အသိပေးချက်ပါနော်

156 6 1
                                    

ကျောင်းဇာတ်လမ်း ပေမဲ့ ကျောင်းစာတွေ ထည့်မရေးတာက  ခေတ်က အရင်ကနဲ့မတူတော့ ရေးဖို့အဆင်မပြေဘူးလေ ဒါလေးတော့နားလည်ပေးစေချင်ပါတယ်။

ဒီဇာတ်လမ်းလေးကို တစ်ပိုင်းချင်းစီ ဖတ်ပေးကြသူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင့်။အရေးအသားတွေလိုအပ်ပြီး တပိုင်းနဲ့တပိုင်းဖတ်ရတာ အဆက်မရှိရင်ဆက်ပြီးမဖတ်ပါနဲ့တော့နော် ။ ဒီဇာတ်လမ်းက ကိုယ်တကယ်ဖတ်ချင်တဲ့ပုံစံတွေကို ရေးပြီးfictionတစ်ပုဒ်ဖြစ်အောင် ပုံဖော်ထားတာမို့ ဖတ်နေကြသူတွေအမြင်မာ ယုတ္တိမရှိတာတို့ အဓိပ္ပါယ်မရှိတာတို့ ထင်ကောင်းထင်နေပါလိမ့်မယ် ။ မကြိုက်ရင်မဖတ်ပါနဲ့နော်  နဂိုတည်းက ကိုယ်ကစာရေးသူမဟုတ်တော့ စဥ်းစားရတာအခက်အခဲ အများကြီးရှိတယ် ပြီးတော့ ကိုယ်က စာဖတ်သူတစ်ယောက် မို့  ရေးဖို့က ပါရမီမပါဘူး ။ဒါပေမဲ့ ကိုယ်အရမ်းဖတ်ချင်တဲ့ပုံစံရှိတဲ့ထဲမှာမှ ကျောင်းဇာတ်လမ်း မင်းသားက care type မင်းသမီးက အချွဲလေး side coupleမထည့်ပါဘူး လူများသွားရင် ပိုခက်လို့ ဟီးး😁 ပြီးတော့ ဘာဗဟုသုတမှ မပါတဲ့အတွက်ကြောင့် ဒီfictionနဲ့ပတ်သက်ပြီး မကြိုက်တာမျိုးတို့ တစ်ခုခုဖြစ်တာတို့ဆို fbပေါ်မှာ မတင်ဖို့ကို အနူးအညွှတ်တောင်းပန်ပါရစေရှင့်။

ရေးချင်တာကအများကြီးဘဲ 😁😁  ကျောင်းဇာတ်လမ်းကအလွယ်ဆုံးလို့ထင်ပေမဲ့ ခုမှဖန်တီးတဲ့သူကိုယ့်တွက်က ခက်ခဲမယ်လို့တော့ထင်ခဲ့မိပါတယ် ။ ထင်ထားတာထက်ကို  ပိုခက်ခဲတာကြောင့် ဆက်မရေးဖို့ ဆုံးဖြတ်မိလိုက်တယ် ဒါပေမဲ့ ကိုယ်စတဲ့ဇာတ်လမ်း ကိုယ်ပြန်အဆုံးသတ်ချင်လို့ တစ်ပုဒ်တော့ပြီးအောင်ဆက်ရေးမယ်လို့တွေးပြီး ခုလိုပြန်ရေးခြင်းပါ။

ဒီUnlimited Love က ကျောင်းသားဇာတ်လမ်း ပေမဲ့  အချစ်အကြောင်းကို ပုံဖော်ချင်တာပါ အဓိက မင်းသားရဲ့ အချစ် ကိုပိုဖန်တီးချင်တာ ။ စာဖတ်သူတွေအနေနဲ့ မင်းသားရဲ့အချစ်ကြီးမှုတွေ မပေါ်လွင်ခဲ့သည်ရှိသော် ကျွန်မရဲ့လိုအပ်ချက်ပါနော်😔😔 ကျောင်းနေအရွယ်မှာအချစ်အကြောင်းရေးထားပေမဲ့ ခုခေတ်က ၇တန်းမပြောနဲ့ ငယ်ငယ်လေးတောင်ရည်းစားထားနေကျလို့ ကျွန်မ ဖန်တီးမှုမမှားလောက်ဘူးမလားနော်😔😔

ဒီဇာတ်လမ်းက ကြိုတင်ပြီးnoteထဲမှာရေးထားခြင်းမရှိပါဘူးနော် ကိုယ်ဖတ်ချင်တဲ့ပုံစံတွေကို ရေးရင်းစဥ်းစားရင်း လက်တန်းချရေးခြင်းဖြစ်သောကြောင့် တချို့fictionနဲ့တူခဲ့ရင်လည်း cmမှာပြောနိုင်ပါတယ်နော် ဒါပေမဲ့လုံးဝcopy မယူထားပါဘူးနော် copyတွေ ခေတ်စားနေလို့ ကြောက်မိခြင်း။

ပြောချင်တာက ဒါပါပဲရှင်။

အားလုံးကိုလေးစားပါတယ်ရှင့်။

Unlimited LoveWaar verhalen tot leven komen. Ontdek het nu