Unicode
အစည်းအဝေးခန်းထဲတွင် တစ်ချိန်လုံး တိတ်ဆိတ်နေကာ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က စကားစလိုက်သည်။
" ဟိုတစ်နေ့က လူသတ်မှုတစ်ခုဖြစ်ခဲ့သေးတယ်..."
ယန်ကျန်းကျန်း ရွှယ်မေ့တို့ အသတ်ခံရမှုနှင့် ပတ်သက်၍ အချက်အလက်အသစ် မရသေး။ ရှဲ့လင်၏ ခွဲခြမ်းစိတ်ဖြာမှုကို သိရပြီးသည့်နောက် ယန်ယွမ်ရပ်ကွက်မှရော ထျန်းရွေ့ရပ်ကွက်မှပါ သံသယရှိသူများကို သူတို့စစ်ဆေးကြသည်။
သို့သော် သူတို့ရုံးချုပ်တွင်ရှိသော အမှုမှာ ဒီတစ်မှုထဲသာမဟုတ်။ တခြားအမှုများကိုလဲ ကိုင်ရသေးသည့်အတွက် အကြံပေးကလဲ ထိုအမှုများကို ကိုင်ကြရသည်။
အကြံပေးဆိုသည်က လိုသလိုနေရာရွှေ့နိုင်သည့် အုတ်ခဲတစ်ခဲကဲ့သို့ပင်။
နောက်မှပေါ်လာသည့် လူသတ်မှုအသစ်က သိပ်မရှုပ်ထွေး။ လူတစ်ယောက်က သူ့သူဌေးကို ညဘက်ကြီး ဓားနှင့်လိုက်ထိုးခြင်းဖြစ်သည်။ တစ်ခုထူးဆန်းသည်က ရဲများက တရားခံကို ဖမ်းဆီးနိုင်ခဲ့သော်လဲ လူသတ်လက်နက်ကို ရှာမတွေ့ခဲ့။
လူသတ်လက်နက် မရှိသည့်အတွက် သူတို့ဖမ်းထားသော တရားခံကလဲ ဘူးခံ၍သာ ငြင်းနေသည်။
~~~ အဲ့ဒီ့လူကို ဟိုဘက်ခန်းမှာ စစ်နေတာကို.. နည်းနည်းလေးတောင် ဝန်မခံသေးဘူး~~~
စားပွဲပေါ်ဖြန့်ထားသော အချက်အလက်များကို ချီချင်း ကြည့်စရာမလို။ သူ့နားထဲ အဝင်အထွက်လုပ်နေသော အသံများကို နားထောင်ရုံနှင့်ပင် အမှုအကြောင်းအသေးစိတ်ကို သိနိုင်သည်။
သို့သော် ဖတ်ချင်ယောင်တော့ ဆောင်ရဦးမည်။
ဖိုင်တွဲများ ဖြန့်ပေးရန် တာဝန်ယူထားရသော ရဲအရာရှိအသစ်လေးက သူ့ကို ခိုးကြည့်နေသည်။
လက်အိတ်ဝတ်ထားသော လက်တစ်ဖက်က ဖိုင်တွဲတစ်ခုလုံးကို ဟိုလှန်သည်လှန် လှန်ပြီးနောက် ခဏလေးနှင့် ဖတ်ပြီးသွား၏။ အသစ်လေးမှာ ဖိုင်တွဲကို ဖြစ်သလိုဖတ်နေသော ချီချင်းကိုကြည့်ရင်း အားမလိုအားမရဖြစ်နေသည်။
~~~ သူ တကယ်ဖတ်နေတာရော ဟုတ်လို့လား~~~
" လူသတ်မှုက ကြိုတင်ကြံစည်ထားတာ... သူတို့နှစ်ယောက်ကြားမှာ ငွေကြေးပြဿနာရှိနေတယ်.. လူသတ်လက်နက်ကိုတော့ အခုထိမတွေ့သေးဘူး"
ချီချင်းက နီရဲနေသော နှုတ်ခမ်းလေးကို ဖွင့်၍ အမှုထဲမှ အဓိကအချက်များကို ထောက်ပြနေသည်။
" ကျွန်တော် သေချာဖတ်နေပါတယ်"
ထိုစကားကို ပြောနေသည့်အချိန် ချီချင်းက နဖူးပေါ်ဝဲကျနေသော ဆံပင်များကြားမှ ထိုသူ့ကို သေသေချာချာစိုက်ကြည့်နေသည်။ ထိုသူ့အတွေးကို ဖောက်မြင်နေရသည့်အလား။
ထိုအချိန်တွင် ထိုရဲအသစ်လေးမှာ ကြောက်လန့်တကြားနှင့် စိတ်ထဲမှ တွေးနေသည်။
~~~ ငါ သူ့ကို ကြည့်ရုံပဲ ကြည့်တာပါ.. ငါတွေးနေတာ သူ ဘယ်လိုသိသွားတာလဲ~~~
ချီချင်းလဲ အကြည့်လွှဲလိုက်သည်။ ထပ်ပြီးမတုံ့ပြန်တော့။ "ကျေးဇူးပဲ" ဟုသာ မာမာတင်းတင်းပြောလိုက်သည်။ " ကျေးဇူးပဲ" ဟု ပြောရခြင်းမှာ စောစောက ဖိုင်တွဲကို ကမ်းပေးလိုက်သောကြောင့်သာဖြစ်၏။
ရှဲ့လင်သည်လဲ ဖိုင်တွဲကို အကုန်ဖတ်ပြီးသွားသည်။ ခဏအကြာတွင် သူ မေးလိုက်၏။
" အဲ့ဒီ့လူကို စစ်မေးနေတုန်းလား"
လူတစ်ယောက်က ထပြောသည်။
" ဟိုဘက်အခန်းမှာ"
ရှဲ့လင်က ဖိုင်တွဲပြန်ပိတ်ကာ ချီချင်းဘက် ခေါင်းတစ်ချက်စောင်း၍ မေးလိုက်သည်။
"ကိုယ်တို့ သွားကြည့်ကြမလား"
ချီချင်းက မငြင်း။ မတ်တပ်ထရပ်တော့ တစ်စုံတစ်ယောက်က သူ့ကို လမ်းပြရန် အနားကပ်လာသည်။ ထိုသူက အားကြိုးမာန်တက်နှင့် တံခါးပါ ထဖွင့်ပေးနေသည်။ တံခါးက ပွင့်နေသော်လဲ ထိုသူက တံခါးဝတွင် ပိတ်ရပ်နေသောကြောင့် တဝက်သာ ကျန်တော့သည်။ ပုံမှန်လူများသာဆိုလျှင်တော့ ကျန်သည့်တံခါးတဝက်ထဲမှ အေးအေးသက်သာ ထွက်သွားလို့ရသည်။ ကြပ်နေသည်ဟု ခံစားရမည်မဟုတ်။ သို့သော် ချီချင်း၏ အကွာအဝေးတိုင်းတာမှုမှာ တခြားသူများနှင့် လုံးဝမတူ။
ချီချင်းနှုတ်ခမ်းမှ " လမ်းဖယ်ပေး" ဟု ပြောမထွက်ခင် ရှဲ့လင်က သူ့ရှေ့ရပ်၍ ပြောလိုက်သည်။
" အဲ့လောက်ထိ အားနာစရာမလိုပါဘူး.. ကျွန်တော့်လူကို ကျွန်တော်ကိုယ်တိုင် လမ်းပြနိုင်ပါတယ်"
ထို့နောက် ဆက်ပြောလိုက်သေးသည်။
" ပြီးတော့ ကျွန်တော် ခုနက ပြောဖို့မေ့သွားလို့... ကျွန်တော့်လက်ထောက်က သူ့နား ကပ်တာမကြိုက်ဘူး.. နောက်တစ်ခါကျရင် သတိထားပေးပါ.. သူ့ကို မထိမိပါစေနဲ့"
"???"
ဘယ်က လူထူးဆန်းရောက်လာတာလဲ...
ထိုစကားကြောင့် တံခါးဝမှလူလဲ နောက်ဆုတ်သွားသည်။ နောက်ဆုတ်၍ စောင့်နေသော်လဲ ချီချင်းက တုပ်တုပ်ပင်မလှုပ်သေး၍ မနေနိုင်ပဲ ပြန်မေးလိုက်သည်။
" ဟို... အနားမကပ်နဲ့ဆိုတာ သေချာနားမလည်လို့.. ဘယ်လိုအကွာအဝေးလောက်ကို ပြောတာလဲခင်ဗျ"
ချီချင်းက လက်နှစ်ချောင်းထောင်ပြလိုက်သည်။
" နှစ်စင်တီမီတာလား"
ချီချင်း : "နှစ်မီတာ"
"..."
............
ဘေးအခန်းထဲတွင် မုတ်ဆိတ်ကျင်စွယ်များနှင့် လက်ထိပ်အခတ်ခံထားရသော လူတစ်ယောက်ရှိနေသည်။ အခန်းကျဉ်းလေးထဲတွင် တိတ်ဆိတ်စွာ ထိုင်ရင်း ရဲများမေးသမျှကို တစ်ခုမှ ပြန်မဖြေ။
" ဘာလို့ သတ်လိုက်တာလဲ"
" ခင်ဗျားကို အလုပ်ထုတ်လိုက်တယ်ဆိုတာနဲ့ပဲ ဓားနဲ့ ထိုးလိုက်တယ်ပေါ့... ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလဲ"
" လူကိုကျတော့ သတ်ပြီးတော့... လူသတ်လက်နက် ဘယ်မှာဖွက်ထားလဲ... ဘယ်မှာလွှင့်ပစ်ခဲ့လဲ... ခင်ဗျား အခုလို ငြိမ်နေလို့ရတယ် ဒါပေမဲ့ ခင်ဗျားကို ဝန်ခံလိုက်ဖို့ အကြံပေးတယ်နော်.. ကျွန်တော်တို့ဘက်ကသာ လူသတ်လက်နက် အရင်ရှာတွေ့သွားရင် ထောင်ဒဏ်ပိုတိုးလာဖို့ပဲ ရှိမယ်"
ထိုသူမှာ အသက်သုံးဆယ်တွင်းရှိကာ မျက်မှန်တစ်လက် တပ်ထားသည်။ ရက်အနည်းငယ်ကြာသည်အထိ မုတ်ဆိတ်မရိတ် ရေမချိုးထားသောကြောင့် တမျိုးတမည်ဖြစ်နေသော်လဲ ယခင်ကတော့ ကြည့်ပျော်ရှုပျော်ရှိသည်ဆိုသော အသွင်အပြင်က ထင်းနေသည်။
ထိုသူက တိတ်မြဲတိတ်နေသည်။
အမှုတာဝန်ခံရဲမှာ ထိုသူကို စစ်မေးနေရသည်မှာ တစ်ရက်နှစ်ရက်ပင်မက။ သို့သော် ထိုသူကတော့ အေးဆေးစွာ တိတ်ဆိတ်နေဆဲပင်။ ထို့ကြောင့် အမှုတာဝန်ခံလဲ စိတ်မရှည်နိုင်တော့။
" ခင်ဗျား..."
အမှုတာဝန်ခံ အသံကျယ်လာသည့်အချိန်တွင် တစ်စုံတစ်ယောက်က သူ့ပခုံးကို လာပုတ်သည်။
စစ်မေးခြင်း ခဏရပ်သွားပြီးနောက် ပြန်စသည်။ စစ်မေးခြင်းကို "ခင်ဗျား.. " ဆိုသော စကားနှင့်သာ ပြန်စခြင်းဖြစ်ပေမဲ့ အသံက လုံးဝကွာနေသည်။
" ခင်ဗျားရဲ့အမေ ဒီနေ့ရောက်လာတယ်"
ထိုသူ မျက်လုံးလှန်ကြည့်သည်။
ထိုအခါမှသာ သူ့ရှေ့တွင် ထိုင်နေသူမှာ စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထိုလူနှစ်ယောက်ကို သူတစ်ခါမှ မမြင်ဖူးသလို ယူနီဖောင်းများလဲ မဝတ်ထားကြ။
ရှဲ့လင်က ဆက်ပြောသည်။
" ခင်ဗျားအမေကတော့ ခင်ဗျားက ဒီလိုလုပ်မဲ့လူမျိုး မဟုတ်ဘူးလို့ ယုံနေတာပဲ"
ထိုစကားအဆုံးတွင် ထိုသူက တိတ်ဆိတ်နေသည်မှန်သော်လဲ ချီချင်းနားထဲကိုတော့ စကားသံအချို့ဝင်လာသည်။
~~~ အမေ့ကို သနားတယ်~~~
~~~ ဒါပေမဲ့ ကျွမ့်ကျွမ့်အတွက် ငါဘာမှပြောလို့မဖြစ်ဘူး ~~~
ထိုသူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ချီချင်းမှာ ထိုသူပြောနေသည့် ကျွမ့်ကျွမ့်က သေဆုံးသူ၏ဇနီး လျို့မေကျွမ့်ဖြစ်ကြောင်း သိလိုက်ရသည်။
ထို့နောက် တချိန်လုံးတိတ်ဆိတ်နေရာမှ ချီချင်း၏အသံ ထွက်ပေါ်လာသည်။
" ခင်ဗျား လျို့မေကျွမ့်နဲ့ ရင်းနှီးလား"
"..."
အခုလေးတင် ကိုယ့်စိတ်ထဲမှ စဉ်းစားလိုက်သော နာမည်ကို နောက်တစ်ယောက်က ထုတ်ပြောလိုက်သည့်အခါ လူတိုင်း ထိတ်လန့်မိကြပေလိမ့်မည်။
ချီချင်းနှုတ်ဖျားမှ "လျို့မေကျွမ့်" ဟူသော နာမည် ထွက်မလာခင်အထိ ရဲများက ထိုတစ်ယောက်ကို အာရုံစိုက်မိခြင်းပင် မရှိခဲ့။ သူမက ဒီအမှုနှင့် ဘာမှမဆိုင်သော အပြင်လူသာဖြစ်သည်။ စောင့်ကြည့်ခန်းထဲ ဝင်လာသော စုံထောက်က စကားစသည်။
" သူ တုံ့ပြန်ပြီ... သေချာကြည့်ထား.. ပြီးတော့ လျို့မေကျွမ့်နဲ့ သူနဲ့ ပတ်သက်မှုကို ချက်ချင်းစစ်ကြည့်"
သို့သော် ထိုသူက စက္ကန့်ပိုင်းမျှသာ မျက်နှာပျက်သွားကာ ချက်ချင်း မျက်နှာပြန်ထိန်းလိုက်နိုင်သည်။
" ကျွန်တော် သူ့ကို သိပ်မသိပါဘူး"
ချီချင်း : " ခုနက ခင်ဗျားကို မေးခွန်းတွေ အများကြီး မေးခဲ့သားပဲ.. ဒါပေမဲ့ သူ့နာမည်ထွက်လာမှ ခင်ဗျား စကားစပြောတာ"
"..."
ချီချင်း : " လျို့မေကျွမ့်နဲ့ သူယောက်ျားရဲ့ ဆက်ဆံရေး ဘယ်လိုရှိလဲ"
ထိုသူ : " မသိဘူး"
" မသိဘူးဆိုတော့ သိပ်မကောင်းတဲ့ပုံပဲ"
ရှဲ့လင်က လက်လွှဲယူလိုက်သည်။
" သူ့လို စီးပွားရေးသမားမျိုးက တကယ်လို့ မိသားစုအခြေအနေ အဆင်မပြေရင်တောင် သူ့လက်အောက်ကလူကို ထုတ်ပြမှာမဟုတ်ဘူး.. အဆင်ပြေချင်ယောင်ပဲ ဆောင်နေမှာ.. ဒီနေရာမှာ ခင်ဗျားဖြေသင့်တာက သူတို့ဆက်ဆံရေး အရမ်းကောင်းတယ်ဆိုတာပဲ.. ဒါပေမဲ့ ခင်ဗျား သေချာမပြောနိုင်ဘူး"
"..."
ဘေးချင်းကပ်ထိုင်နေကြသော လူနှစ်ယောက်က နှစ်ယောက်ပေါင်း၍ တင်းနစ်ရိုက်နေကြသလို အတွဲညီနေသည့်အတွက် ထိုသူ ချွေးပြန်လာသည်။
ချီချင်းက စားပွဲပေါ်တင်ထားသော ထိုသူ၏ အင်္ကျီလက်ကို သေချာကြည့်နေသည်။ အင်္ကျီလက်မှ ချုပ်ရိုးချုပ်သားတို့က ထူးခြားနေပုံရသည်။
" ခင်ဗျားအင်္ကျီ ဘယ်တုန်းက ပြဲသွားတာလဲ"
ထိုသူ : "အရင်အပတ်က"
ရှဲ့လင် : " ခင်ဗျားအင်္ကျီကို ချုပ်ပေးတဲ့သူက တကယ်တော်တာပဲနော်"
ထိုသူက အင်္ကျီလက်ကို ငုံ့ကြည့်ရင်း ပြန်ဖြေသည်။
" လမ်းဘေးမှ ဆိုင်တစ်ဆိုင်မှာ ပြန်ချုပ်ထားတာ"
များပြားလှသော အက်ကွဲကွဲ အသံများထဲမှ ထိုသူ၏ အသံကို ချီချင်း ဖမ်းမိလိုက်သည်။
~~~ကျွမ့်ကျွမ့်ကိုယ်တိုင် သေချာချုပ်ပေးထားတာ~~~
~~~ အဲ့ဒီ့လူက လူ့တိရစ္ဆာန်.. မူးလာတိုင်း ကျွမ့်ကျွမ့်ကို နှိပ်စက်တယ်..
ကျွမ့်ကျွမ့်က ငါ့ကို အတူအိပ်ရအောင်တဲ့
ကျွမ့်ကျွမ့်က မေးတယ်.. သူ့မှာ အကြံတစ်ခုရှိတယ်.. ကူညီပေးလို့ရမလားတဲ့ ~~~
ချီချင်းက ထိုသူကို စိုက်ကြည့်နေသည်။
" ခင်ဗျားနဲ့ ခင်ဗျားသူဌေးက အပ်ချုပ်ဆိုင်တောင် တိုက်တိုက်ဆိုင်ဆိုင် တူနေတာပဲ"
အကယ်၍ လူသတ်သမားကသာ သေဆုံးသူ၏ မိန်းမနှင့် ဖောက်ပြန်နေသည်ဆိုပါက အမှုအနေအထားက လုံးဝပြောင်းလဲသွားမည်ဖြစ်၏။ လျို့မေကျွမ့်၏ ကိုယ်ရေးအကျဉ်း ချက်ချင်းရောက်လာသည်။
" တွေ့ပြီ... လျို့မေကျွမ့်ရဲ့ ကိုယ်ရေးအကျဉ်းထဲမှာ ထူးဆန်းတာတစ်ခုတော့ ရှိတယ်... မနှစ်က သူ့ယောက်ျားနာမည်နဲ့ အသက်အာမခံတစ်ခု ဝယ်ထားတယ်တဲ့"
" ဒီအမှုမှာ လျို့မေကျွမ့် ပါဝင်ပတ်သက်နေတာ သေချာတယ်"
" လူသတ်လက်နက်ကို မတွေ့ဘူးဆိုတာကလဲ လျို့မေကျွမ့်ပဲ ဖွက်ထားတာနေမှာ"
အမှုအကြောင်း ပြောကြပြီးနောက် တစ်ဖက်ပိတ်မှန်မှ ဘေးချင်းယှဉ်ထိုင်နေသော အကြံပေးနှစ်ယောက်ကို ဝိုင်းကြည့်နေကြသည်။ အထူးသဖြင့် အသစ်ရောက်လာသော တစ်ယောက်ဖြစ်၏။ မနက်တုန်းက ရှဲ့လင်အကြံပေးအသစ်ခေါ်လာခဲ့စဉ် ကြောင်အနေသူများလဲ အခုတော့ သူတို့ရုံးချုပ်ကို နောက်ထပ် မိစ္ဆာတစ်ကောင် ထပ်ရောက်လာမှန်း သဘောပေါက်သွားကြလေသည်။
ဆယ်ကျော်သက်ဘဝထဲက အကြံပေးဖြစ်လာသော ရှဲ့လင်နှင့်ပင် သူတို့အတော်လေး အံ့ဩနေရာမှ အခုတော့ နှစ်မီတာအကွာတွင် နေခိုင်းသော ချီချင်းပါ တိုးလာခဲ့သည်။
သူတို့အချင်းချင်း တီတိုးပြောနေကြ၏။
" အကြံပေးရှဲ့က ဒီလိုလူမျိုးကို ဘယ်ကခေါ်လာတာပါလိမ့်"
ချီချင်းမှာ စကားတစ်ခွန်းပြောအပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားရသည့်အတွက် ပင်ပန်းလာသည်။ ဒီ့ထက်ပိုပြီး တိတိကျကျပြောဖို့ကတော့ သိပ်အဆင်မပြေနိုင်။ ဘာပဲဖြစ်ဖြစ် သူက ရဲအစစ်လဲမဟုတ်။ သူတို့အတွက် လမ်းစရှာပေးပြီးပြီမို့ ကျန်တာတော့ သူတို့ဟာသူတို့ ဆက်စစ်ဆေးနိုင်သည်။
........
ထို့ကြောင့် သက်တောင့်သက်သာထိုင်ကာ ဖုန်းဖွင့်ကြည့်တော့ စာတွေအများကြီးဝင်နေသည်ကို တွေ့လိုက်ရသည်။
ကျိမင်ရွေ့ထံမှ တန်းစီနေသော စာများသာဖြစ်သည်။
.... ငါ ဒီနေ့ ဖရဲသီးစားခဲ့ရတယ်..
.... ဒါပေမဲ့ အဲ့ဒီ့ဖရဲသီးရဲ့ အဓိကဇာတ်ဆောင်က ငါ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေမယ်လို့တော့ မမျှော်လင့်ထားဘူး...
.... မင်း ရုံးချုပ်ကို ဘယ်တုန်းက သွားလိုက်တာလဲ...
ချီချင်းလဲ လက်အိတ်တစ်ဖက်ကိုချွတ်၍ ကျိမင်ရွေ့ထံ စာပြန်သည်။ သို့သော် ဖုန်းမျက်နှာပြင်ကို ထိလိုက်သော်လဲ ဘာပြန်ပြောရမှန်းမသိ။ အချိန်အကြာကြီး တွေးနေပြီးမှ အဆက်အစပ်မရှိသော စာလုံးတစ်လုံး ရေးလိုက်သည်။
" မတော်တဆ"
"???"
ကျိမင်ရွေ့က အရမ်းကြီးတော့ အံ့ဩမနေ။ သူ့သူငယ်ချင်း အမှုဖြေရှင်းတာ ဘယ်လောက်တော်သည်ကို သူ သေချာသိထားသည်လေ။
သတင်းကြားတုန်းက ဆုရှောင်းလန်သည်ပင် လန့်မသွား။
" တကယ်သင့်တော်တာပဲ.. ငါ သူ့ကို စတွေ့တုန်းက လုပ်ဖော်ကိုင်ဖက်တစ်ယောက်လို့တောင် တွေးခဲ့မိတာ.. သူ ရဲမဟုတ်ဘူးဆိုတော့ နည်းနည်းတောင် အံ့ဩသွားသေးတယ်"
ထို့ကြောင့် ကျိမင်ရွေ့က စာပြန်သည်။
" ဘာပဲဖြစ်ဖြစ်ကောင်းတယ်.. အလုပ်ပြောင်းလိုက်တာ တော်တယ်ကွာ"
" ငါတောင် မင်းကို မေဂျာမှားယူလိုက်တယ်လို့ ပြောမလို့လေ.. သက်သက်မဲ့ကြီး သရုပ်ဆောင်သင်တန်း တက်မိလိုက်တာ"
ထိုစာနှစ်စောင်ကို ဖတ်ပြီးနောက် ချီချင်း ဘာမှ ပြန်မပြောဖြစ်။
လက်အိတ်ချွတ်ပြီးနောက် အကျင့်ပါနေသည့်အတိုင်း ရှဲ့လင်လက်ကို လှမ်းကြည့်မိသည်။ ရှဲ့လင်ကတော့ အမှုကိုသာ အာရုံစိုက်နေ၏။ စားပွဲပေါ်တွင် စာရွက်ပိုင်းနှစ်ခု ရှိနေသည်။ အပေါ်ကစာရွက်မှာ ရွှယ်မေ့အိမ်နီးချင်း၏ ဝန်ခံစာဖြစ်ပြီး ထိုနေ့က သူပြောထားသည့် စကားလုံးတိုင်းကို ချရေးထားခြင်းဖြစ်၏။
... ကျွန်တော် သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာ...
.... သူ့ရည်းစားက ခဏခဏ လာလည်တယ်....
ရှဲ့လင်မှာ ချီချင်း လက်အိတ်ချွတ်လိုက်သည်ကို မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ရ၍ သေချာသဘောပေါက်က ကိုင်ချင်ပါက ကိုင်လို့ရအောင် လက်ဝါးဖြန့်ပေးထားလိုက်သည်။
ချီချင်းက ပြန်မေးသည်။
" သူ့ဝန်ခံချက်မှာ ပြဿနာရှိလို့လား"
ရှဲ့လင်က ထိုစာကို အပြန်ပြန်အလှန်လှန် ဖတ်ရင်း ပြန်ဖြေသည်။
" သေချာမပြောတတ်ဘူး.. ဒါပေမဲ့ တစ်ခုခုတော့ လွဲနေတယ်လို့ ကိုယ်ထင်တယ်"
" ရွှယ်မေ့ရဲ့ ရည်းစားကို ဘယ်နှကြိမ် စစ်မေးပြီးပြီလဲ"
ရှဲ့လင်က တခြားသူများကို မေးလိုက်သည်။
" စစ်မေးပြီးပါပြီ.. အဲ့ဒီ့အချိန်က သူ တကယ်ပဲ မြို့ထဲမှာ မရှိတာပါ"
" နောက်ပိုင်း ထပ်မေးဖြစ်သေးလား"
" မမေးမိဘူး"
ရဲတစ်ယောက်က ထပ်ဖြေသည်။
" သူ့မှာ အလီဘိုင်လဲ ကောင်းကောင်းရှိတယ်ဆိုတော့ သံသယတရားခံစာရင်းထဲ မကျန်တော့ဘူးလေ"
" သူ အချိန်ရတယ်ဆိုရင် မေးစရာရှိလို့ဆိုပြီး ခေါ်လိုက်ပါ"
ရှဲ့လင်က ရွှယ်မေ့အိမ်နီးချင်း၏ ဝန်ခံချက်ကို တဖြည်းဖြည်းချင်း သူတို့ဆီ တွန်းပို့လိုက်သည်။
" ဒီဝန်ခံချက်နဲ့ ပေါင်းပြီး နည်းနည်းလောက် ထပ်စစ်ကြည့်ရအောင်"
ဤသို့ဖြင့် ချီချင်းတစ်ယောက် တနေကုန် ရှဲ့လင်၏ လက်ထောက်အဖြစ် အလုပ်လုပ်ခဲ့ရသည်။ စိတ်တိုလာပါက စားပွဲအောက်တွင် ဖြန့်ထားသော ရှဲ့လင်၏ လက်ဖဝါးကို လက်ချောင်းထိပ်နှင့် သွားသွားတို့သည်။ ထို့ကြောင့် လူတွေအများကြီး ဝင်ထွက်သွားလာနေသော်လဲ အရမ်းခံရမခက်တော့။ အချိန်ကို သေချာတွက်ကြည့်တော့ သူ အရက်သောက်ခဲ့သည့်အချိန်က တစ်လပြည့်တော့မည်။ အရင်တစ်ခေါက်က အတွေ့အကြုံနှင့်ဆို ထိန်းချုပ်မရနိုင်သော အခြေအနေမှ လွတ်မြောက်တော့မည်ဖြစ်၏။
သို့သော် အချိန်အတိအကျကိုတော့ မသိ။ အရင်တစ်ခေါက်ထက် ပိုကြာမည်လား ပိုလျော့မည်လား သူ မခန့်မှန်းနိုင်။
အလုပ်ပြီးတော့ သူတို့နှစ်ယောက်သား အတူပြန်လာကြသည်။ ဓာတ်လှေကားထဲ တက်လာသည့်အချိန်တွင်တော့ ချီချင်းက ရှဲ့လင်လက်ကို လွှတ်ကာ တိုက်ခန်းထဲမှ အသံမကြားရတော့တာ သေချာလား အတည်ပြုနေ၏။
ရေမိုးချိုး အဝတ်အစားလဲကာ ကုတင်ပေါ်လှဲ၍ အိပ်ပျော်တော့မည့်အချိန် ရုတ်တရက် တိုးညင်းသော အက်ကွဲကွဲ အသံကို ကြားလိုက်ရသည်။
~~~ ငါ မင်းကို အရမ်းသဘောကျနေပြီ~~~
ပထမဆုံး အသံထွက်ပေါ်လာတော့ ချီချင်းမှာ သူ့နားထဲက အသံကြားလိုက်ရတာ သေချာရဲ့လားဟုပင် ပြန်တွေးနေရသည်။
ထို့နောက် တစ်မိနစ်တိတိ ကုန်ဆုံးသွား၏။
အက်ကွဲကွဲအသံ ထပ်၍ ထွက်ပေါ်လာသည်။ ထိုသူ၏ အသံသာဖြစ်၏။
~~~ ငါ မင်းကို တကယ်သဘောကျတယ်~~~
ထိုအသံကို ချီချင်း အိမ်ပြောင်းလာပြီးနောက်ပိုင်း တစ်ခါမှ မကြားဖူး။ အဖိုးကြီးအဖွားကြီးများမှလွဲ၍ အဆောက်အဦးထဲတွင် တစ်ယောက်ထဲနေသော လူပျို အပျိုတို့သာ ရှိကြသည်။ သို့သော် ညဘက်ကြီး အိမ်ကို ရုတ်တရက် ရည်းစားခေါ်လာနိုင်သည်ကိုလဲ ထည့်မတွက်လို့မရ။
ညသန်းခေါင်ကြီး ချီချင်းတစ်ယောက် အိပ်ရာပေါ်လှဲရင်း နားအီစေသော အချစ်စကားများကြောင့် အိပ်မပျော်နိုင်တော့။
နားထဲ တစ်ချက်တစ်ချက် တိုးဝင်လာသော စကားကို နားထောင်ရင်း အသံပိုင်ရှင်ကို လိုက်စဉ်းစားနေရင်းမှ ထိုအသံပိုင်ရှင်က နာမည်တစ်ခုကို လှမ်းခေါ်လိုက်သည်။
~~~ ချင်းချင်း~~~
........
End of part 36
Thank you all
zawgyi
အစည္းအေဝးခန္းထဲတြင္ တစ္ခ်ိန္လုံး တိတ္ဆိတ္ေနကာ ေနာက္ဆုံးေတာ့ တစ္စုံတစ္ေယာက္က စကားစလိုက္သည္။
" ဟိုတစ္ေန႕က လူသတ္မႈတစ္ခုျဖစ္ခဲ့ေသးတယ္..."
ယန္က်န္းက်န္း ႐ႊယ္ေမ့တို႔ အသတ္ခံရမႈႏွင့္ ပတ္သက္၍ အခ်က္အလက္အသစ္ မရေသး။ ရွဲ႕လင္၏ ခြဲျခမ္းစိတ္ျဖာမႈကို သိရၿပီးသည့္ေနာက္ ယန္ယြမ္ရပ္ကြက္မွေရာ ထ်န္းေ႐ြ႕ရပ္ကြက္မွပါ သံသယရွိသူမ်ားကို သူတို႔စစ္ေဆးၾကသည္။
သို႔ေသာ္ သူတို႔႐ုံးခ်ဳပ္တြင္ရွိေသာ အမႈမွာ ဒီတစ္မႈထဲသာမဟုတ္။ တျခားအမႈမ်ားကိုလဲ ကိုင္ရေသးသည့္အတြက္ အႀကံေပးကလဲ ထိုအမႈမ်ားကို ကိုင္ၾကရသည္။
အႀကံေပးဆိုသည္က လိုသလိုေနရာေ႐ႊ႕နိုင္သည့္ အုတ္ခဲတစ္ခဲကဲ့သို႔ပင္။
ေနာက္မွေပၚလာသည့္ လူသတ္မႈအသစ္က သိပ္မရႈပ္ေထြး။ လူတစ္ေယာက္က သူ႕သူေဌးကို ညဘက္ႀကီး ဓားႏွင့္လိုက္ထိုးျခင္းျဖစ္သည္။ တစ္ခုထူးဆန္းသည္က ရဲမ်ားက တရားခံကို ဖမ္းဆီးနိုင္ခဲ့ေသာ္လဲ လူသတ္လက္နက္ကို ရွာမေတြ႕ခဲ့။
လူသတ္လက္နက္ မရွိသည့္အတြက္ သူတို႔ဖမ္းထားေသာ တရားခံကလဲ ဘူးခံ၍သာ ျငင္းေနသည္။
~~~ အဲ့ဒီ့လူကို ဟိုဘက္ခန္းမွာ စစ္ေနတာကို.. နည္းနည္းေလးေတာင္ ဝန္မခံေသးဘူး~~~
စားပြဲေပၚျဖန႔္ထားေသာ အခ်က္အလက္မ်ားကို ခ်ီခ်င္း ၾကည့္စရာမလို။ သူ႕နားထဲ အဝင္အထြက္လုပ္ေနေသာ အသံမ်ားကို နားေထာင္႐ုံႏွင့္ပင္ အမႈအေၾကာင္းအေသးစိတ္ကို သိနိုင္သည္။
သို႔ေသာ္ ဖတ္ခ်င္ေယာင္ေတာ့ ေဆာင္ရဦးမည္။
ဖိုင္တြဲမ်ား ျဖန႔္ေပးရန္ တာဝန္ယူထားရေသာ ရဲအရာရွိအသစ္ေလးက သူ႕ကို ခိုးၾကည့္ေနသည္။
လက္အိတ္ဝတ္ထားေသာ လက္တစ္ဖက္က ဖိုင္တြဲတစ္ခုလုံးကို ဟိုလွန္သည္လွန္ လွန္ၿပီးေနာက္ ခဏေလးႏွင့္ ဖတ္ၿပီးသြား၏။ အသစ္ေလးမွာ ဖိုင္တြဲကို ျဖစ္သလိုဖတ္ေနေသာ ခ်ီခ်င္းကိုၾကည့္ရင္း အားမလိုအားမရျဖစ္ေနသည္။
~~~ သူ တကယ္ဖတ္ေနတာေရာ ဟုတ္လို႔လား~~~
" လူသတ္မႈက ႀကိဳတင္ႀကံစည္ထားတာ... သူတို႔ႏွစ္ေယာက္ၾကားမွာ ေငြေၾကးျပႆနာရွိေနတယ္.. လူသတ္လက္နက္ကိုေတာ့ အခုထိမေတြ႕ေသးဘူး"
ခ်ီခ်င္းက နီရဲေနေသာ ႏႈတ္ခမ္းေလးကို ဖြင့္၍ အမႈထဲမွ အဓိကအခ်က္မ်ားကို ေထာက္ျပေနသည္။
" ကြၽန္ေတာ္ ေသခ်ာဖတ္ေနပါတယ္"
ထိုစကားကို ေျပာေနသည့္အခ်ိန္ ခ်ီခ်င္းက နဖူးေပၚဝဲက်ေနေသာ ဆံပင္မ်ားၾကားမွ ထိုသူ႕ကို ေသေသခ်ာခ်ာစိုက္ၾကည့္ေနသည္။ ထိုသူ႕အေတြးကို ေဖာက္ျမင္ေနရသည့္အလား။
ထိုအခ်ိန္တြင္ ထိုရဲအသစ္ေလးမွာ ေၾကာက္လန႔္တၾကားႏွင့္ စိတ္ထဲမွ ေတြးေနသည္။
~~~ ငါ သူ႕ကို ၾကည့္႐ုံပဲ ၾကည့္တာပါ.. ငါေတြးေနတာ သူ ဘယ္လိုသိသြားတာလဲ~~~
ခ်ီခ်င္းလဲ အၾကည့္လႊဲလိုက္သည္။ ထပ္ၿပီးမတုံ႕ျပန္ေတာ့။ "ေက်းဇူးပဲ" ဟုသာ မာမာတင္းတင္းေျပာလိုက္သည္။ " ေက်းဇူးပဲ" ဟု ေျပာရျခင္းမွာ ေစာေစာက ဖိုင္တြဲကို ကမ္းေပးလိုက္ေသာေၾကာင့္သာျဖစ္၏။
ရွဲ႕လင္သည္လဲ ဖိုင္တြဲကို အကုန္ဖတ္ၿပီးသြားသည္။ ခဏအၾကာတြင္ သူ ေမးလိုက္၏။
" အဲ့ဒီ့လူကို စစ္ေမးေနတုန္းလား"
လူတစ္ေယာက္က ထေျပာသည္။
" ဟိုဘက္အခန္းမွာ"
ရွဲ႕လင္က ဖိုင္တြဲျပန္ပိတ္ကာ ခ်ီခ်င္းဘက္ ေခါင္းတစ္ခ်က္ေစာင္း၍ ေမးလိုက္သည္။
"ကိုယ္တို႔ သြားၾကည့္ၾကမလား"
ခ်ီခ်င္းက မျငင္း။ မတ္တပ္ထရပ္ေတာ့ တစ္စုံတစ္ေယာက္က သူ႕ကို လမ္းျပရန္ အနားကပ္လာသည္။ ထိုသူက အားႀကိဳးမာန္တက္ႏွင့္ တံခါးပါ ထဖြင့္ေပးေနသည္။ တံခါးက ပြင့္ေနေသာ္လဲ ထိုသူက တံခါးဝတြင္ ပိတ္ရပ္ေနေသာေၾကာင့္ တဝက္သာ က်န္ေတာ့သည္။ ပုံမွန္လူမ်ားသာဆိုလွ်င္ေတာ့ က်န္သည့္တံခါးတဝက္ထဲမွ ေအးေအးသက္သာ ထြက္သြားလို႔ရသည္။ ၾကပ္ေနသည္ဟု ခံစားရမည္မဟုတ္။ သို႔ေသာ္ ခ်ီခ်င္း၏ အကြာအေဝးတိုင္းတာမႈမွာ တျခားသူမ်ားႏွင့္ လုံးဝမတူ။
ခ်ီခ်င္းႏႈတ္ခမ္းမွ " လမ္းဖယ္ေပး" ဟု ေျပာမထြက္ခင္ ရွဲ႕လင္က သူ႕ေရွ႕ရပ္၍ ေျပာလိုက္သည္။
" အဲ့ေလာက္ထိ အားနာစရာမလိုပါဘူး.. ကြၽန္ေတာ့္လူကို ကြၽန္ေတာ္ကိုယ္တိုင္ လမ္းျပနိုင္ပါတယ္"
ထို႔ေနာက္ ဆက္ေျပာလိုက္ေသးသည္။
" ၿပီးေတာ့ ကြၽန္ေတာ္ ခုနက ေျပာဖို႔ေမ့သြားလို႔... ကြၽန္ေတာ့္လက္ေထာက္က သူ႕နား ကပ္တာမႀကိဳက္ဘူး.. ေနာက္တစ္ခါက်ရင္ သတိထားေပးပါ.. သူ႕ကို မထိမိပါေစနဲ႕"
"???"
ဘယ္က လူထူးဆန္းေရာက္လာတာလဲ...
ထိုစကားေၾကာင့္ တံခါးဝမွလူလဲ ေနာက္ဆုတ္သြားသည္။ ေနာက္ဆုတ္၍ ေစာင့္ေနေသာ္လဲ ခ်ီခ်င္းက တုပ္တုပ္ပင္မလႈပ္ေသး၍ မေနနိုင္ပဲ ျပန္ေမးလိုက္သည္။
" ဟို... အနားမကပ္နဲ႕ဆိုတာ ေသခ်ာနားမလည္လို႔.. ဘယ္လိုအကြာအေဝးေလာက္ကို ေျပာတာလဲခင္ဗ်"
ခ်ီခ်င္းက လက္ႏွစ္ေခ်ာင္းေထာင္ျပလိုက္သည္။
" ႏွစ္စင္တီမီတာလား"
ခ်ီခ်င္း : "ႏွစ္မီတာ"
"..."
............
ေဘးအခန္းထဲတြင္ မုတ္ဆိတ္က်င္စြယ္မ်ားႏွင့္ လက္ထိပ္အခတ္ခံထားရေသာ လူတစ္ေယာက္ရွိေနသည္။ အခန္းက်ဥ္းေလးထဲတြင္ တိတ္ဆိတ္စြာ ထိုင္ရင္း ရဲမ်ားေမးသမွ်ကို တစ္ခုမွ ျပန္မေျဖ။
" ဘာလို႔ သတ္လိုက္တာလဲ"
" ခင္ဗ်ားကို အလုပ္ထုတ္လိုက္တယ္ဆိုတာနဲ႕ပဲ ဓားနဲ႕ ထိုးလိုက္တယ္ေပါ့... ခင္ဗ်ားကိုယ္ခင္ဗ်ား ဘာထင္ေနလဲ"
" လူကိုက်ေတာ့ သတ္ၿပီးေတာ့... လူသတ္လက္နက္ ဘယ္မွာဖြက္ထားလဲ... ဘယ္မွာလႊင့္ပစ္ခဲ့လဲ... ခင္ဗ်ား အခုလို ၿငိမ္ေနလို႔ရတယ္ ဒါေပမဲ့ ခင္ဗ်ားကို ဝန္ခံလိုက္ဖို႔ အႀကံေပးတယ္ေနာ္.. ကြၽန္ေတာ္တို႔ဘက္ကသာ လူသတ္လက္နက္ အရင္ရွာေတြ႕သြားရင္ ေထာင္ဒဏ္ပိုတိုးလာဖို႔ပဲ ရွိမယ္"
ထိုသူမွာ အသက္သုံးဆယ္တြင္းရွိကာ မ်က္မွန္တစ္လက္ တပ္ထားသည္။ ရက္အနည္းငယ္ၾကာသည္အထိ မုတ္ဆိတ္မရိတ္ ေရမခ်ိဳးထားေသာေၾကာင့္ တမ်ိဳးတမည္ျဖစ္ေနေသာ္လဲ ယခင္ကေတာ့ ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိသည္ဆိုေသာ အသြင္အျပင္က ထင္းေနသည္။
ထိုသူက တိတ္ၿမဲတိတ္ေနသည္။
အမႈတာဝန္ခံရဲမွာ ထိုသူကို စစ္ေမးေနရသည္မွာ တစ္ရက္ႏွစ္ရက္ပင္မက။ သို႔ေသာ္ ထိုသူကေတာ့ ေအးေဆးစြာ တိတ္ဆိတ္ေနဆဲပင္။ ထို႔ေၾကာင့္ အမႈတာဝန္ခံလဲ စိတ္မရွည္နိုင္ေတာ့။
" ခင္ဗ်ား..."
အမႈတာဝန္ခံ အသံက်ယ္လာသည့္အခ်ိန္တြင္ တစ္စုံတစ္ေယာက္က သူ႕ပခုံးကို လာပုတ္သည္။
စစ္ေမးျခင္း ခဏရပ္သြားၿပီးေနာက္ ျပန္စသည္။ စစ္ေမးျခင္းကို "ခင္ဗ်ား.. " ဆိုေသာ စကားႏွင့္သာ ျပန္စျခင္းျဖစ္ေပမဲ့ အသံက လုံးဝကြာေနသည္။
" ခင္ဗ်ားရဲ႕အေမ ဒီေန႕ေရာက္လာတယ္"
ထိုသူ မ်က္လုံးလွန္ၾကည့္သည္။
ထိုအခါမွသာ သူ႕ေရွ႕တြင္ ထိုင္ေနသူမွာ စကၠန႔္ပိုင္းအတြင္း ေျပာင္းလဲသြားၿပီျဖစ္ေၾကာင္း သိလိုက္ရသည္။ ထိုလူႏွစ္ေယာက္ကို သူတစ္ခါမွ မျမင္ဖူးသလို ယူနီေဖာင္းမ်ားလဲ မဝတ္ထားၾက။
ရွဲ႕လင္က ဆက္ေျပာသည္။
" ခင္ဗ်ားအေမကေတာ့ ခင္ဗ်ားက ဒီလိုလုပ္မဲ့လူမ်ိဳး မဟုတ္ဘူးလို႔ ယုံေနတာပဲ"
ထိုစကားအဆုံးတြင္ ထိုသူက တိတ္ဆိတ္ေနသည္မွန္ေသာ္လဲ ခ်ီခ်င္းနားထဲကိုေတာ့ စကားသံအခ်ိဳ႕ဝင္လာသည္။
~~~ အေမ့ကို သနားတယ္~~~
~~~ ဒါေပမဲ့ ကြၽမ့္ကြၽမ့္အတြက္ ငါဘာမွေျပာလို႔မျဖစ္ဘူး ~~~
ထိုသူ၏ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနေသာ ခ်ီခ်င္းမွာ ထိုသူေျပာေနသည့္ ကြၽမ့္ကြၽမ့္က ေသဆုံးသူ၏ဇနီး လ်ိဳ႕ေမကြၽမ့္ျဖစ္ေၾကာင္း သိလိုက္ရသည္။
ထို႔ေနာက္ တခ်ိန္လုံးတိတ္ဆိတ္ေနရာမွ ခ်ီခ်င္း၏အသံ ထြက္ေပၚလာသည္။
" ခင္ဗ်ား လ်ိဳ႕ေမကြၽမ့္နဲ႕ ရင္းႏွီးလား"
"..."
အခုေလးတင္ ကိုယ့္စိတ္ထဲမွ စဥ္းစားလိုက္ေသာ နာမည္ကို ေနာက္တစ္ေယာက္က ထုတ္ေျပာလိုက္သည့္အခါ လူတိုင္း ထိတ္လန႔္မိၾကေပလိမ့္မည္။
ခ်ီခ်င္းႏႈတ္ဖ်ားမွ "လ်ိဳ႕ေမကြၽမ့္" ဟူေသာ နာမည္ ထြက္မလာခင္အထိ ရဲမ်ားက ထိုတစ္ေယာက္ကို အာ႐ုံစိုက္မိျခင္းပင္ မရွိခဲ့။ သူမက ဒီအမႈႏွင့္ ဘာမွမဆိုင္ေသာ အျပင္လူသာျဖစ္သည္။ ေစာင့္ၾကည့္ခန္းထဲ ဝင္လာေသာ စုံေထာက္က စကားစသည္။
" သူ တုံ႕ျပန္ၿပီ... ေသခ်ာၾကည့္ထား.. ၿပီးေတာ့ လ်ိဳ႕ေမကြၽမ့္နဲ႕ သူနဲ႕ ပတ္သက္မႈကို ခ်က္ခ်င္းစစ္ၾကည့္"
သို႔ေသာ္ ထိုသူက စကၠန႔္ပိုင္းမွ်သာ မ်က္ႏွာပ်က္သြားကာ ခ်က္ခ်င္း မ်က္ႏွာျပန္ထိန္းလိုက္နိုင္သည္။
" ကြၽန္ေတာ္ သူ႕ကို သိပ္မသိပါဘူး"
ခ်ီခ်င္း : " ခုနက ခင္ဗ်ားကို ေမးခြန္းေတြ အမ်ားႀကီး ေမးခဲ့သားပဲ.. ဒါေပမဲ့ သူ႕နာမည္ထြက္လာမွ ခင္ဗ်ား စကားစေျပာတာ"
"..."
ခ်ီခ်င္း : " လ်ိဳ႕ေမကြၽမ့္နဲ႕ သူေယာက္်ားရဲ႕ ဆက္ဆံေရး ဘယ္လိုရွိလဲ"
ထိုသူ : " မသိဘူး"
" မသိဘူးဆိုေတာ့ သိပ္မေကာင္းတဲ့ပုံပဲ"
ရွဲ႕လင္က လက္လႊဲယူလိုက္သည္။
" သူ႕လို စီးပြားေရးသမားမ်ိဳးက တကယ္လို႔ မိသားစုအေျခအေန အဆင္မေျပရင္ေတာင္ သူ႕လက္ေအာက္ကလူကို ထုတ္ျပမွာမဟုတ္ဘူး.. အဆင္ေျပခ်င္ေယာင္ပဲ ေဆာင္ေနမွာ.. ဒီေနရာမွာ ခင္ဗ်ားေျဖသင့္တာက သူတို႔ဆက္ဆံေရး အရမ္းေကာင္းတယ္ဆိုတာပဲ.. ဒါေပမဲ့ ခင္ဗ်ား ေသခ်ာမေျပာနိုင္ဘူး"
"..."
ေဘးခ်င္းကပ္ထိုင္ေနၾကေသာ လူႏွစ္ေယာက္က ႏွစ္ေယာက္ေပါင္း၍ တင္းနစ္ရိုက္ေနၾကသလို အတြဲညီေနသည့္အတြက္ ထိုသူ ေခြၽးျပန္လာသည္။
ခ်ီခ်င္းက စားပြဲေပၚတင္ထားေသာ ထိုသူ၏ အကၤ်ီလက္ကို ေသခ်ာၾကည့္ေနသည္။ အကၤ်ီလက္မွ ခ်ဳပ္ရိုးခ်ဳပ္သားတို႔က ထူးျခားေနပုံရသည္။
" ခင္ဗ်ားအကၤ်ီ ဘယ္တုန္းက ၿပဲသြားတာလဲ"
ထိုသူ : "အရင္အပတ္က"
ရွဲ႕လင္ : " ခင္ဗ်ားအကၤ်ီကို ခ်ဳပ္ေပးတဲ့သူက တကယ္ေတာ္တာပဲေနာ္"
ထိုသူက အကၤ်ီလက္ကို ငုံ႕ၾကည့္ရင္း ျပန္ေျဖသည္။
" လမ္းေဘးမွ ဆိုင္တစ္ဆိုင္မွာ ျပန္ခ်ဳပ္ထားတာ"
မ်ားျပားလွေသာ အက္ကြဲကြဲ အသံမ်ားထဲမွ ထိုသူ၏ အသံကို ခ်ီခ်င္း ဖမ္းမိလိုက္သည္။
~~~ကြၽမ့္ကြၽမ့္ကိုယ္တိုင္ ေသခ်ာခ်ဳပ္ေပးထားတာ~~~
~~~ အဲ့ဒီ့လူက လူ႕တိရစာၦန္.. မူးလာတိုင္း ကြၽမ့္ကြၽမ့္ကို ႏွိပ္စက္တယ္..
ကြၽမ့္ကြၽမ့္က ငါ့ကို အတူအိပ္ရေအာင္တဲ့
ကြၽမ့္ကြၽမ့္က ေမးတယ္.. သူ႕မွာ အႀကံတစ္ခုရွိတယ္.. ကူညီေပးလို႔ရမလားတဲ့ ~~~
ခ်ီခ်င္းက ထိုသူကို စိုက္ၾကည့္ေနသည္။
" ခင္ဗ်ားနဲ႕ ခင္ဗ်ားသူေဌးက အပ္ခ်ဳပ္ဆိုင္ေတာင္ တိုက္တိုက္ဆိုင္ဆိုင္ တူေနတာပဲ"
အကယ္၍ လူသတ္သမားကသာ ေသဆုံးသူ၏ မိန္းမႏွင့္ ေဖာက္ျပန္ေနသည္ဆိုပါက အမႈအေနအထားက လုံးဝေျပာင္းလဲသြားမည္ျဖစ္၏။ လ်ိဳ႕ေမကြၽမ့္၏ ကိုယ္ေရးအက်ဥ္း ခ်က္ခ်င္းေရာက္လာသည္။
" ေတြ႕ၿပီ... လ်ိဳ႕ေမကြၽမ့္ရဲ႕ ကိုယ္ေရးအက်ဥ္းထဲမွာ ထူးဆန္းတာတစ္ခုေတာ့ ရွိတယ္... မႏွစ္က သူ႕ေယာက္်ားနာမည္နဲ႕ အသက္အာမခံတစ္ခု ဝယ္ထားတယ္တဲ့"
" ဒီအမႈမွာ လ်ိဳ႕ေမကြၽမ့္ ပါဝင္ပတ္သက္ေနတာ ေသခ်ာတယ္"
" လူသတ္လက္နက္ကို မေတြ႕ဘူးဆိုတာကလဲ လ်ိဳ႕ေမကြၽမ့္ပဲ ဖြက္ထားတာေနမွာ"
အမႈအေၾကာင္း ေျပာၾကၿပီးေနာက္ တစ္ဖက္ပိတ္မွန္မွ ေဘးခ်င္းယွဥ္ထိုင္ေနေသာ အႀကံေပးႏွစ္ေယာက္ကို ဝိုင္းၾကည့္ေနၾကသည္။ အထူးသျဖင့္ အသစ္ေရာက္လာေသာ တစ္ေယာက္ျဖစ္၏။ မနက္တုန္းက ရွဲ႕လင္အႀကံေပးအသစ္ေခၚလာခဲ့စဥ္ ေၾကာင္အေနသူမ်ားလဲ အခုေတာ့ သူတို႔႐ုံးခ်ဳပ္ကို ေနာက္ထပ္ မိစာၦတစ္ေကာင္ ထပ္ေရာက္လာမွန္း သေဘာေပါက္သြားၾကေလသည္။
ဆယ္ေက်ာ္သက္ဘဝထဲက အႀကံေပးျဖစ္လာေသာ ရွဲ႕လင္ႏွင့္ပင္ သူတို႔အေတာ္ေလး အံ့ဩေနရာမွ အခုေတာ့ ႏွစ္မီတာအကြာတြင္ ေနခိုင္းေသာ ခ်ီခ်င္းပါ တိုးလာခဲ့သည္။
သူတို႔အခ်င္းခ်င္း တီတိုးေျပာေနၾက၏။
" အႀကံေပးရွဲ႕က ဒီလိုလူမ်ိဳးကို ဘယ္ကေခၚလာတာပါလိမ့္"
ခ်ီခ်င္းမွာ စကားတစ္ခြန္းေျပာအၿပီး ႐ုန္းရင္းဆန္ခတ္ျဖစ္သြားရသည့္အတြက္ ပင္ပန္းလာသည္။ ဒီ့ထက္ပိုၿပီး တိတိက်က်ေျပာဖို႔ကေတာ့ သိပ္အဆင္မေျပနိုင္။ ဘာပဲျဖစ္ျဖစ္ သူက ရဲအစစ္လဲမဟုတ္။ သူတို႔အတြက္ လမ္းစရွာေပးၿပီးၿပီမို႔ က်န္တာေတာ့ သူတို႔ဟာသူတို႔ ဆက္စစ္ေဆးနိုင္သည္။
........
ထို႔ေၾကာင့္ သက္ေတာင့္သက္သာထိုင္ကာ ဖုန္းဖြင့္ၾကည့္ေတာ့ စာေတြအမ်ားႀကီးဝင္ေနသည္ကို ေတြ႕လိုက္ရသည္။
က်ိမင္ေ႐ြ႕ထံမွ တန္းစီေနေသာ စာမ်ားသာျဖစ္သည္။
.... ငါ ဒီေန႕ ဖရဲသီးစားခဲ့ရတယ္..
.... ဒါေပမဲ့ အဲ့ဒီ့ဖရဲသီးရဲ႕ အဓိကဇာတ္ေဆာင္က ငါ့အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္ေနမယ္လို႔ေတာ့ မေမွ်ာ္လင့္ထားဘူး...
.... မင္း ႐ုံးခ်ဳပ္ကို ဘယ္တုန္းက သြားလိုက္တာလဲ...
ခ်ီခ်င္းလဲ လက္အိတ္တစ္ဖက္ကိုခြၽတ္၍ က်ိမင္ေ႐ြ႕ထံ စာျပန္သည္။ သို႔ေသာ္ ဖုန္းမ်က္ႏွာျပင္ကို ထိလိုက္ေသာ္လဲ ဘာျပန္ေျပာရမွန္းမသိ။ အခ်ိန္အၾကာႀကီး ေတြးေနၿပီးမွ အဆက္အစပ္မရွိေသာ စာလုံးတစ္လုံး ေရးလိုက္သည္။
" မေတာ္တဆ"
"???"
က်ိမင္ေ႐ြ႕က အရမ္းႀကီးေတာ့ အံ့ဩမေန။ သူ႕သူငယ္ခ်င္း အမႈေျဖရွင္းတာ ဘယ္ေလာက္ေတာ္သည္ကို သူ ေသခ်ာသိထားသည္ေလ။
သတင္းၾကားတုန္းက ဆုေရွာင္းလန္သည္ပင္ လန႔္မသြား။
" တကယ္သင့္ေတာ္တာပဲ.. ငါ သူ႕ကို စေတြ႕တုန္းက လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္လို႔ေတာင္ ေတြးခဲ့မိတာ.. သူ ရဲမဟုတ္ဘူးဆိုေတာ့ နည္းနည္းေတာင္ အံ့ဩသြားေသးတယ္"
ထို႔ေၾကာင့္ က်ိမင္ေ႐ြ႕က စာျပန္သည္။
" ဘာပဲျဖစ္ျဖစ္ေကာင္းတယ္.. အလုပ္ေျပာင္းလိုက္တာ ေတာ္တယ္ကြာ"
" ငါေတာင္ မင္းကို ေမဂ်ာမွားယူလိုက္တယ္လို႔ ေျပာမလို႔ေလ.. သက္သက္မဲ့ႀကီး သ႐ုပ္ေဆာင္သင္တန္း တက္မိလိုက္တာ"
ထိုစာႏွစ္ေစာင္ကို ဖတ္ၿပီးေနာက္ ခ်ီခ်င္း ဘာမွ ျပန္မေျပာျဖစ္။
လက္အိတ္ခြၽတ္ၿပီးေနာက္ အက်င့္ပါေနသည့္အတိုင္း ရွဲ႕လင္လက္ကို လွမ္းၾကည့္မိသည္။ ရွဲ႕လင္ကေတာ့ အမႈကိုသာ အာ႐ုံစိုက္ေန၏။ စားပြဲေပၚတြင္ စာ႐ြက္ပိုင္းႏွစ္ခု ရွိေနသည္။ အေပၚကစာ႐ြက္မွာ ႐ႊယ္ေမ့အိမ္နီးခ်င္း၏ ဝန္ခံစာျဖစ္ၿပီး ထိုေန႕က သူေျပာထားသည့္ စကားလုံးတိုင္းကို ခ်ေရးထားျခင္းျဖစ္၏။
... ကြၽန္ေတာ္ သူ႕ကို တစ္ခ်ိန္လုံး ေစာင့္ၾကည့္ေနခဲ့တာ...
.... သူ႕ရည္းစားက ခဏခဏ လာလည္တယ္....
ရွဲ႕လင္မွာ ခ်ီခ်င္း လက္အိတ္ခြၽတ္လိုက္သည္ကို မ်က္လုံးေထာင့္မွ လွမ္းျမင္လိုက္ရ၍ ေသခ်ာသေဘာေပါက္က ကိုင္ခ်င္ပါက ကိုင္လို႔ရေအာင္ လက္ဝါးျဖန႔္ေပးထားလိုက္သည္။
ခ်ီခ်င္းက ျပန္ေမးသည္။
" သူ႕ဝန္ခံခ်က္မွာ ျပႆနာရွိလို႔လား"
ရွဲ႕လင္က ထိုစာကို အျပန္ျပန္အလွန္လွန္ ဖတ္ရင္း ျပန္ေျဖသည္။
" ေသခ်ာမေျပာတတ္ဘူး.. ဒါေပမဲ့ တစ္ခုခုေတာ့ လြဲေနတယ္လို႔ ကိုယ္ထင္တယ္"
" ႐ႊယ္ေမ့ရဲ႕ ရည္းစားကို ဘယ္ႏွႀကိမ္ စစ္ေမးၿပီးၿပီလဲ"
ရွဲ႕လင္က တျခားသူမ်ားကို ေမးလိုက္သည္။
" စစ္ေမးၿပီးပါၿပီ.. အဲ့ဒီ့အခ်ိန္က သူ တကယ္ပဲ ၿမိဳ႕ထဲမွာ မရွိတာပါ"
" ေနာက္ပိုင္း ထပ္ေမးျဖစ္ေသးလား"
" မေမးမိဘူး"
ရဲတစ္ေယာက္က ထပ္ေျဖသည္။
" သူ႕မွာ အလီဘိုင္လဲ ေကာင္းေကာင္းရွိတယ္ဆိုေတာ့ သံသယတရားခံစာရင္းထဲ မက်န္ေတာ့ဘူးေလ"
" သူ အခ်ိန္ရတယ္ဆိုရင္ ေမးစရာရွိလို႔ဆိုၿပီး ေခၚလိုက္ပါ"
ရွဲ႕လင္က ႐ႊယ္ေမ့အိမ္နီးခ်င္း၏ ဝန္ခံခ်က္ကို တျဖည္းျဖည္းခ်င္း သူတို႔ဆီ တြန္းပို႔လိုက္သည္။
" ဒီဝန္ခံခ်က္နဲ႕ ေပါင္းၿပီး နည္းနည္းေလာက္ ထပ္စစ္ၾကည့္ရေအာင္"
ဤသို႔ျဖင့္ ခ်ီခ်င္းတစ္ေယာက္ တေနကုန္ ရွဲ႕လင္၏ လက္ေထာက္အျဖစ္ အလုပ္လုပ္ခဲ့ရသည္။ စိတ္တိုလာပါက စားပြဲေအာက္တြင္ ျဖန႔္ထားေသာ ရွဲ႕လင္၏ လက္ဖဝါးကို လက္ေခ်ာင္းထိပ္ႏွင့္ သြားသြားတို႔သည္။ ထို႔ေၾကာင့္ လူေတြအမ်ားႀကီး ဝင္ထြက္သြားလာေနေသာ္လဲ အရမ္းခံရမခက္ေတာ့။ အခ်ိန္ကို ေသခ်ာတြက္ၾကည့္ေတာ့ သူ အရက္ေသာက္ခဲ့သည့္အခ်ိန္က တစ္လျပည့္ေတာ့မည္။ အရင္တစ္ေခါက္က အေတြ႕အႀကဳံႏွင့္ဆို ထိန္းခ်ဳပ္မရနိုင္ေသာ အေျခအေနမွ လြတ္ေျမာက္ေတာ့မည္ျဖစ္၏။
သို႔ေသာ္ အခ်ိန္အတိအက်ကိဳေတာ့ မသိ။ အရင္တစ္ေခါက္ထက္ ပိုၾကာမည္လား ပိုေလ်ာ့မည္လား သူ မခန႔္မွန္းနိုင္။
အလုပ္ၿပီးေတာ့ သူတို႔ႏွစ္ေယာက္သား အတူျပန္လာၾကသည္။ ဓာတ္ေလွကားထဲ တက္လာသည့္အခ်ိန္တြင္ေတာ့ ခ်ီခ်င္းက ရွဲ႕လင္လက္ကို လႊတ္ကာ တိုက္ခန္းထဲမွ အသံမၾကားရေတာ့တာ ေသခ်ာလား အတည္ျပဳေန၏။
ေရမိုးခ်ိဳး အဝတ္အစားလဲကာ ကုတင္ေပၚလွဲ၍ အိပ္ေပ်ာ္ေတာ့မည့္အခ်ိန္ ႐ုတ္တရက္ တိုးညင္းေသာ အက္ကြဲကြဲ အသံကို ၾကားလိုက္ရသည္။
~~~ ငါ မင္းကို အရမ္းသေဘာက်ေနၿပီ~~~
ပထမဆုံး အသံထြက္ေပၚလာေတာ့ ခ်ီခ်င္းမွာ သူ႕နားထဲက အသံၾကားလိုက္ရတာ ေသခ်ာရဲ႕လားဟုပင္ ျပန္ေတြးေနရသည္။
ထို႔ေနာက္ တစ္မိနစ္တိတိ ကုန္ဆုံးသြား၏။
အက္ကြဲကြဲအသံ ထပ္၍ ထြက္ေပၚလာသည္။ ထိုသူ၏ အသံသာျဖစ္၏။
~~~ ငါ မင္းကို တကယ္သေဘာက်တယ္~~~
ထိုအသံကို ခ်ီခ်င္း အိမ္ေျပာင္းလာၿပီးေနာက္ပိုင္း တစ္ခါမွ မၾကားဖူး။ အဖိုးႀကီးအဖြားႀကီးမ်ားမွလြဲ၍ အေဆာက္အဦးထဲတြင္ တစ္ေယာက္ထဲေနေသာ လူပ်ိဳ အပ်ိဳတို႔သာ ရွိၾကသည္။ သို႔ေသာ္ ညဘက္ႀကီး အိမ္ကို ႐ုတ္တရက္ ရည္းစားေခၚလာနိုင္သည္ကိုလဲ ထည့္မတြက္လို႔မရ။
ညသန္းေခါင္ႀကီး ခ်ီခ်င္းတစ္ေယာက္ အိပ္ရာေပၚလွဲရင္း နားအီေစေသာ အခ်စ္စကားမ်ားေၾကာင့္ အိပ္မေပ်ာ္နိုင္ေတာ့။
နားထဲ တစ္ခ်က္တစ္ခ်က္ တိုးဝင္လာေသာ စကားကို နားေထာင္ရင္း အသံပိုင္ရွင္ကို လိုက္စဥ္းစားေနရင္းမွ ထိုအသံပိုင္ရွင္က နာမည္တစ္ခုကို လွမ္းေခၚလိုက္သည္။
~~~ ခ်င္းခ်င္း~~~
........
End of part 36
Thank you all