Forget-Me-Nots { Completed }

By popophoenix207

318K 17.1K 2.5K

A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်း... More

Author's Note
1. Happy Birthday Your Highness
2. When we first met
3. I'll protect you
4. Friends
5.The bond between us
6. Who I am with you
7. Fairness
8. Just take my hand
9. Why are you too perfect?
10. Christmas with you
11. Hug me tight
12. Growing up ain't easy
13. To the trouble I'm in
14. Wherever you go
15. No Sex, No Drug
16. By your side
17. Your Lips , Your Hands
18. Under the moonlight
19. May I dance with you?
20. At age eighteen
21. First kiss I won't ever forget
22. Official boyfriend
23. King of my heart
24. On new year's day
25. " Jag vill kyssa dig " eyes
26. The way I love you
27. Take me to the stars
28. You're my energy
29. Be my forever
30. Can't imagine my life without you
ဘုဏ်းဇေယျာကျော်
31. A Photograph
32. Our Last Date
33. Chapter closed
34. Life goes on
35. One day
36. Give me a small chance
37. Please don't go away
38. Because I love you
40. Loving can hurt sometimes ( Unicode )
40. Loving can hurt sometimes ( Zawgyi )
41. Dear Prince
ရှင်းသန့်တည်ကြည်
42. Love me again
43. You're my destiny
44. The Love of My Life
45. Prince is mine
46. Love wins
47. Till death do us part
48.Final Part - Forget Me Not
Extra - 1

39. The smile on your face

5K 344 95
By popophoenix207

( Unicode )

မြေပေါ်ရှိ ရွက်ကြွေအချို့ကို တက်နင်းမိရာမှ ထွက်လာည့်အသံက လွဲပြီး ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်လျက်ရှိသည် ။အဝါရောင်ပန်းပင်တို့ စီတန်းနေသည့် လမ်းပေါ်မှာ ဘုဏ်းဇေက ရှေ့ကနေ ဟက်ပီးလေးကို အတင်းဆွဲ၍ သွားနေသော်လည်း ဟက်ပီးလေးကတော့ ဘေးက အတူပါလာသည့် ရှင်းသန့်ကိုသာ ငဲ့စောင်းကြည့်နေ၏ ။ မျက်လုံးရွဲကြီးများက အချိန်ကာလတစ်ခု ကြာခဲ့သည်တိုင်  ရှင်းသန့်ကို မှတ်မိကြောင်း ပြောနေသယောင် ။

ဟက်ပီးလေးကရော ကာလအကြာကြီး ပျောက်သွားခဲ့တဲ့ သူ့ကို စိတ်များဆိုးနေပါသေးသလား ။ သခင်ဖြစ်သူကို ဒဏ်ရာတွေပေးခဲ့သူမို့ သူ့အပေါ် နာကြည်းနေခဲ့ပါသလား ။

" လွမ်းနေခဲ့တာ "

ဘုဏ်းဇေဆွဲထားသည့် မြင်းဇက်ကြိုးက တင်းခနဲ ။ နောက်ပြီး ခြေလှမ်း‌တို့ကို ရှင်းသန့်နှင့် ဝေးသထက်ဝေးအောင် အရှိန်ထပ်တင်နေ၏။

" လွမ်းနေခဲ့တာ ဟက်ပီးလေး  "

ဘေးကနေ ကပ်လိုက်လာရင်း ကျောကို ဖွဖွသပ်ပြီးပြောတော့ ဟက်ပီးလေးက မျက်တောင်သုံးချက် ပုတ်ခတ်ပုတ်ခတ် လုပ်ပြသည်။ အရှင်မင်းသားလိုမျိုး သူ့အပေါ် စိမ်းစိမ်းကားကား မဆက်ဆံတာ ကျေးဇူးတင်ရမည် ။

" မနက်ဖြန် မွေးနေ့ လာခဲ့ပေးပါလား "

ဟက်ပီးလေးကို မြင်းဇောင်းထဲ ပြန်ထားပြီးသည့်အချိန်ထိ ဘုဏ်းဇေက ရှင်းသန့်ကို လှည့်ပင်မကြည့်ပါ ။ ဥပေက္ခာတရားကလွဲပြီး တစ်သက်လုံး သူ့ကို ဘာမျှပြန်မပေးတော့မည့်ပုံပင် ။ စိတ်ထဲရှိသည့်အတိုင်း ဝန်ခံရလျှင် သည်အပြုအမူကို မြင်ရတာ ရှင်းသန့်ရင်ထဲမှာလည်း နာကျင်ရ၏ ။ ဖြစ်နိုင်လျှင် နောက်ကနေ ဘုဏ်းဇေအင်္ကျီစကိုဆွဲပြီး ကလေးတစ်ယောက်လို ငိုယိုပူဆာလိုက်ချင်သည်။ သူ့ကို ခွင့်လွှတ်ပေးဖို့ ၊ သူ့အပေါ် မစိမ်းကားဖို့ ၊ ပြီးတော့ သူ့ကို ပြန်ချစ်ပေးဖို့ ။

လက်တွေ့မှာတော့ တားထားသည့်စည်းကိုလည်း မကျော်ဖြစ်သလို မျက်ရည်လည်း မကျဖြစ်ပါ ။ ဘုဏ်းဇေရှေ့မှာ သူ မငိုချင်တာ ဟိုအရင်ကတည်းက ။ သူလည်း ပြိုလဲတတ်ကြောင်း ဘုဏ်းစေကို မသိစေချင်။ သန်မာသည့်ပုံစံကိုသာ အမြဲမြင်စေချင်တာ အခုထိ။

" လာခဲ့ပါနော် ၊ မွေးနေ့မှာ မင်းနဲ့ အတူတူရှိချင်လို့ "

" အပိုတွေပြောနေမဲ့အစား ပြန်လိုက်တော့ "

" မင်းလာမယ်လို့ ကတိပေးရင် ပြန်မယ် "

" လာစရာ အကြောင်းမရှိဘူး "

" ကိုခန့်ကို ဂုဏ်ပြုမပေးတော့ဘူးလား "

မနက်ဖြန်က ရှင်းသန့်မွေးနေ့တင်မဟုတ်ဘဲ ကိုခန့်အတွက် အရင်းနှီးဆုံးလူအနည်းငယ်နှင့် ဂုဏ်ပြုပွဲပါ ကျင်းပဖို့ စီစဉ်ထားသည်။ ဘုဏ်းဇေဆီလည်း ဖိတ်စာရောက်ပြီးသား ဖြစ်လိမ့်မည် ။ သို့သော် သူရှိနေမှန်းသိလျှင် ဘုဏ်းဇေက လာမည်မဟုတ်ပေ ။ ထို့ကြောင့် မလာလာအောင် ခေါ်ဖို့အတွက် အခု သည်ကို သူ ရောက်လာရခြင်းဖြစ်၏ ။

ရိုးရိုးနည်းလမ်းနှင့် ခေါ်လို့ မရတော့လည်း ဆန်းဆန်းနည်းလမ်းကို သုံးရတော့မှာပေါ့လေ ။

" ကလွမ် "

စံအိမ်ဆီ ခြေလှမ်းတို့ကို ဦးတည်ရင်း ဖုန်းထဲက ထွက်လာသည့် အချက်ပေးသံကြောင့် အိတ်ထောင်ထဲကထုတ်ပြီး ဖွင့်ကြည့်လိုက်ရာ ဘုဏ်းဇေ မမြင်ဖူးသည့် နံပါတ်အစိမ်းတစ်ခုကနေ ပို့လာသည့် ဓာတ်ပုံတစ်ပုံ ။

ဓာတ်ပုံထဲမှာ အဝတ်မပါဘဲ ပူးကပ်နေသော ခန္ဓာကိုယ်အပေါ်ပိုင်းနှစ်ခုနှင့် ယောက်ျားလေးနှစ်ယောက် ။ တစ်ယောက်က အခြားတစ်ယောက်ကိုယ်ပေါ်ကို မှောက်ပြီး ရင်ဘတ်ပေါ် ခေါင်းတင်ကာ အိပ်ပျော်နေသည်။ အိပ်ပျော်နေသူက တခြားသူမဟုတ်ဘဲ ဘုဏ်းဇေကိုယ်တိုင်။ နောက်ပြီး ဘုဏ်းဇေ အိပ်နေချိန် ထိုဓာတ်ပုံကိုရိုက်ထားသူမှာလည်း သူခေါင်းအုံးထားသည့် ရင်ဘတ်ပိုင်ရှင်ဖြစ်ပြီး အခုလက်ရှိ သူနှင့် မလှမ်းမကမ်းမှာရှိနေသူပင် ။

" Damn it "

ဖုန်းမျက်နှာပြင်ကို ကြည့်နေရာကနေ သူ ဆတ်ခနဲ လှည့်ကြည့်တော့ ရှင်းသန့်က ရယ်ကျဲကျဲနှင့် ဖုန်းထောင်ပြ၏ ။ မနက်ဖြန် သူ လာအောင် သည်ဓာတ်ပုံနှင့် ခြိမ်းခြောက်သည့်သဘောပေါ့ ။

" ရှင်းသန့်တည်ကြည် "

" အဲလိုကြီး မခေါ်ပါနဲ့ ၊ မင်း ငါ့နာမည်ကို အပြည့်အစုံခေါ်လိုက်တိုင်း  ဒီကမ္ဘာပေါ်မှာ ငါ တစ်ယောက်တည်းကို မုန်တိုင်းကွက်တိုက်သွားသလို ခံစားလိုက်ရတာ   "

" မင်း အတော် ပလီတတ်လာပါလား "

" ဘာလို့လဲ ၊ ကြွေသွားလို့လား "

ဘာပြောပြော အပြုံးမပျက် တုံ့ပြန်တတ်သည့် ပုံစံက အရင်နှင့် တခြားစီ ။ ရှင်းသန့်တည်အစစ်ရော ဟုတ်ရဲ့လားတောင် မသိပါ ။ ရုပ်ရှင်တွေထဲကလိုမျိုး တစ်ယောက်ယောက်က မျက်နှာကို ခွဲစိတ်ပြီး ရှင်းသန့်ဟန်ဆောင်ကာ သူ့ရှေ့များ ရောက်လာသလား။

" လာမှာလား မလာဘူးလား ၊ ဒီ့ထက်ပိုပြီး ပွင့်လင်းမြင်သာတဲ့ပုံတွေ ရှိသေးတယ်နော် ၊ ဒီပုံ‌တွေ အင်တာနက်ပေါ် ရောက်မသွားစေချင်ရင် ... "

" ရှင်းသန့်တည် ... မင်း ဦးနှောက်က တကယ် အလုပ်မလုပ်တော့ဘူးလား "

" ဦးနှောက်လဲ အလုပ်လုပ်တယ် ၊ နှလုံးသားလဲ အလုပ်လုပ်တယ် ၊ လက်ချောင်းတွေလဲ အလုပ်လုပ်တယ် မင်းသားလေး ၊ ငါ လက်ချောင်းတစ်ချောင်း ရွှေ့လိုက်တာနဲ့ တစ်မိနစ်အတွင်း ဒီဓာတ်ပုံကို လူဘယ်နှစ်ယောက် မြင်သွားမယ်ထင်လဲ "

" မင်းတင်ရဲရင် တင်လိုက်လေ "

" မတင်ရဲဘူး ထင်နေတာလား "

ရှင်းသန့်က စိန်ခေါ်သည့် မျက်နှာပေးနှင့် ။  မတင်ရဲဘူးလို့လည်း ဘုဏ်းဇေ တထစ်ချမပြောနိုင်ပါ ။ အရင်က ရှင်းသန့်ဆိုလျှင်တော့ မတင်မှာ ကျိန်းသေပေမဲ့ အခုက သူသိခဲ့သည့် ရှင်းသန့်မှ မဟုတ်တော့ဘဲ ။

" လာခဲ့နော် မောင် "

ပြောပြီး လှည့်ထွက်သွားတော့လည်း ချက်ချင်းပင် ။ ဘုဏ်းဇေသာ ဘာလဲဟဆိုသည့်အမူအရာနှင့် ကျန်ရစ်ရပြန်သည်။ အရေးထဲ သူ့ဝဲဘက်ရင်အုံကလည်း အရင်က သည်ခေါ်သံကိုကြားတိုင်း တုံ့ပြန်သလို တဒုတ်ဒုတ်ထခုန်ပုံက မပြောင်းမလဲ ။ ရင်ခုန်လို့ မဖြစ်ပါဘူးဆို။

ရှင်းသန့်လည်း ကားကို အမြန်မောင်းထွက်လာခဲ့ပြီး နောက်ကြည့်မှန်ထဲကနေတောင် ဘုဏ်းဇေကို ပြန်မကြည့်ရဲတော့ ။ အသက်နှစ်ဆယ့်ရှစ်နှစ်ကျမှ ဘာတွေလုပ်နေရမှန်းမသိ ။ ကလေးအထာတွေ ။

ဟိုတုန်းက သူ ဘာစိတ်ကူးပေါက်ပြီး ရိုက်ထားမိမှန်း မသိသည့် ဓာတ်ပုံကို ပို့လိုက်သည့်အပြင် အရှက်မရှိ ပါးစပ်ကနေ မောင်ဟုပါ ခေါ်လိုက်သေး၏။ ဘုဏ်းဇေတော့ သူ့ကို ဘယ်လိုမြင်မည်မသိပါ ။

စိတ်အိုက်အိုက်နှင့် ဆံပင်တွေ သပ်တင်မိတော့ ပေါ်လာသည့် နားရွက်ဖျားတွေက ရဲရဲတွတ်နေသည်။ မျက်နှာတစ်ခုလုံးလည်း ထူပူနေပြီ ။

ရှိသမျှ အရှက်သိက္ခာအားလုံးလည်း ကုန်ပြီထင်ပါရဲ့ ။

*****

ဆည်းဆာနေရောင်အောက်တွင် ရွှင်လန်းကြည်ဝေခြံကြီးက လှချင်တိုင်းလှနေသည်။ ယှက်ဖြာနေသော သစ်ပင်တို့ကြောင့် တောအုပ်အငယ်စားလေးနှင့်တူ၏ ။ လအလိုက် ပွင့်တတ်သော ပန်းပင်တို့လည်း စုံစုံလင်လင်။ ဘယ်အချိန်ဖြစ်ဖြစ် ခြံထဲဝင်လာသူအပေါင်းကို အေးမြလန်းဆန်းမှု ပေးစွမ်းနိုင်သည့် နေရာပင် ။

လေးရန်နိုင်နှင့်အတူ ဘုဏ်းဇေ ကားပေါ်က ဆင်းလိုက်သည်နှင့် သရဖီပန်းရနံ့တို့ကို အရင်ရှုရှိုက်ရသည်။ အဝါရောင်ဝတ်ဆံနှင့် သရဖီပန်းဖြူဖြူလေးများက ရနံ့သင်းသော်လည်း ညှာတံတိုပြီး တစ်ပွင့်နှင့်တစ်ပွင့် ခပ်ကြဲကြဲ ပွင့်ကြ၏။ အပင်ကနေ အခိုင်လိုက် ပွင့်ခြင်းမဟုတ်ဘဲ အကိုင်းအခက်များမှ တစ်ပွင့်ချင်း ထွက်ခြင်းကြောင့်ဖြစ်မည် ။

" ဦးဦးဘုဏ်းဇေ လာပြီ ...ဦးဦးဘုဏ်းဇေ လာပြီ ... ဦးဦးဘုဏ်းဇေကို သားသားက မျှော်နေတာ "

သရဖီပန်းပွင့်ပုံကို ဘုဏ်းဇေ သေချာကြည့်နေစဉ်မှာပဲ ဘော်ဘီလေးက သူရှိရာကို အပြေးလာကြိုသည် ။ ဘုဏ်းဇေကိုမြင်တော့ လင်းရောင်ရှိန်တို့အုပ်စုကလွဲပြီး တော်တော်များများက ထိုင်ရာမှထ၍ နှုတ်ဆက်ကြ၏။ မွေးနေ့နှင့် ဂုဏ်ပြုပွဲဆိုသော်လည်း ဧည့်သည်များများစားစားတော့မရှိ ။ ခြံထဲမှာ စားပွဲဝိုင်းလေးငါးဝိုင်းသာ ချထားသည် ။ ကိုခန့်တို့ပါတီက လွှတ်တော်အမတ်များကိုပင် ဖိတ်ထားဟန် မတူပါ ။

လိင်တူလက်ထပ်ခွင့်ဥပဒေ အတည်ပြုနိုင်ဖို့ ကိုခန့်နှင့်အတူ ဝိုင်းဝန်းကြိုးစားပေးခဲ့ကြသည့် Prince Houseက ရှေ့နေအချို့သာ တွေ့ရသည်။ ပြောရမည်ဆို ဘုဏ်းဇေလူတွေချည်းသာ ။ သည်ဥပဒေဖြစ်မြောက်လာဖို့ နောက်ကွယ်ကနေ အိမ်ရှေ့စံပါ ကူညီပေးခဲ့ကြောင်း သိထားသည့်လူတွေ ။

ဝန်ကြီးချုပ်တို့ ဇနီးမောင်နှံကို နှုတ်ဆက်အရိုအသေပေးတော့ ဘုဏ်းဇေ ရောက်လာသည့်အတွက် ဝမ်းသာကြောင်း ထပ်တလဲလဲ ဆိုကြသည်။ သူ့အပေါ်  တူလိုသားလို နွေးထွေးချစ်ခင်ပုံက ဘယ်တော့မှ ပြောင်းလဲမသွား။ ပျံ့ပျံ့ကတော့ သူ့ဘေးမှာ လာရပ်သည့်အပြင် သူ့ကိုကြည့်ပြီး မျက်ဝန်းထောင့်က မျက်ရည်တို့ကိုပါ ခိုးသုတ်နေသေး၏။ ရှင်းသန့်ထွက်သွားပြီးကတည်းက ပျံ့ပျံ့နှင့်ပါ အဆက်အသွယ် မရှိ ။ ပျံ့ပျံ့ ဆရာဝန်ဘွဲ့ယူသည့်နေ့ကတော့ မမေ့မလျော့ ဂုဏ်ပြုပန်းစည်း ပို့ပေးဖြစ်ခဲ့သည် ။ ပျံ့ပျံ့အပေါ် ညီမလေးတစ်ယောက်လို ချစ်ခင်ရသည့် စိတ်ရင်းက အရင်အတိုင်းပါ။

ရောက်ကတည်းက မွေးနေ့ရှင်နှင့် မျက်လုံးချင်း မဆုံမိအောင်တော့ တမင်တကာ ရှောင်နေလိုက်သည်။ သူလာတာ မွေးနေ့မှ မဟုတ်ဘဲ ။ ကိုခန့်ကို ဂုဏ်ပြုပေးဖို့ ရောက်လာခဲ့ရုံသာ ။

" ဦးဦးဘုဏ်းဇေ ....သားသား Puzzle ဆက်ထားတာ ပြမယ် ၊ သားသားနဲ့ လိုက်ခဲ့နော် "

ကိုခန့်ရယ် ရှေ့နေတွေရယ်နှင့် စကားပြောနေစဉ် ဘော်ဘီက သူ့လက်ကိုဆွဲပြီး အိမ်ထဲခေါ်သွား၏။ ရောင်ရှိန်တို့က သူ့ကို လှမ်းကြည့်နေကြသည် ။ သီဟတော့ မပါပေ။

" ဦးဦးဘုဏ်းဇေ သားသား တော်တယ်မလား "

ဘော်ဘီဆက်ထားသည့် အရုပ်ကားချပ်ကို ဖြန့်ခင်းကြည့်လိုက်တော့ ဟယ်ရီပေါ်တာထဲက မှော်ကျောင်းတော်ကြီးပုံ ။ ဟယ်ရီပေါ်တာဇာတ်လမ်းနှင့် ပတ်သက်ပြီး အရင်က ရှင်းသန့် သူ့ကို ခဏခဏ စိတ်ဆိုးခဲ့ဖူးတာ မြင်ယောင်မိ‌သေး၏။ သူက ဟယ်ရီပေါ်တာဆို ဝတ္ထုရော ဇာတ်ကားပါ လုံးဝ စိတ်မဝင်စားဘဲ ပျင်းဖို့ကောင်းသည်ဟု မှတ်ချက်ပေးခဲ့သူမို့ ။

" သားသားမေးတာ ဖြေဦးလေ ဦးဦးဘုဏ်းဇေ "

" ဆောရီး .... တော်တာပေါ့ ...ဘော်ဘီက သိပ်တော်တာပဲ ၊ အကုန်လုံးမှန်အောင် ဆက်နိုင်တယ် "

ချီးကျူးခံလိုက်ရ၍ ဘော်ဘီလေးက ပါးလေးတွေမို့အောင် ရယ်ပြီး ဘောင်းဘီအိတ်ထောင်ထဲက အသည်းပုံ ချိုချဉ်လေးတစ်လုံး ထုတ်ပေးသည် ။ ချိုချဉ်က သူကြိုက်သည့် စတော်ဘယ်ရီနို့ အရသာလေး ။

" ရော့ ....သားသားက ဦးဦးဘုဏ်းဇေကို ချစ်လို့ ကျွေးတာ "

" ဟုတ်ပါပြီဗျာ "

" ဖောက်စားလေ ...စားလို့ရပါတယ် ...အဆိပ်ပါဘူး "

ချိုချဉ်ကို လက်ထဲမှာပဲ ကိုင်ထားရာမှ ဘော်ဘီကျေနပ်သွားအောင် ပါးစပ်ထဲ ထည့်ငုံပြလိုက်ရသေးသည်။ နောက်ပြီး အိမ်ထဲက ပြန်ထွက်မခင် ရောင်ရှိန်က သူတို့နှင့်အတူထိုင်ဖို့ လာခေါ်၏ ။ ဘော်ဘီနှင့် စကားပြောပြီး သူပြန်တော့မည်ကို ရိပ်မိသောကြောင့်ဖြစ်မည် ။

သူတို့ရောက်တော့ မွေးနေ့ရှင်က အနားမှာ ရှိမနေ ။ ပျံ့ပျံ့နှင့် စကားသွားပြောနေသည် ။ ရောင်ရှိန်က သူ့ကို တစ်ခုခုစားဖို့ပြောပေမဲ့ နန်းတော်က စားလာခဲ့ပြီဟုပြောပြီး မစားဖြစ်။ သည်မှာ ကြာကြာနေဖို့လည်း စိတ်ကူးမရှိပါ ။

ထိုအချိန်မှာပဲ ဘုဏ်းဇေမျက်လုံးထဲ ကန့်လန့်ဖြစ်နေသည့်အရာတစ်ခုက ပေါ်လာသည်။ ကောင်းယံက စီးကရက်တစ်လိပ်ကို လက်ကြားညှပ်ပြီး လှည့်နေခြင်းပင် ။ ကောင်းယံပါ ဘယ်အချိန်ကစပြီး ဆေးလိပ်သောက်တတ်သွားလဲမသိ ။

" မင်း ဘယ်တုန်းက ဆေးလိပ်သောက်တတ်သွားတာလဲ "

" ဟမ်! "

လေသံမာမာနှင့် မေးလိုက်သည့်သူ့ကို ကောင်းယံက ကြောင်တောင်ကြောင် ပြန်ကြည့်နေ၏ ။ ဘုဏ်းဇေ အော်လိုက်တိုင်း ကောင်းယံက သည်အရွယ်ထိ လန့်သွားတတ်တုန်းပင် ။

" မြန်မြန်သေချင်လို့လား ...ဆေးလိပ်သောက်နေရအောင် "

" ငါ ... ငါ မသောက်ပါဘူး "

" ဒါဆို မင်းလက်ထဲကဘာလဲ "

" ရှင်းသန့်ဟာပါ ... ဘာရယ်မဟုတ်ဘူး ၊ ဒီတိုင်း စားပွဲပေါ်တွေ့လို့ ကိုင်ထားမိတာ "

" မကိုင်နဲ့ ချထား "

" အမ် "

နေရင်းထိုင်ရင်း အငေါက်ခံရသဖြင့် ကောင်းယံမျက်နှာက ဆီး(ဇီး)ရွက်လောက်လေး ကျန်တော့သည်။ ရောင်ရှိန်နှင့် အာကာက မျက်နှာချင်းဆိုင်ပြီး ကြိတ်ခွီနေကြ၏ ။ ထိုစဉ် သူ့အနောက်ဘက်ကနေ ခပ်တိုးတိုး ရယ်သံနှင့် မွေးနေ့ရှင် ရောက်‌လာသည်။

" လူကို ပြောချင်ရင် ဒဲ့ပြောလေ ကိုကိုဘုဏ်းဇေရဲ့ ၊ ဘာလို့ မဆိုင်တဲ့သူကို သွားပြောနေတာလဲ "

" မင်းဟာမှန်း မသိလို့ ပြောမိတာ "

" ဪ ....ငါ့ကို ဆေးလိပ်ဖြတ်စေချင်နေတာပဲ "

" မင်းကို မပြောဘူးလို့ "

ရယ်နေသည့်ကောင်တွေကိုပါ စူးစိုက်ကြည့်ပေးလိုက်၏ ။ ဒါလည်း ဆက်ရယ်နေကြဆဲ ။

" မပူပါနဲ့ ... ဆေးလိပ်ကို မင်းနှုတ်ခမ်းတွေလောက် ငါ မစွဲပါဘူး "

" ရှင်းသန့်တည် "

" နမ်းမလား ....အနမ်းခံမလား ၊ နှစ်ခုထဲက တစ်ခုရွေးလေ ၊
ဒါဆို ဆေးလိပ်မသောက်တော့ဘူး "

" Shit "

သည်နေရာမှ ထပြန်မှ ဖြစ်တော့မည်။ ရှင်းသန့်ဘေး ဘုဏ်းဇေ အကြာကြီးနေ၍မဖြစ်ပါ။ သူ့ကို လိုက်ကလိနေလိမ့်မည် ။ ပြန်ရောက်လာပြီးကတည်းက ညတိုင်းလည်း သူ့ဆီကို အကောင့်တုတွေ တစ်ခုပြီးတစ်ခုနှင့် စာတွေလှည့်ပတ်ပို့တတ်သည်။ ဘာစာတွေလဲဆိုတော့ ' ပြန်ချစ်ပါနော် ၊ ပြန်ချစ်ပါနော် ' ဆိုသည့် ကလေးကလား ရည်းစားစာတွေ ။

ထိုအချိန်မှာပဲ

" အီးဟီးဟီး ....သားသား နေလို့ကောင်းတော့ဘူး  ၊ ရင်ဘတ်ထဲက ပူလာပြီ ... အီးဟီးဟီး "

ရုတ်တရက် ဘော်ဘီ့ငိုသံကြောင့် သူတို့အားလုံး ပျာယာခတ်ကုန်တော့၏ ။

" ကလေး ဘာဖြစ်တာလဲ ၊ မေးကြပါဦး "

" တီတီ့အသည်းလေး ဘာဖြစ်လို့လဲ ၊ တီတီ့ကိုပြော "

" မတည့်တာများ စားမိလို့လား ၊ သေချာ စမ်းသပ်ကြပါဦး "

လူတွေဝိုင်းမေးကြလေ ဘော်ဘီက စူးစူးဝါးဝါး အော်ငိုလေပါ ။

" သားသား အာပုပ်တော့မှာ ... အီးဟီးဟီး ... သားသား လိမ်ပြောမိတာ ၊ နေလို့ကောင်းတော့ဘူး "

" ဟေ "

" ဦးဦးရှင်းရှင်းက လိမ်ခိုင်းတာ ၊ ဦးဦးဘုဏ်းဇေကိုကျွေးတဲ့ ချိုချဉ်က သားသားဟာဟုတ်ဘူး ၊ ဦးဦးရှင်းရှင်းဟာ ၊ ဦးဦးရှင်းရှင်းက လိမ်ကျွေးခိုင်းတာ ... အီးဟီးဟီး "

ဘုဏ်းဇေမလာခင်က ရှင်းသန့် ဘော်ဘီ့ကို ချိုချဉ်နှစ်လုံးပေးပြီး တစ်လုံးကို ဘုဏ်းဇေလာရင် ကျွေးဖို့နှင့် သူပေးတာဟု မပြောဖို့ သေချာမှာထားခဲ့သည်။ သည်တုန်းကတော့ ဘော်ဘီက သဘောတူခဲ့ပြီး အခုမှ ဘာအတွေးပေါက်ပြီး ထငိုမှန်းမသိပေ ။

ရှင်းသန့်ကတော့ တရားခံ ဖြစ်ရပြီ ။

ဘော်ဘီ့ကြောင့် ဘုဏ်းဇေကလွဲပြီး လူကြီးတွေအပါအဝင် အကုန်လုံး ရယ်ချင်နေသည့် မျက်နှာတွေနှင့်။ ရှေ့နေတွေ ပြန်သွား၍သာ တော်တော့သည်။ မဟုတ်လျှင် သူတို့ပိုပြီး အနေရခက် ကုန်တော့မည် ။

ကျေးဇူးရှင်လေးကတော့ ပြောချင်တာပြောပြီးသွား၍ အငိုတိတ်သွားပြီး နေရထိုင်ရ သက်သာသွားသည့်ပုံစံဖြင့်

" ခုမှပဲ စိတ်ထဲ ပေါ့သွားတော့တယ် ၊ တီပျံ့ သားသား အာပုပ်တော့ဘူးမလား " တဲ့ ။

ပျံ့ပျံ့က တူဖြစ်သူကို ကောက်ချီပြီး သူတို့နှင့်ဝေးရာ ခေါ်သွားတော့၏ ။

ရှင်းသန့် ဘုဏ်းဇေကို ကြည့်မိတော့ မျက်နှာကို လက်ဖြင့်ကွယ်ပြီး တစ်ဘက်လှည့်သွားသည်။ သို့သော်လည်း လှစ်ခနဲပေါ်သွားသည့် အပြုံးလေးတစ်ခုကို တွေ့လိုက်ရတာကတော့ သူ မျက်စိမှားတာ မဖြစ်နိုင်ပါ ။

သူ လွမ်းနေခဲ့ရသည့် အပြုံးလေး ။ တူတော်မောင် ကောင်းမှုနှင့် ခဏတာ တွေ့မြင်လိုက်ရပြီ ။

သည့်ထက်ပိုပြီး အဆပေါင်းများစွာ ပြုံးစေချင်ပေမဲ့ သည်လောက်ဆိုလျှင်ပဲ အခြေအနေ မဆိုးဘူး မဟုတ်လား ။

*****

" ကော်ဖီသောက်လိုက်ဦး အစ်ကို "

ကွန်ပျူတာရှေ့မှာ သုံးနာရီလောက် ဆက်တိုက်ထိုင်ပြီး ရောင်ရှိန် အလုပ်လုပ်နေရာသို့ မန်နေဂျာဖြစ်သူ အင်ကြင်းက ကော်ဖီဖျော်ပြီး လာပို့ပေးသဖြင့် အလုပ်စားပွဲမှထကာ ခဏနားဖို့ပြင်လိုက်သည် ။

သူ အခုရောက်နေသည့်နေရာက သူတို့မိသားစုပိုင်သည့် လင်း ကော်ပိုရေးရှင်းနှင့် မသက်ဆိုင်သည့် Unity  ဟုအမည်ရသော ကုမ္မဏီတစ်ခု၏ ရုံးခန်းထဲမှာ ။ အများအမြင်အရ သူက Unity ၏ CEO ဖြစ်ပြီး တကယ်တော့ သူ့ပိုက်ဆံ တစ်ပြားတစ်ချပ်မှ သည်ကုမ္မဏီမှာ မပါဝင်ပေ ။

ပြောရလျှင် ရောင်ရှိန်က အမည်ခံထားရုံသက်သက်ဖြစ်ပြီး နောက်ကွယ်ကနေ ကြိုးကိုင်စီစဉ်နေသူက သူ့သူငယ်ချင်း အိမ်ရှေ့စံသာဖြစ်၏ ။

ဘုဏ်းဇေ စစ်မှုထမ်း တာဝန်ပြီး၍ ဆယ်ရက်လောက်အကြာမှာ ပိုက်ဆံအလုံးအရင်းနှင့် Unityကို စပြီးထူထောင်ဖို့ သူ့ကို ပြောလာသည်။ အိမ်ရှေ့မင်းသားတစ်ယောက်အနေနှင့် စီးပွားရေးလုပ်၍ မသင့်တော်သည်မို့ သူက ကုမ္မဏီပိုင်ရှင် အမည်ခံပေးရမည်တဲ့ ။

နောက်ပြီး Unity၏ ထူးခြားချက်က ဝန်ထမ်းများကို အမျိုးသမီးများနှင့် LGBTQ+ communityက အရည်အချင်းရှိသူများကိုသာ ရွေးချယ်ပြီး ခန့်အပ်ထားခြင်းပင် ။

ကုမ္မဏီအဆောက်အဦး အဝင်မှာကတည်းက LGBTQ+တို့၏ အမှတ်အသားဖြစ်သည့် သက်တံရောင်အလံကို လွှင့်ထူထားသည် ။

ထို့အပြင် " ဤနေရာသည် LGBTQ+ တို့ စုဝေးတည်ရှိရာ အသိုက်အမြုံ တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် လူတိုင်းကို နွေးထွေးစွာ ကြိုဆိုသော်လည်း ကျွန်ုပ်တို့ LGBTQ+ အသိုင်းအဝိုင်းကို ဆန့်ကျင်သူ ဖြစ်နေပါက ဤအဆောက်အဦးအတွင်းသို့ ဝင်မလာရန် တားမြစ်အကြံပြုလိုပါသည်။ ဝင်ရောက်လာပြီးမှ ပြဿနာရှာမည် ၊ ကျွန်ုပ်တို့အပေါ် ခွဲခြားဆက်ဆံမည်ဆိုပါက သင့်အား လူ့အခွင့်အရေး ချိုးဖောက်သည့် ပြစ်မှုအရ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားပါမည် ။ သင်တို့၏ အခွင့်အရေးကို လေးစားသလို ကျွန်ုပ်တို့၏ အခွင့်အရေးကိုလည်း လေးစားပေးလိုပါသည် " ဆိုသော စာများကိုလည်း အဆောက်အဦးအဝင်မှစပြီး နေရာအနှံ့ ကပ်ထားသေး၏ ။

ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်ပြီး စတင်နိုင်ခဲ့သည့်အပြင် ဝန်ထမ်းများကလည်း ကြိုးစားပြီး ထက်မြက်ကြသူတွေမို့ Unityက အချိန်တိုအတွင်း စီးပွားရေးလောကမှာ နာမည်တစ်ခုရလာခဲ့သည် ။ လင်း ကော်ပိုရေးရှင်းနှင့် မိတ်ဖက်လုပ်ငန်းအဖြစ် ပွဲဦးထွက်ခဲ့သောကြောင့်လည်း လူသိများဖို့ လွယ်ကူခဲ့သည်ဟု ပြောရမည် ။

ရောင်ရှိန်ရော နောက်ကွယ်ကနေ စီမံနေသည့် ဘုဏ်းဇေရောကလည်း စီးပွားရေးနှင့် ပတ်သက်ပြီး အမျှော်အမြင်ရှိကြသူများပင် ။ တက္ကသိုလ်နောက်ဆုံးနှစ်တုန်းက ရောင်ရှိန်တို့ ကုမ္မဏီမှာ Internship ဆင်းကြစဉ်အခါက ဘုဏ်းဇေသာ အိမ်ရှေ့မင်းသားတစ်ယောက် မဟုတ်ခဲ့လျှင် သိပ်တော်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လိမ့်မည်ဟု ရောင်ရှိန့်အဖေက မှတ်ချက်ချခဲ့ဖူး၏ ။

အခုလည်း လူမသိပေမဲ့ ဘုဏ်းဇေက ကုမ္မဏီတစ်ခုကို အောင်မြင်အောင် နောက်ကွယ်ကနေ ဆောင်ရွက်နိုင်ခဲ့သည် ။ စီးပွားရေးအရ အောင်မြင်ခဲ့သလို ဝန်ထမ်းများကိုလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ  ရဲရင့်သော ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားတတ်သောလူများဖြစ်အောင် မြှင့်တင်ပေးနိုင်ခဲ့သည် ။

လွှတ်တော်မှာ လိင်တူလက်ထပ်ခွင့်ဥပဒေ ပြဌာန်းပေးဖို့ စတင်အဆိုပြုတင်သွင်းခဲ့သည့် အချိန်ကစပြီး  Unityက ဝန်ထမ်းများက သည်ဥပဒေကို ထောက်ခံပေးကြဖို့ ၊ LGBTQ+ တို့ရဲ့ အခွင့်အရေးကို တောင်းဆိုကြဖို့ တစ်နိုင်ငံလုံးရှိ LGBTQ+ အသိုင်းအဝိုင်းနှင့် ပြည်သူလူထုကို ဦးဆောင် ဆော်ဩခဲ့ကြသည် ။ Unityက ဝန်ထမ်းများကြောင့် သည်နိုင်ငံမှာ သက်တံရောင်လူမှုအသိုင်းအဝိုင်းဆီက အသံတို့ ပိုမိုကျယ်လာခဲ့သည်ဟု ပြောလျှင်လည်း မမှား ။

နောက်ထပ် Unity၏ ထူးခြားချက်တစ်ခုမှာ ကုမ္မဏီမှ ရရှိသည့် အကျိုးအမြတ်အားလုံးကို ဝန်ထမ်းများအား သုံးပုံတစ်ပုံ ပြန်ခွဲပေးပြီး ကျန်ရှိသည့်နှစ်ပုံကိုတော့ နိုင်ငံတွင်းရှိ လူထုအကျိုးပြုနေရာတွေမှာ လှူဒါန်းခြင်းပင် ။

ထို့ကြောင့်လည်း ဘုဏ်းဇေ၏ Unity အတွက် အလုပ်လုပ်ပေးရခြင်းကို ပင်ပန်းသည်ဟု ရောင်ရှိန် မထင်မိပါ ။ အဓိကက သူငယ်ချင်းဖြစ်သူ၏ စိတ်ကူးကို ဘေးကနေ ပံ့ပိုးကူညီပေးခွင့်ရတာမို့ ကျေနပ်ရပါသည် ။

Ringing ~~~

ကော်ဖီသောက်နေစဉ် ဖုန်းဆက်လာသူက သီဟအကြောင်း သူစုံစမ်းခိုင်းထားသည့် ထောက်လှမ်းရေးဘက်က အရာရှိ ဦးကျော်နိုင် ။

ဦးကျော်နိုင်က လူချင်းတွေ့ပြီးပြောတာ ပို၍ကောင်းသည်ဟု ဆိုသဖြင့် အချိန်ဆွဲမနေဘဲ ဦးကျော်နိုင့်အိမ်သို့ ချက်ချင်း ထွက်လာခဲ့သည်။ သူရောက်တော့ ဦးကျော်နိုင်က ဖိုင်တစ်တွဲဖြင့် အဆင်သင့်စောင့်ကြိုနေ၏ ။

" ဒီကိစ္စက မောင်ရင့်အတွက် သိပ်အရေးကြီးသလား ၊ သိမှ ဖြစ်ကိုဖြစ်မှာလား "

ဦးကျော်နိုင့်မေးခွန်းက သီဟအပေါ် ရောင်ရှိန့်စိတ်ဝင်စားမှုကို ပိုပြီးမြင့်တက်သွားစေခဲ့သည် ။

" ဟုတ်ကဲ့ .... ကျနော့်အတွက် အရေးကြီးပါတယ် အန်ကယ် "

ဦးကျော်နိုင်က သက်ပြင်းကို လေးတွဲ့စွာချပြီး ခေါင်းကို ဖြည်းဖြည်းချင်းညိတ်၏ ။ နောက်ပြီး စားပွဲပေါ် ချထားသည့် ဖိုင်ကို ဖွင့်ကာ သူ့ရှေ့တိုးပေးသည် ။

" တကယ်တော့ သူ့အကြောင်းကို အန်ကယ်တစ်ခါ တွေ့ဖူးသေးတယ် ၊ နှစ်တွေကြာပြီဆိုတော့ အန်ကယ် ရုတ်တရက် ဒီနာမည်ကို မမှတ်မိခဲ့တာ ၊ အခု ရှာပြီး လိုက်ရင်းမှ ပြန်ပေါ်လာတာ "

" ဟုတ်ကဲ့ "

" ဒီကောင်လေးကလဲ မင်းသူငယ်ချင်းပဲနော် "

" ဟုတ်ပါတယ် အန်ကယ် ၊ ကျနော့် ငယ်သူငယ်ချင်းပါ "

" အင်း ....ဒါဆို မင်းတို့အထက်တန်းတုန်းက ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာ မှတ်မိတယ်မဟုတ်လား ၊ မင်းသူငယ်ချင်း အိမ်ရှေ့စံနဲ့ ဝန်ကြီးချုပ်သားတို့ နှစ်ယောက် တရားခံနဲ့အတူ ပိတ်မိပြီး ဆေးရုံရောက်ခဲ့ကြတာလေ "

ရောင်ရှိန် ကောင်းကောင်းမှတ်မိတာပေါ့ ။ သည်ကိစ္စကို  ဘယ်သူများ မေ့နိုင်လို့လဲ ။

" ဟုတ်ကဲ့ ...ကျနော် မှတ်မိပါတယ် "

" သီဟမင်းတည်က အဲဒီတုန်းက တရားခံနဲ့ ဆက်စပ်နေတဲ့သူပဲ မောင်ရင် "

" ဗျာ "

" သူက အဲဒီတုန်းက တရားခံ ဝဏ္ဏမင်းရဲ့တူပဲ ၊ သူ့အမေက ဝဏ္ဏမင်းရဲ့ တစ်ဦးတည်းသောညီမ သီတာမင်းတဲ့ ၊ တကယ်တော့ အဲဒီတုန်းက မင်းတို့ရဲ့ ကျောင်းအချိန်ဇယားကို ဝဏ္ဏမင်းကို ပေးတဲ့သူက တခြားသူမဟုတ်ဘူး ၊ မင်းတို့ သူငယ်ချင်း သီဟမင်းတည် ကိုယ်တိုင်ပဲ မောင်ရင် ၊ တရားရုံးမှာတော့ ကျောင်းသားမိဘဟန်ဆောင်ပြီး စုံစမ်းခဲ့တာလို့ ထွက်ဆိုခဲ့တာပေါ့ ၊ ဝဏ္ဏမင်း အဲဒီပြစ်မှု ကျူးလွန်မှာကိုလဲ သီဟမင်းတည်က ကြိုသိခဲ့တဲ့သူပဲ ၊ ကျည်အစစ်ပါ သုံးမယ်လို့တော့ သူ မသိခဲ့ရဘူးပေါ့ "

ရောင်ရှိန် အံ့ဩလွန်း၍ ခြေဖျား လက်ဖျားတွေပါ အေးစက်လာသည် ။ ဒါကြီးကို ယုံဖို့လည်း ခက်ခဲနေ၏ ။ သီဟက ကိုယ့်သူငယ်ချင်းတွေကို လုပ်ကြံဖို့ ကြိုးစားရာမှာ ကူညီပေးခဲ့တဲ့သူတဲ့လား ။ ဒီလောက်ကြီးအထိ လုပ်ရက်ရသလား ။

" အဲအချိန်တုန်းက ဒီကိစ္စကို ဝန်ကြီးချုပ်ဦးသန့်စင်ရော ၊ သူ့သားရော သိခဲ့ကြတယ် "

" ဘယ်လို "

" ဟုတ်တယ် မောင်ရင်ရဲ့ ၊ အဲ့တုန်းက ဝန်ကြီးချုပ်တို့ သားအဖနှစ်ယောက်စလုံးနဲ့ အန်ကယ် စကားပြောခဲ့ရတယ် ၊ ဝန်ကြီးချုပ်ရဲ့သားကပဲ ဒီအမှုကနေ သီဟမင်းတည်ကို ဖယ်ပေးဖို့ အန်ကယ့်ဆီမှာ တောင်းဆိုခဲ့တာ "

ဒါက ပိုပြီး အံ့ဩဖို့ကောင်းသည် ။ ရှင်းသန့်က သီဟအကြောင်း သိတာတောင် သီဟ အပြစ်လွတ်ဖို့ တောင်းဆိုခဲ့သတဲ့လေ ။

" ကျနော် ဘယ်လို ယုံရမှန်းတောင် မသိတော့ဘူး "

" မောင်ရင်အနေနဲ့လဲ သူငယ်ချင်းဆိုတော့ ဘယ်ယုံချင်ပါ့မလဲ ၊ ပြီးတော့ အဲဒီတုန်းက ဝန်ကြီးချုပ်သားလေးက ပြောခဲ့သေးတယ် ၊ သီဟ အခုလိုလုပ်တာ သူတို့အနေနဲ့ သီဟအပေါ်မှာ သူငယ်ချင်းမေတ္တာ လုံလောက်အောင် မပေးနိုင်ခဲ့လို့များလားတဲ့ ၊ အဲဒါမို့ သူ့အနေနဲ့ သီဟကို အခွင့်အရေးပေးချင်ပါသေးတယ်တဲ့  "

ဦးကျော်နိုင့်စကားအဆုံးမှာတော့ ရောင်ရှိန် ထပ်ခါ အံ့ဩသွားရပြန်ပါသည် ။

ဒီကိစ္စကြီးကို ရှင်းသန့်က သူတို့ကို မပြောဘဲ ဘယ်လိုများ ဖုံးကွယ်ထားနိုင်ခဲ့ရတာလဲ  ။

#PoPoPhoenix

*
*
*
*
*

( Zawgyi )

ေျမေပၚရွိ ႐ြက္ေႂကြအခ်ိဳ႕ကို တက္နင္းမိရာမွ ထြက္လာည့္အသံက လြဲၿပီး ပတ္ဝန္းက်င္တစ္ခုလုံး ၿငိမ္သက္တိတ္ဆိတ္လ်က္ရွိသည္ ။အဝါေရာင္ပန္းပင္တို႔ စီတန္းေနသည့္ လမ္းေပၚမွာ ဘုဏ္းေဇက ေရွ႕ကေန ဟက္ပီးေလးကို အတင္းဆြဲ၍ သြားေနေသာ္လည္း ဟက္ပီးေလးကေတာ့ ေဘးက အတူပါလာသည့္ ရွင္းသန႔္ကိုသာ ငဲ့ေစာင္းၾကည့္ေန၏ ။ မ်က္လုံး႐ြဲႀကီးမ်ားက အခ်ိန္ကာလတစ္ခု ၾကာခဲ့သည္တိုင္  ရွင္းသန႔္ကို မွတ္မိေၾကာင္း ေျပာေနသေယာင္ ။

ဟက္ပီးေလးကေရာ ကာလအၾကာႀကီး ေပ်ာက္သြားခဲ့တဲ့ သူ႔ကို စိတ္မ်ားဆိုးေနပါေသးသလား ။ သခင္ျဖစ္သူကို ဒဏ္ရာေတြေပးခဲ့သူမို႔ သူ႔အေပၚ နာၾကည္းေနခဲ့ပါသလား ။

" လြမ္းေနခဲ့တာ "

ဘုဏ္းေဇဆြဲထားသည့္ ျမင္းဇက္ႀကိဳးက တင္းခနဲ ။ ေနာက္ၿပီး ေျခလွမ္း‌တို႔ကို ရွင္းသန႔္ႏွင့္ ေဝးသထက္ေဝးေအာင္ အရွိန္ထပ္တင္ေန၏။

" လြမ္းေနခဲ့တာ ဟက္ပီးေလး  "

ေဘးကေန ကပ္လိုက္လာရင္း ေက်ာကို ဖြဖြသပ္ၿပီးေျပာေတာ့ ဟက္ပီးေလးက မ်က္ေတာင္သုံးခ်က္ ပုတ္ခတ္ပုတ္ခတ္ လုပ္ျပသည္။ အရွင္မင္းသားလိုမ်ိဳး သူ႔အေပၚ စိမ္းစိမ္းကားကား မဆက္ဆံတာ ေက်းဇူးတင္ရမည္ ။

" မနက္ျဖန္ ေမြးေန႔ လာခဲ့ေပးပါလား "

ဟက္ပီးေလးကို ျမင္းေဇာင္းထဲ ျပန္ထားၿပီးသည့္အခ်ိန္ထိ ဘုဏ္းေဇက ရွင္းသန႔္ကို လွည့္ပင္မၾကည့္ပါ ။ ဥေပကၡာတရားကလြဲၿပီး တစ္သက္လုံး သူ႔ကို ဘာမွ်ျပန္မေပးေတာ့မည့္ပုံပင္ ။ စိတ္ထဲရွိသည့္အတိုင္း ဝန္ခံရလွ်င္ သည္အျပဳအမူကို ျမင္ရတာ ရွင္းသန႔္ရင္ထဲမွာလည္း နာက်င္ရ၏ ။ ျဖစ္ႏိုင္လွ်င္ ေနာက္ကေန ဘုဏ္းေဇအက်ႌစကိုဆြဲၿပီး ကေလးတစ္ေယာက္လို ငိုယိုပူဆာလိုက္ခ်င္သည္။ သူ႔ကို ခြင့္လႊတ္ေပးဖို႔ ၊ သူ႔အေပၚ မစိမ္းကားဖို႔ ၊ ၿပီးေတာ့ သူ႔ကို ျပန္ခ်စ္ေပးဖို႔ ။

လက္ေတြ႕မွာေတာ့ တားထားသည့္စည္းကိုလည္း မေက်ာ္ျဖစ္သလို မ်က္ရည္လည္း မက်ျဖစ္ပါ ။ ဘုဏ္းေဇေရွ႕မွာ သူ မငိုခ်င္တာ ဟိုအရင္ကတည္းက ။ သူလည္း ၿပိဳလဲတတ္ေၾကာင္း ဘုဏ္းေစကို မသိေစခ်င္။ သန္မာသည့္ပုံစံကိုသာ အၿမဲျမင္ေစခ်င္တာ အခုထိ။

" လာခဲ့ပါေနာ္ ၊ ေမြးေန႔မွာ မင္းနဲ႔ အတူတူရွိခ်င္လို႔ "

" အပိုေတြေျပာေနမဲ့အစား ျပန္လိုက္ေတာ့ "

" မင္းလာမယ္လို႔ ကတိေပးရင္ ျပန္မယ္ "

" လာစရာ အေၾကာင္းမရွိဘူး "

" ကိုခန႔္ကို ဂုဏ္ျပဳမေပးေတာ့ဘူးလား "

မနက္ျဖန္က ရွင္းသန႔္ေမြးေန႔တင္မဟုတ္ဘဲ ကိုခန႔္အတြက္ အရင္းႏွီးဆုံးလူအနည္းငယ္ႏွင့္ ဂုဏ္ျပဳပြဲပါ က်င္းပဖို႔ စီစဥ္ထားသည္။ ဘုဏ္းေဇဆီလည္း ဖိတ္စာေရာက္ၿပီးသား ျဖစ္လိမ့္မည္ ။ သို႔ေသာ္ သူရွိေနမွန္းသိလွ်င္ ဘုဏ္းေဇက လာမည္မဟုတ္ေပ ။ ထို႔ေၾကာင့္ မလာလာေအာင္ ေခၚဖို႔အတြက္ အခု သည္ကို သူ ေရာက္လာရျခင္းျဖစ္၏ ။

႐ိုး႐ိုးနည္းလမ္းႏွင့္ ေခၚလို႔ မရေတာ့လည္း ဆန္းဆန္းနည္းလမ္းကို သုံးရေတာ့မွာေပါ့ေလ ။

" ကလြမ္ "

စံအိမ္ဆီ ေျခလွမ္းတို႔ကို ဦးတည္ရင္း ဖုန္းထဲက ထြက္လာသည့္ အခ်က္ေပးသံေၾကာင့္ အိတ္ေထာင္ထဲကထုတ္ၿပီး ဖြင့္ၾကည့္လိုက္ရာ ဘုဏ္းေဇ မျမင္ဖူးသည့္ နံပါတ္အစိမ္းတစ္ခုကေန ပို႔လာသည့္ ဓာတ္ပုံတစ္ပုံ ။

ဓာတ္ပုံထဲမွာ အဝတ္မပါဘဲ ပူးကပ္ေနေသာ ခႏၶာကိုယ္အေပၚပိုင္းႏွစ္ခုႏွင့္ ေယာက္်ားေလးႏွစ္ေယာက္ ။ တစ္ေယာက္က အျခားတစ္ေယာက္ကိုယ္ေပၚကို ေမွာက္ၿပီး ရင္ဘတ္ေပၚ ေခါင္းတင္ကာ အိပ္ေပ်ာ္ေနသည္။ အိပ္ေပ်ာ္ေနသူက တျခားသူမဟုတ္ဘဲ ဘုဏ္းေဇကိုယ္တိုင္။ ေနာက္ၿပီး ဘုဏ္းေဇ အိပ္ေနခ်ိန္ ထိုဓာတ္ပုံကို႐ိုက္ထားသူမွာလည္း သူေခါင္းအုံးထားသည့္ ရင္ဘတ္ပိုင္ရွင္ျဖစ္ၿပီး အခုလက္ရွိ သူႏွင့္ မလွမ္းမကမ္းမွာရွိေနသူပင္ ။

" Damn it "

ဖုန္းမ်က္ႏွာျပင္ကို ၾကည့္ေနရာကေန သူ ဆတ္ခနဲ လွည့္ၾကည့္ေတာ့ ရွင္းသန႔္က ရယ္က်ဲက်ဲႏွင့္ ဖုန္းေထာင္ျပ၏ ။ မနက္ျဖန္ သူ လာေအာင္ သည္ဓာတ္ပုံႏွင့္ ၿခိမ္းေျခာက္သည့္သေဘာေပါ့ ။

" ရွင္းသန႔္တည္ၾကည္ "

" အဲလိုႀကီး မေခၚပါနဲ႔ ၊ မင္း ငါ့နာမည္ကို အျပည့္အစုံေခၚလိုက္တိုင္း  ဒီကမာၻေပၚမွာ ငါ တစ္ေယာက္တည္းကို မုန္တိုင္းကြက္တိုက္သြားသလို ခံစားလိုက္ရတာ ၊  "

" မင္း အေတာ္ ပလီတတ္လာပါလား "

" ဘာလို႔လဲ ၊ ေႂကြသြားလို႔လား "

ဘာေျပာေျပာ အၿပဳံးမပ်က္ တုံ႔ျပန္တတ္သည့္ ပုံစံက အရင္ႏွင့္ တျခားစီ ။ ရွင္းသန႔္တည္အစစ္ေရာ ဟုတ္ရဲ႕လားေတာင္ မသိပါ ။ ႐ုပ္ရွင္ေတြထဲကလိုမ်ိဳး တစ္ေယာက္ေယာက္က မ်က္ႏွာကို ခြဲစိတ္ၿပီး ရွင္းသန႔္ဟန္ေဆာင္ကာ သူ႔ေရွ႕မ်ား ေရာက္လာသလား။

" လာမွာလား မလာဘူးလား ၊ ဒီ့ထက္ပိုၿပီး ပြင့္လင္းျမင္သာတဲ့ပုံေတြ ရွိေသးတယ္ေနာ္ ၊ ဒီပုံ‌ေတြ အင္တာနက္ေပၚ ေရာက္မသြားေစခ်င္ရင္ ... "

" ရွင္းသန႔္တည္ ... မင္း ဦးေႏွာက္က တကယ္ အလုပ္မလုပ္ေတာ့ဘူးလား "

" ဦးေႏွာက္လဲ အလုပ္လုပ္တယ္ ၊ ႏွလုံးသားလဲ အလုပ္လုပ္တယ္ ၊ လက္ေခ်ာင္းေတြလဲ အလုပ္လုပ္တယ္ မင္းသားေလး ၊ ငါ လက္ေခ်ာင္းတစ္ေခ်ာင္း ေ႐ႊ႕လိုက္တာနဲ႔ တစ္မိနစ္အတြင္း ဒီဓာတ္ပုံကို လူဘယ္ႏွစ္ေယာက္ ျမင္သြားမယ္ထင္လဲ "

" မင္းတင္ရဲရင္ တင္လိုက္ေလ "

" မတင္ရဲဘူး ထင္ေနတာလား "

ရွင္းသန႔္က စိန္ေခၚသည့္ မ်က္ႏွာေပးႏွင့္ ။  မတင္ရဲဘူးလို႔လည္း ဘုဏ္းေဇ တထစ္ခ်မေျပာႏိုင္ပါ ။ အရင္က ရွင္းသန႔္ဆိုလွ်င္ေတာ့ မတင္မွာ က်ိန္းေသေပမဲ့ အခုက သူသိခဲ့သည့္ ရွင္းသန႔္မွ မဟုတ္ေတာ့ဘဲ ။

" လာခဲ့ေနာ္ ေမာင္ "

ေျပာၿပီး လွည့္ထြက္သြားေတာ့လည္း ခ်က္ခ်င္းပင္ ။ ဘုဏ္းေဇသာ ဘာလဲဟဆိုသည့္အမူအရာႏွင့္ က်န္ရစ္ရျပန္သည္။ အေရးထဲ သူ႔ဝဲဘက္ရင္အုံကလည္း အရင္က သည္ေခၚသံကိုၾကားတိုင္း တုံ႔ျပန္သလို တဒုတ္ဒုတ္ထခုန္ပုံက မေျပာင္းမလဲ ။ ရင္ခုန္လို႔ မျဖစ္ပါဘူးဆို။

ရွင္းသန႔္လည္း ကားကို အျမန္ေမာင္းထြက္လာခဲ့ၿပီး ေနာက္ၾကည့္မွန္ထဲကေနေတာင္ ဘုဏ္းေဇကို ျပန္မၾကည့္ရဲေတာ့ ။ အသက္ႏွစ္ဆယ့္ရွစ္ႏွစ္က်မွ ဘာေတြလုပ္ေနရမွန္းမသိ ။ ကေလးအထာေတြ ။

ဟိုတုန္းက သူ ဘာစိတ္ကူးေပါက္ၿပီး ႐ိုက္ထားမိမွန္း မသိသည့္ ဓာတ္ပုံကို ပို႔လိုက္သည့္အျပင္ အရွက္မရွိ ပါးစပ္ကေန ေမာင္ဟုပါ ေခၚလိုက္ေသး၏။ ဘုဏ္းေဇေတာ့ သူ႔ကို ဘယ္လိုျမင္မည္မသိပါ ။

စိတ္အိုက္အိုက္ႏွင့္ ဆံပင္ေတြ သပ္တင္မိေတာ့ ေပၚလာသည့္ နား႐ြက္ဖ်ားေတြက ရဲရဲတြတ္ေနသည္။ မ်က္ႏွာတစ္ခုလုံးလည္း ထူပူေနၿပီ ။

ရွိသမွ် အရွက္သိကၡာအားလုံးလည္း ကုန္ၿပီထင္ပါရဲ႕ ။

*****

ဆည္းဆာေနေရာင္ေအာက္တြင္ ႐ႊင္လန္းၾကည္ေဝၿခံႀကီးက လွခ်င္တိုင္းလွေနသည္။ ယွက္ျဖာေနေသာ သစ္ပင္တို႔ေၾကာင့္ ေတာအုပ္အငယ္စားေလးႏွင့္တူ၏ ။ လအလိုက္ ပြင့္တတ္ေသာ ပန္းပင္တို႔လည္း စုံစုံလင္လင္။ ဘယ္အခ်ိန္ျဖစ္ျဖစ္ ၿခံထဲဝင္လာသူအေပါင္းကို ေအးျမလန္းဆန္းမႈ ေပးစြမ္းႏိုင္သည့္ ေနရာပင္ ။

ေလးရန္ႏိုင္ႏွင့္အတူ ဘုဏ္းေဇ ကားေပၚက ဆင္းလိုက္သည္ႏွင့္ သရဖီပန္းရနံ႔တို႔ကို အရင္ရႈရႈိက္ရသည္။ အဝါေရာင္ဝတ္ဆံႏွင့္ သရဖီပန္းျဖဴျဖဴေလးမ်ားက ရနံ႔သင္းေသာ္လည္း ညႇာတံတိုၿပီး တစ္ပြင့္ႏွင့္တစ္ပြင့္ ခပ္ႀကဲႀကဲ ပြင့္ၾက၏။ အပင္ကေန အခိုင္လိုက္ ပြင့္ျခင္းမဟုတ္ဘဲ အကိုင္းအခက္မ်ားမွ တစ္ပြင့္ခ်င္း ထြက္ျခင္းေၾကာင့္ျဖစ္မည္ ။

" ဦးဦးဘုဏ္းေဇ လာၿပီ ...ဦးဦးဘုဏ္းေဇ လာၿပီ ... ဦးဦးဘုဏ္းေဇကို သားသားက ေမွ်ာ္ေနတာ "

သရဖီပန္းပြင့္ပုံကို ဘုဏ္းေဇ ေသခ်ာၾကည့္ေနစဥ္မွာပဲ ေဘာ္ဘီေလးက သူရွိရာကို အေျပးလာႀကိဳသည္ ။ ဘုဏ္းေဇကိုျမင္ေတာ့ လင္းေရာင္ရွိန္တို႔အုပ္စုကလြဲၿပီး ေတာ္ေတာ္မ်ားမ်ားက ထိုင္ရာမွထ၍ ႏႈတ္ဆက္ၾက၏။ ေမြးေန႔ႏွင့္ ဂုဏ္ျပဳပြဲဆိုေသာ္လည္း ဧည့္သည္မ်ားမ်ားစားစားေတာ့မရွိ ။ ၿခံထဲမွာ စားပြဲဝိုင္းေလးငါးဝိုင္းသာ ခ်ထားသည္ ။ ကိုခန႔္တို႔ပါတီက လႊတ္ေတာ္အမတ္မ်ားကိုပင္ ဖိတ္ထားဟန္ မတူပါ ။

လိင္တူလက္ထပ္ခြင့္ဥပေဒ အတည္ျပဳႏိုင္ဖို႔ ကိုခန႔္ႏွင့္အတူ ဝိုင္းဝန္းႀကိဳးစားေပးခဲ့ၾကသည့္ Prince Houseက ေရွ႕ေနအခ်ိဳ႕သာ ေတြ႕ရသည္။ ေျပာရမည္ဆို ဘုဏ္းေဇလူေတြခ်ည္းသာ ။ သည္ဥပေဒျဖစ္ေျမာက္လာဖို႔ ေနာက္ကြယ္ကေန အိမ္ေရွ႕စံပါ ကူညီေပးခဲ့ေၾကာင္း သိထားသည့္လူေတြ ။

ဝန္ႀကီးခ်ဳပ္တို႔ ဇနီးေမာင္ႏွံကို ႏႈတ္ဆက္အ႐ိုအေသေပးေတာ့ ဘုဏ္းေဇ ေရာက္လာသည့္အတြက္ ဝမ္းသာေၾကာင္း ထပ္တလဲလဲ ဆိုၾကသည္။ သူ႔အေပၚ  တူလိုသားလို ေႏြးေထြးခ်စ္ခင္ပုံက ဘယ္ေတာ့မွ ေျပာင္းလဲမသြား။ ပ်ံ႕ပ်ံ႕ကေတာ့ သူ႔ေဘးမွာ လာရပ္သည့္အျပင္ သူ႔ကိုၾကည့္ၿပီး မ်က္ဝန္းေထာင့္က မ်က္ရည္တို႔ကိုပါ ခိုးသုတ္ေနေသး၏။ ရွင္းသန႔္ထြက္သြားၿပီးကတည္းက ပ်ံ႕ပ်ံ႕ႏွင့္ပါ အဆက္အသြယ္ မရွိ ။ ပ်ံ႕ပ်ံ႕ ဆရာဝန္ဘြဲ႕ယူသည့္ေန႔ကေတာ့ မေမ့မေလ်ာ့ ဂုဏ္ျပဳပန္းစည္း ပို႔ေပးျဖစ္ခဲ့သည္ ။ ပ်ံ႕ပ်ံ႕အေပၚ ညီမေလးတစ္ေယာက္လို ခ်စ္ခင္ရသည့္ စိတ္ရင္းက အရင္အတိုင္းပါ။

ေရာက္ကတည္းက ေမြးေန႔ရွင္ႏွင့္ မ်က္လုံးခ်င္း မဆုံမိေအာင္ေတာ့ တမင္တကာ ေရွာင္ေနလိုက္သည္။ သူလာတာ ေမြးေန႔မွ မဟုတ္ဘဲ ။ ကိုခန႔္ကို ဂုဏ္ျပဳေပးဖို႔ ေရာက္လာခဲ့႐ုံသာ ။

" ဦးဦးဘုဏ္းေဇ ....သားသား Puzzle ဆက္ထားတာ ျပမယ္ ၊ သားသားနဲ႔ လိုက္ခဲ့ေနာ္ "

ကိုခန႔္ရယ္ ေရွ႕ေနေတြရယ္ႏွင့္ စကားေျပာေနစဥ္ ေဘာ္ဘီက သူ႔လက္ကိုဆြဲၿပီး အိမ္ထဲေခၚသြား၏။ ေရာင္ရွိန္တို႔က သူ႔ကို လွမ္းၾကည့္ေနၾကသည္ ။ သီဟေတာ့ မပါေပ။

" ဦးဦးဘုဏ္းေဇ သားသား ေတာ္တယ္မလား "

ေဘာ္ဘီဆက္ထားသည့္ အ႐ုပ္ကားခ်ပ္ကို ျဖန႔္ခင္းၾကည့္လိုက္ေတာ့ ဟယ္ရီေပၚတာထဲက ေမွာ္ေက်ာင္းေတာ္ႀကီးပုံ ။ ဟယ္ရီေပၚတာဇာတ္လမ္းႏွင့္ ပတ္သက္ၿပီး အရင္က ရွင္းသန႔္ သူ႔ကို ခဏခဏ စိတ္ဆိုးခဲ့ဖူးတာ ျမင္ေယာင္မိ‌ေသး၏။ သူက ဟယ္ရီေပၚတာဆို ဝတၳဳေရာ ဇာတ္ကားပါ လုံးဝ စိတ္မဝင္စားဘဲ ပ်င္းဖို႔ေကာင္းသည္ဟု မွတ္ခ်က္ေပးခဲ့သူမို႔ ။

" သားသားေမးတာ ေျဖဦးေလ ဦးဦးဘုဏ္းေဇ "

" ေဆာရီး .... ေတာ္တာေပါ့ ...ေဘာ္ဘီက သိပ္ေတာ္တာပဲ ၊ အကုန္လုံးမွန္ေအာင္ ဆက္ႏိုင္တယ္ "

ခ်ီးက်ဴးခံလိုက္ရ၍ ေဘာ္ဘီေလးက ပါးေလးေတြမို႔ေအာင္ ရယ္ၿပီး ေဘာင္းဘီအိတ္ေထာင္ထဲက အသည္းပုံ ခ်ိဳခ်ဥ္ေလးတစ္လုံး ထုတ္ေပးသည္ ။ ခ်ိဳခ်ဥ္က သူႀကိဳက္သည့္ စေတာ္ဘယ္ရီႏို႔ အရသာေလး ။

" ေရာ့ ....သားသားက ဦးဦးဘုဏ္းေဇကို ခ်စ္လို႔ ေကြၽးတာ "

" ဟုတ္ပါၿပီဗ်ာ "

" ေဖာက္စားေလ ...စားလို႔ရပါတယ္ ...အဆိပ္ပါဘူး "

ခ်ိဳခ်ဥ္ကို လက္ထဲမွာပဲ ကိုင္ထားရာမွ ေဘာ္ဘီေက်နပ္သြားေအာင္ ပါးစပ္ထဲ ထည့္ငုံျပလိုက္ရေသးသည္။ ေနာက္ၿပီး အိမ္ထဲက ျပန္ထြက္မခင္ ေရာင္ရွိန္က သူတို႔ႏွင့္အတူထိုင္ဖို႔ လာေခၚ၏ ။ ေဘာ္ဘီႏွင့္ စကားေျပာၿပီး သူျပန္ေတာ့မည္ကို ရိပ္မိေသာေၾကာင့္ျဖစ္မည္ ။

သူတို႔ေရာက္ေတာ့ ေမြးေန႔ရွင္က အနားမွာ ရွိမေန ။ ပ်ံ႕ပ်ံ႕ႏွင့္ စကားသြားေျပာေနသည္ ။ ေရာင္ရွိန္က သူ႔ကို တစ္ခုခုစားဖို႔ေျပာေပမဲ့ နန္းေတာ္က စားလာခဲ့ၿပီဟုေျပာၿပီး မစားျဖစ္။ သည္မွာ ၾကာၾကာေနဖို႔လည္း စိတ္ကူးမရွိပါ ။

ထိုအခ်ိန္မွာပဲ ဘုဏ္းေဇမ်က္လုံးထဲ ကန႔္လန႔္ျဖစ္ေနသည့္အရာတစ္ခုက ေပၚလာသည္။ ေကာင္းယံက စီးကရက္တစ္လိပ္ကို လက္ၾကားညႇပ္ၿပီး လွည့္ေနျခင္းပင္ ။ ေကာင္းယံပါ ဘယ္အခ်ိန္ကစၿပီး ေဆးလိပ္ေသာက္တတ္သြားလဲမသိ ။

" မင္း ဘယ္တုန္းက ေဆးလိပ္ေသာက္တတ္သြားတာလဲ "

" ဟမ္! "

ေလသံမာမာႏွင့္ ေမးလိုက္သည့္သူ႔ကို ေကာင္းယံက ေၾကာင္ေတာင္ေၾကာင္ ျပန္ၾကည့္ေန၏ ။ ဘုဏ္းေဇ ေအာ္လိုက္တိုင္း ေကာင္းယံက သည္အ႐ြယ္ထိ လန႔္သြားတတ္တုန္းပင္ ။

" ျမန္ျမန္ေသခ်င္လို႔လား ...ေဆးလိပ္ေသာက္ေနရေအာင္ "

" ငါ ... ငါ မေသာက္ပါဘူး "

" ဒါဆို မင္းလက္ထဲကဘာလဲ "

" ရွင္းသန႔္ဟာပါ ... ဘာရယ္မဟုတ္ဘူး ၊ ဒီတိုင္း စားပြဲေပၚေတြ႕လို႔ ကိုင္ထားမိတာ "

" မကိုင္နဲ႔ ခ်ထား "

" အမ္ "

ေနရင္းထိုင္ရင္း အေငါက္ခံရသျဖင့္ ေကာင္းယံမ်က္ႏွာက ဆီး(ဇီး)႐ြက္ေလာက္ေလး က်န္ေတာ့သည္။ ေရာင္ရွိန္ႏွင့္ အာကာက မ်က္ႏွာခ်င္းဆိုင္ၿပီး ႀကိတ္ခြီေနၾက၏ ။ ထိုစဥ္ သူ႔အေနာက္ဘက္ကေန ခပ္တိုးတိုး ရယ္သံႏွင့္ ေမြးေန႔ရွင္ ေရာက္‌လာသည္။

" လူကို ေျပာခ်င္ရင္ ဒဲ့ေျပာေလ ကိုကိုဘုဏ္းေဇရဲ႕ ၊ ဘာလို႔ မဆိုင္တဲ့သူကို သြားေျပာေနတာလဲ "

" မင္းဟာမွန္း မသိလို႔ ေျပာမိတာ "

" ဪ ....ငါ့ကို ေဆးလိပ္ျဖတ္ေစခ်င္ေနတာပဲ "

" မင္းကို မေျပာဘူးလို႔ "

ရယ္ေနသည့္ေကာင္ေတြကိုပါ စူးစိုက္ၾကည့္ေပးလိုက္၏ ။ ဒါလည္း ဆက္ရယ္ေနၾကဆဲ ။

" မပူပါနဲ႔ ... ေဆးလိပ္ကို မင္းႏႈတ္ခမ္းေတြေလာက္ ငါ မစြဲပါဘူး "

" ရွင္းသန႔္တည္ "

" နမ္းမလား ....အနမ္းခံမလား ၊ ႏွစ္ခုထဲက တစ္ခုေ႐ြးေလ ၊
ဒါဆို ေဆးလိပ္မေသာက္ေတာ့ဘူး "

" Shit "

သည္ေနရာမွ ထျပန္မွ ျဖစ္ေတာ့မည္။ ရွင္းသန႔္ေဘး ဘုဏ္းေဇ အၾကာႀကီးေန၍မျဖစ္ပါ။ သူ႔ကို လိုက္ကလိေနလိမ့္မည္ ။ ျပန္ေရာက္လာၿပီးကတည္းက ညတိုင္းလည္း သူ႔ဆီကို အေကာင့္တုေတြ တစ္ခုၿပီးတစ္ခုႏွင့္ စာေတြလွည့္ပတ္ပို႔တတ္သည္။ ဘာစာေတြလဲဆိုေတာ့ ' ျပန္ခ်စ္ပါေနာ္ ၊ ျပန္ခ်စ္ပါေနာ္ ' ဆိုသည့္ ကေလးကလား ရည္းစားစာေတြ ။

ထိုအခ်ိန္မွာပဲ

" အီးဟီးဟီး ....သားသား ေနလို႔ေကာင္းေတာ့ဘူး  ၊ ရင္ဘတ္ထဲက ပူလာၿပီ ... အီးဟီးဟီး "

႐ုတ္တရက္ ေဘာ္ဘီ့ငိုသံေၾကာင့္ သူတို႔အားလုံး ပ်ာယာခတ္ကုန္ေတာ့၏ ။

" ကေလး ဘာျဖစ္တာလဲ ၊ ေမးၾကပါဦး "

" တီတီ့အသည္းေလး ဘာျဖစ္လို႔လဲ ၊ တီတီ့ကိုေျပာ "

" မတည့္တာမ်ား စားမိလို႔လား ၊ ေသခ်ာ စမ္းသပ္ၾကပါဦး "

လူေတြဝိုင္းေမးၾကေလ ေဘာ္ဘီက စူးစူးဝါးဝါး ေအာ္ငိုေလပါ ။

" သားသား အာပုပ္ေတာ့မွာ ... အီးဟီးဟီး ... သားသား လိမ္ေျပာမိတာ ၊ ေနလို႔ေကာင္းေတာ့ဘူး "

" ေဟ "

" ဦးဦးရွင္းရွင္းက လိမ္ခိုင္းတာ ၊ ဦးဦးဘုဏ္းေဇကိုေကြၽးတဲ့ ခ်ိဳခ်ဥ္က သားသားဟာဟုတ္ဘူး ၊ ဦးဦးရွင္းရွင္းဟာ ၊ ဦးဦးရွင္းရွင္းက လိမ္ေကြၽးခိုင္းတာ ... အီးဟီးဟီး "

ဘုဏ္းေဇမလာခင္က ရွင္းသန႔္ ေဘာ္ဘီ့ကို ခ်ိဳခ်ဥ္ႏွစ္လုံးေပးၿပီး တစ္လုံးကို ဘုဏ္းေဇလာရင္ ေကြၽးဖို႔ႏွင့္ သူေပးတာဟု မေျပာဖို႔ ေသခ်ာမွာထားခဲ့သည္။ သည္တုန္းကေတာ့ ေဘာ္ဘီက သေဘာတူခဲ့ၿပီး အခုမွ ဘာအေတြးေပါက္ၿပီး ထငိုမွန္းမသိေပ ။

ရွင္းသန႔္ကေတာ့ တရားခံ ျဖစ္ရၿပီ ။

ေဘာ္ဘီ့ေၾကာင့္ ဘုဏ္းေဇကလြဲၿပီး လူႀကီးေတြအပါအဝင္ အကုန္လုံး ရယ္ခ်င္ေနသည့္ မ်က္ႏွာေတြႏွင့္။ ေရွ႕ေနေတြ ျပန္သြား၍သာ ေတာ္ေတာ့သည္။ မဟုတ္လွ်င္ သူတို႔ပိုၿပီး အေနရခက္ ကုန္ေတာ့မည္ ။

ေက်းဇူးရွင္ေလးကေတာ့ ေျပာခ်င္တာေျပာၿပီးသြား၍ အငိုတိတ္သြားၿပီး ေနရထိုင္ရ သက္သာသြားသည့္ပုံစံျဖင့္

" ခုမွပဲ စိတ္ထဲ ေပါ့သြားေတာ့တယ္ ၊ တီပ်ံ႕ သားသား အာပုပ္ေတာ့ဘူးမလား " တဲ့ ။

ပ်ံ႕ပ်ံ႕က တူျဖစ္သူကို ေကာက္ခ်ီၿပီး သူတို႔ႏွင့္ေဝးရာ ေခၚသြားေတာ့၏ ။

ရွင္းသန႔္ ဘုဏ္းေဇကို ၾကည့္မိေတာ့ မ်က္ႏွာကို လက္ျဖင့္ကြယ္ၿပီး တစ္ဘက္လွည့္သြားသည္။ သို႔ေသာ္လည္း လွစ္ခနဲေပၚသြားသည့္ အၿပဳံးေသးေသးေလးတစ္ခုကို ေတြ႕လိုက္ရတာကေတာ့ သူ မ်က္စိမွားတာ မျဖစ္ႏိုင္ပါ ။

သူ လြမ္းေနခဲ့ရသည့္ အၿပဳံးေလး ။ တူေတာ္ေမာင္ ေကာင္းမႈႏွင့္ ခဏတာ ေတြ႕ျမင္လိုက္ရၿပီ ။

သည့္ထက္ပိုၿပီး အဆေပါင္းမ်ားစြာ ၿပဳံးေစခ်င္ေပမဲ့ သည္ေလာက္ဆိုလွ်င္ပဲ အေျခအေန မဆိုးဘူး မဟုတ္လား ။

*****

" ေကာ္ဖီေသာက္လိုက္ဦး အစ္ကို "

ကြန္ပ်ဴတာေရွ႕မွာ သုံးနာရီေလာက္ ဆက္တိုက္ထိုင္ၿပီး ေရာင္ရွိန္ အလုပ္လုပ္ေနရာသို႔ မန္ေနဂ်ာျဖစ္သူ အင္ၾကင္းက ေကာ္ဖီေဖ်ာ္ၿပီး လာပို႔ေပးသျဖင့္ အလုပ္စားပြဲမွထကာ ခဏနားဖို႔ျပင္လိုက္သည္ ။

သူ အခုေရာက္ေနသည့္ေနရာက သူတို႔မိသားစုပိုင္သည့္ လင္း ေကာ္ပိုေရးရွင္းႏွင့္ မသက္ဆိုင္သည့္ Unity  ဟုအမည္ရေသာ ကုမၼဏီတစ္ခု၏ ႐ုံးခန္းထဲမွာ ။ အမ်ားအျမင္အရ သူက Unity ၏ CEO ျဖစ္ၿပီး တကယ္ေတာ့ သူ႔ပိုက္ဆံ တစ္ျပားတစ္ခ်ပ္မွ သည္ကုမၼဏီမွာ မပါဝင္ေပ ။

ေျပာရလွ်င္ ေရာင္ရွိန္က အမည္ခံထား႐ုံသက္သက္ျဖစ္ၿပီး ေနာက္ကြယ္ကေန ႀကိဳးကိုင္စီစဥ္ေနသူက သူ႔သူငယ္ခ်င္း အိမ္ေရွ႕စံသာျဖစ္၏ ။

ဘုဏ္းေဇ စစ္မႈထမ္း တာဝန္ၿပီး၍ ဆယ္ရက္ေလာက္အၾကာမွာ ပိုက္ဆံအလုံးအရင္းႏွင့္ Unityကို စၿပီးထူေထာင္ဖို႔ သူ႔ကို ေျပာလာသည္။ အိမ္ေရွ႕မင္းသားတစ္ေယာက္အေနႏွင့္ စီးပြားေရးလုပ္၍ မသင့္ေတာ္သည္မို႔ သူက ကုမၼဏီပိုင္ရွင္ အမည္ခံေပးရမည္တဲ့ ။

ေနာက္ၿပီး Unity၏ ထူးျခားခ်က္က ဝန္ထမ္းမ်ားကို အမ်ိဳးသမီးမ်ားႏွင့္ LGBTQ+ communityက အရည္အခ်င္းရွိသူမ်ားကိုသာ ေ႐ြးခ်ယ္ၿပီး ခန႔္အပ္ထားျခင္းပင္ ။

ကုမၼဏီအေဆာက္အဦး အဝင္မွာကတည္းက LGBTQ+တို႔၏ အမွတ္အသားျဖစ္သည့္ သက္တံေရာင္အလံကို လႊင့္ထူထားသည္ ။

ထို႔အျပင္ " ဤေနရာသည္ LGBTQ+ တို႔ စုေဝးတည္ရွိရာ အသိုက္အၿမဳံ တစ္ခုျဖစ္သည္။ ကြၽႏ္ုပ္တို႔အေနျဖင့္ လူတိုင္းကို ေႏြးေထြးစြာ ႀကိဳဆိုေသာ္လည္း ကြၽႏ္ုပ္တို႔ LGBTQ+ အသိုင္းအဝိုင္းကို ဆန႔္က်င္သူ ျဖစ္ေနပါက ဤအေဆာက္အဦးအတြင္းသို႔ ဝင္မလာရန္ တားျမစ္အႀကံျပဳလိုပါသည္။ ဝင္ေရာက္လာၿပီးမွ ျပႆနာရွာမည္ ၊ ကြၽႏ္ုပ္တို႔အေပၚ ခြဲျခားဆက္ဆံမည္ဆိုပါက သင့္အား လူ႔အခြင့္အေရး ခ်ိဳးေဖာက္သည့္ ျပစ္မႈအရ တရားဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားပါမည္ ။ သင္တို႔၏ အခြင့္အေရးကို ေလးစားသလို ကြၽႏ္ုပ္တို႔၏ အခြင့္အေရးကိုလည္း ေလးစားေပးလိုပါသည္ " ဆိုေသာ စာမ်ားကိုလည္း အေဆာက္အဦးအဝင္မွစၿပီး ေနရာအႏွံ႔ ကပ္ထားေသး၏ ။

ေငြေၾကးအရင္းအႏွီးမ်ားစြာ စိုက္ထုတ္ၿပီး စတင္ႏိုင္ခဲ့သည့္အျပင္ ဝန္ထမ္းမ်ားကလည္း ႀကိဳးစားၿပီး ထက္ျမက္ၾကသူေတြမို႔ Unityက အခ်ိန္တိုအတြင္း စီးပြားေရးေလာကမွာ နာမည္တစ္ခုရလာခဲ့သည္ ။ လင္း ေကာ္ပိုေရးရွင္းႏွင့္ မိတ္ဖက္လုပ္ငန္းအျဖစ္ ပြဲဦးထြက္ခဲ့ေသာေၾကာင့္လည္း လူသိမ်ားဖို႔ လြယ္ကူခဲ့သည္ဟု ေျပာရမည္ ။

ေရာင္ရွိန္ေရာ ေနာက္ကြယ္ကေန စီမံေနသည့္ ဘုဏ္းေဇေရာကလည္း စီးပြားေရးႏွင့္ ပတ္သက္ၿပီး အေမွ်ာ္အျမင္ရွိၾကသူမ်ားပင္ ။ တကၠသိုလ္ေနာက္ဆုံးႏွစ္တုန္းက ေရာင္ရွိန္တို႔ ကုမၼဏီမွာ Internship ဆင္းၾကစဥ္အခါက ဘုဏ္းေဇသာ အိမ္ေရွ႕မင္းသားတစ္ေယာက္ မဟုတ္ခဲ့လွ်င္ သိပ္ေတာ္သည့္ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ ျဖစ္လိမ့္မည္ဟု ေရာင္ရွိန႔္အေဖက မွတ္ခ်က္ခ်ခဲ့ဖူး၏ ။

အခုလည္း လူမသိေပမဲ့ ဘုဏ္းေဇက ကုမၼဏီတစ္ခုကို ေအာင္ျမင္ေအာင္ ေနာက္ကြယ္ကေန ေဆာင္႐ြက္ႏိုင္ခဲ့သည္ ။ စီးပြားေရးအရ ေအာင္ျမင္ခဲ့သလို ဝန္ထမ္းမ်ားကိုလည္း စိတ္ဓာတ္ပိုင္းဆိုင္ရာမွာ  ရဲရင့္ေသာ ၊ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားေလးစားတတ္ေသာလူမ်ားျဖစ္ေအာင္ ျမႇင့္တင္ေပးႏိုင္ခဲ့သည္ ။

လႊတ္ေတာ္မွာ လိင္တူလက္ထပ္ခြင့္ဥပေဒ ျပဌာန္းေပးဖို႔ စတင္အဆိုျပဳတင္သြင္းခဲ့သည့္ အခ်ိန္ကစၿပီး  Unityက ဝန္ထမ္းမ်ားက သည္ဥပေဒကို ေထာက္ခံေပးၾကဖို႔ ၊ LGBTQ+ တို႔ရဲ႕ အခြင့္အေရးကို ေတာင္းဆိုၾကဖို႔ တစ္ႏိုင္ငံလုံးရွိ LGBTQ+ အသိုင္းအဝိုင္းႏွင့္ ျပည္သူလူထုကို ဦးေဆာင္ ေဆာ္ဩခဲ့ၾကသည္ ။ Unityက ဝန္ထမ္းမ်ားေၾကာင့္ သည္ႏိုင္ငံမွာ သက္တံေရာင္လူမႈအသိုင္းအဝိုင္းဆီက အသံတို႔ ပိုမိုက်ယ္လာခဲ့သည္ဟု ေျပာလွ်င္လည္း မမွား ။

ေနာက္ထပ္ Unity၏ ထူးျခားခ်က္တစ္ခုမွာ ကုမၼဏီမွ ရရွိသည့္ အက်ိဳးအျမတ္အားလုံးကို ဝန္ထမ္းမ်ားအား သုံးပုံတစ္ပုံ ျပန္ခြဲေပးၿပီး က်န္ရွိသည့္ႏွစ္ပုံကိုေတာ့ ႏိုင္ငံတြင္းရွိ လူထုအက်ိဳးျပဳေနရာေတြမွာ လႉဒါန္းျခင္းပင္ ။

ထို႔ေၾကာင့္လည္း ဘုဏ္းေဇ၏ Unity အတြက္ အလုပ္လုပ္ေပးရျခင္းကို ပင္ပန္းသည္ဟု ေရာင္ရွိန္ မထင္မိပါ ။ အဓိကက သူငယ္ခ်င္းျဖစ္သူ၏ စိတ္ကူးကို ေဘးကေန ပံ့ပိုးကူညီေပးခြင့္ရတာမို႔ ေက်နပ္ရပါသည္ ။

Ringing ~~~

ေကာ္ဖီေသာက္ေနစဥ္ ဖုန္းဆက္လာသူက သီဟအေၾကာင္း သူစုံစမ္းခိုင္းထားသည့္ ေထာက္လွမ္းေရးဘက္က အရာရွိ ဦးေက်ာ္ႏိုင္ ။

ဦးေက်ာ္ႏိုင္က လူခ်င္းေတြ႕ၿပီးေျပာတာ ပို၍ေကာင္းသည္ဟု ဆိုသျဖင့္ အခ်ိန္ဆြဲမေနဘဲ ဦးေက်ာ္ႏိုင့္အိမ္သို႔ ခ်က္ခ်င္း ထြက္လာခဲ့သည္။ သူေရာက္ေတာ့ ဦးေက်ာ္ႏိုင္က ဖိုင္တစ္တြဲျဖင့္ အဆင္သင့္ေစာင့္ႀကိဳေန၏ ။

" ဒီကိစၥက ေမာင္ရင့္အတြက္ သိပ္အေရးႀကီးသလား ၊ သိမွ ျဖစ္ကိုျဖစ္မွာလား "

ဦးေက်ာ္ႏိုင့္ေမးခြန္းက သီဟအေပၚ ေရာင္ရွိန႔္စိတ္ဝင္စားမႈကို ပိုၿပီးျမင့္တက္သြားေစခဲ့သည္ ။

" ဟုတ္ကဲ့ .... က်ေနာ့္အတြက္ အေရးႀကီးပါတယ္ အန္ကယ္ "

ဦးေက်ာ္ႏိုင္က သက္ျပင္းကို ေလးတြဲ႕စြာခ်ၿပီး ေခါင္းကို ျဖည္းျဖည္းခ်င္းညိတ္၏ ။ ေနာက္ၿပီး စားပြဲေပၚ ခ်ထားသည့္ ဖိုင္ကို ဖြင့္ကာ သူ႔ေရွ႕တိုးေပးသည္ ။

" တကယ္ေတာ့ သူ႔အေၾကာင္းကို အန္ကယ္တစ္ခါ ေတြ႕ဖူးေသးတယ္ ၊ ႏွစ္ေတြၾကာၿပီဆိုေတာ့ အန္ကယ္ ႐ုတ္တရက္ ဒီနာမည္ကို မမွတ္မိခဲ့တာ ၊ အခု ရွာၿပီး လိုက္ရင္းမွ ျပန္ေပၚလာတာ "

" ဟုတ္ကဲ့ "

" ဒီေကာင္ေလးကလဲ မင္းသူငယ္ခ်င္းပဲေနာ္ "

" ဟုတ္ပါတယ္ အန္ကယ္ ၊ က်ေနာ့္ ငယ္သူငယ္ခ်င္းပါ "

" အင္း ....ဒါဆို မင္းတို႔အထက္တန္းတုန္းက ေက်ာင္းမွာ ပစ္ခတ္မႈ ျဖစ္ခဲ့တာ မွတ္မိတယ္မဟုတ္လား ၊ မင္းသူငယ္ခ်င္း အိမ္ေရွ႕စံနဲ႔ ဝန္ႀကီးခ်ဳပ္သားတို႔ ႏွစ္ေယာက္ တရားခံနဲ႔အတူ ပိတ္မိၿပီး ေဆး႐ုံေရာက္ခဲ့ၾကတာေလ "

ေရာင္ရွိန္ ေကာင္းေကာင္းမွတ္မိတာေပါ့ ။ သည္ကိစၥကို  ဘယ္သူမ်ား ေမ့ႏိုင္လို႔လဲ ။

" ဟုတ္ကဲ့ ...က်ေနာ္ မွတ္မိပါတယ္ "

" သီဟမင္းတည္က အဲဒီတုန္းက တရားခံနဲ႔ ဆက္စပ္ေနတဲ့သူပဲ ေမာင္ရင္ "

" ဗ်ာ "

" သူက အဲဒီတုန္းက တရားခံ ဝဏၰမင္းရဲ႕တူပဲ ၊ သူ႔အေမက ဝဏၰမင္းရဲ႕ တစ္ဦးတည္းေသာညီမ သီတာမင္းတဲ့ ၊ တကယ္ေတာ့ အဲဒီတုန္းက မင္းတို႔ရဲ႕ ေက်ာင္းအခ်ိန္ဇယားကို ဝဏၰမင္းကို ေပးတဲ့သူက တျခားသူမဟုတ္ဘူး ၊ မင္းတို႔ သူငယ္ခ်င္း သီဟမင္းတည္ ကိုယ္တိုင္ပဲ ေမာင္ရင္ ၊ တရား႐ုံးမွာေတာ့ ေက်ာင္းသားမိဘဟန္ေဆာင္ၿပီး စုံစမ္းခဲ့တာလို႔ ထြက္ဆိုခဲ့တာေပါ့ ၊ ဝဏၰမင္း အဲဒီျပစ္မႈ က်ဴးလြန္မွာကိုလဲ သီဟမင္းတည္က ႀကိဳသိခဲ့တဲ့သူပဲ ၊ က်ည္အစစ္ပါ သုံးမယ္လို႔ေတာ့ သူ မသိခဲ့ရဘူးေပါ့ "

ေရာင္ရွိန္ အံ့ဩလြန္း၍ ေျခဖ်ား လက္ဖ်ားေတြပါ ေအးစက္လာသည္ ။ ဒါႀကီးကို ယုံဖို႔လည္း ခက္ခဲေန၏ ။ သီဟက ကိုယ့္သူငယ္ခ်င္းေတြကို လုပ္ႀကံဖို႔ ႀကိဳးစားရာမွာ ကူညီေပးခဲ့တဲ့သူတဲ့လား ။ ဒီေလာက္ႀကီးအထိ လုပ္ရက္ရသလား ။

" အဲအခ်ိန္တုန္းက ဒီကိစၥကို ဝန္ႀကီးခ်ဳပ္ဦးသန႔္စင္ေရာ ၊ သူ႔သားေရာ သိခဲ့ၾကတယ္ "

" ဘယ္လို "

" ဟုတ္တယ္ ေမာင္ရင္ရဲ႕ ၊ အဲ့တုန္းက ဝန္ႀကီးခ်ဳပ္တို႔ သားအဖႏွစ္ေယာက္စလုံးနဲ႔ အန္ကယ္ စကားေျပာခဲ့ရတယ္ ၊ ဝန္ႀကီးခ်ဳပ္ရဲ႕သားကပဲ ဒီအမႈကေန သီဟမင္းတည္ကို ဖယ္ေပးဖို႔ အန္ကယ့္ဆီမွာ ေတာင္းဆိုခဲ့တာ "

ဒါက ပိုၿပီး အံ့ဩဖို႔ေကာင္းသည္ ။ ရွင္းသန႔္က သီဟအေၾကာင္း သိတာေတာင္ သီဟ အျပစ္လြတ္ဖို႔ ေတာင္းဆိုခဲ့သတဲ့ေလ ။

" က်ေနာ္ ဘယ္လို ယုံရမွန္းေတာင္ မသိေတာ့ဘူး "

" ေမာင္ရင္အေနနဲ႔လဲ သူငယ္ခ်င္းဆိုေတာ့ ဘယ္ယုံခ်င္ပါ့မလဲ ၊ ၿပီးေတာ့ အဲဒီတုန္းက ဝန္ႀကီးခ်ဳပ္သားေလးက ေျပာခဲ့ေသးတယ္ ၊ သီဟ အခုလိုလုပ္တာ သူတို႔အေနနဲ႔ သီဟအေပၚမွာ သူငယ္ခ်င္းေမတၱာ လုံေလာက္ေအာင္ မေပးႏိုင္ခဲ့လို႔မ်ားလားတဲ့ ၊ အဲဒါမို႔ သူ႔အေနနဲ႔ သီဟကို အခြင့္အေရးေပးခ်င္ပါေသးတယ္တဲ့  "

ဦးေက်ာ္ႏိုင့္စကားအဆုံးမွာေတာ့ ေရာင္ရွိန္ ထပ္ခါ အံ့ဩသြားရျပန္ပါသည္ ။

ဒီကိစၥႀကီးကို ရွင္းသန႔္က သူတို႔ကို မေျပာဘဲ ဘယ္လိုမ်ား ဖုံးကြယ္ထားႏိုင္ခဲ့ရတာလဲ  ။

#PoPoPhoenix

Continue Reading

You'll Also Like

401K 35.8K 29
တစ်နေ့မှာ 'သုနွယ်ဂုဏ်ချီ 'ဆိုတဲ့ လူခြောက်ကလေးက...လမ်းမှားပြီး 'တည်ကြည်ငြိမ်းချမ်း 'ဆိုတဲ့ ကောင်လေးရဲ့ အိပ်မက်ထဲကို ရောက်သွားသတဲ့ကွယ်... ....(14.1.202...
509K 36.4K 55
𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) မွေးစားသားနဲ့ သားအရင်းကြားက အထင်လွဲပြီး မုန်းတီးမှုတွေကနေ အချစ်ဖြစ်လာနိုင်ပါ့မလား!? ေမြးစားသားနဲ႔ သားအရင္းၾကားက အထင္လြဲၿပီး...
130K 7.1K 47
""ဆက်ဟန်သာမောင်'' ''စိတ်ပူပါနဲ့...မောင်..ကိုကို့ကို..လုပ်..ကြွေးမှာပါ..'' ""ဆောင်တော်ကူး'' ""စကားကိုတစ်ဆက်ထည်း​ပြောတော့....သေမှာမလို့လား..ခွေးကောင်ရ'...
1.6M 88.2K 87
This is a work of fiction. Any names, characters or events are fictional.