Between Us

By rynx4_q

274 76 0

မတူညီလို့ ဆန့်ကျင်ဘက်ဖြစ်နေလို့ဆိုပြီး အချင်းချင်း အပြန်အလှန် သဘောကျခဲ့ကြပေမယ့် နောက်ဆုံးကျ အဲ့ဒါကြောင့်ပဲ ပ... More

▪︎I▪︎
▪︎III▪︎
▪︎IV▪︎
▪︎V▪︎
▪︎VI▪︎
▪︎VII▪︎
▪︎VIII▪︎
▪︎IX▪︎
▪︎X▪︎
▪︎XI▪︎
▪︎XII▪︎[EnD]

▪︎II▪︎

30 6 0
By rynx4_q

" ဟင့် ဘယ်လိုလုပ်ရမလဲ မခွဲချင်​သေးဘူး "

သူ့အခန်း​ရှေ့​​ရောက်​နေပြီးဆို​ပေမယ့် Jisoo ပခုံး​ပေါ်​ခေါင်း​လေးတင်ရင်း Jisoo ရဲ့ လက်မောင်းကိုလည်း သူ့လက်၂ဖက်လုံးနဲ့ အတင်းတွယ်ထား​သေးသည်

အတင်းကပ်ချွဲ​နေတဲ့ ​ကောင်မ​လေးကိုကြည့်ကာ ပြုံးလိုက်ပြီး သူ့​ခေါင်း​လေးကို ခပ်ဖွဖွပုတ်​ပေးရင်း

" Chu လည်း မခွဲချင်​သေးပါဘူး ဒါ​ပေမယ့် ဘယ်လိုလုပ်မလဲ စာသင်ရဦးမယ်လေ Chu ရဲ့ က​လေး​လေးက လိမ္မာပါတယ် ​နေ့လည်ကျရင် ကန်တင်းသွားဖို့လာ​ခေါ်ရမလား ဒီ​နေ့က အစည်းအ​ဝေးလည်းမရှိတာမို့အချိန်ရတယ် "

" ဟင့်အင်း ​ကန်တင်းမှာ ​စောင့်​​နေမယ် အဲ့ဒီကိုပဲလာခဲ့ "

" အင်းပါ အဲ့ဒါဆိုလည်း သွား​တော့မယ်​နော် အထဲဝင်​တော့ "

" Chu အရင်သွား​လေ သွားတာကြည့်ပြီးမှ ဝင်မယ် "

" မဟုတ်တာ Jendeukie ဝင်သွားတာကြည့်ပြီးမှ စိတ်​ဖြောင့်​ဖြောင့်နဲ့ သွားလို့ရမှာ​ပေါ့ "

" ဟင် မရပါဘူး Chu အရင် .. "

" ​ဒီ​နေ့ ပြီးကြဦးမှာလား စာသင်ခန်းထဲ​ကိုရောက်​တော့မှာပဲ Ruby Jane တို့က အပိုတွေသိပ်လုပ်တာ "

ရုတ်တရက်ကြားလိုက်တဲ့ အသံ​ကြောင့် ​နောက်လှည့်ကြည့်လိုက်​တော့ သူတို့ကို လက်ပိုက်ကာ နံရံမှီပြီးကြည့်​နေတဲ့ Joy

" လန့်လိုက်တာ ပတ်ခ်ဂျိုအီရယ် "

" လန့်စရာ​တွေလုပ်​နေတာကိုး တကယ်ပါပဲ ​ကျောင်းခန်းထဲဝင်ဖို့အ​ရေးကို နှုတ်ဆက်​နေတာက ခရီး​ဝေးသွား​တော့မယ့်အတိုင်း Unnie လည်း Unnie ပဲ သူ့ကို တအားအလိုလိုက်ထားတာမဟုတ်လား ​လူတိုင်း​ကြောက်ရတဲ့ student council president တဲ့ ကြားလို့မှမကောင်း "

" ​တော်ပါ နင့်မှာရည်းစားမရှိတိုင်း မနာလိုဖြစ်မ​နေပါနဲ့ "

" huh! ငါကလည်း မလိုချင်ပါဘူး နင့်လိုရည်းစားမျိုး​တော့ အလုပ်ရှုပ်လွန်းလို့ "

Jisoo က​ Joy စကား​ကြောင့်ရယ်​နေ​ပေမယ့် Jennie က​တော့ မျက်​စောင်း​တွေချည်း လှိမ့်​ကျွေးလျက်

" ကဲပါ Unnie လည်း အခုသွား​ပါတော့ ​ကျောင်းတက်​တော့မယ် ဒီအရှုပ်ထုပ်ကို အထဲ​ခေါ်​သွား​တော့မယ်​နော် ​နေ့လည်ကျရင်လည်း ​တွေ့ရမှာပဲကို "

" အင်းပါ Chu သွားပြီး​​နော် "

" ဟုတ် ​နေ့လည်မှ​တွေ့မယ် "

Jisoo ထွက်သွားတဲ့အထိ မပြီးနိုင်မစီးနိုင် လက်လှမ်းပြ​နေ​တဲ့ Jennie ကို ​Joy ကပဲ ကျောပိုးအိတ်ကဆွဲပြီး အထဲ​ခေါ်သွားရ​တော့တယ်

" ဘာလဲ ဘာဖြစ်​နေတာလဲ တကယ်ပါပဲ! "

အတန်းထဲ​ရောက်​တော့ ခုံ​ပေါ်ထိုင်လိုက်ရင်း သူ့ကိုဆွဲ​ခေါ်လာတဲ့ Joy ကို မ​​ကျေမနပ်နဲ့​ပြောတယ်

" ဘာဖြစ်ရမှာလဲ နင်က​တော့နင်ဆို​ပေမယ့် Jisoo Unnie လည်း အံ့သြစရာပဲ "

" ဘာကို အံ့သြရမှာလဲ သူ့ရည်းစားဖြစ်တဲ့ငါ့ကို တုန်​နေ​အောင်ချစ်တာ​လေ ဘာဖြစ်လဲ "

ကပ်ကပ်လန်​အောင်စွာ​နေတဲ့ Jennie ကို စိတ်ပျက်သလိုကြည့်လိုက်ရင်း

" ဘာမှမဖြစ်ပါဘူး နင်တို့​ခေတ်ပဲ လုပ်ချင်တာသာလုပ်ကြ "

" ဘာလဲ နင်က မနာလိုတာလား မဟုတ်မှလွဲ ငါ့ကိုကြိုက်​နေတာလား "

" ငါက ရူး​နေလို့လား! "

" မသိဘူး​လေ ​ရည်းစားမရှိတဲ့သူ​တွေ ဒုက္ခကလည်း မ​သေးဘူးပဲ သူများချစ်သူနဲ့ ကြည်နူး​နေတာကို ဖျက်လိုဖျက်ဆီးနဲ့ "

" ထားပါ ရန်ဖြစ်ကြမှ ငါ့ဆီလာငိုကြည့်​နော် တံခါးဝက ရိုက်ထုတ်​မယ် "

" ဖွ ဖွ လွဲပါစေ ဘာလို့ စကားကို အဲ့လို​ကြောက်ဖို့​ကောင်း​အောင်​ပြောရတာလဲ "

" huh! "

Joy တစ်​ယောက် ဘာမှပြန်မ​ပြောနိုင်ဘဲ ဆွံ့အသွားရသည် ပြီးကျ ရန်ဖြစ်ကြရင် သူတို့ မဟုတ်တဲ့အတိုင်း

စွာ​တေးလန် Jennie Ruby Jane ကို​တော့ လက်​မြှောက်အရှုံး​ပေးပါတယ်

.
.
.

" Chu! ဒီမှာ "

ကန်တင်းကို Joy နဲ့ အရင်​ရောက်နှင့်​နေပြီး သူ့ရည်းစားကိုမြင်တာနဲ့ လက်​ထောင်ပြီး ဂနာမငြိမ်တဲ့ Jennie ကို လျစ်လျူရှုလိုက်ပြီး စားလက်စ ဘာဂါဆီပဲ အာရုံထားလိုက်သည်

Jisoo တစ်​ယောက် ကန်တင်းကို ​ရောက်လာရင်း သူ့ကို လက်ပြ​နေ​တဲ့ Jennie ကိုမြင်​တော့ ပြုံးကာ သူတို့ဝိုင်းကို ​လျှောက်သွားပြီး ဝင်ထိုင်လိုက်ရင်း

" အ​စောကြီး​ရောက်​နေတာလား "

" အင်း အတန်းက ​စော​စောပြီးသွားလို့ ကြာ​တော့ မကြာ​သေးပါဘူး ခုနကပဲ "

" Aigoo မုန့်ကို က​လေး​လေးလိုစား​နေတာပဲ ပါးစပ်မှာလည်း ​ပေကုန်ပြီး "

ကျင့်သားရ​နေ​တဲ့လက်က ဘေးနားမှာရှိတဲ့ တစ်သျှူးဘူးဆီကို လှမ်းယူကာ ​ပြောလည်း​ပြောရင်း ​ပေနေတဲ့မုန့်စ​လေး​တွေကိုပါ သုတ်​ပေးလိုက်သည်

​တစ်သျှူးပြန်ချထားလိုက်ပြီး ​​ဘေးမှာအသင့်ရှိတဲ့ အ​ချိုရည်ဘူးကို ယူ​ဖောက်လိုက်ကာ

" အင့် ဒါ​လေးသောက်ရင်းနဲ့စား​ "

Jennie က Jisoo အတွက်​တော့ မျက်စိ​အောက်က အ​ပျောက်မခံနိုင်တဲ့က​လေး​လေး အ​ထွေအထူးလုပ်​​ပေး​နေရတာမျိုးလည်း မဟုတ်ဘဲ အလိုလို​နေရင်း ကျင့်သားရ​နေသလို သူလိုအပ်တာမှန်သမျှ အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းပေးချင်တာပဲ

Jennie အတွက် အကုန်လုပ်​ပေးပြီးသွားမှ Joy ဘက်လှည့်ကာ

" Joy ah~ ခုနက မနှုတ်ဆက်လိုက်မိလို့ ​sry "

" ရပါတယ် Unnie လူကိုသာ ဂရုစိုက်ပါ အခု​တောင် ရန်ရှာချင်​နေပြီးထင်တယ် ငါက စားလို့ပြီးသွားပြီးမလို့ စာကြည့်တိုက်ကိုသွားဦးမယ် ရည်းစားနဲ့ချစ်ကြည်နူးကြဦးမှာမလား ​နေခဲ့​တော့ "

သူ့ကို စိုက်ကြည့်​နေတဲ့ Jennie ကို ကြည့်ရင်း Joy ​ပြောကာ ထသွားသည်

" Joy စိတ်ဆိုးသွားတာများလား "

" Unnie ကလည်း သူလား စိတ်ဆိုးမှာ သက်သက်​နောက်သွားတာ တခြားလိုက်​တွေးမ​နေဘဲ Unnie က ဒီအတိုင်း ငါ့ကို အာရုံစိုက်ရင်ရပြီး "

" haha အင်းပါ သိပါပြီး "

ဒုန်း 💥💥

သူတို့စကား​ပြော​နေတုန်း စားပွဲခုံ​ပေါ်​ရောက်လာတဲ့ လက်တစ်စုံနဲ့ အသံပါ တစ်ပြိုင်နက်

" လန့်လိုက်တာ ah! Chaeyoungie? ဒီကို ဘယ်လိုလုပ် .. "

​ဒေါသထွက်​နေပုံရတဲ့ Chaeyoung က Jisoo ကို စိုက်ကြည့်ပြီး

" လန့်သင့်တာပေါ့ ဘယ်လိုလုပ်​တွေ ဘယ်ဟာလုပ်​တွေ မ​ပြောနဲ့ မနက်က ဘာလို့ မနှိုးဘဲ တစ်​ယောက်တည်း လစ်သွားတာလဲ မဟုတ်ဘူး သွားမယ်ဆိုလည်း အန်တီ့ကို နှိုး​ပေးဖို့ ​ပြောသွားလေ "

" မဟုတ်ဘူး အဲ့ဒါက Jennieကို နှိုးဖို့ ​နောက်ကျမှာစိုး.. အယ် "

" ဘာ ! "

" ဟို.. အဲ့ဒါက​လေ "

" ah! Unnie က​တော့ တကယ်ပါပဲ သူ့ရည်းစားကို နှိုးဖို့ကျ သတိရတယ် ​"

" Hi Chaeyoungie "

" Jennie Unnie! လွမ်းနေတာ Chaeတို့ selca ရိုက်ကြမလား "

Jennie ကိုမြင်တာနဲ့ သူ့ကိုဒေါသထွက်နေရာ mood ပြောင်းသွားပြီး ခါးလေးဖက်ကာ selca ထရိုက်နေတဲ့ ညီမဖြစ်သူ

Chaeyoung က Jennie ကို Jisoo ထက်ပိုချစ်ပုံရတယ် Jennie နဲ့ သူနဲ့က ဝါသနာတူတာလည်းပါမှာပေါ့လေ

Selca ရိုက်ရင်း မတ်တပ်ထရပ်လိုက်တော့ Jennie စကပ်လေးက အနည်းငယ်တိုနေတာကြောင့် Jisoo အပေါ်ရုံအနွေးထည်လေးက Jennie ပေါင်ပေါ်ရောက်နှင့်ပြီးသား

" Jennie Unnie ဘယ်လိုချုပ်ထားတာလဲ Kim Jisoo ကို ရည်းစားကို ချစ်တတ်မှုကြီးက​တော့ ​​လေးစားပါတယ် "

" Yah! Park Chaeyoung! နင့်ထက် ၂နှစ်ကြီးတဲ့အစ်မကို နာမည်အပြည့်အစုံ​ခေါ်စရာလား ဒီ​ကောင်မ​လေးက​တော့ "

" ဟုတ် ဟုတ်ကဲ့ပါ မှားသွားပါတယ် "

​ပြောင်​ချော်​ချော်လုပ်​နေတဲ့ ချယ်ယောင်းကို Jisoo တစ်​ယောက် ဘာမှဆက်မ​ပြော​တော့ဘဲ Jennie ကိုသာ အာရုံထားလိုက်သည်

" Unnie ငါသွား​တော့မယ် သူငယ်ချင်း​တွေ ​စောင့်​နေ​သေးတာမလို့ မုန့်ဖိုး​ပေးပါဦး မနက်က အ​လောတကြီးထွက်လာတာနဲ့ ဘာမှမယူလာခဲ့ရဘူး မသနားဘူးလား ငါ့ကို "

" သနားစရာ​ကောင်း​အောင်လုပ်မ​နေဘဲ လိုသ​​လောက်သာယူသွား ​​ဟုတ်ပြီးလား "

" hehe ဟုတ်ပြီး မနက်က ကိစ္စကို​လျော်လိုက်ပြီးပဲထားပါ​တော့ ငါသွားပြီး Jennie Unnieရော သွားပြီး​နော် "

" အင်း ​ကောင်း​ကောင်းသွား "

Chaeyoung ထွက်သွား​တော့မှ Jisoo ပခုံး​ပေါ် ​ခေါင်းမှီလိုက်ကာ

" အခုမှပဲ ၂​ယောက်တည်းရှိရ​တော့တယ် လွမ်း​နေတာ မနက်ကတည်းက Chu ​ရော ငါ့ကို သတိမရဘူးလား "

" သတိရတာ​​ပေါ့ ငါ့ရဲ့​​ပေါက်စ​လေး​ကို ဘယ်​လောက်လွမ်း​နေလိုက်လဲ "

" တကယ်လား "

" အင်း​ပေါ့ "

" ဒါနဲ့ Unnie! ငါတို့ ဒီတစ်ပတ်ပိတ်ရက် ဘယ်သွားကြမလဲ "

Jisoo ပခုံး​ပေါ်က ရုတ်တရက် ဆတ်ခနဲထလိုက်ကာ​ မေး​တော့

" ဒီအပတ်လား "

" အင်း Chu အားတယ်မလား ငါကြည့်ချင်တဲ့ကားက ဒီတစ်ပတ် ရုံတင်မှာ .. အာ မဟုတ်သေးဘူး ဟန်မြစ်သွားပြီး ကြက်ကြော်နဲ့ ခေါက်ဆွဲစားကြမလား စာလည်းလုပ်ရင်းနဲ့ပေါ့ "

" ဟန်မြစ်လား "

" ကောင်းတယ်မလား မရောက်တာလည်းကြာနေပြီး "

" အဲ့မှာ အေးမယ်ထင်တယ် "

Jennie က သူ့လက်မောင်းလေးကို ပြန်တွယ်လိုက်ရင်း ပခုံးပေါ်ခေါင်းလေးမှီကာ

" ဘာဖြစ်လဲ အနွေးထည်ဝတ်ပြီးသွားရင်ရတာပဲကို "

မကျေမနပ်နဲ့ စူပုတ်ပုတ်လေးပြောတော့ Jisoo က ပြုံးကာ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်ပြီး

" အင်းပါ သိပါပြီး "

" အာ့ဆိုရင် ဟန်မြစ်သွားပြီး ဘာထပ်လုပ်ရင်ကောင်းမလဲတွေးထားလိုက်ဦးမယ် "

" အွန်း "

" ငါတို့သွားရင်းနဲ့ စားဖို့ မုန့်နည်းနည်းဝယ်သွားရအောင် Chu ~ ငါမနေ့ကပြောတဲ့ဇာတ်လမ်း download ထားတယ် တူတူကြည့်ရအောင် .. "

ရုတ်တရက် Jisoo က တစ်ခုခုကိုသတိရသွားတဲ့ပုံနဲ့ သူ့လက်မောင်းကိုဖက်တွယ်ထားတဲ့ Jennie လက်ကလေးကို အသာကိုင်လိုက်ရင်း

" အာ Jen.. တောင်းပန်ပါတယ် ခဏနေ ငါ သူငယ်ချင်း​တွေနဲ့ စာစုလုပ်ကြဖို့​ပြောထားကြလို့ "

" ဘာလဲ မနေ့ညတည်းက ဖုန်းပြောရင်းနဲ့ ပြောထားတယ်လေ ဒီနေ့ နေ့လည်စာတူတူစားပြီး ရုပ်ရှင်တူတူကြည့်မယ်လို့! "

စိတ်ဆိုးနေတဲ့ Jennie ကိုကြည့်ပြီး Jisoo ဆက်ပြောဖို့ အ​တွေးများ​နေသည်

" အရင်အပတ်တည်းက ပြောထားကြလို့ .. "

" အဲ့ဒါဆိုလည်း မနေ့ကဖုန်းပြောတည်းက ကြိုပြောထားလေ! "

Jisoo ဘာဆက်ပြောရမလဲမသိတာကြောင့် အားနာတဲ့ အကြည့်နဲ့သာ ကြည့်နေတာမလို့ Jennie ကပဲ သက်ပြင်းခပ်ဖွဖွချလိုက်ရင်း

" သိပြီးမလို့ သွားတော့ .. ခဏနေမှ ဆက်သွယ်လိုက် "

ပြောပြီး Jennie က ဆတ်ခနဲထသွားတာသည်

" Yah! Kim Hanbin ငါနဲ့တူတူသွားမယ် "

သိပ်မလှမ်းမကမ်းမှာရှိနေတဲ့ Hanbin တို့ အုပ်စုကို လှမ်းပြောလိုက်ရင် Jennie ပြေးသွားတာကို Jisoo ငေးနေမိသည်

" Jennie နင်ဒီလိုလုပ်လို့ရလား "

သူ့လက်ညှိုးနှစ်ချောင်းကို နဖူးနဲ့ ထိကြည့်နေတဲ့ Hanbin

" ဘာလဲဟာ "

" အခု trend ဖြစ်နေတဲ့ဟာလေ "

" ရူးကြောင်ကြောင်တွေ တအားလုပ်တာပဲ နင် "

Jennie က Hanbin ပခုံးကို ရိုက်လိုက်ကာ သူတို့နဲ့ စကားပြောရင်း ထွက်သွားပေမယ့် Jisoo ကတော့ ခပ်ဆွေးဆွေးကြည့်ကာ သက်ပြင်းခပ်ဖွဖွချမိတော့သည်

.
.
.

TBC 》 》》

Continue Reading

You'll Also Like

249 60 5
-"Новшоо, нүдэнд бүү үзэгд гэж хэлсэн биз дээ!!" -"Хөөе, У Тэхи чи хэний өөдөөс том дуугарч байгаагаа мэдэх үү!?" -"Миний солиотой EX!!" -"Тэхи минь...
1K 124 2
: 𝘮𝘺 𝘨𝘳𝘦𝘦𝘯 𝘧𝘭𝘢𝘨𝘴 𝘩𝘶𝘴𝘣𝘢𝘯𝘥 . JAY X JUNGWON • two short
3.5K 44 5
Wilhelm (William) Kröenen. A battle tested silver-eyed Alpha-1 Agent has had his age reversed and has been teleported to Remnant. Not knowing much ab...
1.1M 43.9K 60
Even in the second time, time would be their enemy? How can you fight if you already know at first that both of you can't be together? Will you sur...