ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

100K 13.8K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 68

424 49 0
By Swae_Nyoe

68 01

အပိုင်း (68)

လူပေါင်းများစွာက ယုံကြည်မှုကို ခံရသောသူ၊ နောက်ကျောပေးထားလျှင်ပင် စိတ်ချယုံကြည်ရသောသူ ဖြစ်ရန် လိုအပ်သည်။ လီရွှင်ဖုန်း၏ ကောက်ကျစ်မှုနှင့် သစ္စာဖောက်မှုများနှင့် ပတ်သက်ပြီး ကျန်းကျိရင်က အခြားသူများအပေါ် ယုံကြည်မှုပျောက်ဆုံသွားလေ့မရှိချေ။ သူက သူ၏အသင်းဖော်များကိုလည်း အထူးတလည် ယုံကြည်ထားလေသည်။ သူ၏ပြဿနာများနှင့်အခက်ခဲများကို သူတို့အတူ ဝေမျှတတ်ပြီး ဦးနှောက်အတူလုပ်ပေးလေ့ရှိကြသည်။ ထိုလူများထဲတွင် သာ့​တောင့်နှင့် အဖိုးကြီးကျူးတို့က အတွေ့အကြုံများပြီး အခြားသူများ၏ စိတ်ဆန္ဒများအကြောင်း ဆွေးနွေးရာတွင် ​တော်ကြသည်။ ရှောင်ကျင်းနှင့် အားခုန်းတို့ကမူ တွေးတောပေးနိုင်ကြပြီး တစ်ခါတစ်ရံတွင် အမျိုးမျိုးသော အကြံဉာဏ်သစ်များကိုပင် ထုတ်ပေးနိုင်ကြသေး၏။ အားမူက စကားကို လိပ်ပတ်လည်အောင် ကောင်းကောင်းမပြောနိုင်သေးသော်လည်း သူက လက်တွေ့ကျပြီး ကတိကြီးတတ်သောသူ ဖြစ်သဖြင့် အချို့သော သူ၏ လိုအပ်ချက်ရှိသည့်နေရာများတွင်ပင် အလွယ်တကူ ကူညီပေးနိုင်သည်။ သူတို့နှင့်ဆိုလျှင် ကျန်းကျိရင်၏ ပြစ်ချက်များကို ကြီးမားအောင်ချဲ့ပြီး ပြင်ဆင် ဖာထေးရန်အတွက် ကူညီပေးနိုင်ကြသည်။

သာ့တောင့်က ကမ်းလှမ်းသည်။

"တောင်တွေနဲ့ မြစ်တွေကို ပြောင်းလဲဖို့က လွယ်လိမ့်မယ်၊ လူတစ်ယောက်ရဲ့ အကျင့်ကို ပြောင်းလဲဖို့ကတော့ ခက်တယ်၊ လီရွှင်ဖုန်းက ဒီလိုအရာမျိုးကို လုပ်ခဲ့တာမှန်ရင် သူက လူသားတို့နယ်ပယ် ပြန်လည်ရှင်သန် ဦးမော့ရေးအတွက် အင်အားစိုက်ထုတ်ပေးမယ်ဆိုပြီး မဟာမိတ်ကို စာရင်းနဲ့ ခစားဖို့ မဖြစ်နိုင်ဘူး၊ သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှု လောဘတွေအားလုံးက အမြစ်တွယ်ပြီးနေတဲ့ သဘာဝ အကျင့်စရိုက်ဖြစ်နေပြီ၊ လူတိုင်းမှာ ကိုယ်ပိုင် မကောင်းတဲ့ ဘက်ခြမ်းနဲ့ လောဘကြီးတဲ့ ဘက်ခြမ်းဆိုတာ ရှိကြတယ်၊ ဒါပေမဲ့ သာမန်လူတွေက အခြားသူတွေကို နာကျင်အောင်လုပ်ရမဲ့ ကိစ္စမျိုးတွေဆိုရင် ကိုယ့်ကိုယ်ကိုယ် အလိုလို ဆုံးမသင်တင့်တတ်ပြီး အတတ်နိုင်ဆုံး စောင့်ထိန်းတတ်ကြတယ်၊ ဒါက လူတွေမှာ အမွေဆက်ခံထားခြင်း မရှိတဲ့ သဘာဝစရိုက်ကြောင့်ပဲ၊ ဒါပေမဲ့ လီရွှင်ဖုန်းက အဲလိုမဟုတ်ဘူး၊ မင်းသာ သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေမယ်ဆိုရင် သေချာပေါက် သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ရှာဖွေတွေ့ရှိလာမှာပဲ၊ အဲဒီလိုမှမဟုတ်လည်း ငါတို့က သူ့အတွက် ထောင်ချောက်ဆင်ပြီး သူ့ကို တိုက်ရိုက်ခုန်ဆင်းလာအောင် ကြံစည်လို့ရတယ်၊ ပုံမှန်အားဖြင့်သူက အကြံအစည်ကြီးတဲ့သူဖြစ်လို့ သူ့ကို ပြန်ပြီးချောက်ချနိုင်တဲ့ သက်သေတွေတော့ ချန်ထားခဲ့မှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးဆိုရင်တောင်မှ ငါတို့ကသာ ထောင်ချောက်ဆင်လိုက်ရင် စိုးရိမ်စရာမရှိတော့ဘူး၊ ဒါပေမဲ့ အဲဒီနှစ်က ကိစ္စနဲ့ ပတ်သက်ပြီး သက်သေကို ရှာဖို့ တအား ခက်နေတာပဲ၊ ဒါပေမဲ့ မျှတမှုကို ရရှိစေဖို့အတွက် သူ့ရဲ့ဟန်​ဆောင်မျက်နှာဖုံးကို စုတ်ဖြဲပြီး စတင်ရမှာပဲ၊ ဒီလိုလောကရဲ့ အဆုံးသတ်မျိုးမှာ လူတိုင်းအကြောက်လန့်ဆုံး၊ သဘောမကျဆုံးက လီရွှင်ဖုန်းလို လူမျိုးတွေပဲ"

သူတို့၃ယောက်က အချိန်တော်ကြာ စကားပြောနေကြပြီး လီရွှင်ဖုန်း၏ အစစ်အမှန်အ​ရောင်ကို ထုတ်ပြနိုင်ရန် အမျိုးမျိုးတွေးတောပေးကြသည်။

ညစာစားချိန်ရောက်လာသောအခါ ကျန်းကျိရင်၊ သာ့တောင့်နှင့် အားမူတို့က ကန်တင်းသို့ သွားစားကြသည်။

တိမ်ကောင်းကင်မဟာမိတ်၏ ဌာနချုပ်က နဂိုယွမ်ထျန်းဌာနချုပ်တွင်သာ တည်ဆောက်ထားခြင်းဖြစ်သည်။ ကြီးမားသော နေရာဝန်းကျင်သည် ပြီးပြည့်စုံသော ဝန်ဆောင်မှုများနှင့် လုံခြုံသော အကာကွယ်များကြောင့် ထိုနေရာက လူလုပ် နောက်ဆုံးသော ဒုက္ခသည်စခန်းဟု ခေါ်ကြသည်။ အဓိပ္ပါယ်ကမူ အခြားသောနေရာများကို ဖုတ်ကောင်များက သိမ်းယူသွားနိုင်သည့်တိုင်အောင် ထိုနေရာကမူ လူသားများ၏ နောက်ဆုံးသော အင်အားစုအဖြစ် ကျန်ရစ်နေဦးမည်ဖြစ်သည်။

မိုးကြိုးအဖွဲ့၏ အဆောင်က မုန်တိုင်းအဖွဲ့၏ အဆောင်နှင့် ကပ်ရပ်ဖြစ်သည်။ နှစ်သင်းစလုံးက ကန်တင်းတစ်ခုတည်းတွင် စားရသဖြင့် မကြာခဏ တွေ့ဆုံတတ်သည်။ ဒီကန်တင်းက သိပ်မကြီးသည့်အပြင် လူများကလည်း ချဲကာထိုင်နိုင်ကြသည်။ ဤနည်းအားဖြင့် ကိုယ့်အစားအသောက်ကိုယ် စားနိုင်ကြသေးသည်။ ထို့ကြောင့် အမြင်နိုင်ဆုံး မြင်ကွင်းက အနက်ရောင် ယူနီဖောင်း ဝတ်ဆင်ထားသော လူများနှင့် အစိမ်းရောင် ယူနီဖောင်း ဝတ်ဆင်ထားသောသူများ ဖြစ်သည်။ လေထဲတွင်လည်း သတ်ဖြတ်လိုစိတ်များနှင့်အတူ ထိပ်တိုက်တွေ့ဆုံသော အခြေအနေမျိုးလည်း ရှိတတ်သည်။ နှစ်သင်းလုံးက မရင်းနှီးကြချေ။ ထို့ကြောင့် ကျန်းကျိရင်က တစ်ဘက်အသင်းကိုမြင်သောအခါ ခေါင်းညိတ်ပြလိုက်လေသည်။

68 02

မုန်တိုင်းအသင်းခေါင်းဆောင်က လေစွမ်းအင်အသုံးပြုသူဖြစ်သည်။ သူမက အသက်၃၀ထက်ပိုမကြီးသေးချေ။ သူမက သေသပ်ကာ ကြည့်ကောင်းသော အမျိုးသမီးတစ်​ယောက်ဖြစ်သည်။ သူမက ကျန်းကျိရင်ကို မြင်သောအခါ နူးညံ့စွာ ပြုံးပြပြီး စဥ်းစားဆင်ခြင်ဟန် ပုံစံမျိုးဖြင့်ကြည့်သည်။ သူမက အစ်မကြီးတစ်ယောက်အနေဖြင့် အလွန်ဆွဲဆောင်မှု ရှိသည်ကို ဝန်ခံရမည်ဖြစ်သည်။

ကျန်းကျိရင်လက်မောင်းထဲမှ အဖြူရောင်အလုံးလေးကလည်း တစ်ဘက်က သူ့ကို ပြုံးပြနေကြောင်း မြင်လိုက်သည်နှင့် အားပါသွားဟန်ဆောင်လိုက်ပြီး ခေါင်းဖြင့်သူ၏ ရင်ဘတ်ကို ခပ်ကြမ်းကြမ်းတိုက်သည်။

သူတို့ထက် အရင်ကြိုစောရောက်သော အားခုန်းက ထိုမြင်ကွင်းကို မြင်လိုက်သည်။

"အာ ခေါင်းဆောင်၊ ရှောင်ရှန်းက ဘယ်တုန်းက ဒီလောက်ကြီးလာပြီး သဝန်တိုဖြစ်တဲ့အချိန်မှာ ဒီလိုခပ်ကြမ်းကြမ်း လုပ်ဆောင်တတ်လာတာလဲ"

အားမူက ရိုးသားစွာ ရှင်းပြသည်။

"ဒါက ရှောင်ရှန်းမဟုတ်ဘူး၊ ခေါင်းဆောင်ပြောတဲ့အတိုင်းဆို ဒါက ရှောင်ရှန်းရဲ့အဖေပဲ၊ သူဘယ်လိုရောက်လာလဲတော့မသိဘူး"

ရှောင်ကျင်းက စွပ်ပြုတ်သောက်နေချိန် ဖြစ်သည်။

"ခေါင်းဆောင်နဲ့ ဒေါက်တာယင်တို့က ကြောင်တစ်ကောင်စီ မွေးထားတဲ့ပုံပဲ၊ တစ်ကောင်ကကြီးပြီး တစ်ကောင်ကသေးတယ်၊ အခုဒေါက်တာယင်ထွက်သွားတော့ သူက စိတ်မအေးနိုင်ဘဲ သူ့ရဲ့ကြောင်လေးကို ခေါင်းဆောင်ကို လိုက်မရှုပ်နိုင်အောင် ကြည့်ဖို့ လွှတ်ပေးလိုက်တာဖြစ်မယ်"

အားခုန်းက ခေါင်းညိတ်သည်။ သို့သော်သူက ယွီဟော်ဌာနချုပ်တွင် အဖမ်းခံခဲ့ရချိန်က မြင်ခဲ့ရသော အထူးတလည် ငိုယိုတတ်သည့် ကြောင်လေးအကြောင်း တွေးမိသွားသည်။ ထိုကြောင်လေးကို ဒေါက်တာဝိုင်က အလွန်ချစ်သည်။ ဒီကောင်လေးနဲ့လည်း တူလေသည်။ ယင်ရှောင်းရှန်းကလည်း ထူးခြားသော မျိုးစိတ်တစ်ခုဖြစ်သည်။ ထို့အပြင် သူထိုအကောင်၃ကောင်ကိုသာ မြင်ဖူးသေးပေသည်။ ဒေါက်တာယင်၏ ပြောစကားအရ ဝိုင်က သူ၏အမွှာညီငယ်ဖြစ်သည်။ ထို့ကြောင့် ချဲ့ကားရှင်းပြန်ရန် မလိုဘဲ ဆက်စပ်ကာ တွေးနိုင်လေသည်။ ခေါင်းဆောင်ကလည်း ထပ်မပြောတော့ချေ။ သူတို့ကလည်း အသေးစိတ်​ငြင်းမနေတော့ပေ။

မုန်တိုင်းအဖွဲ့က သူတို့၏ ဘေးစားပွဲတွင် ထိုင်နေခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ဘက်သူများက ခပ်ကျယ်ကျယ်စကားပြောသည့်အခါ ကြားနိုင်လေသည်။

သူတို့ကလည်း လူကြီးတစ်ယောက်၏စကားကို နားထောင်နေလေသည်။

"ပိုင်မန်အဖွဲ့အစည်းက ပျောက်နေတဲ့ ဒေါက်တာယင်ကို ပြန်ရှာတွေ့ပြီလို့ ကြားတယ်၊ ဒေါက်တာယင်က ကပ်ဘေးကာလရဲ့ အလင်းရောင်လို့တောင် တင်စားကြတာ၊ သူနဲ့ပိုင်မန်အဖွဲ့အစည်းက ထောက်ပံ့ပေးတဲ့ နည်းပညာတွေမရှိဘဲ ငါတို့ဒီလောက်မြန်မြန် အခြေချနိုင်မှာမဟုတ်ဘူး၊ သူပြန်လာတာကောင်းတယ်၊ ဒါပေမဲ့ ရန်ဖူကတော့ပျောက်ပြီး အခြေအနေမကောင်းဖြစ်နေတယ်၊ ဒီတော့ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာက မသိနိုင်ဘူး၊ ခေါင်းဆောင်ဟောင်းက ပျောက်သွားပြီး ဒါပေမဲ့ ဒေါက်တာယင်က ပြန်ရောက်လာတယ်၊ ရန်ဖူကိုလည်း ရှာမတွေ့ဘူးဆိုတော့ ဘယ်လိုတွေပြောင်းလဲသွားမယ်လို့ ထင်လဲ"

မုန်တိုင်းအဖွဲ့က ခေါင်းဆောင်က ဘယ်ဘက်လက်ဖဝါးကို အသာကွေးလိုက်ပြီး စားပွဲကို ခေါက်လိုက်သည်။

"စကားကို သတိထား"

ထိုလူကြီးက စကားကို ရပ်လိုက်သည်။

တစ်ဘက်မှ လူများက ယွီဟော်အ​ခြေစိုက်စခန်းအကြောင်း ​ပြောသောအခါ ယွီဟော်၊ ဒေါက်တာဝိုင် စသဖြင့်တို့က ကပ်ပါနေသည်။ ရုတ်တရက် လူငယ်လေးတစ်ယောက်က ထရပ်လိုက်ပြီး ကျန်းကျိရင်ကို လှမ်းမေးသည်။

"ခေါင်းဆောင်ကျန်း၊ မင်းက ယွီဟော်အခြေစိုက်စခန်းမှာ တောက်လျှောက် တိုက်ခိုက်ခဲ့ရတာပဲ၊ မင်းဒေါက်တာဝိုင်ကို မြင်ဖူးလား၊ သူက ကောလာဟလထဲက ပြောသလိုမျိုးပဲလား၊ အထူးတလည် ကြောက်စရာကောင်းလား"

မိုးကြိုးအဖွဲ့မှ လူများ၏ ရင်ထဲတွင်မူ ပြောနေကြသည်။

ကပ်ဘေးရဲ့ အလင်းတန်းဆိုတဲ့အတိုင်းပဲပေါ့။

ကျန်းကျိရင်က စိတ်ထဲတွင် ပြောသည်။

သူက မင်းရဲ့အရှေ့မှာတင်လေ။ ဒီရူးကြောင်ကြောင်နဲ မင်းရဲ့အစားစာကို ခိုးနေတဲ့ ကောင်လေးပေါ့။

သို့သော် တစ်ဖက်သူက မေးကတည်းက ကျန်းကျိရင်ကလည်း သူတို့၏ နေ့စဥ်တိုက်ခိုက်သည့် ကိစ္စများကို ​ပြန်ပြောပြလိုက်သည်။ ရှောင်ကျန်းကလည်း ဝင်ရောက် ချီးကျူးကာ ထပ်ဖြည့်ပြောခြင်းမျိုး ပြုလုပ်လေသည်။ တစ်ခါတစ်ရံတွင်မူ သူတို့နှစ်​ယောက်က ဆက်လက်ပြီး စကားပြောနေကြသည်။ မည်သူကမှလည်း ဒေါက်တာဝိုင်၏ ရုပ်ရည်ကို ဂရုမစိုက်ကြချေ။

68 03

အစစ်အမှန် ဒေါက်တာဝိုင်ကမူ တိတ်တဆိတ် သန်းနေသည်။ သူက ကျန်းကျိရင်က အာရုံမစိုက်မိချိန်တွင် သူ၏ ပန်းကန်လုံးထဲမှ သေးငယ်သည့် နံရိုးလေးများကို ခိုးနေသည်။

ပိုင်မန်အဖွဲ့အစည်း၏ နည်းပညာများနှင့် ရှေ့တန်းမှ အင်အားစုများ၏ တိုက်ခိုက်နိုင်စွမ်းအားကြောင့် အမျိုးမျိုးသော ဌာနချုပ်များတွင် အပင်များကို ပမာဏအမြောက်အများဖြင့် ပြန်လည် စိုက်ပျိုးနိုင်ပြီဖြစ်သည်။ ထို့ကြောင့် တိမ်ကောင်းကင်မဟာမိတ်ဌာနချုပ်ကဲ့သို့ အ​​​​ခြေစိုက်စခန်းကြီးများတွင် သာမန်ဆန်ခေါက်ဆွဲနှင့် အရွက်များကို နေ့စဥ်စားသုံးနိုင်အောင် ထောက်ပံ့ပေးနိုင်ပြီ ဖြစ်ပြီး လူအများကလည်း အားဖြည့်ဆေးရည်တစ်ခုတည်းကို မှီခိုရန် မလိုအပ်တော့ချေ။ ဒီနေ့လိုမျိုး အသင်းဖော်အများစုက သူတို့၏ ဌာနချုပ်သို့ ပထမဦးဆုံးလာပြီး သတင်းပို့သော အခြေနေမျိုးတွင်ပင် ချွင်းချက်မရှိ အသားအနည်းငယ် စားနိုင်လေသည်။

အသားမစားရသည်မှာ ကြာပြီဖြစ်သည့် အသင်းဖော်တစ်ယောက်က ခေါင်းဆောင်၏ လက်မောင်းထဲတွင်နေပြီး ပျော်ရွှင်စွာဖြင့် နံရိုးများကို စားနေသော ကြောင်လေးကို ကြည့်လိုက်ပြီး ထိုကြောင်က အလိုလိုက်ခံရသည်ဟု ခံစားရသည်။ မည်သို့ပင်ဆိုစေ လက်ရှိကာလတွင် လူအများစုအတွက်အသားက ဇိမ်ခံအစားစာဖြစ်လေသည်။ သူက မနေနိုင်ဘဲ သက်ပြင်းချသည်။

"ခေါင်းဆောင်က မင်းရဲ့ကြောင်ကို တအားကြင်နာတာပဲ"

အားခုန်းက ဖြေသည်။

"ခေါင်းဆောင်က သိပ်မဟုတ်သေးဘူး၊ ငါမြင်ဖူးသမျှ ကြောင်တွေထဲမှာ အလိုလိုက်ခံရဆုံးက ဒေါက်တာဝိုင်ရဲ့ကြောင်ပဲ၊ ငါယွီဟော်ဌာနချုပ်မှာ အဖမ်းခံရတဲ့ အချိန်တုန်းက ဒေါက်တာဝိုင်က သူ့ရဲ့ကြောင်အတွက် စာဖိုမှူးကိုတောင် သေချာချက်ပြုတ်ခိုင်းသေးတာ၊ ငါ့ကိုဖမ်းမိသွားတော့ အဲဒီကြောင်က ပတ်ပြေးပြီး ပြုတ်ကျသွားတာကို မြင်လိုက်ရတယ်၊ အဲဒီနောက် ကြမ်ပြင်ပေါ်ကို သနားစရာလေး ပြုတ်ကျသွားတာပဲ၊ ရလဒ်အနေနဲ့ ယွီဟော်ဌာနချုပ်က ဗီလိန်တိုင်းက ထိတ်လန့်နေကြရတာလေ"

ကျန်းကျိရင်၏ မျက်နှာအမူယာက ရှက်ရွံ့သွားဟန် ဖြစ်သွားသည်။

ဒီလိုရှက်စရာကောင်းတဲ့ အတွေ့ကြုံကို မပြောပါနဲ့တော့။

ဘယ်သူမှမသိသော်လည်း သူက အဓိကဇာတ်လိုက်ဖြစ်ခဲ့သည်။

ကျန်းကျိရင်ကို ယင်ညန်က ကြောင်မျက်နှာဖြင့်မော့ကြည့်သည်။ သူက သူ၏လုပ်ဆောင်မှုအတွက် တိရစ္ဆာန်တစ်ကောင်၏ ပုံစံမကျစွာ အတည်ပြုပေးနေသည်။

ညစားစားပြီးနောက် ကျန်းကျိရင်က ကြောင်ကို အခန်းတွင်းသို့ ပြန်ခေါ်သွားသည်။ သူက တံခါးကို ​သော့ခတ်ပြီး အိပ်ရာပေါ်တွင် ထိုင်လိုက်ရုံသာရှိသေးစဥ် သူ၏ မြင်ကွင်းက မှောင်သွားသည်။ ထို့နောက် မျက်လုံးပြန်ဖွင့်လိုက်သောအခါ အခန်းထဲမှ စားပွဲနှင့် ကုလားထိုင်များက ပုံမှန်ထက် အစပေါင်းများစွာ ကြီးနေကြောင်း မြင်လိုက်ရသည်။ မကောင်းဆိုးဝါးကြီးများကဲ့သို့ ကြီးမားနေခြင်းဖြစ်သည်။ ထို့နောက် သူက ငုံ့ကြည့်သောအခါ သူ၏ ​ခြေလေးချောင်းက ဖြူဖွေးကာ နူးညံ့နေပြီး အိပ်ရာပေါ်သို့ ပျော့အိကာ ကျသွားသည်။

"အူးဝူး အောဝေါ"

ကျန်းကျိရင်က ပါးစပ်ဖွင့်လိုက်ပြီး သနားစဖွယ် ညည်းညူလိုက်သည်။ သူ၏အရှေ့တွင် ကြောင်ယင်ညန်က မြင့်မားကာ သန်မာသော ပုံစံမျိုးဖြင့် ရှိကာ သူ့ကို မာနအပြည့်ဖြင့် ကြည့်နေသည်။

သူ၏ လက်ထဲတွင် ထွေးပွေ့ထားသည့်ကြောင်လေးက ယခုလေးတင် သူ့ထက်ကြီးသွားပြီဖြစ်သည်။ သူကလူသားဘဝတွင်လည်း တစ်ဘက်က သူ့ထက်အရပ်ရှည်ပြီး အခု ကြောင်ဘဝတွင်ပင် သူ့ထက်ကြီးနေသေးသည်။ ထို့ကြောင့်သူက ဒီအခြေနေကို တောင့်မခံနိုင်တော့ပေ။ ပြော​ပြရန်မလိုလောက်အောင် ဒါက သူ့ကို ကြောင်ဖြစ်အောင် ယင်ညန်က လုပ်လိုက်ခြင်း ဖြစ်လောက်သည်။

ယင်ရှောင်းရှန်းက ထောင့်နေရာတွင် ခွေနေခြင်းဖြစ်သည်။ ထို့နောက် သူတို့ကို သိချင်စိတ်ပြင်းပြစွာဖြင့် လှမ်းကြည့်နေသည်။ ယင်ရှောင်းရှန်းလည်း တစ်ဘက် ဖက်ထုပ်ဖြူကြောင်လေးနှစ်ကောင်က လှိမ့်ပြီး အချင်းချင်း နပမ်းလုံးနေကြောင်း မြင်လိုက်ရသည်။

ပျော်စရာကောင်းတဲ့ ပုံပဲ။

ကျန်းကျိရင် ရှုံးသွားသည်။ သူက သနားစရာကောင်းသော ပုံစံလေးဖြင့် ခေါင်းအုံးထဲတွင် ကိုယ်ကို မြှုပ်ထားပြီး အထွန့်တက်သည်။ ရှင်းလင်းစွာဖြင့် ယင်ညန်က ကြောင်ဖြစ်လာသည့်တိုင်အောင် စကားပြောနိုင်သည်။ သူကမူ ကြောင်ဖြစ်သွားသည့်အခါ စကားမပြောနိုင်တော့ချေ။ ဒါက ရှင်းလင်းစွာ ခွဲခြားဆက်ဆံခံရခြင်းမျိုး ဖြစ်နိုင်သည်။

အမှန်တရားဆိုရသော် ယင်ညန်က ကျိရင် ကြောင်ပုံစံ ပြောင်းသွားသောအခါ သူ့ကို သနားစဖွယ် အသံလေးဖြင့်အော်ပြီး မျက်ရည်ဝဲနေသာ မျက်ဝန်းဖြင့်ကြည့်လာသော မြင်ကွင်းကို သဘောကျခြင်းဖြစ်သည်။ ထို့ကြောင့် ကျိရင်၏ ထိုပုံစံကို မြင်တိုင်း သူက သူ၏ မျိုးရိုးနာမည်ကိုပင် မေ့မေ့သွားလေ့ရှိသည်။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

26.2K 3.2K 39
"ကိုယ်ရပ်တန့်ပစ်ဖို့​ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်​နေတဲ့ အချိန်​တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapt...
221K 39.4K 77
ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး