✿︎ 7 ✿︎

124 7 0
                                    


Part-7
~~~~~~

" ပန်ပန် မုန့်သွားဝယ်မယ် ပြီးရင် စာလုပ်ကအုန်းမယ် မနေ့ကအိမ်စာပေးလိုက်တာ ငါမလုပ်ရသေးဘူး ငါ့ကိုပြအုန်းနော်...."

ဟင်... ဖူးဖူးပြောမှသတိရသည်။မနေ့ကအိမ်စာလုပ်ပြီးတော့ ဒီတိုင်းတင်ထားခဲ့တာ မနက်ပိုင်းမှထည့်မည်ပေါ့။ဒီမနက် ပါးပါးမားမား လောလို့မထည့်ခဲ့မိပါ။ဆရာမကမနေ့ကသေချာပြောလိုက်သည်လေ။မနက်ဖြန်အိမ်စာမပြီးလာရင် အခန်းရှေ့ထွက်ပြီး လက်မြှောက်မက်တပ်ရပ်ရမည်တဲ့ ။ ဒီဆရာမကိုတော့ တစ်တန်းလုံးအသေကြောက်သည်။ စာသင်လျှင် သေချာနားလည်အောင်သင်ပေးပြီး ဘက်မလိုက်ဘဲ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးသည့်အတွက်ကြောင့် ချစ်ကြောက်ရသည်။

" ဖူး...ဖူးမ"

"ဟမ်.. ဘာတုန်းဟ နင့်အသံကလည်းးး"

" ငါ..ငါ စာအုပ်ကျန်ခဲ့တယ်.."

"ဘာ!!..ဟဲ့ ပန်ပန်ရယ် သေချာရှာကြည့်ပါအုန်း ဆရာမအကြောင်းမသိတာလည်းမဟုတ်ဘဲ နဲ့.. "

"မဟုတ်ဘူးဟ ညက လုပ်ပြီးပြီ လွယ်အိတ်ထဲမထည့်လိုက်မိဘူး ငါ...ငါ ဘယ်လိုလုပ်ရမလဲဟယ် ဟင့်.."

"မငိုနဲ့လေဟာ..နင်ကလည်း ဒါဆိုနင်တစ်ယောက်တည်းအပြင်မှာမက်တပ်မရပ်ရအောင် ငါလည်းမလုပ်တော့ဘူးလေနော် အာ့မှတူတူရပ်ရမှာ.."

ဖူးဖူးရဲ့အပြောအပြီးတွင် ပန်ပန် ပို၍ငိုမိလေတော့သည်။သူ့အပေါ်ဒီလောက်ကောင်းပေးသောသူငယ်ချင်းပေးလို့ လောကကြီးကိုကျေးဇူးတင်လို့မဆုံးပေ။ခုလိုအေးတူပူမျှတူတူရပ်တည်ပေးလို့ ဖူးဖူးကိုပို၍ချစ်ရပါသည်။

" ရပါတယ်ဟာ...ငါတစ်ယောက်တည်းရပ်လိုက်ပါ့မယ် ငါ့အပြစ်နဲ့ငါလေ .. နင့်စာအုပ်ထုတ်လေ နင့်ကိုစာကူလုပ်ပေးမယ် နောက်တစ်ခါကျ ဒီတိုင်းကူးမချရဘူးနော် ဖူးဖူး.."

"နင် တကယ် ရလို့လာ.. "

"ရပါတယ်ဟာ... လာပါဟာ တူတူလုပ်မယ်.."

ပန်ပန်ရဲ့စိတ်ဓာတ်ကဒီလိုပါလေ အမြဲအနစ်နာခံလွန်းလို့ အရင်ကအနိုင်ကျင့်ခံရတာနေမှာ။ ခုလည်း သူကြောက်ပြီးငိုသာငိုတာ သူ့ကိုကျ အပြစ်ဒဏ်မခံစေချင်ပေ။ဒါကြောင့်မို့ ပန်ပန်နဲ့ခုထက်ထိတိုင်အခင်အမင်မပျက်ဘဲညီအစ်မအရင်းတွေလိုဖြစ်လာလေသည်။

Unlimited LoveWhere stories live. Discover now