Unlimited Love

By NawMueGayPhaw

1.7K 110 12

πŸ’™ α€€α€»α€±α€¬α€„α€Ία€Έα€žα€¬α€Έα€˜α€α€œα€±α€Έ α€•α€‘α€™α€†α€―α€Άα€Έα€›α€±α€Έα€žα€¬α€Έα€α€Όα€„α€Ία€Έα€–α€Όα€…α€Ία€•α€«α€α€šα€Ί α€…α€¬α€›α€±α€Έα€žα€°α€œα€―α€Άα€Έα€α€™α€Ÿα€―α€α€Ία€•α€«α€˜α€°α€Έα€”α€±α€¬α€Ί α€€α€­α€―α€šα€Ία€–α€α€Ία€α€»α€„α€Ία€α€²α€·α€•α€―α€Άα€…α€Άα€œα€±α€Έ ကောက်ရေးတာပ... More

✿︎ 1 ✿︎
✿︎ 2 ✿︎
✿︎ 3 ✿︎
✿︎ 4 ✿︎
✿︎ 6 ✿︎
✿︎ 7 ✿︎
✿︎ 8 ✿︎
✿︎ 9 ✿︎
α€‘α€žα€­α€•α€±α€Έα€α€»α€€α€Ία€•α€«α€”α€±α€¬α€Ί
✿︎ 10 ✿︎
✿︎ 11 ✿︎
✿︎ 12 ✿︎
✿︎ 13 ✿︎

✿︎ 5 ✿︎

88 12 4
By NawMueGayPhaw

Part-5
~~~~~~

7 o'clock

  ⏰တီ...တီ...တီ...တီ..တီ...

နာရီမြည်သံကိုပိတ်လိုက်ပြီး အိပ်ယာထလိုက်သည်။ မနက်စောစောကတည်းက စတင်ဖြစ်ပေါ်လာသော လိုအပ်မှု >မာမီ့ရဲ့သားရေ ထတော့ဆိုတဲ့> ခေါ်နိုးသောအသံချိုချိုလေး ထားပါတော့ sky မတွေးတော့ဘဲ ရေချိုးခန်းထဲသာဝင်ပြီး သွားတိုက်ရေချိုးလိုက်သည်။ပြီးတာနဲ့ တစ်ဘက်ဖြူတစ်ထည်သာခါးမှာပတ်ပြီး နောက်တစ်ထည်ကို ကိုယ်သုတ်လိုက်သည်။ပြီးတာနဲ့  ကျောင်းuniformထားတဲ့ ဘက်က်ိုသွားပြီး အဖြူအစိမ်းကိုဝတ်လိုက်ပြီး​ကော်လံပါရှပ်အဖြူကို တံတောင်ဆစ်ထိသပ်ရပ်စွာခေါက်လိုက်ပြီး ပုဆိုးကိုသေသပ်စွာဝတ်လိုက်သည်။နာရီထားတဲ့စင်ဘက်သွားပြီး ဒီနေ့စိတ်ထဲကြိုက်ရာ နာရီတစ်လုံးယူလိုက်ပြီး ပတ်လိုက်သည်။ပြီးသည်နှင့် မှန်တင်ခုံဘက်သွားပြီး ဆံပင်ကို ဘီးနဲ့တစ်ချက်နှစ်ချက်ဖြီးပြီး ရေမွှေးစွတ်လိုက်သည်နှင့် skyရဲ့ကျောင်းသွားဖို့ပြင်ဆင်မှု ပြီးပြီဖြစ်သည်။မိဘကိုအရွဲ့တိုက်သာလို့သာတစ်ခါတစ်ရံဆိုးသွမ်းနေခြင်းဖြစ်ပေမဲ့ ပင်ကိုစိတ်ကနူးညံ့သည်။ရိုးရှင်းမှုကိုသာကြိုက်သည်။လွယ်အိတ်ကိုယူလိုက်ပြီး အောက်ထပ်ကို ပြန်ဆင်းလိုက်သည်။

အောက်သို့ရောက်သည်နှင့် ထမင်းစားခန်းထဲဝင်သောအခါ ထုံးစံအတိုင်း မနက်စာစားပွဲမှာတင် laptop ကိုယ်စီနဲ့အလုပ်လုပ်ရင်း မနက်စာ စားနေသောမိဘနှစ်ပါးကိုတွေ့ရှိရသည်။ ဘာ့ပြောချင်စိတ်မရှိတော့ဘဲ သူတို့နဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်ပြီး အိမ်အကူတို့ ချပေးသော မနက်စာဖြစ်သည့် မုန့်များစွာထဲမှ ရှမ်းခေါက်ဆွဲကိုသာ စားလိုက်လေသည်။ဒီမနက်တော့ပြသာနာမဖြစ်ချင်ဘဲ အေးဆေးနေချင်သည်လေ။သို့သော်...

" သား မုန့်ဖိုးလိုရင်ပြောနော် လိုချင်တာရှိရင်မာမီ့ကိုပြော "

မာမီရဲ့အပြော၌ ဒယ်ဒီ သာမက skyလည်း မာမီရဲ့ မျက်နှာကို လှမ်းကြည့်လိုက်လေသည်။laptopကနေမျက်နှာမခွာဘဲပြောချင်းပင်။ ထိုအခါမှ ဒယ်ဒီလည်း အလုပ်ပြန်လုပ်နေရင်း...

"ဟုတ်တယ်သား မင်းမာမီပေးတဲ့ မုန့်ဖိုးမလောက်ရင် ဒယ်ဒီဆီတောင်း ဘာလိုချင်လဲ ဘာဖြစ်ချင်လဲ အကုန်ဖြစ်စေရမယ် "

" အဟက်....ဟက်"

sky ခြောက်ကပ်ကပ်ရီလိုက်ပြီး စားနေခြင်းကိုလက်စသက်လိုက်၍ ခုံမှထလိုက်ကာ မိဘနှစ်ပါးကို ကြည့်လိုက်ပြီး....

"ဒီမှာဒယ်ဒီနဲ့မာမီ ...ဒီမနက်တော့ စကားမများချင်လို့ ကိုယ့်ဘာသာအေးဆေးစားနေတာကို ဘာတဲ့...  ဘာလိုချင်လဲဟုတ်လာ မုန့်ဖိုးလိုချင်ရင်ပြောတဲ့ဟုတ်လာ.....  ဒယ်ဒီတို့ခေါင်းထဲမှာ ပိုက်ဆံဘဲရှိတာလာ.. တစ်ချိန်လုံး ပိုက်ဆံ ပိုက်ဆံ ဘဲပြောနေကျ.. ပိုက်ဆံရဖို့ လုပ်နေကျတာ...ဒယ်ဒီတို့  ပိုက်ဆံနဲ့ဘဲယူလိုက်ကြပါလာ ဘာကိစ္စ ကျွန်တော့ကိုမွေးထားသေးလဲဟမ်!!

ကျွန်တော်ဘာလိုချင်လဲ သိလာ...ကျွန်တော့မှာလိုအပ်တာတစ်ခုလေး အာ့က ဒယ်ဒီနဲ့မာမီဆီက ဂရုစိုက်မှု လေးတင် ခဗျားတို့က တစ်ချိန်လုံး ပိုက်ဆံသာထိုးပေးတာ ဒီsပိုက်ဆံတွေရပြီး ကျွန်တော်က ဘာလုပ်ရမှာလဲ "

"ဟျောင့်..sky မင်းမရိုင်းနဲ့ မင်းကိုငါတို့မွေးထားတာနော် မိဘကို ဒီလိုပြန်ပြောစရာလားကွ"

"ဟားး ဟားး သွန်သင်ဆုံးမပေးမဲ့မိဘမှမရှိတာ ရိုင်းမှာပေါ့ ဆန်းလား ဟုတ်တယ်မလားမာမီ"

"ဖြန်းးး"

မာမီ့ရဲ့ရိုက်ချက်ကြောင့် sky ရိုက်ခံထိတဲ့ပါးစောင်ကိုလျှာနဲ့ထိုးလိုက်ပြီး မျက်ခုံးတစ်ချက်ပင့်လိုက်ကာ...

" ဘာလဲ အနာထိတော့စပ်တာလား.."

"ဒီမှာသား သားသိအောင်ပြောလိုက်မယ် ခုမာမီတို့ရှာသမျှတွေက အကုန်သားအတွက်ကြီးဘဲ သားကိုဘယ်သူ့မှမော်မကြည့်ရဲအောင်လို့ တစ်ချိန် မာမီတို့မရှိတော့ရင် လောကကြီးမှာသားအေးဆေးနေရအောင်လို့..."

"တော်ပါတော့!! ပြောလိုက်ရင် ဒါပဲ သားတွက်ကြီး သားတွက်ကြီးနဲ့ ကျွန်တော် ဒါတွေမလိုချင်ဘူး မမက်ဘူးဗျ ကျွန်တော်ဆင်းရဲလည်းဖြစ်တယ် တစ်နေ့လုပ်ပြီးတစ်နေ့စားလည်းဖြစ်တယ် ဂရုစိုက်မှုနဲ့ပြည့်စုံနေတဲ့မိသားစု နွေးထွေးမှုအပြည့်နဲ့သာမန်အိမ်ကလေးတစ်လုံး လောက်သာလိုချင်တက်မက်မိတာပါ သူများအမြင်မှာ ကျွန်တော့ကို အားကျတယ် ချမ်းသာပြီး လက်ညိုးညွှန်ရာရေဖြစ်အောင်ဖန်တီးပေးတဲ့မိဘရှိလို့တဲ့ ကျွန်တောင်သူတိုသိအောင်ပြောလိုက်ချင်ရဲ့ ငါလည်းမင်းတို့ကိုအားကျတယ် မချမ်းသာပေမဲ့ မင်းတို့က ကိုယ့်မိဘနဲ့ပျော်ပျော်ရွှင်ရွှင်နေရတယ်လို့လေ။

ကျွန်တော်မေးမယ် ကျွန်တော့ကိုမွေးကတည်းက မာမီရဲ့နို့ရည်ချိုတစ်စက်ကလေးတောင်တိုက်ဖူးသလား အလှပျက်မှာစိုးလို့ နို့ဘူးကိုသာ သောက်ခဲ့ရတာပါ ခုချိန်ထိ ကျွန်တော့်ကို ဟင်းတစ်ခွက်လောက်တောင်ချက်ကျွေးခဲ့ဖူးသလား ကျွန်တော်ဘာကြိုက်သလဲ ဘာလုပ်ချင်သလဲ ဘာလိုချင်သလဲ မာမီတို့သိရဲ့လား မသိပါဘူး မာမီတို့ခေါင်းထဲမှာက ပိုက်ဆံရှာဖို့ဘဲသိတယ် ဒယ်ဒီရောဘာထူးလဲ ပြီးခဲ့တဲ့တစ်နေ့တာတွေကို ဒယ်ဒီနဲ့အတူတူပြောချင်တာ ငယ်ငယ်ကနေခုထိ ဒယ်ဒီနဲ့ တူတူဆော့ဖူးသလား ကျွန်တော်တို့မိသားစုလျှောက်လည်ဖူးသလား ပျော်ပွဲစားထွက်ဖူးသလား အဟက်!! ဒယ်ဒီတို့ခေါင်းထဲမှာအချိန်ပြည့်ပိုက်ဆံရှာဖို့ဘဲရှိတာ ထားပါတော့လေ..... 

ကျွန်​တော်ထပ်ပြောမယ် ကျွန်တော်လိုချင်တာပိုက်ဆံမဟုတ်ဘူး ခဗျားတို့ရဲ့ဂရုစိုက်မှု ဒါပေမဲ့ မနေ့ကတည်းကတင်ဆုံးဖြတ်လိုက်ပြီ  ခဗျားတို့ကို မလိုတော့ပါဘူး ကျွန်တော့်ဘာသာတစ်ယောက်တည်းနေလည်းဖြစ်တယ် ကျွန်တော့ပျော်ရွှင်မှု ကိုရှာတွေ့ပြီဖြစ်လို့ သူ့ဆီကဘဲ ကျွန်တော်လိုချင်တဲ့ ဂရုစိုက်မှုနွေးထွေးမှု ကိုယူမယ် အဲ့ခါကျရင် ဒယ်ဒီမာမီတို့ကျွန်တော့်ကို တားပိုင်ခွင့်မရှိဘူး "

မျက်ရည်ဝဲပြီး မိမိ
တို့အပေါ်ပေါက်ကွဲကာ ပြောပြီးထွက်သွားတဲ့ သားရဲ့နောက်ကျောပြင်ကို ကြည့်ပြီး ဦးဇိုင်းမာန်နဲ့ဒေါ်​ကောင်းစန္ဒီနွယ်တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရင်ထဲမှာနောင်တရစိတ်တွေစတင်ဖြစ်ပေါ်လာတယ် ဒါပေမဲ့ သူတို့အခုလိုလုပ်နေတာတွေကိုမှန်တယ်ဘဲထင်နေလေရဲ့ ဟုတ်သည်လေ သူတို့ခုလိုရှာနေတာက တစ်ချိန်မှာ သူတို့ရဲ့သားအေးဆေးနေနိုင်ဖို့ဘဲမဟုတ်လား။သူတို့မသိတာက နောင်တရစိတ်ကိုခုချိန်ပြင်ရင်အချိန်မှီပေမဲ့ မပြင်ခဲ့ဘဲ ဒီတိုင်းသာဆက်သွားနေခဲ့ရင် သူတို့ရဲ့သားကသူတို့အပေါ် ​ရှေ့ဆက် ပိုပြီး အေးစက်သွားမည်ဆိုတာပင်။

.....တစ်ဖက်တွင်....

ထမင်းစားခန်းတွင် လင်မယားနှစ်ယောက်လုံး breakfastစားဖို့ ပြင်ဆင်တုန်း....

"မောင်ရေ မောင့်သမီးကို သွားခေါ်နိုးအုန်း ဒီကလေးခုထိမထသေးဘူး ၇ ကျော်တော့မယ် ပြီးရင် အလောသုံးဆယ်လာတော့မယ်မောင့်သမီးက ကျောင်းတက်ကတည်းက တစ်ခါမှစောမသွားဘူး အမြဲနောက်ကျနေတယ် ဒီနေ့တော့ရအောင်ခေါ်နိုးနော် ဟိုကချွဲတာနဲ့ ပြန်အိပ်ခိုင်းမနေနဲ့ မဟုတ်ရင် သားဖနှစ်ယောက်လုံး မေ့ အကြောင်းသိမယ်နော်.."

" ဟုတ်ပါပြီ မေရယ် မောင်သွားလိုက်မယ် "

ဦးကောင်းဇင်ယံ ချစ်သမီးလေးကိုခေါ်နိုးဖို့ အပေါ်တက်သွားသည်။ ခုအရွယ်ထိ ကလေးတစ်ယောက်လိုမိဘအပေါ်ဆိုးတုန်း ချွဲတုန်း အလိုမကျတာရှိရင် ဂျစ်တယ် သူလိုချင်တာမရမချင်း ခေါင်းမာပြီး ထမင်းမစားတာတို့အခန်းထဲက မထွက်တာတို့ ဆန္ဒပြလေ့ရှိသည်။ ဒါကလေ အလိုလိုက်ထားတဲ့မိမိတို့ကြောင့်ပင်။သမီးလေးကို ဘယ်သူ့လက်ထဲမှပေးနိုင်မည်မထင်ပါ။တစ်ဦးတည်းသောသမီးလေးမို့ သူ့တွက်နောင်ရေးအဆင်ပြေအောင်ကြည့်ရမည်လေ။ကိုယ့်ထက်ပိုချစ်နိုင်မည့်သူ ကိုယ့်ထက်ပိုပြီးစောင့်ရှောက်နိုင်မည့်သူရှိလျှင်တော့စဥ်းစားမည်။ခုတော့ သမီးလေးရဲ့မိုးပြာရောင်တံခါးလေးကို ခေါက်ပြီး...

...ဒေါက်...ဒေါက်....

"​ သမီး ရေ... ထတော့ကွာ ဟိုမှာ သမီးမားမား ကြိမ်လုံးနဲ့တက်လာတော့မှာနော်"

ဒေါက်...ဒေါက်....ဒေါက်....

"သမီးလေး....ပါးပါးနိုးတုန်းထနော် ဒီမနက် ကစပြီးမနောက်ကျစေရဘူးလို့ သမီးဘဲပြောထားတယ်မဟုတ်လာ.."

" သမီးလေး.."

"ထင်တယ် ထင်တယ် အာ့မို့ မေ တက်လာတာ "

ဒေါ်မေပန်းမနက်စားပြင်ဆင်ပြီးသည်နှင့်သမီးအဖ နှစ်ယောက်ကိုစောင့်သော်လည်းမဆင်းလာသေးသည့်အတွက် ကိုယ်တိုင်တက်လာရခြင်း။

" သမီး မားမားကြိမ်လုံးနဲ့လာမှာနော် "

" ထပြီ မာမား"

ပန်ပန်ဆက်အိပ်မနေတော့ဘဲရေချိုးခန်းထဲဝင်လိုက်သည်။ ရေချိုးပြီး သနပ်ခါးလိမ်းလိုက်သည်။ပါးကွက်ခပ်ပါးပါးလေးလိမ်းပြီး သပွတ်တံနဲ့ ညီညီညာညာခြစ်လိုက်သည်။မျက်တောင်မျက်ခုံးမွှေးမှာကပ်နေတဲ့ သနပ်ခါးမှုန်လေးတွေကို သေချာဖယ်ရှားလိုက်သည်။ ရင်ဖုံးအဖြူလေးကိုဝတ်ဆင်ပြီးထမိန်လေးကို ညီညာစွာဝတ်ဆင်လိုက်သည်။ကျောပိုးအိတ်ကိုယူပြီး မာမားပါပါးရှိရာဆီသွားရာ မာမားရဲ့ မပြီးသေးဘူးလား ပန်ပန်ရယ် ဆိုလို့ လှေကားကိုပြေးဆင်းပြီးမာမားရှိရာသို့အရောက်...

" ဒေါက် "

"အ.. မာမား နာတယ်လေ"

"နာအောင်ခေါက်တာဘဲနာမှာပေါ့"

မနေနိုင်တော့တဲ့ဦးကောင်းဇင်ယံကဘဲ

"လာပါမေနဲ့ သမီးလေးရယ် မနက်စာစားရအောင် လာမေထိုင် သမီးထိုင်"

သားမိနှစ်ယောက်ကိုထိုင်ခုံမှာထိုင်ခိုင်းလိုက်တာတောင် တစ်ယောက်က မျက်စောင်းတစ်ဝင့်ဝင့် တစ်ယောက်က ခေါင်းကိုပွတ်ပြီးဆူပုတ်ပုတ်ဖြစ်လို့ဦးကောင်းဇင်ယံရီရမလိုလို ပြန်ဖြေပေးရမလိုလို။ ပြီးရင်နှစ်ယောက်သားဘာ့ဟုတ်တာလည်းမဟုတ်ဘဲ။

Time Skip..

"သွားပြီမားမား မွ..."

"စာသေချာလိုက်လုပ်နော်ပန်ပန်.. ကိုယ့်ကိုယ်ကို လည်းဂရုစိုက်အုန်း "

"ဟုတ် မာမား"

ပါးပါးကဆိုင်သွားပြီဖြစ်လို့ ပန်ပန် မာမားကိုနှုတ်ဆက်ပြီးတာနဲ့ စက်ဘီးခြင်းလေးပေါ်ဆွဲခြင်းတင်ပြီးကျောင်းကိုနင်းထွက်ခဲ့လေသည်။

လမ်းကအိမ်နီးချင်းတွေတောင်ထူးထူးဆန်းဆန်း ကျောင်းသွားတာနောက်မကျတော့လို့ဆိုပြီး စသေးသည်လေ။

sky ကျောင်းလာတာစောသည်ဖြစ်လို့ကျောင်းပေါက်ဝကအုတ်ခုံပေါ်၌ ဟိုကောင်တွေကိုထိုင်စောင့်နေလိုက်သည်။ ဟို​ကြည့်ဒီကြည့် အာကာတို့ကိုစောင့်နေတုန်း ရှေ့ကခပ်လှမ်းလှမ်းတွင်ကျောင်းရှိရာသို့ စက်ဘီးလေးကိုခပ်သော့သော့နင်းပြီး စီးလာတဲ့ သူ့ခလေးလေး ဆံပင်ဂုတ်ဝဲဝဲလေးကိုဖဲပြားသေးသေး ကလစ်ဖြူလေးတွယ်ပြီး မျက်ခုံးမျက်လုံးနှာတံနှုတ်ခမ်း ပါးဖောင်းဖောင်းလေးပေါ်မှာလိမ်းထားတဲ့သနပ်ခါးပါးပါးလေး အဝေးကနေကြည့်တာတောင် အပြစ်ဆိုစရာမရှိအောင်ချစ်ဖို့ကောင်းသူလေး...
မိမိဘယ်လောက်ထိကြည့်နေမှန်းမသိ သူထိုင်ရာအုတ်ခုံရှေ့၌စက်ဘီးလေးကိုရပ်ပြီးကျောင်းပေါက်ဝဝင်ဖို့အလုပ်..

" ဟာ ခလေး...ခဏနေပါအုန်း.."

ပန်ပန်ကျောင်းရောက်ခါနီး အုတ်ခုံပေါ်ကအကိုတစ်ယောက် မိမိကိုမျက်တောင်မခတ်ကြည့်သည်ကိုတွေ့ရသည်။သေချာကြည့်တော့မှမနေ့ကမနက် တိုက်မိတုန်းကတွေ့တဲ့အကိုဖြစ်သည်ကိုသိလိုက်သည်။မနေ့ကမိမိကိုဟောက်တာကို သူ့မြင်တာနဲ့ကိုအလိုလို ကြောက်သလိိုလိုပင်။စက်ဘီးလေးကိုတွန်းပြီးကျောင်းထဲဝင်ဖို့အလုပ်မှာ...

" ဟာ ခလေး...ခဏနေပါအုန်း.."

ပန်ပန်ခလေးခေါ်သံကြောင့်မိမိကိုပြောသည်မထင်ဘဲဆက်ဝင်မို့ကို စက်ဘီးရှေ့ပိတ်ရပ်လိုက်သောအကို..

ခလေးလို့ခေါ်သော်လည်း သူ့ကိုခေါ်နေသည်မထင်ဘဲဆက်ဝင်ဖို့လုပ်နေတဲ့ခလေးကြောင့်ရှေ့ကပိတ်ရပ်လိုက်သည်။

Continue Reading

You'll Also Like

2.5K 84 13
α€…α€­α€α€Ία€€α€°α€Έα€šα€₯α€Ία€α€α€Ήα€‘α€―α€–α€Όα€…α€Ία€α€¬α€™α€­α€―α€·α€•α€Όα€„α€Ία€•α€œα€€α€Ία€α€½α€±α€·α€”α€Ύα€„α€Ία€·α€€α€½α€¬α€α€Όα€¬α€Έα€”α€­α€―α€„α€Ία€•α€«α€žα€Šα€Ί α€α€…α€Ία€α€«α€α€…α€Ία€œα€±α€€α€»α€›α€„α€Ί α€€α€­α€―α€šα€Ία€…α€­α€α€Ία€€α€°α€Έα€šα€₯α€Ία€•α€―α€Άα€…α€Άα€‘α€²α€€α€α€»α€…α€Ία€žα€°α€”α€²α€· α€€α€­α€―α€šα€Ία€α€…α€Ία€€α€šα€Ία€α€»α€…α€Ία€™α€­α€žα€½α€¬α€Έα€α€²α€·α€žα€°α€€ တူမနေနိုင်ပါ...
187K 3.3K 76
I was born with a destiny above all destinies. And a friend to help fulfil it. Created from the sun and moon, I am the princess of the planet Arisa...
2.1M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...