အန္တရာယ်ရှိသော စရိုက် - ဘာသာပ...

By Autumn260103

132K 28.4K 2.6K

Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့်... More

Chapter 1 - စိတ်ဖတ်စွမ်းရည်
Chapter 2- Identity
Chapter 3 - ရောဂါအမည်သတ်မှတ်ခြင်း
Chapter 4- ကွက်လပ်
Chapter 5- ကြောင် အလောင်း
Chapter 6- ဓား
Chapter 7- သံသယ
Chapter 8- ထိပ်တိုက်တွေ့ခြင်း
Chapter 9- ပွဲသိမ်း
Chapter 10- Turning Point
Chapter 11- ကြိုးရာ
Chapter 12- အတည်ပြုခြင်း
Chapter 13- ကောင်လေး
Chapter 14- ငိုသံ
Chapter 15- အမှုဟောင်း
Chapter 16- အတိတ်
Chapter 17- Bar
Chapter 18- အရက်တစ်ခွက်
Chapter 19 - ထိန်းမရတော့ခြင်း
Chapter 20 - လူသတ်မှု
Chapter 21- မျက်နှာချင်းဆိုင်အခန်း
Chapter 22- Cover your ears
Chapter 23- ခြွင်းချက်
Chapter 24- အိပ်မပျော်ခြင်း
Chapter 25- Getting medicine
Chapter 26- အကြံပြုချက်
Chapter 27- လက်အိတ်
Chapter 28- ကုထုံး
Chapter 29- အမှုအကြံပေး
Chapter 30- သံသယတရားခံ
Chapter 31- အိမ်နီးချင်းများ
Chapter 33- အိမ်ငှား
Chapter 34- လက်စွပ်
Chapter 35- လက်ထောက်အကြံပေး
Chapter 36- အသံ
Chapter 37- Recovery
Chapter 38- အတည်ပြုချက်
Chapter 39 - စုံစမ်းရေး
Chapter 40- တစ်ယောက်ထဲ နေဖြစ်သွားပြီ
Chapter 41- သတိပေးစကား
Chapter 42- Night Visit
Chapter 43- နှစ်ယောက်လုံးအား ရဲတိုင်ခြင်း
Chapter 44 - အထင်လွဲမှု
Chapter 45- အချိန်ကန့်သတ်ချက်
Chapter 46- ပွဲစား
Chapter 47- လူသတ်မှု
Chapter 48 - လူသတ်သမားကို အမဲလိုက်ခြင်း
Chapter 49 - အမှု ပြီးဆုံးခြင်း
Chapter 50- ချောကလက်
Chapter 51 - နောက်တစ်ကြိမ် ထိန်းချုပ်မရတော့ခြင်း
Chapter 52- Night Talk
Chapter 53- Dream Talk
Chapter 54- လမ်းကူးကြမယ်
Chapter 55- ရုပ်ရှင်ရုံ
Chapter 56- တိုက်ပေါ်မှ ပြုတ်ကျ
Chapter 57- ပါပါရာဇီ
Chapter 58- အရူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်
Chapter 59- အရူးလက်ထဲမှာ တစ်ခုခုရှိနေတာပဲ
Chapter 60- စိုးရိမ်မှု
Chapter 61- အန္တရာယ်ကြားထဲမှ
Chapter 62- မတော်တဆမှု
Chapter 63- Female Star
Chapter 64- လူနာ
Chapter 65- Photos
Chapter 66- မျက်နှာ
Chapter 67- သန္ဓေသား
Chapter 68- ဓာတ်ပုံဘောင်
Chapter 69- အဆောင်လက်ဖွဲ့ဆိုင်
Chapter 70 - သန္ဓေသားလောင်းမွေးမြူခြင်း
Chapter 71- ယဇ်ပူဇော်သော (ကုမာန်ထုန်)
Chapter 72- အလှည့်အပြောင်း
Chapter 73- နားဆွဲလေးတစ်ဖက်
Chapter 74- ရုပ်ရည်
Chapter 75- နှလုံးခုန်သံ
Chapter 76- လက်တွဲဖော်
Chapter 77- သူ ကြားလိုက်တယ်
Chapter 78- အတည်ပြုချက်
Chapter 79 - ကြောင်လေးတစ်ကောင် အိမ်ပေါ်ရောက်လာတယ်
Chapter 80- ချဉ်းကပ်ခြင်း
Chapter 81- သွေးဆောင်ဖျားယောင်းမြှူဆွယ်ခြင်း
Chapter 82- နားကပ်
Chapter 83- လက်မြှောက်အရှုံးပေးလိုက်ပြီ
Chapter 84 - ဖွင့်ဟဝန်ခံခြင်း
Chapter 85- ကိုယ့်ကို စမ်းချစ်ကြည့်လေ
Chapter 86- A Hug
Chapter 87- ချိန်းတွေ့ခြင်း အနုပညာ
Chapter 88- လျှို့ဝှက်အခန်း
Chapter 89 - နှစ်သိမ့်ပေး
Chapter 90- လူသိရှင်ကြား
Chapter 91- သူတို့နှစ်‌ယောက် ဆက်ဆံရေး
Chapter 92- ‌တောင်းဆိုမှု
Chapter 93 - လေတံခွန်
Chapter 94- ကျောင်းသားလေးများ
Chapter 95- ရမှတ်
Chapter 96- စိတ်ခံစားချက်

Chapter 32- ချောင်းကြည့်ခြင်း

1.2K 267 23
By Autumn260103

Unicode

ရုံးချုပ်ထဲတွင်ရှိသော လူပေါင်းစုံမှာ တွေးချင်ရာတွေးနေကြသောကြောင့် အသံပေါင်းစုံရောထွေးနေ၏။ သို့သော် ဆံပင်တိုနှင့်လူ၏ စကားသံက ထိတ်လန့်စရာကောင်းသောကြောင့် ချီချင်း တခြားစကားသံတို့ကိုမကြားတော့ပဲ စောစောကအသံသာ ပဲ့တင်ထပ်နေသည်။
~~~ ငါ သူ့ကို တိတ်တိတ်လေး စောင့်ကြည့်နေတာ~~~

ထိုသူ၏ အသံမှာ တော်တော်လေးနိမ့်ကာ အရူးတစ်ယောက်၏စကားသံကဲ့သို့ ချီချင်းနားထဲ ဝင်နေသည်။

အတော်လေးကြာတော့မှ ချီချင်း သူ့လက်သူ အင်္ကျီအိတ်ထဲ ပြန်ထည့်သည်။ ထို့နောက် မတ်တပ်ရပ်ရင်း ကျိမင်ရွေ့ကို ပြောလိုက်သည်။
" ‌လူသတ်မှုဖြစ်ခဲ့တဲ့နေရာကို မင်း သွားကြည့်ပြီးပြီလား"

ချီချင်းတွင် ကျိုးကြောင်းဆီလျော်စွာ တွေးနိုင်သည့်အရည်အချင်းရှိသလို အရင်တစ်ခါကြောင်သတ်မှုတွင်လဲ အကူအညီများစွာ ပေး‌ထားသည့်အတွက် အမှုနှင့်ပတ်သက်သော အကြောင်းအရာကို သူ့ဘက်မှ စ‌ကားစသော်လဲ ကျိမင်ရွေ့ မအံ့ဩ။
" ‌အကြမ်းဖျင်း စစ်ဆေးပြီးတဲ့အချိန် ဘာပြဿနာမှတော့မရှိ.."

ချီချင်း : "မူမမှန်တာ ဘာမှမရှိဘူးလား"

ကျိမင်ရွေ့ : " ဘာလို့ မေးတာလဲ"

" ဘာမှမဟုတ်ပါဘူး"
ချီချင်းက ပြန်ဖြေသည်။
" အရင်က ဖတ်ခဲ့ဖူးတဲ့ ပုံပြင်ကို သတိရမိသွားလို့ပါ"

" ပုံပြင်??"

ချီချင်းက သရဲပုံပြင်များကို ‌မျက်နှာတည်တည်နှင့် အသံမတုန်ပဲ ပြောနိုင်စွမ်းရှိ၏။
" မိန်းကလေးတွေကို စာပို့ပြီး အနှောင့်အယှက်ပေးတတ်တဲ့ လူတစ်ယောက်အကြောင်းလေ.. သူက အဲ့ဒီ့မိန်းကလေးရဲ့ အိမ်ဘေးမှာနေပြီးတော့ နံရံ‌မှာအပေါက်ဖောက်ပြီး မိန်းကလေးရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတာ"

ကျိမင်ရွေ့လဲ အဆိုပါပုံပြင်တိုလေးကို နားထောင်ပြီးနောက် အတွေးပေါက်လာသည်။
" မင်းပြောတာ ဖြစ်နိုင်တယ်ကွ.. အဲ့လိုအမှုမျိုးကို အရင်က ငါလဲ ကြုံဖူးတယ်.. တချို့လူတွေက သူများကို ရိုးရိုးတန်းတန်းအနှောင့်အယှက်ပေးတာ အားမရလို့ မတရားနည်းလမ်းနဲ့ နီးစပ်အောင် ကြိုးစားတတ်ကြတယ်တဲ့.. ဟာ.. မင်း ဘယ်သွားတာလဲ"

ကျိမင်ရွေ့ တစ်ယောက်ထဲ စကားပြောနေတုန်း မော့ကြည့်လိုက်တော့ ချီချင်း မရှိတော့။

လက်အိတ်အမည်းတစ်ဖက်က မှန်တံခါးကိုဖွင့်၍ အပြင်ထွက်သွားသည်။

" ဒီမှာ တအားဆူတယ်"
ချီချင်း ‌နားထဲမှ ဆူညံသံများက အဆက်ပြတ်သည်မရှိ။
" ငါ ပြန်တော့မယ်"

ကျိမင်ရွေ့က သူ့အမြင်ကို စောင့်ကြည့်ခန်းထဲမှ လူများရှေ့တွင် ပြောပြလိုက်တော့ သူတို့အားလုံး ခေတ္တခဏ တိတ်ဆိတ်သွားကြသည်။ ထိုတိတ်ဆိတ်မှုကြောင့် ကျိမင်ရွေ့လဲ မပြောသင့်သည့်စကားကို ပြောမိသည်အထင်နှင့် ကြောက်လန့်သွား၏။
" ဟို.. ကျွန်တော်က ဒီအတိုင်း ပြောကြည့်တာပါ.. ကျွန်တော် အတွေးလွန်သွားတာ ဖြစ်နိုင်တယ်.. အခု‌တလော လျှောက်တွေးလွန်းလို့.. ပင်းကော ကျွန်တော့်ကို ဦးနှောက်မရှိဘူးလို့ ထပ်ဆူဦးမှာလားဟင်.. ဟုတ်ကဲ့ပါ... ကျွန်တော် ရုံးပြန်ပြီးတော့ ဦးနှောက်မရှိသလိုပဲ နေပါ့မယ်.. ဒီနေ့ ကျွန်တော် ဒီကိုမလာခဲ့ဘူးလို့ပဲ ..."

သတ်မှတ်လိုက်ပါ ဟူသော စကားပင် ဆုံးအောင်မပြောလိုက်ရ။

ဝူကျီပင်းက ကျိမင်ရွေ့ကို ပခုံးပုတ်၍ ပြုံးရွှင်စွာ ပြောလိုက်သည်။
" မင်း တော်တော်လေးတိုးတက်လာတာပဲ"

ပါးစပ်အဟောင်းသားနှင့် ကျိမင်ရွေ့ : "ဗျာ"

" ငါတို့ အခုပဲ ဒီအကြောင်းကို ဆွေးနွေးနေတာ"
ဝူကျီပင်းမှာ အသစ်လေးများကို သဘောမတွေ့ရင် မတွေ့သလို ဆူပူကြိမ်းမောင်းတတ်သော်လဲ တိုးတက်မှုအရိပ်အယောင်ကို တွေ့ရသည့်အခါတွင် ချီးကျူးရန် ဝန်မလေး။
" ရွှယ်မေ့ရဲ့ Weibo အကောင့်မှာ သူ့ကိုတစ်ယောက်ယောက် အမြဲစောင့်ကြည့်နေသလို ခံစားရတယ်လို့ ရေးထားတာတွေ့လို့"

နောက်ဆုံးတော့ ဝူကျီပင်း အမိန့်ပေးလိုက်သည်။
" သူ့ကို အချုပ်ထဲ ထည့်ထား.. မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့.. မှုခင်းဖြစ်ခဲ့တဲ့နေရာကို ပြန်သွားစစ်ရမယ်... ငါတို့ ဘာတွေလွတ်ခဲ့လဲ ပြန်ကြည့်ရအောင်"

ကျိမင်ရွေ့လဲ ချီးကျူးခံရသောကြောင့် နားရွက်များရဲနေရင်းမှ ပြန်ဖြေသည်။
" ဟုတ်ကဲ့ပါ ပင်းကော"

ရှဲ့လင်ကတော့ ခုံကို မှီထိုင်နေရင်း ဘာစကားမှမပြော။

ရွှယ်မေ့၏ Weibo အကောင့်ကို သေသေချာချာ စစ်ဆေးပြီးသွားပြီဖြစ်၏။  ထိုအကောင့်ကို ဖွင့်ထားသည်မှာ သုံးနှစ်သာ ရှိသေးသည်။ ပထမဆုံးတင်ခဲ့သည့်ပို့စ်မှာ ဘွဲ့ရပြီဖြစ်၍ အလုပ်ကြိုးစားရန် သူ့ကိုယ်သူ အားပေးထားခြင်းဖြစ်၏။

ရိုးရှင်းသော စာလုံးများကို တစ်ချက်ကြည့်ပြီးနောက် Weibo ထဲမှ ပြန်ထွက်လာသည်။ ထို့နောက် WeChat ထဲဝင်ကာ တစ်စုံတစ်ယောက်ကို ပို့ထားသော စာကိုကြည့်၏။

သူ့ဘက်မှ စာပို့ထားသော်လဲ တစ်ဖက်မှ စာမပြန်။ ကော်ရစ်တာဘက်သို့ လှမ်းကြည့်တော့ စောစောက ချီချင်းထိုင်နေသော ထိုင်ခုံနေရာတွင် ဘယ်သူမှမရှိတော့။

ကျိမင်ရွေ့နားရွက်ရဲနေသည်လေး မပျောက်သေးခင် ရှဲ့လင်က မေးလိုက်သည်။
" ခုနက အတွေးမျိုးကို ဘယ်လိုလုပ် တွေးမိသွားတာလဲ"

ကျိမင်ရွေ့က အမှန်အတိုင်း ပြန်ဖြေသည်။
" ရုံးမှာနေရင်း အလားတူအမှုမျိုး ဖတ်ဖူးတာ သတိရသွားလို့.. အာ ပြီးတော့ ခုနကလဲ ကျွန်တော့်သူငယ်ချင်း ပြောပြတဲ့ ပုံပြင်ကနေ..."

ချီချင်းတစ်ယောက် ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် အပြင်ထွက်မည်အလုပ် တံခါးဝမှ လူတစ်ယောက်က သူ့ကို လာတား၏။

ဂိတ်ဝကို စောင့်နေပုံရသော စုံထောက်ငယ်လေးမှာ ချီချင်းရှေ့တွင် လက်ကာ၍ ရပ်ခိုင်းနေသည်။
" လူကြီးမင်း ချီချင်း ခင်ဗျ"

ချီချင်းက မျက်နှာမသာမယာနှင့် ထိုသူ့ကို မော့ကြည့်သည်။

ထိုစုံထောက်လေးက ဆက်ပြောသည်။
" တောင်းပန်ပါတယ် ခင်ဗျားကို အပြင်ထွက်ခွင့်မပြုပါဘူး"

" အကြောင်းရင်းပြော"
ချီချင်းက ဆက်ပြောသည်။
" ခင်ဗျား ကျွန်တော့်ကို တားပိုင်ခွင့်မရှိဘူး"

စုံထောက်ငယ်လေးက အကြောင်းရင်းကို ဘယ်လိုလုပ် သိမှာတဲ့လဲ..  အခုလေးတင်ပဲ သူ့အထက်လူကြီးက လူပုံစံပြော၍ မထွက်နိုင်အောင် တားခိုင်းထားတာပဲ ရှိတာကို..

လော်ဘီထဲတွင် ဓာတ်လှေကားအများကြီးရှိသလို အထက်အောက် ရွေ့လျား၍ သွားနေကြသည်။ စုံထောက်ငယ်လေးနှင့် ချီချင်းစကားပြောနေသည့်အချိန်တွင် ဂိတ်ပေါက်ဝတည့်တည့်ရှိ ဓာတ်လှေကားတစ်စီးက ပွင့်လာသည်။

သုံးလွှာရှိ စစ်မေးခန်းထဲမှ ဆင်းလာသော ဓာတ်လှေကားဖြစ်၏။

ထို့နောက် ချီချင်းနောက်မှ စကားသံထွက်ပေါ်လာသည်။
" ကိုယ် တားခိုင်းလိုက်တာ"

စကားပြောပြီးနောက် ရှဲ့လင်က လက်ရမ်းပြလိုက်သဖြင့် စုံထောက်ငယ်လေး ပြန်ထွက်သွားသည်။

ရှဲ့လင်လဲ ချီချင်းပခုံးပေါ် လက်တင်၍ ကျန်တစ်ဖက်နှင့် တံခါးဆွဲဖွင့်ကာ အပြင်ခေါ်သွားသည်။
" အခင်းဖြစ်တဲ့နေရာကို တူတူသွားကြည့်ရအောင်လေ"

တံခါးဖွင့်လိုက်သည့်အချိန်တွင် ချီချင်းနားထဲ၌ အသံများ ပိုတိုးလာ၏။ အပိုဝင်ရောက်လာသော အသံတို့မှာ လမ်းပေါ် သွားလာနေကြသော လူအုပ်နှင့် ကားပေါ်မှ လာသောအသံများပင်။ သို့သော် ထိုအသံက ‌ချီချင်းကို အဓိကခေါင်းကိုက်စေတာမဟုတ်ပဲ သူ့ဘေးမှ လူကြောင့် သူ ဒုက္ခရောက်နေခြင်းဖြစ်၏။

ချီချင်း : " ဘာလို့သွားရမှာလဲ"

သူနဲ့မှ မဆိုင်တာကို

ရှဲ့လင်ကတော့ ပခုံးပေါ်တင်ထားသော လက်ကို မလွှတ်သေးပဲ ဆက်ပြောလိုက်သည်။
" ဘာလို့လဲဆိုတော့ မင်းရဲ့ပုံပြင်က အရမ်းနားထောင်ကောင်းလို့လေ"

"..."

" မင်း မလိုက်ခဲ့လို့လဲ ရပါတယ်"
ရှဲ့လင်က ဆက်ပြောသည်။
" မလိုက်ချင်ရင် ကိုယ်တို့ သုံးလွှာက စစ်မေးခန်းထဲ သွားပြီးတော့ ဘာလို့ အဲ့ဒီ့ပုံပြင်ခေါင်းထဲရောက်လာလဲဆိုတာ ပြောကြမယ်လေ"

ရှဲ့လင်က ချီချင်းမျက်နှာကို သေချာကြည့်ရင်း ပြောနေခြင်းဖြစ်၏။ မျက်နှာအမူအရာမပြောင်းသော်လဲ တိုက်ဆိုင်မှုနှစ်ခုဆက်တိုက်ဖြစ်နေခြင်းက သူ့အပေါ် ရှဲ့လင် သံသယဝင်နိုင်သည်ကို ချီချင်း နားလည်သွားသည်။

ဝူကျီပင်းနှင့်အတူ ဓာတ်လှေကားထဲမှ လိုက်ထွက်လာသော ကျိမင်ရွေ့မှာ ချီချင်းကို ပခုံးဖက်ထားသော ရှဲ့လင်၏လက်ကို လိုက်ကြည့်ရင်း သူ့ကိုယ်သူ အိပ်မက်မက်နေသည်ဟုပင် ထင်မိသွားသည်။

ထို့ကြောင့် နေရာတွင်ပင် ကြောင်အအနှင့် ရပ်နေမိ၏။
" ပင်းကော..  အကြံပေးရှဲ့ရဲ့လက်က ဘယ်နားမှာရှိနေတာလဲ မြင်ရလားဟင်"

ဝူကျီပင်း : " မြင်တယ်လေ.. မင်းသူငယ်ချင်းရဲ့ ပခုံးပေါ်မှာ"

" ဘာလို့..."

အဲ့ဒီ့တော့ သူ အမြင်မှားတာမဟုတ်ဘူးပေါ့ ..

အဲ့ဒါ အမှန်ကြီးပေါ့..

ကျိမင်ရွေ့မှာ နတ်ဆိုးများကို အယုံအကြည်မရှိ။ မျက်တောင်တဖျပ်ဖျပ်ခတ်ကြည့်သော်လဲ သူ့မျက်စိရှေ့မှ မြင်ကွင်းက ပြောင်းမသွား။ ရှဲ့လင်၏လက်က သူ့သူငယ်ချင်းပခုံးပေါ်တွင် ဆယ်စက္ကန့်ကျော်သည်အထိ ရှိနေသော်လဲ ချီချင်းက အတင်းတွန်းဖယ်ပစ်တာမျိုး မရှိ။

သူတို့နှစ်ယောက် ဘယ်တုန်းက ဒီလောက်ထိ ရင်းနှီးသွားကြတာပါလိမ့် ..

ထိုမြင်ကွင်းမှာ ကျိမင်ရွေ့အတွက် သေဆုံးသူအိမ်ထဲ လူသတ်သမားဘယ်လိုဝင်သွားလဲ ဆိုတာထက် ပို၍ စိတ်ရှုပ်ထွေးစေသည်။

ဤသို့ဖြင့် ချီချင်းလဲ မှုခင်းဖြစ်သည့်နေရာသို့ အတင်းအကြပ် လိုက်ပါလာရသည်။ ရဲကြိုးများနှင့် စည်းတားထားသောကြောင့် ဘယ်သူမှ ဝင်ခွင့်မပြု။ သူတို့ဝင်လာတာတောင်မှ မှုခင်းနေရာကို မပျက်စီးစေရန် အထူးဂရုစိုက်ရသည်။

ဒီအခန်းထဲကို ချီချင်း ပထမဆုံးရောက်ဖူးခြင်းဖြစ်၏။

ရွှယ်မေ့၏ အခန်းထဲတွင် သက်ရှိတစ်ယောက်၏ အရိပ်အယောင်မျိုးက ပြင်းပြင်းရှရှ ရှိနေသည်။ အလောင်းထည့်ထားသည့် ရေခဲသေတ္တာကို မဖွင့်မိပါက ရွှယ်မေ့ကို ခရီးဝေးထွက်သွား၍ မကြာခင် ပြန်ရောက်လာမည်ဟုပင် ထင်နိုင်သည်။

ရဲများက သည်အခန်းထဲတွင် စစ်ဆေးချက် များစွာ လုပ်ဖူး၏။

ဒီတစ်ခေါက်ကတော့ ထောင့်များ နံရံများကို သေသေချာချာ စစ်ဆေးခြင်းဖြစ်သည်။

" pinhole camera တွေက ဖြုတ်ပြီးရင် အရာတွေ ကျန်ခဲ့တတ်တယ်... ဒါပေမဲ့ အဲ့လိုကင်မရာမျိုးကို သုံးနိုင်ချေတော့ သိပ်မရှိဘူး.. တကယ်လို့ ကင်မရာသုံးတယ်ဆိုရင် ရွှယ်မေ့ရဲ့ သေဆုံးမှုကိုဂ ရိုက်မိထားမှာပဲ... အဲ့ဒါဆို ရွှယ်မေ့ သေတာ သူ သေချာပေါက်သိလိမ့်မယ်... ဒါပေမဲ့ သူ့ပုံစံက ရေခဲသေတ္တာထဲက ရွှယ်မေ့အလောင်းပေါ်လာမှ သိတာနဲ့ ပိုတူတယ်"

ချီချင်းသည်လဲ နံရံများကိုသာ လိုက်ကြည့်နေသည်။ ပြန်ဖာထားသည်ဟု ထင်ရသော အပေါက်ရာကို ကြည့်ရင်း မေးလိုက်သည်။
" ဒီဟာက ဘာလဲ"

အသစ်ဖြည့်ထားသည်ဟု ထင်ရသော ဘိလပ်မြေအစအချို့ကို ဖယ်ထုတ်ပြီးနောက်တွင်တော့ နံရံက အရင်အတိုင်းပြန်ပေါ်လာသည်။ အသစ်ဖြည့်ထားတာ မကြာသေး၍ ဖယ်လိုက်သည်နှင့် ချက်ချင်းထွက်လာသည်။

လက်သန်းပမာဏရှိသော အပေါက်လေးတစ်ပေါက်က နံရံပေါ်တွင် ပေါ်လာသည်။

ဝူကျီပင်းလဲ အရှေ့တိုးလာကာ ကြည့်သည်။ မျက်နှာချင်းဆိုင်တွင် ဆံပင်တိုနှင့်လူ၏ အိပ်ခန်းကို မြင်ရသည်။ ကုတင် အမှိုက်ပုံးနှင့် ပြန့်ကျဲနေသော အဝတ်ဟောင်းများရှိနေသည်။

လူတိုင်းလူတိုင်း၏ ရင်ထဲတွင် မကောင်းစိတ်များရှိနေသည်ကို ချီချင်း ဟိုးအရင်ထဲက သိပြီးသားဖြစ်၏။

အဖြစ်မှန် ပေါ်လာသည့်အတွက် ဆံပင်တိုနှင့်လူလဲ ဘာမှမတတ်နိုင်တော့ပဲ ဝန်ခံရသည်။
" ဟုတ်ပါတယ်.. ကျွန်တော် သူ့ကို ချောင်းကြည့်လာတာ ကြာပါပြီ"

" နံရံက အပေါက်တွေက ဟိုးအရင်ထဲက ရှိနေတာပါ..  ကျွန်တော့်မတိုင်ခင် အိမ်ငှားတဲ့သူတွေလဲ ရှိသေးတယ်... နံရံမှာ နည်းနည်းချိုင့်နေလို့ အိမ်ပိုင်ရှင်ကို မေးကြည့်တော့ အရင်အိမ်ငှားက ပိုစတာချိတ်ချင်လို့ သံရိုက်ထားတာတဲ့"

" ကျွန်တော်ပြောင်းလာပြီးတော့ အဲ့ဒီ့သံမှာအဝတ်တွေ လှန်းတယ်.. နောက်ပိုင်း သံပြုတ်ကျသွားတော့ အဲ့ဒါပေါ်လာတာပဲ"
ထိုသူက အသည်းအသန် ရှင်းပြနေသည်။
" ကျွန်တော် တမင်ဖောက်ထားတာ မဟုတ်ပါဘူး"

ဒီတစ်ခါတွင်တော့ စစ်မေးခန်းထဲ ဝူကျီပင်းနှင့် ကျိမင်ရွေ့ နှစ်ယောက်သာရှိ၏။

ချီချင်းကိုတော့ ရှဲ့လင်က စောင့်ကြည့်ခန်းထဲ ခေါ်သွားသည်။ စောင့်ကြည့်ခန်းထဲတွင် ကင်မရာများ စပီကာများနှင့် စစ်မေးခန်းထဲမှ အခြေအနေကို အသေအချာ မြင်ရသည်။

ချီချင်းက ရှဲ့လင်ဘေးတွင် ဝင်ထိုင်သည်။
" လူသတ်မှုဖြစ်တဲ့နေရာကိုပဲ လိုက်ခဲ့ဆို.. ကျွန်တော် ဘာလို့ ပြန်လို့မရသေးတာလဲ"

ရှဲ့လင်က စပီကာအသံကို တိုးကာ ပြန်ဖြေသည်။
" ကိုယ် မင်းရဲ့အမြင်ကို သိချင်လို့... ခဏနေ အတူတူပြန်မယ်လေ"

စောစောက ကျိမင်ရွေ့ကို စကားပြောခဲ့မိတာ မှားပြီဟု ချီချင်း တွေးနေသည်။

တကယ်တော့ ရှဲ့လင်က သူ့အမြင်ကို သိချင်တာမဟုတ်ပဲ သူ့ကို စမ်းနေခြင်းသာဖြစ်၏။

မျက်စိရှေ့တွင် ဖြစ်နေသောအမှုနှင့် တိုက်ရိုက်တူနေသည့်ပုံပြင်တစ်ပုဒ်ကို ရုတ်တရက်သတိရလာသည်ဆိုတာကတော့ ဖြစ်နိုင်စရာ အကြောင်းမရှိ။ သို့သော် သံသယဝင်သည်ဆိုရအောင်လဲ ဘာမှပြောလို့မရ။

ချီချင်းတွင် လူသတ်မှုကျူးလွန်ရသည့် ရည်ရွယ်ချက်မရှိ။ ချီချင်းကို ညွှန်ပြနေသော သက်သေတစ်ခုမှလဲ မရှိ။ မှုခင်းဖြစ်သည့်နေရာနားတွင် နေသည့်အချက်မှလွဲ၍ ချီချင်းကို သံသယဖြစ်စရာ တစ်ချက်မှ ရှိမနေ။

" တစ်နေကုန် မင်း မျက်နှာသိပ်မကောင်းဘူး"
ရှဲ့လင်က ဘေးချထားသော ရေသန့်ဘူးကို ချီချင်းထံ ကမ်းပေးလိုက်သည်။
" ခုနတုန်းက အဲ့ဒီ့အခန်းထဲမှာ ပင်းကော နံရံနားကပ်သွားတော့ မင်း အနောက်ဆုတ်လိုက်တယ်.. တစ်လှမ်းထဲ ဆုတ်တာမဟုတ်ဘူး အများကြီးပဲ..  ဒီနေ့ လူတွေအများကြီးနဲ့ ‌တွေ့ခဲ့ရလို့လား"

ချီချင်းက ရေဘူးကိုလှမ်းယူကာ မငြင်းပဲ ခေါင်းညိတ်သည်။

ချီချင်း ရေသောက်ပြီးသည့်အချိန်ကို စောင့်ပြီးမှ ရှဲ့လင်က လက်ထဲမှ ရေဘူးကိုယူကာ စားပွဲပေါ် တင်သည်။ သို့သော် ချီချင်းလက်ကို ပြန်လွှတ်မပေး။ လက်ကောက်ဝတ်ကို လက်တစ်ဖက်နှင့်ကိုင်ကာ ကျန်တစ်ဖက်နှင့် လက်အိတ်ချွတ်လိုက်သည်။

ချီချင်းလဲ ရုတ်တရက် သူ့လက်အိတ်သူ ပြန်ဆွဲလိုက်သည်။
" ခင်ဗျား ဘာလုပ်တာလဲ"

" မင်း ဘာတွေပြောနေတာလဲ"
ရှဲ့လင်က ချီချင်းလက်ကို ကျွမ်းကျင်စွာ ကိုင်လိုက်သည်။
" မင်းရောဂါက အခုထိ ပြင်းထန်နေတဲ့ဟာကို.. ကုသမှု ခံရမှာပေါ့"

ချီချင်း၏ ခေါင်းထဲမှ လက်ကိုပြန်ရုတ်ခိုင်းနေသော်လဲ တစ်နေကုန် နားဆူလာသည့် ဒဏ်ကြောင့် ခဏတာမျှရလာသော တိတ်ဆိတ်မှုကို လက်လွှတ်မခံနိုင်။

အထွေထွေရုံးထဲမှ အတွေးစကားသံများ ပျောက်ရှကာ မှန်တစ်ဖက်မှ ဝူကျီပင်း၏ စကားသံကိုသာ ကြားရတော့သည်။
" အဲ့ဒီ့အပေါက်ကို မင်း ရည်ရွယ်ချက်ရှိရှိ ဖောက်တာမဟုတ်ဘူးဆိုတာတော့ ဟုတ်ပါပြီ... ဒါပေမဲ့ လူကိုကျတော့ရော.. ရွှယ်မေ့ကို စောင့်ကြည့်နေတာ ဘယ်လောက်ကြာပြီလဲ"

ချီချင်းက သူ့လက်ချောင်းလေးများကို ရှဲ့လင်လက်ဖဝါးပေါ် ခပ်ဖွဖွတင်ကာ အနည်းငယ်လှုပ်လိုက်သော်လဲ နောက်ဆုံးတွင်တော့ ပြန်ရုတ်မည့်အတွေးကို လက်လျှော့လိုက်သည်။

ဆံပင်တိုနှင့်လူက အတော်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ စကားစသည်။
" သူ စပြောင်းလာတဲ့ နေ့ထဲကပါ"

" အစတုန်းကတော့ ကျွန်တော်လဲ အဲ့ဒီ့နေရာကို ပြန်ပြင်ဖို့ အိမ်ပိုင်ရှင်ကိုတောင် ဆက်သွယ်ပြီးပြီ.. အိမ်ပိုင်ရှင်က လူတောင်ရှာပြီးပြီ.. အဲ့ဒီ့အချိန်မှာပဲ ဘေးအိမ်ကို သူပြောင်းလာတာ"

ရွှယ်မေ့ အိမ်ပြောင်းလာသည့် ပထမဆုံးနေ့တွင် ဆံပင်တိုနှင့်လူမှာ တစ်ချက်ကြည့်၍ ထိုအပေါက်ကို တခြားအရာများနှင့် ပြန်ပိတ်လိုက်သည်။ အိမ်ပိုင်ရှင်ကိုလဲ ပြင်စရာမလိုကြောင်း သူ မှားပို့လိုက်တာဖြစ်ကြောင်း ပြောလိုက်သည်။

ထိုနေ့ညက သူ့အိပ်ခန်းထဲမှ အလင်းရောင်ထွက်စေနိုင်သော အရာအားလုံးကို ပိတ်ကာ ထိုအပေါက်ထဲ ချောင်းကြည့်မိသည်။

" မင်း ဘာမြင်လိုက်လဲ"
ဝူကျီပင်းက ပြန်မေးသည်။

" သူ..."
ထိုသူ ခဏရပ်သွားသည်။
" အင်္ကျီလဲနေတာကို မြင်လိုက်ရတယ်"

ထိုအရာက သူ့ကို မှော်ပညာနှင့် ပြုစားထားသကဲ့သို့ အတော်စွဲလန်းစေခဲ့သည်။

" ကျွန်တော် မနေနိုင်ဘူး... သူ့ကို နေ့တိုင်း အဲ့ဒီ့ကနေ ချောင်းကြည့်ခဲ့တာ"

နံရံကို ခေါင်းအပ်ကာ ထိုအပေါက်ထဲမှ နေ၍ ရွှယ်မေ့အလုပ်က ပြန်လာသည်ကိုရော သူငယ်ချင်းများနှင့် ဖုန်းပြောကာ ညစာမှာ၍ စားနေသည့်အချိန် TV ကြည့်သည့်အချိန် မိတ်ကပ်ဖျက်၍ မျက်နှာပြောင်နှင့် ဖြစ်နေသည့်အချိန်များကိုပါ သူ ချောင်းကြည့်ခဲ့သည်။

ခဏအကြာတွင် မှန်ရှေ့တွင် အင်္ကျီလဲနေသော ရွှယ်မေ့ကို တွေ့ရသည်။ ထို့နောက် ယောက်ျားတစ်ယောက်ကို အခန်းထဲ ခေါ်လာခဲ့၏။

သူတို့နှစ်ယောက် အခန်းထဲဝင်လာသည်ကိုရော အချင်းချင်း ချစ်တင်းနှောနေသည်ကိုပါ သူ မနာလိုစိတ်ပြင်းပြစွာနှင့် ကြည့်နေသည်။

ဝူကျီပင်းက စကားစဖြတ်၍ ရွှယ်မေ့ရည်းစားပုံကို ထုတ်ပြသည်။
" သူ အိမ်ခေါ်လာတာ ဒီတစ်ယောက်လား"

ဓာတ်ပုံထဲမှလူမှာ ထောင်ထောင်မောင်းမောင်းနှင့် အနည်းငယ် ဝသည်။ အရပ်က ၁၇၅ထက် မပိုနိုင်။ ထူးထူးခြားခြား ဖြစ်နေတာမျိုး မရှိ။

ထိုသူက ဓာတ်ပုံကို ရွံရှာစွာ ကြည့်ရင်း ပြန်ဖြေသည်။
" သူပဲ"

" မင်း သူ့ကို မုန်းလား"

ဟုတ်တာပေါ့.. သူ တော်တော်လေး မုန်းသည်။

ရွှယ်မေ့၏ ရည်းစားဖြစ်သူက သူနှင့် ရွှယ်မေ့ကြားမှ ထူးခြားသော ဆက်သွယ်ချက်ကို ချိုးဖျက်ကာ သူ့ကို အိပ်မက်ထဲမှ နိုးလာစေသည်။ ရွှယ်မေ့၏ မြင်အပ် မမြင်အပ်သော အရာအားလုံးကို တခြားသူတစ်ယောက် အပိုင်ရထားသည်ဆိုတာကြီးက...

သူကတော့ အမှောင်ထဲမှာ ပုန်းနေပြီး ထိတောင် မထိရဲသည့်ဘဝ.. ဒီလိုခံစားချက်ကြီးကို သူ သဘောမကျ။

" သူ့ရည်းစားက ခဏခဏ လာလည်တယ်... တစ်ပတ်မှာ ငါးခါလောက်အထိ လာတယ်... လာတိုင်းလံ ညအိပ်ပြီးမှ ပြန်တာ"
ထိုသူက ဆက်ပြောနေသည်။
" တစ်ခါတစ်လေ ညနက်မှ လာတာ .. ရွှယ်မေ့အိပ်ပျော်နေတဲ့အချိန်ဆို အိပ်နေတဲ့နေရာကို ရောက်လာပြီး ထိုင်ကြည့်တယ်.. ဖက်တယ် အိပ်တယ်"

ကျိမင်ရွေ့မှာ မှတ်စုထိုင်မှတ်နေရင်း စိတ်မသက်မသာ ဖြစ်လာ၏။

သို့သော် ရွှယ်မေ့ကို တစ်ချိန်လုံးချောင်းကြည့်နေခဲ့သော ဒီလူကြောင့်သာမဟုတ်ရင် ရွှယ်မေ့၏ သေဆုံးမှုက လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တစ်ခုအဖြစ် အဆုံးသတ်သွားမည်ဖြစ်၏။ ကြည့်ရတာ ဒီလူ့ထံမှ သတင်းတစ်ခုခုတော့ ရနိုင်မည်ဟု ကျိမင်ရွေ့ မျှော်လင့်ထားသည်။

ဝူကျီပင်းက အရေးအကြီးဆုံးသော မေးခွန်းကို မေးလိုက်သည်။
" လွန်ခဲ့တဲ့တစ်လက ရွှယ်မေ့အသတ်ခံရတဲ့အချိန် မင်း ဘာတွေ့ခဲ့သေးလဲ"

ဆံပင်တိုနှင့်လူ : " မတွေ့ဘူး..ကျွန်တော့်နယ်မှာ အသုဘရှိလို့ ခဏ ပြန်သွားတာ"

ဒီလိုအကြောင်းအရာမျိုးဆိုသည်က လက်မှတ်စစ်ကြည့်ရင် သိနိုင်သည့်အရာဖြစ်၍ လိမ်ပြောနိုင်သော အရာမဟုတ်။

ဝူကျီပင်း : "မင်း ပြန်ရောက်လာတော့ ရွှယ်မေ့ကို တစ်လတောင် မတွေ့ရတာ.. ထူးဆန်းတယ်လို့ မခံစားရဘူးလား"

ထိုသူ : " ပုံမှန်မဟုတ်ဘူးလို့တော့ ခံစားရပါတယ်.. ဒါပေမဲ့ သူ့ရည်းစားနဲ့ ရန်ဖြစ်တာ ကျွန်တော်တွေ့ဖူးတယ်... အဲ့ဒီ့တော့ သူ့ရည်းစားကို သွားရှာတယ်လို့ပဲ ထင်တာပေါ့.. ကျွန်တော်က သူ ဘယ်မှာရှိလဲဆိုတာ စုံစမ်းပိုင်ခွင့်မှ မရှိတာ"

ထိုသူက တခြားသူ၏ အိမ်ခန်းထဲကို ခိုးကြည့်နေသူဖြစ်ရာ ရွှယ်မေ့ကို တစ်လမတွေ့ရ၍ ထူးဆန်းသည်ဟု ထင်ရင်တောင်မှ ဘယ်သူ့ကိုမှ ပြောလို့မရ။

ရွှယ်မေ့ကို မတွေ့ရသည့်တစ်လအတွင်း ထိုသူက အပေါက်ထဲ ခဏခဏ ချောင်းကြည့်ဖူးသည်။ ထိုနေရာမှ ကြည့်ပါက ရေခဲသေတ္တာတစ်ဝက်ကိုပင် မြင်နိုင်၏။

မေးခွန်းမေးပြီးနောက် ဝူကျီပင်းနှင့် ကျိမင်ရွေ့တို့လဲ အချက်အလက်များ သုံးသပ်ရန် စောင့်ကြည့်ခန်းထဲ ဝင်လာသည်။

သို့သော် မှတ်စုစာအုပ်ကိုင်၍ တံခါးတွန်းဖွင့်လိုက်သော ကျိမင်ရွေ့မှာ ဝင်ဝင်ချင်း ရှဲ့လင်နှင့် လက်ကိုင်ထားသော ချီချင်းကို တွေ့လိုက်ရသည်။

ထို့အပြင် ထိုလက်တွင် လက်အိတ်ဝတ်မထား။

ချီချင်းပုံစံက အေးစက်စက်နှင့်ရှိနေသော်လဲ မျက်လွှာချထားသည့်အတွက် စစ်မေးခြင်းကို သေသေချာချာ နားထောင်နေတာလားဆိုတာကိုတော့ သူမသိနိုင်။ ထို့ကြောင့် ကျိမင်ရွေ့လဲ သူ့သူငယ်ချင်းကို အကြံပေးရှဲ့က ပြန်ပေးဆွဲထားတာ မဟုတ်မှန်း အတည်ပြုလိုက်ရသည်။

.....
End of part 32
Thank you all




zawgyi

႐ုံးခ်ဳပ္ထဲတြင္ရွိေသာ လူေပါင္းစုံမွာ ေတြးခ်င္ရာေတြးေနၾကေသာေၾကာင့္ အသံေပါင္းစုံေရာေထြးေန၏။ သို႔ေသာ္ ဆံပင္တိုႏွင့္လူ၏ စကားသံက ထိတ္လန႔္စရာေကာင္းေသာေၾကာင့္ ခ်ီခ်င္း တျခားစကားသံတို႔ကိုမၾကားေတာ့ပဲ ေစာေစာကအသံသာ ပဲ့တင္ထပ္ေနသည္။
~~~ ငါ သူ႕ကို တိတ္တိတ္ေလး ေစာင့္ၾကည့္ေနတာ~~~

ထိုသူ၏ အသံမွာ ေတာ္ေတာ္ေလးနိမ့္ကာ အ႐ူးတစ္ေယာက္၏စကားသံကဲ့သို႔ ခ်ီခ်င္းနားထဲ ဝင္ေနသည္။

အေတာ္ေလးၾကာေတာ့မွ ခ်ီခ်င္း သူ႕လက္သူ အကၤ်ီအိတ္ထဲ ျပန္ထည့္သည္။ ထို႔ေနာက္ မတ္တပ္ရပ္ရင္း က်ိမင္ေ႐ြ႕ကို ေျပာလိုက္သည္။
" ‌လူသတ္မႈျဖစ္ခဲ့တဲ့ေနရာကို မင္း သြားၾကည့္ၿပီးၿပီလား"

ခ်ီခ်င္းတြင္ က်ိဳးေၾကာင္းဆီေလ်ာ္စြာ ေတြးနိုင္သည့္အရည္အခ်င္းရွိသလို အရင္တစ္ခါေၾကာင္သတ္မႈတြင္လဲ အကူအညီမ်ားစြာ ေပး‌ထားသည့္အတြက္ အမႈႏွင့္ပတ္သက္ေသာ အေၾကာင္းအရာကို သူ႕ဘက္မွ စ‌ကားစေသာ္လဲ က်ိမင္ေ႐ြ႕ မအံ့ဩ။
" ‌အၾကမ္းဖ်င္း စစ္ေဆးၿပီးတဲ့အခ်ိန္ ဘာျပႆနာမွေတာ့မရွိ.."

ခ်ီခ်င္း : "မူမမွန္တာ ဘာမွမရွိဘူးလား"

က်ိမင္ေ႐ြ႕ : " ဘာလို႔ ေမးတာလဲ"

" ဘာမွမဟုတ္ပါဘူး"
ခ်ီခ်င္းက ျပန္ေျဖသည္။
" အရင္က ဖတ္ခဲ့ဖူးတဲ့ ပုံျပင္ကို သတိရမိသြားလို႔ပါ"

" ပုံျပင္??"

ခ်ီခ်င္းက သရဲပုံျပင္မ်ားကို ‌မ်က္ႏွာတည္တည္ႏွင့္ အသံမတုန္ပဲ ေျပာနိုင္စြမ္းရွိ၏။
" မိန္းကေလးေတြကို စာပို႔ၿပီး အေႏွာင့္အယွက္ေပးတတ္တဲ့ လူတစ္ေယာက္အေၾကာင္းေလ.. သူက အဲ့ဒီ့မိန္းကေလးရဲ႕ အိမ္ေဘးမွာေနၿပီးေတာ့ နံရံ‌မွာအေပါက္ေဖာက္ၿပီး မိန္းကေလးရဲ႕ လႈပ္ရွားမႈတိုင္းကို ေစာင့္ၾကည့္ေနတာ"

က်ိမင္ေ႐ြ႕လဲ အဆိုပါပုံျပင္တိုေလးကို နားေထာင္ၿပီးေနာက္ အေတြးေပါက္လာသည္။
" မင္းေျပာတာ ျဖစ္နိုင္တယ္ကြ.. အဲ့လိုအမႈမ်ိဳးကို အရင္က ငါလဲ ႀကဳံဖူးတယ္.. တခ်ိဳ႕လူေတြက သူမ်ားကို ရိုးရိုးတန္းတန္းအေႏွာင့္အယွက္ေပးတာ အားမရလို႔ မတရားနည္းလမ္းနဲ႕ နီးစပ္ေအာင္ ႀကိဳးစားတတ္ၾကတယ္တဲ့.. ဟာ.. မင္း ဘယ္သြားတာလဲ"

က်ိမင္ေ႐ြ႕ တစ္ေယာက္ထဲ စကားေျပာေနတုန္း ေမာ့ၾကည့္လိုက္ေတာ့ ခ်ီခ်င္း မရွိေတာ့။

လက္အိတ္အမည္းတစ္ဖက္က မွန္တံခါးကိုဖြင့္၍ အျပင္ထြက္သြားသည္။

" ဒီမွာ တအားဆူတယ္"
ခ်ီခ်င္း ‌နားထဲမွ ဆူညံသံမ်ားက အဆက္ျပတ္သည္မရွိ။
" ငါ ျပန္ေတာ့မယ္"

က်ိမင္ေ႐ြ႕က သူ႕အျမင္ကို ေစာင့္ၾကည့္ခန္းထဲမွ လူမ်ားေရွ႕တြင္ ေျပာျပလိုက္ေတာ့ သူတို႔အားလုံး ေခတၱခဏ တိတ္ဆိတ္သြားၾကသည္။ ထိုတိတ္ဆိတ္မႈေၾကာင့္ က်ိမင္ေ႐ြ႕လဲ မေျပာသင့္သည့္စကားကို ေျပာမိသည္အထင္ႏွင့္ ေၾကာက္လန႔္သြား၏။
" ဟို.. ကြၽန္ေတာ္က ဒီအတိုင္း ေျပာၾကည့္တာပါ.. ကြၽန္ေတာ္ အေတြးလြန္သြားတာ ျဖစ္နိုင္တယ္.. အခု‌တေလာ ေလွ်ာက္ေတြးလြန္းလို႔.. ပင္းေကာ ကြၽန္ေတာ့္ကို ဦးေႏွာက္မရွိဘူးလို႔ ထပ္ဆူဦးမွာလားဟင္.. ဟုတ္ကဲ့ပါ... ကြၽန္ေတာ္ ႐ုံးျပန္ၿပီးေတာ့ ဦးေႏွာက္မရွိသလိုပဲ ေနပါ့မယ္.. ဒီေန႕ ကြၽန္ေတာ္ ဒီကိုမလာခဲ့ဘူးလို႔ပဲ ..."

သတ္မွတ္လိုက္ပါ ဟူေသာ စကားပင္ ဆုံးေအာင္မေျပာလိုက္ရ။

ဝူက်ီပင္းက က်ိမင္ေ႐ြ႕ကို ပခုံးပုတ္၍ ၿပဳံး႐ႊင္စြာ ေျပာလိုက္သည္။
" မင္း ေတာ္ေတာ္ေလးတိုးတက္လာတာပဲ"

ပါးစပ္အေဟာင္းသားႏွင့္ က်ိမင္ေ႐ြ႕ : "ဗ်ာ"

" ငါတို႔ အခုပဲ ဒီအေၾကာင္းကို ေဆြးေႏြးေနတာ"
ဝူက်ီပင္းမွာ အသစ္ေလးမ်ားကို သေဘာမေတြ႕ရင္ မေတြ႕သလို ဆူပူႀကိမ္းေမာင္းတတ္ေသာ္လဲ တိုးတက္မႈအရိပ္အေယာင္ကို ေတြ႕ရသည့္အခါတြင္ ခ်ီးက်ဴးရန္ ဝန္မေလး။
" ႐ႊယ္ေမ့ရဲ႕ Weibo အေကာင့္မွာ သူ႕ကိုတစ္ေယာက္ေယာက္ အၿမဲေစာင့္ၾကည့္ေနသလို ခံစားရတယ္လို႔ ေရးထားတာေတြ႕လို႔"

ေနာက္ဆုံးေတာ့ ဝူက်ီပင္း အမိန႔္ေပးလိုက္သည္။
" သူ႕ကို အခ်ဳပ္ထဲ ထည့္ထား.. မင္းတို႔ႏွစ္ေယာက္ ငါနဲ႕လိုက္ခဲ့.. မႈခင္းျဖစ္ခဲ့တဲ့ေနရာကို ျပန္သြားစစ္ရမယ္... ငါတို႔ ဘာေတြလြတ္ခဲ့လဲ ျပန္ၾကည့္ရေအာင္"

က်ိမင္ေ႐ြ႕လဲ ခ်ီးက်ဴးခံရေသာေၾကာင့္ နား႐ြက္မ်ားရဲေနရင္းမွ ျပန္ေျဖသည္။
" ဟုတ္ကဲ့ပါ ပင္းေကာ"

ရွဲ႕လင္ကေတာ့ ခုံကို မွီထိုင္ေနရင္း ဘာစကားမွမေျပာ။

႐ႊယ္ေမ့၏ Weibo အေကာင့္ကို ေသေသခ်ာခ်ာ စစ္ေဆးၿပီးသြားၿပီျဖစ္၏။  ထိုအေကာင့္ကို ဖြင့္ထားသည္မွာ သုံးႏွစ္သာ ရွိေသးသည္။ ပထမဆုံးတင္ခဲ့သည့္ပို႔စ္မွာ ဘြဲ႕ရၿပီျဖစ္၍ အလုပ္ႀကိဳးစားရန္ သူ႕ကိုယ္သူ အားေပးထားျခင္းျဖစ္၏။

ရိုးရွင္းေသာ စာလုံးမ်ားကို တစ္ခ်က္ၾကည့္ၿပီးေနာက္ Weibo ထဲမွ ျပန္ထြက္လာသည္။ ထို႔ေနာက္ WeChat ထဲဝင္ကာ တစ္စုံတစ္ေယာက္ကို ပို႔ထားေသာ စာကိုၾကည့္၏။

သူ႕ဘက္မွ စာပို႔ထားေသာ္လဲ တစ္ဖက္မွ စာမျပန္။ ေကာ္ရစ္တာဘက္သို႔ လွမ္းၾကည့္ေတာ့ ေစာေစာက ခ်ီခ်င္းထိုင္ေနေသာ ထိုင္ခုံေနရာတြင္ ဘယ္သူမွမရွိေတာ့။

က်ိမင္ေ႐ြ႕နား႐ြက္ရဲေနသည္ေလး မေပ်ာက္ေသးခင္ ရွဲ႕လင္က ေမးလိုက္သည္။
" ခုနက အေတြးမ်ိဳးကို ဘယ္လိုလုပ္ ေတြးမိသြားတာလဲ"

က်ိမင္ေ႐ြ႕က အမွန္အတိုင္း ျပန္ေျဖသည္။
" ႐ုံးမွာေနရင္း အလားတူအမႈမ်ိဳး ဖတ္ဖူးတာ သတိရသြားလို႔.. အာ ၿပီးေတာ့ ခုနကလဲ ကြၽန္ေတာ့္သူငယ္ခ်င္း ေျပာျပတဲ့ ပုံျပင္ကေန..."

ခ်ီခ်င္းတစ္ေယာက္ ဓာတ္ေလွကားထဲမွ ထြက္လာၿပီးေနာက္ အျပင္ထြက္မည္အလုပ္ တံခါးဝမွ လူတစ္ေယာက္က သူ႕ကို လာတား၏။

ဂိတ္ဝကို ေစာင့္ေနပုံရေသာ စုံေထာက္ငယ္ေလးမွာ ခ်ီခ်င္းေရွ႕တြင္ လက္ကာ၍ ရပ္ခိုင္းေနသည္။
" လူႀကီးမင္း ခ်ီခ်င္း ခင္ဗ်"

ခ်ီခ်င္းက မ်က္ႏွာမသာမယာႏွင့္ ထိုသူ႕ကို ေမာ့ၾကည့္သည္။

ထိုစုံေထာက္ေလးက ဆက္ေျပာသည္။
" ေတာင္းပန္ပါတယ္ ခင္ဗ်ားကို အျပင္ထြက္ခြင့္မျပဳပါဘူး"

" အေၾကာင္းရင္းေျပာ"
ခ်ီခ်င္းက ဆက္ေျပာသည္။
" ခင္ဗ်ား ကြၽန္ေတာ့္ကို တားပိုင္ခြင့္မရွိဘူး"

စုံေထာက္ငယ္ေလးက အေၾကာင္းရင္းကို ဘယ္လိုလုပ္ သိမွာတဲ့လဲ..  အခုေလးတင္ပဲ သူ႕အထက္လူႀကီးက လူပုံစံေျပာ၍ မထြက္နိုင္ေအာင္ တားခိုင္းထားတာပဲ ရွိတာကို..

ေလာ္ဘီထဲတြင္ ဓာတ္ေလွကားအမ်ားႀကီးရွိသလို အထက္ေအာက္ ေ႐ြ႕လ်ား၍ သြားေနၾကသည္။ စုံေထာက္ငယ္ေလးႏွင့္ ခ်ီခ်င္းစကားေျပာေနသည့္အခ်ိန္တြင္ ဂိတ္ေပါက္ဝတည့္တည့္ရွိ ဓာတ္ေလွကားတစ္စီးက ပြင့္လာသည္။

သုံးလႊာရွိ စစ္ေမးခန္းထဲမွ ဆင္းလာေသာ ဓာတ္ေလွကားျဖစ္၏။

ထို႔ေနာက္ ခ်ီခ်င္းေနာက္မွ စကားသံထြက္ေပၚလာသည္။
" ကိုယ္ တားခိုင္းလိုက္တာ"

စကားေျပာၿပီးေနာက္ ရွဲ႕လင္က လက္ရမ္းျပလိုက္သျဖင့္ စုံေထာက္ငယ္ေလး ျပန္ထြက္သြားသည္။

ရွဲ႕လင္လဲ ခ်ီခ်င္းပခုံးေပၚ လက္တင္၍ က်န္တစ္ဖက္ႏွင့္ တံခါးဆြဲဖြင့္ကာ အျပင္ေခၚသြားသည္။
" အခင္းျဖစ္တဲ့ေနရာကို တူတူသြားၾကည့္ရေအာင္ေလ"

တံခါးဖြင့္လိုက္သည့္အခ်ိန္တြင္ ခ်ီခ်င္းနားထဲ၌ အသံမ်ား ပိုတိုးလာ၏။ အပိုဝင္ေရာက္လာေသာ အသံတို႔မွာ လမ္းေပၚ သြားလာေနၾကေသာ လူအုပ္ႏွင့္ ကားေပၚမွ လာေသာအသံမ်ားပင္။ သို႔ေသာ္ ထိုအသံက ‌ခ်ီခ်င္းကို အဓိကေခါင္းကိုက္ေစတာမဟုတ္ပဲ သူ႕ေဘးမွ လူေၾကာင့္ သူ ဒုကၡေရာက္ေနျခင္းျဖစ္၏။

ခ်ီခ်င္း : " ဘာလို႔သြားရမွာလဲ"

သူနဲ႕မွ မဆိုင္တာကို

ရွဲ႕လင္ကေတာ့ ပခုံးေပၚတင္ထားေသာ လက္ကို မလႊတ္ေသးပဲ ဆက္ေျပာလိုက္သည္။
" ဘာလို႔လဲဆိုေတာ့ မင္းရဲ႕ပုံျပင္က အရမ္းနားေထာင္ေကာင္းလို႔ေလ"

"..."

" မင္း မလိုက္ခဲ့လို႔လဲ ရပါတယ္"
ရွဲ႕လင္က ဆက္ေျပာသည္။
" မလိုက္ခ်င္ရင္ ကိုယ္တို႔ သုံးလႊာက စစ္ေမးခန္းထဲ သြားၿပီးေတာ့ ဘာလို႔ အဲ့ဒီ့ပုံျပင္ေခါင္းထဲေရာက္လာလဲဆိုတာ ေျပာၾကမယ္ေလ"

ရွဲ႕လင္က ခ်ီခ်င္းမ်က္ႏွာကို ေသခ်ာၾကည့္ရင္း ေျပာေနျခင္းျဖစ္၏။ မ်က္ႏွာအမူအရာမေျပာင္းေသာ္လဲ တိုက္ဆိုင္မႈႏွစ္ခုဆက္တိုက္ျဖစ္ေနျခင္းက သူ႕အေပၚ ရွဲ႕လင္ သံသယဝင္နိုင္သည္ကို ခ်ီခ်င္း နားလည္သြားသည္။

ဝူက်ီပင္းႏွင့္အတူ ဓာတ္ေလွကားထဲမွ လိုက္ထြက္လာေသာ က်ိမင္ေ႐ြ႕မွာ ခ်ီခ်င္းကို ပခုံးဖက္ထားေသာ ရွဲ႕လင္၏လက္ကို လိုက္ၾကည့္ရင္း သူ႕ကိုယ္သူ အိပ္မက္မက္ေနသည္ဟုပင္ ထင္မိသြားသည္။

ထို႔ေၾကာင့္ ေနရာတြင္ပင္ ေၾကာင္အအႏွင့္ ရပ္ေနမိ၏။
" ပင္းေကာ..  အႀကံေပးရွဲ႕ရဲ႕လက္က ဘယ္နားမွာရွိေနတာလဲ ျမင္ရလားဟင္"

ဝူက်ီပင္း : " ျမင္တယ္ေလ.. မင္းသူငယ္ခ်င္းရဲ႕ ပခုံးေပၚမွာ"

" ဘာလို႔..."

အဲ့ဒီ့ေတာ့ သူ အျမင္မွားတာမဟုတ္ဘူးေပါ့ ..

အဲ့ဒါ အမွန္ႀကီးေပါ့..

က်ိမင္ေ႐ြ႕မွာ နတ္ဆိုးမ်ားကို အယုံအၾကည္မရွိ။ မ်က္ေတာင္တဖ်ပ္ဖ်ပ္ခတ္ၾကည့္ေသာ္လဲ သူ႕မ်က္စိေရွ႕မွ ျမင္ကြင္းက ေျပာင္းမသြား။ ရွဲ႕လင္၏လက္က သူ႕သူငယ္ခ်င္းပခုံးေပၚတြင္ ဆယ္စကၠန႔္ေက်ာ္သည္အထိ ရွိေနေသာ္လဲ ခ်ီခ်င္းက အတင္းတြန္းဖယ္ပစ္တာမ်ိဳး မရွိ။

သူတို႔ႏွစ္ေယာက္ ဘယ္တုန္းက ဒီေလာက္ထိ ရင္းႏွီးသြားၾကတာပါလိမ့္ ..

ထိုျမင္ကြင္းမွာ က်ိမင္ေ႐ြ႕အတြက္ ေသဆုံးသူအိမ္ထဲ လူသတ္သမားဘယ္လိုဝင္သြားလဲ ဆိုတာထက္ ပို၍ စိတ္ရႈပ္ေထြးေစသည္။

ဤသို႔ျဖင့္ ခ်ီခ်င္းလဲ မႈခင္းျဖစ္သည့္ေနရာသို႔ အတင္းအၾကပ္ လိုက္ပါလာရသည္။ ရဲႀကိဳးမ်ားႏွင့္ စည္းတားထားေသာေၾကာင့္ ဘယ္သူမွ ဝင္ခြင့္မျပဳ။ သူတို႔ဝင္လာတာေတာင္မွ မႈခင္းေနရာကို မပ်က္စီးေစရန္ အထူးဂ႐ုစိုက္ရသည္။

ဒီအခန္းထဲကို ခ်ီခ်င္း ပထမဆုံးေရာက္ဖူးျခင္းျဖစ္၏။

႐ႊယ္ေမ့၏ အခန္းထဲတြင္ သက္ရွိတစ္ေယာက္၏ အရိပ္အေယာင္မ်ိဳးက ျပင္းျပင္းရွရွ ရွိေနသည္။ အေလာင္းထည့္ထားသည့္ ေရခဲေသတၱာကို မဖြင့္မိပါက ႐ႊယ္ေမ့ကို ခရီးေဝးထြက္သြား၍ မၾကာခင္ ျပန္ေရာက္လာမည္ဟုပင္ ထင္နိုင္သည္။

ရဲမ်ားက သည္အခန္းထဲတြင္ စစ္ေဆးခ်က္ မ်ားစြာ လုပ္ဖူး၏။

ဒီတစ္ေခါက္ကေတာ့ ေထာင့္မ်ား နံရံမ်ားကို ေသေသခ်ာခ်ာ စစ္ေဆးျခင္းျဖစ္သည္။

" pinhole camera ေတြက ျဖဳတ္ၿပီးရင္ အရာေတြ က်န္ခဲ့တတ္တယ္... ဒါေပမဲ့ အဲ့လိုကင္မရာမ်ိဳးကို သုံးနိုင္ေခ်ေတာ့ သိပ္မရွိဘူး.. တကယ္လို႔ ကင္မရာသုံးတယ္ဆိုရင္ ႐ႊယ္ေမ့ရဲ႕ ေသဆုံးမႈကိုဂ ရိုက္မိထားမွာပဲ... အဲ့ဒါဆို ႐ႊယ္ေမ့ ေသတာ သူ ေသခ်ာေပါက္သိလိမ့္မယ္... ဒါေပမဲ့ သူ႕ပုံစံက ေရခဲေသတၱာထဲက ႐ႊယ္ေမ့အေလာင္းေပၚလာမွ သိတာနဲ႕ ပိုတူတယ္"

ခ်ီခ်င္းသည္လဲ နံရံမ်ားကိုသာ လိုက္ၾကည့္ေနသည္။ ျပန္ဖာထားသည္ဟု ထင္ရေသာ အေပါက္ရာကို ၾကည့္ရင္း ေမးလိုက္သည္။
" ဒီဟာက ဘာလဲ"

အသစ္ျဖည့္ထားသည္ဟု ထင္ရေသာ ဘိလပ္ေျမအစအခ်ိဳ႕ကို ဖယ္ထုတ္ၿပီးေနာက္တြင္ေတာ့ နံရံက အရင္အတိုင္းျပန္ေပၚလာသည္။ အသစ္ျဖည့္ထားတာ မၾကာေသး၍ ဖယ္လိုက္သည္ႏွင့္ ခ်က္ခ်င္းထြက္လာသည္။

လက္သန္းပမာဏရွိေသာ အေပါက္ေလးတစ္ေပါက္က နံရံေပၚတြင္ ေပၚလာသည္။

ဝူက်ီပင္းလဲ အေရွ႕တိုးလာကာ ၾကည့္သည္။ မ်က္ႏွာခ်င္းဆိုင္တြင္ ဆံပင္တိုႏွင့္လူ၏ အိပ္ခန္းကို ျမင္ရသည္။ ကုတင္ အမွိုက္ပုံးႏွင့္ ျပန႔္က်ဲေနေသာ အဝတ္ေဟာင္းမ်ားရွိေနသည္။

လူတိုင္းလူတိုင္း၏ ရင္ထဲတြင္ မေကာင္းစိတ္မ်ားရွိေနသည္ကို ခ်ီခ်င္း ဟိုးအရင္ထဲက သိၿပီးသားျဖစ္၏။

အျဖစ္မွန္ ေပၚလာသည့္အတြက္ ဆံပင္တိုႏွင့္လူလဲ ဘာမွမတတ္နိုင္ေတာ့ပဲ ဝန္ခံရသည္။
" ဟုတ္ပါတယ္.. ကြၽန္ေတာ္ သူ႕ကို ေခ်ာင္းၾကည့္လာတာ ၾကာပါၿပီ"

" နံရံက အေပါက္ေတြက ဟိုးအရင္ထဲက ရွိေနတာပါ..  ကြၽန္ေတာ့္မတိုင္ခင္ အိမ္ငွားတဲ့သူေတြလဲ ရွိေသးတယ္... နံရံမွာ နည္းနည္းခ်ိဳင့္ေနလို႔ အိမ္ပိုင္ရွင္ကို ေမးၾကည့္ေတာ့ အရင္အိမ္ငွားက ပိုစတာခ်ိတ္ခ်င္လို႔ သံရိုက္ထားတာတဲ့"

" ကြၽန္ေတာ္ေျပာင္းလာၿပီးေတာ့ အဲ့ဒီ့သံမွာအဝတ္ေတြ လွန္းတယ္.. ေနာက္ပိုင္း သံျပဳတ္က်သြားေတာ့ အဲ့ဒါေပၚလာတာပဲ"
ထိုသူက အသည္းအသန္ ရွင္းျပေနသည္။
" ကြၽန္ေတာ္ တမင္ေဖာက္ထားတာ မဟုတ္ပါဘူး"

ဒီတစ္ခါတြင္ေတာ့ စစ္ေမးခန္းထဲ ဝူက်ီပင္းႏွင့္ က်ိမင္ေ႐ြ႕ ႏွစ္ေယာက္သာရွိ၏။

ခ်ီခ်င္းကိုေတာ့ ရွဲ႕လင္က ေစာင့္ၾကည့္ခန္းထဲ ေခၚသြားသည္။ ေစာင့္ၾကည့္ခန္းထဲတြင္ ကင္မရာမ်ား စပီကာမ်ားႏွင့္ စစ္ေမးခန္းထဲမွ အေျခအေနကို အေသအခ်ာ ျမင္ရသည္။

ခ်ီခ်င္းက ရွဲ႕လင္ေဘးတြင္ ဝင္ထိုင္သည္။
" လူသတ္မႈျဖစ္တဲ့ေနရာကိုပဲ လိုက္ခဲ့ဆို.. ကြၽန္ေတာ္ ဘာလို႔ ျပန္လို႔မရေသးတာလဲ"

ရွဲ႕လင္က စပီကာအသံကို တိုးကာ ျပန္ေျဖသည္။
" ကိုယ္ မင္းရဲ႕အျမင္ကို သိခ်င္လို႔... ခဏေန အတူတူျပန္မယ္ေလ"

ေစာေစာက က်ိမင္ေ႐ြ႕ကို စကားေျပာခဲ့မိတာ မွားၿပီဟု ခ်ီခ်င္း ေတြးေနသည္။

တကယ္ေတာ့ ရွဲ႕လင္က သူ႕အျမင္ကို သိခ်င္တာမဟုတ္ပဲ သူ႕ကို စမ္းေနျခင္းသာျဖစ္၏။

မ်က္စိေရွ႕တြင္ ျဖစ္ေနေသာအမႈႏွင့္ တိုက္ရိုက္တူေနသည့္ပုံျပင္တစ္ပုဒ္ကို ႐ုတ္တရက္သတိရလာသည္ဆိုတာကေတာ့ ျဖစ္နိုင္စရာ အေၾကာင္းမရွိ။ သို႔ေသာ္ သံသယဝင္သည္ဆိုရေအာင္လဲ ဘာမွေျပာလို႔မရ။

ခ်ီခ်င္းတြင္ လူသတ္မႈက်ဴးလြန္ရသည့္ ရည္႐ြယ္ခ်က္မရွိ။ ခ်ီခ်င္းကို ၫႊန္ျပေနေသာ သက္ေသတစ္ခုမွလဲ မရွိ။ မႈခင္းျဖစ္သည့္ေနရာနားတြင္ ေနသည့္အခ်က္မွလြဲ၍ ခ်ီခ်င္းကို သံသယျဖစ္စရာ တစ္ခ်က္မွ ရွိမေန။

" တစ္ေနကုန္ မင္း မ်က္ႏွာသိပ္မေကာင္းဘူး"
ရွဲ႕လင္က ေဘးခ်ထားေသာ ေရသန႔္ဘူးကို ခ်ီခ်င္းထံ ကမ္းေပးလိုက္သည္။
" ခုနတုန္းက အဲ့ဒီ့အခန္းထဲမွာ ပင္းေကာ နံရံနားကပ္သြားေတာ့ မင္း အေနာက္ဆုတ္လိုက္တယ္.. တစ္လွမ္းထဲ ဆုတ္တာမဟုတ္ဘူး အမ်ားႀကီးပဲ..  ဒီေန႕ လူေတြအမ်ားႀကီးနဲ႕ ‌ေတြ႕ခဲ့ရလို႔လား"

ခ်ီခ်င္းက ေရဘူးကိုလွမ္းယူကာ မျငင္းပဲ ေခါင္းညိတ္သည္။

ခ်ီခ်င္း ေရေသာက္ၿပီးသည့္အခ်ိန္ကို ေစာင့္ၿပီးမွ ရွဲ႕လင္က လက္ထဲမွ ေရဘူးကိုယူကာ စားပြဲေပၚ တင္သည္။ သို႔ေသာ္ ခ်ီခ်င္းလက္ကို ျပန္လႊတ္မေပး။ လက္ေကာက္ဝတ္ကို လက္တစ္ဖက္ႏွင့္ကိုင္ကာ က်န္တစ္ဖက္ႏွင့္ လက္အိတ္ခြၽတ္လိုက္သည္။

ခ်ီခ်င္းလဲ ႐ုတ္တရက္ သူ႕လက္အိတ္သူ ျပန္ဆြဲလိုက္သည္။
" ခင္ဗ်ား ဘာလုပ္တာလဲ"

" မင္း ဘာေတြေျပာေနတာလဲ"
ရွဲ႕လင္က ခ်ီခ်င္းလက္ကို ကြၽမ္းက်င္စြာ ကိုင္လိုက္သည္။
" မင္းေရာဂါက အခုထိ ျပင္းထန္ေနတဲ့ဟာကို.. ကုသမႈ ခံရမွာေပါ့"

ခ်ီခ်င္း၏ ေခါင္းထဲမွ လက္ကိုျပန္႐ုတ္ခိုင္းေနေသာ္လဲ တစ္ေနကုန္ နားဆူလာသည့္ ဒဏ္ေၾကာင့္ ခဏတာမွ်ရလာေသာ တိတ္ဆိတ္မႈကို လက္လႊတ္မခံနိုင္။

အေထြေထြ႐ုံးထဲမွ အေတြးစကားသံမ်ား ေပ်ာက္ရွကာ မွန္တစ္ဖက္မွ ဝူက်ီပင္း၏ စကားသံကိုသာ ၾကားရေတာ့သည္။
" အဲ့ဒီ့အေပါက္ကို မင္း ရည္႐ြယ္ခ်က္ရွိရွိ ေဖာက္တာမဟုတ္ဘူးဆိုတာေတာ့ ဟုတ္ပါၿပီ... ဒါေပမဲ့ လူကိုက်ေတာ့ေရာ.. ႐ႊယ္ေမ့ကို ေစာင့္ၾကည့္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ"

ခ်ီခ်င္းက သူ႕လက္ေခ်ာင္းေလးမ်ားကို ရွဲ႕လင္လက္ဖဝါးေပၚ ခပ္ဖြဖြတင္ကာ အနည္းငယ္လႈပ္လိုက္ေသာ္လဲ ေနာက္ဆုံးတြင္ေတာ့ ျပန္႐ုတ္မည့္အေတြးကို လက္ေလွ်ာ့လိုက္သည္။

ဆံပင္တိုႏွင့္လူက အေတာ္ၾကာသည္အထိ တိတ္ဆိတ္ေနၿပီးမွ စကားစသည္။
" သူ စေျပာင္းလာတဲ့ ေန႕ထဲကပါ"

" အစတုန္းကေတာ့ ကြၽန္ေတာ္လဲ အဲ့ဒီ့ေနရာကို ျပန္ျပင္ဖို႔ အိမ္ပိုင္ရွင္ကိုေတာင္ ဆက္သြယ္ၿပီးၿပီ.. အိမ္ပိုင္ရွင္က လူေတာင္ရွာၿပီးၿပီ.. အဲ့ဒီ့အခ်ိန္မွာပဲ ေဘးအိမ္ကို သူေျပာင္းလာတာ"

႐ႊယ္ေမ့ အိမ္ေျပာင္းလာသည့္ ပထမဆုံးေန႕တြင္ ဆံပင္တိုႏွင့္လူမွာ တစ္ခ်က္ၾကည့္၍ ထိုအေပါက္ကို တျခားအရာမ်ားႏွင့္ ျပန္ပိတ္လိုက္သည္။ အိမ္ပိုင္ရွင္ကိုလဲ ျပင္စရာမလိုေၾကာင္း သူ မွားပို႔လိုက္တာျဖစ္ေၾကာင္း ေျပာလိုက္သည္။

ထိုေန႕ညက သူ႕အိပ္ခန္းထဲမွ အလင္းေရာင္ထြက္ေစနိုင္ေသာ အရာအားလုံးကို ပိတ္ကာ ထိုအေပါက္ထဲ ေခ်ာင္းၾကည့္မိသည္။

" မင္း ဘာျမင္လိုက္လဲ"
ဝူက်ီပင္းက ျပန္ေမးသည္။

" သူ..."
ထိုသူ ခဏရပ္သြားသည္။
" အကၤ်ီလဲေနတာကို ျမင္လိုက္ရတယ္"

ထိုအရာက သူ႕ကို ေမွာ္ပညာႏွင့္ ျပဳစားထားသကဲ့သို႔ အေတာ္စြဲလန္းေစခဲ့သည္။

" ကြၽန္ေတာ္ မေနနိုင္ဘူး... သူ႕ကို ေန႕တိုင္း အဲ့ဒီ့ကေန ေခ်ာင္းၾကည့္ခဲ့တာ"

နံရံကို ေခါင္းအပ္ကာ ထိုအေပါက္ထဲမွ ေန၍ ႐ႊယ္ေမ့အလုပ္က ျပန္လာသည္ကိုေရာ သူငယ္ခ်င္းမ်ားႏွင့္ ဖုန္းေျပာကာ ညစာမွာ၍ စားေနသည့္အခ်ိန္ TV ၾကည့္သည့္အခ်ိန္ မိတ္ကပ္ဖ်က္၍ မ်က္ႏွာေျပာင္ႏွင့္ ျဖစ္ေနသည့္အခ်ိန္မ်ားကိုပါ သူ ေခ်ာင္းၾကည့္ခဲ့သည္။

ခဏအၾကာတြင္ မွန္ေရွ႕တြင္ အကၤ်ီလဲေနေသာ ႐ႊယ္ေမ့ကို ေတြ႕ရသည္။ ထို႔ေနာက္ ေယာက္်ားတစ္ေယာက္ကို အခန္းထဲ ေခၚလာခဲ့၏။

သူတို႔ႏွစ္ေယာက္ အခန္းထဲဝင္လာသည္ကိုေရာ အခ်င္းခ်င္း ခ်စ္တင္းေႏွာေနသည္ကိုပါ သူ မနာလိုစိတ္ျပင္းျပစြာႏွင့္ ၾကည့္ေနသည္။

ဝူက်ီပင္းက စကားစျဖတ္၍ ႐ႊယ္ေမ့ရည္းစားပုံကို ထုတ္ျပသည္။
" သူ အိမ္ေခၚလာတာ ဒီတစ္ေယာက္လား"

ဓာတ္ပုံထဲမွလူမွာ ေထာင္ေထာင္ေမာင္းေမာင္းႏွင့္ အနည္းငယ္ ဝသည္။ အရပ္က ၁၇၅ထက္ မပိုနိုင္။ ထူးထူးျခားျခား ျဖစ္ေနတာမ်ိဳး မရွိ။

ထိုသူက ဓာတ္ပုံကို ႐ြံရွာစြာ ၾကည့္ရင္း ျပန္ေျဖသည္။
" သူပဲ"

" မင္း သူ႕ကို မုန္းလား"

ဟုတ္တာေပါ့.. သူ ေတာ္ေတာ္ေလး မုန္းသည္။

႐ႊယ္ေမ့၏ ရည္းစားျဖစ္သူက သူႏွင့္ ႐ႊယ္ေမ့ၾကားမွ ထူးျခားေသာ ဆက္သြယ္ခ်က္ကို ခ်ိဳးဖ်က္ကာ သူ႕ကို အိပ္မက္ထဲမွ နိုးလာေစသည္။ ႐ႊယ္ေမ့၏ ျမင္အပ္ မျမင္အပ္ေသာ အရာအားလုံးကို တျခားသူတစ္ေယာက္ အပိုင္ရထားသည္ဆိုတာႀကီးက...

သူကေတာ့ အေမွာင္ထဲမွာ ပုန္းေနၿပီး ထိေတာင္ မထိရဲသည့္ဘဝ.. ဒီလိုခံစားခ်က္ႀကီးကို သူ သေဘာမက်။

" သူ႕ရည္းစားက ခဏခဏ လာလည္တယ္... တစ္ပတ္မွာ ငါးခါေလာက္အထိ လာတယ္... လာတိုင္းလံ ညအိပ္ၿပီးမွ ျပန္တာ"
ထိုသူက ဆက္ေျပာေနသည္။
" တစ္ခါတစ္ေလ ညနက္မွ လာတာ .. ႐ႊယ္ေမ့အိပ္ေပ်ာ္ေနတဲ့အခ်ိန္ဆို အိပ္ေနတဲ့ေနရာကို ေရာက္လာၿပီး ထိုင္ၾကည့္တယ္.. ဖက္တယ္ အိပ္တယ္"

က်ိမင္ေ႐ြ႕မွာ မွတ္စုထိုင္မွတ္ေနရင္း စိတ္မသက္မသာ ျဖစ္လာ၏။

သို႔ေသာ္ ႐ႊယ္ေမ့ကို တစ္ခ်ိန္လုံးေခ်ာင္းၾကည့္ေနခဲ့ေသာ ဒီလူေၾကာင့္သာမဟုတ္ရင္ ႐ႊယ္ေမ့၏ ေသဆုံးမႈက လွ်ို႔ဝွက္ဆန္းၾကယ္ျဖစ္ရပ္တစ္ခုအျဖစ္ အဆုံးသတ္သြားမည္ျဖစ္၏။ ၾကည့္ရတာ ဒီလူ႕ထံမွ သတင္းတစ္ခုခုေတာ့ ရနိုင္မည္ဟု က်ိမင္ေ႐ြ႕ ေမွ်ာ္လင့္ထားသည္။

ဝူက်ီပင္းက အေရးအႀကီးဆုံးေသာ ေမးခြန္းကို ေမးလိုက္သည္။
" လြန္ခဲ့တဲ့တစ္လက ႐ႊယ္ေမ့အသတ္ခံရတဲ့အခ်ိန္ မင္း ဘာေတြ႕ခဲ့ေသးလဲ"

ဆံပင္တိုႏွင့္လူ : " မေတြ႕ဘူး..ကြၽန္ေတာ့္နယ္မွာ အသုဘရွိလို႔ ခဏ ျပန္သြားတာ"

ဒီလိုအေၾကာင္းအရာမ်ိဳးဆိုသည္က လက္မွတ္စစ္ၾကည့္ရင္ သိနိုင္သည့္အရာျဖစ္၍ လိမ္ေျပာနိုင္ေသာ အရာမဟုတ္။

ဝူက်ီပင္း : "မင္း ျပန္ေရာက္လာေတာ့ ႐ႊယ္ေမ့ကို တစ္လေတာင္ မေတြ႕ရတာ.. ထူးဆန္းတယ္လို႔ မခံစားရဘူးလား"

ထိုသူ : " ပုံမွန္မဟုတ္ဘူးလို႔ေတာ့ ခံစားရပါတယ္.. ဒါေပမဲ့ သူ႕ရည္းစားနဲ႕ ရန္ျဖစ္တာ ကြၽန္ေတာ္ေတြ႕ဖူးတယ္... အဲ့ဒီ့ေတာ့ သူ႕ရည္းစားကို သြားရွာတယ္လို႔ပဲ ထင္တာေပါ့.. ကြၽန္ေတာ္က သူ ဘယ္မွာရွိလဲဆိုတာ စုံစမ္းပိုင္ခြင့္မွ မရွိတာ"

ထိုသူက တျခားသူ၏ အိမ္ခန္းထဲကို ခိုးၾကည့္ေနသူျဖစ္ရာ ႐ႊယ္ေမ့ကို တစ္လမေတြ႕ရ၍ ထူးဆန္းသည္ဟု ထင္ရင္ေတာင္မွ ဘယ္သူ႕ကိုမွ ေျပာလို႔မရ။

႐ႊယ္ေမ့ကို မေတြ႕ရသည့္တစ္လအတြင္း ထိုသူက အေပါက္ထဲ ခဏခဏ ေခ်ာင္းၾကည့္ဖူးသည္။ ထိုေနရာမွ ၾကည့္ပါက ေရခဲေသတၱာတစ္ဝက္ကိုပင္ ျမင္နိုင္၏။

ေမးခြန္းေမးၿပီးေနာက္ ဝူက်ီပင္းႏွင့္ က်ိမင္ေ႐ြ႕တို႔လဲ အခ်က္အလက္မ်ား သုံးသပ္ရန္ ေစာင့္ၾကည့္ခန္းထဲ ဝင္လာသည္။

သို႔ေသာ္ မွတ္စုစာအုပ္ကိုင္၍ တံခါးတြန္းဖြင့္လိုက္ေသာ က်ိမင္ေ႐ြ႕မွာ ဝင္ဝင္ခ်င္း ရွဲ႕လင္ႏွင့္ လက္ကိုင္ထားေသာ ခ်ီခ်င္းကို ေတြ႕လိုက္ရသည္။

ထို႔အျပင္ ထိုလက္တြင္ လက္အိတ္ဝတ္မထား။

ခ်ီခ်င္းပုံစံက ေအးစက္စက္ႏွင့္ရွိေနေသာ္လဲ မ်က္လႊာခ်ထားသည့္အတြက္ စစ္ေမးျခင္းကို ေသေသခ်ာခ်ာ နားေထာင္ေနတာလားဆိုတာကိုေတာ့ သူမသိနိုင္။ ထို႔ေၾကာင့္ က်ိမင္ေ႐ြ႕လဲ သူ႕သူငယ္ခ်င္းကို အႀကံေပးရွဲ႕က ျပန္ေပးဆြဲထားတာ မဟုတ္မွန္း အတည္ျပဳလိုက္ရသည္။

.....
End of part 32
Thank you all

Continue Reading

You'll Also Like

117K 12.2K 32
Athulya Singhania has spent her entire life in solitude, yearning for the love of a family. Over the years, she mastered the art of concealing her em...
24.6K 2.1K 30
ဇာတ်လမ်း အကျဥ်းကတော့ ဝတ္ထုခေါင်းစဥ်အတိုင်းပါပဲ... လင်းမာန်ခက wormhole ကို ဖြတ်လာပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ရောက်လာတယ် ။ သူ့အဖေက သူ ၂နှစ်သားထဲက ဆုံး...
1.2M 31K 55
Bay went deaf at a very young age Bay's Mother was always really good about helping her daughter be in the world, but things took a turn when her Ste...
3.9K 463 17
Author: 九月买的饼干 (Biscuits Bought In September) Total Chapters: 68 + 2 extras Chapters 1 - 13 is translated by BlackboxTL Translator - 🌺 yuebing I do...