှည့်ကြည့်လိုက်သည် : "ဘယ်သူမှမရှိပါဘူး,ဒီအတိုင်းငါတစ်ယောက်ထဲရေရွတ်နေတာ"
လင်ပန့်ရှကြောင့်အခန်းဖော်ဟာကြောက်လန့်သွားသည် : "မင်းတကယ်ပဲအဆင်ပြေရဲ့လား?ကျန်းရှင့်မတော်တဆမဖြစ်ခင်တုန်းကမင်းရဲ့ပုံစံနဲ့တူနေတယ်နော်......."သူပြောပြီးနောက်နောင်တရသွားသည်။ကျန်းရှင့်လိုမျိုးသူ့ကိုလင်ပန့်ရှဆက်ဆံမှာစိုးတာကြောင့်ခြောက်ကပ်စွာရယ်လိုက်သည် : "ငါနောက်နေတာပါ မင်းစိတ်ထဲမထားနဲ့နော်"
"ရပါတယ်"
သူပြန်လှည့်ကြည့်ချိန်မှာတော့ ဗီရိုထဲကရှောင်ဟွားဟာပျောက်သွားပြီဖြစ်သည်။
ဗီရိုကိုပိတ်လိုက်ပြီး ကုတင်ပေါ်တက်လိုက်ပေမဲ့အိပ်မပျော် မျက်နှာကျက်ကိုသာငူငိုင်စွာစိုက်ကြည့်နေမိသည်။တကယ်တော့အခန်းဖော်ပြောတာကအတိုင်းအတာတစ်ခုထိတော့ကျိုးကြောင်းဆီလျော်မှုရှိနေတယ်တခြားလူတွေရော ရှောင်ဟွားကိုမြင်နိုင်လားသူမသိ တကယ်လို့ရှောင်ဟွားကိုသူတစ်ယောက်ထဲမြင်နိုင်တာဆိုရင် သူ့ရဲ့စိတ်အခြေအနေကတော်တော်လေးကိုဆိုးနေတာမဟုတ်လား? ဒါပေမဲ့အကုန်လုံးကိုသံသယမဖြစ်ချင်ဘူး တကယ်လို့လူတစ်ယောက်ကကိုယ်တွေ့တာကိုယ်ကြားတာကိုမယုံဘူးဆိုရင် အဲ့ဒီလူကရူးဖို့လည်းမဝေးတော့ဘူး
_________________
Zawgyi
အပိုင္း ၆၈ [ အိမ္မက္ ] (14)
⟨⟨နယ္နိမိတ္⟩⟩
စုန႔္ခ်င္းေလာ္ေဒါသထြက္သြားသည္။လင္ပန႔္ရွလက္ထဲကေဘာပင္ကိုယူလိုက္ၿပီးေဒါသတႀကီးဆိုသည္ : "မင္းဘာလုပ္တာလဲ??"နီရဲရဲေသြးမ်ားဟာလင္ပန႔္ရွလက္ကေနအဆက္မျပတ္စီးက်ေနလ်က္စုန႔္ခ်င္းေလာ္ရဲ႕လက္ဖဝါးထဲတြင္အျပည့္ျဖစ္သြားသည္။
လင္ပန႔္ရွမွာအသိစိတ္မရွိသလိုမ်ိဳးရႈပ္ေထြးတဲ့အၾကည့္နဲ႔စုန႔္ခ်င္းေလာ္ကိုၾကည့္ေနသည္။နာက်င္ေနတဲ့လက္ကိုေျမႇာက္လိုက္ၿပီးစုန႔္ခ်င္းေလာ္၏မ်က္ႏွာကိုႏူးညံ့စြာထိကိုင္လာသည္။လက္ကခံစားခ်က္ကစစ္မွန္ေနၿပီးႏူးညံ့ေႏြးေထြးေနလ်က္အေရျပားမွထိေတြ႕ခံစားခ်က္ကိုခံစားရသည္။ဒါကတကယ္ပဲအိမ္မက္တစ္ခုလား?ဒါမွမဟုတ္ ခုနကတင္ေတြ႕ႀကဳံခဲ့တာေတြအကုန္လုံးကထင္ေယာင္ထင္မွားေတြလား?
ဒီအေတြးကလင္ပန႔္ရွေခါင္းထဲေပၚလာသည္။ဒီအေတြးကိုအျမန္ထိန္းခ်ဳပ္လိုက္ၿပီးတိတ္တဆိတ္နဲ႔အျပင္ထြက္ဖို႔လုပ္သည္။
စုန႔္ခ်င္းေလာ္ကတားဖို႔လုပ္ေပမဲ့လင္ပန႔္ရွကတိုးတိုးသာေျပာသည္ : "ထြက္သြားေပး"
စုန႔္ခ်င္းေလာ္ရဲ႕အမူအရာကေႏွးသြားသည္ : "မင္းရဲ႕လက္က ေသြးထြက္ေနတုန္းပဲ"
"ဒါဆိုလည္းထြက္ခိုင္းလိုက္ေပ့ါ ဒဏ္ရာေလးပဲဟာ မေသႏိုင္ပါဘူး"
စုန႔္ခ်င္းေလာ္ : "........"
လင္ပန႔္ရွမ်က္ဝန္းထဲကေအးစက္မႈေၾကာင့္စုန႔္ခ်င္းေလာ္လည္းထပ္မတားေတာ့ပဲထြက္ခြင့္ျပဳလိုက္သည္။လင္ပန႔္ရွလည္းစာသင္ခန္းထဲမသြားေတာ့ပဲအေဆာင္ဆီျပန္လိုက္သည္။ပထမအိမ္မက္တုန္းကသူအေဆာင္မွာအိပ္ေနတာကိုမွတ္မိတယ္ အဲ့ဒီကအေျခအေနကပတ္ဝန္းက်င္နဲ႔ဘာမတူလဲဆိုတာမသိ
အေဆာင္ျပန္ေရာက္ေတာ့ ေထာင့္တစ္ခုစီတိုင္းကိုလင္ပန႔္ရွစစ္ၾကည့္လိုက္သည္။ရွိေနတဲ့အရာအားလုံးကကိုယ့္မွတ္ဉာဏ္ထဲကနဲ႔တစ္ပုံစံထဲရွိေနသည္။ဒါေပမဲ့ေတြးၾကည့္မယ္ဆိုရင္ပုံမွန္ပါပဲ ဘာလို႔လဲဆိုေတာ့သူရွိေနတဲ့ေနရာကကိုယ့္အိမ္မက္ထဲမွာေလ အိမ္မက္ဆိုတာမွတ္ဉာဏ္ကေနဖြဲ႕စည္းထားတာဆိုေတာ့အထဲကအရာအားလုံးကသူ႔မွတ္ဉာဏ္နဲ႔တူေနမွာပဲ
အေဆာင္ထဲမွာထိုင္စဥ္းစားေနၿပီးစားပြဲေပၚတြင္ရွာၾကည့္လိုက္သည္။မိမိလိုခ်င္တဲ့ပစၥည္းကိုခ်က္ခ်င္းရွာေတြ႕သြားသည္——ခဲတံခြၽန္ဓား
တစ္ခ်က္,ႏွစ္ခ်က္.......လင္ပန႔္ရွရဲ႕လက္ေပၚမွာ ဒဏ္ရာထပ္မ်ားလာသည္။နာက်င္မႈအစစ္အမွန္ဟာတကယ္လန႔္စရာပင္။နာက်င္လြန္း၍လင္ပန႔္ရွရဲ႕ေခါင္းတစ္ခုလုံးေခြၽးအျပည့္ျဖစ္သည္။
ဒါေပမဲ့မေလာက္ဘူး,လုံးဝမေလာက္ဘူး——ပိုနာရမယ္ သူ႔ေခါင္းထဲပိုပိုရွင္းလာသည္။မေရမတြက္ႏိုင္တဲ့အေတြးမ်ားစြာဟာပဲ့တင္ထပ္ေနသည္။ဒီကေနဘယ္လိုထြက္ရမလဲ စုန႔္ခ်င္းေလာ္တစ္ခါေျပာဖူးတယ္ မွတ္ဉာဏ္ရဲ႕အနက္ဆုံးေနရာမွာသူရွိေနတယ္ အစကတိုင္မရွိသင့္တဲ့လူကိုေတြ႕ရတယ္ သူနဲ႔ေတာင္စကားေျပာဖူးတယ္ ဒါကအိမ္မက္မွာ အားနည္းခ်က္ရွိေနတယ္လို႔ဆိုလိုတာမလား
လင္ပန႔္ရွရပ္လိုက္ခ်ိန္မွာသူ႔လက္ကဆိုးဆိုး႐ြား႐ြားဖ်က္ဆီးခံထားရၿပီျဖစ္သည္။ဒါကိုလည္းဂ႐ုမစိုက္ပဲတစ္ရွဴးယူလိုက္ၿပီးစားပြဲေပၚကေသြးေတြကိုသုတ္လိုက္သည္။ပဝါကိုဆြဲယူလိုက္ၿပီးကိုယ့္လက္ကိုယ္ျဖစ္သလိုစည္းလိုက္သည္။သူထရပ္လိုက္ၿပီးအျပင္ထြက္ဖို႔လုပ္ေပမဲ့ဗီ႐ိုထဲေနအသံၾကားလိုက္ရသည္။ဒီအသံကအရမ္းတိုးေနေပမဲ့တိတ္ဆိတ္ေနတဲ့အေဆာင္ထဲမွာေတာ့ၾကားရသည္။လင္ပန႔္ရွေျခလွမ္းရပ္လိုက္ၿပီးလွည့္ၾကည့္လိုက္သည္။
ဗီ႐ိုတံခါးမွာပိတ္လ်က္သား အထဲကေနရာမွာက်ဥ္းေျမာင္း၏။ဘာကေနအသံထြက္လာလဲမသိ ခဏတုံ႔ဆိုင္းေနၿပီးေနာက္ျပန္လွည့္ဖို႔ေ႐ြးလိုက္သည္။ဗီ႐ိုေရွ႕ေလွ်ာက္သြားၿပီးဗီ႐ိုတံခါးကိုေျဖးေျဖးခ်င္းဆြဲဖြင့္လိုက္သည္။
ဖြင့္လိုက္တာနဲ႔ရင္းႏွီးတဲ့ခ်စ္စရာမ်က္ႏွာနဲ႔ကေလးမကိုေတြ႕လိုက္ရသည္။လိမ္ရစ္ေနတဲ့အေနအထားနဲ႔ျဖစ္ေပမဲ့ေၾကာက္စရာခံစားခ်က္လုံးဝမေပးပဲရင္းႏွီးမႈကိုေတာင္ခံစားေနရသည္။
"ေကာေကာ......."ကေလးမေလးက ကေလးသံေလးႏွင့္ေခၚလာသည္မွာႏူးညံ့ခ်ိဳၿမိန္သည့္ေတာ္ဖီေလးကိုသတိရေစသည္။သူ သူမကိုသိလိမ့္မယ္လို႔ခံစားရတယ္ သူမရဲ႕နာမည္ကိုေတာင္ေခၚသင့္တယ္ ဒါေပမဲ့ပါးစပ္ထဲေရာက္လာေပမဲ့ဘယ္လိုႀကိဳးစားႀကိဳးစားေခၚလို႔မရေပ။
"ေကာေကာ"ကေလးမေလးကထပ္ေခၚျပန္သည္။
လင္ပန႔္ရွ : "ညီမအသိမွားေနတာလား? ေကာညီမကိုမသိဘူးလားလို႔?"
"ေကာေကာေရွာင္ဟြားကိုသိတယ္"ကေလးမကအသံကိုႏွိမ့္လိုက္သည္ "ေကာေကာသတိထားေနာ္ သူအနားမွာရွိေနတယ္"
လင္ပန႔္ရွ : "ဘာႀကီး?"ကေလးမေလးရဲ႕နာမည္ကေရွာင္ဟြားကိုး
ကေလးမကဆိုတယ္ : "အဲ့ဒီဟာႀကီးေလ"သူမကအသံတိုးတိုးနဲ႔ဆိုေနသည္ "အဲ့ဒီဟာကေရွာင္ဟြားကိုေမ့ေအာင္လုပ္လိုက္တာ"
လင္ပန႔္ရွတစ္ခုခုကိုသိလိုက္သည္ : "ေကာဒီထဲကေနဘယ္လိုထြက္ရမလဲ?"
"သူ႔ကိုသတ္ရင္သတ္,ကိုယ့္ကိုယ္သတ္ရင္သတ္"သူမဒါကိုေျပာၿပီးတာနဲ႔ခႏၶာကိုယ္မွာစတင္ေျပာင္းလဲလာသည္။လင္ပန႔္ရွေရွ႕မွာပဲေပ်ာ္က်သြားၿပီးဘာမွမရွိေတာ့
ဒဏ္ရာအျပည့္ျဖစ္ေနသည့္မိမိလက္ကိုငုံ႔ၾကည့္လိုက္သည္။ကေလးမေျပာတဲ့အတိုင္းဆိုရင္သူတို႔ကိုအိမ္မက္ထဲဆြဲသြင္းတဲ့အရာကလူပုံစံနဲ႔ရွိေနဖို႔မ်ားတယ္ သူကကိုယ့္ပတ္ဝန္းက်င္မွာပဲရွိေလာက္မယ္ ေတြးေနတုန္းမွာပဲတံခါးအျပင္ဘက္မွအသံၾကားလိုက္ရသည္။အခန္းေဖာ္ေတြျပန္လာၿပီ ဒါေပမဲ့သူတို႔ကိုေတြ႕လိုက္ခ်ိန္မွာလင္ပန႔္ရွေၾကာင္အသြားသည္။ဘာလို႔လဲဆိုေတာ့လူစုထဲမွာက်န္းရွင့္ကိုေတြ႕လိုက္ရလို႔——အေစာကတည္းကေသသြားၿပီျဖစ္တဲ့အခန္းေဖာ္
မိမိမွာဘာျပႆနာရွိေနလဲဆိုတာက်န္းရွင့္ကတစ္စက္မွမသိ သူ႔ကိုၾကည့္တဲ့လင္ပန႔္ရွအၾကည့္ကမမွန္ဘူးဆိုတာလည္းမေတြ႕ ၿပဳံးျပရင္းလင္ပန႔္ရွကိုႏႈတ္ဆက္လာကာကိုယ့္ကုတင္ေပၚထိုင္လိုက္သည္။သူ႔ကိုစိုက္ၾကည့္ေနရင္းအေတြးနစ္သြားသည္.........ကိုယ့္ကိုယ္သတ္ေသတဲ့ကိစၥကလင္ပန႔္ရွအေစာကတည္းကလုပ္ၿပီးေနၿပီ ေရွာင္ဟြားလို႔ေခၚတဲ့ကေလးမကအလင္းေပးခဲ့တာပဲ
လင္ပန႔္ရွရဲ႕အၾကည့္ကအတန္းေဖာ္မ်ားရဲ႕မ်က္ႏွာေပၚက်သြားသည္။သူအိမ္မက္မက္ေနတာဆိုတာေသခ်ာသိတယ္ဒါေပမဲ့သူတို႔ရဲ႕အသက္ဝင္တဲ့အမူအရာနဲ႔အေျပာအဆိုေတြကိုၾကည့္ရင္းခ်ိတုန္ခ်တုံျဖစ္ေနသည္။လင္ပန႔္ရွတုံ႔ဆိုင္းေနတုန္းတစ္ခုခုကိုေတြးမိလိုက္သည္။လႈပ္ရမ္းေနသည့္စိတ္မွာမ်က္စိတစ္မွိတ္အတြင္းခိုင္ၿမဲလာသည္။မိမိစားပြဲေရွ႕ျပန္သြားလိုက္ၿပီးဓားကိုယူလိုက္ကာက်န္းရွင့္ဆီဦးတည္လိုက္သည္။
ကိုယ့္မွာျဖဳန္းဖို႔အခ်ိန္အမ်ားႀကီးမရွိ လင္ပန႔္ရွအရမ္းကိုေသခ်ာေနတယ္ တကယ္လို႔ခ်င္းေလာ္ေျပာတာအမွန္ဆိုရင္အခ်ိန္တစ္ခုျဖတ္ၿပီးသြားရင္လည္းလူသုံးဆယ္ေက်ာ္ပဲရွိရမယ္ အဲ့ဒီလူသုံးဆယ္ေက်ာ္ကပဲအသတ္ခံရလိမ့္မယ္ အဲ့ဒီအခ်ိန္ေရာက္ရင္ေတာ့ျပန္လွည့္လို႔မရေတာ့ဘူး သူသိတဲ့စုန႔္ခ်င္းေလာ္ရဲ႕ကိုယ္ေပၚမွာဒဏ္ရာေတြထပ္ေပၚလာမွာကိုသူသည္းမခံႏိုင္ေတာ့ဘူး တျခားဒုကၡေရာက္သူေတြလိုမ်ိဳးသတ္ေသမႈကိုေ႐ြးသြားရတယ္
လက္ေတြ႕နဲ႔တစ္ပုံစံထဲတူေနတဲ့တကယ့္လူနဲ႔ရင္ဆိုင္ေနရသည္။သူေသၿပီးၿပီဆိုတာေသခ်ာသိေပမဲ့လင္ပန႔္ရွစိတ္ထဲ႐ုန္းကန္မႈအနည္းငယ္ရွိေနသည္။မသက္မသာျဖစ္ရတဲ့ခံစားခ်က္ကိုဖိႏွိပ္လိုက္ၿပီးအသက္ျပင္းျပင္းရွဴလိုက္သည္။ထို႔ေနာက္လက္ထဲကဓားနဲ႔ရမ္းခ်လိုက္သည္——
က်န္းရွင့္ရဲ႕လည္ပင္းေပၚမွာဒဏ္ရာတစ္ခုမ်ားလာသည္။ဒဏ္ရာရတဲ့ေနရာမွာလူေတြလိုမ်ိဳးေသြးလုံးဝစီးမလာပဲအရိပ္သာေပၚလာသည္။အဲ့ဒီအရိပ္ကဒီေရလိုမ်ိဳး အဆက္မျပတ္စီးက်လာၿပီးအေဆာင္တစ္ခုလုံးကိုလႊမ္းသြားသည္။
လင္ပန႔္ရွရပ္ေနတုန္းအရိပ္ကဖုံးသြားသည္။ပတ္ဝန္းက်င္ကအရာအားလုံးဟာစတင္ေျပာင္းလဲလာသည္။လင္ပန႔္ရွ၏ေျခေထာက္ေအာက္တြင္အျမင့္တစ္ေနရာမွျပဳတ္က်လာသကဲ့သို႔အလြတ္ႀကီးျဖစ္သြားသည္။သူျပဳတ္မက်ခင္မွာေတာင္လိုမ်ိဳးအေကာင္အႀကီးႀကီးရဲ႕အရိပ္တစ္ခုကိုေတြ႕လိုက္ရသည္။အဲ့ဒီဟာႀကီးကဘယ္လိုပုံစံရွိလဲရွင္းေအာင္မၾကည့္ရေသးခင္မွာပဲသန္မာတဲ့ျပင္းထန္မႈနဲ႔ထူထပ္ထပ္အေမွာင္ထုဟာလင္ပန႔္ရွရဲ႕အသိကိုဖ်က္သြားသည္။
လင္ပန႔္ရွရဲ႕ကိုယ့္ကျပင္းျပင္းထန္ထန္တုန္ေနသည္။ေရအၾကာႀကီးငုပ္ထားတဲ့လူတစ္ေယာက္လိုမ်ိဳးအသက္ျပင္းျပင္းရွဴလိုက္သည္။ပထမဆုံးေအာက္ဆီဂ်င္ကိုရွဴၿပီးေနာက္ျပင္းထန္စြာေခ်ာင္းဆိုးလာသည္။ပိန္ပါးပါးခႏၶာကိုယ္ဟာလည္းေလထဲကသစ္႐ြက္လိုမ်ိဳးအဆုတ္နဲ႔အတူျဖစ္ေနသည္။
လင္ပန႔္ရွရဲ႕ေခ်ာင္းဆိုးသံေၾကာင့္အခန္းေဖာ္ဟာႏိုးလာသည္။အိပ္ခ်င္မူးတူးနဲ႔ဘာျဖစ္လို႔လဲေနမေကာင္းလို႔လားလို႔ေမးလာသည္။
သူမသဲမကြဲျပန္ေျပာလိုက္သည္ : "အဆင္ေျပတယ္,ဒီတိုင္းအိမ္မက္ဆိုးမက္႐ုံပဲ"
"ေအာ္"အခန္းေဖာ္ကဆိုတယ္ "မင္းလည္ေခ်ာင္းမထိခိုက္ေအာင္သတိထားဦး"
"ေကာင္းၿပီ"
ေျပာၿပီးတာနဲ႔ေဘးကိုတစ္ခ်က္ၾကည့္လိုက္သည္။က်န္းရွင့္ရဲ႕အရင္ကုတင္ေနရာက သူ႔ညာဘက္မွာရွိေနသည္။ဒီအခ်ိန္မွာေတာ့လြတ္ေနၿပီးဘာမွမရွိ
အက်ႌလက္ကိုဆြဲတင္လိုက္သည္။တကယ္ပဲဒဏ္ရာကိုမေတြ႕ေတာ့ ကုတင္ေပၚလွဲေနရင္း မ်က္ႏွာက်က္ကိုစိုက္ၾကည့္ေန၏။႐ုတ္တရက္ေအာက္ဆင္းလိုက္ၿပီးမီးအိမ္ဖြင့္ကာစားပြဲေပၚရွိသဲလြန္စကိုရွာလိုက္သည္။မိမိရွာခ်င္သည့္အရာကိုခ်က္ခ်င္းရွာေတြ႕လိုက္သည္——အဲ့ဒီခြၽန္ထက္ထက္ဓား
ဓားကိုစိုက္ၾကည့္ရင္းႏႈိင္းယွဥ္မရေအာင္မွတ္မိသြားသည္။ဘာလို႔အဲ့ေလာက္လူအမ်ားႀကီးကသတ္ေသရတာလဲ ဘာလို႔လဲဆိုေတာ့ နာက်င္မႈကလက္ေတြ႕မွာရွိေနလား ထင္ေယာင္ထင္မွားနယ္နိမိတ္မွာရွိေနလားမပိုင္းျခားႏိုင္ မရဏတစ္ခုတည္းကသာကိုယ့္ရဲ႕ခန႔္မွန္းခ်က္ကိုအတည္ျပဳႏိုင္မည္ျဖစ္သည္.......ကိုယ္ပဲျဖစ္ျဖစ္ တျခားလူပဲျဖစ္ျဖစ္
ခဏေလာက္တုံ႔ဆိုင္းေနၿပီးေနာက္လင္ပန႔္ရွဓားခ်လိုက္သည္။နာက်င္မႈကိုသုံးၿပီးမဆုံးျဖတ္ႏိုင္ဘူးဆိုတာသူသိတယ္ ဒါဆို ကိုယ္ဘယ္မွာရွိေနလဲဆိုတာဘယ္လိုသိႏိုင္မွာလဲ? လင္ပန႔္ရွစိုးရိမ္လာသည္။သူေဝ့ၾကည့္လိုက္ၿပီးေနာက္ အေဆာင္ရဲ႕ဗီ႐ိုေပၚမွာအၾကည့္ရပ္သြားသည္။
သရဲလိုမ်ိဳး ဗီ႐ိုေရွ႕ကိုေျဖးေျဖးခ်င္းေလွ်ာက္သြားလိုက္ၿပီးဗီ႐ိုတံခါးကိုဆြဲဖြင့္လိုက္သည္။
သူဆြဲဖြင့္လိုက္တဲ့ခဏမွာပဲဗီ႐ိုထဲမွာက်ဳံ႔က်ဳံ႔ေလးေနေနတဲ့ကေလးမကိုေတြ႕လိုက္ရျပန္သည္။ကေလးမရဲ႕ခႏၶာကိုယ္ကလိမ္ေကာက္ေနေပမဲ့မ်က္ႏွာကေတာ့ခ်စ္စရာေကာင္းေန၏။လင္ပန႔္ရွႏွင့္မ်က္လုံးခ်င္းစုံၿပီးေနာက္ေျပာလာသည္ : "ညီမအထဲမွာရွိေနမယ္ဆိုတာေကာေကာဘယ္လိုသိတာလဲ?"
သူမအထဲမွာရွိေနတယ္ဆိုတာလင္ပန႔္ရွမသိ သူဒီအတိုင္းစမ္းၾကည့္လိုက္ျခင္းျဖစ္သည္။တကယ္ရွိေနမယ္လို႔ေတာ့မထင္ထား ကေလးမကိုေတြ႕လိုက္တဲ့ခဏမွာ သူ႔စိတ္ထဲကစိုးရိမ္မႈဟာၿငိမ္သက္သြားသည္။တကယ္လို႔ေဖာ္ျပရမယ္ဆိုရင္ ခ်ိဳ႕ယြင္းေနတဲ့ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုကအျဖည့္ခံလိုက္ရသလိုပဲ
လင္ပန႔္ရွ : "ေကာတို႔အိမ္မက္မက္ေနေသးတာလား?"
"ေသခ်ာေပါက္ေပါ့"ေရွာင္ဟြားကေျပာတယ္ "ေကာအိမ္မက္မက္ေနတာ"
အိမ္မက္ထဲကစုန႔္ခ်င္းေလာ္ဟာတကယ္မလိမ္ခဲ့ လင္ပန႔္ရွေရ႐ြတ္လိုက္သည္ : "ဒါကငါတို႔ရွိေနတဲ့ပထမအိမ္မက္လား?"
ေရွာင္ဟြား : "ဒါေတာ့ေရွာင္ဟြားလည္းမသိဘူး" သူမကတစ္ခုခုကိုအနံ႔ရလိုက္သလိုမ်ိဳးရွဴလိုက္သည္ "ဒါေပမဲ့အခုေတာ့သူနဲ႔ေကာနဲ႔အရမ္းေဝးေနေသးတယ္ အဲ့ဒါေၾကာင့္ေရွာင္ဟြားကေကာကိုထြက္ရွာရဲတာ"
"သူ? သူကတကယ္ပဲဘာလဲ?"
"အိမ္မက္ကဖန္တီးသူေလ"ေရွာင္ဟြားကေျပာတယ္ "ဒီကမာၻတစ္ခုလုံးရဲ႕အားသာခ်က္လည္းဟုတ္တယ္"
လင္ပန႔္ရွထပ္ေမးခ်င္ေပမဲ့အေနာက္ကေနအိပ္ခ်င္မူးတူးအသံထြက္လာသည္ : "လင္ပန႔္ရွ,မင္းအဆင္ေျပရဲ႕လား? မင္းဘယ္သူနဲ႔စကားေျပာေနတာလဲ?"
လင္ပန႔္ရွလွည့္ၾကည့္လိုက္သည္ : "ဘယ္သူမွမရွိပါဘူး,ဒီအတိုင္းငါတစ္ေယာက္ထဲေရ႐ြတ္ေနတာ"
လင္ပန႔္ရွေၾကာင့္အခန္းေဖာ္ဟာေၾကာက္လန႔္သြားသည္ : "မင္းတကယ္ပဲအဆင္ေျပရဲ႕လား?က်န္းရွင့္မေတာ္တဆမျဖစ္ခင္တုန္းကမင္းရဲ႕ပုံစံနဲ႔တူေနတယ္ေနာ္......."သူေျပာၿပီးေနာက္ေနာင္တရသြားသည္။က်န္းရွင့္လိုမ်ိဳးသူ႔ကိုလင္ပန႔္ရွဆက္ဆံမွာစိုးတာေၾကာင့္ေျခာက္ကပ္စြာရယ္လိုက္သည္ : "ငါေနာက္ေနတာပါ မင္းစိတ္ထဲမထားနဲ႔ေနာ္"
"ရပါတယ္"
သူျပန္လွည့္ၾကည့္ခ်ိန္မွာေတာ့ ဗီ႐ိုထဲကေရွာင္ဟြားဟာေပ်ာက္သြားၿပီျဖစ္သည္။
ဗီ႐ိုကိုပိတ္လိုက္ၿပီး ကုတင္ေပၚတက္လိုက္ေပမဲ့အိပ္မေပ်ာ္ မ်က္ႏွာက်က္ကိုသာငူငိုင္စြာစိုက္ၾကည့္ေနမိသည္။တကယ္ေတာ့အခန္းေဖာ္ေျပာတာကအတိုင္းအတာတစ္ခုထိေတာ့က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိေနတယ္တျခားလူေတြေရာ ေရွာင္ဟြားကိုျမင္ႏိုင္လားသူမသိ တကယ္လို႔ေရွာင္ဟြားကိုသူတစ္ေယာက္ထဲျမင္ႏိုင္တာဆိုရင္ သူ႔ရဲ႕စိတ္အေျခအေနကေတာ္ေတာ္ေလးကိုဆိုးေနတာမဟုတ္လား? ဒါေပမဲ့အကုန္လုံးကိုသံသယမျဖစ္ခ်င္ဘူး တကယ္လို႔လူတစ္ေယာက္ကကိုယ္ေတြ႕တာကိုယ္ၾကားတာကိုမယုံဘူးဆိုရင္ အဲ့ဒီလူက႐ူးဖို႔လည္းမေဝးေတာ့ဘူး