✿︎ 3 ✿︎

134 12 0
                                    

Part-3
~~~~~~

" ခ ..ခလေးလေးး"

" ဟမ်..."

ထိုအကိုရဲ့ ခလေး ခေါ်သံကြောင့် ပန်ပန့်မှာ အနောက်ကို ပြန်ကြည့်လိုက်သည်။

>ဘယ်ခလေးမှမရှိပါဘူး ဘယ်သူ့ကိုခေါ်တာပါလိမ့်<

sky ကလည်း စိတ်ထဲက ပေးတဲ့ နာမ်စားလေးကို ခလေးကို ရုတ်တရက်တွေ့လိုက်ရတော့ အပြင်၌ ခေါ်မိလေရဲ့။ခလေးရဲ့နာမ်စားရှာပုံတော်လား အနောက်သို့ ပြန်ကြည့်ပုံ အူကြောင်ကြားရုပ်လေးကို မြင်တော့ ပြုံးလိုက်ပြီး..

" အာ... ဆောရီး ခလေးရာ ကိုယ်လည်း လောနေလို့ပါ ..နောက်မှတွေ့မယ် ဟုတ်ပြီလာ... "

ပြောရင်း အမြန်ပြေးသွားလိုက်သည် မရတော့ပြီကို ။

ပန်ပန်နဲ့ဖူးဖူးမှာတော့ ကြောက်လန့်စိတ်ကပျောက်ပြီး ခေါင်းပေါ်၌ ??? တွေ တန်းစီလျက်။

နောက်မှ ဖူးဖူးကပင် ပန်ပန့်လက်ကို ဆွဲကာ

" လာပါ ပန်ပန်ရယ် ကျောင်းတက်တော့မယ်
အမြန် သွားဝယ်ရအောင် "

" အေး အေး "

ဖူးဖူးခေါ်ဆောင်ရာနောက် လိုက်သွားသော်လည်း အတွေးထဲ၌ စောနက အကိုရဲ့ အပြုံးကို မေ့မရနိုင်ဖြစ်နေသည်။အစက ဟောက်ခံရသော်လည်း မိမိကို မြင်တော့ ခလေး လို့တောင် ခေါ်ပြီး ဆောရီးတဲ့ နောက်မှတွေ့မယ်တောင် ပြောသွားသေးသည်။ အရပ်ရှည်ရှည် အသားဖြူပြီး စောနက သော့ကောက်ရာဝယ် အကျီအဖြူကို တံတောင်ဆစ်ထိ ခေါက်ထားသောကြောင့် သွေးကြောစိမ်းများ ရိုးရိုးရှင်းရှင်း နာရီတစ်လုံးကိုသာ ပတ်သော ထိုအစ်ကိုလက်ကို ပန်ပန်တစ်ယောက်မေ့မရနိုင်တော့ပြီလေ။ ရုပ်ကလည်းအပြစ်ဆိုစရာမရှိအောင် ချောမောလွန်းလှသည်။

" ဟဲ့ ပန်ပန်မ ဘာဝယ်မှာလဲလို့.. ဘာတွေ တွေးနေတာလဲ မေးနေတာ အခါ၂၀လောက် ​ရှိနေပြီနော်... "

ဖူးဖူးမရဲ့ အော်သံကြောင့် အတွေးကမ္ဘာထဲ ကရုန်းထွက်လိုက်ရသည်။

" မကြားလို့ပါဟယ် နင်ကလည်း ဟီးး"

"ရီမနေနဲ့ ဝယ် ငါတော့ဝယ်ပြီးပြီ "

" အေးပါဟယ်.... အန်တီရေ ×××××××××"

-------------

" ခုမှအဆင်ပြေတော့တယ် ဟူးးးးး "

Unlimited LoveWhere stories live. Discover now