အန္တရာယ်ရှိသော စရိုက် - ဘာသာပ...

By Autumn260103

133K 28.6K 2.6K

Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့်... More

Chapter 1 - စိတ်ဖတ်စွမ်းရည်
Chapter 2- Identity
Chapter 3 - ရောဂါအမည်သတ်မှတ်ခြင်း
Chapter 4- ကွက်လပ်
Chapter 5- ကြောင် အလောင်း
Chapter 6- ဓား
Chapter 7- သံသယ
Chapter 8- ထိပ်တိုက်တွေ့ခြင်း
Chapter 9- ပွဲသိမ်း
Chapter 10- Turning Point
Chapter 11- ကြိုးရာ
Chapter 12- အတည်ပြုခြင်း
Chapter 13- ကောင်လေး
Chapter 14- ငိုသံ
Chapter 15- အမှုဟောင်း
Chapter 16- အတိတ်
Chapter 17- Bar
Chapter 18- အရက်တစ်ခွက်
Chapter 19 - ထိန်းမရတော့ခြင်း
Chapter 20 - လူသတ်မှု
Chapter 21- မျက်နှာချင်းဆိုင်အခန်း
Chapter 22- Cover your ears
Chapter 23- ခြွင်းချက်
Chapter 24- အိပ်မပျော်ခြင်း
Chapter 25- Getting medicine
Chapter 26- အကြံပြုချက်
Chapter 27- လက်အိတ်
Chapter 28- ကုထုံး
Chapter 29- အမှုအကြံပေး
Chapter 30- သံသယတရားခံ
Chapter 31- အိမ်နီးချင်းများ
Chapter 32- ချောင်းကြည့်ခြင်း
Chapter 33- အိမ်ငှား
Chapter 34- လက်စွပ်
Chapter 35- လက်ထောက်အကြံပေး
Chapter 36- အသံ
Chapter 37- Recovery
Chapter 38- အတည်ပြုချက်
Chapter 39 - စုံစမ်းရေး
Chapter 41- သတိပေးစကား
Chapter 42- Night Visit
Chapter 43- နှစ်ယောက်လုံးအား ရဲတိုင်ခြင်း
Chapter 44 - အထင်လွဲမှု
Chapter 45- အချိန်ကန့်သတ်ချက်
Chapter 46- ပွဲစား
Chapter 47- လူသတ်မှု
Chapter 48 - လူသတ်သမားကို အမဲလိုက်ခြင်း
Chapter 49 - အမှု ပြီးဆုံးခြင်း
Chapter 50- ချောကလက်
Chapter 51 - နောက်တစ်ကြိမ် ထိန်းချုပ်မရတော့ခြင်း
Chapter 52- Night Talk
Chapter 53- Dream Talk
Chapter 54- လမ်းကူးကြမယ်
Chapter 55- ရုပ်ရှင်ရုံ
Chapter 56- တိုက်ပေါ်မှ ပြုတ်ကျ
Chapter 57- ပါပါရာဇီ
Chapter 58- အရူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်
Chapter 59- အရူးလက်ထဲမှာ တစ်ခုခုရှိနေတာပဲ
Chapter 60- စိုးရိမ်မှု
Chapter 61- အန္တရာယ်ကြားထဲမှ
Chapter 62- မတော်တဆမှု
Chapter 63- Female Star
Chapter 64- လူနာ
Chapter 65- Photos
Chapter 66- မျက်နှာ
Chapter 67- သန္ဓေသား
Chapter 68- ဓာတ်ပုံဘောင်
Chapter 69- အဆောင်လက်ဖွဲ့ဆိုင်
Chapter 70 - သန္ဓေသားလောင်းမွေးမြူခြင်း
Chapter 71- ယဇ်ပူဇော်သော (ကုမာန်ထုန်)
Chapter 72- အလှည့်အပြောင်း
Chapter 73- နားဆွဲလေးတစ်ဖက်
Chapter 74- ရုပ်ရည်
Chapter 75- နှလုံးခုန်သံ
Chapter 76- လက်တွဲဖော်
Chapter 77- သူ ကြားလိုက်တယ်
Chapter 78- အတည်ပြုချက်
Chapter 79 - ကြောင်လေးတစ်ကောင် အိမ်ပေါ်ရောက်လာတယ်
Chapter 80- ချဉ်းကပ်ခြင်း
Chapter 81- သွေးဆောင်ဖျားယောင်းမြှူဆွယ်ခြင်း
Chapter 82- နားကပ်
Chapter 83- လက်မြှောက်အရှုံးပေးလိုက်ပြီ
Chapter 84 - ဖွင့်ဟဝန်ခံခြင်း
Chapter 85- ကိုယ့်ကို စမ်းချစ်ကြည့်လေ
Chapter 86- A Hug
Chapter 87- ချိန်းတွေ့ခြင်း အနုပညာ
Chapter 88- လျှို့ဝှက်အခန်း
Chapter 89 - နှစ်သိမ့်ပေး
Chapter 90- လူသိရှင်ကြား
Chapter 91- သူတို့နှစ်‌ယောက် ဆက်ဆံရေး
Chapter 92- ‌တောင်းဆိုမှု
Chapter 93 - လေတံခွန်
Chapter 94- ကျောင်းသားလေးများ
Chapter 95- ရမှတ်
Chapter 96- စိတ်ခံစားချက်

Chapter 40- တစ်ယောက်ထဲ နေဖြစ်သွားပြီ

1.3K 300 31
By Autumn260103

Unicode

ရန်ချင်း အလုပ်လုပ်သည့်နေရာမှာ ဒီလောက်နီးနီးလေးဖြစ်မှန်း ချီချင်းမသိ။ ထို့ကြောင့် နှုတ်‌ဆက်ရုံလောက်သာ နေ၍ ပြန်မည်ဟု တွေးထားသည်။ ရှဲ့လင်လုပ်နေပုံက သူ့အတွေးနှင့် ဆန့်ကျင်ဘက်ပင်။ စောစောက လူအုပ် ထွက်လာသည့်အချိန် ချီချင်းကို သူ့ဘက်ဆွဲထားလိုက်သေးသည်။
" အ‌လောတကြီး ပြန်စရာမလိုပါဘူး.. အရာရှိဆုနဲ့ အရာရှိကျိက CCTV မှတ်တမ်းတွေ ဒီလောက်ကြာအောင် ကြည့်နေရတာ.. ကိတ်လေးနည်းနည်း ဝယ်သွားရအောင် .. မိန်းကလေးရန်ရဲ့ ဆိုင်ကိုလဲ အားပေးတဲ့ အနေနဲ့ပေါ့"

ကိတ်မုန့်ဆိုင်လေးမှာ ခရင်မ်ရနံ့ချိုချိုလေးများ ပျံ့နှံ့၍ သန့်ရှင်းသပ်ရပ်နေသည်။

ရှဲ့လင် : " မင်း သူငယ်ချင်း ဘယ်အရသာမျိုးကို ကြိုက်လဲ"

ကျိမင်ရွေ့၏ ကြမ်းတမ်းရိုင်းစိုင်းခဲ့သည်ကို ပြန်တွေးကြည့်ရင်း ချီချင်းက ပြန်ဖြေသည်။
" အကုန်စားတယ်.. မသေရင်ပြီးရော"

ရှဲ့လင်လဲ မိန်းကလေးများ ကြိုက်လောက်မည့် ဒိုးနပ်တစ်ခုကိုပါ ဆုရှောင်းလန်အတွက် ရွေးလိုက်သည်။

စောင့်ကြည့်ခန်းထဲမှ ကျိမင်ရွေ့တစ်ယောက် နှာထချေသည်။
" ဘယ်သူငါ့အကြောင်းပြောနေလဲမသိဘူး"

ရှဲ့လင်က ဒိုးနပ်နှစ်ခုကို ရွေးပြီးနောက် ရန်ချင်းကို ကိတ်မုန့်ရွေးပေးရန် တောင်းဆိုလိုက်သည်။

ရန်ချင်းမှာ ကိတ်မုန့်များအားလုံးကို သေသေချာချာ လေ့လာထားပုံရသည်။
" ဒီတစ်ခုက တိရစ္ဆာန်ခရင်မ် ၈၀ရာခိုင်နှုန်းလောက်ပါတယ်.. ‌အပေါ်ပိုင်းကို လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီး‌နဲ့ အုပ်ထားတာ... ချိစ်နဲ့ စပျစ်သီးခြောက်အသားညှပ်မုန့်တွေလဲ ရှိပါတယ်.. ခရမ်ဘယ်ရီသီးကတော့ အချိုအနေတော်ပဲ သိပ်မအီဘူး.. ကျွန်မတို့ဆိုင်မှာ အကောင်းဆုံးပဲ.. အခုတောင် နောက်ဆုံးနှစ်ခုပဲ ကျန်တော့တာ"

" ကောင်းသားပဲ.. ကျန်တဲ့နှစ်ခုကို ယူလိုက်မယ်"
ရှဲ့လင်က ပြုံးပြုံးလေးနှင့် စကားစမြည်ပြောလိုက်သေးသည်။
" ဆိုင်နေရာပြောင်းလိုက်တော့ အလုပ်အကိုင်ရော အဆင်ပြေရဲ့လား"

ရန်ချင်းလဲ ကိတ်မုန့်ကို သေသေချာချာ ထုပ်ပိုးရင်း ပြန်ဖြေ၏။
" ဒီအလုပ်က ကျွန်မလုပ်နေကျပဲလေ.. ပြီးတော့ ဒီဘက်မှာက အရင်နေရာထက်ပိုပြီး သွားရလာရတာလဲ အဆင်ပြေတယ်... ဒါပေမဲ့ တစ်ခုပဲ..  အိပ်ရာကနိုးလာရင် အားကုန်ကုန်နေသလို ခံစားရတာတော့ ဘာလို့လဲမသိဘူး"

" ဆောင်းတွင်းမို့လို့ အစောကြီးမထနိုင်တာ ဖြစ်မှာနော်.. ဒါမှမဟုတ် အိမ်ပြောင်းလိုက်ရလို့ ပင်ပန်းနေတာကြောင့်လား"
ရန်ချင်းက ကိတ်မုန့်ကို တစ်စိပ်စီ ထုပ်ပိုးကာ ဖဲကြိုးလေးပင် ချည်ပေးလိုက်သေးသည်။ ပြုံးရယ်နေသော်လဲ ပထမဆုံးတွေ့သည့်အချိန်ကလောက် စိတ်ကြည်လင်နေပုံမပေါ်။
" နေရာအသစ်ဆိုတော့ အသားကျအောင် အချိန်ယူရမှာပေါ့"

" ဆေးခန်းတွေဘာတွေရော သွားကြည့်သေးလား"
ဆံပင်စည်းထားသော်လဲ နားရွက်နောက်မှ မစည်းမိပဲ ကျန်နေခဲ့သော ဆံပင်အချို့ကို ကြည့်ရင်း ရှဲ့လင်က မေးလိုက်သည်။

ရန်ချင်း : " အလုပ်က ပိတ်ရက်မရှိသေးဘူးလေ.. ပြီးတော့ ဆေးခန်းအထိ သွားစရာလဲ မလိုပါဘူးရှင်.. ဒီအတိုင်းပဲ ဖြစ်နေကျပါ.. ကြီးကြီးမားမားတော့ မဟုတ်လောက်ပါဘူး"

သူမက အသေးစိတ်မပြောပြသော်လဲ မိန်းကလေးအတော်များများ စိတ်‌အခြေအနေမကောင်းခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်းများတွင် အကြောင်းရင်းနှစ်ခုရှိနိုင်သည်ကို ရှဲ့လင်သိထား၏။ သွေးအားနည်းခြင်းနှင့် သွေးတွင်းသကြားဓာတ်နည်းခြင်း။

ရှဲ့လင်လဲ ဘာမှဆက်မမေးတော့။ သို့သော် ပြန်ထွက်လာသည့်အချိန် ကိတ်မုန့်တစ်ခုကို ကောင်တာပေါ် တင်ထားခဲ့သည်။ ရန်ချင်းလဲ ကြောင်အစွာနှင့် လှမ်းခေါ်လိုက်သည်။
" လူကြီးမင်းရှဲ့..."

'ပစ္စည်းကျန်ခဲ့တယ်' ဟု ပြောတော့မည်အလုပ် ရှဲ့လင်က တံခါးတွန်းဖွင့်၍ ပြန်ပြုံးပြရင်း သူမကို ပြောလိုက်သည်။
" အဲ့ဒါက ခင်ဗျားအတွက်ပါ.. အရင်တစ်ခေါက် ခင်ဗျားအိမ်ပြောင်းလာတုန်းက လက်ဗလာနဲ့လာခဲ့ရလို့ အားနာလို့ပါ... မငြင်းပါနဲ့‌ဗျ.. ပြီးတော့ ကျွန်တော်အရမ်းကြာနေရင် အပြင်ကတစ်ယောက် စိတ်ရှည်တော့မှာမဟုတ်ဘူး.. ကိတ်မုန့်ရွေးပေးလို့ ကျေးဇူးပါဗျ"

ချီချင်းမှာ ရှဲ့လင်ပြောသည့်အတိုင်း တကယ်ပင် စိတ်မရှည်ဖြစ်ကာ စိတ်ထဲမှ ပွစိပွစိ ပြောနေသည်။
" အခုထိ မပြီးနိုင်သေးဘူး"

ထို့နောက် တံခါးဝမှ ရှဲ့လင်ကိုကြည့်၍ ပြောလိုက်သည်။
" စကားပြောလို့ အားမရ‌သေးရင် အထဲပြန်ဝင်သွား.. အားရအောင်ပြောခဲ့"

ရှဲ့လင်တစ်ယောက် ကြောင်အသွား၏။
" မင်း စကားကို ဒီလိုပြောရင်..."

ချီချင်း : "???"

ရှဲ့လင် : " ကိုယ့်ကို သဝန်တိုနေတယ်လို့ ထင်မိတော့မှာပဲ"

ချီချင်း : " ..."

ဒီလူ တော်တော်လေး ရူးနေတာပဲ..

ဘယ်သူက သဝန်တိုရမှာလဲ..

သူ ထုတ်မပြောသော်လဲ ရှဲ့လင်က သူ့စိတ်ကို သိပုံရကာ ထပ်ပြောလိုက်သည်။
" မင်းအတွက်လဲ ကိတ်ဝယ်လာပါတယ်... မင်း ကြိုက်တာကို ရွေး.. ကျန်တာကို သူတို့အတွက် သွားပို့ပေးရအောင်"

ရှဲ့လင်နှင့် ချီချင်းတို့နှစ်ယောက်လုံးက CCTV ပေါ်တွင် လူသတ်သမား ပေါ်မလာနိုင်ဟု ယူ‌ဆကြသော်လဲ မှတ်တမ်းကိုတော့ စစ်ဆေးရမည်ဖြစ်၏။ ထို့ကြောင့် CCTV စောင့်ကြည့်ခန်းထဲတွင် ညနေအထိ သူတို့ရှိနေကြရသည်။ ကိတ်မုန့်ကို အရသာပင် မခံနိုင်‌ပဲ စားခဲ့သော ကျိမင်ရွေ့တစ်ယောက် အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

" ဒီနေ့တော့ ဒီလောက်ပဲ... မှတ်တမ်းတွေက ပြီးသလောက်နီးပါးရှိနေပြီ"
ကျိမင်ရွေ့မှာ နှာခေါင်းရိုးကို လက်နှင့် နှိပ်နေသည်။
" ချိန်းထားတာမရှိရင် ညစာအတူစားရအောင်လေ..  ငါ ကျန်းယွီကို လှမ်းခေါ်လိုက်မယ်.. ငါတို့အတူ ညစာမစားရတာ ကြာပြီ"

အဓိကအကြောင်းရင်းကတော့ ကျန်းယွီက သူ့အိုင်ဒေါကို တွေ့ချင်လွန်း၍ တဖွဖွ ပူဆာနေသောကြောင့်ပင်။ ' ငါလဲ CCTV မှတ်တမ်း လိုက်ကြည့်လို့မရဘူးလား ဘာလို့ ငါ့အိုင်ဒေါနဲ့ ငါ့ကို ခွဲထားကြတာလဲ' ဟု နားငြီးအောင် ပြောဆိုပြီးသည့်နောက်တွင် ဒီည ညစာလေးတော့ အတူစားရအောင်ဟု ကျိမင်ရွေ့ကို အကူအညီတောင်းလာခဲ့သည်။

ချီချင်းက ရှဲ့လင်၏ လက်ထောက်ဖြစ်သည့်အတွက် ညစာသွားစားခြင်း မစားခြင်းက ရှဲ့လင်အပေါ်တွင်သာ မူတည်နေသည်။

ရှဲ့လင်က တစ်စုံတစ်ယောက်နှင့် စာအပြန်အလှန်ပို့နေပုံရကာ ခဏနေတော့ မျက်လုံးပင့်ကြည့်၍ ‌ပြန်ဖြေသည်။
" တောင်းပန်ပါတယ်ဗျာ... ဒီနေ့တော့ ကျွန်တော်မလိုက်နိုင်တော့ဘူး.. ချိန်းထားတာလေး ရှိလို့ပါ"

ကျိမင်ရွေ့ မအံ့ဩမိ။ ရှဲ့လင်လိုလူမျိုးတွင် ချိန်းထားမည့်သူများ အမြောက်အမြားရှိနေနိုင်သည်။

ထို့နောက် သူ့အချစ်ဆုံးသူငယ်ချင်းကို လှည့်ကြည့်သည်။
" မင်းရော.. လိုက်ခဲ့ပါလား.. ငါ သီးသန့်အခန်း ကြိုမှာထားလိုက်မယ်လေ.. လူအများကြီးမရှိစေရဘူး"

သို့သော် ချီချင်း မဖြေခင် ရှဲ့လင်၏ အသံက အရင်ထွက်လာခဲ့သည်။
" သူလဲ ချိန်းထားတာ ရှိတယ်ဗျ"

ကျိမင်ရွေ့ : "..."

ဘာတွေဖြစ်နေတာလဲ...

ဒီနှစ်ယောက်ကြားထဲမှာ တစ်ခုခုတော့ ရှိရမယ်

" မိန်းကလေးရန်က အခုပဲ စာပို့တယ်.. အလုပ်စောစောဆင်းလို့ ဟင်းချက်ထားတယ်တဲ့.. ကိုယ်တို့နှစ်ယောက်ကို ထမင်းလာစားဖို့ ဖိတ်ထားတယ်"
ကားပေါ်ရောက်တော့မှ ရှဲ့လင်က ရှင်းပြသည်။
" တကယ်တော့ ထမင်းဖိတ်ကျွေးချင်နေတာကြာပြီ အခန်းရှင်းနေရတာနဲ့ ကြာသွားတာတဲ့.. ဟုတ်ပြီလား"

လူအများနှင့် ဆက်ဆံလိုစိတ်မရှိသော ချီချင်းမှာ လောကဝတ်တို့ ဘာတို့မသိ။
" အချိန်ရရင် ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေပေါ့.. အိမ်နီးချင်းတွေကိုများ ထမင်းဖိတ်ကျွေးနေသေးတယ်"

ရှဲ့လင် : "..."

ခဏအကြာတွင် ရှဲ့လင်က ပြန်မေး၏။
" မင်း အရင်တိုက်ခန်းမှာ ငှားနေတာ ဘယ်လောက်ကြာခဲ့လဲ"

မေးခွန်း၏ အကြောင်းရင်းကို မသိသော်လဲ ချီချင်း ပြန်ဖြေလိုက်သည်။
" နှစ်နှစ်ကျော်ပြီ"

" အဲ့ဒီ့နှစ်နှစ်အတွင်း တစ်တိုက်ထဲ‌‌နေတဲ့ အိမ်နီးချင်းတွေနဲ့ မင်း တစ်ခါမှတောင် စကားပြောဖူးမှာ မဟုတ်ဘူး.. တကယ်လို့ တ‌စ်ယောက်ယောက်က မင်းအိမ်တံခါးကို လာခေါက်ရင်တောင် တံခါးထဖွင့်ပေးမှာမဟုတ်ဘူး"
ရှဲ့လင်က ကားလမ်းကို အာရုံစိုက်၍ ပြောနေသည်။
" တကယ်လို့သာ မင်း ရောဂါပျောက်ချင်တာ သေချာရင် မင်း အရင်က ရှောင်တဲ့အရာတွေကို တကယ် ထိတွေ့သင့်တယ်.. ထိတွေ့ဆက်ဆံတယ်ဆိုတာက သူ့တို့လက်ကို သွားကိုင်တာမျိုးကို ပြောချင်တာတော့ ‌မဟုတ်ဘူးပေါ့.. စကားတွေဘာတွေ ပြောတဲ့အခါ လက်ခံပြော‌တာတို့ ဘာတို့ကိုပြောတာ"

ရုံးဆင်းချိန်ဖြစ်၍ လမ်းပိတ်နေသည့်အတွက် ရှဲ့လင်၏အသံက အပြင်လမ်းမှ ကားဟွန်းသံအချို့နှင့် ရောနေသည်။

" လူသားတွေက အရမ်းရိုးရှင်းတာမဟုတ်ပေမဲ့ အရမ်းကြီး ရှုပ်ထွေးနေတာတော့လဲ မဟုတ်ပါဘူး"

အိမ်ပြန်ရောက်ပြီးနောက် ချီချင်းပထမဆုံးလုပ်သည့်အရာမှာ ရေချိုးခြင်းဖြစ်၏။ ထို့နောက် ဆံပင်သုတ်ကာ မီးဖိုခန်းထဲ ဝင်၍ ထမင်းပန်းကန်များကို ကြည့်ရင်း တိတ်ဆိတ်နေသည်။

နောက်ဆုံးတော့ ပန်းကန်လုံးတစ်လုံး တူတစ်စုံနှင့် ပန်းကန်ပြားတစ်ချပ် ယူလိုက်သည်။

မိနစ်အနည်းငယ်အကြာ ရန်ချင်း နောက်ဆုံးဟင်းတစ်ခွက်ချက်အပြီးတွင် အပေါ်ထပ်မှ အိမ်နီးချင်းနှစ်ယောက် ရောက်လာခဲ့သည်။

သူမ တံခါးဖွင့်လိုက်တော့ ထိုသူနှစ်ယောက်က စကားပြောနေကြသည်။

" ကိုယ် တံခါးလာခေါက်တော့ ဘာလို့မဖွင့်ပေးတာလဲလို့ မေးနေတယ်လေ"
ရှဲ့လင်က ချီချင်းအနားကပ်ကာ ဆက်ပြောနေသည်။
" အင်္ကျီလဲ လဲထားတယ်... ဆံပင်က ခေါင်းလျှော်ရည်အနံ့လေးလဲ မတူတော့ဘူး.. အသန့်ကြိုက်တဲ့သူတွေ အိမ်ပြန်ရောက်ရင် အရင်ဆုံးလုပ်တဲ့အလုပ်က ရေချိုးတာများလား"

ရှန်ပူနံ့သင်းနေသော ဆံစလေးများက ချီချင်း၏ နဖူးပေါိ ဝဲနေကြသည်။ ဆံပင်လေးများက ပျော့ပျောင်း၍ နူးညံ့နေသော်လဲ ပါးစပ်ကတော့ တင်းမာနေသည်။
" ကျွန်တော် ခေါင်းလျှော်ရည်ပြောင်းလိုက်တာတောင် အနံ့ရတယ်ဆိုတော့ ခင်ဗျားက ခွေးလား"

ရန်ချင်းလဲ အားတုံ့အားနာနှင့် ကြားဖြတ်လိုက်ရသည်။
" အမ်... ရှင်တို့ရောက်လာကြပြီကိုး"

ရှဲ့လင်လက်ထဲတွင် ဝိုင်တစ်ပုလင်းကိုင်လာသည်။ ရန်ချင်းက ဝိုင်အကြောင်း သိပ်မသိသော်လဲ ရှဲ့လင်လက်ထဲမှ ထိုဝိုင်က အတော်ဈေးကြီးပုံပေါ်သည်ကိုတော့ သိသည်။ အိမ်ထဲဝင်လာတော့ ရှဲ့လင်က ဝိုင်ပုလင်းကို ကမ်းပေးလိုက်သည်။
" ကျွန်တော့်အိမ်မှာ တခြားဘာမှမရှိလို့ ဒါပဲယူလာလိုက်တာပါ"

ရန်ချင်း၏ ကြောင်ဝါလေးသည်လဲ ထွက်၍ကြိုသည်။ ဝင်လာသည့်သူကိုကြည့်ပြီးနောက် ရန်ချင်းခြေထောက်နား ပွတ်သပ်ရင်း တညောင်ညောင်နှင့် အော်နေသည်။ သူ့ပုံစံက တွေ့စကထက် ရန်လိုနေ၏။

ရန်ချင်းလဲ ဝိုင်ပုလင်းကို လက်နှစ်ဖက်နှင့် လှမ်းယူသည်။
" အားနာနေစရာမလိုပါဘူးရှင်"

တခြားတစ်ယောက်ကိုကြည့်လိုက်တော့ ထိုတစ်ယောက်လက်ထဲတွင်လဲ တစ်စုံတစ်ခုကိုင်လာသည်ကို ရန်ချင်း မြင်လိုက်ရသည်။ သို့သော်...

ချီချင်းက သူ့လက်ထဲမှ ပန်းကန်လုံးနှင့် တူကို လက်ထဲကိုင်ထားမြဲ။
" အားနာပါတယ် .. ကျွန်တော် သူများပစ္စည်းတွေ မသုံးတတ်လို့"

ပုံမှန်ဆို အပြင်ထွက်စားသည့်အခါတိုင်း အသုံးမပြုခင် ရေနွေးနှင့်ဆေးရုံမှလွဲ၍ တခြားဘာမှ လုပ်လို့မရ။ အခုတော့ အောက်ထပ်တင်မို့ အဆင်ပြေသဖြင့် သူ့အိမ်က ပစ္စည်းများသာ ယူလာခဲ့သည်။

ပထမဆုံး စတွေ့သည့်နေ့ထဲက လူကြီးမင်းချီ၏ ထူးဆန်းမှုကို ရန်ချင်း သတိထားမိသည်။

သို့သော် လူတိုင်းလူတိုင်းတွင် ပထမဆုံးတွေ့သည့် အမြင်ကသာ အရေးကြီးပေရာ အစထဲက ထူးဆန်းခဲ့သည့်အတွက် ချီချင်း ဘယ်လောက်ထူးဆန်းတာတွေလုပ်လုပ် လက်မခံနိုင်စရာအကြောင်းမရှိတော့။

ရန်ချင်းက သူတို့ကို ထိုင်စရာနေရာပေးလိုက်သည်။
" ရှင်တို့ရောက်တာ အချိန်ကိုက်ပဲ.. ဟင်းချိုချပြီးရင် စားလို့ရပြီ . ကျွန်မတို့မြို့က အစပ်အရမ်းကြိုက်တာ.. ရှင်တို့ ခံတွင်းတွေ့ပါ့မလားတော့မသိဘူး"

စားသောက်နေရင်း ရှဲ့လင်နှင့် ရန်ချင်းတို့ စကားစမြည်ပြောကြသည်။

" အစပ်ကြိုက်တယ်ဆိုရင် ကျွန်မတို့မြို့ကို လာလည်ပါလား.. ရှုခင်းတွေ အရမ်းလှတယ်"
ရန်ချင်းက ပြုံးရယ်ရင်း ဆက်ပြောနေသည်။
" တကယ်လို့ ရှင်တို့လာလည်မယ်ဆိုရင် ရှုခင်းနေရာတချို့ ကျွန်မပြောပြမယ်.. တိုးဂိုက်တွေ လိုက်မပို့တဲ့နေရာတွေမှ အများကြီး"

ချီချင်းကတော့ ဘေးမှ နားထောင်ရုံသက်သက်သာဖြစ်၏။

ရန်ချင်းဘဝက အတော်လေး ရိုးရှင်းသည်။ ငယ်ငယ်လေးထဲက ကိတ်မုန့်များကို ကြိုက်ကာ ကိတ်မုန့်များ၏ အချိုဓာတ်က လူတွေကို ပျော်ရွှင်စေနိုင်သည်ဟု ခံယူထားသူဖြစ်သည်။

သူမနှင့် မိသားစု၏ ဆက်ဆံရေးကလဲ ရိုးရှင်း၏။ သူမအောက်တွင် မောင်လေးနှင့် ညီမလေးများ များစွာရှိသော်လဲ သူမ ကျောင်းတက်၍ အပြင်ရောက်လာတော့ သူမအိမ်က သူမကို ဂရုမစိုက်နိုင်။ သို့သော် သူမ နည်းနည်းလေးပင် မကောင်းမပြော။
" အိမ်မှာလဲ မလွယ်ကူပါဘူးရှင် အဖေတို့အမေတို့က အလုပ်လဲသွားရတယ် ‌အငယ်လေးတွေကိုလဲ ကြည့်ရသေးတယ်.. သူတို့ကျွန်မကို လျစ်လျှူရှုလဲ ဘာမှမဖြစ်ပါဘူး... ကျွန်မ သူတို့ကို ဂရုစိုက်လဲ ဖြစ်တာပဲ"

ထို့နောက် စကားပြောရင်း တချို့အကြောင်းအရာအသေးလေးတွေ ပါလာသည်။

" အခုအလုပ်မှာလဲ ဝန်ထမ်းတွေက အရင်မန်နေဂျာကို ပိုသဘောကျတယ်ထင်ပါရဲ့.. ကျွန်မကို အလုပ်နည်းနည်းခက်ခဲအောင် လုပ်ကြတယ်.. ဒီနေ့လဲ အလုပ်သမားတစ်ယောက်က တော်တော်လေးကို နောက်ကျလို့ အမှတ်ဖြတ်လိုက်တာကို...."

ရှဲ့လင် စကားပြောအတော်ကောင်းသည်ကိုတော့ ချီချင်း ဝန်ခံရမည်။ နာရီဝက်အတွင်းမှာပင် ရန်ချင်း၏ မွေးကင်းစမှ လက်ရှိအလုပ်လုပ်သည်အထိ အကုန်သိသွားလေသည်။

သို့သော် ချီချင်းသတိထားမိတာတစ်ခုက ရန်ချင်းစကားထဲတွင် သူမရည်းစားအကြောင်း တစ်ခွန်းပင်မပါ။

ချီချင်း၏ ထိန်းချုပ်မရနိုင်သော အခြေအနေကို ကျော်လွန်ခဲ့ပြီဖြစ်၍ ညတိုင်း ညတိုင်း စကားတိုးတိုးလေး လာပြောသော ရန်ချင်းရည်းစား၏ အသံကို မကြားရတော့သော်လဲ ထိုအသံကို သူ စိတ်ထင့်နေသေးသည်။ သူမပုံစံက ရည်းစားရှိနေပုံမပေါ်။

ဟင်းချိုထည့်ရန် ရန်ချင်း မီးဖိုထဲ ထသွားတော့ ရှဲ့လင်က ချီချင်းဘက်လှည့်သည်။
" မင်း ဟိုကြည့်သည်ကြည့်နဲ့ ဘာတွေလိုက်ကြည့်နေတာလဲ"

ချီချင်းလဲ တူပြန်ချကာ မေးခွန်းနှင့်မဆိုင်သော စကားကို ပြန်ပြောလိုက်သည်။
" သူ တစ်ယောက်ထဲသမားလို့ ခင်ဗျားထင်လား"

အကယ်၍ တခြားသူတစ်ယောက်ကသာ ထိုမေးခွန်းမျိုးကို မေးပါက ရန်ချင်းအပေါ် စိတ်ဝင်စား၍ မေးသည်ဟု ထင်မိလိမ့်မည်။ သို့သော် မေးသူက သာမန်လူများနှင့် မတူသော ချီချင်းဖြစ်နေ၏။

ထို့ကြောင့် ရှဲ့လင်လဲ ချီချင်းကြည့်သည့်နေရာသို့ လိုက်ကြည့်ရင်း အပေါက်ဝမှ ဖိနပ်စင်ကို အကြည့်ရောက်သည်။ ထို့နောက် တဖြည်းဖြည်းချင်း အိမ်အပြင်အဆင်ကို သေချာကြည့်နေ၏။
" တစ်ယောက်ထဲသမားပဲ"

ရှဲ့လင်က စားပွဲပေါ် လက်တင်ထားသည်။
" အိမ်ပြောင်းတော့လဲ တစ်ယောက်ထဲပြောင်းလာတယ်.. စကားပြောတော့လဲ ရည်းစားအကြောင်း မပါဘူး...ဖိနပ်စင်မှာလဲ ယောက်ျားလေးဖိနပ်မရှိဘူး.. ဆင်တူပစ္စည်းတွေလဲ မရှိ.. ကိုယ့်လို လူဆိုရင်တော့ တစ်မျိုးပေါ့.. ဆင်တူလက်စွပ်ကို အပျော်ဝတ်တာဆိုတော့.. နောက်ပြီး အရေးအကြီးဆုံးက သူ့ဖုန်းwallpaper က သူ့ကြောင်လေး တန့်ကောင်းရဲ့ ပုံ.. ထမင်းစားနေတုန်း ဖုန်းတောင်ကိုင်တာမဟုတ်ဘူး.. တကယ်လို့ သူ့မှာ ရည်းစားရှိတယ်ဆိုရင် အပေါ်ထပ်မှာနေတဲ့ ယောက်ျားလေးနှစ်ယောက်ကို ထမင်းဖိတ်ကျွေးနေတုန်း သူ့ရည်းစားကိုအသိပေးတာ‌မျိုးက ဖြစ်ကိုဖြစ်သင့်တယ်...ဒါနဲ့ မင်း ဘာလို့မေးတာလဲ"

ချီချင်း၏ အမြင်ကလဲ ထိုကဲ့သို့သာဖြစ်၏။ သူ ထင်နေသည့် ရန်ချင်းရည်းစားက ညဘက်မှ လာကာ သဲလွန်စတစ်ခုပင် မထားခဲ့။

သူ့ရင်ထဲမှ သံသယတို့ တစတစ ကြီးထွားလာသော်လဲ မျက်နှာအမူအရာက တစ်ချက်လေးပင် မပြောင်းပဲ ဆင်ခြေတစ်ခု ရှာလိုက်သည်။
" ဘာမှမဟုတ်ပါဘူး.. အရင်တစ်ခေါက်က သူ့သူငယ်ချင်း နောက်မှလိုက်လာမယ်လို့ ပြောထားဖူးလို့လေ"

ရှဲ့လင် : "သူငယ်ချင်းဆိုတာ မိန်းကလေးဖြစ်လောက်တယ်.. အခုထိတော့ မရောက်လောက်သေးဘူးလို့ ထင်တာပဲ"

သူတို့အိမ်ထဲ စဝင်တော့ ချီချင်းလက်ထဲတွင် ပန်းကန်လုံးများ ကိုင်ထားသောကြောင့် တစ်ခါသုံး အိမ်တွင်းစီး ဖိနပ်ပါးကို ထုတ်ရန် ရှဲ့လင် ဖိနပ်စင်ကို ဖွင့်ကြည့်ခဲ့သေး၏။
" စောစောက ကိုယ် အထဲကြည့်လိုက်တော့ တစ်အိမ်လုံးမှာမှ အိမ်တွင်းစီးဖိနပ် နှစ်ရံပဲ ရှိတယ်...အသစ်တစ်ခုကို ဖွင့်တောင် မဖွင့်ရသေးဘူး.. မိန်းကလေးစီးပါပဲ"

ရှဲ့လင်းစကားဆုံးတော့ ဟင်းချိုသွားယူသော ရန်ချင်း ပြန်ရောက်လာသည်။ အပူခံသည့် လက်အိတ်ထူထူကို ဝတ်ကာ ပန်းကန်ချရင်း ပြောနေသည်။
" သတိထားနော် နည်းနည်းပူတယ်"

" ခုနက ရှင်တို့ဘာပြောနေကြတာလဲ.. တန့်ကောင်းနာမည်ကို ကြားလိုက်လားလို့ပါ"

" ခင်ဗျားဖုန်းထဲက တန့်ကောင်းဓာတ်ပုံက ချစ်ဖို့ကောင်းတယ်လို့ပြောနေတာပါ"
ရှဲ့လင်က ဆက်ပြောသည်။

ထိုသို့ဖြင့် ချီချင်းက သဘာဝကျစွာပင် ဝင်မေးလိုက်သည်။
" ခင်ဗျားနဲ့ အတူနေတယ်ဆိုတဲ့ သူငယ်ချင်းလဲ မမြင်မိပါလား"

သဘာ‌ဝကျကျ မေးလိုက်သည်ဆိုသော်လဲ အေးစက်သောအသံကြောင့် သဘာဝကျသည်ဟု မခံစားရ။

ရန်ချင်းလဲ ပြုံးရင်း ဇွန်းကောက်ကိုင်ကာ ပြောလိုက်သည်။
" ကျွန်မရဲ့ မှတ်ဉာဏ်ကိုလဲ ကြည့်ပါဦး.. ဒီလောက်စကားတွေအများကြီးပြောတာတောင် မေ့နေတယ်... အခု ကျွန်မတစိယောက်ထဲ နေတာ"

"အစတုန်းကတော့ ကျွန်မသူငယ်ချင်းလဲ လိုက်လာမလို့ပဲ.. အရင်က ကောလိပ်တက်တုန်းကလဲ တစ်ခန်းထဲ အတူနေကြတာလေ.. "
ရန်ချင်းက စကားနေချိန် ဟထားသော အိပ်ခန်းတံခါးကို သူတို့မြင်လိုက်ရသည်။ အိပ်ရာတို့က သန့်ရှင်းကာ ပန်းရောင်စောင်ကို သပ်ရပ်စွာ ခင်းထား၏။
" ဒါပေမဲ့ အစီအစဉ်ပြောင်းသွားတယ်.. သူ့မိဘတွေက အိမ်မှာပဲနေပြီး အစိုးရဝန်ထမ်းပဲ လုပ်ရမယ်တဲ့... အဲ့ဒါကြောင့် မလာ‌ဖြစ်တော့ဘူး"

ချီချင်း ထိုင်နေရင်း ဟထားသော အိပ်ခန်းတံခါးကိုကြည့်၍ မျက်နှာအမူအရာ မသိမသာပြောင်းသွားလေသည်။

.....
End of part 40
Thank you all


Zawgyi

ရန္ခ်င္း အလုပ္လုပ္သည့္ေနရာမွာ ဒီေလာက္နီးနီးေလးျဖစ္မွန္း ခ်ီခ်င္းမသိ။ ထို႔ေၾကာင့္ ႏႈတ္‌ဆက္႐ုံေလာက္သာ ေန၍ ျပန္မည္ဟု ေတြးထားသည္။ ရွဲ႕လင္လုပ္ေနပုံက သူ႕အေတြးႏွင့္ ဆန႔္က်င္ဘက္ပင္။ ေစာေစာက လူအုပ္ ထြက္လာသည့္အခ်ိန္ ခ်ီခ်င္းကို သူ႕ဘက္ဆြဲထားလိုက္ေသးသည္။
" အ‌ေလာတႀကီး ျပန္စရာမလိုပါဘူး.. အရာရွိဆုနဲ႕ အရာရွိက်ိက CCTV မွတ္တမ္းေတြ ဒီေလာက္ၾကာေအာင္ ၾကည့္ေနရတာ.. ကိတ္ေလးနည္းနည္း ဝယ္သြားရေအာင္ .. မိန္းကေလးရန္ရဲ႕ ဆိုင္ကိုလဲ အားေပးတဲ့ အေနနဲ႕ေပါ့"

ကိတ္မုန႔္ဆိုင္ေလးမွာ ခရင္မ္ရနံ႕ခ်ိဳခ်ိဳေလးမ်ား ပ်ံ့ႏွံ႕၍ သန႔္ရွင္းသပ္ရပ္ေနသည္။

ရွဲ႕လင္ : " မင္း သူငယ္ခ်င္း ဘယ္အရသာမ်ိဳးကို ႀကိဳက္လဲ"

က်ိမင္ေ႐ြ႕၏ ၾကမ္းတမ္းရိုင္းစိုင္းခဲ့သည္ကို ျပန္ေတြးၾကည့္ရင္း ခ်ီခ်င္းက ျပန္ေျဖသည္။
" အကုန္စားတယ္.. မေသရင္ၿပီးေရာ"

ရွဲ႕လင္လဲ မိန္းကေလးမ်ား ႀကိဳက္ေလာက္မည့္ ဒိုးနပ္တစ္ခုကိုပါ ဆုေရွာင္းလန္အတြက္ ေ႐ြးလိုက္သည္။

ေစာင့္ၾကည့္ခန္းထဲမွ က်ိမင္ေ႐ြ႕တစ္ေယာက္ ႏွာထေခ်သည္။
" ဘယ္သူငါ့အေၾကာင္းေျပာေနလဲမသိဘူး"

ရွဲ႕လင္က ဒိုးနပ္ႏွစ္ခုကို ေ႐ြးၿပီးေနာက္ ရန္ခ်င္းကို ကိတ္မုန႔္ေ႐ြးေပးရန္ ေတာင္းဆိုလိုက္သည္။

ရန္ခ်င္းမွာ ကိတ္မုန႔္မ်ားအားလုံးကို ေသေသခ်ာခ်ာ ေလ့လာထားပုံရသည္။
" ဒီတစ္ခုက တိရစာၦန္ခရင္မ္ ၈၀ရာခိုင္ႏႈန္းေလာက္ပါတယ္.. ‌အေပၚပိုင္းကို လတ္လတ္ဆတ္ဆတ္ စေတာ္ဘယ္ရီသီး‌နဲ႕ အုပ္ထားတာ... ခ်ိစ္နဲ႕ စပ်စ္သီးေျခာက္အသားညွပ္မုန႔္ေတြလဲ ရွိပါတယ္.. ခရမ္ဘယ္ရီသီးကေတာ့ အခ်ိဳအေနေတာ္ပဲ သိပ္မအီဘူး.. ကြၽန္မတို႔ဆိုင္မွာ အေကာင္းဆုံးပဲ.. အခုေတာင္ ေနာက္ဆုံးႏွစ္ခုပဲ က်န္ေတာ့တာ"

" ေကာင္းသားပဲ.. က်န္တဲ့ႏွစ္ခုကို ယူလိုက္မယ္"
ရွဲ႕လင္က ၿပဳံးၿပဳံးေလးႏွင့္ စကားစျမည္ေျပာလိုက္ေသးသည္။
" ဆိုင္ေနရာေျပာင္းလိုက္ေတာ့ အလုပ္အကိုင္ေရာ အဆင္ေျပရဲ႕လား"

ရန္ခ်င္းလဲ ကိတ္မုန႔္ကို ေသေသခ်ာခ်ာ ထုပ္ပိုးရင္း ျပန္ေျဖ၏။
" ဒီအလုပ္က ကြၽန္မလုပ္ေနက်ပဲေလ.. ၿပီးေတာ့ ဒီဘက္မွာက အရင္ေနရာထက္ပိုၿပီး သြားရလာရတာလဲ အဆင္ေျပတယ္... ဒါေပမဲ့ တစ္ခုပဲ..  အိပ္ရာကနိုးလာရင္ အားကုန္ကုန္ေနသလို ခံစားရတာေတာ့ ဘာလို႔လဲမသိဘူး"

" ေဆာင္းတြင္းမို႔လို႔ အေစာႀကီးမထနိုင္တာ ျဖစ္မွာေနာ္.. ဒါမွမဟုတ္ အိမ္ေျပာင္းလိုက္ရလို႔ ပင္ပန္းေနတာေၾကာင့္လား"
ရန္ခ်င္းက ကိတ္မုန႔္ကို တစ္စိပ္စီ ထုပ္ပိုးကာ ဖဲႀကိဳးေလးပင္ ခ်ည္ေပးလိုက္ေသးသည္။ ၿပဳံးရယ္ေနေသာ္လဲ ပထမဆုံးေတြ႕သည့္အခ်ိန္ကေလာက္ စိတ္ၾကည္လင္ေနပုံမေပၚ။
" ေနရာအသစ္ဆိုေတာ့ အသားက်ေအာင္ အခ်ိန္ယူရမွာေပါ့"

" ေဆးခန္းေတြဘာေတြေရာ သြားၾကည့္ေသးလား"
ဆံပင္စည္းထားေသာ္လဲ နား႐ြက္ေနာက္မွ မစည္းမိပဲ က်န္ေနခဲ့ေသာ ဆံပင္အခ်ိဳ႕ကို ၾကည့္ရင္း ရွဲ႕လင္က ေမးလိုက္သည္။

ရန္ခ်င္း : " အလုပ္က ပိတ္ရက္မရွိေသးဘူးေလ.. ၿပီးေတာ့ ေဆးခန္းအထိ သြားစရာလဲ မလိုပါဘူးရွင္.. ဒီအတိုင္းပဲ ျဖစ္ေနက်ပါ.. ႀကီးႀကီးမားမားေတာ့ မဟုတ္ေလာက္ပါဘူး"

သူမက အေသးစိတ္မေျပာျပေသာ္လဲ မိန္းကေလးအေတာ္မ်ားမ်ား စိတ္‌အေျခအေနမေကာင္းျခင္း ကိုယ္လက္မအီမသာျဖစ္ျခင္းမ်ားတြင္ အေၾကာင္းရင္းႏွစ္ခုရွိနိုင္သည္ကို ရွဲ႕လင္သိထား၏။ ေသြးအားနည္းျခင္းႏွင့္ ေသြးတြင္းသၾကားဓာတ္နည္းျခင္း။

ရွဲ႕လင္လဲ ဘာမွဆက္မေမးေတာ့။ သို႔ေသာ္ ျပန္ထြက္လာသည့္အခ်ိန္ ကိတ္မုန႔္တစ္ခုကို ေကာင္တာေပၚ တင္ထားခဲ့သည္။ ရန္ခ်င္းလဲ ေၾကာင္အစြာႏွင့္ လွမ္းေခၚလိုက္သည္။
" လူႀကီးမင္းရွဲ႕..."

'ပစၥည္းက်န္ခဲ့တယ္' ဟု ေျပာေတာ့မည္အလုပ္ ရွဲ႕လင္က တံခါးတြန္းဖြင့္၍ ျပန္ၿပဳံးျပရင္း သူမကို ေျပာလိုက္သည္။
" အဲ့ဒါက ခင္ဗ်ားအတြက္ပါ.. အရင္တစ္ေခါက္ ခင္ဗ်ားအိမ္ေျပာင္းလာတုန္းက လက္ဗလာနဲ႕လာခဲ့ရလို႔ အားနာလို႔ပါ... မျငင္းပါနဲ႕‌ဗ်.. ၿပီးေတာ့ ကြၽန္ေတာ္အရမ္းၾကာေနရင္ အျပင္ကတစ္ေယာက္ စိတ္ရွည္ေတာ့မွာမဟုတ္ဘူး.. ကိတ္မုန႔္ေ႐ြးေပးလို႔ ေက်းဇူးပါဗ်"

ခ်ီခ်င္းမွာ ရွဲ႕လင္ေျပာသည့္အတိုင္း တကယ္ပင္ စိတ္မရွည္ျဖစ္ကာ စိတ္ထဲမွ ပြစိပြစိ ေျပာေနသည္။
" အခုထိ မၿပီးနိုင္ေသးဘူး"

ထို႔ေနာက္ တံခါးဝမွ ရွဲ႕လင္ကိုၾကည့္၍ ေျပာလိုက္သည္။
" စကားေျပာလို႔ အားမရ‌ေသးရင္ အထဲျပန္ဝင္သြား.. အားရေအာင္ေျပာခဲ့"

ရွဲ႕လင္တစ္ေယာက္ ေၾကာင္အသြား၏။
" မင္း စကားကို ဒီလိုေျပာရင္..."

ခ်ီခ်င္း : "???"

ရွဲ႕လင္ : " ကိုယ့္ကို သဝန္တိုေနတယ္လို႔ ထင္မိေတာ့မွာပဲ"

ခ်ီခ်င္း : " ..."

ဒီလူ ေတာ္ေတာ္ေလး ႐ူးေနတာပဲ..

ဘယ္သူက သဝန္တိုရမွာလဲ..

သူ ထုတ္မေျပာေသာ္လဲ ရွဲ႕လင္က သူ႕စိတ္ကို သိပုံရကာ ထပ္ေျပာလိုက္သည္။
" မင္းအတြက္လဲ ကိတ္ဝယ္လာပါတယ္... မင္း ႀကိဳက္တာကို ေ႐ြး.. က်န္တာကို သူတို႔အတြက္ သြားပို႔ေပးရေအာင္"

ရွဲ႕လင္ႏွင့္ ခ်ီခ်င္းတို႔ႏွစ္ေယာက္လုံးက CCTV ေပၚတြင္ လူသတ္သမား ေပၚမလာနိုင္ဟု ယူ‌ဆၾကေသာ္လဲ မွတ္တမ္းကိုေတာ့ စစ္ေဆးရမည္ျဖစ္၏။ ထို႔ေၾကာင့္ CCTV ေစာင့္ၾကည့္ခန္းထဲတြင္ ညေနအထိ သူတို႔ရွိေနၾကရသည္။ ကိတ္မုန႔္ကို အရသာပင္ မခံနိုင္‌ပဲ စားခဲ့ေသာ က်ိမင္ေ႐ြ႕တစ္ေယာက္ အခန္းထဲမွ ျပန္ထြက္လာခဲ့သည္။

" ဒီေန႕ေတာ့ ဒီေလာက္ပဲ... မွတ္တမ္းေတြက ၿပီးသေလာက္နီးပါးရွိေနၿပီ"
က်ိမင္ေ႐ြ႕မွာ ႏွာေခါင္းရိုးကို လက္ႏွင့္ ႏွိပ္ေနသည္။
" ခ်ိန္းထားတာမရွိရင္ ညစာအတူစားရေအာင္ေလ..  ငါ က်န္းယြီကို လွမ္းေခၚလိုက္မယ္.. ငါတို႔အတူ ညစာမစားရတာ ၾကာၿပီ"

အဓိကအေၾကာင္းရင္းကေတာ့ က်န္းယြီက သူ႕အိုင္ေဒါကို ေတြ႕ခ်င္လြန္း၍ တဖြဖြ ပူဆာေနေသာေၾကာင့္ပင္။ ' ငါလဲ CCTV မွတ္တမ္း လိုက္ၾကည့္လို႔မရဘူးလား ဘာလို႔ ငါ့အိုင္ေဒါနဲ႕ ငါ့ကို ခြဲထားၾကတာလဲ' ဟု နားၿငီးေအာင္ ေျပာဆိုၿပီးသည့္ေနာက္တြင္ ဒီည ညစာေလးေတာ့ အတူစားရေအာင္ဟု က်ိမင္ေ႐ြ႕ကို အကူအညီေတာင္းလာခဲ့သည္။

ခ်ီခ်င္းက ရွဲ႕လင္၏ လက္ေထာက္ျဖစ္သည့္အတြက္ ညစာသြားစားျခင္း မစားျခင္းက ရွဲ႕လင္အေပၚတြင္သာ မူတည္ေနသည္။

ရွဲ႕လင္က တစ္စုံတစ္ေယာက္ႏွင့္ စာအျပန္အလွန္ပို႔ေနပုံရကာ ခဏေနေတာ့ မ်က္လုံးပင့္ၾကည့္၍ ‌ျပန္ေျဖသည္။
" ေတာင္းပန္ပါတယ္ဗ်ာ... ဒီေန႕ေတာ့ ကြၽန္ေတာ္မလိုက္နိုင္ေတာ့ဘူး.. ခ်ိန္းထားတာေလး ရွိလို႔ပါ"

က်ိမင္ေ႐ြ႕ မအံ့ဩမိ။ ရွဲ႕လင္လိုလူမ်ိဳးတြင္ ခ်ိန္းထားမည့္သူမ်ား အေျမာက္အျမားရွိေနနိုင္သည္။

ထို႔ေနာက္ သူ႕အခ်စ္ဆုံးသူငယ္ခ်င္းကို လွည့္ၾကည့္သည္။
" မင္းေရာ.. လိုက္ခဲ့ပါလား.. ငါ သီးသန႔္အခန္း ႀကိဳမွာထားလိုက္မယ္ေလ.. လူအမ်ားႀကီးမရွိေစရဘူး"

သို႔ေသာ္ ခ်ီခ်င္း မေျဖခင္ ရွဲ႕လင္၏ အသံက အရင္ထြက္လာခဲ့သည္။
" သူလဲ ခ်ိန္းထားတာ ရွိတယ္ဗ်"

က်ိမင္ေ႐ြ႕ : "..."

ဘာေတြျဖစ္ေနတာလဲ...

ဒီႏွစ္ေယာက္ၾကားထဲမွာ တစ္ခုခုေတာ့ ရွိရမယ္

" မိန္းကေလးရန္က အခုပဲ စာပို႔တယ္.. အလုပ္ေစာေစာဆင္းလို႔ ဟင္းခ်က္ထားတယ္တဲ့.. ကိုယ္တို႔ႏွစ္ေယာက္ကို ထမင္းလာစားဖို႔ ဖိတ္ထားတယ္"
ကားေပၚေရာက္ေတာ့မွ ရွဲ႕လင္က ရွင္းျပသည္။
" တကယ္ေတာ့ ထမင္းဖိတ္ေကြၽးခ်င္ေနတာၾကာၿပီ အခန္းရွင္းေနရတာနဲ႕ ၾကာသြားတာတဲ့.. ဟုတ္ၿပီလား"

လူအမ်ားႏွင့္ ဆက္ဆံလိုစိတ္မရွိေသာ ခ်ီခ်င္းမွာ ေလာကဝတ္တို႔ ဘာတို႔မသိ။
" အခ်ိန္ရရင္ ကိုယ့္ဟာကိုယ္ ေအးေအးေဆးေဆးေနေပါ့.. အိမ္နီးခ်င္းေတြကိုမ်ား ထမင္းဖိတ္ေကြၽးေနေသးတယ္"

ရွဲ႕လင္ : "..."

ခဏအၾကာတြင္ ရွဲ႕လင္က ျပန္ေမး၏။
" မင္း အရင္တိုက္ခန္းမွာ ငွားေနတာ ဘယ္ေလာက္ၾကာခဲ့လဲ"

ေမးခြန္း၏ အေၾကာင္းရင္းကို မသိေသာ္လဲ ခ်ီခ်င္း ျပန္ေျဖလိုက္သည္။
" ႏွစ္ႏွစ္ေက်ာ္ၿပီ"

" အဲ့ဒီ့ႏွစ္ႏွစ္အတြင္း တစ္တိုက္ထဲ‌‌ေနတဲ့ အိမ္နီးခ်င္းေတြနဲ႕ မင္း တစ္ခါမွေတာင္ စကားေျပာဖူးမွာ မဟုတ္ဘူး.. တကယ္လို႔ တ‌စ္ေယာက္ေယာက္က မင္းအိမ္တံခါးကို လာေခါက္ရင္ေတာင္ တံခါးထဖြင့္ေပးမွာမဟုတ္ဘူး"
ရွဲ႕လင္က ကားလမ္းကို အာ႐ုံစိုက္၍ ေျပာေနသည္။
" တကယ္လို႔သာ မင္း ေရာဂါေပ်ာက္ခ်င္တာ ေသခ်ာရင္ မင္း အရင္က ေရွာင္တဲ့အရာေတြကို တကယ္ ထိေတြ႕သင့္တယ္.. ထိေတြ႕ဆက္ဆံတယ္ဆိုတာက သူ႕တို႔လက္ကို သြားကိုင္တာမ်ိဳးကို ေျပာခ်င္တာေတာ့ ‌မဟုတ္ဘူးေပါ့.. စကားေတြဘာေတြ ေျပာတဲ့အခါ လက္ခံေျပာ‌တာတို႔ ဘာတို႔ကိုေျပာတာ"

႐ုံးဆင္းခ်ိန္ျဖစ္၍ လမ္းပိတ္ေနသည့္အတြက္ ရွဲ႕လင္၏အသံက အျပင္လမ္းမွ ကားဟြန္းသံအခ်ိဳ႕ႏွင့္ ေရာေနသည္။

" လူသားေတြက အရမ္းရိုးရွင္းတာမဟုတ္ေပမဲ့ အရမ္းႀကီး ရႈပ္ေထြးေနတာေတာ့လဲ မဟုတ္ပါဘူး"

အိမ္ျပန္ေရာက္ၿပီးေနာက္ ခ်ီခ်င္းပထမဆုံးလုပ္သည့္အရာမွာ ေရခ်ိဳးျခင္းျဖစ္၏။ ထို႔ေနာက္ ဆံပင္သုတ္ကာ မီးဖိုခန္းထဲ ဝင္၍ ထမင္းပန္းကန္မ်ားကို ၾကည့္ရင္း တိတ္ဆိတ္ေနသည္။

ေနာက္ဆုံးေတာ့ ပန္းကန္လုံးတစ္လုံး တူတစ္စုံႏွင့္ ပန္းကန္ျပားတစ္ခ်ပ္ ယူလိုက္သည္။

မိနစ္အနည္းငယ္အၾကာ ရန္ခ်င္း ေနာက္ဆုံးဟင္းတစ္ခြက္ခ်က္အၿပီးတြင္ အေပၚထပ္မွ အိမ္နီးခ်င္းႏွစ္ေယာက္ ေရာက္လာခဲ့သည္။

သူမ တံခါးဖြင့္လိုက္ေတာ့ ထိုသူႏွစ္ေယာက္က စကားေျပာေနၾကသည္။

" ကိုယ္ တံခါးလာေခါက္ေတာ့ ဘာလို႔မဖြင့္ေပးတာလဲလို႔ ေမးေနတယ္ေလ"
ရွဲ႕လင္က ခ်ီခ်င္းအနားကပ္ကာ ဆက္ေျပာေနသည္။
" အကၤ်ီလဲ လဲထားတယ္... ဆံပင္က ေခါင္းေလွ်ာ္ရည္အနံ႕ေလးလဲ မတူေတာ့ဘူး.. အသန႔္ႀကိဳက္တဲ့သူေတြ အိမ္ျပန္ေရာက္ရင္ အရင္ဆုံးလုပ္တဲ့အလုပ္က ေရခ်ိဳးတာမ်ားလား"

ရွန္ပူနံ႕သင္းေနေသာ ဆံစေလးမ်ားက ခ်ီခ်င္း၏ နဖူးေပါိ ဝဲေနၾကသည္။ ဆံပင္ေလးမ်ားက ေပ်ာ့ေပ်ာင္း၍ ႏူးညံ့ေနေသာ္လဲ ပါးစပ္ကေတာ့ တင္းမာေနသည္။
" ကြၽန္ေတာ္ ေခါင္းေလွ်ာ္ရည္ေျပာင္းလိုက္တာေတာင္ အနံ႕ရတယ္ဆိုေတာ့ ခင္ဗ်ားက ေခြးလား"

ရန္ခ်င္းလဲ အားတုံ႕အားနာႏွင့္ ၾကားျဖတ္လိုက္ရသည္။
" အမ္... ရွင္တို႔ေရာက္လာၾကၿပီကိုး"

ရွဲ႕လင္လက္ထဲတြင္ ဝိုင္တစ္ပုလင္းကိုင္လာသည္။ ရန္ခ်င္းက ဝိုင္အေၾကာင္း သိပ္မသိေသာ္လဲ ရွဲ႕လင္လက္ထဲမွ ထိုဝိုင္က အေတာ္ေဈးႀကီးပုံေပၚသည္ကိုေတာ့ သိသည္။ အိမ္ထဲဝင္လာေတာ့ ရွဲ႕လင္က ဝိုင္ပုလင္းကို ကမ္းေပးလိုက္သည္။
" ကြၽန္ေတာ့္အိမ္မွာ တျခားဘာမွမရွိလို႔ ဒါပဲယူလာလိုက္တာပါ"

ရန္ခ်င္း၏ ေၾကာင္ဝါေလးသည္လဲ ထြက္၍ႀကိဳသည္။ ဝင္လာသည့္သူကိုၾကည့္ၿပီးေနာက္ ရန္ခ်င္းေျခေထာက္နား ပြတ္သပ္ရင္း တေညာင္ေညာင္ႏွင့္ ေအာ္ေနသည္။ သူ႕ပုံစံက ေတြ႕စကထက္ ရန္လိုေန၏။

ရန္ခ်င္းလဲ ဝိုင္ပုလင္းကို လက္ႏွစ္ဖက္ႏွင့္ လွမ္းယူသည္။
" အားနာေနစရာမလိုပါဘူးရွင္"

တျခားတစ္ေယာက္ကိုၾကည့္လိုက္ေတာ့ ထိုတစ္ေယာက္လက္ထဲတြင္လဲ တစ္စုံတစ္ခုကိုင္လာသည္ကို ရန္ခ်င္း ျမင္လိုက္ရသည္။ သို႔ေသာ္...

ခ်ီခ်င္းက သူ႕လက္ထဲမွ ပန္းကန္လုံးႏွင့္ တူကို လက္ထဲကိုင္ထားၿမဲ။
" အားနာပါတယ္ .. ကြၽန္ေတာ္ သူမ်ားပစၥည္းေတြ မသုံးတတ္လို႔"

ပုံမွန္ဆို အျပင္ထြက္စားသည့္အခါတိုင္း အသုံးမျပဳခင္ ေရေႏြးႏွင့္ေဆး႐ုံမွလြဲ၍ တျခားဘာမွ လုပ္လို႔မရ။ အခုေတာ့ ေအာက္ထပ္တင္မို႔ အဆင္ေျပသျဖင့္ သူ႕အိမ္က ပစၥည္းမ်ားသာ ယူလာခဲ့သည္။

ပထမဆုံး စေတြ႕သည့္ေန႕ထဲက လူႀကီးမင္းခ်ီ၏ ထူးဆန္းမႈကို ရန္ခ်င္း သတိထားမိသည္။

သို႔ေသာ္ လူတိုင္းလူတိုင္းတြင္ ပထမဆုံးေတြ႕သည့္ အျမင္ကသာ အေရးႀကီးေပရာ အစထဲက ထူးဆန္းခဲ့သည့္အတြက္ ခ်ီခ်င္း ဘယ္ေလာက္ထူးဆန္းတာေတြလုပ္လုပ္ လက္မခံနိုင္စရာအေၾကာင္းမရွိေတာ့။

ရန္ခ်င္းက သူတို႔ကို ထိုင္စရာေနရာေပးလိုက္သည္။
" ရွင္တို႔ေရာက္တာ အခ်ိန္ကိုက္ပဲ.. ဟင္းခ်ိဳခ်ၿပီးရင္ စားလို႔ရၿပီ . ကြၽန္မတို႔ၿမိဳ႕က အစပ္အရမ္းႀကိဳက္တာ.. ရွင္တို႔ ခံတြင္းေတြ႕ပါ့မလားေတာ့မသိဘူး"

စားေသာက္ေနရင္း ရွဲ႕လင္ႏွင့္ ရန္ခ်င္းတို႔ စကားစျမည္ေျပာၾကသည္။

" အစပ္ႀကိဳက္တယ္ဆိုရင္ ကြၽန္မတို႔ၿမိဳ႕ကို လာလည္ပါလား.. ရႈခင္းေတြ အရမ္းလွတယ္"
ရန္ခ်င္းက ၿပဳံးရယ္ရင္း ဆက္ေျပာေနသည္။
" တကယ္လို႔ ရွင္တို႔လာလည္မယ္ဆိုရင္ ရႈခင္းေနရာတခ်ိဳ႕ ကြၽန္မေျပာျပမယ္.. တိုးဂိုက္ေတြ လိုက္မပို႔တဲ့ေနရာေတြမွ အမ်ားႀကီး"

ခ်ီခ်င္းကေတာ့ ေဘးမွ နားေထာင္႐ုံသက္သက္သာျဖစ္၏။

ရန္ခ်င္းဘဝက အေတာ္ေလး ရိုးရွင္းသည္။ ငယ္ငယ္ေလးထဲက ကိတ္မုန႔္မ်ားကို ႀကိဳက္ကာ ကိတ္မုန႔္မ်ား၏ အခ်ိဳဓာတ္က လူေတြကို ေပ်ာ္႐ႊင္ေစနိုင္သည္ဟု ခံယူထားသူျဖစ္သည္။

သူမႏွင့္ မိသားစု၏ ဆက္ဆံေရးကလဲ ရိုးရွင္း၏။ သူမေအာက္တြင္ ေမာင္ေလးႏွင့္ ညီမေလးမ်ား မ်ားစြာရွိေသာ္လဲ သူမ ေက်ာင္းတက္၍ အျပင္ေရာက္လာေတာ့ သူမအိမ္က သူမကို ဂ႐ုမစိုက္နိုင္။ သို႔ေသာ္ သူမ နည္းနည္းေလးပင္ မေကာင္းမေျပာ။
" အိမ္မွာလဲ မလြယ္ကူပါဘူးရွင္ အေဖတို႔အေမတို႔က အလုပ္လဲသြားရတယ္ ‌အငယ္ေလးေတြကိုလဲ ၾကည့္ရေသးတယ္.. သူတို႔ကြၽန္မကို လ်စ္လ်ႉရႈလဲ ဘာမွမျဖစ္ပါဘူး... ကြၽန္မ သူတို႔ကို ဂ႐ုစိုက္လဲ ျဖစ္တာပဲ"

ထို႔ေနာက္ စကားေျပာရင္း တခ်ိဳ႕အေၾကာင္းအရာအေသးေလးေတြ ပါလာသည္။

" အခုအလုပ္မွာလဲ ဝန္ထမ္းေတြက အရင္မန္ေနဂ်ာကို ပိုသေဘာက်တယ္ထင္ပါရဲ႕.. ကြၽန္မကို အလုပ္နည္းနည္းခက္ခဲေအာင္ လုပ္ၾကတယ္.. ဒီေန႕လဲ အလုပ္သမားတစ္ေယာက္က ေတာ္ေတာ္ေလးကို ေနာက္က်လိဳ႕ အမွတ္ျဖတ္လိုက္တာကို...."

ရွဲ႕လင္ စကားေျပာအေတာ္ေကာင္းသည္ကိုေတာ့ ခ်ီခ်င္း ဝန္ခံရမည္။ နာရီဝက္အတြင္းမွာပင္ ရန္ခ်င္း၏ ေမြးကင္းစမွ လက္ရွိအလုပ္လုပ္သည္အထိ အကုန္သိသြားေလသည္။

သို႔ေသာ္ ခ်ီခ်င္းသတိထားမိတာတစ္ခုက ရန္ခ်င္းစကားထဲတြင္ သူမရည္းစားအေၾကာင္း တစ္ခြန္းပင္မပါ။

ခ်ီခ်င္း၏ ထိန္းခ်ဳပ္မရနိုင္ေသာ အေျခအေနကို ေက်ာ္လြန္ခဲ့ၿပီျဖစ္၍ ညတိုင္း ညတိုင္း စကားတိုးတိုးေလး လာေျပာေသာ ရန္ခ်င္းရည္းစား၏ အသံကို မၾကားရေတာ့ေသာ္လဲ ထိုအသံကို သူ စိတ္ထင့္ေနေသးသည္။ သူမပုံစံက ရည္းစားရွိေနပုံမေပၚ။

ဟင္းခ်ိဳထည့္ရန္ ရန္ခ်င္း မီးဖိုထဲ ထသြားေတာ့ ရွဲ႕လင္က ခ်ီခ်င္းဘက္လွည့္သည္။
" မင္း ဟိုၾကည့္သည္ၾကည့္နဲ႕ ဘာေတြလိုက္ၾကည့္ေနတာလဲ"

ခ်ီခ်င္းလဲ တူျပန္ခ်ကာ ေမးခြန္းႏွင့္မဆိုင္ေသာ စကားကို ျပန္ေျပာလိုက္သည္။
" သူ တစ္ေယာက္ထဲသမားလို႔ ခင္ဗ်ားထင္လား"

အကယ္၍ တျခားသူတစ္ေယာက္ကသာ ထိုေမးခြန္းမ်ိဳးကို ေမးပါက ရန္ခ်င္းအေပၚ စိတ္ဝင္စား၍ ေမးသည္ဟု ထင္မိလိမ့္မည္။ သို႔ေသာ္ ေမးသူက သာမန္လူမ်ားႏွင့္ မတူေသာ ခ်ီခ်င္းျဖစ္ေန၏။

ထို႔ေၾကာင့္ ရွဲ႕လင္လဲ ခ်ီခ်င္းၾကည့္သည့္ေနရာသို႔ လိုက္ၾကည့္ရင္း အေပါက္ဝမွ ဖိနပ္စင္ကို အၾကည့္ေရာက္သည္။ ထို႔ေနာက္ တျဖည္းျဖည္းခ်င္း အိမ္အျပင္အဆင္ကို ေသခ်ာၾကည့္ေန၏။
" တစ္ေယာက္ထဲသမားပဲ"

ရွဲ႕လင္က စားပြဲေပၚ လက္တင္ထားသည္။
" အိမ္ေျပာင္းေတာ့လဲ တစ္ေယာက္ထဲေျပာင္းလာတယ္.. စကားေျပာေတာ့လဲ ရည္းစားအေၾကာင္း မပါဘူး...ဖိနပ္စင္မွာလဲ ေယာက္်ားေလးဖိနပ္မရွိဘူး.. ဆင္တူပစၥည္းေတြလဲ မရွိ.. ကိုယ့္လို လူဆိုရင္ေတာ့ တစ္မ်ိဳးေပါ့.. ဆင္တူလက္စြပ္ကို အေပ်ာ္ဝတ္တာဆိုေတာ့.. ေနာက္ၿပီး အေရးအႀကီးဆုံးက သူ႕ဖုန္းwallpaper က သူ႕ေၾကာင္ေလး တန႔္ေကာင္းရဲ႕ ပုံ.. ထမင္းစားေနတုန္း ဖုန္းေတာင္ကိုင္တာမဟုတ္ဘူး.. တကယ္လို႔ သူ႕မွာ ရည္းစားရွိတယ္ဆိုရင္ အေပၚထပ္မွာေနတဲ့ ေယာက္်ားေလးႏွစ္ေယာက္ကို ထမင္းဖိတ္ေကြၽးေနတုန္း သူ႕ရည္းစားကိုအသိေပးတာ‌မ်ိဳးက ျဖစ္ကိုျဖစ္သင့္တယ္...ဒါနဲ႕ မင္း ဘာလို႔ေမးတာလဲ"

ခ်ီခ်င္း၏ အျမင္ကလဲ ထိုကဲ့သို႔သာျဖစ္၏။ သူ ထင္ေနသည့္ ရန္ခ်င္းရည္းစားက ညဘက္မွ လာကာ သဲလြန္စတစ္ခုပင္ မထားခဲ့။

သူ႕ရင္ထဲမွ သံသယတို႔ တစတစ ႀကီးထြားလာေသာ္လဲ မ်က္ႏွာအမူအရာက တစ္ခ်က္ေလးပင္ မေျပာင္းပဲ ဆင္ေျခတစ္ခု ရွာလိုက္သည္။
" ဘာမွမဟုတ္ပါဘူး.. အရင္တစ္ေခါက္က သူ႕သူငယ္ခ်င္း ေနာက္မွလိုက္လာမယ္လို႔ ေျပာထားဖူးလို႔ေလ"

ရွဲ႕လင္ : "သူငယ္ခ်င္းဆိုတာ မိန္းကေလးျဖစ္ေလာက္တယ္.. အခုထိေတာ့ မေရာက္ေလာက္ေသးဘူးလို႔ ထင္တာပဲ"

သူတို႔အိမ္ထဲ စဝင္ေတာ့ ခ်ီခ်င္းလက္ထဲတြင္ ပန္းကန္လုံးမ်ား ကိုင္ထားေသာေၾကာင့္ တစ္ခါသုံး အိမ္တြင္းစီး ဖိနပ္ပါးကို ထုတ္ရန္ ရွဲ႕လင္ ဖိနပ္စင္ကို ဖြင့္ၾကည့္ခဲ့ေသး၏။
" ေစာေစာက ကိုယ္ အထဲၾကည့္လိုက္ေတာ့ တစ္အိမ္လုံးမွာမွ အိမ္တြင္းစီးဖိနပ္ ႏွစ္ရံပဲ ရွိတယ္...အသစ္တစ္ခုကို ဖြင့္ေတာင္ မဖြင့္ရေသးဘူး.. မိန္းကေလးစီးပါပဲ"

ရွဲ႕လင္းစကားဆုံးေတာ့ ဟင္းခ်ိဳသြားယူေသာ ရန္ခ်င္း ျပန္ေရာက္လာသည္။ အပူခံသည့္ လက္အိတ္ထူထူကို ဝတ္ကာ ပန္းကန္ခ်ရင္း ေျပာေနသည္။
" သတိထားေနာ္ နည္းနည္းပူတယ္"

" ခုနက ရွင္တို႔ဘာေျပာေနၾကတာလဲ.. တန႔္ေကာင္းနာမည္ကို ၾကားလိုက္လားလို႔ပါ"

" ခင္ဗ်ားဖုန္းထဲက တန႔္ေကာင္းဓာတ္ပုံက ခ်စ္ဖို႔ေကာင္းတယ္လို႔ေျပာေနတာပါ"
ရွဲ႕လင္က ဆက္ေျပာသည္။

ထိုသို႔ျဖင့္ ခ်ီခ်င္းက သဘာဝက်စြာပင္ ဝင္ေမးလိုက္သည္။
" ခင္ဗ်ားနဲ႕ အတူေနတယ္ဆိုတဲ့ သူငယ္ခ်င္းလဲ မျမင္မိပါလား"

သဘာ‌ဝက်က် ေမးလိုက္သည္ဆိုေသာ္လဲ ေအးစက္ေသာအသံေၾကာင့္ သဘာဝက်သည္ဟု မခံစားရ။

ရန္ခ်င္းလဲ ၿပဳံးရင္း ဇြန္းေကာက္ကိုင္ကာ ေျပာလိုက္သည္။
" ကြၽန္မရဲ႕ မွတ္ဉာဏ္ကိုလဲ ၾကည့္ပါဦး.. ဒီေလာက္စကားေတြအမ်ားႀကီးေျပာတာေတာင္ ေမ့ေနတယ္... အခု ကြၽန္မတစိေယာက္ထဲ ေနတာ"

"အစတုန္းကေတာ့ ကြၽန္မသူငယ္ခ်င္းလဲ လိုက္လာမလို႔ပဲ.. အရင္က ေကာလိပ္တက္တုန္းကလဲ တစ္ခန္းထဲ အတူေနၾကတာေလ.. "
ရန္ခ်င္းက စကားေနခ်ိန္ ဟထားေသာ အိပ္ခန္းတံခါးကို သူတို႔ျမင္လိုက္ရသည္။ အိပ္ရာတို႔က သန႔္ရွင္းကာ ပန္းေရာင္ေစာင္ကို သပ္ရပ္စြာ ခင္းထား၏။
" ဒါေပမဲ့ အစီအစဥ္ေျပာင္းသြားတယ္.. သူ႕မိဘေတြက အိမ္မွာပဲေနၿပီး အစိုးရဝန္ထမ္းပဲ လုပ္ရမယ္တဲ့... အဲ့ဒါေၾကာင့္ မလာ‌ျဖစ္ေတာ့ဘူး"

ခ်ီခ်င္း ထိုင္ေနရင္း ဟထားေသာ အိပ္ခန္းတံခါးကိုၾကည့္၍ မ်က္ႏွာအမူအရာ မသိမသာေျပာင္းသြားေလသည္။

.....
End of part 40
Thank you all

Continue Reading

You'll Also Like

14K 736 6
"Let's date." "No." Or The five times Jay asks Jungwon on a date and the one time he doesn't.
67.6K 1.6K 10
مافيا - حب - قسوه - غيره renad231_5 مرت سنه والقلب ذابحهه الهجر ومرت سنه والهجر عيا يستحي الروايه موجوده في انستا : renad2315
OBSESSED By thisbejaja

Mystery / Thriller

97.7K 4.1K 26
obsessed
118K 12.3K 32
Athulya Singhania has spent her entire life in solitude, yearning for the love of a family. Over the years, she mastered the art of concealing her em...