ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...
By Swae_Nyoe
98.9K 13.7K 161
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More
Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️
Part 72
353 37 0
By Swae_Nyoe
72 01
အပိုင်း (72)
ကျန်းကျိရင်အတွက် ထိုမတော်တဆမှုနှင့်ပတ်သက်ပြီး မှတ်ဉာဏ်က လတ်ဆတ်နေသေးသည်။ ထိုကိစ္စပြီးနောက် သူကိုယ်တိုင်ကလည်း အသေးစိတ် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အဆုံးမသတ်နိုင်သည့် အတွေးများကြောင့် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်နိုင်ခဲ့ချေ။ ထိုကိစ္စကြောင့် သူကိုယ်တိုင်ကလည်း အလွန်အရေးကြီးသော လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်ဟု တွေးခဲ့မိဖူးသည်။ ထို့နောက်မှသာ ထိုလူက သူ၏ဘဝတွင် အရေးအကြီးဆုံးသူတစ်​ယောက်ဖြစ်ကြောင်း သိခဲ့ရ၏။ သူက အမှန်တကယ်အား​ဖြင့် ထိုလူကို မဆုံးရှုံးခဲ့ရချေ။
သူက ထိုအကြောင်းရာကို တွေးမိသောအခါ ကျန်းကျိရင်က အိတ်ကပ်ထဲသို့ လက်ထည့်လိုက်ပြီး ​ကြောင်ယင်ညန်လေး၏ တင်ပါးလေးကို ခပ်ကြမ်းကြမ်း ဆွဲဆိတ်လိုက်သည်။
လက်ရှိအနေအထားတွင် သူ့တွင် လုပ်ရမည့် ပို၍ အရေးကြီးသော ကိစ္စက ရှိနေသေးသည်။ ထို့ကြောင့် သူ့အနေနှင့် တစ်ဘက်သူများက ကစားပြလာမည့် လှည့်ကွက်အမျိုးအစားနှင့် ခန့်မှန်းမှုများက မှန်ကန်ခြင်းရှိမရှိ အတည်ပြုရဦးမည်ဖြစ်သည်။ ကျန်းကျိရင်၏ နောက်ခံက အလွန်ထူးခြားသည်။ မနက်​​ဖြန်လောကမှ သူ၏ ခန္ဓာကိုယ်က သူ့အပိုင်ဖြစ်နေသော်လည်း သူက ကစားသမား ကဏ္ဍကို ကိုင်ဆွဲထားသည်။ ထို့ကြောင့်သူက လောကမှ စည်းမျဥ်းပေါင်းများစွာကို လျစ်လျူရှုနိုင်သော အကြိမ်ပေါင်းများစွာ ရှိခဲ့သည်။ သေရာမှပင် ပြန်ရှင်လာနိုင်သေး၏။ ထို့အပြင်သူက item storeမှ ပစ္စည်းများကို ဝယ်ယူနိုင်ပြီး ဒီလောကမှ ထွက်ကာ အစစ်အမှန်လောကသို့ ပြန်နိုင်သည်။ အရာအားလုံးက ဂိမ်းထဲမှ ကစားသမားများ၏ ကာရိုက်တာပိုင်းအပေါ် မူတည်ကာဖြစ်လာခဲ့ခြင်းဖြစ်သည်။ ယင်ညန်က လောကကို ဖန်တီးတည်ဆောက်သောအခါ ဂိမ်းမနက်ဖြန်ကို ပြောင်းလဲခဲ့ပြီး ဝိသေသလက္ခဏာများကိုလည်း အစစ်အမှန်အဖြစ် ပြောင်းလဲလာခဲ့သည်။ ကျန်းကျိရင်က အပြင်လူဖြစ်သည့်အတွက်ကြောင့် ကစားသမားအဖြစ် မသင့်တော်တော့ချေ။ နဂိုကတည်းက ဒီမှာ ကစားသမားဖြစ်ထားသော လူများကသာ ဒီနေရာသို့ လာနိုင်ကြလေသည်။
တစ်ချိန်တည်းတွင်ပင် သူက ထူးခြားသော ဝိသေသလက္ခဏာဖြင့် ကန့်သတ်ခံလိုက်ရသည်။ ကျန်းကျိရင်က အစပိုင်းတွင် သတိမထားမိခဲ့ချေ။ နောက်ပိုင်းတွင် တိုက်ခိုက်ရင်းမှ သူ၏ အတွေ့အကြုံများက တိုးပွားလာသည်နှင့်အမျှ သူကိုယ်တိုင်ကလည်း သူ၏ တည်ရှိမှုနှင့် ပတ်သက်ပြီး ပြဿနာတစ်ခုကို သတိထားမိခဲ့သည်။ သူက သာ့တောင့်နှင့် အားမူတို့ကဲ့သို့ စွမ်းရည်ကို သုံးသောအခါ မတည်ငြိမ်နေခဲ့ချေ။ တစ်ယောက်ချင်းစီတိုင်းက သူတို့၏ စွမ်းရည်များကို သူတို့ကျွမ်းကျင်ရာ နည်းလမ်းအတိုင်း အသုံးပြုနိုင်သည်။ သို့သော် သူကိုယ်တိုင်ကမူ အမြဲတစေ နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်များကို အသုံးပြုနေခြင်းဖြစ်လေသည်။
သူ၏ ပြဿနာကမူ သူ၏ရေခဲစွမ်းရည်ကို ကိုယ်ပိုင်တိကျထင်ရှားသော စွမ်းရည်မျိုးနှင့် မပေါင်းစပ်နိုင်ခြင်းဖြစ်သည်။ သူက သူ၏ ပုံမှန်ရေခဲစွမ်းရည်ကို အသုံးပြုသောအခါ သူက အဆင့်မြှင့်တင်ထားသည့် ကိုယ်ပိုင်ထားခြားသော စွမ်းရည်က သူ့ကို statusပိုင်းတွင် မြှင့်တင်ရုံသာ လုပ်ပေးနိုင်လာလေသည်။
ဂိမ်းထဲတွင်ဖြစ်နေသောကြောင့် စွမ်းရည်၂မျိုးသုံး အသုံးပြုသူများမှ ကွာခြားချက်က ဒီတိုင်း စွမ်းရည်နှစ်မျိုးပိုင်ဆိုင်ထားရုံသာဖြစ်သွားသည်။ မည်သည့်ကစားသမားကမှ တစ်ချိန်တည်းတွင် စွမ်းရည်၂မျိုးကို ထုတ်မသုံးနိုင်ချေ။
တိကျသော စွမ်းရည်၏ တိုက်ခိုက်နိုင်စွမ်းအားက ရေခဲစွမ်းအင်လောက်မကောင်းချေ။ ထို့ကြောင့် ကျန်းကျိရင်၏ ပုံမှန် တိုက်ခိုက်သော နည်းလမ်းက တိကျပြတ်သားစွာ အသုံးမပြုနိုင်ခင် အခြားသော စွမ်းရည်ကို ထုတ်သုံးထားခြင်းဖြစ်သည်။ ထိုနောက်မှသာ သူက သေနတ်ကို သုံးနိုင်ပြီး သူက ရန်သူကို သူ၏ရေခဲစွမ်းရည်ဖြင့် ကိုင်တွယ်တတ်သည်။
ဒီတစ်ကြိမ်တွင် အ​ခြေအနေမှ ပုံမှန်မဟုတ်မှုကို သတိထားမိလိုက်သောအခါ သူ၏ ပထမဦးဆုံး တုံ့ပြန်မှုက တစ်သင်းလုံးကို သတင်းပို့ ၊ စာပို့ရန်ဖြစ်သည်။ ဒီနည်းအားဖြင့် မုန်တိုင်းအဖွဲ့မှ ခေါင်းဆောင်ကို အကြောင်းကြားလိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူ၏ တိကျစွာ ဆုံးဖြတ်နိုင်သည့်စွမ်းရည်ကို ထုတ်သုံးလိုက်ပြီး အဆင့်၆သို့ရောက်သွားစေကာ စွမ်းရည်အသစ်ဖြစ်သည့် အမြင်ကြည်ကာ အရင်းမြစ်ကိုရှာဖွေသည့်skillကို ထုတ်သုံးလိုက်သည်။
ဂိမ်းထဲတွင် လူအချို့က သူတို့၏ ပုံမှန်အတိုင်း ဖြစ်လာပြီး နားလည်လာသည်။ ဆင့်ကဲပြောင်းလဲလာသည့်စွမ်းရည်ကို အဆင့်မြင့်အဆင့်သို့ ​မြှင့်တင်ပြီးသောအခါ ထိုစွမ်းရည်နှင့်ပတ်သက်ပြီး ရရှိနိုင်သည့် အရင်းမြစ်အမျိုးမျိုးကို ဈေးတွင် ဝယ်ယူရရှိနိုင်လေသည်။ ထိုဈေးဆိုင်၏ ဈေးနှုန်းသတ်မှတ်ချက်ကလည်း ပေါလေသည်။ ကျန်းကျိရင်က သူ၏ ဆိုင်လေးကို စတင်ခဲ့သောအခါ ထိုအရင်းမြစ်ပေါင်း မြောက်များစွာကို တင်ထားခဲ့သည်။ အချိန်ကျလာသောအခါ သူ၏ တိကျသောစွမ်းရည်ကို တပြိုင်တည်း ထိုးတက်သွားအောင် မြှင့်တင်နိုင်ခဲ့လေသည်။ တစ်နေ့ကမှ သူက အဆင့်၆သို့ ရောက်သွားခဲ့ခြင်းဖြစ်သည်။
72 02
သူ၏ အရှေ့မှ မြင်ကွင်းက ရုတ်တရက် ကြည်လင်ပြတ်သားသော အစိမ်းရောင် အလွှာပါးပါးဖြင့် အုပ်လာပြီးနောက် အဝေးသို့ တောက်လျှောက်ပျံ့နှံ့သွားသည်။ သူက အလွန်ဝေးကွာသော နေရာထိ မြင်နိုင်ရုံသာမကသေးလေပဲ တိတိကျကျ စုံစမ်းစစ်ဆေးနိုင်သွားသည်။
သူ၏ မျက်လုံးက ကိုယ်တွင်ရှိသည့် သွေးကြောများအားလုံးနှင့် ဆက်သွယ်နေသည်။ သူ၏ မျက်လုံးတစ်ခုတည်းကသာ မြင်နိုင်တော့ခြင်း မဟုတ်ချေ။
သူက ညာဖက်ခြမ်းရှိ နံရံပေါ်တွင် ပျံသန်းသွားသော အသံအားလှိုင်းများကိုပင် ခံစားလိုက်ရသည်။ ပုံမှန်အားဖြင့် သူက မမြင်နိုင်သည့်တိုင်အောင် ခံစားကြည့်နိုင်သည်။ ထို့ကြောင့် ညာဘက်ခြမ်းသို့ ပျံသန်းသွားသည့် ထိုပိုးကောင်ကို လှမ်းဖမ်းလိုက်ပြီး ဖျစ်ညစ်လိုက်လေသည်။ ထိုပိုးကောင်က အတော်လေး သေးငယ်၏။
သူ၏ အာရုံစိုက်မှုက သက်ရှိ ခန္ဓာကိုယ်တွင်ဖြစ်သည်။ ထို့အပြင်သူက ပိုးကောင်၏ သွေးလည်ပတ်မှုပုံစံ၊ သွေးကြောများ ၊ ကြွက်သား ၊ အဆီအသား၊ ​ကိုယ်တွင်းအင်္ဂါများ အားလုံးကို အာရုံခံနိုင်လေသည်။
သူက လူတစ်ယောက်ကို တိတ်ဆိတ်စွာဖြင့် scanဖတ်သလို x wayဖြင့် ကြည့်နေသေးသလို ထင်ရသေးပေသည်။ သို့သော် အရာအားလုံးက ဝေဝါးနေသေး၏။ သူကိုယ်တိုင်ကလည်း သူ၏ အဆင့်က ပို၍ မြင့်သွားလျှင် ပုံရိပ်များက ပို၍ ရှင်းလင်းပြတ်သားလာနိုင်သည်ဟု ခံစားနေရလေသည်။
အရာအားလုံးက ပုံမှန်နှင့် အတူတူသာလျှင်ဖြစ်သည်။ သူက ထိုskillကို သုံးပြီး ရန်သူ၏ အားနည်းချက်ကို တိုက်ရိုက် ပစ်မှတ်ထားနိုင်သည်။ သို့သော် skill၏ သက်ရောက်မှုကမူ သိသာထင်ရှားသွားပေလိမ့်မည်။
တစ်ကြိမ်အသက်သွင်းလိုက်သည်နှင့် သူက နံပါတ်၃နေရာတွင် ရှိနေသည့် သက်ရှိခန္ဓာကိုယ်နှစ်မျိုးကို ရှင်းရှင်းလင်းလင်း အာရုံခံလိုက်နိုင်သည်။ တစ်ခုကမူ နံပါတ်၃မှ သူနှင့် ရင်းနှီးပြီးသောသူ ဖြစ်ပြီး အခြားတစ်ခုကမူ သူနှင့်မရင်းနှီးသော သူဖြစ်သည်။ သူတို့က နံပါတ်၃နှင့် အလွန်နီးကပ်နေကြသည်။ သူက ခန့်မှန်းသည်သာ မှန်ကန်လျှင် ထိုလူက နံပါတ်၃နေရာကို ဝင်စီးပြီး အများအရှေ့မှ တူညီသောနည်းလမ်းကိုသုံးကာ ပျောက်ကွယ်သွား​​အောင်လုပ်ထားခြင်း ဖြစ်ပေလိမ့်မည်။
ကျူးကျော်သူ၏ စွမ်းရည်က မနိမ့်ချေ။ ထို့အပြင် အခြားသော ထူးခြားသော နည်းလမ်းများနှင့် စိတ်စွမ်းအားပိုင်းဆိုင်ရာ ထောက်လှမ်းမှုကို ပိတ်ဆို့ထားရာတွင် အဆင့်မြင့်စွမ်းရည်များကို ထုတ်သုံးလိုက်သည့်အခါ ဌာနချုပ်၏ ခုခံရေးစနစ်က အချက်ပြလာမည်မဟုတ်ချေ။
နှမြောစရာကောင်းသည်မှာ သူ၏ skillက မြင်နိုင်စွမ်းအားကိုသာ သုံးပြီး ထောက်လှမ်းကြည့်နိုင်သေးသည်။ ထို့ကြောင့် အရေအတွက်မည်မျှလာကြောင်း၊ မည်သည့်နေရာတွင် ပုန်းအောင်းနေကြောင်း မသိနိုင်ချေ။
သို့ရာတွင် ကျန်းကျိရင်ကလည်း ထိုအခြေအနေက သူတို့က မည်မျှ အင်အားကြီးကြောင်း ဖော်ပြနိုင်သည်ဟု မထင်ချေ။ item storeတွင် ဝယ်နိုင်သည့် ပစ္စည်းများက ဥပမာအဖြစ် ရှိနေသေးသည်။ ပြိုင်ဘက်များက ထိုမျှအထိ အင်အားမကြီးသည်လည်း ဖြစ်နိုင်သည်။ သို့သော် သူတို့က သူတို့၏ စွမ်းရည်နှင့် skillကို ပုံမှန်နည်းလမ်းနှင့် မတူသော ပုံစံမျိုးကို ထုတ်သုံးထားခြင်းအားဖြင့် အချိန်တစ်ခုကြာသည့်တိုင်အောင် သူတို့ကို သတိမထားမိလောက်စေခြင်း ဖြစ်လောက်သည်။ ထိုလှည့်ကွက်များက ပျက်ဆီးသွားသည့် နောက်တွင် သူတို့နှင့်ပတ်သက်ပြီး စိုးရိမ်ရန် မလိုအပ်လောက်ချေ။
ကျန်းကျိရင်က ခေါင်းကိုငုံ့ထားပြီး အိတ်ထဲမှ ကြောင်ဖြူလေးကို ကြည့်လိုက်သည်။ ထို့နောက် တစ်စက္ကန့်တွင် သူက လက်ကို တုံ့ဆိုင်းမနေဘဲ လျှင်မြန်သော အရှိန်နှုန်းဖြင့် မြှောက်လိုက်သည်။
သူက ပစ္စတို ပစ်လိုက်သောအခါ ရေခဲကျည်ဆန်ပေါင်းများစွာက ပုန်းနေသော ကျူးကျော်သူများ ရှိရာနေရာသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
အားခုန်းနှင့် အခြားသော သူများက သူတို့၏ ခေါင်းဆောင်က ရုတ်တရက် လေထဲသို့ ပစ်ခတ်နေကြောင်း မြင်လိိုက်ရသည်။ အချိန်တစ်ခု ကြာပြီး ထိုနေရာတစ်ခုလုံးက ဖြူဖွေးသွားသည်။ အများအရှ့မှ ပျောက်ကွယ်သွားသော နံပါတ်၃ကပြန်ပေါ်လာသည်။ သူ၏ လက်နှင့်ခြေထောက်များက အချည်ခံလိုက်ရသည်။ ထို့နောက် တစ်စက္ကန့်တွင် သူက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ကျန်းကျိရင်က အလျင်စလိုသွားပြီး မျက်လုံးကြည်ကာ အရင်းမြစ်ကိုရှာသည့် skillကို ထုတ်သုံးလိုက်ပြန်သည်။ သို့သော် သူကကျူးကျော်သူ၏ သဲလွန်စကို ပျောက်သွားသည်။ သူ့ရှေ့လူများ၏ လှုပ်ရှားမှုကပင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်နေလေသည်။
အထောက်အပံ့အဖြစ်ပေးရန် တာဝန်ယူထားသည့် နံပါတ်၂က အပြေးအလွားလာကာ နံပါတ်၃ကို ကူညီပေးသည်။ ထို့နောက် အရန်ဘက်မှ အဖွဲ့ဝင်တစ်ယောက်က နံပါတ် ၃ကို အတွင်းပိုင်းသို့ ခေါ်သွားသည်။ သူတို့၏ လက်ထဲတွင် ကိုင်ထားသော လက်နက်များအားလုံးကလည်း သတိပေးချက်များ မြင်နိုင်သည်။ ထိုသို့ဖြင့် အားလုံးက အသင့်ပြင်ကာ အမိန့်ကို စောင့်ကြသည်။
72 03
ကျန်းကျိရင်၏ တောင်းဆိုမှုနှင့် ယွင်ချူက အခြားသော အထောက်အပံ့များကို စတင်ကာ တောင်းခံလေသည်။
တစ်မိနစ်ခန့် ကုန်လွန်သွားပြီးနောက် မည်သည့်လှုပ်ရှားမှုမှ ရှိမလာခဲ့ချေ။ နောက်ထပ်တစ်မိနစ်က ကုန်လွန်သွားခဲ့သည်။
သူ၏ ရေတွက်မှုက ၁၃၀အထိ ရောက်သွားသောအခါ ကျန်းကျိရင်က ရုတ်တရက် အချက်ပြဖွင့်လိုက်သည်။
"တစ်သင်းလုံး သတိအပြည့်နဲ့ နေကြတော့"
သူကိုယ်တိုင်ကလည်း အခြားတစ်ဘက်က သူတို့ကို စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်မျိုးကို လာကစားပြနေကြောင်း သိသည်။ သို့သော် သူတို့ကလည်း အချိန်အကြာကြီး စောင့်မည်မဟုတ်ကြောင်း သိထားပြန်သည်။ ရန်သူက သူတို့ကို ပြင်ပအကူအညီရောက်လာခွင့် ပြုမည်မဟုတ်သလို ထိုအတွက်ကြောင့် သူတို့၏ တိုက်ခိုက်မှု ဆုံးရှုံးသွားနိုင်ချေကိုလည်း ခွင့်ပြုလိမ့်မည်မဟုတ်ချေ။
ယခုအခါ သူတို့ခုခံထား​သော လမ်းကြောင်းကို အ​​ခြားတစ်ဘက်က သိသွားမည့်အရေးနှင့် ပတ်သက်ပြီး သံသယမဝင်တော့ချေ။ ထိုသူက တိုက်ပွဲဝင်အဖွဲ့၆ဖွဲ့ထဲမှ အဖွဲ့ဝင်တစ်ယောက်ပင် ဖြစ်နေလောက်လေသည်။ ပို၍တိတိကျကျဆိုရသော် မုန်တိုင်း၊မိုးကြိုး၊ မြူအဖွဲ့များနှင့် ယွင်ချူကသာ ယခုလိုတာဝန်ပေးထားသည့်လမ်းကြောင်းနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း နားလည်ထားကြလေသည်။
ထို့ကြောင့် ဆက်သွယ်ရေးစက်မှ အချက်ပြသံ ​မြ​ည်လာသည့်နောက်တွင် ခန်းမ၏ အမှောင်ကျသော နေရာတွင် လူဆယ့်တစ်ယောက်က တိတ်တဆိတ် ပေါ်လာသည်။ သူတို့က မိုးကြိုးအဖွဲ့ကို တုံ့ပြန်ချိန်မပေးကြဘဲ ချက်ချင်းလိုလို တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုက ခန့်မှန်းရန် ခက်သည်။ ကြောက်စရာကောင်းသော အကြောင်းကမူ သူတို့၏ စွမ်းရည်ဖြစ်သည်။ ကျန်းကျိရင်က တွေးထားခဲ့သလို သူတို့၏ စွမ်းရည်က သူတို့မမြင်ခဲ့ဖူးသော ပုံစံမျိုးဖြင့် သုံးနိုင်လေသည်။
၅ယောက်က အတွင်းပိုင်းကို တာဝန်ယူ ခုခုံထားရခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ယောက်နှင့် နှစ်ယောက် ရင်ဆိုင်နေရသလို ဖြစ်သွားသည်။ အမှန်တိုင်းဆိုရသော် ယွင်ချူကသာ ကာကွယ်ပေးခံရမည့် mpc မဟုတ်နေသည့်တိုင်အောင် သူက မလှုပ်ရှားသေးချေ။ သူကလည်း ကျန်းကျိရင်ကို အကူအညီတောင်းခံသည့် အကြောင်းပြချက်ကို ပြောပြထားပြီးသားဖြစ်သည်။ ယွင်လဲ့ထျန်းက ဆိုးရွားမှုများကို ရင်ဆိုင်တွေ့ခဲ့ပြီးနောက် အင်အားသုံးကာ အဆင့်၈သို့ ထိုးတက်သွားခဲ့သည်။ သူ၏ လက်ရှိအခြေအနေက မတည်ငြိမ်ချေ။ ထို့ကြောင့် သူ၏ စွမ်းရည်ကို မသုံးနိုင်ချေ။ ဒါကလည်း သူ၏ လျှို့ဝှက်ချက်များ ပေါ်သွားသော အခြေအနေနှင့်တူညီနိုင်သည်။ ထို့ကြောင့် ကျန်းကျိရင်ရှေ့တွင် သူက သူ၏ အားနည်းချက်ကို ​​ဖော်ထုတ်ပြသသလို ဖြစ်သွားသည်။ ထိုအချိန်တွင် ယွင်ချူက မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်မဟုတ်နေသည့်တိုင်အောင် ကျန်းကျိရင်ကလည်း သူ့ကို ဒဏ်ရာရခွင့် မပြုနိုင်ချေ။ သို့မဟုတ်လျှင် သူက ဌာနချုပ်သို့ အကြောင်းပြချက် ပေးနိုင်တော့မည်မဟုတ်ချေ။
ကျန်းကျိရင်က သာ့တောင့်နှင့် တခြားသူများရှိရာဘက်သို့ ကြည့်လိုက်သည်။ အပြင်ကဘက်ခုခံရေးအားလှိုင်းက တိုက်ခိုက်နေကြသေးသည်။ တိတိကျကျဆိုရသော် သူတို့၏ အခြေအနေက မကောင်းနိုင်ချေ။
လူစုခွဲရမည့်အစား ကျူးကျော်သူများက နှစ်ယောက်တွဲကာ အဖွဲ့သားတစ်ယောက်စီကို ဝိုင်းထားသည်။ သူတို့ရည်ရွယ်ချက်က အလွန်ရှင်းလင်းလေသည်။ မိုးကြိုးအဖွဲ့မှ တိုက်ခိုက်ရေးစွမ်းအားများကို ဆုံးရှူံးသွားစေရန်ဖြစ်သည်။ သို့သော် ထိူအချိန်တွင် ကျန်းကျိရင်၏ အဖွဲ့ဝင်တစ်ယောက်ချင်းစီကို နေရာချထားမှုက ကောင်းမွန်စွာ လှုပ်ရှားပြသလေသည်။ ထို့ကြောင့် အသင်းအဖွဲ့ဝင်များက တစ်ယောက်ကိုတစ်ယောက် အထောက်အပံ့ပေးနိုင်စွမ်းအားရှိသလို လျှင်မြန်စွာဖြင့် သူတို့၏ နဂိုနေရာမှ ရန်သူကို တစ်ယောက်တည်းရင်ဆိုင်ကာ တိုက်ခိုက်နိုင်စွမ်းအားလည်း ရှိလာစေသည်။ ထိုသို့ဖြင့် နေရာကို ဆက်တိုက်ပြောင်းနေနိုင်စွမ်းရှိသည်။ သိပ်မကြာခင် အစီအစဥ်က တိုးတက်လာသည်။ ကျူးကျော်သူများက တုံ့ပြန်လာသောအခါ တစ်ယောက်နှင့် နှစ်ယောက် ရင်ဆိုင်နေရသော အခြေအနေက တိကျသွားသည်။ အဖွဲ့ဝင်တစ်​ယောက်ချင်းစီတိုင်းက ကျူးကျော်သူများကို ထိန်းထားနိုင်သည်။ သူတို့က ထိန်းထားနိုင်ရုံသာ ဖြစ်နေသည့်တိုင်အောင် ထိန်းထားနိုင်သေးသည်။ မိုးကြိုးအဖွဲ့၏ ကျူးကျော်သူများကို နည်းလမ်းပေါင်း များစွာ သုံးကာ ကျွမ်းကျင်စွာဖြင့် ရင်ဆိုင်ထားမှုကြောင့် သူတို့က အခြားသော အားလပ်ချိန်များ မရခဲ့ချေ။ ဒီနည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံး ခုခံရင်းအချိန်ကုန်နေခဲ့ပြီး တိုက်ခိုက်နိုင်စွမ်းအား မရှိခဲ့ချေ။
72 04
ကျူးကျော်သူ၄ယောက်က ကျန်းကျိရင် ရှိရာနေရာသို့ အပြေးလာသည်။ သူ၏ အဖွဲ့ဝင်၃ယောက်က ကျူးကျော်သူနှစ်ယောက်ကို ရပ်တန့်ထားနိုင်လေသည်။ အားခုန်းကမူ တိုက်ခိုက်ရာတွင် မတော်သည့်အတွက် တစ်ယောက်ကိုသာ တားနိုင်၏။ ကျန်သော ၂ ယောက်က ကျန်းကျိရင်ဆီလာသည်။
ကျန်းကျိရင်ကလည်း မရှောင်ချေ။ သူက လက်ရှိအခြေအနေကို သေချာ အကဲခတ် နိုင်၏။ ထို့ကြောင့် အနောက်မှ သံမဏိတုံးတိုလေးတစ်တုံးကို ထုတ်လိုက်သည်။ ထိုသို့ဖြင့် ရေပြင်ထဲ ထိုးစိုက်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူက ရေခဲစွမ်းရည်ကို သံမဏိထဲသို့ ထည့်သွင်းလိုက်သည်။ သံမဏိတုံးက ချက်ချင်းဆိုသလို အလင်းတန်းများနှင့်အတူ ရေခဲပြာရောင် သင်္ကေတများကို ထုတ်ဖော်လာကာ မကြာခဏဆိုသလို ပေါ်ထွက်လာစေနိုင်သည့် ဆင့်ခေါ်မှု ဂါထာမျိုးကို ထုတ်လွှတ်သည်။ ထို့နောက် ထိုအတုံးမှ တစ်ဆင့် မြူထုဖြူများက ထွက်ပေါ်လာကာ မြေပြင်သို့ တဖြည်းဖြည်း ပျံ့သွားသည်။ အတွင်းတံခါးတစ်ချပ်လုံးက ရေခဲအလွှာပါးပါးဖြင့် ဖုံးအုပ်ခံလိုက်ရသည်။ ရေခဲထပ်က ထူသထက်ထူလာကာ ကျူးကျော်သူများကို နေရာတွင် ခဲသွားအောင် လုပ်သည်။ ဖြစ်စဥ်က မြန်ဆန်လွန်းသဖြင့် ကျူးကျော်သူများက လွတ်မြောက်အောင် ရုန်းရန် အချိန်မရှိခဲ့ချေ။ ကျူးကျော်သူ ၄ယောက်က ကျန်းကျိရင်၏ တိုက်ခိုက်မှုအောက်တွင် မလှုပ်နိုင်တော့ချေ။ ထိုထဲမှ ၂ယောက်က သူနှင့် တစ်လက်မခန့်ပင် မဝေးတော့သော နေရာမျိုးတွင် ဓားကို ချိန်ထားလျက်သားဖြစ်သွားသည်။
ထိုဖြင့် စိတ်ပြောင်းလဲမှုကိုလည်း ကျန်းကျိရင်က သတိထားမိလေသည်။ ကျူးကျော်သူများအားလုံးက လက်ထဲမှ ဓားများဖြင့် တိုက်ခိုက်ကြသည်။ အစပိုင်းတွင်သူတို့က အခြားသော အခြေပြုစွမ်းအင်များဖြင့် တိုက်ခိုက်နိုင်စွမ်းအားကို ထုတ်မသုံးကြသေးချေ။
ရေခဲထားမှု၏ သက်ရောက်မှုက သူitem ဆိုင်မှ ဝယ်လာခဲ့သော status ဝင်္ကပါတစ်ခု ဖြစ်လေသည်။ ရန်သူကို တစ်မိနစ်ခန့်အထိ ခဲအောင် ထိန်းထားနိုင်သည်။ အသုံးသူက ရေခဲသံချပ်ကာ စွမ်းအား၏ စွမ်းအင်ကို သုံးမိနစ်ခန့်အထိ ထုတ်သုံးနိုင်ပေလိမ့်မည်။ သို့သော် အသုံးပြုသူအနေနှင့် ထိုအချ်န်အတောတွင်း မည်သည့် တိုက်ခိုက်မှုမျိုးကိုမှ ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ချေ။ ရန်သူက တိုက်ခိုက်လာသည်နှင့် ရေခဲစွမ်းအား သက်ရောက်မှုကလည်း ပယ်ရှားပျောက်ကွယ်သွားပေလိမ့်မည်။
အမှန်တိုင်းဆိုရသော် အရာအားလုံးက ဂိမ်းထဲတွင် ကစားသလိုမျိုး ကီးဘုတ်နှင့် မောက်စ်ကို ထုတ်သုံးရုံလောက် မလွယ်ကူချေ။ ထိုဝင်္ကပါ ကို ကြိုတင်ပြင်ဆင်ထားရန်လည်း လိုအပ်သေးသည်။ ကျန်းကျိရင်က အချိန်ကိုကွက်တိ တွေးတောပြီး ကျူးကျော်သူများ ဝင်ရောက်လာမည့် အခြေအနေကို ကြိုတင်သိထားသောကြောင့်သာ ကင်းလှည့်သည်ဆိုသော ခေါင်းစဥ်အောက်တွင် ခန်းမတွင် ဝင်္ကပါကို ပြင်ဆင်ထားနိုင်ခြင်းဖြစ်သည်။ ထိုဝင်္ကပါကို အသက်သွင်းရန်လည်း စွမ်းအားအများကြီး လိုသေးလေသည်။ သူက သူ၏ လှည့်ပတ်သော စွမ်းအားကို ထိုရေခဲတုံးထဲသို့ လွန်ခဲ့သော ၃ရက်ကတည်းက စတင်ကာ ပေါင်းထည့်ထားခဲ့ရသည်။ ဒီနေ့လိုအပ်လာသောအခါ သူ၏ စွမ်းအားများကို ဆေးထိုးလိုက်သလိုမျိုး အသက်သွင်းလိုက်ရုံမျှဖြင့် အသက်ဝင်လာခဲ့ခြင်း ဖြစ်သည်။ ထိုအရာအားလုံးကလည်း ကျန်းကျိရင်လိုချင်သည်နှင့် ကိုက်ညီနေပြန်သည်။
စီစဥ်မှုအတိုင်းဖြစ်လာသည်နှင့်အမျှ ကျန်းကျိရင်က ကျူးကျော်သူများကို ခဲအောင် လုပ်နိုင်မည်ဖြစ်သည်။ တစ်သင်းလုံးကလည်း အစီအစဥ်အတိုင်း ကျူးကျော်သူများကို တိုက်ခိုက်နိုင်စွမ်းအားကို လျှင်မြန်စွာ ဖယ်ရှားနိုင်ပေလိမ့်မည်။
တစ်မိနစ်အတွင်း သူတို့က ကျူးကျော်သူ ၃ယောက်ကို အမှောက်သိပ်လိုက်သည်။ ထိုနည်းအားဖြင့် လေးယောက်လုံးကို ကိုင်တွယ်ရန်ကြိုးစားသည်။ ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံနှင့် အော်သံများ ထွက်ပေါ်လာသည်။ ကျန်းကျိရင်က စိတ်အေးသွားသည်။ မုန်တိုင်းအဖွဲ့က လာရောက်ကူညီလေပြီ။
ရေခဲထားသော သက်ရောက်မှုက ပယ်ရှားပျောက်ကွယ်သွားသောအခါ ကျူးကျော်သူများကလည်း လက်ရှိအ​ခြေအနေကို နားလည်လိုက်သည်။ ထို့ကြောင့် သူတို့က အချင်းချင်း မဆက်သွယ်တော့ချေ။ သူတို့က အနားမှ လူများကို ဖယ်ရှားရှင်းလင်းရန် ကြိုးစားပြီး ကျန်းကျိရင်ထံ ပြေးလာပြန်သည်။
ဒါက ကျန်းကျိရင် မျှော်လင့်ထားသည်နှင့် ကွာခြားသွားသည်။ ထိုဝင်္ကပါက အင်အားကြီးမားသည့် ကာကွယ်နိုင်စွမ်းရည် ရှိလေသည်။ ဂိမ်းမှ ဇာတ်ကြောင်းအတိုင်းဆိုလျှင် ထိုကျူးကျော်လာသူများက ယွင်ချူကိုသာ အာရုံစိုက်သင့်သည်။ မိုးကြိုးအဖွဲ့မှ ခေါင်းဆောင်က ယွင်ချူကို ကာကွယ်ရင်းဖြင့် သေရဦးမည်ဖြစ်သည်။ ကျန်းကျိရင်က ဝင်္ကပါကို အသက်သွင်းလိုက်သောအခါ ယွင်ချူကို အဓိက ကာကွယ်ရန် လိုအပ်သောသူအဖြစ် သတ်မှတ်ပေးထားခဲ့သည်။ ထို့ကြောင့် လူတိုင်းက တိုက်ခိုက်နိုင်လာသော သူဖြစ်သည့်အလျောက် ယွင်ချူကိုသာ အဓိက ကာကွယ်ရန် ကြိုးစားပေလိမ့်မည်။ ကြီးကြီးမားမားအပြောင်းလဲများ မရှိလျှင် ယွင်ချူကို ကာကွယ်သောသူကလည်း အသက်ကို စတေးရန် လိုအပ်လာလိမ့်မည်မဟုတ်ချေ။
72 05
သို့သော်ယခုမူ တစ်ဘက်သူများက သူ့ကို ပစ်မှတ်ထားလာသည်။
အသင်းဝင်များက လည်း သူတို့ကို မတားနိုင်ချေ။ ယွင်ချူက သူ့ကို ကြည့်ပင်မကြည့်နိုင်ချေ။ ကျူးကျော်သူများက ရုတ်တရက် အံ့အားသင့်စရာကောင်းသော အရှိန်နှုန်းဖြင့် ဖောက်ထွက်လာပြီး ပုံမှန်ထက် နှစ်ဆခန့်လျင်မြန်သော အရှိန်နှုန်းဖြင့် လှုပ်ရှားလိုက်သည်။ ထို့ကြောင့် အရိပ် ၇ ရိပ်ဖြတ်သန်းသွားခြင်းကိုသာ မြင်လိုက်ရသည်။ ထို့နောက် ဓား၁၄လက်ခန့်က တစ်ချိန်တည်းလိုလို ကျန်းကျိရင်ကို ထိုးသွင်းလာသည်။
ကျူးကျော်သူ၏ တိုက်ခိုက်မှု၏ ပြင်းထန်သည့် ဖိအားအောက်တွင် ကျန်းကျိရင်၏ သံချပ်ကာက လျှင်မြန်စွာဖြင့် အက်ကွဲသွားပြီး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်။
ထိုအ​ခြေအနေတွင် သူတွေးနိုင်သည့် တစ်ခုတည်းသောအရာက သူ့ကိုယ်သူ ကာကွယ်ရန် ခန္ဓာကိုယ်ကို အေးခဲထားရန်ဖြစ်သည်။ ကပ်ဘေးကို ရင်ဆိုင်နေရသည့် အချိန်အတောတွင်း သူက သူနှင့်အတူ ကြောင်ကိုခေါ်လာပြီး ကြောင်က မည်သူဆိုတာကို မေ့သွားခဲ့၏။
ကျန်းကျိရင်၏ စွမ်းရည်က အသက်မသွင်းရသေးချေ။ ထိုသို့အရေးကြီးသော အချိန်တွင် လူတိုင်းက အားဝု ဆိုသော အသံကို ကြားလိုက်ရသည်။ ထို့နောက် ခေါင်းဆောင်ကျန်း၏ ကုတ်အင်္ကျီ အိတ်ကပ်ထဲမှ အမွှေးရှည်များနှင့် ဖြူဖြူဖွေးဖွေး ကြောင်ခေါင်းလုံးလေးက ထွက်လာပြီး ရေခဲပြာအလုံးလေးတစ်လုံးကို အသာအယာ မှုတ်ထုတ်လိုက်သည်။
ထိုအလုံးလေးက တဖြည်းဖြည်း ကြီးသထက်ကြီးလာပြီးနောက် ၂မီတာခန့်ကြီးမည့် ရေခဲစက်ကွင်းကြီးတစ်ခု ဖြစ်သွားသည်။ ထို့နောက် ကျန်းကျိရင်ကို ဗဟိုပြုလိုက်ကာ ကျယ်ပြန့်သထက် ကျယ်ပြန့်လာပြီး ထိုကျူးကျော်သူ ၇ယောက်လုံးအထိ ရောက်သွားသည်။ စက္ကန့်ဝက်ပင်မကြာသော အချိန်တွင် အနီးဆုံး ကျူးကျော်သူက ထိုရေခဲစက်ကွင်းအစွန်းလေးနှင့် ထိမိသွားပြီး ချက်ချင်းဆိုသလို လျှင်မြန်စွာ အေးခဲကာ တွန့်လိမ်ရှုံ့တွသွားပြီး ဘာမှမကျန်တော့သည်အထိ ပျောက်ကွယ်သွားသည်။ အခြားသော ၆ယောက်က နောက်ဆုတ်ချင်ကြသည်။ သို့သော် သူတို့၏ အရှိန်နှုန်းက ရေခဲစက်ကွင်းပြန့်လာသော အရှိန်ကို မယှဥ်နိုင်ခဲ့ချေ။ ထို့ကြောင့် သူတို့အားလုံးက မလွတ်​မြောက်သွားခဲ့ဘဲ တွန့်လိမ်ရှုံ့တွကာ ပျောက်ကွယ်သွားခဲ့ရသည်။
ဖြတ်ခနဲဆိုသလို ကျူးကျော်သူများ အားလုံးက ရေအိုင်များအဖြစ် ​ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ရောက်သွားသည်။ ထို့နောက် ထိုရေများကလည်း တဖြည်းဖြည်းချင်း အရည်ပျံကာ ပျောက်ကွယ်မတတ်ဖြစ်သွားပြန်သည်။ လူတိုင်းကလည်း ဒါက ရေခဲစွမ်းရည်သက်ရောက်မှုဖြစ်ကြောင်း သိထားသည်။ ထိုအရာက အေးခဲဖောက်ခွဲမှု ဖြစ်သည်။ ထို့ကြောင့် မည်သူကမှလည်း ထိုမျှရိုးရှင်းပြီး အဆင့်မြင့်သော စွမ်းရည်မျိုးကို လွှမ်းမိုးနိုင်စွမ်း ပြင်းထန်ကာ ထုတ်သုံးနိုင်ကြောင်း မသိထားကြချေ။
နောက်ပြီး ဒါကို ကြောင်က သုံးလိုက်တာ။
ကျန်းကျိရင်ကလည်း မြင်လိုက်သည်။ သူ၏ စိတ်ထဲတွင် သူ၏ မိသားစုမှ ရှောင်းရှန်းက ထိုစွမ်းရည်ကို သုံးပြီး သူ့ကို ကယ်တင်ချင်ကြောင်း သိလိုက်သည်။ သူက ထိုအချိန်က စိတ်ခေါင်ဆောင်နှင့် တိုက်ခိုက်ချင်ခဲ့သောအခါ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန် ထုတ်သုံးခဲ့ရသည့် အခြေအနေပြီးကတည်းက အတူပူးပေါင်းရန် ငြင်းဆန်ခဲ့သည်။ ထိုသို့ဖြင့် ကြောက်တတ်သော ကြောင်လေးတစ်ကောင်အဖြစ် ကျေနပ်နေခဲ့လေသည်။
သေခါနီးအခြေအနေမျိုးကို ရင်ဆိုင်ခဲ့ရသော အနေအထားမှ သူက အသိမဝင်သေးချေ။ ရုတ်တရက် ကျန်းကျိရင်က တစ်စုံတစ်ရာကို တွေးမိသွားသည်။ သူက ခေါင်းကိုငုံ့လိုက်ပြီးနောက် အသံကို တိုးကာ သူ၏ လက်မောင်းကြားထဲတွင် ငြိမ်နေသည့် ကိစ္စကြီးတစ်ခုကို လုပ်ပြီးသောကြောင့် ကျေနပ်ပီတိဖြာ ဂုဏ်ယူနေသည့် ကြောင်လေးကို ပြောလိုက်သည်။
"မင်းလား"
ကြောင်ယင်ညန်က မျက်လုံးကို တင်းကျပ်စွာ မှိတ်လိုက်ပြီးနောက် ထူးဆန်းသော မျက်နှာထားမျိုးကို ချိတ်ဆွဲထားသည်။ ထိုမျက်နှာထားကမူ "ငါဘာမှမလုပ်ဘူး" "ငါက အပြစ်ကင်းတယ်" "ငါမင်းကို ချစ်တာကြောင့် အားလုံးကို လုပ်ထားတာ" ဆိုသော မျက်နှာထားမျိုး ဖြစ်နေလေသည်။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Continue Reading
You'll Also Like
1.5M 194K 158
264K 44.7K 127
English name:The Zombie Emperor's Domesticated Cat Type : web novel Genre : Adventure, romance, supernatural, yaoi Status in COO:95 chapters+2 extra...
26.1K 3.2K 39
"ကိုယ်ရပ်တန့်ပစ်ဖို့​ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်​နေတဲ့ အချိန်​တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapt...
212K 36.9K 75
This novel's not mine. Please support original author and english translator. Title : The Only Favourite Ugly Husband Author : Jué Jué Status : Com...