ဒီတရုတ်စိတ်တိုဌာနမှူးကြီးကကျွ...

By LavenderLily822

3.1K 277 14

၁၀စက္ကန့်ဆိုတဲ့အချိန်လေးကရှန်းချွမ်ရွေ့အတွက်တော့လူတစ်ယောက်ကိုတစ်ဘဝလုံးချစ်မြတ်နိုးပြီးကြင်နာဖို့လုံလောက်ပါတယ်... More

🍓🥭
🐶💛
🍓💋
😾🐶
👻
😘🥊
💋🫶🏻
❤️
🤭🫶🏻

🫂✨

255 20 6
By LavenderLily822

Beautiful In White by Shane Filan recommend song for this part

သုံးနှစ်ကြာပြီးနောက်
ယနေ့သည်ချွမ်ရွေ့နှင့်ဂယူဗင်းတို့ရည်းစားသက်တမ်း(၃)နှစ်မြောက်နေ့၊သူတို့၏လက်ထပ်ပွဲနေ့ဟုလည်းပြောနိုင်သည်။ဒီ(၃)နှစ်အတွင်းတစ်ယောက်နဲ့တစ်ယောက်အမြဲနားလည်ပေးပြီးအေးအတူပူအမျှဖြတ်သန်းခဲ့ကြသည်။ရုံးမှာလည်းလူ
အများအားကျစရာromantic coupleဖြစ်ကြသည်။တချို့လူများသည်ချွမ်ရွေ့တို့ကို
သူတို့၏idol coupleအဖြစ်သတ်မှတ်ကြသည်။တချို့မှာလည်းချွမ်ရွေ့ထံတွင်ရိုနည်းပေါင်း
တစ်ထောင်ကိုလေ့လာဆည်းကပ်ကြသည်။လူတိုင်းအားကျရတဲ့ချွမ်ရွေ့တို့coupleဟာ
သုံးနှစ်သုံးမိုးအတူတူဖြတ်သန်းခဲ့ကြပြီးနောက်ဆုံးတွင်ပေါင်းဖက်ကြတော့မည်။

Weddingကိုခန်းမကျယ်တစ်ခုထဲတွင်ကျင်းပသည်။အရာအားလုံးကိုအဖြူရောင်ဖြင့်အလှ
ဆင်ထားသည်။နှင်းဆီပန်းအဖြူများမှာလည်းခန်းမကိုပို၍လှပစေသည်။သတို့သား
ကင်မ်ဂယူဗင်းသည်အဖြူစွတ်စွတ်သတို့သားဝတ်စုံကိုဝတ်ဆင်ထားသည်။ဂယူဗင်းမှာနှင်းလုံးလေးသဏ္ဌာန်ဖြစ်နေသည်။ထို့အတူရှန်းချွမ်ရွေ့သည်လည်းဂယူဗင်းနဲ့ပုံစံတူအဖြူစွတ်စွတ်
သတို့သားဝတ်စုံကိုဝတ်ဆင်ထားသည်။ရင်ဘတ်တွင်နှင်းဆီပန်းအဖြူတစ်ပွင့်အားဆင်တူ
ထိုးစိုက်ထားသည်။အနက်ရောင်ကြိုက်လှတဲ့ချွမ်ရွေ့ဟာဂယူဗင်းသဘောကျအဖြူရောင်ကိုသာဝတ်ဆင်ပေးသည်။အသားဖြူလှတဲ့တရုတ်လေးမှာဆံပင်ငွေမှင်ရောင်အပြင်
အဖြူရောင်ဝတ်စုံကြောင့်ပါတော်ဝင်မင်းသားလေးအလား။သတို့သား
နှစ်ယောက်ဟာစိတ်လှုပ်ရှားမှုကိုယ်စီဖြင့်မင်္ဂလာအချိန်ကိုစောင့်မျှော်နေကြသည်။
ဧည့်ပရိသတ်များမှာလည်းခမ်းနားတဲ့အဖြူရောင်ခန်းမကြီးနဲ့လှပလွန်းသော
သတို့သားလေးနှစ်ယောက်ကိုမျက်တောင်မခတ်ကြည့်ရှုကြသည်။တချို့ဆိုဖုန်းဖြင့်ပင်တန်ဖိုးရှိသောအချိန်လေးကိုမှတ်တမ်းတင်ကြသည်။

နောက်ဆုံးတွင်တော့မင်္ဂလာအချိန်ကျရောက်လာသည်။အဖြူရောင်ဝတ်သတို့သား
နှစ်ယောက်သည်တစ်ယောက်လက်တစ်ယောက်ချိတ်ကာအဖြူရောင်နှင်းဆီကြဲလျှောက်လမ်းမှာလျှောက်ကြသည်။တစ်ဦးနှင့်တစ်ဦးအကြည့်ချင်းစုံသည့်အခိုက်တွင်အသက်ဝင်လှသောအပြုံးတို့ကထွက်ပေါ်လာသည်။ထိုအခိုက်အတန့်ကိုကင်မရာမန်းကအမိအရရိုက်ကူး
လိုက်သည်။ထိုပုံကိုzoomဆွဲကြည့်ပါကတစ်ဦးနှင့်တစ်ဦးနူးညံ့စွာကြည့်နေသည့်အကြည့်တွေအပြင်နူးညံ့ညက်သက်သောအကြည့်တွေကြားမျက်ရည်စတွေကိုပင်တွေ့ရလိမ့်မည်။
ထိုမျက်ရည်စတို့တွင်ပျော်ရွှင်မှု၊ကြည်နူးမှု၊ဝမ်းမြောက်ဝမ်းသာဖြစ်မှုတို့ဆတူရောထွေးပါဝင်နေလိမ့်မည်။မင်္ဂလာလမ်းအားအတူတူဖြတ်လျှောက်ပြီးနောက်ဘုန်းတော်ကြီးအရှေ့သို့ရောက်လာသည်။

ဘုန်းတော်ကြီးရှေ့အရောက်တွင်
"သင် ရှန်းချွမ်ရွေ့သည် ကင်မ်ဂယူဗင်းအား ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ
ပျော်ရွှင်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ သက်ဆုံးတိုင်ပေါင်းဖက်လိုက်သောဆန္ဒရှိ
ပါသလား"
ချွမ်ရွေ့သည်ဂယူဗင်းမျက်နှာလေးအားမြတ်မြတ်နိုးနိုးကြည့်ကာ
"ရှိပါတယ်"
""သင် ကင်မ်ဂယူဗင်းရော ရှန်းချွမ်ရွေ့အား ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ
ပျော်ရွှင်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ သက်ဆုံးတိုင်ပေါင်းဖက်လိုက်သောဆန္ဒရှိ
ပါသလား"
ဂယူဗင်းလည်းချွမ်ရွေ့အားကြည်ကြည်နူးနူးပြုံးပြကာ
"ရှိပါတယ် ဘုန်းတော်ကြီးခင်ဗျ"
"ဤလက်ထပ်မင်္ဂလာပွဲအားကန့်ကွက်လိုသူရှိပါသလား"ဟူ၍ဘုန်းတော်ကြီးကသုံးကြိမ်တိုင်
တိုင်မေးသည်။
ပရိသတ်ထဲတွင်မည်သူမျှမကန့်ကွက်ကြပဲသတို့သားနှစ်ယောက်အားချစ်ခင်ကြည်နူးမှုအပြည့်ဖြင့်ကြည့်နေကြသည်။
ဘုန်းတော်ကြီးကစကားဆက်သည်။
"ကဲ မရှိဘူးဆိုလျှင် ဤမင်္ဂလာပွဲအထမြောက်ပါပြီ။သတို့သားနှစ်ယောက်နမ်းနိုင်ပါပြီ"

ချွမ်ရွေ့ကအခုချိန်ကိုစောင့်နေတာဖြစ်သည်။ဖြူဖြူလုံးလုံးနဲ့ချစ်ဖို့ကောင်းနေသောဂယူဗင်းအားပွဲအစထဲကအသည်းယားနေခဲ့သည်။တရှုံ့ရှုံ့နမ်းချင်စိတ်အားချုပ်တီးကာအခုချိန်ထိ
အောင့်ထားခဲ့သည်။
ချွမ်ရွေ့သည်ဂယူဗင့်မျက်နှာနားတဖြည်းဖြည်းအပ်ကာနှုတ်ခမ်းနီနီရဲရဲလေးအားခပ်ဖွဖွဖိနမ်း
လိုက်သည်။ပွဲလာဧည့်ပရိတ်သတ်များသည်ထိုလှပသောအခိုက်အတန့်အားဖုန်းများဖြင့်ဖမ်းဆီးသိမ်းဆည်းကြသည်။ထိုအထဲတွင်ဂျောင်ချန်းမင်းနဲ့ဝန်ထမ်းများကထိပ်ဆုံးကဖြစ်သည်။
ချွမ်ရွေ့သည် ဂယူဗင့်နှုတ်ခမ်းပါးအား ငါးစက္ကန့်အကြာဖိကပ်နမ်းပြီးနောက်လွှတ်ပေးလိုက်
သည်။ဂယူဗင်းမျက်နှာနုနုလေးသည်ရှက်သွေးကြောင့်ရဲနေသည်။ထို့ကြောင့်ပါးနီနီလေးအား
အသည်းယားစွာချွမ်ရွေ့နမ်းလိုက်မိသည်။ဂယူဗင်းကချွမ်ရွေ့ခြေထောက်အားရှက်ရမ်းရမ်းကာ
လှမ်းကန်လေသည်။အားပါသဖြင့်ချွမ်ရွေ့မှာငေါက်ခနဲ့လဲကျသွားသည်။ပွဲလာပရိသတ်များသည်ဂယူဗင်း၏ရှက်ရမ်းရမ်းပုံကိုသဘောကျစွာတဝါးဝါးရယ်ကြသည်။ထို့မှဂယူဗင်းကပြန်မထလာသေးသောချွမ်ရွေ့အားထူကာချော့တော့သည်။
"ကိုကိုကွာဆိုးလိုက်တာဗျာ ကျွန်တော့်ကိုရုတ်တရက်ထနမ်းတော့ရှက်တာပေါ့လို့"
"ကိုကို့ကလေးလေးကချစ်စရာလေးဖြစ်နေလို့ပါ"ဆိုပြီးဝမ်ငါးရာစေ့မျက်လုံးလေးကိုချွဲသလို
လေးလုပ်ကာမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြသဖြင့်ဂယူဗင်းမှာအသည်းတဖြုတ်
ဖြုတ်ကြွေကာစိတ်ဆိုးပြေတော့သည်။သတို့သားနှစ်ယောက်သည်အတန်ကြာပွဲလာ
ပရိသတ်များအားဧည့်ခံကြသည်။
ဝန်ထမ်းဝိုင်းအရောက်တွင်
"ဌာနမှူးတို့စုံတွဲအိုအောင်မင်းအောင်ပေါင်းကြပါရစေဗျာ"
"အာ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ"
"ဌာနမှူးဖေဖေတို့နောက်ဆို kitchenette ထဲခိုးဒိတ်စရာမလိုတော့ဘူးပေါ့"ဟုဆိုပြီးချန်းမင်းကအရွှန်းဖောက်လေသည်။
"မင်းကတော့ ငါနဲ့တွေ့တော့မယ်"ဟုချွမ်ရွေ့ကအံကြိတ်သံကြီးနဲ့ပြောသဖြင့်တစ်ဝိုင်းလုံး
ထရယ်ကြသည်။တစ်ဝိုင်းလုံးအပြင်သူ့အသည်းအသက်ကလေးလေးကပါရယ်နေသဖြင့်
ချွမ်ရွေ့မှာရှက်ရှက်နဲ့သာဇက်ပိုးကုပ်မိတော့သည်။
ဤသို့နယ်မင်္ဂလာပွဲလေးသည်အောင်မြင်စွာပြီးဆုံးပြီးမတည့်အတူနေခဲ့ကြတဲ့ဖိုးစိတ်တိုနဲ့
မျောက်ညိုအတွဲလေးသည်တရားဝင်အကြင်လင်ယောကျာ်းဘဝသို့ရောက်ရှိကြသည်။

လွန်ခဲ့သောသုံးနှစ်ကချွမ်ရွေ့ရင်ခွင်ထဲမတော်တဆရောက်လာသောအဝါရောင်လုံးလေးသည်
ရင်ခွင်ထဲတစ်စတစ်စတိုးဝင်ပြီးယခုဆိုသူ့ရင်ဘတ်ထဲနေရာအပြည့်ယူကာသူ့အပိုင်လေးဖြစ်လာလေသည်။ချွမ်ရွေ့၏ဆယ်စက္ကန့်ဖြင့်စတင်ခဲ့သောချစ်ခြင်းမေတ္တာသည်သူ့အသက်နှင့်ခန္ဓာ
မြဲနေသ၍ဂယူဗင်းအပေါ်ရစ်ပတ်လုံခြုံနွေးထွေးစေမှာဖြစ်သည်။

မင်္ဂလာပွဲအပြီးတွင်ဂယူဗင်းကချွမ်ရွေ့အားရှက်ရှက်နဲ့ကန်လိုက်သောvideoကြီးသည်
#shygroom ဆိုသောစာတန်းဖြင့်SNSပေါ်ရောက်ရှိပြီးSouth Koreaတစ်နိုင်ငံလုံးတွင်
#1 ဖြင့်trendingဝင်ကာretweetပေါင်းများစွာဖြင့်နေ့ချင်းညချင်းနာမည်ကြီးတော့သည်။
ထို#shygroom ကြီးကိုမြင်ပြီးဂယူဗင်းမှာရှက်ရှက်ဖြင့်ချွမ်ရွေ့ရင်ခွင်ထဲတိုးကာ
ဖက်ထားတော့သည်။

The end

သုံးႏွစ္ၾကာၿပီးေနာက္
ယေန႔သည္ခြၽမ္ေ႐ြ႕ႏွင့္ဂယူဗင္းတို႔ရည္းစားသက္တမ္း(၃)ႏွစ္ေျမာက္ေန႔၊သူတို႔၏လက္ထပ္ပြဲေန႔ဟုလည္းေျပာႏိုင္သည္။ဒီ(၃)ႏွစ္အတြင္းတစ္ေယာက္နဲ႔တစ္ေယာက္အၿမဲနားလည္ေပးၿပီးေအးအတူပူအမွ်ျဖတ္သန္းခဲ့ၾကသည္။႐ုံးမွာလည္းလူ
အမ်ားအားက်စရာromantic coupleျဖစ္ၾကသည္။တခ်ိဳ႕လူမ်ားသည္ခြၽမ္ေ႐ြ႕တို႔ကို
သူတို႔၏idol coupleအျဖစ္သတ္မွတ္ၾကသည္။တခ်ိဳ႕မွာလည္းခြၽမ္ေ႐ြ႕ထံတြင္႐ိုနည္းေပါင္း
တစ္ေထာင္ကိုေလ့လာဆည္းကပ္ၾကသည္။လူတိုင္းအားက်ရတဲ့ခြၽမ္ေ႐ြ႕တို႔coupleဟာ
သုံးႏွစ္သုံးမိုးအတူတူျဖတ္သန္းခဲ့ၾကၿပီးေနာက္ဆုံးတြင္ေပါင္းဖက္ၾကေတာ့မည္။

Weddingကိုခန္းမက်ယ္တစ္ခုထဲတြင္က်င္းပသည္။အရာအားလုံးကိုအျဖဴေရာင္ျဖင့္အလွ
ဆင္ထားသည္။ႏွင္းဆီပန္းအျဖဴမ်ားမွာလည္းခန္းမကိုပို၍လွပေစသည္။သတို႔သား
ကင္မ္ဂယူဗင္းသည္အျဖဴစြတ္စြတ္သတို႔သားဝတ္စုံကိုဝတ္ဆင္ထားသည္။ဂယူဗင္းမွာႏွင္းလုံးေလးသဏၭာန္ျဖစ္ေနသည္။ထို႔အတူရွန္းခြၽမ္ေ႐ြ႕သည္လည္းဂယူဗင္းနဲ႔ပုံစံတူအျဖဴစြတ္စြတ္
သတို႔သားဝတ္စုံကိုဝတ္ဆင္ထားသည္။ရင္ဘတ္တြင္ႏွင္းဆီပန္းအျဖဴတစ္ပြင့္အားဆင္တူ
ထိုးစိုက္ထားသည္။အနက္ေရာင္ႀကိဳက္လွတဲ့ခြၽမ္ေ႐ြ႕ဟာဂယူဗင္းသေဘာက်အျဖဴေရာင္ကိုသာဝတ္ဆင္ေပးသည္။အသားျဖဴလွတဲ့တ႐ုတ္ေလးမွာဆံပင္ေငြမွင္ေရာင္အျပင္
အျဖဴေရာင္ဝတ္စုံေၾကာင့္ပါေတာ္ဝင္မင္းသားေလးအလား။သတို႔သား
ႏွစ္ေယာက္ဟာစိတ္လႈပ္ရွားမႈကိုယ္စီျဖင့္မဂၤလာအခ်ိန္ကိုေစာင့္ေမွ်ာ္ေနၾကသည္။
ဧည့္ပရိသတ္မ်ားမွာလည္းခမ္းနားတဲ့အျဖဴေရာင္ခန္းမႀကီးနဲ႔လွပလြန္းေသာ
သတို႔သားေလးႏွစ္ေယာက္ကိုမ်က္ေတာင္မခတ္ၾကည့္ရႈၾကသည္။တခ်ိဳ႕ဆိုဖုန္းျဖင့္ပင္တန္ဖိုးရွိေသာအခ်ိန္ေလးကိုမွတ္တမ္းတင္ၾကသည္။

ေနာက္ဆုံးတြင္ေတာ့မဂၤလာအခ်ိန္က်ေရာက္လာသည္။အျဖဴေရာင္ဝတ္သတို႔သား
ႏွစ္ေယာက္သည္တစ္ေယာက္လက္တစ္ေယာက္ခ်ိတ္ကာအျဖဴေရာင္ႏွင္းဆီႀကဲေလွ်ာက္လမ္းမွာေလွ်ာက္ၾကသည္။တစ္ဦးႏွင့္တစ္ဦးအၾကည့္ခ်င္းစုံသည့္အခိုက္တြင္အသက္ဝင္လွေသာအၿပဳံးတို႔ကထြက္ေပၚလာသည္။ထိုအခိုက္အတန္႔ကိုကင္မရာမန္းကအမိအရ႐ိုက္ကူး
လိုက္သည္။ထိုပုံကိုzoomဆြဲၾကည့္ပါကတစ္ဦးႏွင့္တစ္ဦးႏူးညံ့စြာၾကည့္ေနသည့္အၾကည့္ေတြအျပင္ႏူးညံ့ညက္သက္ေသာအၾကည့္ေတြၾကားမ်က္ရည္စေတြကိုပင္ေတြ႕ရလိမ့္မည္။
ထိုမ်က္ရည္စတို႔တြင္ေပ်ာ္႐ႊင္မႈ၊ၾကည္ႏူးမႈ၊ဝမ္းေျမာက္ဝမ္းသာျဖစ္မႈတို႔ဆတူေရာေထြးပါဝင္ေနလိမ့္မည္။မဂၤလာလမ္းအားအတူတူျဖတ္ေလွ်ာက္ၿပီးေနာက္ဘုန္းေတာ္ႀကီးအေရွ႕သို႔ေရာက္လာသည္။

ဘုန္းေတာ္ႀကီးေရွ႕အေရာက္တြင္
"သင္ ရွန္းခြၽမ္ေ႐ြ႕သည္ ကင္မ္ဂယူဗင္းအား ဆင္းရဲသည္ျဖစ္ေစ ခ်မ္းသာသည္ျဖစ္ေစ
ေပ်ာ္႐ႊင္သည္ျဖစ္ေစ ဝမ္းနည္းသည္ျဖစ္ေစ သက္ဆုံးတိုင္ေပါင္းဖက္လိုက္ေသာဆႏၵရွိ
ပါသလား"
ခြၽမ္ေ႐ြ႕သည္ဂယူဗင္းမ်က္ႏွာေလးအားျမတ္ျမတ္ႏိုးႏိုးၾကည့္ကာ
"ရွိပါတယ္"
""သင္ ကင္မ္ဂယူဗင္းေရာ ရွန္းခြၽမ္ေ႐ြ႕အား ဆင္းရဲသည္ျဖစ္ေစ ခ်မ္းသာသည္ျဖစ္ေစ
ေပ်ာ္႐ႊင္သည္ျဖစ္ေစ ဝမ္းနည္းသည္ျဖစ္ေစ သက္ဆုံးတိုင္ေပါင္းဖက္လိုက္ေသာဆႏၵရွိ
ပါသလား"
ဂယူဗင္းလည္းခြၽမ္ေ႐ြ႕အားၾကည္ၾကည္ႏူးႏူးၿပဳံးျပကာ
"ရွိပါတယ္ ဘုန္းေတာ္ႀကီးခင္ဗ်"
"ဤလက္ထပ္မဂၤလာပြဲအားကန္႔ကြက္လိုသူရွိပါသလား"ဟူ၍ဘုန္းေတာ္ႀကီးကသုံးႀကိမ္တိုင္
တိုင္ေမးသည္။
ပရိသတ္ထဲတြင္မည္သူမွ်မကန္႔ကြက္ၾကပဲသတို႔သားႏွစ္ေယာက္အားခ်စ္ခင္ၾကည္ႏူးမႈအျပည့္ျဖင့္ၾကည့္ေနၾကသည္။
ဘုန္းေတာ္ႀကီးကစကားဆက္သည္။
"ကဲ မရွိဘူးဆိုလွ်င္ ဤမဂၤလာပြဲအထေျမာက္ပါၿပီ။သတို႔သားႏွစ္ေယာက္နမ္းႏိုင္ပါၿပီ"

ခြၽမ္ေ႐ြ႕ကအခုခ်ိန္ကိုေစာင့္ေနတာျဖစ္သည္။ျဖဴျဖဴလုံးလုံးနဲ႔ခ်စ္ဖို႔ေကာင္းေနေသာဂယူဗင္းအားပြဲအစထဲကအသည္းယားေနခဲ့သည္။တရႈံ႕ရႈံ႕နမ္းခ်င္စိတ္အားခ်ဳပ္တီးကာအခုခ်ိန္ထိ
ေအာင့္ထားခဲ့သည္။
ခြၽမ္ေ႐ြ႕သည္ဂယူဗင့္မ်က္ႏွာနားတျဖည္းျဖည္းအပ္ကာႏႈတ္ခမ္းနီနီရဲရဲေလးအားခပ္ဖြဖြဖိနမ္း
လိုက္သည္။ပြဲလာဧည့္ပရိတ္သတ္မ်ားသည္ထိုလွပေသာအခိုက္အတန္႔အားဖုန္းမ်ားျဖင့္ဖမ္းဆီးသိမ္းဆည္းၾကသည္။ထိုအထဲတြင္ေဂ်ာင္ခ်န္းမင္းနဲ႔ဝန္ထမ္းမ်ားကထိပ္ဆုံးကျဖစ္သည္။
ခြၽမ္ေ႐ြ႕သည္ ဂယူဗင့္ႏႈတ္ခမ္းပါးအား ငါးစကၠန္႔အၾကာဖိကပ္နမ္းၿပီးေနာက္လႊတ္ေပးလိုက္
သည္။ဂယူဗင္းမ်က္ႏွာႏုႏုေလးသည္ရွက္ေသြးေၾကာင့္ရဲေနသည္။ထို႔ေၾကာင့္ပါးနီနီေလးအား
အသည္းယားစြာခြၽမ္ေ႐ြ႕နမ္းလိုက္မိသည္။ဂယူဗင္းကခြၽမ္ေ႐ြ႕ေျခေထာက္အားရွက္ရမ္းရမ္းကာ
လွမ္းကန္ေလသည္။အားပါသျဖင့္ခြၽမ္ေ႐ြ႕မွာေငါက္ခနဲ႔လဲက်သြားသည္။ပြဲလာပရိသတ္မ်ားသည္ဂယူဗင္း၏ရွက္ရမ္းရမ္းပုံကိုသေဘာက်စြာတဝါးဝါးရယ္ၾကသည္။ထို႔မွဂယူဗင္းကျပန္မထလာေသးေသာခြၽမ္ေ႐ြ႕အားထူကာေခ်ာ့ေတာ့သည္။
"ကိုကိုကြာဆိုးလိုက္တာဗ်ာ ကြၽန္ေတာ့္ကို႐ုတ္တရက္ထနမ္းေတာ့ရွက္တာေပါ့လို႔"
"ကိုကို႔ကေလးေလးကခ်စ္စရာေလးျဖစ္ေနလို႔ပါ"ဆိုၿပီးဝမ္ငါးရာေစ့မ်က္လုံးေလးကိုခြၽဲသလို
ေလးလုပ္ကာမ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ျပသျဖင့္ဂယူဗင္းမွာအသည္းတျဖဳတ္
ျဖဳတ္ေႂကြကာစိတ္ဆိုးေျပေတာ့သည္။သတို႔သားႏွစ္ေယာက္သည္အတန္ၾကာပြဲလာ
ပရိသတ္မ်ားအားဧည့္ခံၾကသည္။
ဝန္ထမ္းဝိုင္းအေရာက္တြင္
"ဌာနမႉးတို႔စုံတြဲအိုေအာင္မင္းေအာင္ေပါင္းၾကပါရေစဗ်ာ"
"အာ ဟုတ္ကဲ့ေက်းဇူးတင္ပါတယ္ဗ်"
"ဌာနမႉးေဖေဖတို႔ေနာက္ဆို kitchenette ထဲခိုးဒိတ္စရာမလိုေတာ့ဘူးေပါ့"ဟုဆိုၿပီးခ်န္းမင္းကအ႐ႊန္းေဖာက္ေလသည္။
"မင္းကေတာ့ ငါနဲ႔ေတြ႕ေတာ့မယ္"ဟုခြၽမ္ေ႐ြ႕ကအံႀကိတ္သံႀကီးနဲ႔ေျပာသျဖင့္တစ္ဝိုင္းလုံး
ထရယ္ၾကသည္။တစ္ဝိုင္းလုံးအျပင္သူ႔အသည္းအသက္ကေလးေလးကပါရယ္ေနသျဖင့္
ခြၽမ္ေ႐ြ႕မွာရွက္ရွက္နဲ႔သာဇက္ပိုးကုပ္မိေတာ့သည္။
ဤသို႔နယ္မဂၤလာပြဲေလးသည္ေအာင္ျမင္စြာၿပီးဆုံးၿပီးမတည့္အတူေနခဲ့ၾကတဲ့ဖိုးစိတ္တိုနဲ႔
ေမ်ာက္ညိဳအတြဲေလးသည္တရားဝင္အၾကင္လင္ေယာက်ာ္းဘဝသို႔ေရာက္ရွိၾကသည္။

လြန္ခဲ့ေသာသုံးႏွစ္ကခြၽမ္ေ႐ြ႕ရင္ခြင္ထဲမေတာ္တဆေရာက္လာေသာအဝါေရာင္လုံးေလးသည္
ရင္ခြင္ထဲတစ္စတစ္စတိုးဝင္ၿပီးယခုဆိုသူ႔ရင္ဘတ္ထဲေနရာအျပည့္ယူကာသူ႔အပိုင္ေလးျဖစ္လာေလသည္။ခြၽမ္ေ႐ြ႕၏ဆယ္စကၠန္႔ျဖင့္စတင္ခဲ့ေသာခ်စ္ျခင္းေမတၱာသည္သူ႔အသက္ႏွင့္ခႏၶာ
ၿမဲေနသ၍ဂယူဗင္းအေပၚရစ္ပတ္လုံၿခဳံေႏြးေထြးေစမွာျဖစ္သည္။

မဂၤလာပြဲအၿပီးတြင္ဂယူဗင္းကခြၽမ္ေ႐ြ႕အားရွက္ရွက္နဲ႔ကန္လိုက္ေသာvideoႀကီးသည္
#shygroom ဆိုေသာစာတန္းျဖင့္SNSေပၚေရာက္ရွိၿပီးSouth Koreaတစ္ႏိုင္ငံလုံးတြင္
#1 ျဖင့္trendingဝင္ကာretweetေပါင္းမ်ားစြာျဖင့္ေန႔ခ်င္းညခ်င္းနာမည္ႀကီးေတာ့သည္။
ထို#shygroom ႀကီးကိုျမင္ၿပီးဂယူဗင္းမွာရွက္ရွက္ျဖင့္ခြၽမ္ေ႐ြ႕ရင္ခြင္ထဲတိုးကာ
ဖက္ထားေတာ့သည္။

The end

Continue Reading