✿︎ 4 ✿︎

114 11 0
                                    

Part - 4
~~~~~~~

" မား..မား..ရေ  ပန်ပန် ပြန်ရောက်ပါပြီ ရှင့် "

ဒေါ်မေပန်း ကြက်သားအာလူးဟင်း မွှေနေစဥ် အိမ်ရှေ့ကနေ ချစ်သမီးလေးရဲ့ အော်သံကြောင့်...

" ​ သမီးရေ... မာမား မီးဖိုချောင်မှာ "

" ဟုတ် မာမား "

ပန်ပန်သည်မာမားက မီးဖိုချောင်မှာဟုဆိုသောကြောင့် လွယ်အိတ်ကို အိမ်ရှေ့ဆိုဖာပေါ်မှာတင်လိုက်ပြီး ထမင်းချိုင့်ခြင်းလေးကိုတော့ ဆွဲလာလိုက်သည်။

ထမင်းစား စားပွဲပေါ်၌တင်လိုက်ပြီး ဟင်းချက်နေသော မာမားရဲ့ နောက်ကနေ ခါးဖက်၍ ချွဲလိုက်သည်။

"ကဲ ...သမီး ဒီနေ့ရောအစစအရာရာအဆင်ပြေတယ်မဟုတ်လာ "

" ဟုတ် အဆင်ပြေတယ်မာမား.. မနက်ကနောက်ကျပေမဲ့ တီချယ်က မရိုက်တော့ဖူး နောက်နေ့တွေနောက်မကျဖို့တော့ ပြောတယ်မာမား... ပြီးတော့လေ ကျောင်းဆင်းတော့ ဖူးဖူးမနဲ့ မုန့်တီဝင်သောက်ပြီး ထွက်လာတော့လေ ဘဘတစ်ယောက်က ပဲနို့ ဘူးလေးကို
အကိုလေးပေးခိုင်းတာလို့ပြောပြီး လာပေးတယ်မာမား အာ့နဲ့ ပန်ပန်က မယူဘူးလုပ်နာသိလာ... ဒါမဲ့ ဘဘက မယူရင် ဘဘကိုအလုပ်ထုတ်မယ်ဆိုလို့ ပန်ပန်လည်း ဘဘကို သနားပြီး ယူလိုက်တယ်မာမားး...
ဟီး... လမ်းမှာတင် ဖောက်သောက်လာတာ "

ဒေါ်မေပန်းလည်းသမီးအပြောကြောင့်နောက်လှည့်ပြီး သမီးနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်နေလိုက်သည်။

" သမီးရယ်...ဘာလို့ကိုယ်မသိတဲ့သူပေးတာကို ယူလိုက်ရတာလဲ... ပြီးတော့ သောက်ပါသောက်ပစ်လိုက်တယ် ကြည့်အုန်း...ဟမ်...အဆိုးလေးလာ ပြော...."

" မာမားကလည်း ... ဘဘကို သနားလို့ပါဆို...."

" သနားတာကသနားတာပေါ့ သမီးရယ် မတော်လို့ အဲ့ဘူးထဲမှာ တစ်ခုခု ထည့်ထားရင် ဘယ်လိုလုပ်မလဲပြော "

"မထည့်ထားပါဘူးမာမားရဲ့ ပန်ပန်က လူကဲခတ်တော်ပါတယ် ဟီး..ဟီး.."

"အဆိုးလေး နောက်ခါ သူများပေးတိုင်းမယူရဘူးနော် ဟုတ်ပြီလာ "

" ဟုတ်ကဲ့ပါ မာမား ကလည်း နောက်ခါ ဆင်ခြင်ပါ့မယ် နော်...နော်... "

Unlimited LoveWhere stories live. Discover now